06 January, 2018

သမတ ထရမ်​ကို​ဝေဖန်​​ရေးသားစာအုပ်​ – Fire and Fury: Inside the Trum White House

image

M-Media
·
ဝုလ်ဖ်ဟာ အဲဒီစာအုပ်ရေးဖို့အတွက် အိမ်ဖြူတော်မှာ လတော်တော်ကြာ ကုန်ဆုံးကာ ထရမ့်ရဲ့ အနေအထားကို လေ့လာခဲ့တာ ဖြစ်ပြီး ထရမ့်ကတော့ စာအုပ်ဟာ အလိမ်အညာတွေချည်းဖြစ်တယ်လို့ တုန့်ပြန်ပြောဆို ထားပါတယ်။
.
ထရမ့်ရဲ့ ရှေ့နေကလည်း ဒီစာအုပ်ကို ထုတ်ဝေမှုကို ပိတ်ဆို့ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဒီကနေ့ည ၁၂ နာရီမှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။
.
ဝုလ်ကတော့ ထရမ့်ဟာ ‘တစ်ခြားဘယ်လူနဲ့မှမတူအောင် ယုံကြည်စိတ်ချစရာ မကောင်းဘူး’ လို့ ပြောကြားခဲ့ပြီး ထရမ့်ရဲ့ ဝေဖန်မှုကို တုန့်ပြန်ခဲ့ပါတယ်။
.
NBC ရဲ့ Today Show အစီအစဉ်မှာ ၀ုလ်ဖ်က ထရမ့်ရဲ့ ၀န်ထမ်းအားလုံးက ‘ထရမ့်ဟာ ကလေး တစ်ယောက် လိုပဲ’ လို့ ပြောကြားခဲ့ကြောင်း ဖွင့်ဟခဲ့ ပါတယ်။
.
“သူဟာ လိုချင်တဲ့ဆန္ဒကို ချက်ခြင်းဖြည့်ဆည်းရမှ နေသာတယ်လို့ သူတို့ ဆိုလိုတာပါ။ ဒါက သူ့ဗီဇပါပဲ။ စာမဖတ်ဖူး၊ ပြောတာလည်း နားမထောင်တတ်ဘူး။ ဘယ်မှမထိဘဲ အောက်ကျသွားတဲ့ pinball လိုပါပဲ”
.
နယူးယောက်က ထရမ့်တာဝါမှာ သားဖြစ်သူ ဒေါ်နယ် ဂျေအာရ်အပါအ၀င် ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့က တာဝန် ရှိသူတွေနဲ့ ရုရှားရှေ့နေ့တစ်ဦးတို့ တွေ့ဆုံမှုဟာ ‘နိုင်ငံတော် သစ္စာဖောက်တဲ့လုပ်ရပ်’ ဖြစ်တယ်လို့ ထရမ့် အကြံပေးဟောင်း စတိဗ် ဘန်နွန်ရဲ့ ပြောကြားမှုကိုလည်း ၀ုလ်ဖ်ရဲ့စာအုပ်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
.
Read more : http://www.m-mediagroup.com/news/73667
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.