• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

16 September, 2017

ကုလ လုံခြုံရေး ကောင်စီ ရခိုင်အရေး ကြားဝင်ပေးဖို့ နိုဘယ်လ်ဆုရှင် ၁၂ ဦး တောင်းဆို

နိုဘယ်လ်ဆုရှင်များ

မြန်မာနိုင်ငံ ရခိုင်ဒေသမှာ လူသားတွေ ကြုံနေရတဲ့ ဖြစ်ရပ်ဆိုးနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် ကုသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ချက်ခြင်း ကြားဝင်တိုက်တွန်းပေးဖို့ နိုဘယ်လ်ဆုရှင် ၁၂ဦးက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဒီကနေ့ပဲ အိတ်ဖွင့်ပေးစာတစ်စောင် ပေးလိုက်ပါတယ်။
အဖွဲ့အစည်းပေါင်းစုံက သိရတဲ့ သတင်းတွေအရ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ပြုလုပ်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်လို့ သူတို့ရဲ့စာမှာ ပြောထားပါတယ်။ လူ သိန်းနဲ့ချီပြီးတော့ အိုးအိမ်စွန့်ခွာ ပြေးကြရတဲ့ အခင်းဖြစ်တဲ့ ဒေသမှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ထောက်ပံ့မှုတွေ မရသလောက် ဖြစ်ခဲ့ရတယ်လို့ ဆိုထားပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အရင်နှစ်တွေတည်းက ကုလသမဂ္ဂက ကြားဝင်ဖို့ ရေးသားတောင်းဆိုခဲ့ပြီးပါပြီ။
ဒါပေမယ့်လည်း အခြေအနေထူးခြားမလာခဲ့လို့ ရခိုင်ဒေသက အပြစ်မဲ့အရပ်သားတွေအပေါ်မှာ အင်အားသုံး လုပ်ဆောင်နေတာတွေ ရပ်တန့်သွားအောင် ကုလသမဂ္ဂအနေနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ဖို့ တောင်းဆိုပါတယ်ဆိုပြီးတော့ သူတို့ရဲ့ စာမှာ ရေးထားပါတယ်။ သူတို့ရဲ့ ပေးစာမှာ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရအနေနဲ့ ချက်ခြင်း အကောင်အထည်ဖော်အောင် လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဖျောင်းဖျပါလို့လည်း ပါပါတယ်။
ဒီရခိုင်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ကြိုတင်လုပ်ဆောင် ရမယ့်အချက်တွေကို အကြံပြုပါတယ်ဆိုပြီးတော့လည်း အချက် ၆ ချက်ကို သူတို့က ထောက်ပြထားပါတယ်။ အဲဒီထဲမှာတော့ ဒုက္ခသည်တွေ တစ်ဖက်နိုင်ငံကို ထွက်ပြေးနေရတာ ရပ်တန့်သွားအောင်လို့ ချက်ချင်း အရေးယူ ဆောင်ရွက်ဖို့ နိုင်ငံတကာ စောင့်ကြည့်အကဲခတ်တွေကို မှန်မှန်လာရောက်ကြည့်ရှုခွင့်ပေးဖို့နဲ့ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ သွားလာခွင့်တွေ ပေးအပ်ဖို့ ပါဝင်ပါတယ်ရှင်။
Share:

ဝေဟင်ပိုင်နက်ကျူးလွန် ခံရကြောင်း ဘင်္ဂလားဒေ့ရှ် ကန့်ကွက်


မြန်မာရဲ့ စစ်တပ်သုံး ဒရုန်း ယာဉ်ပျံတွေ၊ ရဟတ်ယာဉ်တွေ ဟာ ပြီးခဲ့တဲ့ သီတင်းထဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းကို ၃ ရက် ကျူးကျော် ဝင်ရောက်ခဲ့တယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ်က ကန့်ကွက် လာပါတယ်။
စက်တင်ဘာလ ၁၅ ရက် ညနေပိုင်းက ဒါကာမြို့ မြန်မာသံရုံးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ရုံးက အကြောင်းကြားလာတာ ဖြစ်ပါတယ်။
ဒီလို တစ်ဘက်နိုင်ငံက ပြောဆိုလာတဲ့ အချက်ကို မြန်မာ နိုင်ငံခြားရေး ဌာန အနေနဲ့ သက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးဌာနထံ အသိပေးသွားမယ်လို့ နိုင်ငံခြားရေးရုံး ပထမ အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ဆိုပါတယ်။
ဒရုန်းယာဉ်ပျံနဲ့ ပတ်သက်ပြီး မြန်မာဘက်ခြမ်းကနေ ဘင်္ဂလားဒေ့ရှ်ပိုင် ဝေဟင်ထဲ ဝင်ရောက်မှု တကယ်ရှိခဲ့လား၊ ရှိခဲ့ရင်လည်း ဘယ်သူပိုင် ဒရုန်းတွေ ဖြစ်မလဲ ဆိုတာမျိုးတွေကို အသေအချာ ဆန်းစစ်ဖို့ လိုတယ် ဆိုပြီး နိုင်ငံခြားရေးရုံး ပြောခွင့်ရ ဦးကျော်ဇေယျက ဘီဘီစီကို ပြောပါတယ်။
မြန်မာ ရဟတ်ယာဉ်တွေ နယ်စပ်ဖြတ်ကျော် ဝင်ခဲ့တယ် ဆိုတဲ့ ပြောဆိုမှုမျိုး အရင်တုန်းကလည်း ရှိခဲ့ဖူးပြီး၊ မြန်မာ ကာကွယ်ရေး ဌာနက စိစစ်မှုတွေ ပြုလုပ်ကာ မဟုတ်မှန်ကြောင်း တုံ့ပြန် ခဲ့ရဖူးတယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ရောက်လာတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ၊ နှစ်နိုင်ငံကြား အပြန်အလှန် ပြောဆိုမှုတွေ ရှိနေတုန်းမှာပဲ အခုလို သံတမန် ဆက်ဆံရေး အဖုအထစ် ဖြစ်လာ ပြန်ခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ သူတို့ ဝေဟင်ပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်တာဟာ မြန်မာဘက်က ရန်စ ကျူးလွန်ရာ ရောက်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ပြောထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း

http://bbc.in/2x778Ra

Share:

“Myanmar has been completely deaf to our requests,” says UN secretary general Antonio Guterres



 
The number of Rohingya refugees pouring into Bangladesh since Aug. 25 is nearing 400,000, and UN secretary general Antonio Guterres seems exasperated.
“We are very much active in relation to the Rohingya crisis but unfortunately it has not been easy because the government of Myanmar until now has been completely deaf to our requests,” Guterres said on Sept. 15. “We are troubled.”
Reportedly driven from their villages in Myanmar by arson and genocidal attacks, some 391,000 refugees, mostly children, have crossed the border, according to the UN’s most recent estimates. A week ago that figure stood at 270,000.
“In the last 24 hours alone, 10,000 people reportedly crossed into Bangladesh,” the secretary general’s spokesperson said yesterday (Sept. 15). “Combined with those who fled during the last round of violence in Rakhine State last October, it is estimated that some 40% of the total Rohingya population living in Rakhine state have now fled into Bangladesh.”
Myanmar’s state counsellor and de-facto leader Aung San Suu Kyi, a Nobel Peace Prize-winner, has been sharply criticized for turning a blind eye to ethnic violence. The Rohingya are a Muslim minority in Myanmar’s northern Rakhine state.
Despite mounting numbers of Rohingya refugees—and Guterres’s own direct involvement—the UN has been unable to get its act together and pressure Myanmar’s government to end the violence. The UN security council met on Sept. 13 to discuss the Rohingya crisis in a closed-door session, but to little effect. Riven by internal divisions, with China and Russia understood to be backing Myanmar, the security council issued a rebuke to Myanmar that even its own members concurred wasn’t strong enough.
Guterres, a Portugese diplomat and politician who took the corner office at the UN in January, has taken the unusual step of writing what he described to be the first official letter to the UN security council to seek its attention on an issue in nearly three decades. He has also spoken to Suu Kyi “several times” in recent weeks, he said at a press briefing on Sept. 13.
Share:

ရခိုင်အကျပ်အတည်း မိုဟာမက် ယူနွတ်စ် အကြံပေး



15 September 2017
Image may contain: 1 person



နိုဗဲလ်ဆုရှင် ဒေါက်တာ မိုဟာမက် ယူနွတ်စ်
ဘင်္ဂလားဒေ့ရှ် နိုင်ငံ က နိုဗဲလ်ဆုရှင် ဒေါက်တာ မိုဟာမက် ယူနွတ်စ် က ရခိုင်ပြည်နယ်မြောက်ပိုင်းက အကျပ်အတည်း အရေးတွေနဲ့ပတ်သက်ပြီး အကြံပေး ပြောကြား လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အကြောင်း ကို သိခဲ့သူ ၊ ကိုယ်တိုင်လည်း တွေ့ဆုံဘူးသူဖြစ်တဲ့ နိုဗဲလ်ဆုရှင် ဒေါက်တာ ယူနွတ်စ် က အခု ရခိုင်ပြည်နယ်မြောက်ပိုင်း ကအကြပ်အတည်း ကိစ္စတွေ၊ သိန်းနဲ့ချီပြီးတော့ နယ်စပ် ဖြတ်ကျော်ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်ပြီး သူ့အမြင်အရပြောရင် ဖြေရှင်းနိုင်သူ က ဒေါ်အောင်ဆန်းစုကြည် ပါပဲလို့ ဆိုပါတယ်။

ဒ်ါအောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရေး အတွက် လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင် ဆိုတဲ့ ပြယုဂ် အနစ်နာခံမှုတွေ နဲ့ဖြတ်သန်းခဲ့တဲ့သူ ငြိမ်းချမ်းရေး သဘောကို ဆောင်ယူခဲ့တဲ့ သူ ဖြစ်တယ်၊ အခု သူရှိနေရတဲ့အနေအထား ကနေ အရင်လို ငြိမ်းချမ်းရေး သဘောကို ပြန်သွားဖို့လိုတယ်လို့ ဆိုပါတယ်။

သူ့နားမှာရှိနေတဲ့ အမုန်းတရား ရှိနေတဲ့ အသိုင်းအဝိုင်း၊ ဒေါသထွက်နေကြတဲ့ ဝန်းကျင်အနေအထား က ခွာဖို့လိုတယ်လို့ သူ က သူ့အမြင်ကို ဒေါက်တာ မိုဟာမက် ယူနွတ်စ် က ပြောပြပါတယ်။
စစ်တပ်အနေနဲ့ သူတို့လုပ်ဆောင်မှုတွေ ကို ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့က အကာအရံလိုထားထားပြီး သူတို့လုပ်ချင်တာကို လုပ်နေတာ ဖြစ်တယ် ၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဲဒီလို အခန်းကဏ္ဍမှာ ရှိနေတာကို ဖယ်ရှားပစ်လိုက်ပြီး သူ့ရဲ့ နဂို ပုံရိပ်ဖြစ်တဲ့ ငြိမ်းချမ်းခြင်း ကို ပြန်ယူဖို့ အရေးတကြီးလိုအပ်နေတယ် လို့ သူ က ဆိုပါတယ်။
နတ် မြစ်ဘေးကမ်းမှာ ထိုင်ကြည့်မယ် ဆိုရင် လူသေအလောင်းတွေ မျောလာတာကို တွေ့ရလိမ့်မယ် ၊ နောက်ပြီး ထွက်ပြေးလာကြတဲ့သူတွေ အများကြီးပါ ၊ သူတို့ ဟာ အကြမ်ဖက်မှုကို ကြောက်ရွံ့ ထိတ်လန့်စွာ အိုးအိမ်ပစ်ပြီး ထွက်ပြေးခဲ့ရတဲ့သူတွေ ဖြစ်တာကြောင့် ဒါကို ကြည့်ခြင်းအားဖြင့် တခုခုတော့ အကြီးအကျယ် အဲဒီ ဒေသမှာ မှားနေပြီ ဆိုတာ လူတိုင်းသိနိုင်တဲ့အပြင် ဒါတွေကို ဖြေရှင်းဖို့ လိုတာပါလို့ နိုဗယ် ငြိမ်းချမ်းရေး ဆုရှင် မစ္စတာ ယူနွတ်စ် က ပြောပါတယ်။
မနှစ် ၂၀၁၆ ခုနှစ် အောက်တိုဘာလ မောင်တော တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းနှစ်လ အကြာမှာ မိုဟာမက် ယူနွတ်စ် ခေါင်းဆောင်တဲ့ နိုဗယ်ဆုရှင်တွေ ပေါင်းပြီး ရခိုင်အရေးနဲ့ ပတ်သက်လို့ အကြမ်းဖက်မှုတွေ လျော့ပါးအောင် လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရကို အိတ်ဖွင့်ပေးစာ တစောင်နဲ့ တိုက်တွန်းခဲ့ဖူးပါတယ်။
BBC Burmese
Share:

အစိုးရတပ်က ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း AI ထုတ်ပြန်



ပြီးခဲ့တဲ့သုံးပတ်အတွင်း မြန်မာအစိုးရ လုံခြုံရေးတပ်တွေက ရိုဟင်ဂျာ မွတ်ဆလင်ကျေးရွာတွေကို စနစ်တကျ- အစီအစဉ်ရှိရှိ မီးရှို့ဖျက်ဆီးတဲ့ စစ်ဆင်ရေးကို အထောက်အထားနဲ့တကွ တွေ့ရှိထားတယ်လို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက စက်တင်ဘာလ (၁၅) ရက်နေ့ ဒီကနေ့ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
ဆက်သွယ်ရေးဂြိုဟ်တုတွေကနေ ရတဲ့ ဓာတ်ပုံတွေနဲ့၊ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဆီက ပြောပြချက်တွေ၊ ဓာတ်ပုံတွေကို အခြေခံထားတဲ့ ဒီအထောက်အထားတွေအရ သြဂုတ်လ ၂၅ ရက်နေ့က စပြီး ပေတထောင့်နှစ်ရာ အနည်းဆုံးကျယ်ပြန့်တဲ့ မီးလောင်မှုပေါင်း ၈ဝ အထိ တွေ့ရတယ်လို့ ဆိုပါတယ်။
မြန်မာ လုံခြုံရေးတပ်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင်တွေကို မြန်မာနိုင်ငံကနေ ထွက်ပြေးသွားအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့တယ် ဆိုတာကို ဒီအထောက်အထားတွေက ငြင်းလို့မရအောင် ပြသနေပါတယ်လို့ AI အဖွဲ့ရဲ့ အရေးပေါ်ကိစ္စများဆိုင်ရာ ညွန်ကြားရေးမှူး တီရနာ-ဟာဆန်း က ပြောပါတယ်။
အလားတူ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကလည်း… ဘင်္ဂလားဒေ့ရှ်နယ်စပ်က မွတ်ဆလင်ရွာ ၃၅ ရွာလောက်ကို မြန်မာအာဏာပိုင်တွေက စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့တာကို ဆက်သွယ်ရေး ဂြိုဟ်တုက ဓာတ်ပုံတွေအရ တွေ့ရှိထားတယ်လို့ ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
တချိန်ထဲမှာပဲ မီးလောင်ဒဏ်ရာ ရရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ကလေးငယ်တဦးကို Cox’s Bazaar ဆေးရုံမှာ တင်ထားရတယ်လို့ အမေရိကန်အခြေစိုက် Benar News သတင်းဌာနက ဗီဒီယိုနဲ့တကွ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ သုံးပတ်အတွင်း Cox’s Bazaar ဆေးရုံမှာ မီးလောင်ဒဏ်ရာရလာသူ ဒုက္ခသည် ၉၂ ထက်မနည်း ဆေးကုသ ပေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာအာဏာပိုင်တွေက မွတ်ဆလင်ကျေးရွာတွေကို စနစ်တကျ မီးရှိ့ဖျက်ဆီးခဲ့တာ ဟုတ်မဟုတ်ဆိုတဲ့အပေါ် ၄၇ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက လာမယ့်တနင်္လာနေ့ ညီလာခံမှာ ကြားနာမယ်လို့ သိရပါတယ်။
လက်ရှိ အခြေအနေဟာ တက်သစ်စ ဒီမိုကရေစီ နိုင်ငံသစ်ဖြစ်တဲ့ မြန်မာနိုင်ငံအတွက် ကံကြမ္မာ အကြီးအကျယ် ပြောင်းလဲသွားနိုင်တဲ့ အချိန်အခါဖြစ်ပြီး၊ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ခက်ခဲပြီး ရှုပ်ထွေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသွားပါတယ်။
Share:

15 September, 2017

တပ်က ရွာတွေ မီးရှို့တယ်လို့ Amnestyဆို


14 စက်တင်ဘာ 2017

Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရိုဟင်ဂျာ ကျေးရွာတွေကို မီးရှို့နေတယ်ဆိုတဲ့ ဂြိုဟ်တု ဓါတ်ပုံတွေ ထုတ်ပြန် လိုက်ပါတယ်။

ဒါဟာ လုံခြုံရေးတပ်ဖွဲ့တွေက လူနည်းစု ရိုဟင်ဂျာ မွတ်စလင်တွေကို တိုင်းပြည်ကနေ မောင်းထုတ်နေတယ်ဆိုတဲ့ အထောက်အထားပဲလို့ AIက ပြောပါတယ်။

'ရခိုင်ပြည်နယ်ဟာ ပြင်ပကမ္ဘာနဲ့လုံးဝနီးပါး အဆက်အသွယ် ဖြတ်ထားခံရပါတယ်။ ဒါကြောင့် ကျူးလွန်မှုတွေကို နည်းအမျိုးမျိုးနဲ့ မှတ်တမ်း တင်ရပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့သူတွေကို ဖုန်းကတဆင့်ပြောပြီး ဘင်္ဂလားဒေ့ရှ် ဘက်ကိုထွက်ပြေး လာတဲ့ အလွန်များပြားတဲ့ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံပြီးမေးပါတယ်။ အကြီးအကျယ် မီးလောင်နေတာကို ထောက်လှမ်းနိုင်တဲ့ဂြိုဟ်တု ဓါတ်ပုံတွေလည်း သုံးပါတယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်မှာ ရောမြန်မာ ဘက်ကပါလာတဲ့ ဗီဒီယိုတွေနဲ့ ဖုန်းနဲ့ရိုက်တဲ့ပုံတွေကို စိစစ်လေ့လာပါတယ်' လို့ အထောက် အထားရယူပုံကို AIသုတေသန အရာရှိ ကပြောပါတယ်။

AIရဲ့ဒါရိုက်တာ တီရာနာ ဟာဆန်ကလည်း မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ရခိုင်ပြည် မြောက်ပိုင်းကို မီးတင်ရှို့နေတဲ့ မငြင်းနိုင်တဲ့ အထောက်အထား ဖြစ်ပြီးဒါဟာ ရိုဟင်ဂျာတွေကို မောင်းထုတ်တဲ့ လူမျိုးတုံး သုတ်သင် ရှင်းလင်းတာလို့ ဆိုပါတယ်။

သြဂုတ်လ၂၅ရက် အာဆာ အကြမ်းဖက် သမားတွေ ရဲစခန်းတွေကို ဝင်တိုက်ပြီး ကတည်းက လူနေအိမ်ခြေရှိတဲ့ နေရာတွေမှာ အကြီးအကျယ်မီးလောင်မှု ၈၀ထက်မနည်း ထောက်လှမ်းတွေ့ရှိတယ်လို့ AIကပြောပါတယ်။ပြီးခဲ့တဲ့၎နှစ်အတွင်း ဒီလောက်ကြီးမားတဲ့မီးလောင်မှုတွေ အခုလိုအချိန်မျိုးမှာ မတွေ့ဘူး သေးဘူးလို့လည်း အစီရင်ခံစာက ဆိုပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာတွေ ဟာသူတို့နေအိမ်ကို သူတို့မီးရှို့ပြီး တဖက်နိုင်ငံကို ထွက်ပြေးတာလို့ ပြောပါတယ်။ မြန်မာ့ တပ်မတော်ဘက်ကလည်းစစ်သွေးကြွတွေကို နှိမ်နင်းတာ ဖြစ်ပြီး အရပ်သားတွေကို ပစ်မှတ်ထားတာ မရှိဘူးလို့ ငြင်းဆိုပါတယ်။

အခုအခါ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၄သိန်းလောက် ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိနေပြီး လုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေ ချက်ခြင်းရပ်ဖို့နဲ့ ဒုက္ခရောက်နေတဲ့ သူတွေကို လူသားချင်း စာနာတဲ့ အကူအညီတွေကို အပြည့်အဝပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
Share:

ရခိုင်အကျပ်အတည်း မိုဟာမက် ယူနွတ်စ် အကြံပေး


ဘင်္ဂလားဒေ့ရှ် နိုင်ငံ က နိုဗဲလ်ဆုရှင် ဒေါက်တာ မိုဟာမက် ယူနွတ်စ် က ရခိုင်ပြည်နယ်မြောက်ပိုင်းက အကျပ်အတည်း အရေးတွေနဲ့ပတ်သက်ပြီး အကြံပေး ပြောကြား လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အကြောင်း ကို သိခဲ့သူ ၊ ကိုယ်တိုင်လည်း တွေ့ဆုံဘူးသူဖြစ်တဲ့ နိုဗဲလ်ဆုရှင် ဒေါက်တာ ယူနွတ်စ် က အခု ရခိုင်ပြည်နယ်မြောက်ပိုင်း ကအကြပ်အတည်း ကိစ္စတွေ၊ သိန်းနဲ့ချီပြီးတော့ နယ်စပ် ဖြတ်ကျော်ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်ပြီး သူ့အမြင်အရပြောရင် ဖြေရှင်းနိုင်သူ က ဒေါ်အောင်ဆန်းစုကြည် ပါပဲလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရေး အတွက် လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင် ဆိုတဲ့ ပြယုဂ် အနစ်နာခံမှုတွေ နဲ့ဖြတ်သန်းခဲ့တဲ့သူ ငြိမ်းချမ်းရေး သဘောကို ဆောင်ယူခဲ့တဲ့ သူ ဖြစ်တယ်၊ အခု သူရှိနေရတဲ့အနေအထား ကနေ အရင်လို ငြိမ်းချမ်းရေး သဘောကို ပြန်သွားဖို့လိုတယ်လို့ ဆိုပါတယ်။

သူ့နားမှာရှိနေတဲ့ အမုန်းတရား ရှိနေတဲ့ အသိုင်းအဝိုင်း၊ ဒေါသထွက်နေကြတဲ့ ဝန်းကျင်အနေအထား က ခွာဖို့လိုတယ်လို့ သူ က သူ့အမြင်ကို ဒေါက်တာ မိုဟာမက် ယူနွတ်စ် က ပြောပြပါတယ်။

စစ်တပ်အနေနဲ့ သူတို့လုပ်ဆောင်မှုတွေ ကို ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့က အကာအရံလိုထားထားပြီး သူတို့လုပ်ချင်တာကို လုပ်နေတာ ဖြစ်တယ် ၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဲဒီလို အခန်းကဏ္ဍမှာ ရှိနေတာကို ဖယ်ရှားပစ်လိုက်ပြီး သူ့ရဲ့ နဂို ပုံရိပ်ဖြစ်တဲ့ ငြိမ်းချမ်းခြင်း ကို ပြန်ယူဖို့ အရေးတကြီးလိုအပ်နေတယ် လို့ သူ က ဆိုပါတယ်။

နတ် မြစ်ဘေးကမ်းမှာ ထိုင်ကြည့်မယ် ဆိုရင် လူသေအလောင်းတွေ မျောလာတာကို တွေ့ရလိမ့်မယ် ၊ နောက်ပြီး ထွက်ပြေးလာကြတဲ့သူတွေ အများကြီးပါ ၊ သူတို့ ဟာ အကြမ်ဖက်မှုကို ကြောက်ရွံ့ ထိတ်လန့်စွာ အိုးအိမ်ပစ်ပြီး ထွက်ပြေးခဲ့ရတဲ့သူတွေ ဖြစ်တာကြောင့် ဒါကို ကြည့်ခြင်းအားဖြင့် တခုခုတော့ အကြီးအကျယ် အဲဒီ ဒေသမှာ မှားနေပြီ ဆိုတာ လူတိုင်းသိနိုင်တဲ့အပြင် ဒါတွေကို ဖြေရှင်းဖို့ လိုတာပါလို့ နိုဗယ် ငြိမ်းချမ်းရေး ဆုရှင် မစ္စတာ ယူနွတ်စ် က ပြောပါတယ်။

မနှစ် ၂၀၁၆ ခုနှစ် အောက်တိုဘာလ မောင်တော တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းနှစ်လ အကြာမှာ မိုဟာမက် ယူနွတ်စ် ခေါင်းဆောင်တဲ့ နိုဗယ်ဆုရှင်တွေ ပေါင်းပြီး ရခိုင်အရေးနဲ့ ပတ်သက်လို့ အကြမ်းဖက်မှုတွေ လျော့ပါးအောင် လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရကို အိတ်ဖွင့်ပေးစာ တစောင်နဲ့ တိုက်တွန်းခဲ့ဖူးပါတယ်။

http://www.bbc.com/burmese/41274820
Share:

14 September, 2017

ရခိုင်ပြည်နယ် အကြမ်းဖက်မှု အဆုံးသတ်ဖို့ လုံခြုံရေးကောင်စီ မြန်မာကို တိုက်တွန်း




14 စက်တင်ဘာ၊ 2017
ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ တံခါးပိတ် ဆွေးနွေးခဲ့ရာမှာ လက်ရှိ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ လူသားချင်း စာနာမှု အထောက်အကူတွေ ပေးအပ်ဖို့ ဆိုတဲ့ ကိုဖီအာနန် အကြံပေး ကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။ ဒါဟာ ၉ နှစ် အတွင်း ပထမဦးဆုံး အကြိမ် ထုတ်ပြန်တဲ့ ကြေညာချက် ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက ပြောပြမှာပါ။

ရခိုင်ပြည်နယ် ပဋိပက္ခအခြေအနေ ဆိုးရွားလာမှုကြောင့် လုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်တဲ့ ဗြိတိန်နဲ့ ဆွီဒင်တို့ရဲ့ တောင်းဆိုချက် အရ လုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့က တံခါးပိတ် အစည်း အဝေးပွဲကျင်းပခဲ့ ပြီးတဲ့နောက် ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်လို့ လွန်စွာ စိုးရိမ်မကင်း ဖြစ်တဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
လုံခြုံရေး ကောင်စီရဲ့အလှည့်ကျ ဥက္ကဌ အီသီယိုးပီးယား နိုင်ငံက Tekeda Alemu ကဆွေးနွေးပွဲ အပြီး သတင်းထောက်တွေကို ကြေညာချက်နဲ့ ပတ်သက်လို့ အခုလို ပြောခဲ့ပါတယ်။
“ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ လွန်စွာ စိုးရိမ်မကင်း ဖြစ်ကြပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့က မြန်မာ လုံခြုံရေး တပ်သားတွေ တိုက်ခိုက်ခံရတာကို သိရှိရတဲ့ အတွက် ဒီတိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲ အကြမ်းဖက်မှု ဖြစ်ပွားတာကြောင့် လူပေါင်း ၃ သိန်း ၇ သောင်းကျော် အိုးအိမ်မဲ့ ဖြစ်ရပါတယ်။ လုံခြုံရေး နယ်မြေရှင်းလင်းမှုတွေ အတွင်း အင်အား အလွန်အကျွန် အသုံးပြုခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အနေနဲ့ စိုးရိမ်မကင်း ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့ ၊ တရားဥပဒေ စိုးမိုးရေး ပြန်လည် ချမှတ်ဖို့ ၊ အရပ်သားတွေကို အကာကွယ် ပေးဖို့ ၊ လူမှုရေး၊ စီးပွားရေး သာမန် အခြေအနေ ပြန်ရောက်စေဖို့နဲ့ ဒုက္ခသည် ပြဿနာကို ဖြေရှင်းဖို့ တိုက်တွန်းပါတယ်။”
ပြီးခဲ့တဲ့ သတင်းပတ်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အိုးအိမ်မဲ့ ဖြစ်နေကြသူတွေကို မခွဲခြားဘဲ အထောက်အကူ ပေးနေတယ်ဆိုတဲ့ ပြောကြားချက် ကိုလည်း လုံခြုံရေး ကောင်စီက ကြိုဆိုလိုက်ပြီး ကြေညာချက်မှာ အခုလို တိုက်တွန်းခဲ့တယ်လို့ လုံခြုံရေး ကောင်စီ ဥက္ကဌက ပြောပါတယ်။
“ မြန်မာအစိုးရက လူသားချင်း စာနာမှု အထောက်အကူကို အိုးအိမ်မဲ့ ဖြစ်နေကြသူ အားလုံးကို ခွဲခြားမှု မရှိဘဲ၊ တပြေးညီ အကူအညီ ပေးဖို့ ပေးထားတဲ့ ကတိတွေကို လုံခြုံရေး ကောင်စီက ထောက်ပြပြီး မြန်မာအစိုးရအနေနဲ့ ဒီကတိကို အကော်အထည်ဖော်ဖို့ ရခိုင်ပြည်နယ်မှာ လိုအပ်နေသူတွေ အတွက် အထောက်အကူတွေ ပေးနိုင်အောင် လုပ်ဆောင်ဖို့နဲ့ ၊ လူသားချင်း စာနာမှု အထောက်အကူ ပေးနေကြသူတွေရဲ့ လုံခြုံရေးကို အာမခံချက် ပေးဖို့အပြင် ၊ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ ပူးပေါင်း ဆောင်ရွက်မှု၊ အခြေအတင် ဆွေးနွေးမှုကို ထောက်ခံ အားပေးဖို့ တိုက်တွန်းပါတယ်။”
ဒါ့အပြင် အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကိုလည်း အကောင်အထည် ဖော်ဖို့နဲ့ မြန်မာ အစိုးရက စက်တင်ဘာလ ၁၂ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီကိုလည်း လုံခြုံရေး ကောင်စီက ကြိုဆိုလိုက်ပြီး အကြံပြုချက်များကို လက်တွေ့ အကောင်အထည်ဖော်ဖို့ တိုက်တွန်း လိုက်ပါတယ်။
“ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ ရေရှည် အဖြေရှာဖို့နဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပေးချက်တွေကို အကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းပါတယ်။ ဒါ့အပြင် ဒီအကြံပေးချက်တွေကို အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရက ပထမခြေလှမ်းအဖြစ် ရခိုင် အကြံပေး ကော်မရှင်ဆိုင်ရာ ၀န်ကြီးအဆင့် အဖွဲ့ကို ဖွဲ့စည်းခဲ့တာကိုလဲ ကြိုဆိုပါတယ်။ အကြံပေးချက်တွေကို အကောင်အထည်ဖော်ရာမှာ နိုင်ငံတကာ လူ့အဖွဲ့အစည်းက မြန်မာအစိုးရကို အကူအညီပေးဖို့ အဆင့်သင့် ရှိတဲ့အကြောင်းလည်း လုံခြုံရေးကောင်စီက အတည်ပြုပါတယ်။”

မန်မာနိုင်ငံနဲ့ ပတ်သက်လို့ အခုလို လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ စလုံးတို့က တသဘောတည်း ကြေညာချက် ထုတ်ပြန်တာဟာ ၉ နှစ်တာ အတွင်း ပထမဦးဆုံး အကြိမ် ဖြစ်တယ်လို့ စည်းဝေးပွဲ ခေါ်ယူဖို့ တိုက်တွန်းခဲ့တဲ့ ဗြိတိန် သံအမတ်ကြီး Matthew Rycroft က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ၉ နှစ်တာ ကာလအတွင်း ဒါဟာ ပထမဆုံး အကြိမ် လုံခြုံရေး ကောင်စီက အခုလို သဘောတူပြီး ကြေညာချက် ထုတ်ပြန်လိုက်တာဘဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဆိုးရွားနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မှုမှာ လုံခြုံရေး ကောင်စီက တညီတညွတ်တည်း ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်။ ”
ဒါ့အပြင် လုံခြုံရေး ကောင်စီ ထုတ်ပြန်တဲ့ ကြေညာချက်ဟာ ရခိုင်အရေး စိုးရိမ်မကင်း ဖြစ်သူတွေရဲ့ သဘောထား ဆန္ဒ သုံးချက်စလုံးကို ခြုံငုံ ပါဝင်တဲ့ အတွက်လည်း ကျေနပ်မိတယ်လို့ သံအမတ်ကြီး Rycroft က ပြောပါတယ်။
“ ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်ဟာ ပထမ ခြေလှမ်းဖြစ်ပါတယ်။ လုံခြုံရေး ကောင်စီက လိုချင်တဲ့ အချက် သုံးချက်စလုံး ပါဝင်ပါတယ်။ ပထမက လုံခြုံရေး တပ်တွေရဲ့ နယ်မြေ ရှင်းလင်းရေးတွေကို အားလုံးရပ်တန့်ဖို့၊ ဒုတိယက လိုအပ်တဲ့ နေရာတွေမှာ လူသားချင်း စာနာမှု အကူအညီတွေ ရရှိစေဖို့၊ တတိယဟာကတော့ မြန်မာ အစိုးရ အနေနဲ့ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပေးချက်တွေကို အကောင်အထည် ဖော်ဖို့တို့ဘဲ ဖြစ်ပါတယ်။ ”

နာက်သတင်းပတ်မှာတော့ တူရကီ နိုင်ငံရဲ့တိုက်တွန်းချက် အရ OIC က မြန်မာ့ အရေးဆွေးနွေးဖို့ ရှိပြီး အထွေထွေ ညီလာခံ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးက ဦးဆောင်ပြီး ဆွေးနွေးပွဲ တရပ် ကျင်းပဖို့လည်း ရှိတယ်လို့ သံအမတ်ကြီး Rycroft က ပြောခဲ့ပါတယ်။


ဒ်ါလှလှသန်း
ဗွီအို​အေ(မြန်​မာပိုင်း)
Share:

ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများ အဆုံးသတ်ရန်အတွက် ချက်ချင်းလုပ်ဆောင်ကြရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တိုက်တွန်း




မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ အဆုံးသတ်ရန်အတွက် ချက်ချင်းလုပ်ဆောင်ကြရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက စက်တင်ဘာ ၁၃ ရက်တွင် တိုက်တွန်းခဲ့ပြီး ရခိုင်ပြည်နယ်တွင် မြန်မာ့ တပ်မတော်၏ နယ်မြေရှင်းလင်းရေး ပြုလုပ်မှုအတွင်း အင်အားအလွန်အကျွံ အသုံးပြုခဲ့မှုအား စိုးရိမ်မိကြောင်းလည်း ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မြန်မာမှ ဘင်္ဂါလီမွတ်စလင် (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ။) ၃၈၀၀၀၀ နီးပါးသည် နယ်စပ်ကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့မှု ဖြစ်စေခဲ့သည့် အကြမ်းဖက်မှုများအား တုံ့ပြန်ရန်အတွက် လုံခြုံရေးကောင်စီက တံခါးပိတ် အစည်းအဝေးပြုလုပ်ခဲ့အပြီး ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ယင်းအကြမ်းဖက်မှုများအား ရှုတ်ချခဲ့ပြီး ယင်းဒေသရှိ အကူအညီ လိုအပ်နေသူများထံ လူသားချင်းစာနာမှုအကူ အညီပေးရေး ၀န်ထမ်းများ သွားရောက် ကူညီပေးနိုင်ရန်အတွက် လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုအတွင်း အင်အားအလွန်အကျွံ သုံးစွဲမှုများအတွက် ကောင်စီအဖွဲ့ဝင်နိုင်ငံများက စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ကြပြီး ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ရပ်ဆိုင်းရန်အတွက် ချက်ချင်းလုပ်ဆောင်ကြရန် တိုက်တွန်းခဲ့ကြောင်း ယင်းအစည်းအဝေး အပြီးတွင် လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌရာထူး ထမ်းဆောင်နေသော ကုလသမဂ္ဂဆိုင်ရာ အီသီယိုးပီးယား သံအမတ်ကြီး တီကီဒါအလီမူက သတင်းထောက်များအား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ (မူရင်းသတင်းတွင် ရိုဟင်ဂျာဟု ဖော်ပြထား။) ၃၈၀၀၀၀ နီးပါးအား နိုင်ငံမှ ထွက်ပြေးစေခဲ့သည့် မြန်မာ့တပ်မတော်၏ နှိမ်နင်းမှုကို အဆုံးသတ်ရန်အတွက် တောင်းဆိုရန် ဆွီဒင်နှင့် ဗြိတိန်တို့က စက်တင်ဘာ ၁၃ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
ရခိုင်တွင် ဖြစ်ပွားနေသော ပြဿနာအား ဆွေးနွေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စက်တင်ဘာ ၁၃ ရက်၌ တံခါးပိတ် ဆွေးနွေးမည်ဖြစ်ကြောင်း၊ သို့သော် ပြင်းထန်သော တုံ့ပြန်မှုများအား တရုတ်နှင့် ရုရှားတို့က ဆန့်ကျင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း သံတမန်များက အစောပိုင်းတွင် ပြောကြားထားခဲ့သည်။
အကြမ်းဖက်မှုများ အဆုံးသတ်မှုအား မြင်တွေ့ရန် လိုအပ်ကြောင်း၊ မြန်မာပြည်သူများနှင့် ရခိုင်ပြည်သူများအား လူသားချင်းစာနာမှု အကူအညီများ ချက်ချင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် ပေးနိုင်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်လက်ထောက် သံအမတ်ကြီး Jonathan Allen က ပြောကြားခဲ့သည်။ လတ်တလော ဖြစ်ပေါ်နေမှုများအတွက် လိုအပ်သည့် ညီညွတ်သော ရလဒ်နှင့် ရှင်းလင်းသော သတင်းစကားများ ပါးနိုင်မည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဆွီဒင်သံအမတ်ကြီး Olof Skoog ကလည်း ပြောကြားခဲ့သည်။
၎င်းတို့မြင်တွေ့ခဲ့ရသော စစ်ရေးအရ နှိမ်နင်းမှုအား ရပ်ဆိုင်းရန်နှင့် လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေများအား အပြည့်အ၀ လေးစားလိုက်နာရန် တိုက်တွန်းသည့် သတင်းစကားများ ဖြစ်သင့်ကြောင်း Skoog က ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အရေးအတွက် ပြီးခဲ့သော သီတင်းပတ် နှစ်ပတ်ခန့်က တံခါးပိတ် အစည်းအဝေး တစ်ခုအား ပြုလုပ်ခဲ့သော်လည်း လုံခြုံရေးကောင်စီက တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ဘဲ ယခုတစ်ကြိမ် အစည်းအဝေး ပြုလုပ်ရန် ဗြိတိန်နှင့် ဆွီဒင်တို့က တောင်းဆိုခဲ့ခြင်းဖြစ်သည်။
Share:

13 September, 2017

AN OPEN LETTER TO UN SECURITY COUNCIL TO INTERVENE TO END THE HUMAN CRISIS IN RAKHINE, MYANMAR






Date: 13 September, 2017
Dear President and Members of the Security Council,
Thank you for holding the UNSC meeting on Rohingya crisis most likely on September 13.
The human tragedy and crimes against humanity unfolding in the Arakan region of Myanmar need your immediate intervention. This is one of the moments when bold and decisive actions are needed.
According to different organizations, recent military offensive by the Myanmar Army in Rakhine State has led to the killing of hundreds of Rohingya people. Hundreds of thousands of people have been displaced. Complete villages have been burned, women raped, many civilians arbitrarily arrested, and children killed. Crucially, humanitarian aid organisations have been almost completely denied access, creating an appalling humanitarian crisis in an area already extremely poor.
According to UN sources, around 300,000 people have fled to Bangladesh during the last two weeks. Human misery created by such massive displacement of men, women and children under the threat of death is getting worse every day.
Some of us denounced the previous spate of violence late last year and wrote to you to intervene. However, the situation has not improved. We urge you to take decisive actions to stop the violence against innocent civilians and bring permanent peace in Rakhine state.
We call on UNSC to intervene immediately by using all available means. We request you to take immediate action for cessation of indiscriminate military attack on innocent civilians that is forcing them to leave their home and flee country to turn into stateless people.
The arguments that the Myanmar government is using to deny Rohingyas their citizenship are ludicrous, to say the least. At independence of Burma from the British in 1948 and under successive governments, Burma recognized the people of all ethnicities within its border, including the Rohingyas, as full citizens, having representation in the parliament.
The military juntas in the 1980s decided that Rohingyas are not Burmese. Accordingly, they stripped the Rohingyas of their citizenship. They used military and political means to make sure that the Rohingyas leave the country. Systematic persecution aiming at ethnic and religious cleansing began.
We join the Secretary General of the United Nations in re-emphasizing that, "The grievances and unresolved plight of the Rohingya have festered for far too long and are becoming an undeniable factor in regional destabilization. The authorities in Myanmar must take determined action to put an end to this vicious cycle of violence and to provide security and assistance to all those in need.”
We urge you to persuade Myanmar government to take immediate steps to implement the recommendations of the Rakhine Advisory Commission which the Myanmar government established in 2016 under the pressure of international community. The Commission, mostly comprised of Myanmar citizens, chaired by Kofi Annan, recommended providing citizenship to the Rohingyas, to allow them freedom of movement, rights and equality before the law, to ensure communal representation, lack of which affects Muslims disproportionately, to facilitate UN assistance in ensuring safety and security of returning people. The fear became reality through the attack on Myanmar security forces by the militants. Unless, constructive effort to build lasting peace is taken, the situation will get worse which in turn may pose serious security threat to the neighbouring countries.
To implement the Commission recommendations we suggest the following preparatory steps:
1.Reappoint the Commission members immediately to constitute an Implementation Committee to oversee the implementation of the recommendations,
2.Take immediate steps to stop the outflow of refugees,
3.Invite international observers to visit vulnerable areas on a regular basis,
4.Invite back the refugees who already left the country,
5.Build camps within Myanmar for the returning refugees to facilitate their rehabilitation with UN financing and supervision,
6.Give them the citizenship as prescribed in the Commission Report under the exclusive authority of the Implementation Committee and
7.Ensure political freedom and freedom of movement.
A bold change in approach is needed by United Nations and the international community if there is to be an end to the cycle of violence against the Rohingyas. The government of Myanmar needs to be told that international support and finance is conditional on a major change in policy towards the Rohingya. Propaganda and incitement of hatred and all violence, particularly state violence against Rohingyas must stop, discriminatory laws and policies must go, the recommendations of Kofi Annan's commission must be implemented immediately.
The world is anxiously waiting to see that UNSC is playing its role to bring end to a humanitarian catastrophe and build peace in the region.
Sincerely yours,
1.Professor Muhammad Yunus
2006 Nobel Peace Laureate
2.Máiread Maguire
1976 Nobel Peace Laureate
3.Betty Williams
1976 Nobel Peace Laureate
4.Archbishop Desmond Tutu
1984 Nobel Peace Laureate
5.Oscar Arias
1987 Nobel Peace Laureate
6.Jody Williams
1997 Nobel Peace Laureate
7.Shirin Ebadi
2003 Nobel Peace Laureate
8.Leymah Gbowee
2011 Nobel Peace Laureate
9.Tawakkol Karman
2011 Nobel Peace Laureate
10.Malala Yousafzai
2014 Nobel Peace Laureate
11.Sir Richard J. Roberts
1993 Nobel Laureate in Physiology or Medicine
12.Elizabeth Blackburn
2009 Nobel Laureate in Physiology or Medicine
13.Javed Akhtar
Poet and Lyricist
14.Syed Hamid Albar
Former Malaysian Minister for Foreign Affairs
15.Shabana Azmi
Actor and Activist
16.Emma Bonino
Former Italian Foreign Minister
17.Sir Richard Branson
Business Leader and Philanthropist
18.Gro Harlem Brundtland
Former Prime Minister of Norway
19.Mo Ibrahim
Entrepreneur and Philanthropist
20.Asma Jahangir
Former Chair Human Rights Commission of Pakistan
21.Kerry Kennedy
Human Rights Activist
22.Alaa Murabit
Voice of Libyan Women, SDG Advocate
23.Narayana Murthy
Business Leader
24.Kasit Piromya
Former Thai Foreign Minister
25.Surin Pitsuwan
Former Secretary-General of ASEAN
26.Paul Polman
Business Leader, SDG Advocate
27.Mary Robinson
Former President of Ireland
28.Jeffrey D. Sachs
Director of the UN Sustainable Development Solutions Network
29.Forest Whitaker
Actor and SDG Advocate
30.Jochen Zeitz
Business Leader and Philanthropist
Share:

ဘင်္ဂလားဒေ့ရှ်သည် လူဦးရေပေါက်ကွဲပြီး ရခိုင်ပြည်နယ်အတွင်း ၀င်ရောက်လုပ်ကိုင် စားသောက် နေကြသည် ဆိုသည့် အချက်ကို ပြန်လည်သုံးသပ်စေလိုဟု ဘင်္ဂလားဒေ့ရှ်စစ်သံမှူးက ပြော

သဘာဝကျတဲ့ ထောက်ပြချက်အချက်အလက် အခိုင်အမာနဲ့ ထောက်ပြခဲ့တဲ့ ဒီထောက်ပြတွေကို အခြားဆွေးနွေး သူတွေ ပြန်လည်ချေပနိုင်ခြင်း မရှိပါဘူး။
Image may contain: 3 people, closeup

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူဦးရေပေါက်ကွဲပြီး ရခိုင်ပြည်နယ်တွင် လုပ်ကိုင်စားသောက်ရန် ၀င်ရောက်နေ ကြသည် ဆိုသည့်အချက်အပေါ် ပြန်လည်သုံးသပ်စေလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်သံမှူး က ပြောကြားသည်။
စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ Gandamar Wholesale ၌ Discussions on Finding Solutions ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်စစ်သံမှူးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် နိုင်ငံတကာရေးရာသုတေသီဦးကိုကိုလှိုင်၊ ပြင်သစ်နိုင်ငံအရှေ့တိုင်းပညာရပ်များ သုတေသန ဌာန ညွှန်ကြားရေးမှူးချုပ် Dr. Jacques P.Leider တို့က ပင်တိုင်ဆွေးနွေးခဲ့ကြပြီး ဗိုလ်မှူးကြီး သန်းအေး က Moderator အဖြစ် ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲကို (၁) နိဒါန်း၊ (၂) ရိုဟင်ဂျာဟူသော အမည်ပေါ်ပေါက်လာပုံ၊ (၃) ပြဿနာဖြစ်ပွားရသည့် အကြောင်း အရင်းများ၊ (၄) လူဝင်မှုနှင့် နိုင်ငံသားဖြစ်မူ၊ (၅) ရခိုင်အရေးတွင် ပြင်ပမှ ပါဝင်ပတ်သက်မှု၊ (၆) အခြား အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေး၊ (၇) ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲ စသည့်ခေါင်းစဉ် ၇ ခုဖြင့် ကျင်းပခဲ့သည် ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
သီးခြားဖိတ်ကြား ထားသူများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်စစ်သံမှူး၊ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်အကြံပေး ပုဂ္ဂိုလ်များ ဖြစ်ခဲ့သည့် ဒေါက်တာရင်ရင်နွယ်၊ ဒေါက်တာနေဇင်လတ်နှင့် သမိုင်းပညာရှင်ပါမောက္ခဒေါက်တာအေးချမ်းတို့ကလည်း တဦးလျှင် ၅ မိနစ်ခန့် ပါဝင်ဆွေးနွေးခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်စစ်သံမှူးက ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာတွင် ၂၂ ခုမြောက် စီးပွားရေးကြီးမားသော နိုင်ငံဖြစ်ကြောင်း၊ လူဦးရေအလွန်သိပ်သည်းသော်လည်းစီးပွားရေးတိုးတက်ကောင်းမွန်နေကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရဘတ်ဂျက်သည် မြန်မာအစိုးရဘတ်ဂျက်ထက် ၈ ဆပိုများကြောင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းသည် ၂ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ကြောင်း နှစ်စဉ်တဦးချင်း ပျမ်းမျှဝင်ငွေသည် ဒေါ်လာ ၁၆၀၀ ဖြစ်ကြောင်း၊ နိုင်ငံ၏ဧရိယာ ၉၀ ရာခိုင်နှုန်းသည် လျှပ်စစ်မီးရရှိနေပြီး ကျေးလက်ဒေသများတွင်ပါ ကောင်းမွန်သည့် အင်တာနက်ချိတ်ဆက်မှုနှင့် မိုဘိုင်းဖုန်းကွန်ရက်ရှိကြောင်း ပြောကြားသည်။ ဆွေးနွေးပွဲတွင် ဆွေးနွေး ခဲ့သည့်သတင်းအချက်အလက်များ မှားယွင်းနေသည်ဟုလည်း ၎င်းက ပြောကြားသည်။
''ကျွန်တော်တို့ ရိုဟင်ဂျာတွေအကြောင်း မပြောပါဘူး။ ဒါက သမိုင်းနဲ့ နိုင်ငံရေးဆိုင်ရာအကြောင်းအရာ ဖြစ် ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာဥပဒေအရ လွတ်လပ်စွာသွားလာခွင့်တော့ လူတိုင်းမှာရှိပါတယ်။ လစဉ် မြန်မာနိုင်ငံသား ၂ သိန်းလောက် ပြည်ပထွက်ပြီး အလုပ်အကိုင်ရှာဖွေကြတယ်လို့လည်း သိရပါတယ်။ ဒါဟာ နိုင်ငံတကာဥပေဒအရ လွတ်လပ်ခွင့်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်ဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း စစ်သွေးကြွအကြမ်းဖက်ဝါဒကို တိုက်ဖျက်နေပါတယ်။ အဲဒီတော့ ကျွန်တော် မေတ္တာ ရပ်ခံချင်တာက ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လူဦးရေပေါက်ကွဲပြီး ရခိုင်ပြည်နယ်မှာ လုပ်ကိုင်စားသောက်ဖို့ ၀င်ရောက်ကြတယ်ဆိုတဲ့အချက်အပေါ်မှာ ပြန်လည်သုံးသပ်စေလိုပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ယင်းဆွေးနွေးပွဲသို့ နိုင်ငံရေးသုတေသီများ၊ သမိုင်းပညာရှင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံမှူးများ၊ နိုင်ငံ့အရေး၊ အမျိုးသားရေး၊ ရခိုင်ပြည်နယ်အရေး စိတ်ပါဝင်စားသူများနှင့် သတင်းမီဒီယာသမားများ စုစုပေါင်း အင်အား ၅၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ခဲ့သည်။
မင်းထင်
Photo-Zaw Min
News Watch
Share:

မြန်မာဘက် ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲသို့ မကြုံစဖူး များပြားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ထွက်ပြေး နေ၍ အကူအညီများ လိုအပ်

ဗွီအိုအေ (မြန်မာပိုင်း)
 သိန်းနဲ့ချီပြီး ထွက်ပြေးခိုလှုံခဲ့ကြတဲ့သူတွေကို ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် သွားရောက်ကြည့်ရှု့
မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း မကြုံဘူးလောက်တဲ့ အတိုင်းအတာနဲ့ သူတို့အခေါ် ရိုဟင်ဂျာ ဒုက္ခသည်တွေ ထွက်ပြေး လာနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ကလေးငယ် ၂၀၀,၀၀၀ အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း UNICEF - ကုလသမဂ္ဂ ကလေးငယ်များ ရံပုံငွေအဖွဲ့က အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။သြဂုတ်လ ၂၅ ရက်နေ့က စလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က Cox’s Bazaar ဒေသ ကို ရောက်လာသူ စုစုပေါင်း ဒုက္ခသည် အရေအတွက်ဟာ ၃၃၀,၀၀၀ ကျော်သွာားပြီလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုလို ထွက်ပြေးလာကြတဲ့ အရေအတွက်နဲ့ အချိန်ကာလဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း တခါမှ မကြုံဖူးဘူး လို့ ဆိုပါတယ်။ စက်တင်ဘာ ၄ ရက်ကနေ ၁၀ နေ့အထိ ၆ ရက်အတွင်း လူပေါင်း ၂၂၀,၀၀၀ ထွက်ပြေး ခဲ့ကြတယ်လို့ ဆိုပါတယ်။ အခုလို ထွက်ပြေးလာမှု ဘယ်တော့ အဆုံးသတ်မယ် ဆိုတာကိုလည်း သူတို့အနေနဲ့ မခန့်မှန်းနိုင်ကြောင်း ယူနီဆက်ဖ် အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီကိစ္စဟာ တဖြည်းဖြည်း ကြီးထွားလာနေတဲ့ စာနာမှုဆိုင်ရာ အခက်အခဲ တခု ဖြစ်ကြောင်းနဲ့ အထိအနာဆုံး ကတော့ ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကနဦး ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ထွက်ပြေး လာကြသူ စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်း ဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာတော့ Cox’s Bazaar မှာ ရှိတဲ့ ဒုက္ခသည်တွေ အတွက် ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာနဲ့ ယူနီဆက်ဖ် ထောက်ပံ့ရေး ဌာနရှိရာ ဒိန်းမတ်နိုင်ငံ မြို့တော် Copenhagen တို့ကနေ ထောက်ပံ့ရေး ပစ္စည်းတွေ ကို ပို့ပေးနေတယ်လို့ ဆိုပါတယ်။
သူတို့အတွက် အနည်းဆုံး လိုအပ်တဲ့ ရံပုံငွေဟာ အမေရိကန် ဒေါ်လာ ၇ ဒသမ ၃ သန်း ဖြစ်ပေမယ့် ဒုက္ခသည် အရေအတွက် ထပ်တိုးလာတာနဲ့ အမျှ ရံပုံငွေလည်း ထပ်လိုနေဦးမှာ ဖြစ်တယ်လို့ ယူနီဆက်ဖ်ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Share:

ရခိုင်ပြည်နယ်တွင် လူမျိုးစုလိုက် သုတ်သင်မှု အန္တရာယ် ရှိနေပြီဟု ကုလ အတွင်းရေးမှူးပြော

စက်တင်ဘာ ၆၊ ၂၀၁၇
M-Media
width=570– ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့အတွက် ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မြန်မာအစိုးရကို မေတ္တာရပ်ခံလိုက်ပြီး လူမျိုးစုလိုက် သုတ်သင်မှုအန္တရာယ်မျိုး ရှိနေပြီလို့လည်း သတိပေးလိုက်ပါတယ်။
သြဂုတ်လနှောင်းပိုင်းက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA ဟာ ပြည်နယ်မြောက်ပိုင်းက ရဲကင်းပေါင်း ၃၀ လောက်ကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက် တစ်ကျော့ပြန်ဖြစ်လာတဲ့ မတည်ငြိမ်မှုအတွင်း ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
မြန်မာအစိုးရက ရခိုင်တိုင်းရင်းသားတွေကို ဘေးလွတ်ရာနေရာကို ပြောင်းရွှေ့ပေးထားပြီး တိုက်ခိုက်မှု အတွင်း လူ ၄၀၀ ကျော်လောက် သေဆုံးခဲ့ကာ အများစုက အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီး ပြီးခဲ့တဲ့ ၁၂ ရက်အတွင်း စုစုပေါင်း ၁၂၅၀၀၀ လောက်ရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
“ရိုဟင်ဂျာတွေ ဆင်းရဲဒုက္ခ ခံစားနေလာရတာဟာ တော်တော်လေးကြာညောင်းနေပြီဖြစ်ပြီး ဒါဟာ ဒေသတွင်း မတည်ငြိမ်မှုရဲ့ ငြင်းမရတဲ့ အကြောင်းအချက်တစ်ခု ဖြစ်ပါတယ်။ ဒီလို ဆိုးရွားရဲ့ အကြမ်းဖက် သံသရာကို အဆုံးသတ်ဖို့၊ လိုအပ်ချက်ရှိသူအားလုံးကို လုံခြုံရေးနဲ့ ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားဖို့ အတွက် မြန်မာအာဏာပိုင်တွေဟာ ပြတ်သားတဲ့ ဆောင်ရွက်မှုတွေ မဖြစ်မနေ ဆောင်ရွက်ရ ပါတော့မယ်” လို့ မနေ့မှာ ဂူတာရက်စ်က နယူးယောက် ကုလရုံးချုပ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အခြေအနေ တည်ငြိမ်လာရေးအတွက် ဖိအားပေးဖို့ ကုလ လုံခြုံရေးကောင်စီကို ဂူတာရက်စ်က တိုက်တွန်း ခဲ့ပြီး၊ လုံခြုံရေးကောင်စီကို ပေးစာမှာ “ပြဿနာ ထပ်မံမကြီးထွားအောင် ခိုင်မာတဲ့ ကြိုးပမ်းမှုတွေ ဆောင်ရွက်ဖို့ အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ တာဝန်ရှိနေပြီ” လို့ ဖော်ပြခဲ့ပါတယ်။ ကုလအတွင်းရေးမှူးချုပ်က အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ လုံခြုံရေးကောင်စီကို စာပို့တယ်ဆိုတာ ရှားပါးတဲ့ ဖြစ်ရပ်ပါ။
ကုလအတွင်းရေးမှူးချုပ်ဟာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ လူသားချင်းစာနာထောက်မှုဆိုင်ရာ ကပ်ဆိုး မဖြစ်အောင် ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ တိုက်တွန်းခဲ့ပြီး ဒီတစ်ပတ်မှာတော့ ပိုမို ဖိအားပေးလာ တာဖြစ်ပါတယ်။
လုံခြုံရေးကောင်စီဟာ ရခိုင်အရေးအတွက် ပြီးခဲ့တဲ့တစ်ပတ်မှာ တံခါးပိတ် ဆွေးနွေးခဲ့ကြပြီး တရားဝင် ကြေငြာချက်တော့ ထွက်မလာခဲ့ပါဘူး။
ကုလသမ္မတ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးရဲ့ ရိုဟင်ဂျာတွေရဲ့ အန္တရာယ် ကင်းရှင်းရေးအတွက် အလွန်အမင်းစိုးရိမ်မိတယ်လို့ ပြောကြားထားပါတယ်။
Ref: Aljazeera


Share:

“အလောင်းမင်းတရားတည်ခဲ့တဲ့ ရန်ကုန်မြို့ဟောင်း ထဲက ဗလီ သုံးလုံး”

“အလောင်းမင်းတရား တည်ခဲ့တဲ့ ရန်ကုန်မြို့ဟောင်း ထဲက ဗလီ သုံးလုံး”
10:16 pm - By M-Media Group 0


စက်တင်ဘာ ၁၁၊ ၂၀၁၆
M-Media
ကိုဗခင် (စင်ကာပူ) ရေးသည်။

.
၂၀၀၆ ခုနစ်မှာ ကျွန်တော် စင်ကာပူရောက်တော့ အိမ်အနီးအနားက ဗလီဝတ်ကျောင်းတွေကို အင်တာနက်မှာ ရှာရင်းနဲ့ မြစ်ကြောင်း တလျောက်မှာ ဗလီဝတ်ကျောင်းတွေကို ဟိုတစု ဒီတစု ပိုပြီး တွေ့ရတာကို သတိထားမိတယ်။စင်ကာပူ တနိုင်ငံလုံး ဗလီဝတ်ကျောင်းတော်ပေါင်း အလုံးရေ ၇၀ ရှိပါသည်။ သတိထားမိသလောက် ရိုချာ (Rocher River) မြစ်ဝမှာ ၁၈၄၆ ကဆောက်တဲ့ ဟာဂျီမကြီး ဖာတီမာ ဗလီဝတ်ကျောင်း (Masjid Hajjah Fatimah) ၊မြစ်အပေါ်ကို ဆက်တက်သွားရင် ၁၉၀၇ ခုနစ်က အဗ္ဗဒူလ် ဂဖါးရ် ဗလီဝတ်ကျောင်း (Abdul Gaffoor Mosque၊ ထိုဗလီ နှစ်လုံးကြားမှာ ၁၉၆၂ ခုနစ်ကဆောက်တဲ့   မာလဘာ ဗလီဝတ်ကျောင်း (Masjid Malabar) ပေါ့လေ။စင်ကာပူက နံမည်ကျော် စူလ်တန်ဗလီဝတ်ကျောင်း Masjid Sultan ကိုလည်း ရိုချာမြစ် (Rocher River) နဲ့ ခပ်လှမ်းလှမ်းမှာတွေ့ရပါသည်။
.
စင်ကာပူ (Singapore River)  မြစ်ဝမှာ  ၆၂ နှစ်သက်တမ်းရှိ မော်လာနာ မိုဟာမက်အလီ ဗလီဝတ်ကျောင်း (Moulana Mohamed Ali Mosque), မြစ်ညာကိုဆက်တက်ရင် ၁၈၂၀ ခုနစ်က ဆောက်တဲ့ အိုမာ ကန်ပုန်း မလာကာ ဗလီဝတ်ကျောင်း (Masjid Omar Kampong Melaka) ၊ ထို ဗလီ နှစ်လုံးကြား နောက်ဖက်ခပ်လှမ်းလှမ်းမှာ ၁၈၂၆ ကဆောက်တဲ ကျူလီယာ ဗလီဝတ်ကျောင်း (Chulia Mosque) စသည်ဖြင့် မြစ်အောက် ၊မြစ်ဝ၊ မြစ်ညာ ရဲ့  မနီးမဝေးမှာ တွေ့ရပါသည်။
.
ကျွ့န်တော်တို့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် တလျောက်က မြို့တွေမှာလည်း အခုလိုပဲ ဗလီဝတ်ကျောင်း တွေ တွေ့ရပါသည်။ ရန်ကုန်ရောက်ရင်လည်း ဗလီတွေ အတော်များများတွေ့လေ့ ရှိသော်လည်း ဒီဗလီတွေကို ဘယ်တုန်းကဆောက်လည်း ဘယ်သူတွေဆောက်ခဲ့လည်း ထူးထူးထွေထွေ အထူးတလည် မစဉ်းစားခဲ့မိရိုး အမှန်ပါ။ ကိုလိုနီခေတ်ဦးမှာ မြန်မာပြည်ကို အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တခုအဖြစ် သတ်မှတ် လိုက်တော့ ကိုလိုနီနိုင်ငံသားတွေ လွတ်လပ်စွာ ကူးသန်းသွားလာရာကနေ ကိုလိုနီခေတ်ရန်ကုန်မှာ ဗလီဝတ်ကျောာင်း အများစုဆောက်ခွင့် ရခဲ့ကြပါတယ်။အုပ်ချုပ်သူအစိုးရက အုပ်ချုပ်ခံ ပြည်သူတွေကို လိုအပ်ချက်အရ တရားဝင် ခွင့်ပြုပေးရတာလည်း ထူးဆန်းလှသည် မဟုတ်ပါ။ မြန်မာပညာတတ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ စင်ကာပူမှာလည်း ၁၀စုနှစ် ၂ စုအတွင်း ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊တရားရိပ်သာတွေ ဟာ လွန်ခဲ့တဲ့ ၁၀စုနစ်ကထက် အဆပေါင်းများစွာ တိုးပွားလာပါတယ်။
.
ဒါပေမယ့် ဒီနှစ်ပိုင်းတွေထဲ စေ့စေ့ဆော်ဆော် စွပ်စွပ်စွဲစွဲ အကြောင်းတရားတွေဖြစ်လာတော့ လက်လှမ်းမှီ သလောက် မူရင်း မှတ်တမ်းမှတ်ရာတွေကို ရှာရှာဖွေဖွေ ဖတ်ကြည့်မိပါတယ်။ ဗလီဲ ဝတ်ကျောင်းတွေနဲ့ ပတ်သက်ပြီး မြို့စွဲ ဒေသစွဲ သန်တဲ့  မန္တလေးသား များကတော့ သူတို့မန်းမြို့က ဗလီ ဝတ်ကျောင်းများ ကတော့  မန်းလေးမြို့တည် မြန်မာဘုရင် မင်းတုန်းမင်ကြီး လက်ထက်ကတည်းက ရှိခဲ့တာဆိုပြီး ဂုဏ်ယူဝင့်ကြွား ပြောလေ့ရှိတော့၊ ကိုယ့်စိတ်ထဲမှာ ရန်ကုန်မှာရော ဗလီတွေများ အင်္ဂလိပ်လက်ထက် မရောက်ခင်က မရှိခဲ့ဘူးလား။  အင်္ဂလိပ်တွေထက် မြန်မာပြည်စောရောက်တဲ့ အီတလီ၊ပြင်သစ်၊ပေါ်တူဂီ မူရင်းမှတ်တမ်းတွေကို ကိုယ်ကဖတ်နိုင်စွမ်း မရှိတော့  ရန်ကုန်နဲ့ ပတ်သက်တဲ့ အင်္ဂလိပ် မှတ်တမ်းတွေကိုရှာဖွေဖတ်ပါတယ်။ အခုချိန်အထိ ကျွန်တော် လက်လှမ်းမှီသလောက်  ရန်ကုန်မှာ ဗလီဝတ်ကျောင်းတွေကို နေရာအတိအကျနဲ့ ပထမဆုံး မြေပုံမှတ်တမ်းတင်သွားသူက ၁၈၄၆ ခုနစ် ၊ သြဂုတ်လ ၁၄ ရက်နေ့မှာ ရန်ကုန်ဆိပ်ကမ်းကိုရောက်လာတဲ့ မစ္စတာဂရန့်ပါ။ ဆရာတင်နိုင်တိုး စာအုပ် အရဆို မစ္စတာဂရန့် အလည်လာချိန်မှာ ၁၈၄၅ မှ ၁၈၄၆ အထိတာဝန်ယူခဲ့တဲ့ မြန်မာ မြို့ဝန် မင်းကြီးမင်းလှ မဟာမင်းခေါင်ကျော်ထင် (ဦးညို) သို့မဟုတ် ၁၈၄၆ မှ ၁၈၅၀ အထိ အုပ်ချုပ်ခဲ့တဲ့ မြို့ဝန်မင်းကြီး မဟာမင်းခေါင်ရာဇသူ (ဦးထိုက်) လက်ထက် အချိန် ဖြစ်မယ်လို့ယူဆပါသည်။

111
.
သူရဲ့ ရန်ကုန်သို့ ခရီးတခေါက်စာအုပ် စာမျက်နှာ ၂၁မှာ(A little further in-land appears the plain wooden spire of the Armenian Church, not very far from which, on the same road is the Roman Catholic Church, whilst in three different parts of the town there are Mohummudan mosques, indicating that intolerance in religious matters, at least, is not amongst the faults of the Boodhists.) ရန်ကုန်ဆိပ်ကမ်းနဲ့ မနီးမဝေးမှာ အာမေးနီးယန်းချပ်စ် တခု၊ရိုမန်ကက်သလစ် ချပ်စ်တခုနဲ ဗလီဝတ်ကျောင်းသုံးခုတွေ့ရကြောင်း ရေးသွားခဲ့ပါတယ်။ထို့အပြင် ပိုပြီး စိတ်ဝင်စားဖို့ကောင်း တာက သူ့စာအုပ်ရဲ့ နောက်ဆုံးက မြေပုံမှာ ဗလီဝတ်ကျောင်း သုံးခုရဲ့ နေရာအတိအကျ ကို ထည့်ဆွဲပေးခဲ့တာပါ။ ၎င်းမြေပုံထဲမှာပဲ တရုတ်သင်းချိုင်း၊ အင်္ဂလိပ်သင်းချိုင်းကြား ထဲမှာ မွတ်စ်လင်တွေအ တွက် ကဘရ်စတန် တစ်ခုကိုပါ မြို့အပြင်မှာတွေ့ရနိုင်ပါတယ်။
.14330834_10208277601912355_381737537_n
၎င်းရန်ကုန်မြို့ဟောင်းမြေပုံနဲ့ ပတ်သက်ပြီး သတိထားမိတာ တခုက ၁၉၉၈ ခုနစ်ထုတ် ဦးအေးချို (မဟာဝိဇ္ဇာ) ရေးတဲ့ ဆူးလေစေတီသမိုင်း စာအုပ် စာမျက်နှာ ၃၂မှာ အလောင်းမင်းတရားလက်ထက် ရန်ကုန်မြို့ဆိုတဲ့ မြေပုံမှာ ဗလီတလုံးပဲ နေရာပြထားတော့ ၊ နောက်ထပ် ၂လုံးက အလောင်းမင်းတရား တည်ခဲ့တဲ့ ရန်ကုန်မြို့ထဲမှာ နောက်ပိုင်းမှ ထပ်ဆောက်တယ်လို့ တွေးထင်မိပါ၏။
.
ဆရာကြီး ဦးမောင်ကိုဂဖါရီက ၁၉၆၀ အောက်တိုဘာလထုတ် ဂါးဒီးယန်းမဂ္ဂဇင်းမှာ ရန်ကုန်မှာ ဗလီသုံးလုံး ရှိခဲ့ဖူးကြောင်း၊ တခြမ်းပဲ့ဗလီ၊ လမ်း၁၃၀ ပိန္နဲကုန်းဗလီနဲ့ ဘင်ဂါလီကဘရ်စတန်ထဲက ဗလီတွေဖြစ်ကြောင်း၊ သူရဲ့ရန်ကုန်ရောက် ရှေးဦး မွတ်စ်လင် အသိုင်းအဝိုင်းဆောင်းပါးထဲမှာ ရေးထားတာ လည်းဖတ်ရသည်။
.
ရန်ကုန်မြို့ဟောင်းတည်ဆောက်ပုံအရ ဆရာကြီးရေးတဲ့ ဗလီသုံးလုံးဟာ ဂရန့်စာအုပ်ထဲက ဗလီတွေထက် ပိုပြီးနောက်ကျနိုင်ဖွယ် ရှိပါသည်။
.
ထိုကြောင့် ဂရန့်ရဲ့ စာအုပ်ထဲက ဗလီဝတ်ကျောင်းတော်သုံးလုံးဟာ အောက်မြန်မာပြည် ရန်ကုန်မြို့မှာ ဗမာဘုရင် လက်ထက်တော်က မြေပုံနဲ့တကွ အခိုင်အမာတွေ့ရတဲ့ဗလီဝတ်ကျောင်းသုံးလုံးဖြစ်ကြောင်း ဆင်ခြင်မိပါတယ်။ စိတ်ဝင်စားသူများ အတွက်ကတော့ အလောင်းမင်းတရားတည်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့ အကျယ် အဝန်း၊  ခန့်မှန်းခြေ လူဦးရေ နဲ့ လက်ရှိ မြို့အနေအထားအရဆို ဘယ်နေရာ လောက်မှာ တည်ရှိမည်နိုင် ဆိုတာ ဆက်လက်စူးစမ်းသင့်ပေသည်။
.
မည်သို့ပင်ဆိုစေကာမူ အရှေ့တောင်အာရှ အနှံ့ မြစ်ကမ်း၊ မြစ်ဆိပ်၊မြစ်ဝတွေနဲ့ မနီးမဝေးအရပ်တွေမှာ မွတ်စ်လင်ကုန်သည်လူတန်းစားများ အေးချမ်းစွာနေထိုင်ခဲ့ကြောင်း သက်သေတည်လျက်ရှိပါ၏။

ကိုဗခင် (စင်ကာပူ)

ကူးချထားသောစာအုပ်များ
၁) ဆူးလေစေတီသမိုင်း, ဦးအေးချို (မဟာဝိဇ္ဇာ), ၁၉၉၈ ခုနစ်ထုတ်။
၂) စာမျက်နှာ ၃၁၊ မဟာရန်ကုန်ကောက်ကြောင်း၊ တင်နိုင်တိုး။
၃) The First Muslim Community of Rangoon by Mg Ko Gaffari, The Guardian Magazine, 1960 October
၎) A Rough Pencillings of a Rough Trip to Rangoon in 1846, Colesworthy Grant
Share:

12 September, 2017

ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ အားပေးကူညီဖို့ မြန်မာအစိုးရတိုက်တွန်း

   နန်းလောင်ဝ်


ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေအပေါ် စိုးရိမ်မှုတွေ တိုးလာနေတဲ့ နိုင်ငံတကာ အသိုင်းအ၀န်းအနေနဲ့ ပြဿနာကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှုတွေကို အားပေးကူညီဖို့နဲ့ မတည်မငြိမ် အခြေအနေတွေ ပေါ်ပေါက်လာရတဲ့ အကြောင်းရင်းတခုဖြစ်တဲ့ အစွန်းရောက်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချဖို့လည်း မြန်မာအစိုးရက တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေကြောင့် သိန်းနဲ့ချီပြီး ထွက်ပြေးခိုလှုံခဲ့ကြတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ်ကတော့ ဒီကနေ့ပဲ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပြီး၊ အစွန်းရောက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ပြစ်တင်ပြောဆိုလိုက်သလို၊ မြန်မာအစိုးရ အနေနဲ့လည်း ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အပြည့်အစုံကိုတော့ နန်းလောဝ် က တင်ပြပေးမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေအပေါ် နိုင်ငံတကာက စိုးရိမ်သလို၊ မြန်မာနိုင်ငံ အနေနဲ့လည်း စိုးရိမ်ကြောင်းနဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းနေကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။ နိုင်ငံတကာ အသိုက်အ၀န်း အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုတွေကို ပါဝင်ပံ့ပိုးတာဟာလည်း အကောင်းဆုံး ကူညီရာရောက်ကြောင်း ဖော်ပြထားပါတယ်။
တချိန်တည်းမှာပဲ သြဂုတ်လ ၂၅ ရက်နေ့နဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားပြီး တပြိုင်နက်တည်း တိုက်ခိုက်မှုတွေ ကျုးလွန်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုရဲ့ လုပ်ရပ်တွေကြောင့် ပဋိပက္ခတွေ ကြီးထွားခဲ့ရတာကိုလည်း ပြစ်တင်ရှုတ်ချဖို့ တိုက်တွန်းခဲ့တာပါ။ ရခိုင်ပြည်နယ်က အခြေအနေကြောင့် သိန်းနဲ့ချီထွက်ပြေးနေရတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၀န်ကြီးချုပ် Sheikh Hasina ကတော့ ဒီကနေ့ပဲ ဒုက္ခသည် စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပြီး အစွန်းရောက်တွေရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့သလို၊ မြန်မာအစိုးရကိုလည်း ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းဖို့ တိုက်တွန်းခဲ့ပါတယ်။
“အခုဖြစ်ရပ်ကို ကျုးလွန်သူတွေအပေါ်မှာလည်း ကျမအနေနဲ့ ရှုတ်ချပါတယ်။ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရတယ်၊ ၁၃၅ ယောက် သေပါတယ်။ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေကို တိုက်ခိုက်ခဲ့တဲ့ ဒီလူတွေရဲ့ လက်ချက်ကြောင့် အခုလို အခြေအနေတွေ ပေါ်ပေါက်လာတာဖြစ်တဲ့အတွက်၊ ဒါတွေကို ရပ်ရပါလိမ့်မယ်။ တချိန်တည်းမှာပဲ မြန်မာအစိုးရ အနေနဲ့ အခြေအနေကို စိတ်ရှည်လက်ရှည် ကိုင်တွယ်ဖို့ လိုပါတယ်။ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို သာမာန်လူထုအပေါ် တိုက်ခိုက်တာမျိုး ခွင့်မပြုသင့်ပါဘူး။ အမျိုးသမီးတွေ၊ ကလေးတွေ၊ အပြစ်မဲ့ပြည်သူတွေအနေနဲ့ ဘာရာဇ၀တ်မှုမှ ကျုးလွန်ခဲ့ကြတာ မဟုတ်ပါဘူး။”
မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ ARSA အစွန်းရောက် အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာ ထုတ်ပြန်ချိန်နဲ့ အချိန်ကိုက် ကျုးလွန်ခဲ့တာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီး နောက်ဆက်တွဲအဖြစ် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်က ဦးဆောင်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ၊ အရပ်သားသေဆုံးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တွေ သိန်းနဲ့ချီထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက ပြောဆိုနေကြတာပ။ါ ၀ါရှင်တန် အခြေစိုက် Carnegie Endowment for International Peace က နိုင်ငံရေးအကဲခတ် Vikram Nehru ကတော့ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထွက်ပြေးနေရတာဟာ ARSA အစွန်းရောက်အဖွဲ့ထက်၊ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးကြောင့် ထွက်ပြေးရတဲ့သူက ပိုများတယ်လို့ သုံးသပ်ပါတယ်။
“ARSA ဟာ အဖွဲ့ငယ်လေး တခုပါ၊ လတ်တလောမှာလည်း တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်နိုင်စွမ်းရှိတဲ့ အဖွဲ့မျိုး မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို အလုံးအရင်းနဲ့ ထွက်ပြေးနေရတာဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ လုပ်ရပ်ကြောင့်ပါ။ ARSA နဲ့ ဘာမှ မဆိုင်ပါဘူး။”
မြန်မာအစိုးရကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်ဆင်ရေးမှာ ဥပဒေနဲ့အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့နဲ့ တည်ငြိမ်မှုရရှိရေး ကြိုးပမ်းရာမှာ အပြစ်မဲ့ပြည်သူတွေ မထိခိုက်အောင် ဆောင်ရွက်ဖို့ ညွန်ကြားထားကြောင်း ကြေညာချက် မှာ ဖော်ပြထားတာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ရင်လည်း တရားဥပဒေအရ အရေးယူသွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုထားတာဖြစ်ပါတယ်။
Share:

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ ဖွဲ့စည်းခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၇၅ /၂၀၁၇

၁၃၇၉ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်
( ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် )

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းခြင်း
၁။ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တို့၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက်“ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ” ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
(က) ပြည်ထောင်စုဝန်ကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန ဥက္ကဋ္ဌ
( ခ) ဝန်ကြီးချုပ်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပူးတွဲဥက္ကဋ္ဌ
( ဂ) ဒုတိယဝန်ကြီး
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဥက္ကဋ္ဌ
(ဃ) အမြဲတမ်းအတွင်းဝန်
ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်
( င) အမြဲတမ်းအတွင်းဝန်
ပြန်ကြားရေးဝန်ကြီးဌာန အဖွဲ့ဝင်
(စ) အမြဲတမ်းအတွင်းဝန်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အဖွဲ့ဝင်
( ဆ) အမြဲတမ်းအတွင်းဝန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အဖွဲ့ဝင်
( ဇ) အမြဲတမ်းအတွင်းဝန်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဈ) အမြဲတမ်းအတွင်းဝန်
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား
ဝန်ကြီးဌာန အဖွဲ့ဝင်
(ည) အမြဲတမ်းအတွင်းဝန်
ပညာရေးဝန်ကြီးဌာန အဖွဲ့ဝင်
( ဋ) အမြဲတမ်းအတွင်းဝန်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အဖွဲ့ဝင်
( ဌ) အမြဲတမ်းအတွင်းဝန်
ဆောက်လုပ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
( ဍ) ခေတ္တညွှန်ကြားရေးမှူးချုပ်
စီမံရေးနှင့် ဘဏ္ဍာရေးဌာနကြီး
နိုင်ငံတော်သမ္မတရုံး အဖွဲ့ဝင်
(ဎ) ဒုတိယဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန အတွင်းရေးမှူး
(ဏ) အမြဲတမ်းအတွင်းဝန်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး
၂။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တို့၏ အကြံပြုချက်များနှင့်စပ်လျဉ်း၍ မြေပြင်အခြေအနေပေါ် မူတည်ပြီး အကျိုးရှိမည့် ကိစ္စရပ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရမည်။
( ခ) တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် မတူကွဲပြားသည့် လူမှုအသိုက် အဝန်းများအကြား စိတ်အေးချမ်းသာစွာ အတူတကွ နေထိုင်နိုင်ရေးတို့အတွက် ဦးတည် ကြိုးပမ်း ဆောင်ရွက်ရမည်။
( ဂ) ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များ အလျင်အမြန် ဖွံ့ဖြိုးလာစေရေးအတွက် မဟာဗျူဟာ စီမံချက်ရေးဆွဲချမှတ်ပြီး ဆောင်ရွက်ရမည်။
(ဃ) တိုင်းရင်းသားကျေးရွာများ ရေရှည်ရပ်တည်နိုင်ရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးတို့ အတွက် ကြိုးပမ်းဆောင်ရွက်ရမည်။
( င) ဒေသခံပြည်သူများသည် အခြားဒေသများသို့ ရွှေ့ပြောင်းထွက်ခွာသွားခြင်းကို ကာကွယ် တားဆီးနိုင်ရန်အတွက် အခြေခံအဆောက်အအုံများ ပေါ်ထွန်းလာစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက် ရရှိလာစေရေး သင့်လျော်သည့် မူဝါဒများ ချမှတ် ဆောင်ရွက်ရမည်။
( စ) အကြမ်းဖက် တိုက်ခိုက်မှုပပျောက်ရေးနှင့် မူးယစ်ဆေးဝါးကင်းစင်ရေးနယ်မြေ ဖြစ်လာ စေရန် ဦးစားပေး ဆောင်ရွက်ရမည်။
(ဆ) ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ ပေးအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ၊ ထောက်ပံ့ပစ္စည်းများကို နိုင်ငံတော်က ချမှတ်ပေးသော မူဝါဒနှင့်အညီ ခွဲဝေပေးရေး ကြီးကြပ်ရမည်။
(ဇ) ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်သူများကို အသိအမှတ်ပြု၍ နိုင်ငံသားအခွင့်အရေး ရရှိစေရေး(National Verification Process) ကို အရှိန်အဟုန်ဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးရမည်။
(ဈ) ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများအား ၎င်းတို့၏ ကိုးကွယ်သည့် ဘာသာ၊ လူမျိုးနှင့်နိုင်ငံသား၊ ကျား/မဆိုင်ရာ ဖြစ်တည်မှုတို့အပေါ် အခြေခံ၍ခွဲခြားမှု မပြုဘဲ တူညီသော ပညာသင်ကြားခွင့် ရရှိရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်းများ တိုးမြှင့်နိုင်ရေးတို့ကို စီမံဆောင်ရွက်ပေးရမည်။
(ည) ကော်မတီ၏ အကောင်အထည်ဖော်မှု အခြေအနေများအပေါ် တိုးတက်မှု အစီရင်ခံစာကို ပြည်သူများသို့ လေးလတစ်ကြိမ် ထုတ်ပြန်တင်ပြရမည်။
၃။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီရုံး ကို သီးခြားဖွင့်လှစ်ထားရှိရမည်။ ကော်မတီ၏ ကုန်ကျစရိတ်အဝဝကို နိုင်ငံတော်သမ္မတရုံး၏ ရန်ပုံငွေမှ ကျခံသုံးစွဲရမည်။
၎။ ကော်မတီ၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်စဉ် လိုအပ်သော လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ ကို နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်။
၅။ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်များ၏ အကြံပြုချက်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြေပြင်အခြေအနေပေါ် မူတည်၍ အကျိုးရှိစွာ ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရေး အတွက် လိုအပ်သည့် အကြံဉာဏ်များ ရယူနိုင်ရန် အကြံပေးအဖွဲ့ကို ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိသူများနှင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဖွဲ့စည်းသည့် အမိန့်အား သီးခြားထုတ်ပြန်သွားမည်ဖြစ်သည်။


(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Share:

ရခိုင်အရေးကို ရုရှား ဂရုတစိုက် စောင့်ကြည့်နေကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဆို



ရခိုင်ပြည်နယ် မြောက်ပိုင်း အရေးကိစ္စနှင့် ပတ်သက်ပြီး ရုရှားအနေဖြင် ဂရုတစိုက် စောင့်ကြည့်နေကြောင်း ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စ Maria Zakharova က ပြောသည်။
မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်ပြီး ယခုလက်ရှိဖြစ်ပွားသည့် အခြေအနေသည် အစိုးရ၏ ဥပဒေစိုးမိုးရေး ဆောင်ရွက်မှုနှင့် တစ်ကိုယ်တာ လုံခြုံမှုအခြေအနေကို အရပ်သားများ ထိခိုက်ခံနေရမှုများ ပတ်သက်ပြီး ၎င်း တို့ အနေဖြင့် စိုးရိမ်ပူပန်လျက် ရှိကြောင်းဆိုသည်။ အဆိုပါ အခြေအနေများသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်စီးလာစေနိုင်ကြောင်း ဆိုသည်။
တစ်ချိန်တည်းမှာပင် ရခိုင်ပြည်နယ်အရေး ကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့ ချင့်ချိန် ဆုံးဖြတ်လျက်ရှိကြောင်း၊ ထိုသို့ ဆုံးဖြတ်ရာတွင် နိုင်ငံခြား မီဒီယာများနှင့် လူမှုကွန်ရက်များ ပေါ်မှ အချက်အလက်များကို မှီခိုပြီး လုပ်ဆောင်မည် မဟုတ်ကြောင်းပြောသည်။ ၀ါဒဖြန့်ချိသည့် သတင်းများသည် အမှန်တကယ်ဖြစ်စဉ်နှင့် ကွင်းကွာနေခြင်းများ ရှိနိုင်ကြောင်း ၎င်းက ပြောသည်။
၎င်းတို့အနေဖြင့် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး နိုင်ငံတကာ လက်ခံနိုင် သည့် သင့်တော်သည့် နိုင်ငံတကာဆိုင်၇ာ သတင်းအရင်းအမြစ်များ၊ ရန်ကုန်ရှိ ရုရှားသံရုံးမှပေးပို့သည့် အချက်အလက်များပေါ် မူတည် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်းဆိုသည်။
၎င်းတို့အနေဖြင့် ပဋိပက္ခဖြစ်စဉ်နှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ အားလုံးအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် လက်ရှိ အခြေအနေမျိုး ထပ်မံ မဖြစ်ပွားစေရေး အတွက် ကြိုတင်ကာကွယ် တားဆီးမှုများ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းနှိုးဆော်ထားသည်။
အကြမ်းဖက်မှု ကြိုတင်ကာကွယ် တားဆီးရေး၊ တရားဥပဒေ စိုးမိုးမှု ပြန်လည်ရရှိရေး၊ ပုံမုန်လူမှုဘ၀ အသိုက်အ၀န်း ပြန်လည်ရရှိရေးနှင့် ဒုက္ခသည် အရေးကိစ္စများ ဖြေရှင်းနိုင်ရေးအတွက် နေပြည်တော် တာဝန်ရှိသူများ အနေဖြင့် နောက်ကျမှု မရှိစေဘဲ ဖြစ်နိုင်ချေရှိသည်များကို တိုင်းတာ လုပ်ဆောင်ရန် မစ္စ Maria Zakharova က အကြံပြုထားသည်။
လက်ရှိ အခြေအနေနှင့် ပတ်သက်ပြီး မြန်မာအစိုးရ အာဏာပိုင်များ အနေဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချူပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင် ၏ အကြံပေးချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း သို့မှသာ ပြေလည်နိုင်မည်ဖြစ်ကြောင်း ဆိုသည်။
ယင်းကိစ္စများနှင့် ပတ်သက်ပြီး ရုရှားအနေဖြင့် ဆက်လက် စောင့်ကြည့် သွားမည် ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ အချက်အလက်နှင့် ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနတွင် စက်တင်ဘာ ၈ ရက်က သတင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

http://www.theladiesnewsjournal.com/…/tue-2017-09-12-1…/7306
Share:

ပြည်တွင်းရေးကြောင့် ကုလညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် မသွားဖြစ်


ပြည်တွင်းရေး အခြေအနေများကို အလေးပေး ဖြေရှင်းနိုင်ရန် ရှေ့အပတ် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မသွားရောက်တော့ဘဲ ဒုတိယ သမ္မတ (၂) ဦးဟင်နရီ ဗန်ထီးယူ၊ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းတို့ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုရှိသူ ဦးကျော်ဇေယျက ဧရာဝတီသို့ ပြောသည်။
ဦးကျော်ဇေယျက “လက်ရှိ အနေအထားအရ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်တွင်းမှာ အလေးပေး ဆောင်ရွက်ရမယ့် ကိစ္စတွေ ရှိနေတဲ့ အခါကျတော့ ဒုတိ ယ သမ္မတက ဦးဆောင်သွားမယ့် သဘောပါ။ ဒုတိယ သမ္မတနဲ့အတူ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် လည်း လိုက်သွားမှာပါ။ သက်ဆိုင်ရာ မြန်မာ သံအမတ်ကြီးကလည်း (ရခိုင်အရေး) တင်ပြမှုတွေ ရှိပါမယ်”ဟု ပြောသည်။
ယခင်နှစ်များက နိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်သွားသည့် အနေအထား ရှိသော်လည်း ပြည်တွင်းရှိ ရခိုင် မြောက်ပိုင်း အရေးကိစ္စ များနှင့် ပတ်သက်၍ မြန်မာ အစိုးရ၏ ရပ်တည်ချက်ကို တင်ပြနိုင်ရန် ဒုတိယ သမ္မတက ဦးဆောင်ခြင်း ဖြစ်ကြောင်း၊ ခရီးစဉ်ကို အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ရန် စီစဉ်ထားသည်မှာ မှန်သော်လည်း တိတိကျကျ ဆုံးဖြတ်ထားခြင်း မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
“သူ့(ဒေါ်အောင်ဆန်းစုကြည်) အနေနဲ့ ပိုပြီး အလေးပေး ဆောင်ရွက်ရမယ့် ကိစ္စလေးတွေ ရှိနေတဲ့အခါကျတော့ ကုလသမဂ္ဂကို ဒုတိယ သမ္မတကပဲ ဦးဆောင်သွားမှာပါ။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို ဒုတိယ သမ္မတက ရှင်းလင်းတင်ပြဖို့ ရှိပါ တယ်။ ဒါတွေကလည်း လိုအပ်သလို ပြင်ဆင်သွားမှာပါ”ဟု ဦးကျော်ဇေယျက ပြောသည်။
ကုလသမဂ္ဂသို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မသွားရောက်နိုင်သဖြင့် မြန်မာအစိုးရ၏ ရခိုင်အရေး ရပ်တည်ချက်များကို Message ပေးခြင်း၊ ရှင်းပြခြင်း စသည့် အခွင့်အရေးများ ဆုံးရှုံးနိုင်သော်လည်း လက်ရှိတွင် ပြည်တွင်း လုံခြုံရေးကို ပိုအရေးကြီး၍ အစိုးရ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း ရန်ကုန်မြို့မှ နိုင်ငံခြား သတင်းထောက် ဦးသီဟသွေးက ပြောသည်။
“အဲဒီ အခြေအနေထက်စာရင် တိုင်းပြည်မှာ Security ကို ခြိမ်းခြောက်နေတဲ့ အခြေအနေတွေကို အနီးကပ် ထိန်းသိမ်းဖို့ လိုတယ်။ မြို့တွေအားလုံးကို ဆူပူမှုတွေ ဖြစ်ဖို့အတွက်ကို အခြေအနေတွေ ဖြစ်နေတယ်။ လူတွေကလည်း ထိတ်လန့်ပြီးတော့ စိုးရိမ်နေရတဲ့ အခြေအနေမျိုးမှာ တိုင်းပြည်မှာ ထူးခြားတဲ့ အခြေအနေတွေ ဖြစ်သွားနိုင်တဲ့ အတွက် သူက အနီးကပ် ရှိနေသင့်တယ်”ဟု ဦးသီဟသွေးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မသွားရောက်နိုင်သော်လည်း မှန်ကန်သည့် အချက်အလက်များ ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရန်သာ လိုကြောင်း၊ တိုင်းပြည် ခေါင်းဆောင် သမ္မတကြီး ဦးထင်ကျော်မှာလည်း ကျန်းမာရေး မကောင်း၍ အနားယူနေရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့တွင် Decision Maker တဦးအနေဖြင့် ရှိနေသင့်ကြောင်း ၎င်းက သုံးသပ်သည်။
သြဂုတ်လ နှောင်းပိုင်းတွင် မွတ်ဆလင် စစ်သွေးကြွများက ရဲတပ်ဖွဲ့ စခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြပြီး မြန်မာ လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ကြသည့်နောက် တွင် မွတ်ဆလင် ၃ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ ယင်းအတွက် နိုင်ငံတကာဖိအားများ တိုးလာနေပြီး ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein က ရခိုင်ပြည်နယ်မှ ပဋိပက္ခသည် “လူမျိုးသန့်စင်မှု အတွက် နမူနာ ပြဌာန်းစာအုပ် တခု” အသွင် ရှိနေကြောင်း ပြောသည်။
စက်တင်ဘာလ ၁၁ ရက် ညနေက မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက် တစောင်တွင် “နေရပ် စွန့် ခွာတိမ်းရှောင်ကြရသည့် လူမှုအသိုင်းအဝန်းများ အားလုံးအတွက် လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများကို ဘက်လိုက်ခွဲခြားမှု မရှိစေဘဲ ပေးအပ်သွားမည် ဖြစ်ကြောင်း နှင့် ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြင့် တည်ထောင်ထားသော မြန်မာအစိုးရ ဦးဆောင်သည့် အကူအညီပေးရေးယန္တယားတရပ်မှ တဆင့် လူသားခြင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း” ဖော်ပြထားသည်။
ကုလသမဂ္ဂတွင် OIC နိုင်ငံများက မြန်မာနိုင်ငံကို ပြစ်တင်ရှုတ်ချရန် အင်အားစုနေချိန် ထိပ်တိုက် မရင်ဆိုင်ဘဲ မိတ်ဆွေနိုင်ငံများ ပိုမို များပြားလာ စေရန် စည်းရုံးသင့်ကြောင်း၊ ထိပ်တိုက်ရင်ဆိုင်ခြင်းသည် အကျိုးမရှိနိုင်ကြောင်း နိုင်ငံရေးသုတေသီ ဖြစ်သူ ဦးမောင်မောင်စိုးက ပြောသည်။
“ကျနော်တို့က နိုင်ငံတကာကို လက်တွေ့ပြန်ပြရမယ့် မောင်တောပြဿနာ၊ ပြည်တွင်း ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ အခိုင် အမာ ဘယ်လို ခြေလှမ်း လှမ်းနေတယ်ဆိုတာကို ဆောင်ရွက်ပြီး ဖြေရှင်းရမှာ ဖြစ်ပါတယ်။ အဲဒါက ပိုအရေးကြီးပါတယ်။ ပါးစပ်နဲ့ ဖြေရှင်းတာထက်စာရင် လက်တွေ့ လုပ်ကိုင်ပြပြီးတော့ ဖြေရှင်းတာက ပိုသင့်လျော်ပါတယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။
Did you find apk for android? You can find new Free Android Games and apps.
Topics: ကုလသမဂ္ဂ, ဒေါ်အောင်ဆန်းစုကြည်
Share:

မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ ဆွီဒင်နှင့် ဗြိတိန် တောင်းဆို

– မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဆိုးရွားလာတဲ့ အခြေအနေတွေအတွက် ကုလ လုံခြုံရေးကောင်စီ အစည်အးဝေး ထပ်လုပ်ဖို့ ဆွီဒင်နဲ့ ဗြိတိန်တို့က မနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA က ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို သြဂုတ်လ ၂၅ ရက်နေ့က တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း တစ်ကျော့ပြန် ဖြစ်ပေါ်လာတဲ့ ရခိုင်ပြည်နယ်အတွင်းက မတည်မငြိမ်မှုတွေအပေါ် ကမ္ဘာရဲ့ တုန့်ပြန်မှုက အခုရက်ပိုင်းမှာ ပိုပြီး ပြင်းထန်လာပါတယ်။
ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇီအစ် ရာအဒ် အလ်-ဟူစိန်က ဂျီနီဗာမှာ မနေ့ကပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ကိစ္စဟာ ‘လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းခံရမှု ဥပမာ’ မျိုး ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာတွေဟာ ကိုယ့်အိမ်ကိုယ် မီးရှို့တယ်၊ ကိုယ့်ရွာတွေကို ကိုယ်တိုင် ဖျက်ဆီးတယ်လို့ မြန်မာအစိုးရရဲ့ လီဆယ်ပြောဆိုမှုတွေ ရပ်တန့်သင့်တယ်လို့လည်း ဟူစိန်က တိုက်တွန်းခဲ့ပါတယ်။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးကလည်း ရိုဟင်ဂျာတွေဟာ လူမျိုးတုန်း သတ်ဖြတ်ခံနေရတယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပြီး ရခိုင်ပြဿနာ ဖြစ်ပွားလာတဲ့တစ်လျှောက် ဘင်္ဂလားဒေ့ရှ်ရဲ့ အပြင်းထန်ဆုံး မှတ်ချက်လည်း ဖြစ်ပါတယ်။
မတည်ငြိမ်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ရခိုင်တိုင်းရင်းသားတွေကို အစိုးရအစီအစဉ်နဲ့ ကယ်ဆယ်စောင့်ရှောက်ထားပါတယ်။
ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ရောက်ရှိလာတဲ့ ရိုဟင်ဂျာပေါင်း ၂၇၀၀၀၀ လောက်ရှိတယ်လို့ ကုလ သတင်းထုတ်ပြန်ထားပါတယ်။
ဆွီဒင်နဲ့ ယူကေတို့ရဲ့ တောင်းဆိုမှုနဲ့ မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ အစည်းအဝေးကို မနက်ဖြန်မှာ ကျင်းပဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့လနှောင်းပိုင်းက ဒီလိုအစည်းအဝေးမျိုးတစ်ခု ကျင်းပခဲ့ပေမယ့် တရားဝင် ထုတ်ပြန်ချက်တွေတော့ မပြုလုပ်ခဲ့ပါဘူး။
Ref: news.com.au, Aljazeera
Share:

ဘင်္ဂလားဒေ့ရှ်ဘက် ပြေးကြသူတွေထဲ စစ်တပ်မိုင်းကြောင့် ခြေပြတ်သူတွေ ပါဝင်


ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး လာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေထဲ စစ်တပ်သုံး မိုင်းဗုံးတွေကို တက်နင်းမိလို့ ခြေပြတ်နေသူတွေလည်း ပါဝင်နေတာကို ဘီဘီစီ သတင်းထောက် ကိုယ်တိုင် တွေ့ဆုံ စကားပြော ခဲ့ရပါတယ်။
အဲဒီထဲက တစ်ယောက် ဆိုရင် ၁၅ နှစ် အရွယ် လူငယ် ယောက်ျားလေး ဖြစ်ပြီး ခြေထောက် နှစ်ဘက်စလုံး ပြတ် တောက် နေပါတယ်။
အဲဒီ လူငယ်လေးကို ဆေးကုသ ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ် ဆေးရုံမှာပဲ တက်ရောက်နေတဲ့ အမျိုးသမီး တစ်ဦးကလည်း သူနဲ့ သူ့မိသားစုဟာ သေနတ်နဲ့ ပစ်ခတ် ခံရလို့ ထွက်ပြေး ကြရတုန်း မြေမြှုပ်မိုင်း နင်းမိခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
အဲဒီ မြေမြှုပ်မိုင်းတွေကို ဘယ်သူတွေ မြှုပ်နှံထားတာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် မြန်မာ အစိုးရ စစ်တပ်က ၁၉၉ဝ ပြည့်ကျော် နှစ်တွေမှာ မိုင်းဗုံးတွေ မြှုပ်ခဲ့ပေမယ့် ပြန်လည် ဖယ်ရှား ရှင်းလင်း ခဲ့ပြီး၊ ခု နောက်ပိုင်း နှစ်တွေမှာ အဲဒီလို မိုင်းထောင် တာမျိုး မပြု လုပ်တော့ဘူး ဆိုပြီး မြန်မာ အစိုးရ စစ်တပ်ရဲ့ သတင်းရင်းမြစ် တစ်ခုက ရိုက်တာ သတင်းဌာနကို ပြောထားပါတယ်။
ရိုဟင်ဂျာတွေ ထွက်ပြေးရာ နယ်စပ် လမ်းတွေမှာ မြန်မာ အာဏာပိုင်တွေ ဘက်က မိုင်းတွေ ထောင်ထားတယ် ဆိုပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ တုန်းကပဲ စွပ်စွဲ ထားပါတယ်။
မြန်မာနိုင်ငံဘက်ခြမ်းကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို စက်တင်ဘာ ၁၁ ရက်၊ တနင်္လာနေ့ ညနေပိုင်း အထိ ၂၄ နာရီအတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေ ထောင်နဲ့ချီ ထွက်ပြေး လာနေဆဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သွေးထွက်သံယို ဖြစ်ရပ်တွေ ပေါ်ပေါက် လာပြန်တဲ့ သီတင်း နှစ်ပတ် အတွင်း နယ်စပ် ဖြတ်ကျော် ထွက်ပြေးသူ အရေအတွက်ဟာ အခုဆိုရင် သုံးသိန်း နှစ်သောင်း နီးပါး ရှိနေပြီ ဖြစ်ပါတယ်။
ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထား ကျူးလွန်တဲ့ တိုက်ခိုက်မှုတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု အထိ ရှိနေတယ် ဆိုပြီး ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဇိတ် ရအာ့ဒ် အယ်လ် ဟူစိန်က ပြောပါတယ်။
ရိုဟင်ဂျာတွေဟာ ကိုယ့်အိမ်တွေ ကိုယ်မီးရှို့ သယောင် မြန်မာ အစိုးရ စစ်တပ်က ပြောဆိုနေတာ ရပ်တန့်သင့်ပြီ လို့လည်း သူက ဆိုပါတယ်။
မြန်မာ နိုင်ငံခြားရေး ဌာနရဲ့ ထုတ်ပြန်ချက်ထဲ မှာတော့ "ရိုဟင်ဂျာ" ဆိုတဲ့ စကားလုံးကို ရှောင်ကြဉ်ပြီး လူ့အသိုင်းအဝိုင်း အားလုံး ထိခိုက် ခံစားနေရတဲ့ အပေါ် နိုင်ငံတကာက စိုးရိမ်မကင်း ဖြစ်နေတာကို နားလည်ပါကြောင်း ရေးသား ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း
http://bbc.in/2f1XHhr
Share:

Hundreds of thousands of Rohingya Muslims fled their homes in western Myanmar's Rakhine State



Turkish President Recep Tayyip Erdogan Sunday urged Muslim countries to “use every means available” to stop the “cruelty” perpetrated against Myanmar’s Rohingya.
“We want to work with the governments of Myanmar and Bangladesh to prevent the humanitarian plight in the region,” he told the opening session of an Organisation of Islamic Cooperation (OIC) summit in the Kazakh capital Astana.
Erdogan said Turkey had offered aid and said he expected that Bangladesh authorities admit and help Rohingya Muslims fleeing the violence in Myanmar.
“International organisations, and we as Muslim countries in particular, should fight together by using every means available to stop that cruelty,” he said. Erdogan had previously promised to raise the Rohingya issue at the annual meeting of UN General Assembly later this month.
A final statement was agreed on at Sunday’s OIC summit – the first such summit on Science and Technology. Kazakhstan President Nursultan Nazarbayev said it was thanks to the efforts of the Turkish delegation that such a statement was prepared.

OIC statement

Erdogan called on “the brothers around the table” to follow and implement the decisions.
“The meeting called upon the government of Myanmar to accept the UN Human Rights Council’s fact-finding mission to conduct a thorough and independent investigation into all alleged violations of international human rights law and to bring the perpetrators to justice,” said the statement.
Rohingya, described by the UN as the world’s most persecuted people, have faced heightened fears of attack since dozens were killed in communal violence in 2012.
Last October, following attacks on border posts in Rakhine’s Maungdaw district, Myanmar security forces launched a five-month crackdown in which, according to Rohingya groups, around 400 people were killed.
The UN documented mass gang rapes, killings – including infants and young children – brutal beatings and disappearances committed by security personnel.
In a report, UN investigators said the human rights violations constituted crimes against humanity.Fresh violence erupted in Myanmar’s Rakhine state nearly two weeks ago when security forces launched an operation against the Rohingya community.
Bangladesh, which already hosted around 400,000 Rohingya refugees, has faced a fresh influx of refugees since the security operation was launched.On Saturday, the UN said at least 290,000 Rohingya have sought refuge in Bangladesh.
Erdogan arrived in the Kazakh capital on Saturday for a two-day visit, and has pledged to raise the issue of Rohingya’s at the UN.
Following the summit, the Turkish president also had a closed-door meeting with Bangladesh President Abdul Hamid as well as with other leaders.
Share:

11 September, 2017

မောင်တောရှိ စီးပွားရေးဇုန်အတွက် ယခုလအတွင်း သဘောတူ လက်မှတ်ရေးထိုးမည်

Sunday, September 10, 2017
တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး တည်ငြိမ်မှု အပြည့်အဝ မရှိသေးသော်လည်း မောင်တောတွင် စီးပွားရေးဇုန် တည်ဆောက်ရန် ယခုလ နောက်ဆုံးပတ်အတွင်း သဘောတူ လက်မှတ်ရေးထိုးတော့မည်ဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရနှင့် နတ်မြစ်အလင်းတန်းဟု အမည်ရသည့် အကျိုးတူကုမ္ပဏီတို့ သဘောတူ လက်မှတ်ရေး ထိုးမည်ဖြစ်ပြီး လတ်တလော အခြေအနေအရ ယခုလ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုးမည်ဟု သတ်မှတ်ထားသည်။
"အဲဒီနေရာ ပတ်ဝန်းကျင်ကိုတော့ လုံခြုံရေးအပြည့်အဝ ယူထားမှာပါ။ ထောက်ပံ့ပို့ဆောင်ရေး ကိစ္စတွေအတွက်လည်း လုံခြုံရေး ပေးမှာပါ" ဟု ရခိုင်ပြည်နယ်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ဆိုသည်။
အဆိုပါ ကညင်ချောင်းရွာ ပတ်ဝန်းကျင်သည် မူးယစ်ဆေးဝါးအမှုများနှင့် ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ဒေသခံရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် သာမန်အချိန်များတွင်ပင် သွားရောက်ရန် ခက်ခဲသည့်နေရာ ဖြစ်သည်။
ကညင်ချောင်း ပတ်လည် ဧက ၁၀၀ ကို စီးပွားရေးဇုန်အဖြစ် သတ်မှတ်မည်ဖြစ်ပြီး အဆိုပါနေရာကို ယခင်က ကူးသန်းရောင်းဝယ်ရေးဇုန်အဖြစ် သတ်မှတ်ခဲ့ရာမှ ယခုအခါ စီးပွားရေးဇုန်အဖြစ် အဆင့်မြှင့်လိုက်ခြင်း ဖြစ်သည်။ 
အဆိုပါ စီးပွားရေးဇုန်တွင် လာရောက်ကူးသန်းမည့်သူများသည် မြေနေရာနှင့် စက်ရုံများကို အဆင်သင့် ငှားရမ်း အသုံးပြနိုင်မည်ဖြစ်သည်ဟုလည်း ဝန်ကြီးက ဆိုသည်။
ထိုစီးပွားရေးဇုန်တည်ဆောက်မည့် ကြာချိန်နှင့် မည်သည့်အချိန်တွင် လုပ်ငန်းစတင်နိုင်မည်ကိုမူ မသိရှိရသေးပေ။
ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်နေ့က ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဒေသများတွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများနောက်ပိုင်း အဆိုပါဒေသများကို ယခုအချိန်ထိ လုံခြုံရေးအရ အစိုးရက "အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်း မရှိသေး" ပေ။ တိုက်ခိုက်မှုများအတွင်း လူရာပေါင်းများစွာသေဆုံး ခဲ့ရသလို ထောင်ပေါင်းများစွာမှာလည်း အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေကြရဆဲဖြစ်သည်။
နတ်မြစ်အလင်းတန်း ကုမ္ပဏီ ဆိုတာဘာလဲ
နတ်မြစ်အလင်းတန်း အခြေခံအဆောက်အအုံများ အစုအဖွဲ့ ကုမ္ပဏီလီမိတက် ဟု ခေါ်သည်။ အဆိုပါကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ယခုလ ၅ ရက်မှစ၍ မှတ်ပုံတင်ခဲ့ခြင်းဖြစ်ပြီး မောင်တောကို ဒုတိယအကြိမ် တိုက်ခိုက်သည့် သြဂုတ် ၂၅ ရက်နောက်ပိုင်းကျမှ မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။
ဦးဆောင်ပါဝင်သည့် ဒါရိုက်တာနှစ်ဦးအနက် တစ်ဦးမှာ မောင်တောမှတ်ပုံတင် ကိုင်ဆောင်ထားသည့် ဦးကျော်သန်းနိုင်ဆိုသူဖြစ်ပြီး အချက်အလက်များအရ ၎င်းတွင် အခြားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိဘဲ ယခုကုမ္ပဏီ တစ်ခုတည်းသာ လုပ်ကိုင်သည်ကို တွေ့ရသည်။ အခြားသူတစ်ဦးမှာ ဦးကျော်တင့်ဆိုသူဖြစ်သည်။
ယခု အစုအဖွဲ့ ကုမ္ပဏီတွင် မောင်တောအခြေစိုက် ကုမ္ပဏီ ၃ ခုပါဝင်ပြီး ရန်ကုန်အခြေစိုက် ကုမ္ပဏီ လေးခုခန့်လည်း ပါဝင်နေသည်ဟု ဝန်ကြီးက ပြောဆိုခဲ့သည်။ ကုမ္ပဏီ၏လိပ်စာကိုမူ မောင်တောမြို့ ၁ ရပ်ကွက်တွင် တည်ရှိသည်ဟု DICA တွင် ဖော်ပြထားသည်။
သတင်း-မြတ်ကျော်သူ

Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.