• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

06 January, 2018

ရခိုင်ပြည်နယ် IDP စခန်းများပိတ်သိမ်းပြီး သင့်တော်​​ သော​နေရာတွင် ​​ပြောင်းေ​ပးမည်

image

ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက် များမှ IDP စခန်း ကိစ္စရပ်များနှင့် လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး ဆွေးနွေးသည်​။
နေပြည်တော် ဇန်န၀ါရီ ၂
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ရေး ဆိုင်ရာ ကော်မတီ၏ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များမှ IDP စခန်းကိစ္စရပ်များနှင့် လွတ်လပ်စွာသွားလာခွင့်ဆိုင်ရာ ညှိနှိုင်းဆောင် ရွက်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပရာ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ရေးဆိုင်ရာ ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထား ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ပူးတွဲ ဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ တက်ရောက်အမှာ စကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ” ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ် က တည်ရှိခဲ့သော IDP စခန်းများသည် ဘေးဖြစ်စဉ်များကြောင့် ခေတ္တနေထိုင်ရာ စခန်းများသာ ဖြစ်သင့်သော်လည်း ယခုအခါ (၅)နှစ် ကျော်ကြာ တည်ရှိခဲ့ပြီဖြစ် ကြောင်း၊ IDP စခန်းတွင် နေထိုင်ကြရသူများ သွားလာခွင့်နှင့် အသက်မွေး ဝမ်း ကြောင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ထောက်ပံ့မှုများကို ရေရှည်မှီခိုခြင်းထက် အလုပ်အကိုင် အခွင့် အလမ်းများရရှိခြင်း၊ ပညာရေး၊ ကျန်းမာရေး လက်လှမ်းမီခြင်းသည် ၄င်းတို့ အတွက် ပိုမို၍အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် IDP စခန်းတွင် နေထိုင်သူများ၏ ဥပဒေနှင့်အညီ ပူးပေါင်း ပါဝင်ရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် IDP စခန်းတွင်နေထိုင်သူများက လက်ရှိ စခန်းကို ပိတ်သိမ်းပြီးသင့်တော်သော ပြန်လည်နေရာချထား ရေး နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး သဘော တူညီချက် များရယူခဲ့ပြီး အသေးစိတ် အချက်အလက်အား ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြ သည်။
ထို့နောက် လွတ်လပ်စွာသွားလာခွင့်အတွက် ဥပဒေနှင့် အညီဆောင် ရွက်နိုင်ရန် နိုင်ငံသားစိစစ်ခံရ မည့်သူ၏ သက်သေခံကတ်ပြား (NV Card) ကိုင်ဆောင်ရန်နှင့် (NV Card) ကတ်ပြားကိုင်ဆောင်ခြင်းဖြင့် ရရှိနိုင်မည့် အခွင့်အရေးများကို ရှင်းလင်း ပြောကြားသည်။
(NV Card)ကိုင်ဆောင်သူသည် ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်း နေထိုင်သူအဖြစ် သက်သေခံနိုင်ခြင်း၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှု ခံယူရန် လျှောက်ထား ပိုင်ခွင့်ရှိခြင်း၊ မြန်မာနိုင်ငံသား ဥပဒေနှင့် အညီ နိုင်ငံသားဟုတ်မဟုတ် အဆုံးဖြတ်ပေးခံယူ နိုင်ပြီးရရှိသော နိုင်ငံသားအဆင့်အတန်းနှင့်အညီ သတ်မှတ် ထားသော အခွင့်အရေးများ ရရှိခြင်း၊ (NV Card)ကိုင်ဆောင်သူမိဘများမှ မွေးဖွား လာသောသား သမီးများသည်လည်း မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသား စိစစ်မှုခံယူ ရန် လျှောက်ထားပိုင်ခွင့်ရှိခြင်း၊ (NV Card) ကိုင်ဆောင်သူသည် မြန်မာ နိုင်ငံ အတွင်း ရှိမည်သည့် အရပ်ဒေသကိုမဆို သွားလာလိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ဒေသန္တရအမိန့် နှင့် ညွှန်ကြားချက် များနှင့်ခရီးသွားလာခွင့်ရှိခြင်း၊ ရခိုင် ပြည်နယ်အတွင်း တရားဝင် ဖွင့်လှစ်ထားသောနယ်စပ် ဝင်/ထွက် ဂိတ်မှ တဆင့် နိုင်ငံဖြတ်ကျော် လက်မှတ်ဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားဝင် ဝင်/ထွက် သွားလာခွင့်ရှိခြင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ မိမိနေထိုင်ရာမြို့နယ်အတွင်း ပြည်နယ်အစိုးရကထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့်အညီ လွတ်လပ်စွာခရီးသွားလာခွင့်ရှိခြင်း၊ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်သို့ ရေလုပ်ငန်းလိုင်စင်ဖြင့် ဥပဒေနှင့်အညီထွက်ခွာခွင့်ရှိခြင်းစသည့် အခွင့် အရေးများ ရရှိမည် ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည် နယ်ဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့် သက္ကေပြင် IDP စခန်းမှ စခန်းစီမံခန့် ခွဲမှုကော်မတီဝင် များက သက္ကေပြင် IDP စခန်းပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ IDP စခန်း၏ လက်ရှိ အခြေအနေ၊ ပြန်လည် နေရာ ချထားရာတွင် ဆောင်ရွက်ရမည့် လိုအပ်ချက်များနှင့် လွတ်လပ်စွာ သွားလာခွင့်ကိစ္စရပ်များ ကိုအပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ရခိုင်ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စစ်တွေမြို့ရှိ IDP စခန်းများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)
Share:

ဟာသ သရုပ်ဆောင် ရဲထွေးအောင်(ခ) အောင်ရဲထွေး အား သတ်သည့် အမှုမှ ပြစ်မှုကျူးလွန် သူများအား ဖမ်းဆီးရမိ

image

ရန်ကုန်၊ ဇန်နဝါရီ ၄ ရက်
လူမှုကွန်ယက်စာမျက်နာတွင် ဟာသ သရုပ်ဆောင်အဖြစ် လူသိများလာသူ ရဲထွေးအောင်(ခ)အောင်ရဲထွေးမှာ ဇန်နဝါရီလ ၁ ရက်နေ့က The One Entertainment ဝင်း၌ ပြုလုပ်သည့် ပါတီပွဲတွင် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ဒဏ်ရာများရရှိသဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရာမှ သေဆုံး သွား၍ ပြစ်မှု ကျူးလွန် သူများ ကို ဖမ်းဆီးရမိရေးရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများ အား ဖမ်းဆီးရ မိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ အချိန်တွင်ရဲထွေးအောင် (ခ) အောင်ရဲထွေးမှာ ဦးခေါင်းတွင် ဒဏ်ရာများရရှိကာရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာဖြစ် တက်ရောက်ကုသနေကြောင်း ၊ သူငယ်ချင်း ဖြစ်သူ မပွင့်ကေခိုင် (ခ) ပိုးပိုး၏ ပြောပြချက်အရ နံနက် ၄ နာရီအချိန်က ၎င်းနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ The One Entertainment ဝင်းသို့ရောက်ရှိစဉ် ယခင်က ရဲထွေးအောင်(ခ)အောင်ရဲထွေးနှင့် ခိုက်ရန်ြဖစ်ခဲ့ဖူးသော အမည်မသိအမျိုးသားနှင့်အပေါင်းအပါများက ဝိုင်းဝန်း ထိုးကြိတ်ခဲ့ကြ သဖြင့် ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရပြီး
အစ်ကိုဖြစ်သူ ဦးသန့်ဇင်ဦးက တရားလိုပြုလုပ် တိုင်တန်း ခဲ့ရာ သုဝဏ္ဏ နယ်မြေရဲစခန်း (ပ) ၅/၂၀၁၈၊ ရာဇသတ် ကြီး ပုဒ်မ ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက် ခဲ့ရာမှ ဇန်နဝါရီလ ၂ ရက်နေ့ ၂ နာရီ ၃၅ အချိန်တွင် ရဲထွေးအောင် (ခ) အောင်ရဲထွေးမှာ သေဆုံး သွားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် ပြောင်းလဲစစ်ဆေး ဆောင်ရွက်ခဲ့ ပါသည်။
အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ က စုံစမ်း ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာသန်းထွဋ်အောင်(ခ)သားကြီးပါဝင်ကြောင်းသိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်စဉ် ၎င်း၏ မိဘများအား ဆက်သွယ်စည်းရုံးဆောင်ရွက်ခဲ့ရာ၃.၁.၂၀၁၈ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်တွင် သန်းထွဋ်အောင်(ခ) သားကြီး (၂၆)နှစ် ၏ ဖခင်ဖြစ်သူမှ သုဝဏ္ဏနယ်မြေ ရဲစခန်းသို့ လာရောက်ပို့အပ် သဖြင့် အမှုဖြင့်ဖမ်းဆီး ခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူ သန်းထွဋ်အောင်(ခ)သားကြီး၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ကမာရွတ်မြို့ နယ်၊ လှည်းတန်းနေပြည့်ဖြိုးအောင်(ခ) အောင်လေး နှင့်သင်္ဃန်းကျွန်းမြို့နယ်နေကျော်ဇော်ဟန်(ခ) ကျော်ဇော်တို့အတူ ပါဝင်ခဲ့ကြောင်း ၊ ၎င်းတို့ (၃)ဦးမှာ ဇန်နဝါရီလ ၁ ရက်နေ့နံနက် ၃ နာရီအချိန်ခန့်က The One Entertainment ဝင်းတွင် ပြုလုပ်သော The Space ပါတီပွဲသို့ ရောက်ရှိစဉ် VVIP စင်ပေါ်၌ ကခုန်နေသည့် အမျိုးသားမှာ ယခင်ကခိုက်ရန် ဖြစ်ခဲ့ဖူးသူတစ်ဦးဖြစ်ကြောင်းသိရပြီး ဒေါသဖြစ်ကာစင်ပေါ်သို့တက်၍ ၎င်း တို့ သုံးဦးမှ ဝိုင်းဝန်းထိုးကြိတ် ခြေထောက်ဖြင့် ကန်ကြောက်ခဲ့သဖြင့် အဆိုပါအမျိုးသား မှာ လဲကျသွားကြောင်း ထွက်ဆိုခဲ့ပါသည်။
ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူ ပြည့်ဖြိုးအောင်(ခ)အောင်လေး (၂၆) နှစ်၊ (၅)ရပ်ကွက်၊ ကမာရွတ်မြို့နယ်နေသူအားမိခင်ဖြစ်သူမှ ၃.၁.၂၀၁၈ရက်နေ့ ၂၀၃၅ အချိန်တွင်လည်းကောင်း၊ကျော်ဇောဟန် (ခ)ကျော်ဇော၊ (၂၈)နှစ်၊ ငမိုးရိပ်ကွက်၊ သင်္ဃန်းမြို့နယ်နေသူအား ၎င်း၏မိဘများမှ ၄.၁.၂၀၁၈ ရက်နေ့ နံနက် ၁၀နာရီခွဲအချိန်တွင်လာရောက်ပို့အပ်သဖြင့် အမှုဖြင့်ဖမ်းဆီးပြီး စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။
Share:

ရိုဟင်ဂျာ တစ်သန်း ဘင်္ဂလားဒေ့ရှ်က ပြန်ပို့လို

image

ဘင်္ဂလားဒေ့ရှ် အစိုးရက သူတို့နိုင်ငံအတွက် ဧရာမ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခန့်ကို မြန်မာပြည်ပြန်ပို့လိုကြောင်း မနေ့က ထပ်မံ ပြောကြားလိုက်ပါတယ်။
ထိုင်း ဘဏ္ဍာရေးဝန်ကြီး Apisak Tantivorawong အပီဆက် တန်တီဗိုရာဝမ်နဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံ စဉ် ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး Abdul Muhith အဗ္ဗဒူလ် မူဟစ် က အခုလို ပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ OIC ခေါ် အစ္စလာမ်နိုင်ငံများအဖွဲ့က အဆိုပြုတင်ပြတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံက ပါဝင်ထောက်ခံခဲ့တဲ့အတွက် ကျေးဇူးတင် ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးက ပြောဆိုခဲ့ ပါတယ်။
နိုင်ငံတကာကူညီရေးအဖွဲ့ဖြစ်တဲ့ Save the Children အဖွဲ့က ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ဒီနှစ်အတွင်း ကလေး လေးသောင်းရှစ်ထောင်ခန့် မွေးဖွားလိမ့်မယ်လို့ ခန့်မှန်း ပါတယ်။
ဒီအတောအတွင်းမှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက နိုင်ငံ ၁ဝ နိုင်ငံကို ဘာသာရေးလွတ်လပ်မှု ချိုးဖေါက်မှုအတွက် စိုးရိမ်ဖွယ်ရာအဆင့်အဖြစ် ပြန်လည် ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။
အဲဒီနိုင်ငံတွေကတော့ မြန်မာ၊ တရုတ်၊ အီရီတရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆူဒါန်၊ ဆော်ဒီအာရေးဗီးယား၊ တာဂျစ်ကစ္စတန်နဲ့ အူဘက်ကစ္စတန်နိုင်ငံတွေဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့က အခုလို ပြန်လည်သတ်မှတ်ခဲ့ တယ်လို့ သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးတွေ ဖြစ်ထွန်းဖို့ အတွက် ဘာသာရေးလွတ်လပ်မှုကို မဖြစ်မနေ ကာကွယ် ရန် လိုအပ်တယ်လို့ ဖေါ်ပြထားပါတယ်။
Share:

သမတ ထရမ်​ကို​ဝေဖန်​​ရေးသားစာအုပ်​ – Fire and Fury: Inside the Trum White House

image

M-Media
·
ဝုလ်ဖ်ဟာ အဲဒီစာအုပ်ရေးဖို့အတွက် အိမ်ဖြူတော်မှာ လတော်တော်ကြာ ကုန်ဆုံးကာ ထရမ့်ရဲ့ အနေအထားကို လေ့လာခဲ့တာ ဖြစ်ပြီး ထရမ့်ကတော့ စာအုပ်ဟာ အလိမ်အညာတွေချည်းဖြစ်တယ်လို့ တုန့်ပြန်ပြောဆို ထားပါတယ်။
.
ထရမ့်ရဲ့ ရှေ့နေကလည်း ဒီစာအုပ်ကို ထုတ်ဝေမှုကို ပိတ်ဆို့ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဒီကနေ့ည ၁၂ နာရီမှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။
.
ဝုလ်ကတော့ ထရမ့်ဟာ ‘တစ်ခြားဘယ်လူနဲ့မှမတူအောင် ယုံကြည်စိတ်ချစရာ မကောင်းဘူး’ လို့ ပြောကြားခဲ့ပြီး ထရမ့်ရဲ့ ဝေဖန်မှုကို တုန့်ပြန်ခဲ့ပါတယ်။
.
NBC ရဲ့ Today Show အစီအစဉ်မှာ ၀ုလ်ဖ်က ထရမ့်ရဲ့ ၀န်ထမ်းအားလုံးက ‘ထရမ့်ဟာ ကလေး တစ်ယောက် လိုပဲ’ လို့ ပြောကြားခဲ့ကြောင်း ဖွင့်ဟခဲ့ ပါတယ်။
.
“သူဟာ လိုချင်တဲ့ဆန္ဒကို ချက်ခြင်းဖြည့်ဆည်းရမှ နေသာတယ်လို့ သူတို့ ဆိုလိုတာပါ။ ဒါက သူ့ဗီဇပါပဲ။ စာမဖတ်ဖူး၊ ပြောတာလည်း နားမထောင်တတ်ဘူး။ ဘယ်မှမထိဘဲ အောက်ကျသွားတဲ့ pinball လိုပါပဲ”
.
နယူးယောက်က ထရမ့်တာဝါမှာ သားဖြစ်သူ ဒေါ်နယ် ဂျေအာရ်အပါအ၀င် ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့က တာဝန် ရှိသူတွေနဲ့ ရုရှားရှေ့နေ့တစ်ဦးတို့ တွေ့ဆုံမှုဟာ ‘နိုင်ငံတော် သစ္စာဖောက်တဲ့လုပ်ရပ်’ ဖြစ်တယ်လို့ ထရမ့် အကြံပေးဟောင်း စတိဗ် ဘန်နွန်ရဲ့ ပြောကြားမှုကိုလည်း ၀ုလ်ဖ်ရဲ့စာအုပ်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
.
Read more : http://www.m-mediagroup.com/news/73667
Share:

04 January, 2018

ဟာသ သရုပ်ဆောင် ရဲထွေးအောင် (ခ)အောင်ရဲထွေးအား သတ်သည့် အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

Yangon Police
Image may contain: 3 people, people standing

ရန်ကုန်၊ ဇန်နဝါရီ ၄ ရက်
လူမှုကွန်ယက်စာမျက်နာတွင် ဟာသ သရုပ်ဆောင်အဖြစ် လူသိများလာသူ ရဲထွေးအောင်(ခ)အောင်ရဲထွေးမှာ ဇန်နဝါရီလ ၁ ရက်နေ့က 
The One Entertainment ဝင်း၌ ပြုလုပ်သည့် ပါတီပွဲတွင် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ဒဏ်ရာများရရှိသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရာမှ သေဆုံးသွား၍ ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိရေး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများ 
အား ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ အချိန်တွင်ရဲထွေးအောင် (ခ) အောင်ရဲထွေးမှာ ဦးခေါင်းတွင် ဒဏ်ရာများရရှိကာ 
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာဖြစ် တက်ရောက်ကုသနေကြောင်း ၊ သူငယ်ချင်းဖြစ်သူ မပွင့်ကေခိုင် (ခ) ပိုးပိုး၏ ပြောပြချက်အရ 
နံနက် ၄ နာရီအချိန်က ၎င်းနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ The One Entertainment ဝင်းသို့ရောက်ရှိစဉ် ယခင်က ရဲထွေးအောင်(ခ)
အောင်ရဲထွေးနှင့် ခိုက်ရန်ြဖစ်ခဲ့ဖူးသော အမည်မသိအမျိုးသားနှင့်အပေါင်းအပါများက ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြ သဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်းသိရပြီး အစ်ကိုဖြစ်သူ ဦးသန့်ဇင်ဦးက တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ သုဝဏ္ဏ နယ်မြေရဲစခန်း (ပ) ၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ် ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ရာမှ ဇန်နဝါရီလ ၂ ရက်နေ့ ၂ နာရီ ၃၅ အချိန်တွင်ရဲထွေးအောင် (ခ) အောင်ရဲထွေးမှာ သေဆုံးသွားသဖြင့် ရာဇသတ်ကြီး
ပုဒ်မ ၃၀၂/၁၁၄ ဖြင့် ပြောင်းလဲစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက စုံစမ်း ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာသန်းထွဋ်အောင်(ခ)သားကြီးပါဝင်ကြောင်းသိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်စဉ် ၎င်း၏ မိဘများအား ဆက်သွယ်စည်းရုံးဆောင်ရွက်ခဲ့ရာ
၃.၁.၂၀၁၈ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်တွင် သန်းထွဋ်အောင်(ခ)သားကြီး (၂၆)နှစ်၏ ဖခင်ဖြစ်သူမှ သုဝဏ္ဏနယ်မြေရဲစခန်းသို့ လာရောက်
ပို့အပ်သဖြင့် အမှုဖြင့်ဖမ်းဆီးခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ သန်းထွဋ်အောင်(ခ)သားကြီး၏ ထွက်ဆိုချက်အရပြစ်မှုကျူးလွန်ရာတွင် ကမာရွတ်မြို့နယ်၊ လှည်းတန်းနေ
ပြည့်ဖြိုးအောင်(ခ)အောင်လေး နှင့် သင်္ဃန်းကျွန်းမြို့နယ်နေကျော်ဇော်ဟန်(ခ) ကျော်ဇော်တို့ အတူပါဝင်ခဲ့ကြောင်း ၊ ၎င်းတို့ 
(၃)ဦးမှာ ဇန်နဝါရီလ ၁ ရက်နေ့နံနက် ၃ နာရီအချိန်ခန့်က The One Entertainment ဝင်းတွင် ပြုလုပ်သော The Space 
ပါတီပွဲသို့ ရောက်ရှိစဉ် VVIP စင်ပေါ်၌ ကခုန်နေသည့် အမျိုးသားမှာ ယခင်ကခိုက်ရန် ဖြစ်ခဲ့ဖူးသူတစ်ဦးဖြစ်ကြောင်းသိရပြီး ဒေါသဖြစ်ကာ 
စင်ပေါ်သို့တက်၍ ၎င်း တို့သုံးဦးမှ ဝိုင်းဝန်းထိုးကြိတ်ခြေထောက်ဖြင့် ကန်ကြောက်ခဲ့သဖြင့် အဆိုပါအမျိုးသားမှာ လဲကျသွားကြောင်း 
ထွက်ဆိုခဲ့ပါသည်။

ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူ ပြည့်ဖြိုးအောင်(ခ)အောင်လေး (၂၆) နှစ်၊ (၅)ရပ်ကွက်၊ ကမာရွတ်မြို့နယ်နေသူအား 
မိခင်ဖြစ်သူမှ ၃.၁.၂၀၁၈ရက်နေ့ ၂၀၃၅ အချိန်တွင်လည်းကောင်း၊ကျော်ဇောဟန်(ခ)ကျော်ဇော၊ (၂၈)နှစ်၊ ငမိုးရိပ်ကွက်၊ သင်္ဃန်းမြို့နယ်နေသူ
အား ၎င်း၏မိဘများမှ ၄.၁.၂၀၁၈ ရက်နေ့ နံနက် ၁၀နာရီခွဲအချိန်တွင်လာရောက်ပို့အပ်သဖြင့် အမှုဖြင့်ဖမ်းဆီးပြီး စစ်ဆေးလျက်ရှိကြောင်း 
သတင်းရရှိသည်။
Share:

“ကုန်ဈေးနှုန်း ကျချင်ရင် ဟင်းကို တစ်မယ်ပဲစား” ဟု မွန်ဝန်ကြီးချုပ်ပြော

image

ရန်ကုန်၊ ဇန်နဝါရီ ၃
ကုန်ဈေးနှုန်း ကျဆင်းလိုလျှင် ဟင်းကို တစ်မယ်သာ စားရန် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက တိုက်တွန်းလိုက်သည်။
လက်ဖက်ရည်တစ်ခွက်လျှော့သောက်၊ ထမင်းတစ်နပ် လျှော့စား ဆိုသည့် တိုက်တွန်းချက် ပြီးနောက် ဟင်း တစ်မယ် သာ စားရန် တိုက်တွန်းချက် ပေါ်လာခြင်း ဖြစ်သည်။
သထုံမြို့ ၌ ယနေ့ (ဇန်နဝါရီ ၃) ပြုလုပ်သည့် မြို့လူထုနှင့် တွေ့ဆုံရာတွင် ဝန်ကြီးချုပ်က ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 
“ကုန်ဈေးနှုန်း ကျချင်ရင် ဟင်းကို တစ်မယ်ပဲစား။ ဟင်းတစ်မယ်ပဲ စား တော်ပြီ။ ဟင်းရယ် အရွက်ကြော် လေးရယ်။ အဲဒါကိုပဲ စားကြ အိမ်တိုင်း” ဒေါက်တာ အေးဇံက ပြောဆိုသည်။
ယင်းအပြင် အလှူပွဲလုပ်ရာတွင်လည်း ဟင်းဆယ်မျိုး အစား တစ်မျိုးတည်းဖြင့် ပြုလုပ်ရန်လည်း ၎င်းက ပြော ဆိုခဲ့သည်။
“အခုက ဘာဖြစ်နေပြီလဲ။ ထိုင်းက ဝက်သွင်းနေပြီ။ ထိုင်က ကြက်ဟင်းခါးသီး သွင်းနေတယ်။ မြန်မာပြည်က စပါးတွေကို တရုတ်က လာဝယ်နေတယ်။ ဆန် မဝယ် ဘူး။ သိလား။ အဲဒီအခြေအနေရောက်နေတယ်။ အဲဒါကို ကိုယ်က ပြန်ရုန်းရမယ်။ အစားကို ချွေတာပြီး ရင်းနှီးမြှုပ်နှံ မှုမှာ များများထည့်ရမယ်” ဟု ၎င်းက ဆိုသည်။
ချွေတာရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ ပြောဆိုချက်ကို ကိုးကားကာလည်း ဝန်ကြီးချုပ်က ရှင်းပြခဲ့သည်။
“ဗိုလ်ချုပ် အောင်ဆန်းပြောတာ မမှတ်မိဘူးလား။ အင်္ဂလန် တို့ ရုရှားတို့မှာ သူတို့ဆီမှာ စစ်ပြီးသွားတဲ့ အချိန်မှာ လူတစ်ယောက်ကို ဟင်းတစ်မယ်နဲ့ ထမင်းပဲ စားရတယ်။ သူတို့ ခြိုးခြံ ချွေတာတယ်။ ကျွန်တော်တို့လည်း ဆင်းရဲတယ်။ ဟင်းတစ်မယ်ပဲ စားကြ ရမယ်။ လက်ဖက်ရည်ဆိုင်မှာလည်း မထိုင်ရဘူး။ ဟင်းတစ်မယ်ပဲ အိမ်မှာ ချက်စားရမယ် ဆိုရင် ကုန်ဈေးနှုန်း က မကျဘူးလား” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ်ကဲ့သို့ပင် ပြောစမှတ်တွင်အောင် ပြောဆိုဖူးသည့် ပြည်ထောင်စုဝန်ကြီး အချို့လည်း ရှိခဲ့သည်။
လက်ဖက်ရည် တစ်ခွက်လျှော့သောက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီးဒေါက်တာ အောင်သူက ပြောဆိုဖူးသည်။ ယင်းသို့ လျှော့သောက်ကာ ဘတ်ဂျက်မတတ်နိုင်သည့် နေရာများ အတွက် မျှဝေရန် ၎င်းက တိုက်တွန်းခြင်းဖြစ်သည်။
ယင်းအပြင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က ပြောစမှတ်တွင်ခဲ့သည့် ပြောဆိုချက် အချို့လည်းရှိသည်။ တောင်သူ လယ်သမားများ ထမင်းတစ်နှစ်လျှော့စား၍ အကြွေးဆပ်ရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင် က ပြောဆိုဖူးသည်။
Photo – National League for Democracy
Share:

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက် ဒုက္ခသည် ​ဒုက္ခသည်များ၏ တောင်းဆိုချက်များ

image

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်များကို ပြန်လည် လက်ခံရေး အစီစဉ်နဲ့ ပတ်သက်၍ ဒုက္ခသည်များ၏ တောင်းဆိုချက်များ
ရက်စွဲ့။ ၀၂. ၀၁. ၂၀၁၈
RNN Burmese News
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံကြား သဘောတူစာချွန် လွှာ ကို ကြိုဆိုလက်ခံပယ်မယ် ကျွန်တော်တို့ ရိုဟင်ဂျာ လူမျိုးတို့၏ မူရင်းနိုင်ငံသား အခွင့်အရေးအပြည့်အ၀နှင့် ဘေးကင်းလုံခြုံစွာနေထိုင်ရေးအတွက် ကုလသမဂ္ဂ အပါ အဝင် လုံခြုံရေးတပ်များ မြန်မာနိုင်ငံက သဘောတူ လက်ခံ မှ သာ ဒုက္ခသည်များ ပြန်သွားနိုင်ဖွယ် ရှိသည်ဟုဆိုပါသည်။
    
   အဓိကတောင်းဆိုချက်များဖြစ်သော
—————————————-
(၁)ရိုဟင်ဂျာ အမည်ဖြင့် နိုင်ငံသားအသိအမှတ်ပြုရမည်။
(၂)(R2P)ကုလသမဂ္ဂ ငြိမ်းချမ်းရေး အစောင့်တပ် ဒုက္ခသည်များနှင့်အတူပါရှိရမည်။
(၃)မိမိတို့မူလနေရပ်ဒေသနှင့် ပိုင်ဆိုင်မူဟူသမျှကို အစိုးရဖက်က ပြန်လည်ပေးဆပ်ရမည်။
(၄)ရိုဟင်ဂျာများ၏ ဆုံးရှုံးခံရသော ဥစ္စာပစ္စည်းများကို မြန်မာအစိုးရဖက်က ပြန်လည်လျှော့ကြေးပေးရပါမည်။
(၅)ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် သွားလာခွင့်ကို တိုင်းရင်းသားများနှင့် တန်းတူ အခွင့်အလမ်းများ ပေးစေရပါမည်။
(၆)နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေး အပြည့်အ၀ပါရှိစေရပါမည်။
(၇)ဒုက္ခသည်များ ပြန်လည်လက်ခံရေး အစီစဉ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နဲ့အတူ (UN) ကမ္ဘာ့ကုလသမဂ္ဂ ပူးပေါင်းပါဝင်စေရမည်။
(၈)မူရင်းနိုင်ငံသား ဖြစ်သည်အတွက်(NVC)ကဒ်ကို ကိုင်ဆောင်ရန်မလိုအပ်သည်။
(၉)လွတ်လပ်စွာ ဘာသာရေးကိုးကွယ်ခွင့် ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ခွင့်ပါရှိစေ    ရပါမည်။
(၁၀)၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြန်လည်ပြင်ဆင်ပေးရမည်။
(၁၁)စစ်တွေ့ (IDP)ဒုက္ခသည် စခန်းမှာရှိနေသော ဒုက္ခသည် (၁၄၅၀၀)ကျော်ကို မူရင်းနေရာတွင်ပြန်လည်နေရာချထားပေးရေးနဲ့ ရိုဟင်ဂျာ အမည်ဖြင့် နိုင်ငံသားကဒ် ထုတ်ပေးရမည်။
(၁၂)၂၀၁၂ ခုနှစ်မှ စ၍ ၂၀၁၇ ခုနှစ် ကုန်အထိ မတရားဖမ်းဆီးချုပ်နှောင်ထားသော ရိုဟင်ဂျာ အကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးစေရမည်။
ဒီတောင်းဆိုချက်များသည် မြန်မာ၊ဘင်္ဂလားဒေ့ရှ်နဲ့ UN.EU.OIC များကို ဘင်္ဂလားဒေ့ရှ် ရောက် ဒုက္ခသည်များက တောင်းဆိုထားခြင်းဖြစ်ပါသည်။
#editor.Mg Win Naing
by Correspondent. RNN
http://www.rohingyanationalnews.com
Share:

Answers to denialism: a piece of latest research finding by U Kyaw Min

      

image
Sandi Khan Mosque in Mrauk U and Badar Makan Mosque in Sittwe were recognized as Muslim edifices in almost all chronicles written earlier by native as well as foreign writers, but today some ultra nationalists are denying their authentic historicity. So, here I would like to shed some lights on their being Muslim Mosque where Sandi Khan Mosque was built by King Saw Maun for his Bengal retinues who came to help him regain Arakan Throne which he lost earlier. Here I would like to request to Francis Wade, a Myanmar specialist to allow me to quote his latest research.
Francis Wade’s “Myanmar’s enemy within 2017,” a best seller narrated:
For much of the past millennium the busy trade along the shores of western Myanmar meant Rakhine Kingdom was populated by a large and transient – immigrant community and before its annexation by King Budaw Paya (Burma king) in 1784, Rakhine kings had been compelled to cultivate an inclusive attitude towards their subjects on account of the myriad different religious and ethnic communities that lived there. – – – The early Persian and Indian seafarers who arrived from the ninth early century onwards were small in number and had made only a minor impact on local society, but this began to change around in the fifteenth century – – – Bangali kings that ruled territories to the west of Rakhine had helped several of their Rakhine counter parts to retain the throne against the maneuvering of the rivals. The Rakhine King Min Saw Maun (Narameikla) fled to Bengal in the early fifteenth century following attacks by Burma armies from the east and spent 24 years under the protection of the Sultan of Bengal. When he returned to establish the city of Mrauk U, he built Mosques (such as Sandi Khan Mosques) alongside the pagodas that dotted in their hundreds the hill surrounding the city (Sandi Khan Mosques was demolished some years ago). For two centuries after, Rakhine king would use Muslim designations for their names and mint coins with Persian inscriptions to make the bountiful trade with westerly kingdoms easier. Despite the region soon bearing the marks of strong Islamic influence, religious differences had not provided the source of violent contestation they do now. (Francis Wade P.60)- – –
As the British moved in and imposed their own designs on the foreign land, borders were drawn in place of porous frontiers. Those frontiers had once shifted regularly, causing communities to belong to different territories at different times, or sometimes to none at all. Yet over time, what had been somewhat arbitrary boundaries came to be accepted as natural lines of division between nations and the people that inhabited them – – -. After Rakhine was annexed to Myanmar at the close of the eighteenth century, some 200000 Rakhine , both Buddhist and Muslims , fled west, crossing the Naf River and the mountains that roll down from the Chittagong, to areas of sanctuary where they wouldn’t  be reached by Bodawpaya’s marauding forces. Later convulsions of violence on either side of the border would cause communities to move back and forth repeatedly. Sometimes they stayed and settled, sometimes not. But by the time it was redrawn after the departure of the British in the middle of the twentieth century, the communities of each country had developed a degree of attachment to their land, as did the peoples of post-colonial societies the world over that only a modern-day nation state could generate. [Ibid p-64-65]
In this context Dr. J. Leider, an Arakan expert writes:
among the tens of thousands of Rakhine who fled Arakan for Bengal due to Burmese fiscal oppression and forced labor at the end of 18th century, there were also Muslims but one cannot  guess at their percentage. They assimilated more easily than the Rakhine within the society in Chittagon district where they had earlier came from. Many may have returned to Arakan after British occupation in 1825, but there were no statistical sources about the return of either Buddhist or Muslims.- – – (A J. Leider, competing identities, 2016 p-19) . Leider further writes there was a Muslim community in Rakhine at the moment of the conquest in 1784 and on the other hand, that both Muslims and Hindus were among those hundreds and thousands of Rakhine who had been deported and resettled in upper Myanmar. These Muslims spoke an Indian language of their own in which they called themselves of Rooinga. – – – quoting Dr Than Tun’s  Royal order of 17th November, 1807, Leider further writes “the Rakhine Punnas (Court Brahmins and Ceremonial Specialists who come all from Bengal) were collectively deported to Amarapura and became a new elite at the Konbaung Court. The king appointed Abhisha  Husseini, the head of Rakhine Muslims as head of all the Muslims of Myanmar. (J. Leider: the name, the movement, the quest for identities, 2014, p-10-12)
Francis Wade describes:
at around the same time (when Arakan was annexed to Burma empire) those ethnic Rakhine were fleeing into Bengaladesh in the late eighteenth century, a Scottish physician by the name of Francis Buchanan was moving between the communities of Myanmar documenting the various groups that lived there.  Under the title– “A Comparative Vocabulary of Some of the languages Spoken in the Burma Empire,” he produced perhaps one of the most comprehensive studies of the peoples of the region prior to the beginnings of colonial rule. In it he noted “three dialects, spoken in the Burma Empire, but evidently derived from the language of the Hindu nation. The first is that spoken by the Mohaammedans, who have long settled in Arakan, and who call themselves Rooinga, or natives of Arakan.” [Ibid, P-65]
Rohingya cite this, and subsequent references in European texts to Buchanan’s findings as evidence of their presence in the region prior to the British conquest of Rakhine in 1826 and the influx of workers from the subcontinent that followed it. They also point to the fact that Rohingay were recognized, at least vocally, by U Nu, and served as members of parliament, and even ministers, in the post-independence government. Throughout the 1950s, 1960s and into the 1970s officials documents referenced the Rohingya as inhabitants of northern Rakhine state. The denialism that is so pervasive now wasn’t commonplace within the government after independence. The Rohingya could organize politically- the government sanctioned the Rohingya students Association at Rangon University-and the group had its own thrice-weekly Rohingya –language radio broadcast. [p-65-66]
But as the regime sought to fix the ethnic landscape of Myanmar with a rigidity that bore little resemblance to the Myanmar of old, groups considered foreign to the country were gradually excluded. The hardening of an exclusive Rakine Buddhist identity that resulted from the  Burmanisation project, coupled with the removal of the “ Rakhine Muslims” category from the 135-strong index of ethnic groups, compelled the Muslims of the state to cleave more tightly to another label, one that had a history in Myanmar going back to at least the late eighteenth century and one that , at least initially , the government recognized. The Rohingya ethnicity should therefore have stood up to the test of the general’s 1982 citizenship criteria: that of a presence in Myanmar prior to the advent of British rule in 1824. But its absence from British records provided Ne Win, who pushed the notion of an ethno-religiously “pure” Myanmar harder as time went on, with a pretext to exclude an entire group from the nation. [P-66]
The logic that, as Rohingya, they simply can’t belong, underpins their statelessness, but it doesn’t stop at the legal sphere. Instead, it has provided a rationale for denying them even the inalienable human rights that should be conferred regardless of ones’ political status. “It seems,” so wrote the German political theorist Hannah Arendt, who herself was rendered stateless by the Nazis, “that a man who is nothing but a man has lost the very qualities which makes it possible for other people to treat him as a fellow-man”. [p-67]
The architects of Rohingya statelessness would know this too. The alienation of this community from the once- plural society of Rakhine State, and the nation more broadly, and the loss of dignity that accompanied the stripping of their basics rights fuelled a process that, over the decades, has come to see the group dehumanized and ostracized altogether.(p-67-68)
Ambitious new schemes were developed to encourage even more aggressively the systematic weakening of the Rohingya, and shortly after the turn of the decade, a project to re-engineer the social landscape of northern Rakhine State took shape. The animosities that began to simmer more intensively cause Buddhist and Muslims there to grow even further apart, and provided kindling for the fire that started years later, when the body of  Ma Thidar Htwe was discovered beneath the rain tree. (p. 68)
U Hla Tun Pru, a career politician and historian and almost all Rakhine historians recognized king Saw Mons’ getting military help from Bengal king, the settlement of Bengal retinue, and the construction of Sandi Khan Mosque. Arakan was like a vassalage of Bengal for almost two centuries. From then, Mrauk U became a cosmopolitan and multicultural city, very harmonious where tigers and sheeps drink peacefully together at the same water. (Thibaut Hubert and Leider; traders and poets’ at the Mrauk U court, p-94, 2011)
This is a concise reflection of Rohingyas’ historicity. Yet recognizing above authentic and latest historical research finding, I hope, will lead us to a fair, just and win-win solution to the current Rakhine state communal crisis which is a worldwide hot issue today. Coordination and sincere consultative cooperation and engagement with all state holders are the most essential requirements for lasting sustainable peace, harmony and development.
********
Share:

ရခိုင်ပြည်နယ် IDP စခန်းများပိတ်သိမ်းပြီး သင့်တော်​​ သော​နေရာတွင် ​​ပြောင်းေ​ပးမည်

image

ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက် များမှ IDP စခန်း ကိစ္စရပ်များနှင့် လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး ဆွေးနွေးသည်​။
နေပြည်တော် ဇန်န၀ါရီ ၂
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ရေး ဆိုင်ရာ ကော်မတီ၏ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များမှ IDP စခန်းကိစ္စရပ်များနှင့် လွတ်လပ်စွာသွားလာခွင့်ဆိုင်ရာ ညှိနှိုင်းဆောင် ရွက်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပရာ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ရေးဆိုင်ရာ ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထား ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ပူးတွဲ ဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ တက်ရောက်အမှာ စကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ” ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ် က တည်ရှိခဲ့သော IDP စခန်းများသည် ဘေးဖြစ်စဉ်များကြောင့် ခေတ္တနေထိုင်ရာ စခန်းများသာ ဖြစ်သင့်သော်လည်း ယခုအခါ (၅)နှစ် ကျော်ကြာ တည်ရှိခဲ့ပြီဖြစ် ကြောင်း၊ IDP စခန်းတွင် နေထိုင်ကြရသူများ သွားလာခွင့်နှင့် အသက်မွေး ဝမ်း ကြောင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ထောက်ပံ့မှုများကို ရေရှည်မှီခိုခြင်းထက် အလုပ်အကိုင် အခွင့် အလမ်းများရရှိခြင်း၊ ပညာရေး၊ ကျန်းမာရေး လက်လှမ်းမီခြင်းသည် ၄င်းတို့ အတွက် ပိုမို၍အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် IDP စခန်းတွင် နေထိုင်သူများ၏ ဥပဒေနှင့်အညီ ပူးပေါင်း ပါဝင်ရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် IDP စခန်းတွင်နေထိုင်သူများက လက်ရှိ စခန်းကို ပိတ်သိမ်းပြီးသင့်တော်သော ပြန်လည်နေရာချထား ရေး နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး သဘော တူညီချက် များရယူခဲ့ပြီး အသေးစိတ် အချက်အလက်အား ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြ သည်။
ထို့နောက် လွတ်လပ်စွာသွားလာခွင့်အတွက် ဥပဒေနှင့် အညီဆောင် ရွက်နိုင်ရန် နိုင်ငံသားစိစစ်ခံရ မည့်သူ၏ သက်သေခံကတ်ပြား (NV Card) ကိုင်ဆောင်ရန်နှင့် (NV Card) ကတ်ပြားကိုင်ဆောင်ခြင်းဖြင့် ရရှိနိုင်မည့် အခွင့်အရေးများကို ရှင်းလင်း ပြောကြားသည်။
(NV Card)ကိုင်ဆောင်သူသည် ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်း နေထိုင်သူအဖြစ် သက်သေခံနိုင်ခြင်း၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှု ခံယူရန် လျှောက်ထား ပိုင်ခွင့်ရှိခြင်း၊ မြန်မာနိုင်ငံသား ဥပဒေနှင့် အညီ နိုင်ငံသားဟုတ်မဟုတ် အဆုံးဖြတ်ပေးခံယူ နိုင်ပြီးရရှိသော နိုင်ငံသားအဆင့်အတန်းနှင့်အညီ သတ်မှတ် ထားသော အခွင့်အရေးများ ရရှိခြင်း၊ (NV Card)ကိုင်ဆောင်သူမိဘများမှ မွေးဖွား လာသောသား သမီးများသည်လည်း မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသား စိစစ်မှုခံယူ ရန် လျှောက်ထားပိုင်ခွင့်ရှိခြင်း၊ (NV Card) ကိုင်ဆောင်သူသည် မြန်မာ နိုင်ငံ အတွင်း ရှိမည်သည့် အရပ်ဒေသကိုမဆို သွားလာလိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ဒေသန္တရအမိန့် နှင့် ညွှန်ကြားချက် များနှင့်ခရီးသွားလာခွင့်ရှိခြင်း၊ ရခိုင် ပြည်နယ်အတွင်း တရားဝင် ဖွင့်လှစ်ထားသောနယ်စပ် ဝင်/ထွက် ဂိတ်မှ တဆင့် နိုင်ငံဖြတ်ကျော် လက်မှတ်ဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားဝင် ဝင်/ထွက် သွားလာခွင့်ရှိခြင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ မိမိနေထိုင်ရာမြို့နယ်အတွင်း ပြည်နယ်အစိုးရကထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့်အညီ လွတ်လပ်စွာခရီးသွားလာခွင့်ရှိခြင်း၊ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်သို့ ရေလုပ်ငန်းလိုင်စင်ဖြင့် ဥပဒေနှင့်အညီထွက်ခွာခွင့်ရှိခြင်းစသည့် အခွင့် အရေးများ ရရှိမည် ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည် နယ်ဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့် သက္ကေပြင် IDP စခန်းမှ စခန်းစီမံခန့် ခွဲမှုကော်မတီဝင် များက သက္ကေပြင် IDP စခန်းပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ IDP စခန်း၏ လက်ရှိ အခြေအနေ၊ ပြန်လည် နေရာ ချထားရာတွင် ဆောင်ရွက်ရမည့် လိုအပ်ချက်များနှင့် လွတ်လပ်စွာ သွားလာခွင့်ကိစ္စရပ်များ ကိုအပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ရခိုင်ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စစ်တွေမြို့ရှိ IDP စခန်းများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)
Share:

01 January, 2018

Mother’s Day အမေနေ့

မာတာပိတု ဂုဏော အနန္တော
ကမ္ဘာမှာတော့ အမေနေ့ကို မတူတဲ့နေ့တွေမှာ ကျင်းပ ကြတယ်။ မြန်မာနိုင်ငံမှာ ပြာသိုလပြည့်နေ့ကို အမေနေ့ လို့ လူသိများလာပါတယ်။ တရားဝင်နေ့တော့ မဟုတ်ပါ။
နော်ဝေ = ဖေဖော်ဝါရီ ဒုတိယတနင်္ဂနွေ = ၈၊ ၉၊ ၁ဝ ရက်၊
ဂျော်ဂျီယာ = မတ်လ ၃ ရက်၊
အာဖဂန်နစ္စတန်၊ အယ်လ်ဘေးနီးယား၊ ကိုဆိုဗို၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘိုင်လိုရပ်စ်၊ ဘော့စနီးယား-ဟာဇီဂိုးဗီးနား၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ကာဂျစ္စတန်၊ လာအို၊ မက်ဆီဒိုးနီးယား၊ မွန်တီနီဂရိုး၊ ရိုမေးနီးယား၊ ဆလိုဗေးနီးယား၊ ဆာဗီးယား၊ တာဂျီကစ္စတန်၊ ဗီယက်နမ်၊ = မတ်လ ၈ ရက်၊
အိုင်ယာလန် = မတ်လ ၁ဝ ရက်၊
နိုင်ဂျီးရီးယား = မတ်လ ၁၅ ရက်၊
ယူကေ = မတ်လ ၃ဝ ရက်၊
ဘာရိန်း၊ ကိုမိုရိုးစ်၊ ဂျီဘူတီ၊ အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ လစ်ဗျား၊ မောရီတေးနီးယား၊ အိုမန်၊ ကာတာ၊ ဆောဒီ၊ ဆူဒန်၊ ဆီးရီးယား၊ ပါလစ်စတိုင်း၊ ယူအေအီး၊ ယီမင် = မတ်လ ၂၁ ရက်၊
ဆလိုဗေးနီးယား = မတ်လ ၂၅ ရက်၊
အာမေးနီးယား = ဧပြီ ၇ ရက်၊
ဟန်ဂေရီ၊ လစ်သူယေးနီးယား၊ မိုဇမ်ဘစ်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ စပိန် = မေလ ပထမတနင်္ဂနွေ (၃၊ ၄၊ ၅) ရက်၊
တောင်ကိုရီးယား (မိဘများနေ့) = မေလ ၈ ရက်၊
အယ်လ်ဆာဗာဒို၊ ဂွါတီမာလာ၊ မက်ဆီကို၊ = မေလ ၁ဝ ရက်၊
အင်ဂူလီယာ၊ အင်တီဂူယာ + ဘာဘူဒါ၊ အာရူဘာ၊ သြစတေးလျ၊ သြစတြီးယား၊ ဗဟားမား၊ ဘင်္ဂလားဒက်၊ ဘာဘေးဒိုးစ်၊ ဘယ်လ်ဂျီယမ်၊ ဘီလစ်ဇ်၊ ဘာမျူးဒါး၊ ဘော့စဝါးနား၊ ဘရူနိုင်း၊ ကနေဒါ၊ ကမ်ဘောဒီးယား၊ ချီလီ၊ တရုတ်၊ ကိုလမ်ဘီယာ၊ ကျူးဘား၊ ကူရာကို၊ ဆိုက်ပရပ်စ်၊ ချက်၊ ဒင်းမတ်၊ ဒိုမီနီကန်၊ အီကွေဒို၊ အက်စတိုးနီးယား၊ အီသီယိုးပီးယား၊ ဖီဂျီ၊ ဖင်လန်၊ ဂျာမနီ၊ ဂါနာ၊ ဂရိ၊ ဂရင်နေဒါ၊ ဂိုင်ယာနာ၊ ဟွန်ဒူးရပ်စ်၊ ဟောင်ကောင်၊ အိုက်စလန်၊ အိန္ဒိယ၊ အီတလီ၊ ဂျမေကာ၊ ဂျပန်၊ ကာဒစ်စတန်၊ လတ်ဗီးယား၊ လိုက်ဘေးရီးယား၊ လီချန်စတိန်း၊ မကာအို၊ မလေးရှား၊ မော်လတာ၊ နယူးဇီလန်၊ ပါကစ်စတန်၊ ပါပူအာနယူးဂီနိ၊ ပီရူး၊ ဖိလစ်ပိုင်၊ ပွတိုရီကို၊ စိန်ကစ် + နီဗစ်၊ စိန့်လူစီယာ၊ စိန်ဗင်းဆင့် + ဂရင်နေဒိုင်း၊ ဆာမိုအာ၊ စင်္ကာပူ၊ စိန့်မာတင်၊ ဆလိုဗက်ကီးယား၊ တောင်အာဖရိက၊ ဆူရီမန်၊ ဆွစ်ဇာလန်၊ တိုင်ဝမ်၊ တန်ဇန်နီးယား၊ တွန်ဂို၊ ထရီနီဒက် + တိုဘာဂို၊ တူရကီ၊ ယူဂန်ဒါ၊ ယူကရိန်၊ ယူအက်စ်၊ ယူရူဂွေး၊ ဗီယက်နမ်၊ ဗင်နီဇွဲလား၊ ဇမ်ဘီယာ၊ ဇင်ဘာဘွေ၊ = မေလ ဒုတိယ တနင်္ဂနွေ၊ (၁ဝ၊ ၁၁၊ ၁၂) ရက်၊
ပါရာဂွေး၊ = မေ ၁၅ ရက်၊
ကဂျစ်စတန်၊ = မေ ၁၉ ရက်၊
ပိုလန် = မေ ၂၆ ရက်၊
ဘိုလီဗီးယား = မေ ၂၇ ရက်၊
အယ်လ်ဂျီးရီယား၊ ဒိုမီနီကန်၊ ပြင်သစ်၊ မဒါဂါးစကား၊ မောရိုကို၊ ဟေတီ၊ မောရေးရှပ်၊ ဆီနီဂေါ၊ ဆွီဒင်၊ ကျနီးရှား၊ = မေလ နောက်ဆုံးတနင်္ဂနွေ (၂၅၊ ၂၆၊ ၃၁) ရက်၊
နိုက်ကာရာဂွါ = မေ ၃ဝ ရက်၊
မွန်ဂိုးလီးယား၊ = ဇွန် ၁ ရက်၊
လူဇင်ဘတ် = ဇွန်လ ဒုတိယတနင်္ဂနွေ (၈၊ ၉၊ ၁၄) ရက်၊
ကင်ညာ = ဇွန်လ နောက်ဆုံးတနင်္ဂနွေ (၂၈၊ ၂၉၊ ၃ဝ) ရက်၊
ထိုင်း (ဘုရင်မမွေးနေ့) = သြဂုတ် ၁၂ ရက်၊
ကော်စကာရီကာ၊ အင်တဝပ် (ဘယ်လဂျီယမ်) = သြဂုတ် ၁၅ ရက်၊
မာလာဝီ = အောက်တိုဘာ ဒုတိယတနင်္လာနေ့ (၁၂၊ ၁၃၊ ၁၄) ရက်၊
ဘဲလားရုစ် = အောက်တိုဘာ ၁၄ ရက်၊
အာဂျင်တီးနား = အောက်တိုဘာ တတိယတနင်္ဂနွေ (၁၈၊ ၁၉၊ ၂ဝ၊ ) ရက်၊
ရုရှား = နိုဝင်ဘာ နောက်ဆုံးတနင်္ဂနွေ (၁၄၊ ၂၉၊ ၃ဝ) ရက်၊
တီမော-လက်ဆေး = နိုဝင်ဘာ ၃ ရက်၊
ပနားမား = ဒီဇင်ဘာ ၈ ရက်၊
အင်ဒိုနီးရှား = ဒီဇင်ဘာ ၂၂ ရက်၊

သူများတိုင်းပြည်တွေမှာ အမေနေ့ဆိုတာ မိခင်၊ မိခင်ဘဝ၊ မီးတွင်းဘဝတွေ အားလုံးအတွက် ရည်စူးကြတယ်။ လူ့ယဉ်ကျေးမှု ဖြစ်ထွန်းလာတဲ့သဘောလို့ ယူဆနိုင်ပါတယ်။ မိခင်၊ ဖခင်နဲ့ ညီအကိုမောင်နှမတွေအတွက် နေ့တွေ သီးခြား သတ်မှတ်ထားကြတယ်။ ရှေးကတည်းက ဂရိတွေက ဆိုက်ဗယ်လီ၊ ရိုမန်တွေက ဟီလားရီးယာဆိုပြီး ရှိခဲ့တာပါ။ ခရစ်ယန်ဘာသာ ပေါ်လာတော့ တနင်္ဂနွေမနက်ခင်းဆိုပြီး မိခင်တွေကို ဂုဏ်ပြုလာတယ်။ ကက်သလစ် ဘာသာဝင်တွေကတော့ ဗားဂျင်းမေရီခရစ်တော်ရဲ့ မယ်တော်ကို ချီးမွမ်းပွဲလုပ်ကြတယ်။
အင်္ဂလိပ်စကားသုံးတဲ့နိုင်ငံတွေမှာ မိခင်နေ့၊ မိခင်များနေ့ဆိုပြီး အခေါ်အဝေါ် ကွဲပြားတယ်။ ကွန်မြူနစ်စနစ်ကနေ ပြောင်းလာတဲ့နိုင်ငံတွေမှာတော့ နိုင်ငံတကာမိခင်နေ့ကို မတ်လ ၈ ရက်နေ့မှာ ကျင်းပကြတယ်။ ယူအက်စ်အေမှာ ၂ဝ ရာစု အစကတည်းက အမေနေ့ကို ကျင်းပလာတယ်။ ယူအက်စ်အေမှာ အမေနေ့ဖြစ်လာအောင် လုံးပန်းခဲ့သူက စာရေးဆရာမ ဂျူလီယာဝဒ်နဲ့ သူ့သမီးတို့ ဖြစ်ပါတယ်။ မေလ ဒုတိယတနင်္ဂနွေနေ့ဖြစ်တယ်။
မြန်မာနိုင်ငံမှာ အမေနေ့လို့ တရားဝင်သတ်မှတ်ထားတာ မရှိသေးပါ။ အမေနေ့ဖြစ်လာဖို့ရာ စတင်ကြိုးပမ်းခဲ့သူကတော့ စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခ ဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ ပြာသိုလပြည့်နေ့ကို အမေနေ့အဖြစ် စတင်အဆိုပြုခဲ့ပြီး၊ ၁၉၉၅ ခုနှစ်၊ ပြာသိုလပြည့်နေ့မှာ ပထမဦးဆုံး အမေနေ့ကို ကျင်းပခဲ့တယ်။ မန္တလေးမြို့မှာဖြစ်ပါတယ်။ အညာဒေသမှာ မေမေလို့ထက် အမေလို့ ခေါ်တာ များတယ်။
နိုင်ငံရေးထဲဝင်လုပ်ကြလို့ ကျရောက်လာရတဲ့ မိသားစုဒုက္ခတွေကို ဘာတခွန်းမှ ပြောမသွားဘဲ ကွယ်လွန်သွားတဲ့ ကျွန်တော့်အမေလို အမေတွေကို ကန်တော့လိုက်ပါတယ်။ အမေသက်ရှိထင်ရှားရှိကြသူတွေ အားလုံး အမေနေ့ ကိုယ်စီ ကျင်းပနိုင်ကြပါစေ။
ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၇
Share:

ရခိုင်အရေးကို အစိုးရနဲ့ တပ်မတော် လက်တွဲဖြေရှင်းခဲ့

ရန်ကုန်မြို့ ရွှေဂုံတိုင်က ပါတီဌာနချုပ်မှာ ကျင်းပတဲ့ ပထမ အကြိမ် ဗဟိုကော်မတီအစည်းအဝေး အခမ်းအနား မှာ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ဒေါက်တာအေးဇံ ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့က တွေ့ရစဉ်
Photo: Yangon Region Government
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို အစိုးရနဲ့ တပ်မတော် လက်တွဲဖြေရှင်းပြီး ရပ်တန့်စေခဲ့ တယ်လို့ မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံ က ဒီနေ့ ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်က ပါတီဌာနချုပ်မှာ ကျင်းပတဲ့ ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေး အခမ်းအနား မှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒေါက်တာအေးဇံ က အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ် ပါတယ်။
“ရခိုင်ပြည်နယ်က အကြမ်းဖက်မှုကို ကျနော်တို့က တပ်မတော်နဲ့ လက်တွဲပြီးတော့ ဖြေရှင်းတာပါ၊ အားလုံး သိကြပြီတဲ့အတိုင်းပဲလေ သြဂုတ်လ ၂၅ ရက်နေ့မှာ ကျနော်တို့ ကင်းစခန်း ၃၀ ကို တစ်ပြိုင်းနက် ဝင်ရောက် တိုက်ခိုက်တယ်ဆိုတာ၊ ဒီဟာက ရှင်းရှင်းပဲ အကြမ်းဖက်မှု ကြီးပဲ ဒီအကြမ်းဖက်မှုကို ကျနော်တို့က ဖြေရှင်းတာပဲ၊ ဒါပါပဲ”
အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က တိုင်းရင်းသားတွေ လူများစု၊ လူနည်းစုတွေကိုသာမက ခရစ်ယာန် ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာဝင်တွေကိုပါ တပြေးညီ ကာကွယ် စောင့် ရှောက်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် အပါအ၀င် နိုင်ငံတော်ရဲ့ နိုင်ငံရေး မှာ ပါဝင်ဆောင်ရွက်နေကြသူတွေ၊ တိုင်းပြည်အာဏာရရှိ ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းနေကြသူတွေ၊ အရပ်ဖက်အဖွဲ့ အစည်းတွေနဲ့ လက်နက်ကိုင် ခေါင်းဆောင်တွေ အားလုံး ကို မေတ္တာရပ်ခံလိုကြောင်း၊ ရခိုင်ပြည်နယ်က ပြည်သူ ပြည်သားတွေရဲ့ အပြုံးပန်းဟာ လူကြီးမင်းတို့ မျှော်လင့် တဲ့ အာဏာထက် ပိုချိုမြကြောင်း ပြောခဲ့ပါတယ်။
ဒီနေ့ အခမ်းအနားကို ပါတီနာယက ဦးတင်ဦး၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ ဗဟိုကော်မတီဝင်တွေ၊ တိုင်းနဲ့ ပြည်နယ်အသီးသီးက ၀န်ကြီးချုပ်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ လွှတ်တော် ဥက္ကဌတွေနဲ့ ပါတီလုပ်ငန်းကော်မတီ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
Share:

ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်ဒုက္ခသည် ပြန်လည် လက်ခံရေး အစီအစဉ် နှစ်ဆန်းပိုင်းမှာ စတင်မည်

image

မဆမွန်
ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပေးထားတဲ့ ID ကဒ် ကိုင် ဆောင်ထားသူ ကလေးတယောက် ​တွေ့ရပုံ
၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းမှာပဲ ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်သွားတဲ့ မူဆလင်ဒုက္ခသည်တွေ မြန်မာနိုင်ငံ ဘက်က ပြန်လက်ခံမယ့် အစီအစဉ်တွေ စတင်တော့ မှာဖြစ်ပါတယ်။ ပထမဆုံးပြန်ပို့မယ့် အသုတ်ထဲမှာတော့ ဟိန္ဒူဒုက္ခသည် ၄၀၀ကျော်လောက်ပြန်ပါလာနိုင် ခြေရှိပါ တယ်။ ရိုဟင်ဂျာ မူဆလင်ဒုက္ခသည်တွေကတော့ သူတို့အတွက် လုံခြုံရေးနဲ့ နိုင်ငံသားအခွင့်အရေး အပြည့် အဝ ပေးမှ ပြန်လာနိုင်မယ်လို့ ပြောပါတယ်။ နောက်ဆုံး အခြေအနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။
၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းမှာပဲ ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်သွားတဲ့ မူဆလင်ဒုက္ခသည်တွေ မြန်မာနိုင်ငံ ဘက်က ပြန်လက်ခံမယ့် အစီအစဉ်တွေ စတင်တော့မှာ ဖြစ်ပါတယ်။ ပထမဆုံးပြန်ပို့မယ့် အသုတ်ထဲမှာတော့ ဟိန္ဒူဒုက္ခသည် ၄၀၀ကျော်လောက်ပြန်ပါလာနိုင်ခြေရှိ ပါတယ်။ ရိုဟင်ဂျာ မူဆလင်ဒုက္ခသည်တွေကတော့ သူတို့အတွက် လုံခြုံရေးနဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အဝ ပေးမှ ပြန်လာနိုင်မယ်လို့ ပြောပါတယ်။ နောက်ဆုံးအခြေအနေ မဆုမွန် စုစည်းတင်ပြထား ပါတယ်။
ဟုတ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား သဘောတူညီချက်တွေအရ ရခိုင်မြောက်ပိုင်းအကြမ်းဖက် မှုတွေကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင် သွားတဲ့ သိန်းချီတဲ့ မူဆလင်ဒုက္ခသည်တွေကို အခုလာမယ့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၂၃ရက်နေ့ကစလို့ ပြန်လည်လက်ခံဖို့ နှစ်နိုင်ငံစီစဉ်နေကြပြီဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကတော့- မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေရဲ့ ကိုယ်ရေး အချက် အလက်တွေ မိသားစု စာရင်းတွေကိုပြုစုထားပြီး အဲဒီထဲကမှ နေရပ်ပြန်မယ့် ဒုက္ခသည်တစ်သိန်းစာရင်းကို ပထမဆုံး အသုတ် အနေနဲ့ မြန်မာအစိုးရဘက်ကို ပေးအပ်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကပြောပါတယ်။
မြန်မာအစိုးရဘက်ကတော့ ဇန်နဝါရီနောက်ဆုံးပတ် လောက်မှာ ပြန်လာမယ့် ဒုက္ခသည်တွေကို ပြန်လည် စိစစ် လက်ခံနိုင်ရေး အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေ ကြ ပြီဖြစ်တယ်လို့ ဒုက္ခသည်တွေ ပြန်လည်နေရာချ ထားရေး အဓိကဦးဆောင်စီစဉ်နေသူတဦးဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ကော်မတီဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“နှစ်နိုင်ငံ သဘောတူစာချုပ်အရ ဆိုရင်တော့ ကျနော်တို့ က ပြန်လက်ခံဖို့ဆိုရင် ဒီဖက်က ပုံစံတွေပေးတယ်၊ ဟိုဖက်က ပုံစံတွေ ပြန်ဖြည့်ပြီးတော့ စီစစ်တယ်။ စီစပ်ပြီးတော့မှ လက်ခံနိုင်ပါတယ်လို့ စာရွက်ပြန်ပို့ပြီးမှ ဒီဖက်ကို လူပို့မှာလေ။ အဲဒီတော့ ပြင်ဆင်ထားတဲ့အခြေ အနေကတော့ အခုက ဇန်န၀ါရီ ၂၃ လည်း မရောက်သေး ဘူးလေ။ ကျနော်တို့အခု ၃ ပတ်လောက် အချိန်ရတယ်။ ဒီအတောအတွင်းမှာတော့ ဒီ ပြင်ဆင်ရေး၊ လက်ခံကြိုဆို ရေး အခန်း ၂ ခုလုံးက လက်ခံကြိုဆိုလို့ရတဲ့ အခြေ အနေကို ရောက်မယ်ပေါ့နော်၊ နံပတ် ၁ ပေါ့။
နံပတ် ၂ ကတော့ အဲဒီကနေပြီးတော့ ၀င်လာလို့ရှိရင် ဒီအစားအသောက်ကိစ္စတို့၊ ကူညီထောက်ပံ့ပေးရမယ့် humanitarian assistant နဲ့ ပတ်သက်လို့ ready ဖြစ်တယ်။ နောက် တတိယအချက်ကတော့ နေရာချထားရေးပေါ့။ နေရာချထားရေးနဲ့ ပတ်သက်လို့ ရှိရင်တော့ အိမ်တွေက ပြန်လာမယ့်သူတွေအတွက်ဆိုလို့ ရှိရင်တော့ ကျနော်တို့က နေရာတွေပေါ့၊ နေရာတွေဆို တာက နဂိုတည်းကလည်း အနီးဆုံးနေရာမှာ သူတို့ကို အဲဒီမှာ ယာယီဆောက်မယ်။ ယာယီ အိမ်ဆောက်ပြီး တော့ အဲဒီမှာ နေနေပြီးတော့ ခုဏက cash for work ကျနော်တို့ ပြောသလိုပေါ့ သူတို့လည်း လုပ်အားပြန်ပေးမယ်၊ ပိုက်ဆံတွေလည်း ရမယ်၊ အိမ်လည်း ပြန်ဆောက်မယ်။ ပြီးရင် တက်နေလိုက်မယ်၊ အဲဒီပုံစံလိုမျိုးပေါ့။ အဲဒီတော့ ဒီမိုးနဲ့လေနဲ့ဆိုတော့ ဒါတော်တော်လေးတော့ ကြိုးစားပမ်းစားတော့ ဆောင်ရွက် ရမယ်။ ကျနော်တို့ဖက်ကလည်း အများကြီး အတတ်နိုင်ဆုံးကူညီမယ်။ သူတို့ဖက်ကလည်း ပူးပေါင်းပါဝင်ရမယ်။ အဲဒီ ပုံစံမျိုးပေါ့။”
ပထမဆုံးအသုတ်အဖြစ် ပြန်လာကြမယ့် ဒုက္ခသည်တွေ ထဲမှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်ပြေး သွားတဲ့ ဟိန္ဒူ ဘာသာဝင် ၄၀၀ကျော်အတွက်လည်း ပြန်လည်စိစစ် လက်ခံ နိုင်ဖို့ ကိုယ်ရေးအချက်အလက်တွေဖြည့်ဖို့ ပုံစံတွေ ပေးပို့ထားပြီးဖြစ်တယ်လို့ ဒေါက်တာ ဝင်းမြတ်အေး ကဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
“ပထမ ဟိန္ဒူ ၄၀၀ ကျော် ပြန်ဝင်လာမယ်ဆိုတဲ့အတွက်ကြောင့် ဒီလိုမျိုး သူတို့က အဆင်သင့်ဖြစ်နေတယ်။ သူတို့ကိုတော့ ပြန်ပို့လို့ရတယ်ဆိုတော့ ပုံစံပေးထားတာ၊ ပိုပိုလိုလိုဆို ၅၀၀၊ ၆၀၀ စပေးထားတာ။ အဲဒီအတွက်ကို စာရွက်တွေ ပြန်ရောက်တော့မှ စိစစ်ပြီးတော့ ပြန်လက်ခံဖို့ လုပ်မှာလေ။”
ဒါပေမဲ့လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Shahidul Haq ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေး လာ တဲ့ ဒုက္ခသည်တွေအနက် ပထမအသုတ် အနေနဲ့ ဟိန္ဒူဒုက္ခသည် ၄၅၀ ပြန်လည်ခေါ်ယူမယ်ဆိုတဲ့ မြန်မာဘက်က အစီအစဉ်နဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဘာမှ မသိရှိရသေးဘူးလို့ VOA Bangla ဌာနကို မနေ့သောကြာနေ့က ပြောဆိုထား ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေအပါအဝင် ဒေသခံတိုင်းရင်းသား တွေအတွက် ပြန်လည်နေရာချထားတဲ့အခါ ဘေး အန္တရာယ် ကင်းတဲ့ လုံခြုံရေးနဲ့ နေ့စဉ်လူမှုဘဝ ပုံမှန် ရပ်တည်ရေး အာမခံချက်ပေးဖို့ အစိုးရ တာဝန်ရှိသူ တွေကို ဟိန္ဒူအဖွဲ့ချုပ်ကလည်း တောင်းဆိုထားပါတယ်။
တချိန်တည်းမှာဘဲ ရခိုင်ပြည်နယ်တွင်းက အခြေအနေ တွေဟာ လုံခြုံမှု တည်ငြိမ်မှုနဲ့ စိုးရိမ်စရာအခြေအတွေရှိ သေးတာကြောင့် ဒုက္ခသည်တွေ မြန်မာပြည်ဘက်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးနဲ့ ဒေသတွင်း ရေရှည်နေထိုင်နိုင်ရေးအပေါ်မှာ ရေရှည်မှာ ပြန်သွားနိုင်ဖို့ ကိစ္စအပေါ်မှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးအကြီးအကဲတွေဘက်က စိုးရိမ်နေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဒ်ဇက်ဘဇားမှာရှိတဲ့ Balukhali ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာမူဆလင် ဒုက္ခသည် ကိုအီစလန်ကတော့ ဒုက္ခသည်တွေ နေရပ်ရေး ပြန်နိုင်ဖို့ဆိုရင် မြန်မာအစိုးရဘက်က နိုင်ငံသား အခွင့်အရေးအပြည့်အဝပေးဖို့နဲ့ ကုလသမဂ္ဂဘက်က လုံခြုံရေးအစီအမံတွေ တာဝန်ယူပေးဖို့ တောင်းဆိုပါ တယ်လို့ အခုလိုပြောပါတယ်။
“မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်ဖက် သဘောတူထား တဲ့ဟာကို ကျနော်က ကြိုဆိုတယ်။ ဒါပေမယ့် ကျနော်တို့ က နိုင်ငံသား အခွင့်အရေး အပြည့်အ၀မရမချင်း ပြန်ဖို့စိတ်ဆိုတာ လုံးဝမရှိပါဘူးခင်ဗျ။ ကျနော်တို့ ဒုက္ခသည်အားလုံးရဲ့တောင်းဆိုချက်ဟာ အဓိက တောင်းဆိုချက်သည် ရိုဟင်ဂျာအမည်နဲ့ ကျနော်တို့ဟာ နိုင်ငံသားအသိအမှတ် ပြုပေးပါ။
နောက်ပြီးတော့ ကျနော်တို့ရဲ့ မူလနေရာကို မိမိရဲ့ဒေသ ကျေးရွာကို ပြန်လည်နေထိုင်ခွင့်၊ မိမိရဲ့ ဥစ္စာပိုင်ဆိုင်ခွင့်ကို ပြန်လည်ရရှိခွင့်နဲ့ ကျနော်တို့အတွက် ကုလသမဂ္ဂ လုံခြုံရေးစောင့်တပ် တပ်ခွဲကို ကျနော်တို့က အဓိက တောင်းဆိုတာပါပဲ။ ပထမဆုံးအနေနဲ့ စစ်တွေ IDP စခန်းမှာ ဒုက္ခသည်စခန်းမှာ ၁ သိန်း ၄ သောင်း – ၅သောင်းကျော် အခုနေတဲ့လူတွေကို ပထမဆုံးအနေနဲ့ လုပ်ပေးနိုင်မယ်ဆိုရင် ကျနော်တို့က ယုံကြည်စိတ်ချစွာနဲ့ ကျနော်တို့ ပြန်သွားဖို့ အဆင်သင့်ပါပဲလို့ ကျနော်တို့ ဒုက္ခသည်အားလုံးရဲ့ ကိုယ်စား ကျနော် ကိုအီစလန်ရဲ့ တောင်းဆိုချက်ပါ။ ”
အခုဆိုရင်တော့ ဘင်္ဂလားနယ်စပ်တလျောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာ မူဆလင် ဒုက္ခသည် တွေရဲ့ မိသားစုဦးရေစာရင်း၊ မူရင်းနေရပ်လိပ်စာစတဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့ပူးပေါင်းပြီး စာရင်းတွေ ကောက်ခံ နေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်စခန်းနေ ဒုက္ခသည် တွေကဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
Share:

ရုရှ သမ္မတ ပူတင် နှင့် အပြိုင် သမ္မတသစ် ဝင်အရွေး ခံမည့် မွတ်စလင် အမျိုးသမီး သူရဲကောင်း ထွက်ပေါ်လာ


ရုရှ သမ္မတ ပူတင် နှင့် အပြိုင် သမ္မတသစ် ဝင်အရွေး ခံမည့် မွတ်စလင် အမျိုးသမီး သူရဲကောင်း ထွက်ပေါ်လာ
ရုရှနိုင်ငံတွင် သမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ရှင်ပြိုင်ရန် ဒါဂစ္စတန်နွယ်ဖွား မွတ်စလင်အမျိုးသမီး မစ္စ အိုင်နာ ဂမ်ဇာတိုဗာ မှာ ၂၀၁၈ ခုနှစ် မတ်လတွင်ကျင်းပမည့် သမ္မတ အသစ်ရွေးချယ်ပွဲတွင် ဗလာဒီမာပူတင်နှင့် ယှဉ်ပြိုင်လို ကြောင်း တရားဝင်ထုတ်ဖော်ပြောကြား လိုက်သည် ။
Meet Aina Gamzatova, a 46-year-old woman Dagestan, who wants to run against Russian President Vladimir Putin in the March 2018 election.
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.