• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

02 December, 2017

ဒုက္ခသည်တွေကို ရိုဟင်ဂျာတွေအဖြစ် ပုပ်ရဟန်းမင်းကြီး ခေါ်ဝေါ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရခိုင်ပြည်နယ်က ထွက်ပြေးရောက်ရှိနေတဲ့ မွတ်စလင်ဒုက္ခသည်တွေကို ရိုဟင်ဂျာတွေအဖြစ် မနေ့က ခေါ်ဝေါ်သုံးစွဲလိုက်ပါတယ်။ ဒုက္ခသည်တချို့နဲ့ ဒါကာမြို့မှာ မနေ့က တွေ့ဆုံစဉ် သူက အခုလို သုံးနှုန်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒုက္ခသည်တွေ ရခိုင်ပြည်နယ်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပုပ်ရဟန်းမင်းကြီးက နားထောင်ပြီးနောက် သင်တို့အတွက် အကျွန်ုပ်တို့ အများကြီးကူညီနိုင်ကောင်းမှ ကူညီနိုင်မှာဖြစ်ပေမယ့် သင်တို့ရဲ့ကြေကွဲဖွယ်ရာအဖြစ်ဆိုးတွေကတော့ အကျွန်ုပ်တို့ရဲ့ နှလုံးသားတွေမှာ ထင်ကျန်ရစ်ခဲ့ပြီ ဖြစ်တယ်လို့ မိန့်ကြားပါတယ်။ တဆက်တည်းမှာပဲ သင်တို့ကို ရက်စက်စွာ နှိပ်စက်ညှင်းပန်းခဲ့ကြတဲ့ ဒီကမ္ဘာမြေပေါ်က အကြင်နာတရားကင်းမဲ့သူတွေကို ခွင့်လွတ်လိုက်ကြပါလို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ကော့ဇ်ဘဇားဒေသ ဒုက္ခသည်စခန်းတွေကနေ ဒါကာမြို့ကိုလာရောက်ခဲ့တဲ့ ရိုဟင်ဂျာ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ မိန်းကလေးငယ် ၂ ဦး စုစုပေါင်း ၁၆ ဦးကို သောကြာနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ဒုက္ခသည်တွေက သူတို့ကို ရိုဟင်ဂျာလူမျိုးတွေအဖြစ် အသိအမှတ်ပြုခေါ်ဆိုဖို့ ပုပ်ရဟန်းမင်းကြီးကို တိုက်တွန်းပန်ကြားခဲ့ကြပြီးနောက်မှာ သူက ဘုရားသခင် ရှေ့မှောက် ဒီကနေ့ ရောက်ရှိလာသူတွေကို ရိုဟင်ဂျာလို့လည်း ခေါ်ဆိုကြောင်း မိန့်ကြားခဲ့တာပါ။
ဒုက္ခသည်တစ်ယောက်ချင်းကို ပုပ်ရဟန်းမင်းကြီးက တွေ့ဆုံနှုတ်ဆက်ရင်း သူတို့အတွက် တတ်နိုင်သမျကူညီမှာ ဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ ဒုက္ခသည်တွေကို တတ်နိုင်သမျှဆက်လက်ကူညီကြဖို့လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ နဲ့ တခြားနိုင်ငံတွေကို သူက တိုက်တွန်းပြောကြားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ မတွေ့ဆုံခင် မနေ့ မနက်ပိုင်းကတော့ ပုပ်ရဟန်းမင်းကြီးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တဝန်းက ဒါကာမြို့ကိုလာရောက်ခဲ့ကြတဲ့ ကက်သလစ်ဘာသာဝင် ၁ သိန်းခန့်နဲ့အတူ ဆုတောင်းပွဲ ကျင်းပခဲ့ရာမှာ အစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ထောင်ခန့် ချထားခဲ့ပါတယ်။ မွတ်စလင် အများစုနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တခြား ဘာသာဝင်လူနည်းစုတွေကို အစွန်းရောက်တွေက မကြာခဏ အကြမ်းဖက်သတ်ဖြတ်လေ့ ရှိပါတယ်။RFA
Share:

ဂျပန်​ဘုရင်​ဧကရာဇ်​ အခီဟီတို ၂၀၁၉ တွင်​ ကျန်းမာ​ရေး ​ကြောင်း နန်းစွန့်​မည်

image
နှလုံးခွဲစိပ်မှု အကြီးအကျယ် လုပ်ထားရပြီး၊ ဆီးကျိတ် ကင်ဆာရောဂါကိုလည်း ကုသနေရသည့် ဂျပန်ပြည့်ရှင် မှာ ကျန်းမာရေးကြောင့် တာဝန်များကို ထမ်းဆောင် နိုင်မည် မဟုတ်ဟု စိုးရိမ်သောကြောင့် နန်းစွန့်မည်ဟု ပြီးခဲ့သည့်နှစ်က ကြေငြာခဲ့သည်။ ဘုရင်ကြီးမှာ ရာစုနှစ် ၂ ခုအတွင်း ပထမဆုံး နန်းစွန့်သည့် ဂျပန်ဘုရင် ဖြစ်လာ မည်ဖြစ်သည်။
ဘုရင်ကြီး နန်းစွန့်ရေး မူကြမ်းကို ဇွန်လတွင် အတည်ပြု ခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို နောက်ပိုင်း မှ သတ်မှတ်နိုင်ခဲသည်
M-media
Share:

မြန်မာကို လက်နက်ရောင်းမှု အစ္စရေး ငြင်းဆို

image
အစ္စရေးလ် အစိုးရက မြန်မာ့တပ်မတော်ကို ပြီးခဲ့တဲ့လပေါင်း အတော်ကြာကတည်းက စတင်ပြီး လက်နက်တွေ တင်ပို့ရောင်းချခြင်း မရှိတော့ပါဘူးလို့ မနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်းက အစ္စရေး တပ်မတော်ပိုင် အသံလွှင့်ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မြန်မာနိုင်ငံကို အစ္စရေးနိုင်ငံက လက်နက်တွေ တင်ပို့ရောင်းချနေဆဲဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ လတွေအတွင်းမှာတင် လက်နက်ရောင်းချရေး စာချုပ်တစ်ခု ချုပ်ဆိုခဲ့ပါတယ်။ မြန်မာပြည်ကိုရောင်းချတဲ့ လက်နက်နဲ့ စစ်ရေးဆိုင်ရာ နည်းပညာတွေကို အသုံးပြုရေးနဲ့ ပတ်သက်ပြီး အစ္စရေး အစိုးရက မြန်မာအစိုးရကို ကန့်သတ်ပိတ်ပင်ထားခြင်း မရှိပါဘူးလို့ ကြာသပတေးနေ့ မနက်ပိုင်းက ပြောကြားခဲ့ပြီးနောက် အစ္စရေး နိုင်ငံခြားရေးဌာနက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပါတယ်။ အဲဒီနောက်မှာ အခုလိုကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ  လက်နက်ခဲယမ်းစာရင်းနဲ့ အကျုံးမဝင်တဲ့ ထောက်လှမ်းရေးပစ္စည်းတွေ၊ နည်းပညာတွေနဲ့ စစ်ရေးလေ့ကျင့်ပေးမှုတွေနဲ့ ပတ်သက်လို့တော့ တစုံတစ်ရာ ထည့်သွင်းဖေါ်ပြခြင်း မရှိပါဘူး။ 
အစ္စရေးနိုင်ငံရဲ့ ဥပဒေအရ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေ နိုင်ငံခြားကိုတင်ပို့ ရောင်းချရာမှာ အဲဒီလက်နက်ပစ္စည်းတွေကို ဘယ်လိုသုံးစွဲမှာလဲဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားရမယ်လို့ ပြဌာန်းထားတယ်လို့ ဆိုပါတယ်။
အဲဒီလို ဆင့်ခေါ်မေးမြန်းခဲ့ရာမှာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်းက ရေဒီယိုအင်တာဗျူးမှာ သူပြောကြားခဲ့တဲ့ စကားတွေကို ပြန်လည်ရုပ်သိမ်းပြီး တောင်းပန်ခဲ့တယ်လို့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Gilad Cohen ဂီလက် ကိုဟင် က ပြောပါတယ်။ မြန်မာသံအမတ်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း လက်နက်ရောင်းမှုနဲ့ ပတ်သက်ပြီး အလားတူပြောဆိုဖူးတဲ့အတွက် သတိပေးခဲ့ပြီးဖြစ်တယ်လို့ အစ္စရေး အရာရှိက ပြောပါတယ်။
လက်နက်ရောင်းချမှုကို အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ဆောင်ရွက်တာဖြစ်ပေမယ့် ဆုံးဖြတ်ချက်ချမှတ်ရာမှာ နိုင်ငံခြားရေးဝန်ကြီးဌာနလည်း ပါဝင်ပါတယ်။ ဘယ်နိုင်ငံကို ဘယ်လို လက်နက်တွေ ရောင်းချသလဲဆိုတာ အစ္စရေးအစိုးရက လျှို့ဝှက်ထားလေ့ရှိပေမယ့် မြန်မာနိုင်ငံကို ရောင်းချတဲ့ကိစ္စမှာတော့ အစ္စရေး လက်နက်ကုမ္ပဏီတွေထံကရော မြန်မာ့တပ်မတော်ကပါ ထုတ်ဖေါ်ပြောကြားခဲ့ကြတယ်လို့ Times of Israel သတင်းစာမှာ ရေးသားထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ၂ဝ၁၅ ခုနှစ်အတွင်း အစ္စရေးနိုင်ငံကို သွားရောက်ပြီးနောက် Super Dvora 3 ကင်းလှည့်အမြန်သင်္ဘောတွေ ဝယ်ယူမှာဖြစ်ကြောင်း ပြောကြားခဲ့သလို အစ္စရေး ကုမ္ပဏီတစ်ခုကလည်း CornerShot လို့ခေါ်တဲ့ သေနတ်မှာ ပယ်ရီစကုပ်မှန်ပြောင်းသုံးစွဲပြီး ရန်သူမမြင်နိုင်တဲ့နေရာကနေ ပစ်ခတ်နိုင်တဲ့ စစ်ပစ္စည်းတစ်ခုကို ရောင်းချခဲ့ကြောင်းနဲ့ အဲဒီလက်နက်ကို မြန်မာပြည်က အထူးတပ်ဖွဲ့မှာ လက်ရှိသုံးစွဲနေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ နှစ်အတွင်း ထုတ်ဖေါ်ကြေညာခဲ့ပါတယ်။
အစ္စရေး တပ်မတော်ပိုင်ရေဒီယိုနဲ့ တွေ့ဆုံရာမှာ မြန်မာသံအမတ်ကြီးက ရခိုင်ပြည်နယ်က မွတ်စလင်တွေ ထွက်ပြေးကြတာဟာ အကြမ်းဖက်မှုအတွက် အရေးယူခံရမှာကို ကြောက်ရွံ့မှုနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ပိုမိုကောင်းမွန်စွာနေထိုင်ရလိမ့်မယ်လို့ ယုံကြည်မှုတွေကြောင့်ဖြစ်ပြီး မြန်မာတပ်ဖွဲ့တွေက လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ မဟုတ်မမှန်ကြောင်း စသဖြင့်လည်း ပြောကြားခဲ့တယ်လို့ Times of Israel သတင်းစာက ဖေါ်ပြလိုက်ပါတယ်။
Share:

တန်းတူ အခွင့်အရေး ပေးသင့်ကြောင်း ဥရောပသမဂ္ဂ သံအမတ်ပြော

မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်တွင်းရှိနေသူအားလုံးကို တူညီတဲ့အခွင့်အရေးရရှိဖို့ အာမခံရမယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အီးယူ ဥရောပသမဂ္ဂ သံအမတ်သစ်က မစ္စတာ Kristian Schmidt က  ပြောဆိုကြောင်း ရိုက်တာ သတင်းက ဖေါ်ပြပါတယ်။
ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအနေ နဲ့ ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင် ဘာသာဝင် အသိုင်းအ၀ိုင်းတွေကြားက အတားအဆီးတွေ ကို ဖယ်ရှားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လာရေးဟာ ကာယကံရှင်တွေရဲ့ ဆန္ဒအတိုင်းသာဖြစ်သင့်ပြီး၊ ဒီလုပ်ငန်း စဉ်မှာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ပါဝင် ဆောင်ရွက်မယ်ဆိုရင် အလွန်အကျိုးရှိမှာဖြစ် ကြောင်း လည်း ပြောပါတယ်။
မစ္စတာ Schmidt ဟာ မြန်မာနိုင်ငံဆိုင်ရာ အီးယူ ဥရောပသမဂ္ဂ သံအမတ်သစ် လွန်ခဲ့တဲ့နှစ်လက စတင် တာဝန်ယူခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို လွတ်လွပ်လပ်လပ် သွားလာခွင့်မပေးတာ၊ ကောင်းမွန်တဲ့ပညာရေး မရရှိတာ စတဲ့ ပဋိပက္ခရဲ့ ရဲ့ အရင်းခံဇစ်မြစ် အကြောင်းတရား တွေကို အစိုးရအနေနဲ့ ဖယ်ရှားပစ်ပြီး၊ တရားဥပဒေစိုးမိုး မှုနဲ့ အတူ တူညီတဲ့အခွင့်အရေးတွေ ပေးသင့်ကြောင်း အဲသလိုမပေးရင် လူတွေ စိတ်ဓါတ်ပျက်ပြားပြီး အစွန်းရောက် တွေ ဖြစ်သွားနိုင်ကြောင်းလည်း ပြောဆိုတယ်လို့ ရိုက်တာသတင်းကဖေါ်ပြပါတယ်။
Photo: Kristian Schmidt Facebook
Share:

ရိုဟင်ဂျာတွေအပေါ် ရက်စက်မှုတွေဟာ တစ်ဖြည်းဖြည်းချင်း လူမျိုးတုံးသတ်ဖြတ်မှု လုပ်ငန်းစဉ်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနဖော်ပြ

image
ဒီဇင်ဘာ ၁၊ ၂၀၁၇                                                                                                         
Myanmar Muslim Media
နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဘင်္ဂလားဒေ့ရှ် ပြည်သူ တွေက ကမ္ဘာပေါ်မှာအစုလိုက်အပြုံလိုက်ထွက် ပြေးမှုနှုန်းအများဆုံးဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့အတူ ရပ်တည်သွားရမှာ ဖြစ်တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ဘာသာရေးခေါင်းဆောင်တွေက ဒါးကမြို့အစည်းအဝေးပွဲမှာ ဗုဒ္ဓဟူးနေ့ကပြောကြား ခဲ့ပါတယ်။
သူတို့ဟာမြန်မာနိုင်ငံရိုဟင်ဂျာတွေအပေါ် တစ်ဖြည်းဖြည်း လူမျိုးတုံးသတ်ဖြတ်မှုတွေကိုအဆုံးသတ်ဖို့ ဒုက္ခသည်များ ဆိုင်ရာနဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာသုတေသနပြုအဖွဲ့ (RMMRU) ကစီစဉ်ကျင်းပတဲ့အစည်းအဝေးပွဲမှာ ပြောဆိုနေကြတာဖြစ်ပါတယ်။
“နိုင်ငံတစ်ခုသေဆုံးမှုကိုကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ကြုံနေရတာဖြစ်ပါတယ်။” လို့မြန်မာလူ့အခွင့် အရေး တက်ကြွလှုပ်ရှားသူနဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့လူမျိုးရေး ခွဲခြားမှုဆိုင်ရာသုတေသနပညာရှင် ဒေါက်တာ မောင်ဇာနည် က ပြောကြားခဲ့ပါတယ်။ “မြန်မာနိုင်ငံကဗုဒ္ဓဘာသာဝင်တွေဟာ လူမျိုးစုတစ်စုကို ရည်ရွယ်ချက်ရှိရှိရှင်းလင်းပစ်နေတာဖြစ်ပါတယ်။ သူတို့ဒါကိုလုပ်ဆောင်နေခဲ့တာ ၄၅နှစ်လောက်ရှိပါပြီ” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာ၎သိန်းခန့်ဟာ ဘင်္ဂလားဒေ့ရှ်မှာနေထိုင် နေကြပြီးဖြစ်ပါတယ်။ သြဂုတ်၂၄ရက်နေ့ကတည်းက မြန်မာနိုင်ငံကနေစုစုပေါင်းဒုက္ခသည်၆သိန်း၂သောင်းကျော်ဝင်ရောက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကလူမျိုးရေးပဋိပက္ခတွေဟာ၁၉၉၄ခုနှစ်ရ၀မ်ဒါလူမျိုးတုံးသတ်ဖြတ်မှုပြီးကတည်းက ကမ္ဘာပေါ်မှာအစုလိုက် အပြုံလိုက်စွန့်ခွာထွက်ပြေးမှုအများဆုံးနှုန်းဖြစ်လာခဲ့ပါတယ်။ “ဘင်္ဂလားဒေ့ရှ်ကသာ ဒီကူရာမဲ့နေတဲ့လူတွေ အတွက်သူ့ရဲ့နယ်စပ်တံခါးတွေကိုမဖွင့်ပေးခဲ့ဘူးဆိုရင် နောက်ထပ်လူပေါင်း၆သိန်းအသတ်ခံရမှာ ဖြစ်တယ်”လို့ နယူးယောက်မြို့မှာနေထိုင်တဲ့ မြန်မာရခိုင်ရှေ့နေ၊ စာရေးဆရာနဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ မခင်မေအောင်ကပြောကြားခဲ့ပါတယ်။
“မြန်မာပြည်သူတစ်ယောက်ချင်းစီဟာ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှာမနေသင့်ဘူးဆိုတဲ့ အာဏာသိမ်းစစ် အစိုးရရဲ့ အယူအဆတွေရိုက်သွင်းခြင်းခံခဲ့ရပါတယ်။ ဒါကြောင့်ပဲသူတို့တွေက ရိုဟင်ဂျာတွေကို ပစ်မှတ်ထား နေတာ” လို့ သူမကဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်သံဃာ့အဖွဲ့ အစည်းရဲ့ဥက္ကဌဆရာတော် ဆန်ဂန်နာယက် ဆူဒါန်ဒါမဟာတာရိုက ဘင်္ဂလားဒေ့ရှ် ကမြန်မာနိုင်ငံသား တွေကိုပြန်လည်ပို့ဆောင်လက်ခံရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး မြန်မာကိုဖိအားပေးဖို့ နိုင်ငံတကာအဖွဲ့ အစည်းတွေကိုတိုက်တွန်းခဲ့ပါတယ်။ “ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်တွေက ရိုဟင်ဂျာတွေကိုလူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန် နေတဲ့ အပေါ်ရှက်မိတယ်”လို့ သူကပြောကြားခဲ့ပါတယ်။ ပဋိပက္ခပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တိတ်ဆိတ်နေမှုကိုရှုတ်ချခဲ့ပြီး ပရော်ဖက်ဆာ အမ်မရီးတက်စ်ဆာရာဂျူလ်အစ္စလာမ်ချောင်ဒရီက “ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍကကျွန်တော်တို့ကို အံ့သြစေခဲ့ပါတယ်။ သူမဟာယခင်ကဓားစာခံဖြစ်ခဲ့ရပြီး အခုချိန်မှာတော့ကျူးလွန်သူ တွေရဲ့မဟာမိတ်ဖြစ်နေပါတယ်” လို့ဆိုပါတယ်။ ဖိနှိပ်ခံရတဲ့လူနည်းစုကို ကူညီမှုတွေတိုးချဲ့သွားဖို့ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေကို ဒေါက်တာဇာနည် ကတိုက်တွန်းခဲ့ပါတယ်။
“မြန်မာအစိုးရဟာရိုဟင်ဂျာတွေအပေါ်ရက်စက်မှုတွေကျူးလွန်ရုံတင်မကဘူး တစ်ခြားတိုင်းရင်းသားအဖွဲ့အစည်း ၁၇ခုကိုလည်း ဖိနှိပ်မှုတွေရှိနေပါတယ်။ ဒါဟာမြန်မာအာဏာပိုင်တွေရဲ့တစ်ဖြည်းဖြည်းချင်းလူမျိုးတုံးသတ်ဖြတ်မှု လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်” လို့သူကပြောကြားခဲ့ပါတယ်။ “ရိုဟင်ဂျာတွေနဲ့အတူရပ်တည်ပြီး မြန်မာစစ်တပ်ကို ဆန့်ကျင်သွားဖို့ကျွန်တော်တို့တာဝန်ပဲဖြစ်ပါတယ်။ မဟုတ်ရင် ရိုဟင်ဂျာတွေကိုဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့နောက်မျိုးဆက်သစ်တွေဟာ မေးခွန်းထုတ်ခံရမှာပဲဖြစ်ပါတယ်”လို့ သူကပြောကြားခဲ့ပါတယ်။
Dhakatribune သတင်းဌာနပါ Fazlur Rahman Raju ရေးသားသည့် “Atrocities against the Rohingya is a process of slow genocide”အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက် (Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
Share:

01 December, 2017

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် အာဆီယံအတွင်းရေးမှုးဟောင်း ဆူရင်န်ဖီဆူဝန် အလ္လာဟ်အရှင်မြတ်အမိန့်တော် ခံယူ


Image may contain: 1 person, standing and suit

င်းနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦး အသျှင်အမိန့်တော်ခံယူသေဆုံးချင်း။
ထိုင်းဝန်ကြီးချုပ် ချုဝါလီဖိုက်ခေတ်အချိန်က ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက်(၆၈)နှစ်အရွယ် အာဆီယံအတွင်းရေးမှုးဟောင်း ဆူရင်န်ဖီဆူဝန်ဟာ ယနေ့ ဘန်ကောက်မြို့တော်တွင် နှလုံးရောဂါဖြစ် ရုတ်တရက် အလ္လာဟ်အရှင်မြတ်အမိန့်တော် ခံယူသေဆုံးသွားပြီဖြစ်သည်။
ကွယ်လွန်သူ ဆူရင်န်ဖီဆူဝန်သည် ထိုင်းနိုင်ငံရှိ ထိပ်တန်းရာထူး မြောက်များစွာကို နှစ်ပေါင်းကြာရှည်စွာ တာဝန်ယူ ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။
Share:

အာတူပီ R2P ထိသွားတဲ့ အာဏာရှင်ကဒါဖီ (ရုပ်သံ)


နိုဝင်ဘာ ၂၉ ရက် ၂၀၁၇ နံနက်ခင်း ဆောင်းပါး ရုပ်သံ
ဂိုလ်ရှယ်လေးမှ ဆောင်းပါး ရုပ်သံ ပူးတွဲ တင်ပြသည်
—————————————————–
အစ္စလမ်ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး တိုင်းပြည်ကို ရက်ရက်စက်စက် အုပ်ချုပ်ခဲ့တဲ့ ကဒါဖီကတော့ အများ ထင်သလို ကုလ လုံခြုံရေးကောင်းစီရဲ့ ဆုံးဖြတ်ချ မရပဲ သက်ဆိုင်ရာ အကာကွယ်ပေးလိုတဲ့ နိုင်ငံတွေကနေ စုပေါင်းပြီး အမေရိကန် အပါဝင် နေတိုး တပ်ဖွဲ့နှင့် အာရပ် ညွန်ပေါင်း အဖွဲ့စည်းတို့ပူးပေါင်းပြီး နောက်ဆုံး R2P ဆုံးဖြတ်ချက်နဲ့ ၀င်ရောက် တိုက်ခိုက် ခဲ့တဲ့ အတွက် ရေပုတ်စွန့်မြောင်းမှာ ၀င်ရောက် ပုန်းအောင်းရင်း ဖမ်းမီခဲ့ရပြီး ညွန့်ပေါင်း သူပုန်တပ်ဖွဲ့မှ တပ်ဖွဲ့ ၀င် အချို့ရဲ့ ရိုက်ပုတ်ပစ်သတ်ခြင်း ခံရပြီး နိတ္တိတံခဲ့ရပါတယ်။
လစ်ဗျားကို လူ့အခွင့်ရေးလိုက်နာဖို့နှင့် တရားဥပဒေဖြင့် တိုင်းပြည်ကို တည့်မတ်ပေးဖို့ ကုလ လုံခြုံရေး ကောင်စီမှာ အကြိမ်ကြိမ်တင်သွင်းခဲ့ရာမှ တရုတ်နှင့် ရုရှားတို့က အကြီးကျယ် ဆန့်ကျင်ဘက် တဖက်မှာပဲ ရပ်နေခဲ့ကြလို့ နောက်ဆုံးမှတော့ အဖွဲ့ဝင်နိုင်ငံများက ကုလ လုံခြုံရေးကောင်စီမှ အရေးယူနိုင်မှု မရှိတော့တဲ့ အဆုံး အားလုံးကျောခိုင်းထွက်ခဲ့ကြပြီး R2P ဖြင့် ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြရာမှာ နိုင်ငံပေါင်း ၆၈ နိုင်ငံ ပါဝင်ခဲ့ပါတယ်။
R2P ရဲ့ အစကတော့ တိုင်းပြည်တပြည်မှာ မညီမျှမှုနဲ့ ခွဲခြား အုပ်ချုပ်မှုက စတင်ပါတယ်။ လစ်ဗျားအတွက်တော့ အမေ၇ိကန်နှင့် နေတိုးတို့က Responsibility to protect ဖြင့် ဆောင်ရွက်ဖို့ ထိပ်ပိုင်းမှာ ဦးဆောင် ခဲ့ကြပါတယ်။
R2P ကိုမွေးဖွားပေးလိုက်တာကတော့ ရ၀မ်ဒါ ယူဂိုဆလပ် တို့က ဖြစ်ခဲ့တဲ့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုက စခဲ့တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
R2P နဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကတော့ ကုလ လုံခြုံရေးကောင်စီကပဲ သန္ဓေတည် ဖွားမြင်ခဲ့ခြင်းလို့ ပြောရမှာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ သို့မဟုတ် အစိုးရတရပ်ရဲ့ အချုပ်ခြားအာဏာပိုင်မှုဆိုတဲ့တကျသော စည်းမျဉ်း အကန့်သတ် တွေ ၇ှိသော်ငြား အဆိုပါ ဒေသအတွင်း မြင်မကောင်းရှု့မကောင်းအောင် သတ်ဖြတ်ခံရပြီး အကာကွယ်မဲ့ခဲ့လျင်တော့ R2P က ၀င်ရောက်စွက်ဖက် ကာကွယ် ကယ်ထုတ်ပေးရမယ်ဆိုတဲ့ အယူဆပဲ ဖြစ်ပါတယ်။
အလွယ်ကူဆုံးအခြေခံ အချက်က တော့ R2P တွင် နိုင်ငံတကာာ လူ့အဖွဲ့စည်းမှ နိုင်ငံတခုခု အတွင်းသို့ အကာကွယ်မဲ့စွာ ၄င်းအစိုးရက ဖိနှိပ် အကြမ်းဖက် ရက်စက်နေလျင် ဆောင်ရွက်ရမယ်လို့ ထိပ်ဆုံး အမှတ်တစ် ပြဌာန်းချက်ဖြင့် စတင်ပြဌာန်းတယ်လို့ သိရပါတယ်။
သို့သော် R2P နှင့် ပတ်သက်လို့ ဝေဖန်သူများကတော့ သူတပါးနိုင်ငံကို ၀င်ရောက်စွက်ဖက်ခြင်လို့ အကျိုးမြတ် အရ အကြောင်းတခုခု ပြတဲ့ မူဝါဒလို့ ဆိုကြပါတယ်။
အမေ၇ိကန် သမ္မတ အိုဘားမားကတော့ R2P နှင့် ပတ်သက်လို့ လစ်ဗျားနိုင်ငံက အခြေနေကို သက်သေခံ၍ မျှတအောင် ချင့် နိုင်းဆောင်ရွက်စေနိုင်မှု တခုကို အဖြေရှာခဲ့ပါတယ်။
” အမေ၇ိကန်ကတော့ အချို့နိုင်ငံများက နေရာတခုမှာ လူအများရဲ့ ရာဇ၀တ်မှု ဘေးဒုက္ခကို ခံစားနေရမှု အတွက် မျက်ကွက်ပြု မသိချင်ယောင် ဆောင်တဲ့ အနေထား နဲ့ လုံးဝ ကွဲပြားခြားနားပါတယ်။ ကျနော် သမ္မတ တယောက်အနေနဲ့ကတော့ လူအများကိုသတ်ဖြတ်နေခြင်းကိစ္စရပ်အတွက် အရေးယူလက်တုံ့ပြန် ဆုံးမဖို့ .. စောင့်ဆိုင်းပါအုံးဆိုပြီ ငြင်းဆန်ကန်လန့်တိုက်နေတာမျိုးကိုတော့ လုံးဝ ပယ်ချပါတယ်။”လို့ ဆိုပါတယ်။
သို့သော် အီရတ်နိုင်ငံလိုမျိုးကိုတော့ R2P ဖြင့် အရေးယူဖို့ မတတ်သာခဲ့ဘူးလို့လည်း ပွင့်လင်းစွာပဲဆိုပါတယ်။ သို့ပေသော်ငြား လက်နက်ကိုင် အင်အား သုံးသိန်းလောက်က ဆန္ဒပြသူ တစ်သန်းလောက်ကို သတ်ဖြတ်တဲ့ ကွန်ဂိုမှာ ဖြစ်တဲ့ လူမျိုးနွယ်စုတွေက အခွင့်ရေးတန်းတူရဖို့ ဆန္ဒပြတဲ့ကိစ္စရပ်မျိုးမှာ သတ်ဖြတ်သုတ်သင်လိုက်တာ ကတာ့ ဘေးကနေ လက်ပိုက်ကြည့်ပြီး စောင့်ဆိုင်းချော့မော့ သီးခံပေးဖို့ကတော့ အတော်ကြီး ခက်ခဲတယ်လို့ ဆိုပါတယ်။ သိုရာတွင် နိုင်ငံတကာက ရွှေအပြည်အေးတရားတွေ ဟောရင်းကနေပင် R2P နဲ့ မဆောင်ရွက်နိုင်ခဲ့ လို့ လူတစ်သန်း မြေကြီးထဲရောက်ခဲ့ရပါတယ်။
လူ့အခွင့်ရေးလှုပ်ရှားသူ ဒေးဗစ်ဒန်ခမ်ကတော့ ရေနံပေါကြွယ်ပြီး လူပါးဝခဲ့ကြတဲ့ ယူဂန္ဓာနှင့် လစ်ဗျာကို အရေးယူခဲ့တဲ့ R2P ပုံစံက နောက်တောင်ကျလွန်းပါတယ်လို့ပဲ ပြောရမယ်လို့ ဆိုပါတယ်။” ကျနော်တို့ နိုင်ငံတကာဘက်က ပြသနာစဖြစ်ဖြစ်ခြင်း ရပ်တန့်ဖို့ မရပ်မနား စကားတွေ ပြောရပါမယ်။ လိုအပ်လျင် အဲ့ဒီလိုစဖြစ်တာနဲ့ တပ်အင်အားတွေ ပြသင့်ခဲ့ပါတယ်။ ပုံစံမျိုးစုံနဲ့ လုပ်ပြပြီး ကျူးလွန်သူတွေကို ရွန့်သွားအောင် ဆောင်ရွက်သင့်ပါတယ်။ ဒါပေမယ် အဲ့ဒီလို ပြုလုပ်ဖို့ ပျက်ကွက်ခဲ့ကြပါတယ်” ဟု ဆိုပါတယ်။
အဲ့ဒီလို ပျက်ကွက်မှုရဲဒဏ်ကို လစ်ဗျားက နှစ်ဆခံလိုက်ရတယ်လို့ ဆိုပါတယ်။ အခု အသစ်ထွက်လာတဲ့ ခေတ်ပေါ် လက်သုံးနှစ်ခုက လူ့အခွင့်ရေးဆိုင်ရာ အထောက်ပံ့ပေးဖို့ ဆောင်ရွက်ခြင်း နှင့် ကြားကနေ ၀င်ရောက်ဆောင်ရွက်ခြင်း ဆိုတဲ့ စကားနှစ်ရပ်ဖြစ်ပါတယ်။
သို့သော် နိုင်ငံသူ နိုင်ငံသားတွေကို မွမွကြေအောင် ဗုံးတွေကျဲချ လက်နက်တွေ အကြီးကျယ် သုံးပြနေတဲ့ အာဏာရှိသူ လူမိုက်လူယမ်းကားတွေကို ၀င်ရောက်တားမြစ်တဲ့ အချိန်ကျတော့ နှစ်ဖက်စလုံးက လူလုံး မလှအောင် သေကြေကြပြီလို့ ဆိုပါတယ်။
ကနေဒါနိုင်ငံ တိုရန်တို သတင်းစာ အယ်ဒီတာဖြစ်သူကတော့…”အဲ့ဒီလိုအချိန်ကျမှ ၀င်လာတဲ့ နိုင်ငံတကာက အကောင်တွေကလည်း လူသားဆန်စွာ အကြင်နာဖြင့် လာရောက်ကယ်မ ကူညီပေးတယ်ဆိုပြီ ဆိုင်းဘုတ်တွေ ထောင်ပြီး ဒီမိုကရေစီအနှစ်သာရ စစ်စစ်ကြီးတွေကို ကြီးကြီးကျယ်ကျယ် လူအထင်ကြီးအောင် သက်သက် လုပ်ပြတဲ့ လုပ်ရပ်ဟာ R2P” ခေါင်းစဉ်ကြီးနဲ့ လူလည်ကျကြတာပဲလို့ ဆိုပါတယ်။
အားလုံးရဲ့ အဆိုနှစ်ရပ်ကတော့ ကွဲလွဲနေပါတယ်။။ R2P ပီအဆင့်ထိကို သွားစရာ မလိုဘူး စတင် ဖြစ်ကတည်းက အမြန်ဝင်ရောက်ပြီး ပြင်းပြင်းထန်ထန် ညှိနိုင်း ဆောင်ရွက်ပြီး မတရားမှု သတ်ဖြတ်မှုတွေကို ရပ်တန့်အောင် ခြိမ်းချောက် ဟန့်တားပြီး တဖက်ကလည်း အကူညီပေးတဲ့ ရွေပြည်အေး ငြိမ်းစေ ဗျူဟာမျိုးကို အစွမ်းကုန် အားတက်သရော အသုံးပြုသင့်တယ်လို့ ဆိုပါတယ်။
တခြားတဖက် အဆိုကတော့ …၀င်ရောက် ဆောင်ရွက်ဖို့ ပြောဆိုဖို့ လူဆိုးလူယမ်းကား တွေမှာ ပြင်ပ ကမ္ဘာကို လက်ခံနိုင်တဲ့ အသိမြင် ဆင်ချင်တုံတရားတွေ မရှိပဲ ဘက်ပေါင်းစုံ ပိတ်ဆို့ ထားတဲ့ အခါ မည်သည့် နည်းနဲ့ မဆို အဆိုပါ ဒေသက အပြစ်မဲ့ ပြည်သူတွေကိုကယ်တင်ဖို့ အတိုက်ခံနဲ့ အာဏာရှိသူတို့ မိုက်ကြေးခွဲ နိုင်ရာစား လူမွေး လူရွေးပေါင်းသင်းနေကြသော ကုလ လုံခြုံရေးကောင်စီမှ အကူညီမရခဲ့လျင် R2P မှလွဲ၍ အခြားနည်းလမ်း မရှိဘူးလို့လည်း ဆိုပြန်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် လစ်ဗျားကို အကြိမ်ကြိမ် သတိပေးနေလာရတဲ့ကြားထဲကနေမှ မိမိတိုင်းပြည်ထဲမှာ အပြစ်မဲ့ ပြည်သူများကို မတရားလုပ်လာလွန်းတော့လည်း အမေရိကန်ကပဲ ဦးဆောင်ပြီး ပွဲသိမ်းပေးရသလို ယခု ဖြစ်နေတဲ့ ဆီးရီးယားကိစ္စ အရေးမှာလည်း အမေရိကန်က သူ့ကို ထောက်ခံသူတွေနဲ့ ပူးပေါင်းပြီး R2P ကို ကိုင်စွဲ ၀င်ရောက်ခဲ့ရတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
နိဂုံးချုပ်အနေနဲ့ကတော့ R2P ကိုကာကွယ်နိုင်တာက တရားမျှတရေးနဲ့ နိုင်ငံတကာ သံတမန်အင်အားပဲလို့ ဆိုပါတယ်။ မြန်မာအနေဖြင့်ကတော့ တရုတ်ပြည်နှင့် ကုန်သွယ်ရေး နှစ်စဉ် ဘီလီယံ ၂၀ လောက်ရှိနေလို့ ယူနံဒေ သ တရုတ်လူမျိုးများအတွက် အကျိုးကျေးဇူးကြီးမာလွန်းနေပြီး အပိုင်းနှင့် အခြားတပိုင်းကတော့ မြန်မာပြည်ရဲ့ နှစ်စဉ် နိုင်ငံတော်မှ ချပေးသော တပ်မတော် စစ်အသုံစရိတ်၏ ၄၀ % ကို ရုရှားမှ စစ်လက်နက် ၀ယ်ယူမှုနှင့် စစ်ပညာတက်ရောက်ရေး ကုန်ကျစရိတ်ကို သုံးပေးနေတဲ့ အတွက် အဓိက အဲ့ဒီနိုင်ငံနှစ်ခုက အကာကွယ်ပေးနေမှာကတော့ သေချာပါကြောင်း တင်ပြရင်း R2P ဒုတိယပိုင်းကို တင်ပြလိုက်ရပါတယ်။
နောက်ပိုင်းတွင် R2P နှင့် နိုင်ငံတကာ ရာဇ၀တ်မှု ခုံရုံးဆက်စပ်သလားဆိုတဲ့ တတိယပိုင်းကို ရုပ်သံဖြင့် တင်ပြပေးသွားပါ့မယ်။
Share:

ရခိုင်ဒုက္ခသည် အရေး ထိရောက်စွာ ကိုင်တွယ်ဖို့ ပုပ် ရဟန်း မင်း တိုက်တွန်း


ဒါကာမြို့တော်ကို ဆိုက်ရောက်လာတဲ့ ပုပ်ရဟန်းမင်းကြီးကို ခရီးဦးကြိုပြုခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် သမ္မတ Abdul Hamid (နိုဝင်ဘာ ၃၀-၂၀၁၇)
ဒါကာမြို့တော်ကို ဆိုက်ရောက်လာတဲ့ ပုပ်ရဟန်းမင်းကြီးကို ခရီးဦးကြိုပြုခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်
သမ္မတ Abdul Hamid (နိုဝင်ဘာ ၃၀-၂၀၁၇)
ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မူစလင်ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်လို့ ခိုင်မာ ထိရောက်တဲ့ ဆုံးဖြတ်ချက် ချမှတ်ပြီး ဖြေရှင်းကိုင်တွယ်သွားကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်း မိန့်ကြား လိုက်ပါတယ်။ ဒီကနေ့ စတင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အစမှာပဲ ခုလို မိန့်ကြား လိုက်တာပါ။ ပုပ်ရဟန်းမင်းကြီးခရီးစဉ်ကနေ ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကို မီးမှောင်းထိုးပြနိုင် ဖို့ မျှော်လင့်တာတွေ ရှိနေတဲ့အကြောင်း ရိုက်တာနဲ့ အေပီသတင်းတွေကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။
မြန်မာနိုင်ငံခရီးစဉ်အပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကြွချီလာတဲ့ ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ သူ့ရဲ့ ခရီးစဉ်အစမှာပဲ မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ သူ့ရဲ့မိန့်ခွန်းအတွင်း ထည့်သွင်း ဟောကြားသွားပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုတော့ တိုက်ရိုက်သုံးနှုန်းမသွားဘဲ၊ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအရေး ကိုင်တွယ်ရာမှာ ထိထိရောက်ရောက် ဆုံးဖြတ် လုပ်ဆောင်သွားဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းသွားပါတယ်။
“ဒီအကျပ်အတည်းကြီးကို ကိုင်တွယ်ဖြေရှင်း နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်း အနေနဲ့ အခိုင်အမာ ဆုံးဖြတ် လုပ်ဆောင် သွားကြဖို့ အရေးကြီးပါတယ်။ လူတွေ အများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အခြေအနေကိုရောက်စေတဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်း ကိုင်တွယ်တာအပြင် ဒုက္ခသည်တွေအတွက် အရေးပေါ် စာနာမှုအကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်အောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရုပ်ဝတ္ထုပစ္စည်း အကူအညီတွေ ချက်ချင်း ပေးအပ်သွားဖို့လည်း အရေးကြီးပါတယ်။”
မြန်မာနိုင်ငံတွင်း အကြမ်းဖက်ပဋိပက္ခတွေကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည် ခြောက်သိန်းကျော်ကို လူသားချင်းစာနာစိတ်နဲ့ လက်ခံပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အထူး ကျေးဇူးတင်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ပြောကြားသွားပါတယ်။ ဒါကာမြို့တော်ကို ဆိုက်ရောက်လာတဲ့ ပုပ်ရဟန်းမင်းကြီးကို ခရီးဦးကြိုပြုခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် သမ္မတ Abdul Hamid ကလည်း အခုလို ပြောပါတယ်။
“ကျနော်တို့ပြည်သူတွေဟာ သူတို့ကို နွေးနွေးထွေးထွေး လက်ကမ်းကြိုဆိုပြီး အစားအစာ၊ နေရာထိုင်ခင်းနဲ့ တခြား အခြေခံ လိုအပ်ချက်တာတွေကို မျှဝေ ကူညီပေးခဲ့ကြပါတယ်။ အရင်းအမြစ် အလုံအလောက်မရှိ… လူဦးရေ သိပ်သည်းလွန်းလှတဲ့ ဒီမြေပေါ်မှာ သူတို့အတွက် နေရာထိုင်ခင်း အဆင်မပြေတာကို သူတို့ကလည်း လက်ခံနားလည်ကြပါတယ်။”
ဒီဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနဲ့ နေရပ်ပြန်နိုင်ဖို့မှာ အားလုံးက မျှဝေ တာဝန်ယူ ဆောင်ရွက်သွားကြရမှာ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်သမ္မတက ပြောသွားပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်း ကိုင်တွယ် ဖြေရှင်းရာမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ထောက်ပံ့ ကူညီမှုတွေရအောင် ပုပ်ရဟန်းမင်းကြီးအနေနဲ့ သူ့ရဲ့ကြီးမြတ်တဲ့အရှိန်အ၀ါနဲ့ တိုက်တွန်း ကူညီပေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်သမ္မတ Hamid က ဒီကနေ့ သူ့ရဲ့မိန့်ခွန်းအတွင်း ပြောသွားပါတယ်။
ပုပ်ရဟန်းမင်းကြီးအနေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာတော့ ရိုဟင်ဂျာ ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ အလေးပေး ရည်ညွှန်း ပြောဆိုသွားခဲ့တာ မရှိပါဘူး။ ဒီအပေါ်မှာ ဝေဖန်ပြောဆိုမှုတွေလည်း ရှိခဲ့တာပါ။ ဒါပေမဲ့ ပုပ်ရဟင်းမင်းကြီးအနေနဲ့ အခု ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း ရိုဟင်ဂျာ အကျပ်အတည်းကို မီးမှောင်းထိုးပြပြီး အကူအညီတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာတွေလည်း ရှိပါတယ်။ ပုပ်ရဟန်းမင်းကြီး ဒါကာမြို့ကို ဆိုက်ရောက်လာချိန် လာရောက် ဖူးမျှော်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Mohammed Arif ကတော့ ခုလို ပြောပါတယ်။
“မြန်မာအစိုးရ အနေနဲ့ ရိုဟင်ဂျာမူစလင်တွေကို ပြန်ခေါ်ဖို့ သူ တောင်းဆိုလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် အတွင်းမှာ ဒီကိစ္စကို တိုက်တွန်း ပြောဆိုခဲ့သင့်တာပါ။ အခု ဘင်္ဂလားဒေ့ရှ်နိုင်မှာ ကျနော်တို့ဆီကလူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့အခါ သူ့အနေနဲ့ မြန်မာအစိုးရကို ရိုဟင်ဂျာတွေ ပြန်ခေါ်ဖို့ နားချနိုင်လိမ့်မယ်လို့ ထင်ပါတယ်။”
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ ရှိရာကို ကိုယ်တိုင် မသွားရောက်နိုင်ပေမဲ့၊ မနက်ဖြန် သောကြာနေ့မှာတော့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့နဲ့ ဒါကာမြို့တော် မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ သူ့ရဲ့ သုံးရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတွေ၊ ဘင်္ဂလားဒေ့ရှ် ကက်သလစ်ခရစ်ယာန် ဘာသာဝင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်
Share:

ဂြိုလ်တုဓါတ်ပုံသုံးစွဲရေး HRW နဲ့ Planet ပူးပေါင်း


HRW ကို ကမ္ဘာပေါ်က လူ့အခွင့်အရေးချိုးဖေါက်မှု တွေကို ဂြိုလ်တု ဓါတ်ပုံများကနေ ဖေါ်ထုတ်ဖို့ အတွက် Planet ကုမ္ပဏီဟာ လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့HRW နဲ့ပူးပေါင်းလုပ်ဆောင်မယ်လို့လို့ HRW အဖွဲ့က မနေ့က ထုတ်ပြန်ကြေညာပါတယ်။
Planet ကုမ္ပဏီဟာ ဂြိုလ်တု က ရိုက်ကူးတဲ့ ဓါတ်ပုံတွေ ကိုထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲမှာ အစောဆုံး ကုမ္ပဏီတခု ဖြစ်ပြီး လူ့ခွင့်အရေးချိုးဖေါက်တာတွေကို ဖေါ်ထုတ်နိုင်ဘို့ အ၀င်ထွက်ကြည့်ရူဘို့  အပိတ်ပင်ခံ ရတဲ့  မြန်မာနိုင်ငံလို  ဆီးယီးယားလိုနိုင်ငံတွေက အခြေအနေတွေကို ဂြိုတုပုံရိပ်တွေက တဆင့်ဖေါ်ထုတ်နိုင်ခဲ့တယ် လို့ဆိုပါတယ်။
Planet ကုမ္ပဏီအနေနဲ့ HRW အဖွဲ့ကို ခက်ခဲတဲ့ အခြေအနေ တွေအတွက် နည်းပညာအသစ်တွေနဲ့ ထုတ်ဖေါ်တင်ပြဘို့ အဖြေထုတ်နိုင်အောင်အကူအညီတွေပေးသွားမှာဖြစ်ပါတယ်။ Planet ကုမ္ပဏီရဲ့ ဆောင်ရွက်ပေး မှုကနေ ကမ္ဘာ အန္တရယ် အကြီးဆုံးနေရာတွေ အတွက် အချိန်နဲ့ တပြေးညီ၊ သက်သေတွေ ကိုထုတ်ပြန်ပေးဘို့ ကူညီသွာမှာဖြစ်တယ်လို့ HRW ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြ ထားပါတယ်။
Share:

30 November, 2017

ရိုဟင်ဂျာအရေး ထည့်မပြောခဲ့မှုအပေါ် Vatican ရှင်းလင်း

    ကိုဇော်ဝင်းလှိုင်
ပုပ်ရဟန်းမင်းကြီး Francis က မြန်မာပြည်တွင်းက ဘာသာစုံခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်။ (နိုဝင်ဘာ ၂၈၊ ၂၀၁၇)
မြန်မာနိုင်ငံကို ၄ ရက်ကြာ ဒေသစာရီ ကြွချီလာတဲ့ ပုပ်ရဟန်းမင်းကြီး Francis အနေနဲ့ ရိုဟင်ဂျာ မွတ်ဆလင် ပဋိပက္ခကို ထည့်သွင်း ပြောကြားခဲ့ခြင်းမရှိတဲ့အတွက် ကျင့်ဝတ် သိက္ခာ တရား ယုတ်လျော့သွားစရာမရှိဘူးလို့ ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဗာတီကန်နန်းတော် ပြောခွင့်ရ Greg Burke က ပြောကြား လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို ခေါ်ဆိုသုံးစွဲခဲ့ခြင်းမရှိတဲ့အပေါ် ဝေဖန်မှုတွေထွက်နေတာနဲ့ ပတ်သက်လို့ သူက အဲဒီလို တုံ့ပြန် ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးစုတိုင်းရဲ့ ထုံးစံဓလေ့တွေအပေါ် လေးစားမှုကိုအခြေခံတဲ့ ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂါတ်ဖြစ်တယ်၊ ကာလ ရှည်ကြာဖြစ်နေတဲ့ ပြည်တွင်းပဋိပက္ခတွေနဲ့ ရန်လို မုန်းတီးမှုတွေကြောင့် ကြီးမားတဲ့ ဝေဒနာတွေကို ခံစားခဲ့ကြရတယ်၊ လက်ရှိမှာ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်း နေတဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် ဖြစ်လာတဲ့ဒဏ်ရာတွေကို ကျေအေးခြင်းနဲ့ကုသဖို့ဟာ အရေး အကြီး ဆုံး နိုင်ငံရေးနဲ့ ဘာသာရေးလုပ်ငန်းစဉ်ဖြစ်တယ် စတဲ့ ငြိမ်းချမ်းရေးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကို ပုပ်ရဟန်းမင်းကြီး Francis က နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က တွေ့ဆုံပြီး မိန့်ခွန်း ပြောကြားရာမှာရော၊ မနေ့က ရန်ကုန် ကျိုက္ကဆံကွင်းမှာကျင်းပတဲ့ လူထုဝတ်ပြု ဆုတောင်းပွဲ အတွင်းမှာရော ထည့်သွင်းပြောကြားခဲ့ပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ရိုဟင်ဂျာပဋိပက္ခ အကြောင်းနဲ့ ရိုဟင်ဂျာဆိုတဲ့ဝေါဟာရကို ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိတာကြောင့် ကျင့်ဝတ်သိက္ခာတရား ယုတ်လျော့သွားပြီဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။
Pope Francis ရန်ကုန်မြို့ St. Mary's Cathedral မှာ ကက်သလစ်ဘာသာဝင်ဘုန်းတော်ကြီးများနှင့် တွေ့ဆုံစဉ်။
Pope Francis ရန်ကုန်မြို့ St. Mary's Cathedral မှာ ကက်သလစ်ဘာသာဝင်ဘုန်းတော်ကြီးများနှင့် တွေ့ဆုံစဉ်။
အဲဒီလို ဝေဖန်မှုတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ဗာတီကန်နန်းတော် ပြောခွင့်ရ Greg Burke က ရန်ကုန်မြို့မှာ နိုဝင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အခုလို တုံ့ပြန် ပြောဆို လိုက်ပါတယ်။
“ရိုဟင်ဂျာ အရေးကိစ္စကို ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိတဲ့အတွက် ပုပ်ရဟန်းမင်းကြီး အနေနဲ့ ကျင့်ဝတ်သိက္ခာ တရား ယုတ်လျော့သွားတယ်လို့ ကျနော် မထင်ပါဘူး။ လူတွေက မဖြစ်နိုင်တဲ့ကိစ္စတွေကို ဖြေရှင်းပေးနိုင်ဖို့ မမျှော်လင့်ကြပါဘူး။ ပုပ်ရဟန်းမင်းကြီးရဲ့ ကျင့် ဝတ် သိက္ခာဟာ လက်ရှိအတိုင်း ဆက်လက် တည်ရှိနေမှာပါ။ သူ့အနေနဲ့ လုပ်စရာ ရှိတာတွေကို ဆက်လုပ်သွားမှာပါ။ ခင်ဗျားတို့အနနဲ့ သူပြောခဲ့တာတွေ၊ မပြောခဲ့ တာတွေ အပေါ် ဝေဖန်လို့ရပါတယ်၊ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးအနေနဲ့ ကျင့်ဝတ်သိက္ခာတရား ယုတ်လျော့သွားမှာ မဟုတ်ပါဘူး။”
ဗာတီကန် သတင်းစာရှင်းလင်းပွဲ
ဗာတီကန် သတင်းစာရှင်းလင်းပွဲ
မြန်မာနိုင်ငံကို ရောက်နေတဲ့ ၄ ရက်ကြာ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ရိုဟင်ဂျာ ပဋိက္ခကို ဘယ်လောက်အထိ လူသိရှင်ကြား ပြောကြားမလဲဆိုတဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက အလေးပေး စောင့်ကြည့်နေကြတာပါ။
သြဂုတ်လ ၂၅ ရက်နေ့က မောင်တော ဒေသမှာရှိတဲ့ လုံခြုံရေးစခန်း ၃၀ ကျော်ကို အကြမ်းဖက်သမားတွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာ့လုံခြုံရေး တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီးတဲ့ နောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် ဘက်ကို သူတို့အခေါ် ရိုဟင်ဂျာဒုက္ခသည် ၆ သိန်းကျော် ထွက်ပြေးသွားခဲ့ကြတဲ့ အကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားတာပါ။
ဆီးရီးယားပြည်တွင်းစစ်ကြောင့် ဂရိနိုင်ငံ၊ Lesbos ကျွန်းကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို ပြီးခဲ့တဲ့ ဧပြီလလယ်တုန်းက ပုပ်ရဟန်းမင်းကြီး သွားရောက်တွေ့ဆုံ ခဲ့ပေမယ့် မြန်မာနိုင်ငံခရီးစဉ်အတွင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက် ပိုင်းကို ဘာကြောင့် မသွားခဲ့သလဲလို့ သတင်းထောက်တွေက မေးတဲ့အခါ မှာတော့ ဗာတီကန်နန်းတော် ပြောခွင့်ရ Greg Burke က အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။
“ဒီခရီးစဉ်ဟာ Lesbos ကို သွားခဲ့တဲ့ ခရီးစဉ်နဲ့ မတူပါဘူး။ Lesbos ကို သွားတာက ဒုက္ခသည်တွေကို သွားတွေ့တဲ့ ခရီးစဉ် ဖြစ်ပါတယ်။ ဒီခရီးစဉ်ကတော့ ကျနော်တို့နဲ့ သံတမန် ဆက်သွယ်မှုရှိတဲ့ မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။ ပြီးတော့ ဒီခရီးစဉ်အတွက် ပြင်ဆင်နေဆဲ ကာလမှာပဲ ဒုက္ခသည်အရေးက ပိုမို ကြီးထွားလာခဲ့တာပါ။ ဟုတ်တယ်မဟုတ်လား?
ဒါဟာ ဒုက္ခသည်ခရီးစဉ်လို့ စီစဉ်ပြီး ထွက်လာတာ မဟုတ်ဘူးလို့ ကျနော် ဆိုလိုချင်တာ ဖြစ်ပါတယ်။ ဒုက္ခသည် တွေ အရေးဟာ ပုပ်ရဟန်းမင်းကြီး အဓိကထား ဆောင်ရွက်နေတဲ့ အကြောင်းရပ်တခု ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်း ကြီးဟာ ဒုက္ခသည်တွေအကြောင်း၊ ရွှေ့ပြောင်း နေထိုင်သူတွေအကြောင်းကို နေ့စဉ်နဲ့အမျှ ပြောဆို နေတာပါ၊ ဒါပေမယ့် ဒီခရီးစဉ်ကတော့ ဒုက္ခသည်တွေကို သွားတွေ့ဖို့ ရည်ရွယ်ပြီး ပြင်ဆင်လာတဲ့ ခရီးစဉ် မဟုတ်ပါဘူး။”
ပုပ်ရဟန်းမင်းကြီး ရန်ကုန်မြို့ကို ဆိုက်ရောက်တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာပဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြိုတင် စီစဉ်ထားခြင်းမရှိဘဲ ခရီးရောက်မဆိုက် ပုပ်ရဟန်းမင်းကြီး ကို ရုတ်တရက် သွားရောက် တွေ့ဆုံခဲ့တဲ့အပေါ် သူတို့အနေနဲ့ အံ့အားသင့်ခဲ့ရကြောင်း၊ အဲဒီလို တွေ့ဆုံခွင့်ရဖို့ အတွက် တပ်မတော်ဘက်က တောင်းဆိုလာခြင်းဖြစ်ကြောင်း ခရီးစဉ် ဖြစ်မြောက်ရေး စီစဉ်သူ မြန်မာနိုင်ငံ ကက်သလစ် ဘာသာဝင်အသင်းက တာဝန်ရှိသူတဦးက မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။
ထုံးစံအရကတော့ ပုပ်ရဟန်းမင်းကြီးအနေနဲ့ တခြား အထင်ကရပုဂ္ဂိုလ်တွေနဲ့ မတွေ့ဆုံခင် ရောက်နေတဲ့ တိုင်းပြည်က နိုင်ငံတော် အကြီးအကဲကို အရင်ဆုံး တွေ့ဆုံလေ့ရှိတယ်လို့ ဆိုပါတယ်။
တပ်ချုပ်အနေနဲ့ နိုင်ငံရေး ရည်မှန်းချက်ရှိတယ်လို့ အမြင်ရှိသူတွေအကြား သူ အဲဒီလို ရုတ်တရက် သွားတွေ့ လိုက်တဲ့အပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။
မနေ့ ဗုဒ္ဓဟူးနေ့မှာပဲ ပုပ်ရဟန်းမင်းကြီးဟာ ရန်ကုန် ကျိုက္ကဆံကွင်းမှာ အများပြည်သူ အတွက် ဝတ်ပြု ဆုတောင်းပွဲ ကျင်းပခဲ့တာမှာ အကြမ်းဖက်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဒဏ်ရာတွေ ခံစားနေကြရသူ အများအပြားရှိတဲ့ မြန်မာနိုင်ငံမှာ ခွင့်လွှတ်သည်းခံ ခြင်းနဲ့သာ ဒဏ်ရာတွေ ပျောက်ကင်းအောင် လုပ်နိုင်လိမ့်မယ် လို့ ပြောကြားခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ မစ္ဆားတရားကို ကြားနာနိုင်ငံကြဖို့အတွက် မြန်မာနိုင်ငံဒေသစုံက ကက်သလစ် ဘာသာဝင် တွေ အပါအ၀င် ဝတ်ပြုပွဲကို လာကြတဲ့ ပြည်တွင်း ပြည်ပက ဘာသာစုံ ပရိတ်သတ်ပေါင်း ၁ သိန်းခွဲလောက် တက်ရောက်ခဲ့တယ်လို့ ခန့်မှန်းကြ ပါတယ်။ ခက်ခက်ခဲခဲလာကြသူတွေရှိတယ်ဆိုတာကို သူ့အနေနဲ့သိရှိ ကြောင်း လည်း ပုပ်ရဟန်းမင်းကြီးက ဝတ်ပြုဆုတောင်းပွဲအစမှာ ပြောကြားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပြီး ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက်မှုတွေကို ဟန့်တားပြီး၊ ဘာသာရေးမှာ မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးကို အခြေခံသွားကြဖို့ နှစ်ဖက် ဘာသာရေး ခေါင်းဆောင်တွေက မိန့်ကြား ခဲ့ကြပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်မှာ ပုပ်ရဟန်းမင်းကြီးဟာ ရန်ကုန်မြို့ St. Mary Cathedral မှာ လူငယ်တွေနဲ့ ဝတ်ပြု ဆုတောင်းပွဲ ကျင်းပပြီး နေ့လည် ၁ နာရီ ၅ မိနစ်မှာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာမှာ ဖြစ်ပါတယ်။
Share:

NV Card ကို လက်ခံကိုင်ဆောင်ရန် မော်လဝီအဖွဲ့ချုပ် တိုက်တွန်းနှိုးဆော်မှုထုတ်ပြန်ချက်အပေါ် အများနဲ့ညှိနှိုင်းတိုင်ပင်ခြင်းမရှိသည့် အတွက် ကျင့်ဝတ်သိက္ခာနှင့်မညီသောလုပ်ရပ်ဟု ဦးတင်မောင်သန်းတုံ့ပြန် November 29, 2017 Editor 0 Comments


 
မန္တလေး၊ နိုဝင်ဘာ ၂၉
မြေးချစ်ညို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အတွင်း နေထိုင်ကြသူများဖြစ် ကြောင်း မည်သည့်စာရွက်စာတမ်း သက်သေခံအထောက်အထားကိုမျှ ကိုင်ဆောင်ထားခြင်းမရှိကြသေးသော သူများနှင့် ၄င်းတို့မှ မွေးဖွားကြသော သားသမီးမြေးမြစ်များအနေဖြင့် National Verification Card (NVC) ကတ် ကိုင်ဆောင်ရန် မြန်မာ နိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ် (ဗဟို)က တိုက်တွန်းနှိုးဆော်စာ ထုတ် ပြန်ခဲ့ခြင်းအပေါ် ယင်းလုပ်ရပ်သည် အဆင်အခြင်မဲ့သောလုပ်ရပ် ဖြစ် သည်ဟု အစ္စလာမ်သာသနာရေးရာ ကောင်စီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ချုပ်ဖြစ်သူ ဦးတင်မောင်သန်းက တုံ့ ပြန်လိုက်သည်။

” NVC နဲ့ ပတ်သက်လို့ အဖွဲ့ ကြီးငါးဖွဲ့ တိုင်ပင်လုပ်ဆောင်ကြတာ တွေရှိတယ်၊ လ.ဝ.က က မေတ္တာ ရပ်ခံထားတဲ့ စာတွေပေါ်မှာလည်း ညှိနှိုင်းထားတာတွေရှိတယ်၊ အစက တည်းကိုက စုပေါင်းလုပ်ထားတဲ့ အ လုပ်ဖြစ်တယ်၊ တစ်ဖွဲ့ချင်းလုပ်ထားတဲ့ ကိစ္စမဟုတ်ဘူး၊ အခုကျမှ ကျန်တဲ့ အဖွဲ့တွေကို အသိမပေးဘဲ လုပ်တယ် ဆိုတာက ကျင့်ဝတ်သိက္ခာမရှိတဲ့ လုပ် ရပ်ဖြစ်တယ်” ဟု ဦးတင်မောင်သန်း က ပြောကြားသည်။

နိုဝင်ဘာ ၂၇ ရက်နေ့က ထုတ် ပြန်လိုက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်(ဗဟို)၏ တိုက်တွန်း နှိုးဆော်ချက်တွင် အချက်လေးချက် ပါဝင်ပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွင်း နေထိုင်လျက်ရှိ ကြသော အစ္စလာမ်ဘာသာဝင်များ အနေဖြင့်လည်း နိုင်ငံတော်က ပြဌာန်းထားသော တည်ဆဲဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတော်က နည်းလမ်းတကျ ထုတ်ပေး ထားသော သက်သေခံကတ်ပြား တစ် စုံတစ်ရာကို ကိုင်ဆောင်ကြရန် တာဝန်ရှိကြသဖြင့် မည်သည့်သက်သေခံ အထောက်အထားကိုမျှ ကိုင်ဆောင် ခြင်း မရှိကြသေးသူများနှင့် ၄င်းတို့မှ မွေးဖွားလာကြသော သားသမီး မြေး မြစ်များအနေဖြင့် ယခုနိုင်ငံတော်၏ အစီအမံဖြင့် ဆောင်ရွက်နေသည့် နိုင်ငံသားစိစစ်မှုခံရမည့်သူ၏ သက်သေ ခံကတ်ပြားခေါ် NV Card ကို ကိုင် ဆောင်ပြီး နိုင်ငံသားစိစစ်မှုကို ခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ် ကြောင်း အထွေထွေအတွင်းရေးမှူး ချုပ်ဖြစ်သူ ဦးကျော်စိုး၏ လက်မှတ်ဖြင့် ဖော်ပြခဲ့သည်။

ယခု ကဲ့သို့ လက်လွှတ်စပယ်ထုတ်ပြန်ခြင်း မျိုးကို ဘာသာရေးအဖွဲ့အစည်းတစ်ခု အနေဖြင့် မလုပ်ဆောင်သင့်ကြောင်းလည်း ဦးတင်မောင်သန်းကသုံးသပ်ပြောဆိုခဲ့သည်။ မော်လဝီများအဖွဲ့ချုပ်မှ အတွင်းရေးမှူးဖြစ်သူ ဦးကျော်စိုးက NV Card ကိစ္စနှင့် ပတ်သက်သည့် အစည်းအဝေးများတွင် အဖွဲ့ကြီးနှစ် ဖွဲ့အကြား အငြင်းပွားမှုများရှိခဲ့ကြောင်း၊ ယခုမိမိတို့ထုတ်ပြန်သည့်စာ သည် ဥပဒေဘောင်အတွင်းမှ ရေး သားထားခြင်းသာဖြစ်ကြောင်းFriday Times ၏ ဆက်သွယ်မေးမြန်း ချက်ကို ပြန်လည် ဖြေကြားခဲ့သည်။

”ဘာကတ်မှ မရှိတဲ့သူတွေက ဘယ်လိုလုပ်မလဲ၊ လမ်းဘေးမှာနေရ တော့မှာလား၊ ဒီဟာက နိုင်ငံတော်က ချမှတ်ထားတဲ့ဟာ၊ အဆင့်ဆင့်စစ် ဆေးပြီး နိုင်ငံသားကတ်လုပ်ပေးမယ် ဆိုတာလည်း ပြောထားတယ်” ဟု ဦးကျော်စိုးက ပြောကြားသည်။
Share:

တရားခွင်တွင် အဆိပ်သောက်သည့် ဘော့စနီးယား ခရိုအက်စစ်ရာဇ၀တ်ကောင် သေဆုံး


image
ဘော့စ်နီးယား ခရိုအက် အနွယ်ဝင် စစ်ရာဇဝတ်မှု တရားခံ တစ်ဦးသည် တရားရုံး စီရင်ချက် အပြီးတွင် အဆိပ်သောက်၍ သေကြောင်းကြံသွားခဲ့ကြောင်း သိရသည်။
အသက် ၇၂ နှစ်အရွယ် ဗိုလ်ချုပ်(ဟောင်း) ဆလိုဘိုဒန် ပရယ်လ်ဂျက်သည် နိုဝင်ဘာ ၂၉ ရက်က နိုင်ငံတကာ ခုံရုံး တရားခွင်တွင် အသင့်ယူဆောင်လာသည့် ပုလင်းငယ် တစ်လုံးကို ထုတ်၍ အထဲမှ အဆိပ်ရည်များကို သောက်ခဲ့သည်။ ၎င်းကို ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့သော်လည်း ဆေးရုံတွင် သေဆုံးသွားခဲ့သည်။
ကုလသမဂ္ဂ၏ တရားရေး ဌာနက တရားခွင်သည် ယခုအခါ လူသေမှုအတွက် စုံစမ်းစစ်ဆေးသည့် မှုခင်းဧရိယာ တစ်ခုအဖြစ် ပြောင်းလဲသွားကြောင်း အတည်ပြုခဲ့သည်။
ပရယ်လ်ဂျက်သည် စစ်ရာဇဝတ်မှု စွဲချက်များအတွက် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရပြီး အယူခံဝင်ချိန်၌ ယင်းပြစ်ဒဏ် ဆက်လက် တည်မြဲစေရန် တရားရုံးက စီရင်ချက် ချမှတ်ချိန်၌ အဆိပ်ပုလင်းကို ထုတ်သောက်ခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ဘော့စ်နီးယား ခရိုအက် တပ်ဖွဲ့များကို ဦးဆောင်ကာ ၁၉၉၂ မှ ၁၉၉၅ ထိ ဖြစ်ပွားသည့် ဘော့စ်နီးယား စစ်ပွဲကလအတွင်း မိုစတာမြို့၌ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိသည့်အတွက် ၂၀၁၃ ခုနှစ်တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခြင်း ခံခဲ့ရသည်။ အဆိုပါ ပြစ်ဒဏ်အတွက် အယူခံကို စစ်ဆေး ကြားနာပြီးနောက် ဆက်လက် အတည်ပြုရန် ဆုံးဖြတ်ခဲ့ချိန်၌ ပရယ်လ်ဂျက်က အဆိပ်သောက်ခဲ့ခြင်း ဖြစ်သည်။
ပရယ်လ်ဂျက်သည် ယူဂိုဆလားဗီးယား ပြည်ထောင်စု လက်ထက်က စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့မှုအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် စစ်ဆေးခံရသည့် ဘော့စ်နီးယား ခရိုအက် စစ်ခေါင်းဆောင်နှင့် နိုင်ငံရေးသမား ခြောက်ဦးအနက် တစ်ဦးဖြစ်သည်။ ၎င်းတို့ ခြောက်ဦးစလုံး၏ နောက်ဆုံး အယူခံကို တရားရုံးက ပယ်ချခဲ့သည်။
ဘော့စ်နီးယား စစ်ပွဲကာလ အတွင်းက ဘော့စ်နီးယား ဆာ့ဘ်အနွယ်များ၏ မဟာမိတ်အဖြစ် ရပ်တည်ခဲ့သည့်တိုင် ဘော့စ်နီးယား ခရိုအက်များနှင့် မွတ်ဆလင်များသည် အချင်းချင်း ၁၁ လကြာမျှ တိုက်ခိုက်ခဲ့ကြသည်။ မိုစတာသည် တိုက်ပွဲများ အပြင်းထန်ဆုံး ပေါ်ပေါက်ခဲ့ရာ မြို့တစ်မြို့ ဖြစ်သည်။
တရားသူကြီး၏ စီရင်ချက်ကို ကြားသိရပြီးချိန်၌ ပရယ်လ်ဂျက်က မတ်တပ်ရပ်ကာ လက်ကို ပါးစပ်နား မြှောက်လိုက်ပြီး ခေါင်းကို မော့လိုက်သည်။ ယင်းအပြုအမူသည် တစ်စုံတစ်ခုကို သောက်ချလိုက်သည့် ပုံစံ ဖြစ်နေသည်။ ထို့နောက် ၎င်းက “ကျုပ် အဆိပ်သောက်လိုက်တယ်”ဟု တရားသူကြီး ကာမယ်လ် အေဂီရက်စ်ကို လှမ်းပြောခဲ့သည်။
တရားသူကြီးလည်း ထိတ်ထိတ်ပြာပြာဖြင့် တရားခွင်ကို ဆိုင်းငံ့ကြောင်း ကြေညာပြီး လူနာတင်ကားတစ်စီး ခေါ်ယူရန် ညွှန်ကြားခဲ့သည်။ ထို့အပြင် ပရယ်လ်ဂျက် သောက်ခဲ့သည့် ပုလင်းငယ်ကို နေရာမရွှေ့ရန်လည်း တရားသူကြီးက ပြောကြားခဲ့သည်။
နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့ရှိ တရားရုံးရှေ့သို့ မိနစ်ပိုင်းအတွင်း ဆေးရုံကားတစ်စီး ရောက်လာပြီး ရဟတ်ယာဉ် တစ်စီးလည်း အသင့်အနေအထားဖြင့် ပျံဝဲ စောင့်ကြည့်နေခဲ့သည်။ ဆေးရုံကား ဝန်ထမ်းများက ပရယ်လ်ဂျက်၏ အသက်ကို ကယ်တင်ရန် အစွမ်းကုန် အားထုတ်ခဲ့သလို အနီးရှိ ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ခဲ့သော်လည်း ၎င်း ကွယ်လွန်သွားခဲ့ကြောင်း တရားရုံးက ထုတ်ပြန်ခဲ့သည်။
တရားခွင်တွင် တရားခံဖြစ်သူ သေကြောင်းကြံသွားသည့် ကိစ္စနှင့် ပတ်သက်၍ ဟိဂ်မြို့ ရဲတပ်ဖွဲ့နှင့် နိုင်ငံတကာ ရာဇဝတ် ထောက်လှမ်းရေး အရာရှိများ ညှိနှိုင်းပြီး စုံစမ်းစစ်ဆေးမှုများ စတင် လုပ်ဆောင်နေကြောင်းလည်း သိရသည်။
Ref: CNN
===========
7Day News Journal
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.