06 January, 2018

ဟာသ သရုပ်ဆောင် ရဲထွေးအောင်(ခ) အောင်ရဲထွေး အား သတ်သည့် အမှုမှ ပြစ်မှုကျူးလွန် သူများအား ဖမ်းဆီးရမိ

image

ရန်ကုန်၊ ဇန်နဝါရီ ၄ ရက်
လူမှုကွန်ယက်စာမျက်နာတွင် ဟာသ သရုပ်ဆောင်အဖြစ် လူသိများလာသူ ရဲထွေးအောင်(ခ)အောင်ရဲထွေးမှာ ဇန်နဝါရီလ ၁ ရက်နေ့က The One Entertainment ဝင်း၌ ပြုလုပ်သည့် ပါတီပွဲတွင် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ဒဏ်ရာများရရှိသဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရာမှ သေဆုံး သွား၍ ပြစ်မှု ကျူးလွန် သူများ ကို ဖမ်းဆီးရမိရေးရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများ အား ဖမ်းဆီးရ မိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ အချိန်တွင်ရဲထွေးအောင် (ခ) အောင်ရဲထွေးမှာ ဦးခေါင်းတွင် ဒဏ်ရာများရရှိကာရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာဖြစ် တက်ရောက်ကုသနေကြောင်း ၊ သူငယ်ချင်း ဖြစ်သူ မပွင့်ကေခိုင် (ခ) ပိုးပိုး၏ ပြောပြချက်အရ နံနက် ၄ နာရီအချိန်က ၎င်းနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ The One Entertainment ဝင်းသို့ရောက်ရှိစဉ် ယခင်က ရဲထွေးအောင်(ခ)အောင်ရဲထွေးနှင့် ခိုက်ရန်ြဖစ်ခဲ့ဖူးသော အမည်မသိအမျိုးသားနှင့်အပေါင်းအပါများက ဝိုင်းဝန်း ထိုးကြိတ်ခဲ့ကြ သဖြင့် ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရပြီး
အစ်ကိုဖြစ်သူ ဦးသန့်ဇင်ဦးက တရားလိုပြုလုပ် တိုင်တန်း ခဲ့ရာ သုဝဏ္ဏ နယ်မြေရဲစခန်း (ပ) ၅/၂၀၁၈၊ ရာဇသတ် ကြီး ပုဒ်မ ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက် ခဲ့ရာမှ ဇန်နဝါရီလ ၂ ရက်နေ့ ၂ နာရီ ၃၅ အချိန်တွင် ရဲထွေးအောင် (ခ) အောင်ရဲထွေးမှာ သေဆုံး သွားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် ပြောင်းလဲစစ်ဆေး ဆောင်ရွက်ခဲ့ ပါသည်။
အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ က စုံစမ်း ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာသန်းထွဋ်အောင်(ခ)သားကြီးပါဝင်ကြောင်းသိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်စဉ် ၎င်း၏ မိဘများအား ဆက်သွယ်စည်းရုံးဆောင်ရွက်ခဲ့ရာ၃.၁.၂၀၁၈ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်တွင် သန်းထွဋ်အောင်(ခ) သားကြီး (၂၆)နှစ် ၏ ဖခင်ဖြစ်သူမှ သုဝဏ္ဏနယ်မြေ ရဲစခန်းသို့ လာရောက်ပို့အပ် သဖြင့် အမှုဖြင့်ဖမ်းဆီး ခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူ သန်းထွဋ်အောင်(ခ)သားကြီး၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ကမာရွတ်မြို့ နယ်၊ လှည်းတန်းနေပြည့်ဖြိုးအောင်(ခ) အောင်လေး နှင့်သင်္ဃန်းကျွန်းမြို့နယ်နေကျော်ဇော်ဟန်(ခ) ကျော်ဇော်တို့အတူ ပါဝင်ခဲ့ကြောင်း ၊ ၎င်းတို့ (၃)ဦးမှာ ဇန်နဝါရီလ ၁ ရက်နေ့နံနက် ၃ နာရီအချိန်ခန့်က The One Entertainment ဝင်းတွင် ပြုလုပ်သော The Space ပါတီပွဲသို့ ရောက်ရှိစဉ် VVIP စင်ပေါ်၌ ကခုန်နေသည့် အမျိုးသားမှာ ယခင်ကခိုက်ရန် ဖြစ်ခဲ့ဖူးသူတစ်ဦးဖြစ်ကြောင်းသိရပြီး ဒေါသဖြစ်ကာစင်ပေါ်သို့တက်၍ ၎င်း တို့ သုံးဦးမှ ဝိုင်းဝန်းထိုးကြိတ် ခြေထောက်ဖြင့် ကန်ကြောက်ခဲ့သဖြင့် အဆိုပါအမျိုးသား မှာ လဲကျသွားကြောင်း ထွက်ဆိုခဲ့ပါသည်။
ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူ ပြည့်ဖြိုးအောင်(ခ)အောင်လေး (၂၆) နှစ်၊ (၅)ရပ်ကွက်၊ ကမာရွတ်မြို့နယ်နေသူအားမိခင်ဖြစ်သူမှ ၃.၁.၂၀၁၈ရက်နေ့ ၂၀၃၅ အချိန်တွင်လည်းကောင်း၊ကျော်ဇောဟန် (ခ)ကျော်ဇော၊ (၂၈)နှစ်၊ ငမိုးရိပ်ကွက်၊ သင်္ဃန်းမြို့နယ်နေသူအား ၎င်း၏မိဘများမှ ၄.၁.၂၀၁၈ ရက်နေ့ နံနက် ၁၀နာရီခွဲအချိန်တွင်လာရောက်ပို့အပ်သဖြင့် အမှုဖြင့်ဖမ်းဆီးပြီး စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.