10 February, 2018

ရိုဟင်​ဂျာလူမျိုး မရှိဟုငြင်းဆို​သော်လည်း အမှန်​တကယ်​ ရိုဟင်​ဂျာ လူမျိုး​ကြောင်း အ​ထောက်​အထား ဒီမှာဖတ်​ပါ။

image
ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ်လို့ ပြောဆို​သော်​လည်းအမှန်​တကယ်​ရိုဟင်​ဂျာလူမျိုး​ကြောင်း​အောက်​ပါအ​ထောက်​အထားကို တင်​ပြလိုက်​ပါသည်​။
(၁)နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် ၁၉၅၄ ခုနှစ် စက်တင်ဘာ၊၂၅ ရက်က လူထုအစည်းအဝေးတစ်ခုမှာ ဘူးသီးတောင်နဲ့ မောင်တောမှာနေထိုင်ကြသူများဟာ ရိုဟင်ဂျာ တိုင်းရင်းသားများဖြစ်ကြောင်း ပြောဆိုခဲ့တယ်။
(၂)ကာကွယ်ရေးဝန်ကြီး ဦးဘဆွေက ၁၉၅၉ နိုဝင်ဘာ ၃ရက်နေ့ နဲ့ ၄ ရက်နေ့မှာ ဘူးသီးတောင်နဲ့ မောင်တော မှာကျင်းပတဲ့ လူထုအစည်းအဝေးမှာ ရိုဟင်ဂျာများဟာ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်းတွေလိုပဲ နိုင်ငံသား အခွင့်အရေးအပြည့်အဝ ရရှိကြသူများဖြစ်တယ် လို့ ပြောဆိုခဲ့တယ်။
(၃)၁၉၆၁ မေလ(၁၅)ရက်ကနေ ၁၉၆၅ အောက်တိုဘာ လ (၃၀) ရက်အထိ မြန်မာ့ရေဒီယို၊ တိုင်းရင်းသား အစီအစဉ် ကနေ တစ်ပတ်ကိုသုံးကြိမ် ရိုဟင်ဂျာ ဘာသာနဲ့ထုတ်လွှင့်ခဲ့ပါသေးတယ်။
(၄)၁၉၆၄ ခုနှစ်မှာ ထုတ်ဝေတဲ့ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉) စာမျက်နှာ ၈၉-၉၀ မှာ ရခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်တို့မှာ ရှိတဲ့ လူဦးရေငါးသိန်းမှာ ရိုဟင်ဂျာလူဦးရေဟာ ၇၅% ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
(၅)၁၉၆၁ ဇူလိုင်လမှာ ထုတ်ဝေတဲ့ တပ်မတော်ခေတ် ဂျာနယ် အတွဲ(၁၂) အမှတ်(၆) ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မှာလူများစုနေထိုင်ကြသူ များဟာ ရိုဟင်ဂျာ တိုင်းရင်းသားများဖြစ်ပြီး ရခိုင်၊ ဒိန်းနက်၊ မြိုနဲ့ခမီများဟာ လူနည်းစုဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
(၆)ရန်ကုန်တက္ကသိုလ်မှာ ၁၉၅၉-၁၉၆၁ အထိ ရိုဟင်ဂျာ ကျောင်းသားအစည်းအရုံးဆိုတာရှိခဲ့ပါတယ်။ တရားဝင် မှတ်ပုံတင်အမှတ် ၁၁၃/၅၉ နဲ့ ၁၉၅၉ ဒီဇင်ဘာ မှာ ဖွဲ့စည်းဖို့ခွင့်ပေးခဲ့တာဖြစ်ပါတယ်။
(၇)၁၉၇၈ မှာထုတ်ဝေတဲ့ အထက်တန်းပထဝီဝင်စာအုပ် မှ ရခိုင်ပြည်မြောက်ပိုင်းဟာ ရိုဟင်ဂျာနယ်မြေဖြစ် ကြောင်း စာမျက်နှာ(၈၆)မှာ ဖေါ်ပြထားပါတယ်။
(၈)၁၉၃၅ ခုနှစ်မှာ မြန်မာကိုအိန္ဒိယကခွဲပြီး ဒိုင်အာခီ (၉၁ ဌာန အုပ်ချုပ်ရေး)အုပ်ချုပ်ရေးဆိုတာရှိခဲ့ပါတယ်။ လွှတ်တော်ထဲမှာ ၁၃၂ နေရာဟာ တိုင်းရင်းသား နေရာဖြစ်ပြီး ဦးဂါနီမာကန်ဟာ ရိုဟင်ဂျာကိုယ်စား လှယ်ဖြစ်ခဲ့ပါတယ်။
(၉)ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပါဝင်တဲ့ ၁၉၄၇-ခုဖွဲ့စည်းပုံရေးဆွဲအဖွဲ့မှာတော့ ရိုဟင်ဂျာကိုယ်စား လှယ်နှစ်ဦးပါခဲ့ပါတယ်။ ဦး အဘူလ်ဂါဖါ( ဘူးသီးတောင်) နှင့် ဦး ဆူလ်တန် အားမ်( မောင်တော)ဖြစ်ပါတယ်။
(၁၀)ဗမာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ၁၉၇၄ ခုနှစ်မှာ တော့ ဦးအဘူလ် ဟူစိန်က ဘူးသီးတောင်ကိုယ်စားလှယ်၊ ဦးအဗ်ဒူ ရာဟင်က မောင်တောကိုယ်စားလှယ်ပါ။
(၁၁)၁၉၉၀ ပါတီစုံရွေးကောက်ပွဲမှာ ဦးကျော်မင်း၊ ဦးတင်မောင်၊ ဦးချစ်လွင်နှင့်ဦးဖေါ်ဇောလ် National Democratic Party for Human Rights (NDPH) ပါတီဘူးသီးတောင်နဲ့ မောင်တောကိုယ်စား လှယ်တွေဖြစ်ခဲ့ပါတယ်။ ဦးကျော်မင်းသည်NLDက ဦးဆောင်ပြီး ဖွဲ့ခဲ့တယ် CRPP ပါလီမန်အဖွဲဝင် တောင်ဖြစ်ခဲ့ပါသေးတယ်။
(၁၂)၂၀၁၂ ခုနှစ် ပညာရေးဝန်ကြီးဌာနထုတ် ရန်ကုန် အဝေးသင်တက္ကသိုလ် ပထမနှစ်  ပထဝီစာအုပ် Module No.Geog 1004-Geography of Myanmar(For History Students)Code No.(19)Chapter-4 စာမျက်နှာ(83)တွင် Ancient Culture သင်ခန်းစာ၏စာမျက်နှာ (94)တွင် “ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နှင့် ဆက်စပ်လျှက်ရှိသော ဘူးသီးတောင် မောင်တော တွင်လည်း’ ရိုဟင်ဂျာများနှင့်စစ်တကောင်းသားများ’ နေထိုင်ကြကြောင်း”ရေးသားဖော်ပြထာပါသည်။
(၁၃)2009-ခုနှစ် နေပြည်တော် ပုံနှိပ်ထုတ်ဝေရေး ကော်မတီမှထုတ်ဝေခဲ့သော ပြည်ထောင်စုမြန်မာ နိုင်ငံတော်အစိုးရ ယဉ်ကျေးမှု ဝန်ကြီးဌာန သမိုင်းသုတေသနဦးစီးဌာန မြန်မာ့ရက်စဉ်သမိုင်း(ဒုတိယတွဲ) စာမျက်နှာ ၁၄၀ တွင်”၁၄ မေ ၁၉၆၀ ရိုဟင်ဂျာ ကျောင်းသား/သူများ အသင်းချုပ်ဥက္ကဋ္ဌ ကိုရှာဟေ- အာလောမ်နှင့်အတွင်းရေးမှုးချုပ် မူဟာရှာဟိတ်လော ဟိမ် တို့က ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်ခြားဒေသ အုပ်ချုပ်ရေးကို ကြိုဆိုပြီး မူဂျာဟစ်သောင်းကျန်း သူများကို တိုက်ထုတ်ရေးနှင့် ပုဏ္ဏားကျွန်း ရသေ့တောင် ကျောက်တော် မြို့များ အလယ်ဗဟို၌ရှိသော စိန်တောင်သည် ရခိုင်ပြောက် ကျားတို့၏ဌာနချုပ်ဖြစ်၍ ၎င်းနယ်များကိုပါ နယ်ခြား ဒေသအုပ်ချုပ်ရေး တွင်ထည့်သွင်းရေးကို သတင်း ထောက်များအား ပြောကြားသည်။”
(၁၄)မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေး အဖွဲ့က စိစစ်ထုတ်ဝေထားတဲ့စာအုပ်တစ်အုပ်ပါ။
စာ- ၁၂၈ တွင် “ရိုဟင်ဂျာမူဆလင်အဖွဲ့”ဟူ၍၎င်း၊ စာ-၂၁၉ တွင် “ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာအသင်း” ဟူ၍၎င်း “ရိုဟင်ဂျာအမျိုးသား တို့” ဟူ၍၎င်း ဖော်ပြပါ ရှိပါသည်။
အကယ်၍ “ရိုဟင်ဂျာ”မရှိဟု ဆက်လက်ငြင်းဆိုလိုပါက မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့က စိစစ်ထုတ်ဝေသည့် မြန်မာ့နိုင်ငံရေးသမိုင်းစာအုပ် များသည် မမှန်ကန်ကြောင်း တရားဝင်ကြေညာပေးပါ။
စာအုပ်အမည်  =  ၁၉၅၈ – ၁၉၆၂   မြန်မာ့နိုင်ငံရေး တတိယတွဲ
ပြုစုသူ  =  ဦးကျော်ဝင်း၊ ဦးမြဟန်နှင့် ဦးသိန်းလှိုင်
စိစစ်သူ  =  မြန်မာ့သမိုင်း ဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့
ခုနှစ်  =  ၁၉၉၁ ခုနှစ်၊ ဇွန်လ (ပထမနှိပ်ခြင်း)
စာတည်းသူ  =  ဦးမြင့်ကြည်၊ ညွှန်ကြားရေးမှူး၊ မြန်မာစာအဖွဲ့ဦးစီးဌာန , ဦးထွန်းတင့်၊ စာတည်းမှူးချုပ်၊ မြန်မာစာအဖွဲ့ဦးစီးဌာန
ပုံနှိပ်ထုတ်ဝေသူ  =  ဦးစိုးမြင့်၊ မန်နေဂျာ၊ တက္ကသိုလ်များပုံနှိပ်တိုက်
ခွင့်ပြုချက်အမှတ်  =  နိုင်ငံရေးဆိုင်ရာ စာပေခွင့်ပြုချက်အမှတ် (၃၆၉၉)
  

ဒီလိုတွေရေးလို့ အကြမ်းဖက်ထောက်ခံသူလို့ မမြင်စေချင်ပါဘူး။ အခုအကြမ်းဖက်မှုကိုလုပ်ဆောင် ခဲ့ကြသူတွေကို ဘယ်သူတွေအရေးပေးခဲ့ကြတာလဲ ၊ ဘယ်သူတွေအသိအမှတ်ပြုခဲ့ကြတာလဲဆိုတာကို သိစေချင်တာပါ။ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်ပါပဲ။
ပြီးတော့ လူမျိုးတစ်မျိုးလုံးကိုရမ်းပြီးသုတ်သင်ချင် နေတဲ့စိတ်ဓါတ်မျိုးကိုလည်း သတိထားကြဖို့ဖြစ်ပါတယ်။ အကြမ်းဖက်မှုကိုသာခြေမှုန်းဖို့ဖြစ်ပြီး ကိုယ်ကိုယ်တိုင် အကြမ်းဖက်သူအဖြစ်သို့ပြောင်းမသွားကြဖို့လည်း အထူးသတိထားကြစေချင်ပါတယ်။
ပြဿနာအားလုံးရဲ့တရားခံဟာ ဘယ်သူလဲဆိုတာ ကိုသိပြီး တရားသောနည်းနဲ့ဖြေရှင်းကြဖို့ဖြစ်ပါတယ်။
Crd#Kyaw Yarzar
Ro Farid @ Mg Hla
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.