• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

26 August, 2017

၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် အကြောင်းမရှိဟု လ၀က၀န်ကြီးပြော

ဝန်ကြီး ဦးသိန်းဆွေ မီဒီယာများကို ဖြေကြားစဉ် (ဓာတ်ပုံ − ရဲနိုင်)
၁၉၈၂ မြန်မာနိုင်ငံ သားဥပဒေကို ပြင်ဆင်ရန် အ ကြောင်းမရှိကြောင်း အလုပ်သ မား၊ အလုပ်အကိုင်နှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

သြဂုတ် ၂၄ ရက်က ကျင်းပ သည့် ပြည်သူ့လွှတ်တော်အစည်း အဝေးအပြီးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၀န်ကြီးက ယင်းသို့ ပြောကြားခဲ့သည်။
‘‘ဒီဥပဒေကိုလည်း ခြောက် နှစ်ကျော် အလွှာပေါင်းစုံ၊ အမျိုး ပေါင်းစုံ စိစစ်ပြီးတော့မှ လုပ်ထား တဲ့အတွက် အခုအချိန်အထိ တည်မြဲနေတာဖြစ်ပါတယ်။ အား နည်းချက်တွေ နိုင်ငံတကာအနေ အထားနဲ့ ရှိကောင်းရှိမယ်လို့ ပြောပေမယ့် အားနည်းချက်တွေရှိ ကောင်းရှိမယ်လို့ သုံးသပ်နိုင် သော်လည်း လက်ရှိကတော့ ပြင် ဆင်သွားဖို့ အနေအထားမရှိပါ ဘူး’’ဟု ၀န်ကြီးက ပြောသည်။
အစိုးရအနေဖြင့် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်နေကြောင်း လည်း ၎င်းက ပြောသည်။
‘‘ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်း ပတ်ဝန်းကျင်အခြေအ နေ၊ လူမှုရေးအခြေအနေတွေပေါ် မှာ မူတည်ပြီးတော့ ကိုယ့်နိုင်ငံရဲ့ သဟဇာတဖြစ်မယ့်ကိစ္စတွေကို ကိုယ့်နိုင်ငံကပြုစုထားတာဖြစ်ပါ တယ်’’ဟု ဦးသိန်းဆွေက ပြော ကြားသည်။
၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေသည် နိုင်ငံသားဖြစ်မှုအ တွက် လက်ရှိကာလတွင် အခြေခံ ရသည့် ဥပဒေဖြစ်သည်ကို အသိအမှတ်ပြုသော်လည်း အစိုးရအနေဖြင့် ထိုဥပဒေအား ပြန်လည်သုံးသပ်သည့် လုပ်ငန်းစဉ်ကို စတင်သင့်ကြောင်း ရခိုင်ပြည်နယ်အကြံပေးကော်မရှင်က အကြံပြုထားသည်။
အစိုးရအနေဖြင့် နိုင်ငံသား အဖြစ် သတ်မှတ်ခြင်းခံရပြီးသူ များအား နိုင်ငံသားဖြစ်မှုနှင့်အညီ ရရှိခံစားမည့် အကျိုးအမြတ်များ၊ အခွင့်အရေးများနှင့် လွတ်လပ်ခွင့် များအားလုံး အပြည့်အ၀ရရှိခံစားနိုင်စေရန် နှောင့်နှေးမှုမရှိဘဲ သေချာဆောင်ရွက်ပေးသင့်ကြောင်းလည်း ကော်မရှင်အစီရင်ခံစာတွင် ဖော်ပြထားသည်။
၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေ သည် တည်ဆဲဥပဒေဖြစ်၍ ယင်း ဥပဒေနှင့်အညီ လုပ်ဆောင်ရမည် ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဖီအာနန်နှင့်တွေ့ဆုံစဉ် ပြောကြားထားသည်။
Share:

25 August, 2017

အာနန်ကော်မရှင်၏ အကြံပြုချက်ကို အကောင်အထည်ဖော်ရန် မြန်မာအစိုးရကို Fortify Rights အဖွဲ့ တိုက်တွန်း


ရခိုင် ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေအကြား အတင်းအကြပ်ပြုလုပ်ထားတဲ့ ခွဲခြားမှုတွေကို အဆုံးသတ်ဖို့၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေကို အပြည့်အ၀နဲ့ အနှောင်အဖွဲ့မရှိ လွတ်လွတ်လပ်လပ် ကူညီခွင့်ပေးဖို့၊ နိုင်ငံမဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာအရေး ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ၁၉၈၂- ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်ပေးဖို့ အကြံပြုစာမှာ ထောက်ပြထားပါတယ်။ ဒါ့အပြင် လူ့အခွင့်ရေးချိုးဖောက်မှု့နဲ့ ပြစ်မှု့ကျူးလွန်တဲ့သူတွေကိုလည်း အရေးယူ ဆောင်ရွက်ပေးဖို့နဲ့ လွတ်လွတ်လပ်လပ် သွားလာခွင့်တွေကို ကန့်သတ်ချုပ်ခြယ်ထားတဲ့ တားမြစ်ချက်တွေကို ရပ်ဆိုင်းဖို့ကိုလည်း အခြားသောအကြံပြုချက်တွေနဲ့အတူ ဒီအစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။
“ဆက်လက်ငြှင်းပမ်းနှိပ်စက်နေတာတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းပေးရမယ့်အစား၊ အကြံပေးကော်မရှင်ရဲ့ လေ့လာ တွေ့ရှိချက်တွေကို ဖုံးကွယ်ပစ်ဖို့သာ ကြိုးစားနေတယ်” လို့ Fortify Rights အကြီးအကဲဖြစ်သူ မက်သယူးစမစ်က ပြောပါတယ်။
“ကော်မရှင်က အကြမ်းဖက်မှု့တွေကို အဆုံးသတ်သွားဖို့ ခိုင်လုံတိကျတဲ့ အကြံပြုချက်တွေကို ထုတ်ပြန်လိုက်တယ်။ ဒါကို အစိုးရတစ်ရပ်အနေနဲ့ အချိန်မဆိုင်းပဲ အဲဒီအကြံပြုချက်တွေအတိုင်း လိုက်နာဆောင်ရွက်သွားဖို့ လိုပါတယ်။ မြန်မာအစိုးရအနေနဲ့ ပကတိအခြေနေမှန်တွေကို အမြန်ဆုံးထုတ်ပြန်ပြောကြားဖို့ လိုပါလိမ့်မယ်။”
----
၂၀၁၄ ခုနှစ်မှာ က ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်ဦးရေ တစ်သန်းနဲ့အထက်ကို လွတ်လပ်စွာသွားလာခွင့်၊ ကလေးမီးဖွားခွင့်နဲ့ အခြားသော နိစ္စဓူဝကိစ္စရပ်တွေအပေါ်မှာ ပြင်းထန်တဲ့ ကန့်သတ်တားမြစ်ချက်တွေ ပြုလုပ်ထားတာကို ထုတ်ဖော်ထားတဲ့ ဒေသန္တရအမိန့်တွေနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရရဲ့ အထောက်ထား စာရွက်စာတမ်းတွေကို Fortify Rights ဖွင့်ချခဲ့ပါတယ်။
၂၀၁၂-ခုနှစ် ပဋိပက္ခ ဖြစ်ကတည်းက အသက်မသေပဲကျန်ရစ်သူ ရိုဟင်ဂျာအများစုအပါအ၀င် လူပေါင်း တစ်သိန်း နှစ်သောင်းကျော်ကို ရခိုင်ပြည်နယ်၊ မြို့နယ်ရှစ်ခုက ဒုက္ခသည်စခန်းပေါင်း ၃၈-ခုမှာ ယခုထက်တိုင် အစိုးရက ပိတ်လှောင်ထားဆဲ ဖြစ်ပါတယ်။ ဒေသန္တရအမိန့်တွေနဲ့ ပြဌာန်းချက်တွေက ရိုဟင်ဂျာတွေကို တစ်ရွာနဲ့တစ်ရွာ၊ တစ်မြို့ နယ်နဲ့တစ်မြို့နယ် ကိုယ်နေတဲ့ ဒေသကျော်လွန်ပြီး လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်ကို တားမြစ်ထားပါတယ်။
ခရီးသွားလာခွင့် တားမြစ်ချက်တွေကို ချိုးဖောက်တဲ့ ရိုဟင်ဂျာတွေဟာ မြန်မာအစိုးရ လုံခြုံရေးတပ်သားတွေရဲ့ ရာဇ၀တ်မှု့နဲ့ ဖမ်းဆီးတာ၊ ခြိမ်းခြောက် ငွေညှစ်တာ၊ ဒါမှမဟုတ် ကြမ်းတမ်းတဲ့ တုန့်ပြန်မှု့တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
“လွတ်လွတ်လပ်လပ် သွားလာခွင့်တွေကို ကန့်သတ်ချုပ်ခြယ်ထားတာဟာ ဥပဒေနဲ့ ဆန့်ကျင်နေယုံသာမက၊ စီးပွားရေး ဆိုးကျိုးသက်ရောက်မှုတွေနဲ့ လူသေဆုံးနိုင်တဲ့ လုံခြုံရေး ခြိမ်းခြောက်မှု့ အန္တရာယ်တွေလည်း ရှိနေပါတယ်” လို့ မက်သယူး စမစ်က ပြောကြားခဲ့ပါတယ်။
Share:

သမိုင်း တလျှောက် ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် တစ်ယောက်အကြောင်း

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် လို့ ဆိုလိုက်ရင် ဘီဂိတ်စ် ၊ ရောခ့်ဖဲလား ၊ အင်ဒရူးကာနယ်ဂျီ စတဲ့သူဌေးကြီးတွေကို ပြေးမြင်မိကြမှာပါ။ ဒါပေမယ့် အားလုံးနီးပါးလက်ခံထားတဲ့ ကမ္ဘာ့ အချမ်းသာဆုံး သူရဲ့ နာမည် ကိုတော့ မိတ်ဆွေကြားဖူးချင်မှ ကြားဖူးမှာပါ။ သူဟာ ယနေ့အချမ်းသာဆုံး သူဌေးကြီးဘီဂိတ်စ်ထက် ၅ဆကျော် ချမ်းသာ သူဖြစ်ပါတယ်။ သူကတော့ မာလီအင်ပါယာရဲ့ ဘုရင် Mansa Musa ပဲဖြစ်ပါတယ်။ ၁၃ရာစုဝန်းကျင်မှာ အုပ်စိုးခဲ့တဲ့ ၁၀ဆက်မြောက် Mansa ဘုရင်ဖြစ်ပါတယ်။ Mansa ကို Sultan(king),Conqueror,emperor စသဖြင့် အမျိုးမျိုးဘာသာပြန်နိုင်ပါတယ်။
Mansa Musa ရဲ့ ဘုရင် နာမည် က Musa Keita I ဖြစ်ပြီး သူ့ကို ၁၂၈၀ခုနှစ် မာလီမှာ မွေးဖွားခဲ့ပါတယ်။ ၁၃၁၂ ခုနှစ် အသက် ၃၂နှစ်အရွယ်မှာ ဘုရင် Abubakari Keita II ကိုအောင်နိုင်ပြီးတဲ့နောက် အနောက် အာဖရိက မာလီ ဘုရင်ဖြစ်လာပါတယ်။ မာလီနိုင်ငံဟာ ယနေ့ခေတ်မှာ နိုင်ငံငယ်လေးဖြစ်ပေမယ့် သူ့လက်ထက်မှာတုန်းကတော့ မာလီ နိုင်ငံ ဟာတယ်။ Mansa Musa ရဲ့ပိုင်ဆိုင်မှု ဟာ ဒေါ်လာ တန်ဖိုးနဲ့တွက်ရင် ၄၀၀ ဘီလျံကျော် ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ အနည်းဆုံးတွက်ချက်ထားခြင်းသာဖြစ်ပြီး သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒီထက်မက များနိုင်သေးတယ် လို့ တွက်ချက်သူတွေက ဆိုကြပါတယ်။
အဲဒီအချိန်တုန်းက မာလီ အင်ပါယာ ဟာ အတ္တလန်တတ်သမုဒ္ဒရာကနေ Chad ရေကန်အထိ မိုင်ပေါင်း ၂ထောင်ကျော် ကျယ်ပြန့်ပြီး ယနေ့ နိုင်ဂျီးရီးယား ၊ ချက်ဒ်(Chad) ၊ နိုင်ဂါ ၊ မာလီ ၊ ဘူရီကာဖာဆို ၊ ဂွာရာနာ ၊ ဂမ်ဘီယာ ၊ ဆီနီဂေါ ၊ မာရီတန်နီးယား အစရှိတဲ့နိုင်ငံတွေဟာ မာလီအင်ပါယာထဲမှာ ပါဝင်ပါတယ်။ Mansa Musa ဟာ ခရီးအလွန်ထွက်တဲ့ဘုရင်ဖြစ်ပြီး မိုင်ပေါင်းထောင်ချီအောင်ထွက်လေ့ရှိပါတယ်။ ဒီလို ခရီး ထွက်တဲ့အခါမျိုးမှာ အစေခံ ထောင် နဲ့ချီပြီး ခေါ်ယူကာထွက်လေ့ရှိပါတယ်။ သူ့ရဲ့အစေခံအားလုံးကိုလည်း တန်ဖိုးကြီးလှတဲ့ ပါရှားပြည်က ပိုးထည် တွေကို ၀တ်ဆင်စေပါတယ်။ ကုလားအုတ် အကောင် ၈၀ နဲ့ အတူ ရွှေ ပေါင် ၃၀၀ ခန့်ကိုလည်း ခရီး ထွက်ရင် သယ်သွားလေ့ရှိပါတယ်။ သူသွားခဲ့တဲ့လမ်းတလျှောက်မှာ လက်ဆောင် ပစ္စည်း တွေကို အမြဲဝေမျှခဲ့ပါတယ်။ သူ့ရဲ့အထင်ရှားဆုံးခရီးကတော့ မိုင်ပေါင်း ၄၀၀၀ ကျော်ဝေးတဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာကို သွားခဲ့တဲ့ ခရီးဖြစ်ပါတယ်။
သူ့လက်ထက်မှာ မာလီဟာ အကြီးမားဆုံးထွန်းတောက်ခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့မြို့တော် တင်ဘခ်တူ ဟာ အဲဒီအချိန်က ယဉ်ကျေးမှု နဲ့ ကုန်သွယ်မှု အထွန်းကားဆုံးမြို့ဖြစ်ခဲ့ပါတယ်။ သူဟာ ပညာရေး ကို တန်ဖိုး ထားတဲ့ ဘုရင် ဖြစ်ပြီး သူ့ရဲ့မြို့တော်မှာ Sankore တက္ကသိုလ်ကိုဖွင့်လှစ်ပြီး ကမ္ဘာတစ်ဝန်းက ပညာသင်ဆု ရကျောင်းသားတွေကို တက်ရောက်သင်ယူစေခဲ့ပါတယ်။ သူဟာ အသက် ၅၇နှစ်အရွယ် ၁၃၃၇ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ သူ့လက်ထက်က မာလီအင်ပါယာကို အထွန်းတောက်ဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ပေမယ့် သူ့ကိုဆက်ခံသူများရဲ့လက်ထက်မှာတော့ လွဲမှားတဲ့စီမံမှုတွေ ၊ နယ်ချဲ့ခြင်း နဲ့ ပြည်တွင်းစစ်ပွဲတွေကြောင့် Mansa Musa တည်ထောင်ခဲ့တဲ့ အင်ပါယာကြီး ပျက်စီးခဲ့ရပါတယ်။ သူ့ရဲ့နန်းတော်မရှိတော့ပေမယ့် သူတည်ထောင်ခဲ့တဲ့ အဆောက်အဦးတွေ တက္ကသိုလ် တွေကတော့ ယနေ့တိုင်ရှိနေဆဲပါ။ သမိုင်းတလျှောက်မှာ သူ့ထက်ချမ်းသာတဲ့သူ ထပ်ပေါ်လာဖို့ ဆိုတာလည်း မဖြစ်နိုင်လောက်အောင်ပါပဲ။
Share:

ရွေးကောက်ခံအမတ်များကို ဖိအားမပေးဖို့ လွှတ်တော်ဥက္ကဌ သတိပေး


(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
နေပြည်တော်(ဩဂုတ် ၂၄ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ အရေးကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်အမတ်တစ်ဦး၏ လွှတ်တော်တွင်း ဆွေးနွေးချက်သည် ရွေးကောက်ခံ လွှတ်တော်အမတ်များ၏ ဆွေးနွေးပိုင်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်ကို ဖိအားပေးသည်ဆိုကာ ဆွေးနွေးချက်ပါ စကားရပ်တစ်ခုကို လွှတ်တော်ဥက္ကဌက ပြန်ရုတ်သိမ်းခိုင်းခဲ့သည်။
ရခိုင်အမျိုးသားပါတီမှ ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေ တင်သွင်းသည့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသကို ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံးအကောင်အကောင်အထည်ဖော်ရေး အဆိုနှင့်ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်အမတ် ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက ဩဂုတ် ၂၄ရက်၊ လွှတ်တော်အစည်းအဝေးတွင် ထောက်ခံ ဆွေးနွေးခဲ့သည်။
ဆွေးနွေးစဉ် ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက အတည်ပြုဆဲ သတင်းများအရ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက်သမားများက ၎င်းတို့ အခြေပြုနေထိုင်ရာ ကျေးရွာများသို့ လုံခြုံရေးတပ်ဖွဲ့များ ဝင်ရောက်လာပါက ဖမ်းဆီး၊ သတ်ဖြတ်ခြင်း ပြုလုပ်ရန် ကြံစည်နေကြောင်း သတင်းရရှိသည်ဟု လွှတ်တော်တွင် ပြောသည်။
ထိုသတင်းသာ မှန်ကန်မှုရှိပါက တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးစေသည့် လုပ်ရပ်အဖြစ် သုံးသပ်ကာ ချက်ချင်း တုံ့ပြန်၊ အရေးယူရမည် ဖြစ်သည်ဟု ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက ဆိုသည်။
“နိုင်ငံတော်အနေနဲ့ တုန့်ပြန်မှု နှောင့်နှေးနေပါက ဒေသခံပြည်သူများရဲ့ လုံခြုံရေးနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကိုပါ ရေရှည်မှာ ထိခိုက်လာနိုင်တဲ့အတွက် လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းကာ နိုင်ငံတော် အစိုးရကို လိုအပ်သလို တိုက်တွန်း သွားရမှာ ဖြစ်ပါတယ်” ဟု ဒုတိယ ဗိုလ်မှူးကြီးက ဆက်လက် ပြောဆိုသည်။
လတ်တလော ရခိုင်တိုင်းရင်းသားများ၏ အရေးသည် နောင်အခါတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အရေး ဖြစ်လာနိုင်သည့်အတွက် လွှတ်တော်ထဲရှိ ကိုယ်စားလှယ်အားလုံး၏ စိတ်သဘောထားနှင့် လုပ်ဆောင်ချက် ထပ်တူကျရန် အရေးကြီးသည်ဟုလည်း ၎င်းက လွှတ်တော်တွင် ပြောဆိုသည်။
“လိုအပ်ချက်အရ လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ကာ အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိပါက နောင်မှာ ဖြစ်ပေါ်လာမည့် အကျိုးဆက်တို့ကို လွှတ်တော်က တာဝန်ယူရမှာ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ လုပ်ရပ်အပေါ်မှာလည်း ဒေသခံ တိုင်းရင်းသားများနဲ့ နိုင်ငံသူ နိုင်ငံသား အားလုံးက အားရကျေနပ်မှာ မဟုတ်ဘူး” ဟု ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက လွှတ်တော်တွင် ဆက်လက် ဆွေးနွေးခဲ့သည်။
ထိုဆွေးနွေးချက် အဆုံးတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က “ဆွေးနွေးတာတော့ ဆွေးနွေးပါ။ ဒါပေမယ့် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်ကိုတော့ ဒီလို ဖိအားပေးတဲ့ဟာမျိုး လွှတ်တော်နည်းဥပဒေမှာ ခွင့်မပြုထားပါဘူး။ ပြန်ကြည့်ထားလိုက်ပါ။ ဒါကြောင့်မို့လို့ ဒီစကားရပ်ကိုတော့ ပြန်ရုတ်သိမ်းပါ” ဟု ချင်ချင်း အသိပေးခဲ့သည်။
ဦးဝင်းမြင့်၏ အသိပေးမှု အပြီးတွင် ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက “ဟုတ်ကဲ့ပါ ခင်ဗျ။ ဆက်ပြီး ဆွေးနွေးပါ့မယ် ခင်ဗျ”  ဟု ဆိုကာ ရုတ်သိမ်းခြင်း မရုတ်သိမ်းဘဲ “ဒါ့အပြင် နိုင်ငံတော်လုံခြုံရေး” ဟူ၍ ဆက်လက် ဆွေးနွေးရန် ကြိုးပမ်းခဲ့သည်။
ထို့နောက် ဦးဝင်းမြင့်က “ပြန်ရုတ်သိမ်းဖို့ကို အရင်ပြောပါ” ဟု ဟန့်တားလိုက်မှသာ “ဟုတ်ကဲ့ ပြန်ရုတ်သိမ်းပါတယ် ခင်ဗျ” ဟု ဒုတိယ ဗိုလ်မှူးကြီးက ပြောဆိုသည်။
ဆက်လက်၍ “ဒါ့အပြင် နိုင်ငံတော်လုံခြုံရေးအတွက် ဥပဒေတစ်ရပ် အမြန်ရေးဆွဲ အတည်ပြုနိုင်ရေးလည်း အကြံပြု တိုက်တွန်းအပ်ပါတယ်” ဟုလည်း ဒုတိယဗိုလ်မှူးကြီးက ဆွေးနွေးခဲ့သေးသည်။
ဒေါ်ခင်စောဝေ၏ အဆိုကို ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦး အပါအဝင် တပ်မတော်သားလွှတ်တော်အမတ် ၃ဦးက ဝင်ရောက်ဆွေးနွေးခဲ့ပြီး ၎င်းတို့ ၃ဦးစလုံးက အဆိုကို အတည်ပြုသင့်ကြောင်း ထောက်ခံ ဆွေးနွေးခဲ့သည်။
သို့သော် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက အဆိုကို မှတ်တမ်းတင်ထားရှိရန် လွှတ်တော်တွင် လာရောက် ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုရှင် ဒေါ်ခင်စောဝေကမူ ၎င်း၏အဆိုကို အတည်ပြုပေးရန် သဘောထားမှတ်ချက်ပေးခဲ့သည်။ ထို့ကြောင့် စက်ခလုတ်သုံးပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုကို အတည်ပြုရန် လွှတ်တော်အမတ် ၁၅၀ဦးက မဲပေးခဲ့ကြပြီး အဆိုကို မှတ်တမ်းတင်ရန် ၂၃၂ဦးက မဲပေးခဲ့ကြသည့်အတွက် အဆိုကို မှတ်တမ်းအဖြစ် ထားရှိရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
“ဒါ ဒီမိုကရေစီနည်းလမ်းအရ လုပ်တာပါ။ ဒါပေမယ့်လည်း အန်တီတို့ တိုင်းရင်းသားတွေရဲ့ လူနည်းစုအပေါ်မှာတော့ အလေးထားဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု မဲရလဒ်အပေါ် အဆိုရှင် ဒေါ်ခင်စောဝေက လွှတ်တော်အစည်းအဝေးအပြီး ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ၂၀၁၅ခုနှစ်၊ အောက်တိုဘာလအတွင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးနင်းတိုက်ခိုက်ခံရသည့် ဖြစ်စဉ်မှ စတင်ကာ ပဋိပက္ခများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
Share:

ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ပြည်သူ လူထုများ အတွက် ငြိမ်းချမ်း မျှတ၍ သာယာဝပြောသော အနာဂတ် ပေါ်ထွန်းလာနိုင်ရေးကို ဦးတည်လျက်

RPT cover

အစီရင်အပြည့်အစုံ မြန်မာလိုဖတ်ရန် နှင့် ဒေါင်လုပ်ရန် လင့်
FinalReport_Myan_LowRes
ရန်ကုန်မြို့ – ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ရခိုင်ပြည်နယ် တဝန်း၊ မြန်မာနိုင်ငံရှိ တခြားသော နေရာများနှင့် ဒေသတွင်းတွင် တွေ့ဆုံဆွေးနွေးပွဲများကို တစ်နှစ်တာ ပြုလုပ်ခဲ့ပြီးနောက် ၎င်း၏ အပြီးသတ် အစီရင်ခံစာကို ဩဂုတ်လ၊ ၂၃ ရက်တွင် မြန်မာနိုင်ငံ အစိုးရထံသို့ တင်သွင်းလိုက်ပြီ ဖြစ်ပါသည်။ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်တွင် ပဋိပက္ခ ကာကွယ်တားဆီးရေး၊ ငြိမ်းချမ်းမှု ရှိရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ဆင်းရဲဒုက္ခ ကြုံနေရသော လူထုအတွက် မျှော်လင့်ချက် ရောင်ခြည်ပေးနိုင်ရန် ချက်ခြင်းနှင့် ရေရှည် ဆောင်ရွက်နိုင်မည့် အကြံပြုချက်များ ပေးထားပါသည်။
ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဦးစီးဆောင်ရွက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှု၊ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်မှု စသည့် စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်လွှားနိုင်မည့် အကြံပြုချက်များ ပါဝင်ပါသည်။ အစီရင်ခံစာကို ယခုနှစ်၊ မတ်လတွင် ထုတ်ပြန်ခဲ့သည့် ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာအပေါ် အခြေပြု၍ ရေးသားထားခြင်း ဖြစ်သည်။
“အစိုးရနဲ့ လူမှုအသိုင်းအဝိုင်း ကဏ္ဍအားလုံးရဲ့ အကူအညီရယူပြီး အစိုးရရဲ့ ဦးဆောင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချက်ခြင်း လုပ်ဆောင်နိုင်မှသာ ရခိုင်ပြည်နယ်တွင် ကာလရှည်ကြာ ကြုံတွေ့နေရတဲ့ ဆင်းရဲနွမ်းပါးမှုကို ပိုမို နက်ရှိုင်းစေမည့် အကြမ်းဖက်မှုနဲ့ အစွန်းရောက် လှုပ်ရှားမှုများ သံသရာ လည်ဖြစ်ပွားနေခြင်းကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောဆိုသည်။
အပြီးသတ် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး တို့အပေါ် အဓိက အဟန့်အတား ဖြစ်စေသည့် ဖွဲ့စည်းတည်ဆောက်မှု ဆိုင်ရာ ကျယ်ပြန့်သည့် အကြောင်းအရာများကို အသေးစိတ် ဖော်ပြထားပါသည်။
အကြံပြုချက်များတွင် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်၊ လူသားတိုင်း ဥပဒေ၏ ရှေ့မှောက်တွင် အခွင့်အရေးများနှင့် တန်းတူညီမှု ရရှိပိုင်ခွင့်၊ နိုင်ငံသား ဖြစ်မှု ဆိုင်ရာ အထောက်အထား စာရွက်စာတမ်း ကိစ္စရပ်၊ IDP ကိစ္စရပ်များနှင့် မွတ်ဆလင် လူဦးရေကို အချိုးမညီစွာ သက်ရောက်မှုရှိနေသည့် လွတ်လပ်စွာ သွားလာခွင့် စသည့် ကိစ္စရပ်များကို အလေးပေး ဖော်ပြထားပါသည်။
အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်များတွင် နယ်ပယ် (၅) ခုနှင့် သက်ဆိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်သည့် အကြံပြုချက် အကျဉ်းချုပ်သည် ယခုသတင်းထုတ်ပြန်ချက်နှင့် အတူ ပူးတွဲဖော်ပြထားပါသည်။
အစီရင်ခံစာသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၆ ခုနစ်၊ စက်တင်ဘာလမှ စ၍ ကော်မရှင်မှ ပြုလုပ်ခဲ့သော အစည်းအဝေးများနှင့် တွေ့ဆုံဆွေးနွေးပွဲပေါင်း ၁၅၀ ကျော်၏ ရလဒ်ဖြစ်ပါသည်။ ကော်မရှင် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် တဝန်း ကျယ်ပြန့်စွာ သွားလာခဲ့ပြီး ရန်ကုန်၊ နေပြည်တော်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဂျီနီဗာမြို့တို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
“ကော်မရှင်အနေနဲ့ ရိုးသားပြီး အပြုသဘောဆောင်သည့် အကြံပြုချက်များကို ပေးထားပြီး အဲဒီအကြံပြုချက် များကြောင့် ငြင်းခုံဆွေးနွေးရမှုများ ဖြစ်လာနိုင်တာကို သိရှိရပါတယ်” ဟု ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောကြားသည်။ “သို့သော်လည်း ကော်မရှင်က မျှော်မှန်းထားတဲ့ စိတ်ဓာတ်အတိုင်း ချမှတ် အကောင် အထည်ဖော်ခဲ့မယ် ဆိုရင် ကြားဖြတ်အစီရင်ခံစာက အကြံပြုချက်များအပါအဝင် ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေဟာ ရခိုင်ပြည်နယ်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ တရားဥပဒေ စိုးမိုးမှုကို လေးစားမှုများ ရရှိလာမယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ အကြမ်းဖက်မှုက ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေအတွက် ရေရှည်ဖြေရှင်းပေးနိုင်တဲ့ အဖြေကို ပေးနိုင်မှာ မဟုတ်ပါ”
ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို တင်သွင်းခြင်းနှင့်အတူ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ သက်တမ်းမှာလည်း ပြီးဆုံးပြီ ဖြစ်သည်။ သို့သော်လည်း ကော်မရှင်၏ အစီရင်ခံစာတွင် အကြံပြုချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးကို သေချာစေမည့် အမျိုးသား ယန္တယားတစ်ခု ဖွဲ့စည်းသင့်ကြောင်း အကြံပြုထားပါသည်။
“ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်များကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် မူဝါဒများကို ညှိနှိုင်း ပေါင်းစပ်ပေးသည့် တာဝန်တစ်ခုတည်းကိုသာ ယူသည့် ဝန်ကြီးအဆင့် တာဝန်ခံတစ်ဦး ခန့်အပ်ရန် ကျွန်တော်တို့ အဆိုပြုထားပါတယ်။” ဟု ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောကြားသည်။ “ဝန်ကြီးအဆင့် ရှိသည့် တာဝန်ခံသည် လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန် အတွက် လုံလောက်သည့် ဝန်ထမ်းအင်အားနဲ့ ဖွဲ့စည်းထားတဲ့ အမြဲတမ်း အထောက်အကူပြုအဖွဲ့ (Secretariat) မှ လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးရပါမယ်။ ထိုအထောက်အကူပြုအဖွဲ့သည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ရမည် ဖြစ်ပြီး ဗဟိုကော်မတီ၏ လုပ်ငန်းများကိုလည်း အထောက်အပံ့ပြုရပါမည်။”

အစီရင်အပြည့်အစုံ မြန်မာလိုဖတ်ရန် နှင့် ဒေါင်လုပ်ရန် လင့်
FinalReport_Myan_LowRes
Share:

ရခိုင်အကြံပေး Kufi Annan ကော်မရှင် ၏ အပြီးသတ် အစီရင်ခံ (မြန်မာလို) ဖတ်ရန် လင့်

 

အစီရင်အပြည့်အစုံ မြန်မာလိုဖတ်ရန် နှင့် ဒေါင်လုပ်ရန် လင့်
FinalReport_Myan_LowRes

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာနှင့် အကြံပြုချက်များကို ထုတ်ပြန် လိုက်ပြီ ဖြစ်သည်။ အစီရင်ခံစာတွင် ပဋိပက္ခ ကာကွယ်တားဆီးခြင်း၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူ အညီများ ပေးအပ်ခြင်း၊ လူ့အဖွဲ့အစည်းများ အကြား ပြန်လည်သင့်မြတ်ရေး အတွက် ဆောင်ရွက်ခြင်း၊ အဖွဲ့  အစည်း များ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ဖွံ့ဖြိုးမှု စသည်တို့ အပါအဝင် ကော်မရှင်၏ လုပ်ပိုင်ခွင့်ဘောင် အတွင်း အကျုံးဝင်သော အကြောင်းအရာများနှင့် ပတ်သက်သည့် အကြံပြုချက်များ ပါဝင်ပါသည်။ သတင်း ထုတ်ပြန်ချက် ကို အောက်ပါလင့်မှ တဆင့် ရယူနိုင်ပါသည်။
http://www.rakhinecommission.org/mm/the-final-report/
အကြံပြုချက်များတွင် မြန်မာအစိုးရအနေဖြင့် ချက်ချင်း အရေးယူဆောင်ရွက်နိုင်သည့် အကြံပြုချက်များနှင့် ရေရှည် လုပ်ဆောင်သွားရမည့် ကိစ္စရပ်များ၊ ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သော အကြံပြု ချက်များလည်း ပါဝင်ပါသည်။
ရခိုင်ပြည်နယ်တွင်း နေထိုင်သူအားလုံး၏ လူမှုဘဝပိုမိုကောင်းမွန်လာရေးအတွက် အကြံပြုချက်များ အဆိုပြုနိုင် ရန် မြန်မာနိုင်ငံအစိုးရက ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးထားခြင်းဖြစ်သည်။ ကော်မရှင်ကို ပြည်တွင်း ပညာရှင် ၆ ဦး၊ နိုင်ငံတကာ ပညာရှင် ၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ကိုဖီအာနန်မှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။
The Commission is pleased to announce the release of its final recommendations report. The final report covers all issues in the Commission’s mandate including: conflict prevention, humanitarian assistance, reconciliation, institution building, and development. The recommendations describe the steps the Myanmar Government can take to address both long-term and structural issues, as well as those requiring urgent action. The press release can be accessed with the following link.
http://www.rakhinecommission.org/the-final-report/
The Government of Myanmar has mandated the Commission to propose recommendations for improving the welfare of all people in Rakhine state. When implemented, the recommendations will lead to tangible improvements in the lives of all communities in Rakhine, particularly the most vulnerable and impoverished. The Commission is composed of six local and three international experts, and is chaired by Kofi Annan.


အစီရင်အပြည့်အစုံ မြန်မာလိုဖတ်ရန် နှင့် ဒေါင်လုပ်ရန် လင့်

FinalReport_Myan_LowRes
Share:

ကိုဖီအာနန် ကော်မရှင်၏ အပြီးသတ် အကြံပြုချက်များအား ကော်မတီ အသစ်ဖွဲ့ကာ ဆောင်ရွက် သွားမည်


Image may contain: 5 people, people sitting and text


သြဂုတ် ၂၄
မဇ္ဈိမ
မစ္စတာ ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ အကြံပြုချက်များအား ပြည်ထောင်စုဝန်ကြီးအဆင့်ဦးဆောင်သည့် ကော်မတီအသစ်တစ်ရပ် ဖွဲ့စည်းပြီး ဆောင် ရွက် သွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။
ယမန်နေ့ သြဂုတ်လ ၂၃ ရက်နေ့က နိုင်ငံတော်သမ္မတထံ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီး သတ် အကြုံပြု အစီရင်ခံစာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အကောင်အထည်ဖော်မည့် ကော်မတီသစ်တွင် သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးမှ ကိုယ်စားလှယ် များ ပါဝင်စေမည်ဖြစ်ပြီး အကြံပြုချက်များအား အကောင် အထည်ဖော်မှု အခြေအနေများအပေါ် ကြီးကြပ်ရန်နှင့် တိုးတက် မှုများ အစီရင်ခံတင်ပြရန် တာဝန်ယူ ဆောင်ရွက်စေမည် ဖြစ်သည် ဟု ဖော်ပြ ထားသည်။
ကော်မတီအသစ်ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးဘုတ်အဖွဲ့ တစ်ဖွဲ့ဖြင့် အထောက်အကူ ပြုသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံသားများ၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ ကျွမ်းကျင်သူများ ပါဝင်မည် ဖြစ်ကြောင်း သိ ရသည်။ အဆိုပါ ကော်မတီအသစ်နှင့် အကြံပေးဘုတ်အဖွဲ့တို့နှင့် ပတ်သက်ပြီး မကြာမီ ထုတ်ပြန်ကြေညာ သွားမည် ဖြစ်သည် ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၏ အပြီးသတ်အစီရင်ခံစာအပေါ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက ထုတ်ပြန် ခဲ့သည့် ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက် အများအပြားကို အကောင်အထည်ဖော်ခဲ့ပြီး ရွေ့လျားဆေးပေးခန်း အသစ်များ၊ စာသင်ကျောင်းများအဆင့်မြှင့်တင်ခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်နှင့် နည်း ပညာရပ်များ သင်ကြားပေးခြင်း၊ အထူးစီးပွားရေးဇုန်ဆောက်လုပ်ရန် စမ်းသပ် စစ်ဆေးနေခြင်း၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး၊ ဘာသာရေးဆိုင်ရာပြည်သူ့နီတိသင်ကြားခြင်းများ၊ ဒုက္ခသည်စခန်း ၃ ခု ပိတ်သိ မ်းနိုင်ခဲ့ခြင်း၊ နိုင်ငံသားစီစစ်ရေးများ ဆောင်ရွက်ခဲ့သည်ဟာ ပါရှိသည်။
ရခိုင်ပြည်နယ်အရေး လွန်စွာမှ ပင်ရှုပ်ထွေးနက်နဲလှပြီး အချိန်တိုတိုအတွင်း ဖြေရှင်းယူ၍ မရနိုင်ပါ ဟု ဖော်ပြ ထားပြီး အစိုးရအနေဖြင့် မစ္စတာ ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် များအား အပြုသဘောဆောင်သည်ဟု ဆိုခဲ့သည်။
အပြီးသတ်အစီရင်ခံစာတွင် နိုင်ငံသားစီစစ်ရေး၊ လွတ်လပ်စွာသွားလာခွင့်ရရှိရေးအပါအဝင် ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝိုင်း ၂ ခုကြား ယုံကြည်မှု တည်ဆောက်နိုင်ရန် တိုက်တွန်းထားသည်။

 
Share:

24 August, 2017

မကွေးတိုင်းမှာ ရေနံမြေအသစ်တွေ့ရှိထား



ဒီရေနံမြေဟာ ၁၉၇၈ နောက်ပိုင်း အကြီးဆုံး ဖြစ်လာနိုင်ဖွယ်ရှိ

အလျားမိုင် (၂၀) အနံ (၃ မိုင်) လောက်ရှိပြီး အလွန် အလားအလာ ကောင်းမွန်တဲ့ ရေနံမြေတခုကို မကွေးတိုင်းထဲမှာ တွေ့ထားလို့ ဘူမိဗေဒကွင်းဆင်းလေ့လာမှုတွေ လုပ်ဖို့ အစိုးရက ပြင်ဆင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အခုတွေ့ရှိထားတယ်ဆိုတဲ့ ရေနံမြေရဲ့ ရေနံကြောဟာ မကွေးတိုင်း မင်းဘူး၊ ထောက်ရှာပင်ကနေ ငဖဲ၊ စေတုတ္တရာ မြို့နယ်တွေအထိ ရှည်လျားပြီး လက်ရှိ အကြီးဆုံးရေနံကြောတွေထဲမှာပါတဲ့ မန်းရေနံမြေ၊ ထောက်ရှာပင်ရေနံမြေနဲ့ တဆက်တည်းရှိနေတာပါ။

အဲဒီရေနံကြောနဲ့ ပတ်သက်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကနေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းခိုင်ကို တင်ပြ ထားပြီး ဘူမိဗေဒကွင်းဆင်းမှုတွေ လုပ်ဖို့ ပြင်ဆင်နေတယ်လို့ မကွေးတိုင်း သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ဘီဘီစီကို ပြောပါတယ်။ ရေနံကြောရှိတဲ့ နယ်နိမိတ် အတွင်းမှာ လူနေတဲ့ ဧရိယာ တချို့လည်း ပါတယ်လို့ သူက ဆိုပါတယ်။

ဒီရေနံကြောကို ဘူမိဗေဒပညာရှင် ဦးအောင်မင်းက စတင်တွေ့ရှိခဲ့ပြီး မကွေးတိုင်းအစိုးရကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ သူကတော့ဒီ ရေနံမြေဟာ နှစ်ပေါင်း (၄၀) လောက်အတွင်း အကြီးဆုံးဖြစ်လာနိုင်ပြီး ရေနံစည် ပေပါပေါင်း သန်းနဲ့ ချီပြီး ထွက်လာဖို့ ခန့်မှန်းနေပါတယ်။

အဲဒီ ဒေသမှာ ရေနံထွက်နိုင်တဲ့ ဘူမိဗေဒအနေအထားကို ဂဲူဂဲလ် ဂြိုဟ်တု ဓာတ်ပုံတွေမှာ စတင် တွေ့ရှိခဲ့ပြီး လက်တွေ့ မြေပြင် ကွင်းဆင်းလေ့လာရာမှာလည်း အဲဒီမှာ ရေနံ တကယ်ရှိနေတာကို တွေ့ခဲ့ရတယ်လို့ ဘူမိဗေဒပညာရှင် ဦးအောင်မင်းက ဘီဘီစီကို ပြောပါတယ်။

ခန့်မှန်တဲ့ အတိုင်းသာ ရေနံထွက်မယ် ဆိုရင် ရေနံစည် သန်းပေါင်း ၅၈၉.၆ သန်း ထွက်နိုင်ဖွယ်ရှိပြီး အမေရိကန် ဒေါ်လာ ၅၈.၉၆ ကုဋေ တန်ဖိုး ရှိတယ်လို့ ခန့်မှန်းရကြောင်း သူက ဆိုပါတယ်။

လောလောဆယ်မှာ မကွေးတိုင်းထဲက ချောက်၊ ရေနံချောင်း၊ မင်းဘူး ရေနံမြေတွေကနေ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ဂတ်စ်တွေ ထွက်ရှိနေပြီး ၁၉၈၀ ဝန်းကျင်က တွေ့ရှိခဲ့တဲ့ မန်းရေနံမြေ၊ ထောက်ရှာပင် ရေနံမြေတွေကနေတော့ ၁ လကို ရေနံစည် ပေပါ ၄ သောင်းဝန်းကျင် ထွက်ရှိနေပါတယ်။

အခု အသစ်တွေ့ရှိတဲ့ ရေနံကြောနဲ့ ပတ်သက်လို့ ဘူမိဗေဒကွင်းဆင်းလေ့လာပြီး တိုင်းထွာမှုတွေ အသေအချာလုပ်ပြီးမှသာ ရေနံစည် ပမာဏဘယ်လောက်ထွက်မယ်ဆိုတာကို ခန့်မှန်းနိုင်မယ်လို့ မကွေးတိုင်းအစိုးရကတော့ ပြောပါတယ်။
Share:

“ကျောက်ထက်အက္ခရာတင်” ဆိုသည့် မြန်မာ့ဆိုရိုးစကားနှင့်အညီ မှတ်တမ်းတင်မှုများ သည် ပိုမိုလေးနက်သဖြင့် မှားယွင်း၍မရဘဲ မှန်ကန်မှုရှိရန်လို


Image may contain: 12 people, people standing and indoor

နေပြည်တော်၊ သြဂုတ် ၂၄
ရခိုင်ပြည်နယ်အရေးသည် အားလုံးကစိတ်ဝင်စားသည့် ကိစ္စရပ်ဖြစ်ကြောင်း၊ “ကျောက်ထက်အက္ခရာတင်” ဆိုသည့် မြန်မာ့ဆိုရိုးစကားနှင့်အညီ စာဖြင့်မှတ်တမ်းတင်ခြင်းသည် ပိုမိုလေးနက်မှုရှိကြောင်း၊ မှားယွင်း၍မရဘဲ မှန်ကန်ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် ရခိုင်ဒေသအရေးကိစ္စအား စဉ်ဆက်မပြတ် စဉ်းစားသုံးသပ် လုပ်ဆောင်နေခြင်းဖြစ်၍ မိမိတို့ဆွေးနွေးခဲ့သည့် အချက်အလက်မှားယွင်းမှု၊ မျှတရန်လိုအပ်မှုများကို သုံးသပ်ပြင်ဆင်ရန် အကြံပြုကြောင်းဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဋ္ဌ Mr. Kofi Annan ဦးဆောင်သောအဖွဲ့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။
ထိုသို့တွေ့ဆုံရာတွင် Mr. Kofi Annan က မိမိတို့ကော်မရှင်အား လွန်ခဲ့သည့် တစ်နှစ်က ရခိုင်ပြည်နယ်၏ ဖြစ်စဉ်များကို လေ့လာသုံးသပ်၍ ပဋိပက္ခများ၊ တင်းမာမှုများ လျော့ပါးစေရေးအတွက် အကြံပြုနိုင်ရန် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၂ လတာ ကာလအတွင်း ရခိုင်ပြည်နယ်၊ ရန်ကုန်မြို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဂျနီဗာမြို့တို့တွင် တွေ့ဆုံဆွေးနွေးမှု၊ ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ပြဿနာ၏ သဘောသဘာဝကိုသိရှိနိုင်ရန် လေ့လာမှု၊ ပြောဆိုချက်များအား နားထောင်မှုများကိုလည်း အလေးထား လုပ်ဆောင်ခဲ့ကြောင်း၊ ကော်မရှင်၏အစီရင်ခံစာတွင်လည်း ရခိုင်ပြည်နယ်တွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ ရင်းနှီးမြုပ်နှံမှုအားပေးမြှင့်တင်ရေး၊ အခြေခံဝန်ဆောင်မှုများရရှိရေး ကိစ္စရပ်များအား အကြံပြုထားကြောင်း၊ အဓိကအချက်အနေဖြင့် နိုင်ငံသားစိစစ်မှုနှင့် မှတ်ပုံတင်ပြုလုပ်မှု၊ ရပ်ရွာအသိုင်းအ၀ိုင်းများကြားတွင် အပြန်အလှန် ဆွေးနွေးပြောဆိုခြင်းဖြင့် တင်းမာမှုများလျော့ပါးပြီး ပြန်လည်သင့်မြတ်မှုများလည်း ပါဝင်ကြောင်း၊ ၎င်းအပြင် နယ်စပ်လုံခြုံရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာများကိုလည်း ထည့်သွင်းဖော်ပြထားကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
Mr. Kofi Annan ၏ ဆွေးနွေးတင်ပြချက်အပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည် ဆွေးနွေးရာတွင် မိမိတို့အနေဖြင့် ကော်မရှင်၏အစီရင်ခံစာကို ဖတ်ရှုလေ့လာပြီးဖြစ်ကြောင်း၊ ကော်မရှင်၏ တာဝန်မှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့်အခြေအနေများကို ဖြေရှင်းကျော်လွှားနိုင်ရေးအတွက် အကြံပြုရန်ဟုနားလည်ပါကြောင်း၊ ထိုသို့အကြံပြုရာတွင် အချက်အလက်များမှန်ကန်ရန် လိုအပ်သောကြောင့် ယခင် မိမိတို့တွေ့ဆုံချိန်များတွင် သမိုင်းကြောင်းအဖြစ်မှန်များကို ပကတိနှင့် အရှိအတိုင်း ရှင်းလင်းပြောကြားခဲ့ကြောင်း၊ အကြောင်းအချက် ပြည့်ပြည့်စုံစုံလေ့လာရန်လည်း အကြံပြုခဲ့ကြောင်း၊ ကော်မရှင်၏အကြံပြုချက်မှာ တရားဝင်အစီရင်ခံစာဖြစ်ခြင်းကြောင့် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိမှာဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အချိန်ကန့်သတ်ချက်၊ သွားလာမှုကန့်သတ်ချက်များကြောင့် အကြောင်းအရာအချက်အလက်ပိုင်းတွင် မပြည့်စုံနိုင်ဟု ယူဆပါကြောင်း၊ ကော်မရှင်၏အစီရင်ခံစာပါ အချက်အလက်အချို့မှာ လွဲမှားမှုလိုအပ်ချက်များရှိနေကြောင်း ဦးစွာပြောကြားသည်။
အစီရင်ခံစာတွင် ဖော်ပြထားသည့် ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်မှုဥပဒေ နှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်မှုဥပဒေမှာ တည်ဆဲဥပဒေဖြစ်၍ ယင်းဥပဒေနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ အထွေထွေပြဋ္ဌာန်းချက်မှာပင် လူတစ်ယောက်နိုင်ငံသားဖြစ်မှုအတွက် မှတ်ပုံတင်ရန်လိုကြောင်း၊ သို့ဖြစ်၍ ရခိုင်ဒေသရှိ ဘင်္ဂါလီအားလုံး မှတ်ပုံတင်ရန်လိုကြောင်း၊ NVC ကတ်သည် ယင်းဘင်္ဂါလီများ၏ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခွင့်ပေးရေးအတွက် ခွဲခြမ်းစိတ်ဖြာရန် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း၊ သို့မှသာ ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံသားဖြစ်တည်မှုများအား ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ခွဲခြား၍မရသောသူများကို ထိန်းသိမ်းထားရပြီး ခွဲခြား၍ရသူများကို လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ပြု ထားကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး လုံခြုံရေးအဖွဲ့များ အမြောက်အများထားရှိခြင်းနှင့် ပတ်သက်၍ဆွေးနွေးရာတွင် လုံခြုံရေးဆိုသည်မှာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ကာကွယ်ရေး စသည်ဖြင့် အဆင့်ဆင့်လုပ်ဆောင် ရကြောင်း၊ ဘူးသီးတောင်-မောင်တောဒေသ အခြေအနေသည် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် သာမန်ရဲတပ်ဖွဲ့တို့က ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးအရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို တာဝန်ပေးထားကြောင်း၊ ယင်းနယ်မြေတွင် လက်ရှိပုဒ်မ-၁၄၄ ထုတ်ပြန်ထား ကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် လုံခြုံရေး အခြေအနေ ပိုမိုဆိုးရွားလာသဖြင့် တပ်များက ၀င်ရောက်ကာကွယ်ရခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင်ပင် ဒေသခံပြည်သူများ အသတ်ခံရခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ပျောက်ဆုံးနေခြင်းများ ရှိနေကြောင်း၊ ယင်းကိုထိန်းသိမ်းရန် လိုအပ်သကဲ့သို့ ယခုထက်ပိုမိုဆိုးရွားသည့် အရေးအခင်းများ ထပ်မံဖြစ်မလာစေရန် ကြိုတင်ကာကွယ်ရမည်ဖြစ်ကြောင်း၊ မေယုတောင်တန်းပေါ်တွင် ဘင်္ဂါလီများ၏ စစ်ရေး အထောက်အကူစခန်းများ၊ စစ်ရေးလေ့ကျင့်မှုများကို ဖော်ထုတ်တွေ့ရှိရကြောင်း၊ ကာကွယ်ရေးအဆင့်အထိ ရောက်ရှိလာ၍ တပ်မတော်က ပါဝင်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ တိုင်းရင်းသားများသည် နံပါတ်တစ်ဖြစ်ပြီး နိုင်ငံတွင်ရှိသည့် နိုင်ငံသားအားလုံးကိုလည်း ကာကွယ်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
လုံခြုံရေးလုပ်ဆောင်မှုနှင့်ပတ်သက်၍ Mr. Kofi Annan က ၂၀၁၂ ခုနှစ်တွင် လုပ်ဆောင်ခဲ့မှုအခြေအနေ၊ အခြေအနေတည်ငြိမ်ပြီး ထိန်းချုပ်နိုင်ပါက တပ်မတော်၏လုပ်ဆောင်မှုနှင့် လက်ရှိအခြေအနေများအား ဆွေးနွေးမေးမြန်းရာတွင် ၂၀၁၂ ခုနှစ် ဖြစ်စဉ်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်း အဝေးခေါ်ယူ၍ သမ္မတ၏ဦးဆောင်မှုဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအခြေအနေသည် လုံခြုံရေးစိတ်ချရမှုမရှိသေးကြောင်း၊ တစ်ဖက်နိုင်ငံနယ်စပ်တွင် လက်နက်ကိုင်အဖွဲ့အစည်းအချို့ ရောက်ရှိနေသည့် သတင်းများရရှိထားကြောင်း၊ မေယုတောင်တန်းတွင်လည်း နယ်မြေရှင်းလင်းမှုများ မပြီးပြတ်သေးကြောင်း၊ ဒေသခံများအတွက် လုံခြုံမှုစိတ်ချရသည်အထိ လုပ်ဆောင်ရန်လိုကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလဖြစ်စဉ်ကြောင့် တပ်များဖြင့်နယ်မြေရှင်းလင်းခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလတွင် စစ်ဆင်ရေးအားလုံးရပ်ဆိုင်းခဲ့ကြောင်း၊ ယခုထပ်မံဖြစ်ပွားလာသည့်အတွက် တပ်များဝင်ရောက်ရခြင်း ဖြစ်ကြောင်း၊ နယ်မြေရှင်းလင်းမှု အခြေအနေပေါ်မူတည်၍ တပ်များ၏လုပ်ဆောင်မှုကို ဆုံးဖြတ်ရမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက် Mr. Kofi Annan က သတင်းအဖွဲ့များနှင့် လူသားချင်းစာနာရေး အကူအညီပေးသည့် အဖွဲ့အစည်းများအား ဒုက္ခသည်စခန်းများသို့ လုံခြုံရေးအရ သွားလာခွင့်မပြုခြင်းနှင့်ပတ်သက်၍ ဆွေးနွေး မေးမြန်းရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတင်းအဖွဲ့များအား သွားလာခွင့်ပေးထားကြောင်း၊ မှန်မှန်ကန်ကန် ရေးသားရန်သာ လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် လူသားချင်းစာနာမှုအကူအညီ ပေးသည့် လုပ်ငန်း များတွင် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း၊ သို့သော် ၎င်းထောက်ပံ့ရေးပစ္စည်းများအား အကြမ်းဖက်သမားများ၏ စစ်ရေးလေ့ကျင့်ရေးစခန်းများတွင် တွေ့ရှိရခြင်းကိုလည်း စဉ်းစားသုံးသပ်ရန် လိုကြောင်း၊ ဒုက္ခသည်စခန်းတွင်နေထိုင်၍ စားနပ်ရိက္ခာများရယူပြီး တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်နေပါက အကြမ်းဖက်ကူညီသူဟု သတ်မှတ်ရမည်ဖြစ်ကြောင်း၊ ဒုက္ခသည်များကို ကူညီထောက်ပံ့ရန် တာဝန်ရှိသကဲ့သို့ ဒုက္ခသည်များကလည်း စိစစ်မှုကိုခံယူရန်တာဝန်ရှိကြောင်း၊ ဘင်္ဂါလီများအနေဖြင့် စိစစ်ခံရန်လက်မခံ မှုများကို အစီရင်ခံစာတွင်ထည့်သွင်းရေးသားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး ဘင်္ဂါလီများ၏ ပညာသင်ကြားခွင့်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်၏စီမံခန့်ခွဲမှုဖြင့် ဘူးသီးတောင်၊ မောင်တောဒေသတွင် ပညာရေးကျောင်း များစွာဖွင့်လှစ် ပေးထားကြောင်း၊ သို့သော်၎င်းတို့၏ ဘာသာရေးခေါင်းဆောင်များက အကြောင်းအမျိုးမျိုးပြ၍ သင်ကြားခွင့်မရအောင် ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ စစ်တွေမြို့ရှိ တက္ကသိုလ်များတွင် လာရောက်ပညာသင်ကြားနေသော ဘူးသီးတောင်၊ မောင်တောမှ ဘင်္ဂါလီများရှိကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ စိစစ်ပြီးပါက ဥပဒေနှင့်အညီ ပညာရေး၊ ကျန်မာရေးစသည်ဖြင့် အခွင့်အရေးများ ပိုမိုရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကော်မရှင်၏အစီရင်ခံစာနှင့် ပတ်သက်၍ သုံးသပ်အကြံပြု ပြောကြားရာတွင် ကော်မရှင်အနေဖြင့် နိုင်ငံတော်အစိုးရ၏သဘောထား၊ တပ်မတော်၏သဘောထား၊ ဒေသခံပြည်သူများ၏ သဘောထားများကို ခြုံငုံစဉ်းစားသုံးသပ်ရန်လိုကြောင်း၊ ဒေသခံရခိုင် တိုင်းရင်းသားများက လက်ခံရန် အရေးကြီးကြောင်း၊ ရခိုင်တိုင်းရင်းသားများ လက်မခံပါက ဖြေရှင်းဆောင်ရွက်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ ဘက်လိုက်၍ ထည့်သွင်းရေးသားရန်မဟုတ်ဘဲ မျှတမှုရှိရန် အကြံပေးခြင်းသာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။
Share:

ရိုဟင်ဂျာတွေအပေါ် ကန့်သတ်မှု ကိုဖီအာနန်အဖွဲ့ ရှုတ်ချ ရခိုင်ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာ သမ္မတကို တင်သွင်း

Image may contain: 1 person
Image may contain: 3 people, people standing and shoes

BBC Burmese
မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ ရခိုင်ပြည်က မွတ်စလင်တွေအတွက် နိုင်ငံသားဖြစ်ခွင့် တားဆီးပိတ်ပင် ထားသလိုဖြစ်နေပြီး နိုင်ငံတကာစံနှုန်းနဲ့မညီဘူးလို့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့က အကြုံပြုစာမှာ ထောက်ပြထားပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးအဖွဲ့ဟာ သြဂုတ်လ ၂၄ ရက် က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်တွေ့ ဆုံခဲ့ပြီး အဖွဲ့ရဲ့ အဆုံးသတ် အကြံပြုစာကို ပေးအပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေရဲ့ သွင်ပြင်လက္ခဏာတွေဟာ နိုင်ငံတကာ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ခွဲခြားနှိမ့်ချဆက်ဆံမှုမပြုရ နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်တွေနဲ့ သာမက မြန်မာနိုင်ငံက ပါဝင် သဘောတူလက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာစာချုပ်တွေနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ စာမျက်နှာ ၁၁၁ မျက်နှာပါရှိတဲ့ အဲဒီ အစီရင်ခံစာမှာ ဆိုထားပါတယ်။
မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ပဋိညာဉ်မှာ ဖော်ပြထားတဲ့အတိုင်း ကလေးတိုင်းရဲ့ နိုင်ငံသားဖြစ်နိုင်တဲ့ အခွင့်အရေးကို လေးစားဖို့၊ ကာကွယ်ဖို့၊ ကလေးတိုင်း နိုင်ငံသား ဖြစ်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ အကြံပြုစာမှာ ထောက်ပြထားပါတယ်။
အဲဒီလို မဆောင်ရွက်ဘဲ ကလေးငယ်တွေ အနေနဲ့ နိုင်ငံမဲ့ဖြစ်နိုင်တဲ့ အခြေအနေမျိုးဖြစ်နေပါက ပြည်တွင်း ဥပဒေ အပြင် ဒီကဏ္ဍနဲ့ သက်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာစာချုပ်ပါ တာဝန်များနဲ့အညီ နိုင်ငံသား ဖြစ်ခွင့် ဆိုင်ရာ အခွင့်အရေးကို ပြည့်မီအောင် ဆောက်ရွက်ပေးရမယ်လို့ ဘီဘီစီမြန်မာဌာနက လက်ခံရရှိထားတဲ့ အကြံပြုစာမှာ ရေးသားထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်က မွတ်ဆလင်တွေ ခရီးလှည့်လည်သွားလာတာကို ကန့်သတ်ထားတဲ့ တင်းကျပ်မှုတွေကိုလည်း လျှော့ချဖယ်ရှားဖို့ ရခိုင်အကြံပေးကော်မရှင်က တိုက်တွန်းထားပါတယ်။
ရခိုင်အမျိုးသားတချို့နဲ့ ရွာပုန်းရွာရှောင်စခန်းတွေ ပြင်ပမှာနေထိုင်တဲ့ ကျန် မွတ်ဆလင်များဟာလည်း အစိုးရချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ၊ ဒေသဆိုင်ရာ အစိုးရဝန်ထမ်းများရဲ့ သင့်သလို ချမှတ်တဲ့ ဆုံးဖြတ်ချက်နဲ့ အကျင့်ပျက်ဝန်ထမ်းများရဲ့ လုပ်ဆောင်မှုများကြောင့် တိုးမြှင့်လာတဲ့ ခရီးစရိတ်တွေက သူတို့ရဲ့ ခရီးသွားလာရေးမှာ ကန့်သတ်ချက် ပိုမိုကြုံတွေ့လာစေပါတယ်လို့ ကော်မရှင်အဖွဲ့က ရေးသားထားတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အကြံပြုထားတဲ့ အခုအစီရင်ခံစာဟာ အပြီးသတ် အစီရင်ခံစာ ဖြစ်ပြီး ကော်မရှင်အဖွဲ ရဲ့ ကြားဖြတ်အစီရင်ခံစာကိုတော့ ၂၀၁၇ နှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ကြားဖြတ် အစီရင်ခံပါ အကြံပြုချက်တွေကိုတော့ အစိုးရဘက်က စတင် အကောင်အထည်ဖော်နေတာ တွေ့ရပါတယ်။
မစ္စတာ အာနန် ကော်မရှင်ဟာ ဒီနေ့ သြဂုတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး ညနေပိုင်းမှာတော့ ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပါမယ်။
http://www.bbc.com/burmese/burma-41034673
Share:

စကားပြောနည်း

Speak method




           စကားပြောနည်း

အရေးကြီးသည့်ကိစ္စ – ရှင်းရှင်းလင်းလင်းပြောပါ။ အရေးမကြီးသည့်ကိစ္စ – ဟာသနှော၍ ပြောပါ။
ပိုင်နိုင်သောကိစ္စ – အကိုးအကားနှင့် ပြောပါ။
မပျော်ရွှင်ဖွယ်ကိစ္စ – လူနှင့် နေရာကို ကြည့်ပြောပါ။
ကိုယ့်ကိစ္စ – သူများပြောတာနားထောင်ပါ။
မလုပ်နိုင်သေးသည့်ကိစ္စ – ကတိလွယ်လွယ်မပေးသင့်။
အကျိုးယုတ်မည့်ကိစ္စ – လုံးဝမပြောသင့်။
မဖြစ်နိုင်သည့်ကိစ္စ – လစ်လျူရှုပါ။
မတတ်နိုင်သည့်ကိစ္စ – အရှုံးပေးပါ။
မိမိစကားမှားသော် – ထောက်ခိုင်းပါ။
မိမိစကားလမ်းလွဲသော် – တောင်းပန်ပါ။
မပိုင်နိုင်သောကိစ္စ – ဆင်ဆင်ခြင်ခြင် ပြောပါ။
ပျော်ရွှင်ဖွယ်ကိစ္စ – အချိန်နှင့် အခါကို ကြည့်ပြောပါ။
သူတစ်ပါးကိစ္စ – သတိထားပြီးပြောပါ။
မဖြစ်ပျက်သေးသည့်ကိစ္စ – လက်လွတ်စပယ်မပြောသင့်။
မသိနိုင်သည့်ကိစ္စ – လစ်လျူရှုပါ။
မကူနိုင်သည့်ကိစ္စ – လမ်းပြပါ။
သူတစ်ပါးစကားမှားသော် – ဖော့ပေးပါ။
သူတစ်ပါးစကားလမ်းလွဲသော် – ပြန်တည့်ပေးပါ။
credit : Original Uploader

 

Share:

23 August, 2017

မြေသိမ်း ခံရသူများကို တရား ပြန်စွဲသည့် ကိစ္စ လွှတ်တော် ဥက္ကဌ ပြင်းပြင်း ထန်ထန် ဝေဖန်

 
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်အား သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 
နေပြည်တော်(ဩဂုတ် ၂၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ မြန်မာစကားပုံအရ “မိအေး နှစ်ခါနာ” ဆိုသကဲ့သို့ မြေသိမ်းခံရသူများကိုယ်တိုင် တရားပြန်စွဲခံရပြီး တရားရုံးများတွင် အမှုရင်ဆိုင်နေရခြင်းသည် မှန်ကန်၊ မျှတသည့် စည်းမျဉ်းစည်းကမ်း မဟုတ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ဝေဖန်လိုက်သည်။
“အသိမ်းလည်း ခံရတယ်။ အသိမ်းခံရတဲ့သူက စားစရာ မရှိဘူး။ သိမ်းတဲ့သူက ထားစရာနေရာ မရှိဘူး။ အဲ့ဒီနှစ်ခုယှဉ်ပြီး တရားရုံးမှာ ဖြေရှင်းရမယ်ဆိုရင် တရားဥပဒေဆိုတဲ့ ရည်ရွယ်ချက်၊ မှန်ကန်မျှတတဲ့ စည်းမျဉ်း စည်းကမ်းက ဘယ်ပျောက်သွားမလဲ။ ပြီးရင် အဲ့ဒီတရားရုံးက ထားစရာမရှိတဲ့ သူနဲ့ စားစရာမရှိတဲ့ လယ်သမားနဲ့ ဘယ်သူ့နောက် ပါသွားမလဲ။ ကျွန်တော်တို့က ကိုယ်ချင်းစာတရား ထားဖို့တော့ ကောင်းတယ်” ဟု မြေသိမ်း ခံရသူများ တရားစွဲခံရပြီး အမှုရင်ဆိုင်နေရသည့်အပေါ် ဦးဝင်းမြင့်က ပြောသည်။
မြေသိမ်းပိုက်မှုခံရခြင်းနှင့် ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်မှ စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း မူလသိမ်းပိုက်ထားသူများမှ သိမ်းပိုက်ခံရသည့် လယ်သမားများအား တရားရုံးများတွင် တရားစွဲဆိုနေခြင်းကိစ္စနှင့် ပတ်သက်၍ လိုအပ်သလို ဆောင်ရွက်ပေးရန် မှော်ဘီမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဝင်းက ဩဂုတ် ၂၃ရက်က လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့သည်။
“မြေသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်က စစ်ဆေးနေတဲ့ အချိန်မှာပဲ မြေလက်ဝယ်ရှိသူ များက တရားရုံးအဆင့်ဆင့်မှာ တရားစွဲကြတဲ့အတွက် လယ်သမားများဟာ ထောင်ဒဏ်ကျခံခြင်း၊ ဒဏ်ငွေအသီးသီး ပေးဆောင်ရခြင်းများ ဖြစ်ပေါ်ခဲ့ရပါတယ်” ဟု ဦးအောင်ဝင်းက လွှတ်တော်တွင် ပြောသည်။
ထို့ကြောင့် သိမ်းဆည်းခံ လယ်သမားများကို တရားစွဲဆိုနေခြင်းသည် လျော်ကန်မှု ရှိ၊ မရှိ၊ မြေသိမ်းဆည်းခံ အမှုများကို အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးက တစ်ပြိုင်ထဲ စစ်ဆေးနေခြင်းသည် လျော်ကန်မှု ရှိ၊ မရှိနှင့် မြေသိမ်းခံရ သူများကို တရားစွဲဆိုခြင်း မပြုလုပ်ဘဲ စွဲဆိုထားသည့် အမှုများကို ဆိုင်းငံ့ပေးရန် ရှိ၊ မရှိ ဟူသည့် မေးခွန်း ၃ ခုကို ဦးအောင်ဝင်းက လွှတ်တော်တွင် မေးမြန်းသည်။
ယခင် အာဏာပိုင်အဖွဲ့အစည်းများ၏ မြေသိမ်းဆည်းမှုများသည် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး အာဏာများအရ စီမံခန့်ခွဲခြင်းဖြစ်ပြီး ပထမမေးခွန်းနှင့် ဒုတိယမေးခွန်းသည် ထင်မြင်ယူဆချက်တောင်းခံခြင်း ဖြစ်သည့်အတွက် တရားလွှတ်တော် ချုပ်က ထင်မြင်ချက် မပေးနိုင်ကြောင်း လွှတ်တော်တွင် လာရောက်ဖြေကြားခဲ့သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြင့်အောင်က ပြောသည်။
တတိယမေးခွန်းဖြစ်သည့် စွဲဆိုထားသည့် အမှုများကို ဆိုင်းငံ့ပေးရန်လည်း အစီအစဉ် မရှိဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြင့်အောင်က လွှတ်တော်တွင် ပြန်လည် ဖြေကြားခဲ့သည်။
“တရားရုံးများမှာ ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ပိတ်ပင်ထားတဲ့ ကိစ္စရပ်တွေမှအပ တည်ဆဲဥပဒေများနဲ့အညီ တရားစွဲဆိုခြင်း ပြုလုပ်နိုင်ပါတယ်” ဟု ဦးမြင့်အောင်က ဆိုသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး၏ အထက်ပါ ဖြေကြားချက်အပေါ် လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က “ဥပဒေမဲ့ အသိမ်းခံရပြီး အသိမ်းလည်း ခံရသေးတယ်။ သိမ်းတဲ့လူက လုပ်ငန်းရှင်၊ ပိုက်ဆံရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီလူတွေနဲ့ ဖက်ပြီးတော့ တရားရုံးမှာ ရင်ဆိုင်ပါဆိုတော့ ကိုယ့်အဖြေဟာ ကိုယ်နည်းနည်း စဉ်းစားဖို့ ကောင်း တယ်” ဟု ပြောဆိုခဲ့သည်။
ထိုသို့ မြေသိမ်းခံရသူများ တရားစွဲခံရပြီး အမှုရင်ဆိုင်နေရသည့်အပေါ် သေချာ၊ ရေရာစွာ ပြန်လည် သုံးသပ်ရန် လည်း ဦးဝင်းမြင့်က သတိပေးခဲ့သေးသည်။
“စဉ်းစားကြည့် အသိမ်းလည်း ခံရတယ်။ စားစရာလည်း မရှိဘူး။ သိမ်းတဲ့လူနဲ့ တရားရုံးမှာ ရင်ဆိုင်ပြီး ဖြေရှင်းရမယ်ဆိုတော့ ကိုယ်ကရောင်းခဲ့လို့ ပေးခဲ့လို့၊ စွန့်လွတ်ခဲ့လို့၊ အမွေမှုဖြစ်လို့ ဆိုရင်တော့ ဟုတ်တာပေါ့။ အသိမ်းခံရတဲ့ဟာကို ဖက်ပြိုင်ပြီး ရင်ဆိုင်ရ မယ်ဆိုတော့ တရားရုံးသွားဖို့ စရိတ်တောင် ရှိမှာ မဟုတ်ဘူး။ တည့်တည့်ပြောရရင် တရားရုံးမှာ ပေးဖို့၊ ကျွေးဖို့ တောင် ရှိမှာ မဟုတ်ဘူး” ဟု ၎င်းက ဝေဖန်သည်။
Share:

ရခိုင် အရေး လွှတ်တော် အတွင်းဆွေးနွေးစဉ် ဒီချုပ်နှင့် တပ်မတော်သား ကိုယ်စားလှယ်တို့ အပြန်အလှန် ကန့်ကွက်

By
 
 
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူးသီး တောင်နှင့် ရသေ့တောင်မြို့နယ် များတွင် အကြမ်းသမားများကို စိစစ်ဖော်ထုတ်ရန် အစိုးရအား တိုက်တွန်းသောအဆိုကို အမျိုး သားလွှတ်တွင် ဆွေးနွေးစဉ် အမျိုး သားဒီမို ကရေစီ အဖွဲ့ချုပ်ကိုယ် စားလှယ်နှင့် တပ်မတော်သား ကိုယ်စားလှယ်တို့ကြား အပြန်အ လှန် ကန့်ကွက်ပြောဆို မှုများဖြစ် ခဲ့သည်။
ရခိုင်အမျိုးသားပါတီကိုယ် စားလှယ်က တင်သွင်းထားသည့် ယင်းအဆိုကို ဩဂုတ် ၂၂ ရက်တွင် လွှတ်တော်၌ ဆွေးနွေးခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဒေါ်အိအိပြုံးက ရခိုင်အရေးတွင် တိုင်းပြည်၏ ကာကွယ်ရေးအသုံးစရိတ် မြောက်မြားစွာ အသုံးပြုနေသော်လည်း အစွန်းရောက်အကြမ်းဖက်မှုများ ကို ကာကွယ် ရန် အားနည်းနေခြင်းအပေါ် ပြန်လည်သုံးသပ်သင့် ကြောင်း ဆွေးနွေးခဲ့သည်။
‘‘ယခုဖြစ်သော ဖြစ်စဉ်များ ဟာ ပြည်တွင်းရေးမဟုတ်ဘဲ ပြည်ပမှ ကျူးကျော်စော်ကား သော အစွန်းရောက် အကြမ်းဖက် မှုများ ဖြစ်ပါတယ်။
ထိုဖြစ်စဉ်မှာ တိုင်းပြည်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို မြောက်မြားစွာ အသုံးပြုနေသော် လည်း အစွန်းရောက် အကြမ်းဖက် မှုအား ကာကွယ်ရန် အားနည်းနေ ခြင်းအပေါ်နဲ့ အခြေအနေကို ပြန် လည်သုံးသပ်သင့်ပါတယ်’’ ဟု ဒေါ်အိအိပြုံးက လွှတ်တော်တွင် ပြောသည်။
ထိုကဲ့သို့ ပြောဆိုပြီးနောက် တပ် မတော်သားလွှတ်တော်ကိုယ် စားလှယ် ဗိုလ်ချုပ်သန်းစိုးက ‘‘ဒီလို ပြောတာ တပ်မတော်ရဲ့ ဂုဏ် သိက္ခာကို ထိခိုက်ပါတယ်။ လုံးဝ ကန့်ကွက်ပါတယ်။ တပ်မတော် က တပ်စွမ်းရည် တပ်စွမ်းအားရှိ ဖို့အတွက် တပ်မတော်က ဘဏ္ဍာ ရေးကော်မရှင်ကိုတင်ပြီးတော့မှ ခွင့်ပြုချက်နဲ့ သုံးခဲ့တာဖြစ် တယ်။ အဆိုနဲ့ မဆိုင်တဲ့ ပုဒ်မ ၃၉ (ဌ) အရ အဆိုနဲ့ မဆိုင်ဘဲနဲ့ ဆွေးနွေး ချက်နဲ့ မဆိုင်တဲ့ကိစ္စ ပြောတာကို လက်မခံပါဘူး ကန့်ကွက်ပါ တယ်’’ဟု ကန့်ကွက်ခဲ့သည်။
ထို့အပြင် ဒေါ်အိအိပြုံးက ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုနောက် ကျခြင်းသည် အာဏာရှင်စနစ်ဆိုး များ၏ ဒဏ်ကြောင့် ဖြစ်ပြီး အာဏာရှင်စနစ်ကို တွန်းလှန်နေချိန်တွင် ရခိုင်တိုင်းရင်းသားများသည် အာဏာရှင် စနစ်ဆိုးနှင့် ပြင်ပမှ နယ်မြေလုနေသော အရေးတို့ကို တွန်းလှန်နေရကြောင်းလွှတ် တော်သို့ ဆွေးနွေးပြောဆိုချက် များနှင့်ပတ်သက် ၍ ဗိုလ်ချုပ်သန်း စိုးက ထပ်မံကန့်ကွက်ခဲ့သည်။
‘‘အာဏာရှင် စနစ်ဆိုးဆို တာ ဘာကိုဆိုလိုတာလဲ။ ဘယ် သူ့ကို ဆိုလိုတာလဲ။ ပွင့်ပွင့်လင်း လင်းသိချင်ပါတယ်။ ဒီလိုမျိုး အစိုးရအဆက်ဆက်ကို အာဏာရှင် စနစ်ဆိုပြီး ပြောတဲ့ကိစ္စကို လက် ခံစရာအကြောင်းမရှိပါဘူး။ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ၁၂၅ အရ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာပါမယ်လို့ ကိုယ်စားလှယ်အား လုံး ဇယား (၄)အရ ကတိသစ္စာ ပြုပြီးသားဖြစ်ပါတယ်။ ဒီဖွဲ့စည်း ပုံအခြေခံဥပဒေကနေပြီး ရိုင်းပျ တဲ့ စကားလုံး မသုံးပါနဲ့ဆိုပြီးတော့ ဒါကို လိုက်နာမှုမရှိတာကိုလည်း ကန့်ကွက်ပါတယ်။ ဒီစကားရပ်ကို လည်း ပယ်ဖျက်ပေးဖို့ တောင်းဆို ပါတယ်’’ဟု ဗိုလ်ချုပ်သန်းစိုးက လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
သို့သော် အထက်ပါတပ် ကိုယ်စားလှယ်၏ ကန့်ကွက်ချက် ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ အမျိုးသား လွှတ်တော်ကိုယ် စားလှယ် ဦးဥက္ကာမင်းက လွှတ် တော်တွင် ထပ်မံကန့်ကွက်ခဲ့ သည်။
‘‘တပ်မတော်က အာဏာရှင် စနစ်ဆိုတာ ဘာကိုပြောတာလဲ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျမ်းကျိန်ပြီးတော့မှ ဝင်လာရတဲ့ သူတွေဖြစ်တယ်။ မဟုတ်တာ မပြောနဲ့ ဆိုပြီးပြောတယ်။ အဲဒီ တော့ ကျွန်တော်တို့ပြောချင်တာ က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကျမ်းကျိန်ပြီး ဝင်လာတဲ့လွှတ် တော်ကိုယ်စားလှယ်တွေသည် ၂၀၁၀ ကနေစပြီး ပါလီမန်ဒီမိုက ရေစီကို သွားနေတဲ့စနစ်မှာ ဒါကို လက်ခံတယ်။ တိုင်းပြည်က ဒီမို ကရေစီကူးပြောင်းရေးနိုင်ငံဖြစ် တာကို ကျွန်တော်တို့ လက်ခံ တယ်။ ရှေးရှေးက ဖြစ်ခဲ့တဲ့ အာ ဏာရှင်စနစ်ဆိုတာ ဘာလဲဆို တာ ပြည်သူအားလုံး သိတာပဲ။ ကျွန်တော်တို့ အဖြေရှာစရာမလို ဘူး’’ဟု ၎င်းက လွှတ်တော်အပြီး မီဒီယာများအား ပြောသည်။
အထက်ပါ ဆွေးနွေးမှုများ နှင့်ပတ်သက်၍ အဆိုနှင့် မသက် ဆိုင်သော အကြောင်းအရာများ၊ ကန့်ကွက်ချက်များ အားလုံးကို ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင် သန်းက အစည်းအဝေးတွင် ပြော ကြားသည်။
 ထို့နောက် ရခိုင်အ ရေးကိစ္စအဆိုနှင့် စပ်လျဉ်းပြီး ဆွေးနွေးရန် ကျန်ရှိသည့် လွှတ် တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင် စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းခြင်းကိစ္စ ဆောင်ရွက် မည့်နေ့ရက်ကို ကြို တင် အကြောင်းကြားမည်ဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့ သည်။
Share:

ရခိုင်​ပြည်​နယ်​ဆိုင်​ရာ ကူဖီအနန်​ ​အကြံ​ပေး ​ကော်​မရှင်​ ၏ အပြီးသတ် အစီရင်​ခံစာ သမတ ကို​ပေးအပ်

image
image
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဌ ကုလသမဂ္ဂ  အထွေထွေအတွင်း​ရေးမှူးချုပ်​​ဟောင်း မစ္စတာကိုဖီအာနန် နဲ့ အဖွဲ့ ဟာ ဒီကနေ့ မနက်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ တွေ့ ဆုံခဲ့ပါတယ်။
နေ့ လည်ပိုင်းမှာတော့ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်း စုကြည် ပြည်သူ့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်တို့ နဲ့ တွေ့ ဆုံဖို့ ရှိသလို့ မနက် ဖန်မှာတော့ မစ္စတာကိုဖီအာနန်ဟာရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ ရှိပါတယ်။
ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ပြည်သူလူထုများ အတွက် ငြိမ်းချမ်းမျှတ၍ သာယာဝပြော သော အနာဂတ် ပေါ်ထွန်းလာနိုင်ရေးကို ဦးတည်လျက် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ အား ကော်မရှင်ဥက္ကဌဖြစ်သူ ​ဒေါက်တာကိုဖီအာနန်က
နိုင်ငံတော်သမ္မတဦးထင်ကျော်ထံ ပေးအပ်လိုက်ပြီဖြစ်​ပါတယ်​။
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
Share:

ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီများကို တိုင်းရင်း သား ပြည်နယ် အလိုက် အသီးသီး ခွဲဝေ နေရာချထား ပေးရန် ဘူးသီးတောင် အမတ် အကြံပြု တိုက်တွန်း

image
ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာ ဖိအား များလျော့နည်းသွားစေရန်၊ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစား သည့် သူများအတွက် အတူယှဉ်တွဲ နေထိုင်ရေး သဟဇာတ ဖြစ်ရေးကို ရှေးရှပြီး လူသားချင်း စာနာကြသည်ဆိုပါက ရခိုင်ပြည်နယ်အတွင်းရှိ ဘဂါင်္လီ များ ကို တိုင်းရင်းသား ပြည်နယ်အလိုက် အသီးသီး ခွဲဝေနေရာချ ထားပေးရန် အကြံပြုတိုက်တွန်းလိုကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအောင်သောင်းရွှေက သြဂုတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။
“ဒါမှသာ အချင်းချင်း ရိုင်းပင်းကူညီပြီး ကူညီတဲ့စိတ်ဓါတ် ဖြင့် ပြသ၁နာကို ၀ိုင်းဝန်းဖြေရှင်းရာ ရောက်ပါလိမ့်မယ်။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အတွက်ကြောင့် ရခိုင်အရေးသည်လည်း မြန်မာ တစ်ခု လုံးရဲ့ အရေးဖြစ်တယ်။ ဒါကြောင့် တိုင်းနဲ့ပြည်နယ် အသီးသီးက တာဝန်ယူ ရမှာဖြစ်ကြောင်း တင်ပြရခြင်း ဖြစ်ပါတယ်” ဟု ဦးအောင် သောင်းရွှေက ပြောသည်။
ရသေ့တောင် မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ တင်သွင်း သည့် “ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပေါ်လျက်ရှိသော ဘင်္ဂါလီ လူမျိုး အစွန်းရောက် အဖွဲ့အစည်းများ၏ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်း သည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေတည်တံ့ ခိုင်မြဲရေးနှင့် အသက်အိုးအိမ် လုံခြုံရေး တို့ကို များစွာ ထိပါးနှောင့်ယှက် လာသည်ဖြစ်၍ ဒေသတွင်း ပိုမို ကောင်းမွန် သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ် ကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင် ရွက် ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုအား ဆွေးနွေးစဉ် ဦးအောင်သောင်းရွှေက ထည့် သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထို့အတူ လက်ရှိအစိုးရ၏ ဘင်္ဂါလီအရေး ဖြေရှင်း ဆောင် ရွက် မှုများသည် အနာတခြား ဆေးတခြား ဖြစ်နေ ကြောင်း ၊ ယခုဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများသည် နယ်မြေရလိုမှုနှင့် တိုင်းရင်းသားဖြစ်လို မှု ကြိုးပမ်းရာမှ နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာနေခြင်း ဖြစ်ကြောင်းလည်း ဦးအောင်သောင်းရွှေက ပြောသည်။
“ဒါတွေကို အစိုးရအနေနဲ့ ဘဂါင်္လီနဲ့ ရခိုင်အကြား ပြသ၁နာဖြစ်နေတဲ့ ပုံစံမျိုး နှစ်ဖက်လူ့အသိုင်းအ၀ိုင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး လူ့အခွင့်အရေး လူသားချင်းစာနာ ထောက်ထားရေး ဖွံ့ဖြိုးရေး စတဲ့ စကားလုံးတွေကို သုံးပြီးတော့ ပြည်ထောင်စုအစိုးရက ကြားဝင်ဖြေ ရှင်းပေးနေရတဲ့ ပုံစံမျိုး မဖော်ဆောင်သင့် ပါဘူးလို့ တင်ပြလိုပါတယ်” ဟုလည်း ဦးအောင်သောင်းရွှေ က ပြောသည်။
ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် ကော်မရှင်အဖွဲ့များ ကလည်း အကြမ်း ဖက်အဖွဲ့အစည်းများကို မည်ကဲ့သို့ ဆောင်ရွက်မည်ကို ဖော်ပြမထားဘဲ နှစ်ဖက်လူ့အသိုင်း အ၀ိုင်း သဟဇာတ ဖြစ်ရေး၊ လူသားချင်း စာနာ ထောက် ထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့်စကားလုံးများကို တင်ပြထားရာ ခုတ်ရာတခြား ရှရာတခြား ဖြစ်နေ ကြောင်းလည်း ဦးအောင်သောင်းရွှေက ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
ဇော်မင်းထွန်း
The Ladies News
Share:

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန် မြန်မာနိုင်ငံသို့ ရောက်ရှိ

20915470_10208207424743471_5801326186894794979_n

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန်ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာတယ်လို့  နိုင်ငံခြားရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်း ၃ နာရီလောက်က ရန်ကုန်မြို့သို့ Bangkok Airways နဲ့ရောက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးဦးကြိုဆိုခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေနဲ့  ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိအကြံပြုချက်တွေကို   မြန်မာအစိုးရထံ ခုရက်ပိုင်းအတွင်း အပြီးသတ် အစီရင်ခံစာ တင်သွင်းဖို့ရှိနေတာဖြစ်ပါတယ်။
Share:

ခင်ပွန်းက ကွာရှင်း စကား သုံးခွန်းပြောရုံဖြင့် မယားကို ကွဲကွာနိုင်သော အစ္စလာမ် ထုံးတမ်းအား အိန္ဒိယ ပိတ်ပင်




နယူးဒေလီ၊ သြဂုတ် ၂၂ ။             ။ အစ္စလာမ်ဓလေ့ထုံးတမ်းတစ်ရပ်အရ လင်ယောက်ကျား အမျိုးသားများသည် ဇနီးဖြစ်သူအား ချက်ချင်းလက်ငင်း ကွာရှင်းနိုင်ခွင့် ရနေသည့် အငြင်းပွားဖွယ် ထုံးတမ်းစဉ်လာတစ်ရပ်အား အိန္ဒိယတရားရုံးချုပ်က သြဂုတ် ၂၂ ရက်တွင် ပိတ်ပင်လိုက်ပြီဖြစ်ရာ များစွာသော မွတ်စလင်အမျိုးသမီးများ ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည့် ထုံးတမ်းစဉ်လာ အဆုံးသတ်ခြင်းပင် ဖြစ်သည်။
ခင်ပွန်းဖြစ်သူက ဇနီးသည်ကို ကွာရှင်းပြီဟု သုံးခွန်း ပြောရုံဖြင့် မယားဖြစ်သူကို ကွဲကွာနိုင်သည့် ဓလေ့ ထုံးစံသည် အခြေခံဥပဒေနှင့်လည်း မကိုက်ညီသကဲ့သို့ အစ္စလာမ်အယူဝါဒလည်း မဟုတ်ကြောင်း တရားရုံးချုပ်က ဆုံးဖြတ်စီရင်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ စီရင်ချက် ချရန်အတွက် ၂၀၁၅ ခုနှစ်အတွင်းက ခင်ပွန်း၏ ကွာရှင်းစကား သုံးခွန်း ပြောကာဖြင့် ကွာရှင်းခံလိုက်ရသော ရှာယာရာဘာနိုအပါအဝင် ယင်းကဲ့သို့ပင် ယောက်ကျားဖြစ်သူများ၏ ကွာရှင်း ထားရစ်ခံ ခဲ့ကြရသော အမျိုးသမီးများက တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားလာကြခြင်းကြောင့်ပဲ ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဘာသာကြီးငါးရပ်ဖြစ်သည့် ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဆစ်နှင့် ဇောရိုရာစတာ ခေါ် မာဇဒါ ဘာသာကြီးငါးရပ်မှ အမျိုးသား ဂျူရီတရားသူကြီး ငါးဦးက ခင်ပွန်းယောက်ကျား သုံးခွန်းပြောရုံဖြင့် ဇနီးမယားအား ကွာရှင်းနိုင်ခြင်းသည် ဘာသာရေးထုံးတမ်း မဟုတ်သကဲ့သို့ ဖွဲ့စည်းပုံကို လည်း ချိုးဖောက်ရာ ရောက်ကြောင်း စီရင်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဓလေ့သည် အမျိုးသားများအတွက် မထင်ရင် မထင်သလို အိမ်ထောင်ရေးကို ဖြိုခွဲပစ်နိုင်သည့် တစ်ဖက်သတ်အခွင့်အာဏာ ရထားစေသည်မှာ လုံးလုံးရှင်းလင်းကြောင်း ဂျူရီအဖွဲ့က ပြောခဲ့သည်။
လင်ယောက်ကျား၏ စွန့်ပစ်ခံခဲ့ရသူ ဘာနိုက တရားရုံးချုပ်၏ စီရင်ချက်သည် မွတ်စလင်အမျိုးသမီးများ အတွက် သမိုင်းဖြစ်စဉ်ပဲ ဖြစ်သည်ဟု ပြောသည်။
"ကျွန်မ လူတွေအားလုံးကို မေတ္တာရပ်ခံလိုတာက ဒီကိစ္စဟာ နိုင်ငံရေးသဘော မပါပါဘူး။ သုံးခွန်းပြောရုံနဲ့ လင်ယောက်ကျားက စွန့်ပစ်ထားနိုင်တဲ့ ထုံးတမ်းစဉ်လာအပေါ်မှာ တရားရုံးချုပ်ရဲ့ ခုစီရင်ချက်ကို လက်ခံပေးကြပါ။"ဟု ၎င်းက ပြောခဲ့သည်။
Share:

22 August, 2017

ခုံပေါ်မှာစားခြင်းထက် ကြမ်းပြင်ပေါ်ထိုင်စားခြင်းက ကျန်းမာရေးကောင်းကျိုး ပိုများ


အခုနောက်ပိုင်း နေထိုင်မှုပုံစံအရ ခုံပေါ်မှာ ထိုင်ချိန်တွေကသာ ပိုများလာပါတယ် ။ အလုပ်လုပ်ချိန်သာမက ထမင်းစားချိန်မှာလည်း ထမင်းစားခန်းထဲကသာ ခုံပေါ်မှာသာ ထိုင်ပြီး စားသောက်ကြပါတယ် ။ အနောက်နိုင်ငံများမှလွဲပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာခန့်က လူတွေဟာ ထမင်းစားလျှင် ကြမ်းပြင်ပေါ် ထိုင်ချ ၍ဖြစ်စေ ဆောင့်ကြောင့်ထိုင်၍ ဖြစ်စေ စားပွဲဝိုင်းလေးနဲ့စားတဲ့ ယဉ်ကျေးမှုရှိခဲ့ပါတယ် ။အခုချိန်ထိလည်း အချို့နိုင်ငံတွေမှာ ဒီယဉ်ကျေးမှုက ရှိနေတုန်းပါပဲ ။
ကြမ်းပြင်ပေါ် ထိုင်စားခြင်းက ဆိုဖာ ၊ ကူရှင် ၊ စတဲ့ဇိမ်ခံပစ္စည်းတွေနဲ့ ထိုင်ခြင်းလောက် သက်တောင့်သက် သာ မရှိဘူးဟု ထင်ရသော်လည်း ကျန်းမာရေးကောင်းကျိုးများစွာကိုတော့ ပေးစွမ်းနိုင်ပါတယ် ။

၁။ယောဂပုံစံထိုင်ဖြစ်ခြင်းကြောင့် တူညီသောအကျိုးရခြင်း
ကြမ်းပြင်ပေါ် ထိုင်စားတဲ့အခါ တင်ပလ္လင်ချိတ်ပြီး ထိုင်ရတဲ့အတွက် ယောဂလေ့ကျင့်ခန်း တစ်မျိုးဖြစ်တဲ့ Sukhasana ကစားသလို တူညီသော အကျိုးကို ရရှိစေမှာပါ ။ ဒီကစားနည်းဟ ကြမ်းပြင်ပေါ်ထိုင်ကာ တင်ပလ္လင်ချိတ် ၊ ရင်ကိုဖွင့်ပြီးထိုင်ရတာဖြစ်တဲ့အတွက် ပုခုံးနှင့် လည်ပင်းကြောကဲ့သို့ ခန္ဓာကိုယ်အပေါ်ပိုင်း လုပငန်းဆောင်တာအတွက် အထူးကောင်းမွန်ပါတယ် ။

၂။အစာခြေစနစ်ပိုကောင်းမွန်ခြင်း
တင်ပလ္လင်အနေအထားဖြင့် ကြမ်းပြင်ပေါ်ထိုင်စားတဲ့ပုံစံက အစာခြေစနစ်စနစ်အတွက် ကောင်းမွန်စေ ပါတယ် ။ ဝမ်းဗိုက်ကြွက်သားတွေကို ပြေလျော့စေပြီး အစာခြေဖို့အတွက် လိုအပ်တဲ့ အစာခြေရည်ကို ကောင်းမွန်စွာ ထုတ်လုပ်စေပါတယ် ။ ကြွက်သားတွေ ပြေလျော့စေတဲ့အပြင် သွေးပေါင်ချိန်မြင့်တက်နေမှု ကိုလည်း လျော့ကျစေပါတယ် ။

၃။ဘဝသက်တမ်းပိုရှည်စေခြင်း
ကြမ်းပြင်ပေါ်ထိုင်ခြင်းမှ အကူအညီမပါဘဲ မတ်တပ်ပြန်ရပ်ခြင်းကြောင့် သင့်ရဲ့ ဘဝသက်တမ်းကို ပိုပြီး ရှည်ကြာစေနိင်တယ်လို့ ဆိုပါတယ် ။ ၂၀၁၂ ခုနှစ် လေ့လာမှုအရ ထိုင်နေရာမှာ လက်မထောက်ဘဲ ၊ အခြားအရာတွေဆီမှ အားမပြုဘဲ မတ်တပ်ရပ်နိုင်ခြင်းဟာ မိမိဘဝ သက်တမ်းပိုရှည်ကာ အသက် ရှည်စေနိုင်တယ်လို့ ဆိုပါတယ် ။သို့သော် အခြား မတော်တဆမှုဖြစ်ထားသူ ၊ ဒဏ်ရာအနာတရရှိသူများ အနေနဲ့ကတော့ ထဖို့ခက်ခဲနိုင်တဲ့အတွက် ဒီလိုထိုင်ထခြင်းမျိုးကို ရှောင်ရှားသင့်ပါတယ်။


၎။အကြောအချဉ်ပြေကာ စိတ်လက်ပေါ့ပါးစေခြင်း
ကြမ်းပြင်ပေါ်မှာ လွတ်လပ်စွာ တင်ပလ္လင်ခွေထိုင်ရခြင်းကြောင့် အညောင်းအညာပြေကာ ခန္ဓာကိုယ်ပေါ့ ပါးပြီး စိတ်လက်ပေါ့ပါးစေပါတယ် ။ ဒီလိုထိုင်ခြင်းက တင်ပါး ၊ ဒူးခေါင်းနှင့် ခြေကျင်းဝတ် နေရာတို့ကို အလိုလို ဆွဲဆန့်မှု ဖြစ်စေပြီး ကျောရိုးတလျှောက် ၊ ပုခုံးနှင့်ရင်ဘတ် တို့မှာလည်း အကြော အချဉ်ပြေစေ ပါတယ် ။ခုံပေါ်မှာ ကြာကြာထိုင်ရင်တော့ ကျောနာခါးနာခြင်း ၊ အားနည်းခြင်း ၊ ကြွက်သားများ သန်စွမ်းမှု မရှိခြင်း ၊ တင်ပါး စတဲ့နေရာတွေမှာ သက်တောင့်သက်သာမရှိခြင်း စတဲ့ ဆိုးကျိုးတွေကို ရရှိစေမှာပါ ။

၅။ခန္ဓာကိုယ်အနေအထား မှန်ကန်ခြင်း
လက်ပြင်ကုန်းတာ ၊ ခါးကုန်းတာ စတဲ့ ခန္ဓာကိုယ်အနေအထား မမှန်ကန်တဲ့ သူတွေအနေနဲ့ ကြမ်းပြင်ပေါ် တင်ပလ္လင်ချိတ်ကာ စားသုံးတဲ့အကျင့်ကို မွေးမြူပေးပါ ။ အလိုအလျောက် ခန္ဓာကိုယ်အနေအထားကို မှန်ကန် သွားစေ ပါလိမ့်မယ် ။
၆။သွေးလှည့်ပတ်မှုကောင်းခြင်း
ခုံပေါ်မှာထိုင်ခြင်းက သွေးလှည့်ပတ်မှုအတွက် အနှောင့်အယှက်ဖြစ်စေနိုင်သော်လည်း ကြမ်းပြင်ပေါ် တင် ပလ္လင် ထိုင်ခြင်းကတော့ နှလုံးမှ အခြားနေရာတွေသို့ သွေးများ ကောင်းစွာ စီးဆင်းလည်ပတ်စေါတယ် ။ ဒီလို အနေအထားအတိုင်းထိုင်ကာ စားသုံးခြင်းက နှလုံးကျန်းမာရေးအတွက်လည်း ထိရောက်ကောင်း မွန်စေပြီး ထမင်းစားစဉ်အတွင်း နှလုံးဖိအားလွန်ကဲမှုကိုလည်း လျော့ကျစေပါတယ် ။

၇။မိသားစုသိုက်သိုက်ဝန်းဝန်းဖြစ်စေခြင်း
မိသားစုနဲ့အတူ ကြမ်းပြင်ပေါ်က စားပွဲဝိုင်းမှာ အတူတူထိုင်ကာ စားသောက်ခြင်းက မိသားစုဝင်တွေကို ပိုမိုနွေးထွေးမှုရရှိစေပါတယ် ။ မိသားစုဝင်အချင်းချင်းလည်း ပိုရင်းနှီးကာ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်စရာ ကောင်းပါတယ် ။ ကလေးငယ်ရှိတဲ့ မိဘတွေအနေနဲ့ မိမိကလေးနဲ့အတူ ကြမ်းပြင်ပေါ် အတူတူထိုင် စားခြင်းက ကလေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု ပိုရစေပြီး သူတို့ရဲ့ ခံစားချက်တွေကိုလည်း လေ့လာနိုင်ကြောင်း ပြောထားပါတယ်။
Share:

ရခိုင် အရေးကို နိုင်ငံရေး အမြတ်မထုတ်ရန် NLD အမတ်ပြော


21 August 2017

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ပါတီနှင့် အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံရေး အကျိုးအမြတ်ကို မရှေးရှုဘဲ အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၃ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်၏ မောင်တော ဒေသ အကြမ်းဖက်မှုများကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူရန်၊ နေရပ်စွန့်ခွာ တိမ်းရှောင်ရသည့် တိုင်းရင်း သား များအား အရေတယူဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆို ယနေ့ လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးရာ၌ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၅ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း က ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ဦးတင်အောင်ထွန်းက “နိုင်ငံရေး အဂတိတရားတွေနဲ့ ကိုယ့်ကိုမဲပေးနိုင်ဖို့ ဝိုက်ကတ်တွေ တရားဝင် ထုတ်ပေးလို့ အခုချိန်ထိလည်း ကိုယ်ကျိုးရှာသူ အများအပြားရှိနေလို့ ဆိုတာတွေကြောင့် ဘာသာရေးနဲ့ပတ်သက်ပြီး ထိလွယ် ရှလွယ် ဖြစ်နေတဲ့ ရခိုင်အရေးပြဿနာက ထင်သလောက်တော့ မလွယ်ကူပါဘူး”ဟုလည်း ပြောသည်။

ရခိုင်အရေးပြဿနာသည် အစိုးရအဆက်ဆက်က ဖြေရှင်းရန် အားမစိုက်ခဲ့ခြင်း၊ အကျင့်ပျက်ခြစားမှု များပြားခြင်းတို့ ကြောင့် ပိုမိုဆိုးဝါးခဲ့ခြင်းဖြစ်ပြီး ဖြေရှင်းရန် ကြိုးပမ်းနေသည့် အစိုးရအဖွဲ့အပေါ် တိုက်တွန်းသည့် အဆိုသည်လည်း တင်သင့် မတင်သင့်ကို စဉ်းစားရန် လိုအပ်ကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက အဆိုကို သုံးသပ် ပြောကြားသည်။

ဦးခင်မောင်လတ်၏ အဆိုနှင့်ပတ်သက်၍ ကိုယ်စားလှယ် ၂၄ ဦးက ဆွေးနွေးကြမည်ဖြစ်ပြီး ယနေ့အထိ ကိုယ်စားလှယ် ၁၅ ဦး ဆွေးနွေးပြီး ဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များအတွင်း အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသားများနှင့် အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သည့် မွတ်စလင်များ သေဆုံးမှု များမှာ ပိုမိုများပြား လာလျက်ရှိပြီး သြဂုတ်လ ၉ ရက်နေ့အထိ သေဆုံးသူ ၅၉ ဦးနှင့် ပျောက်ဆုံးသူ ၃၃ ဦး ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ရုံးက ထုတ်ပြန်ထားသည်။

အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် ရခိုင်တိုင်းရင်းသား များမှ ဆန္ဒ ထုတ်ဖော် တောင်းဆိုမှုများကို ပြုလုပ်ခဲ့သော်လည်း ယနေ့အထိ ဖမ်းဆီးထားသူများ အပေါ် အကြမ်းဖက်မှု ဥပဒေ ဖြင့် အရေးယူမှုမရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၈ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက “နယ်စပ်ဒေသနဲ့ ကိုက်ညီ မယ့် ဥပဒေ အုပ်ချုပ်မှု ပုံစံသစ်တခု ပြဌာန်းဖို့ လိုအပ်ပါတယ်။ နယ်စပ်ခြံစည်းရိုး ကာရံပြီး ကျေးရွာများ လုံခြုံရေး အတွက် လမ်းများ ဖောက်လုပ်ဖို့ လိုပါတယ်”ဟု လွှတ်တော်တွင် ပြောကြားသည်။

မောင်တောဒေသတွင် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်မှုကိုလည်း သက်တမ်း နှစ်လ ထပ်မံတိုးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်း ဆောင်ရွက်ရာတွင် လိုအပ်သည့် ဒေသများတွင်လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

လတ်တလောတွင် မောင်တောဒေသ လုံခြုံရေးအတွက် တပ်မတော်စစ်ကြောင်းများ တိုးမြှင့်ချထားလျက် ရှိပြီး အကြမ်းဖက် သမားများ ဖမ်းဆီးရမိရေး နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။
Share:

21 August, 2017

ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ၂၄ ရက်နေ့ အစီရင်ခံစာထုတ်မည်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annan ဦးဆောင်ပြီး မြန်မာနဲ့ နိုင်ငံတကာကျွမ်းကျင်သူတွေပါဝင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်က အပြီးသတ်အစီရင်ခံစာကို သြဂုတ် လ ၂၄ ရက် ကြာသပတေးနေ့မှာ ထုတ်ပြန်မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ပဋိပက္ခတားဆီးရေး၊ ပြန်လည်သင့်မြတ်ရေး၊ အခြေခံဝန်ဆောင်မှုများရရှိနိုင်ရေး၊ လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီတွေရရှိနိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အကြောင်းအရာတွေ အစီရင်ခံစာထဲမှာ ပါဝင်လိမ့်မယ်လို့ ကော်မရှင်က အသိပေးထားပါတယ်။
အစီရင်ခံစာမထုတ်ပြန်ခင် ဒီရက်ပိုင်းအတွင်း ကော်မရှင် ဥက္ကဋ္ဌ Mr. Kofi Annan မြန်မာနိုင်ငံကိုလာရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူတချို့နဲ့ အရင်တွေ့ဆုံမယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ နေထိုင်သူတွေရဲ့ လူမှုဘဝ တိုးတက်စေမယ့် ဘက်မလိုက် အကြံပြုချက်တွေပေးဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံရုံးကနေ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ကို တာဝန်ပေးထားတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် အသိုင်းအဝိုင်းတွေကြား နှစ်ပေါင်းကြာရှည်ထဲကရှိနေခဲ့တဲ့ ပြဿနာတွေပြေလည်နိုင်ရေးနဲ့အေးချမ်းဖံွ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တွေကို အဓိကအကြံပြုနိုင်ဖို့ ဖွဲ့စည်းထားတာကြောင့် ဒီကော်မရှင်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ရှိမရှိဆိုတာကိုတော့ အဓိကထား စုံစမ်းတာမဟုတ်ပါဘူး။
ရခိုင်ပြည်နယ်မောင်တောခရိုင်ထဲမှာ လက်နက်ကိုင်တချို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူနည်းစု မွတ်ဆလင်တွေအပေါ် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ စုံစမ်းခဲ့တဲ့ မောင်တောဒေသစုံစမ်းရေးကော်မရှင်ကတော့ကုလသမဂ္ဂက စွပ်စွဲခဲ့သလို လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုမျိုးတွေ မရှိခဲ့သလို မျိုးပြုတ်သတ်ဖြတ်တယ်လို့ ယူဆနိုင်တဲ့အခြေအနေမျိုးလည်း မတွေ့ရှိခဲ့ရဘူးလို့ သြဂုတ်လဆန်းပိုင်းက အပြီးသတ်အစီရင်ခံစာထုတ်ပြန်စဉ်မှာ ကော်မရှင်ဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။ ဒီအပေါ် နိုင်ငံတကာလူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တချို့က ဝေဖန်ခဲ့ပါတယ်။
Share:

ထိုင်းနိုင်ငံ၊ လိပ်ကျွန်းအမှု (၀င်းနှင့် ဇော်) အတွက် နောက်ဆုံး အယူခံ တင်မယ် (ရုပ်သံ ၃ မိနစ်)

https://www.facebook.com/maha.mingyi/videos/1793685957312296/

သြဂုတ် ၂၁ ရက် ၂၀၁၇ နံနက်ခင်း
မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ ၂၀၁၀ ခုနှစ်ကပင် သွားရောက်အလုပ် လုပ်ကိုင်ခဲ့သောဇော်လင်းနှင့် ၀င်းဇော်ထွန်း တို့အား ဗြိတိန်နိုင်ငံမှ ခရီးသွား အမျိုးသမီးတစ်ဦးဖြစ်သူ ဟန်နာနှင့် ဒေးဗစ်တို့အား အဓမ္မ ပြုကျင့် သတ်ဖြတ်မှု ဖြင့် ၂၀၁၄ စက်တင်ဘာလတွင် ကော့တောင် ကျွန်း ကောစမွေ တရားခရိုင်ရုံးမှ သေဒဏ်ချမှတ်ခဲ့သည်။
အဆိုပါ သေဒဏ်ချမှတ်မှုအား ၂၀၁၅ ခုနှစ် ဂျွန်လတွင် ထပ်မံ၍ ပြည်နယ်တရား၇ုံးသို့ သက်ဆိုင်ရာ မြန်မာ သံ၇ုံးနှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံ ရှေ့များ ကောင်စီအပါဝင် လူမှု အသင်းဖွဲ့တို့မှ အယူခံတင်သွင်း ခဲ့သော်လည်း ပြည်နယ် တရားရုံးမှ သေဒဏ်ကိုပင် အတည်ပြုခဲ့ပြန်လေသည်။
ယခုအခါ နောက်ဆုံးအနေဖြင့် အဆိုပါ ၀င်းနှင့် ဇော်အတွက် ဥပဒေရေးရာအဖွဲ့ နှင့် သက်ဆိုင်သော မြန်မာနိုင်ငံ အလုပ်သမားရေးဌာနမှ သံရုံးတို့ ပူးပေါင်း၍ ယနေ့ ဗဟိုတရား၇ုံးသို့ နံနက် ၁၀ နာ၇ီတွင် ထပ်မံ အယူခံလွှာ တင်သွင်းမည် ဖြစ်ကြောင်း နောက်ဆုံးအခြေတစ်ခုဟု သိရသည်။ဝင်းနှင့် ဇော်စတင် ဖမ်းဆီးခြင်းခံ ရချိန်မှ စ၍ အမှုနှင့်ပတ်သက်ပြီး သေချာသော အထောက်ထား သက်သေ အခိုင်မာ မရှိပဲ စည်းရုံးသိမ်းသွင်းခြင်းခံရပြီး ၀န်ခံမိရာမှ ယနေ့ သေဒဏ်ကျခံရသော အခြေနေထိဖြစ်ပေါ် ခဲ့ကြောင်းနှင့် တချို့ သတင်းများမှ သက်ဆိုင်သော ဒီအန်အေ တိုက်ဆိုင်မှုအရ အမှုမှာ ကျူးလွန်မှု မြောက်ကြောင်း ရေးသားနေသည်ကို တွေ့ကြရသည်။
သို့သော် ယနေ့အထိ နှစ်ဖက်စလုံး တိကျစွာ ပြန်လည် ခြေရာ မကောက်နိုင်သော အကြောင်းမှာ ၀င်း နှင့် ဇော်အား စတင် ဖမ်းဆီးခံပေးရန် လာရောက် ပြောဆိုသူ စကားပြန်ဖြစ်သူ အမျိုးသားသည် ယခုတင်ပြထားသော ဗွီဒီယိုဖိုင် ၏ ၀င်းနှင့် ဇော် အနောက်တည့်တည့်တွင် စပို့ရှပ် အနက်ေ၇ာင်ဖြင့် ရပ်လျက် တွေ့မြင်ရသူကိုတော့ ရှာဖွေ မေးမြန်း ခြေရာကောက်ခြင်း မရှိသေးကြောင်းပါ။
ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး
Share:

နေကြတ်ခြင်းမှ အာကာသဆိုင်ရာလေ့လာဖို့ NASA ပြင်ဆင်


ဒီကနေ့ သြဂုတ်လ (၂၁)ရက်နေ့ အမေရိကန်ပြည်ထောင်စုမှာ နှစ်ပေါင်း ၁၀၀ နီးပါးအတွင်း ရှားရှားပါးပါး လုံးဝနေကြတ်တာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ နေကြတ်တဲ့ ၃ မိနစ်နီးပါး အချိန်အတွင်း သက်ရှိဇီဝဖြစ်စဉ်အပြောင်းအလဲ၊ နေရဲ့အပေါ်ယံအလွှာမှာ လောင်နေတဲ့ ဓါတ်ငွေ့တွေတိုင်းတာဖို့စတဲ့ ထူးခြားတဲ့ အချက်တွေကို လေ့လာနိုင်ဖို့အတွက် NASA အကာသသိပ္ပံပညာရှင်တွေ ပြင်ဆင်နေကြပါတယ်။
အမေရိကန်အနောက်ခြမ်းကနေ အရှေ့ခြမ်းအထိ ပြည်နယ် ၁၄ ခုမှာ တွေ့မြင်နိုင်မယ့် နေကြပ်တဲ့ဖြစ်စဉ်ကို စောင့်ကြည့်ဖို့အတွက်လည်း မြန်မာနွယ်ဖွားတွေအပါအဝင် အမေရိကန်တွေ စိတ်အားထက်သန်နေကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။
ဒီကနေ့ တနင်္လာနေ့ကျရင် ကမ္ဘာကို လည်ပတ်နေတဲ့ လက နေနဲ့ ကမ္ဘာကြားရောက်ချိန်မှာ အမေရိကတိုက်က နေရှိတဲ့ဖက် အခြမ်းလှည့်နေမှာဖြစ်လို့ အမေရိကန်ပြည်ထောင်စုကနေ အပြည့်အဝနေကြပ်တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် လဟာ နေရောင်ကို ဖုံးကွယ်မယ့် နေကြတ်တဲ့ဖြစ်စဉ်ကို အနောက်ဘက် ပစိဖိတ် ကမ်းရိုးတန်းကနေ အရှေ့ဘက် အတ္တလန်တိတ် ကမ်းရိုးတန်းအထိ ပြည်နယ်အလိုက် နေရာပေါ်မူတည်ပြီး တစိတ်တပိုင်း ဒါမှမဟုတ် အပြည့်အ၀ မြင်တွေ့ကြရမှာဖြစ်ပါတယ်။
ရှားရှားပါးပါး အပြည့်အ၀နေကြတ်ချိန်မှာ အာကာသ သိပ္ပံပညာရှင်တွေ အဓိကထား လေ့လာမယ့် အချက်ပေါင်း ၁၁ ချက်ရှိပါတယ်။ အဲဒီထဲက အရေးကြီးဆုံးအချက်တွေကို အမေရိကန် အာကာသ စူးစမ်းလေ့လာရေး NASA အဖွဲ့က မြန်မာသိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က အခုလိုပြောပြပါတယ်။
“အရေးအကြီးဆုံးကတော့ ဘာလဲဆိုရင် နေကထွက်တဲ့ အနီအောက်ရောင်ခြည် ၊ နောက်မျက်စိနဲ့ မြင်ရတဲ့ လှိုင်းအလျားတွေကို ကရိယာတွေနဲ့ တိုင်းကြည့်မှာဖြစ်ပါတယ်။ နောက်တခုက ဘာလဲဆိုရင် လနဲ့ ကမ္ဘာရဲ့ ပတ်လမ်းကြောင်း ပြောင်းသွားတယ်၊ ပြောင်းသွားတာကို အတိအကျတိုင်းမယ်၊ နောက်တခုက ဘာလဲဆိုရင် ကမ္ဘာနဲ့ နေကြားမှာ လရောက်သွားတဲ့အခါကျတော့ ဒီအားသက်ရောက်မှု ကမ္ဘာ့ဆွဲအား၊ နေဆွဲအား၊ လဆွဲအား သက်ရောက်မှုက ဘယ်လောက်အထိပြောင်းသွားလဲဆိုတာ ဒီအချိန်မှာ အတိအကျတိုင်းလို့ရပါတယ်။ နောက်တခုက စိတ်ဝင်စားဖို့ကောင်းတာက လုံးဝမှောင်သွားတာပေါ့နော်။ မိုင်၂၀၀ ပတ်ဝန်းကျင် စက်ဝန်း လောက်မှာ လုံးဝမှောင်သွားတာ ၃ မိနစ်လောက်။ မှောင်သွားတဲ့အခါကျတော့ ဒီအကောင်ပလောင်လေးတွေ ဘယ်လိုဇီဝပြောင်းလဲမှု ဖြစ်သွားလဲ ဒီအချိန်လေးအတွင်းမှာဆိုတာကို သေသေချာချာလေ့လာမှာဖြစ်ပါတယ်။ နောက်တခုက နေကနေလာတဲ့ ရောင်ခြည်ကြောင့် ဒီအဖိုအမဓါတ်တွေကွဲသွားတဲ့အတွက် သူက Iron အလွှာဖြစ်သွားတာပေါ့နော် ။ ဒီ Ironအလွှာက အခုလို ကမ္ဘာနဲ့ နေကြားမှာ လက၀င်ပါလိုက်တဲ့အခါကျတော့ ဒီ Ironအလွှာမှာရှိတဲ့ အမှုန်လေးတွေရဲ့ ဓါတ်သဘာဝပြောင်းလဲမှု ဘယ်လောက်ရှိသလဲ ဆိုတာကိုလည်း အခုအချိန်မှာ လေ့လာလို့ အကြောင်းဆုံးဖြစ်ပါတယ်။”
ဒါအပြင် နေကြတ်တဲ့အချိန်အတွင်း အာကာသထဲက မိုင်ပေါင်း ကုဋေ့ချီအဝေးမှာရှိတဲ့ ဂြိုလ်တွေကိုလည်း အာကာသသိပ္ပံပညာရှင်တွေလေ့လာဖို့ ရှိကြောင်း ဒေါက်တာပဒေသာတင်ကဆိုပါတယ်။
အခုလို အပြည့်အ၀နေကြတ်တဲ့ ဖြစ်စဉ်ကို အတိအကျတွေ့ရတဲ့ နေရာမှာ ပြန်ပြီး ဖြစ်ပေါ်ဖို့ဆိုရင် နောက်ထပ် နှစ်ပေါင်း ၃၆၀ ကြာစောင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေအတွက် ဒီကနေ့ နေကြတ်မယ့်အချိန်ဟာ အလွန်ကို ထူးခြားတဲ့ ဖြစ်စဉ်ကို လေ့လာခွင့်ရတာဖြစ်တယ်လို့လည်း ဒေါက်တာပဒေသာတင်က ပြောပါတယ်။
“နေနဲ့ကမ္ဘာနဲ့ တပြင်ထဲဖြစ်နေတဲ့အချိန်မှာ ကမ္ဘာကနေပြီးတော့ နေကိုပတ်နေတဲ့အချိန်မှာ လက ကမ္ဘာကိုပတ်တဲ့ဟာက ရက်၃၀ မှာ တခါပတ်တဲ့ဟာက သူကစောင်းနေတယ် တပြင်ထဲမဟုတ်ဘူးနော်။ ဘယ်လောက်ပဲစောင်းသလဲဆိုတော့ အမှန်ဆို ၅ ဒီဂရီပဲစောင်းတယ်။ အဲဒီ ၅ ဒီဂရီလေးကြောင့်သာလျှင် ဒီလိုပတ်လမ်းကြောင်းက မထပ်နိုင်တဲ့ အချိန်ကရှိတယ်လေ။ အဲဒီတော့ အနှစ် ၃၆၀ မှာ တခါပဲ သူက အဲဒီနေရာကို ပြန်ရောက်တာကို ။ ဆိုတော့ အဲဒီလောက်ရတဲ့အခွင့်အရေးကြောင့် သုတေသန လုပ်တဲ့လူတွေအတွက်က အကောင်းဆုံးအခွင့်အရေးအနေနဲ့ သုတေသန လုပ်ကြတာပေါ့။”
နေကြတ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ အမေရိကန်အာကာသစူးစမ်းရေးအေဂျင်စီ NASA ကလည်း Website သီးသန့်ဖန်တီးပြီး ပြည်သူအများလေ့လာနိုင်ဖို့ စီစဉ်ပေးထားပါတယ်။ မြန်မာနွယ်ဘွားတွေအပါအဝင် အမေရိကန်ပြည်သူအများအပြားကလည်းနေကြပ်တဲ့ အတွေ့အကြုံကို စောင့်ကြည့်ဖို့ စိတ်အားသန်စွာပြင်ဆင်နေကြပါတယ်။ အဲဒီထဲက ဗာဂျီးနီးယားပြည်နယ်မှာနေထိုင်ပြီး နေကြတ်တဲ့ ဖြစ်စဉ်ကို အပြည့်အ၀ မြင်ရမယ့် မိုင်ပေါင်း ၅၀၀ ကျော်အကွာ တောင်ကိုရိုလိုင်းနားပြည်နယ် ကိုလံဘီယာမြို့အထိသွားကြည့်တဲ့ ကိုဖိုးဥာဏ်က သူရဲ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။
“တော်တော်ကို ပြင်ဆင်တယ်လို့ ပြောရမယ်နဲ့ တူတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အသိတွေရော ၊ သူငယ်ချင်းတွေရော၊ ရုံးကလူတွေရော ဒီအတွက်ကိုတော်တော်များများပြင်ဆင်နေကြတယ်။ ပြီးလို့ရှိရင် ဘာသိသာသလဲဆိုတော့ ဒီနေကြတ်တာကို ကြည့်တဲ့ အထူးမျက်မှန်ဝယ်တယ်ပေါ့နော် အဲဒါကို အမျိုးအစားပေါင်း ၂၀ -၃၀ လောက်ကို Online ကရော၊ အပြင်ကရော ၀ယ်ဖို့ကြိုးစားတဲ့အခါမှာ ရှိသမျှဟာတွေက ကုန်နေပြီ။ ကျနော်က လွန်ခဲ့တဲ့ တပတ်လောက်က ကြိုဝယ်ထားတယ်။ နောက်တခုကျတော့ ကျနော်လမ်း ၁ ရက်ကြိုပြီးတော့ ထွက်လာတယ်ပေါ့နော်၊ ကြည့်မယ့်နေရာကို မိုင်ပေါင်း ၅၀၀ ကျော်လောက်ရှိတယ်။ ၇ နာရီလောက်မောင်းရမယ့်နေရာကို ကျနော်တို့လာတယ်၊ လမ်းမှာဆိုရင်လည်း လူတွေက ပြည့်ကျပ်နေတယ်၊ သတင်းစာတွေ ရေဒီယိုတွေကလည်းပြောတယ်။ ၁ ၇က်လောက်ကြိုပြီးတော့ သွားကြပါ။ ဟိုတယ်တွေဆိုရင်လည်း ဌားလို့မရတော့ဘူး ဈေးအရမ်းတက်သွားတယ်ပေါ့နော်။”
နေကြတ်တာကို မြင်ရနိုင်မယ့် အမေရိကန်ပြည်နယ် ၁၄ ပြည်နယ်ကတော့ ၀ါရှင်တန်၊ Idaho၊ Montana၊ Wyoming ၊ Nebraska ၊ Kansas၊ Missouri ၊ Illinois ၊ Kentucky ၊ Tennessee ၊ Georgia ၊ မြောက်ကိုရိုလိုင်းနားနဲ့ တောင်ကိုရိုလိုင်းနားပြည်နယ်တွေဖြစ်ကြပါတယ်။ အထူးပြုလုပ်ထားတဲ့ မျက်မှန်မပါဘဲကြည့်မိရင် မျက်စိကို ထိခိုက်နိုင်တဲ့အတွက် နေကြပ်တာကို ဘေးအန္တရာယ်ကင်းစွာကြည့်နိုင်ဖို့အတွက် NASA က အကြံပြုချက်တွေလည်း ထုတ်ပြန်ထားပါတယ်။

burmese.voanews.com
Share:

20 August, 2017

ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အရေးအကြံပေးအဖွဲ့အစီရင်ခံစာ ရှေ့သီတင်းပတ်ထဲ


ရခိုင်ပြည်နယ်အရေး အကြံပေးနိုင်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုအစီရင်ခံစာ ရှေ့သီတင်းပတ်ထဲ ကိုဖီအာနန်ကိုယ်တိုင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပြည်သူလူထုကို တင်ပြတော့မှာဖြစ်ပါတယ်။ ကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်တခုလုံး သွားရောက်၊ အလွှာအသီးသီးနဲ့တွေ့ဆုံမေးမြန်းပြီး ရလာတဲ့ အချက်တွေအပေါ် အခြေခံ တင်ပြမယ့် အကြံပြုချက်တွေဖြစ်လို့ ရခိုင်ပြည်နယ် ရေရှည်အကျိုးရှိစေမယ်လို့ မျှော်လင့်ကြောင်း ကော်မရှင်အဖွဲ့ဝင်ကပြောပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပါမယ်။
ဒေသတွင်းမတည်ငြိမ်မှုတွေနဲ့ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေတွေရှိနေတဲ့ ရခိုင်ပြည်နယ် အရေးဖြေရှင်းနိုင်ဖို့ အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၄ရက်နေ့က စတင်ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။
တနှစ်တာကာလအတွင်း ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် ကိုယ်တိုင်ဦးဆောင်တဲ့ကော်မရှင်အဖွဲ့ဝင်တွေဟာ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင် နောက် ရခိုင်ပြည်နယ် တောင်ပိုင်း ကျောက်ဖြူ၊ ရမ်းဗြဲ စတဲ့ ရခိုင်ပြည်နယ်တွင်းက ဒေသအတော်များများကို သွားရောက်ကွင်းဆင်း လေ့လာခဲ့သလို ဒေသခံတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒီလိုစုံစမ်းတွေ့ရှိခဲ့ချက်တွေအပေါ် အခြေခံပြီး လာမယ့်သြဂုတ်လကုန်ပိုင်းမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကိုယ်တိုင် နေပြည်တော်ကိုသွားရောက်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်သူလူထုကို အကြံပြုအစီရင်ခံစာ တင်သွင်းမှာဖြစ်တယ်လို့ အကြံပေးကော်မရှင်အဖွဲ့ဝင်ဦးအေးလွင်က ရှင်းပြပါတယ်။
“ကျနော်တို့ ကော်မရှင် အကုန်လုံးသွားမယ်။ နေပြည်တော်မှာ အစိုးရအဖွဲ့ ကို ကျနော်တို့ တင်ပြပါမယ်။ နောက်ပြီး ကျနော်တို့ အစီရင်ခံစာဆိုတာထက် အကြံပြုချက်ကို ကျနော်တို့ တင်ပါ့မယ်။ ကျနော်တို့ mandate ကတော့ ရခိုင်ပြည်နယ်ကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် အချက်အလက်တွေကို အကြံပြုထားပါတယ်။ ကဏ္ဍတွေကတော့ အများကြီးရှိတာပေါ့နော်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုတာက တည်ငြိမ်အေးချမ်းမှုဆိုတာ လိုပါတယ်။ တည်ငြိမ်အေးချမ်းမှုအတွက်က သဟဇာတရှိဖို့ လိုတယ်။ တရားမျှတမှုရှိဖို့လိုတယ်။ ဥပဒေစိုးမိုးရေးရှိဖို့ လိုတယ်။ အဲဒါတွေကို ရရှိဖို့အတွက်ကို ဘယ်လိုလုပ်သင့်လုပ်ထိုက်တယ်ဆိုတဲ့ဟာလေးတွေကို ကျနော်တို့ အကြံပြုပါတယ်။ သဟဇာတရှိရေးကို ဘယ်လိုလုပ်မလဲ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်တဲ့အခါမှာ သယံဇာတတွေ ပေါကြွယ်တဲ့ ရခိုင်ပြည်မှာ ဆင်းရဲဒုက္ခရောက်နေတာ သဘာဝမကျတဲ့ ဖြစ်ရပ်ပေါ့။ လူသားရင်းမြစ်တွေကလည်း အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေပဲ။ အဲတော့ ဒီပုဂ္ဂိုလ်တွေရဲ့ capacity building ကို မြှင့်တင်ပြီးတော့ သယံဇာတတွေကို ဘယ်လို အသုံးချရင်ကောင်းမလဲ အဲဒါမျိုးလေးတွေကိုတော့ ကျနော်တို့ တော်တော် ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံပြီးတော့ အကြံပြုထားပါတယ်။”
အထူးသဖြင့် ရခိုင်ပြည်နယ်တွင်း လုံခြုံရေးအခြေအနေနဲ့ လူမှုအသိုင်းဝိုင်းတွေကြား မတူကွဲပြားမှုတွေနဲ့ ပဋိပက္ခတွေ မဖြစ်ပေါ်လာအောင် ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို ကော်မရှင်အနေနဲ့ အကြံပေးချက်တွေ ဒီအစီရင်ခံစာထဲ ထည့်သွင်းတင်ပြဖို့ရှိတယ်လို့လည်း ဦးအေးလွင်ကပြောပါတယ်။
“အဓိက ကတော့ ဒေသဥပဒေစိုးမိုးရေးပေါ့နော်။ တရားမျှတသော တရားဥပဒေစိုးမိုးရေး ဖြစ်ဖို့ လိုပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် သဟဇာတဖြစ်ဖို့အတွက် သံသယတွေပျောက်ဖို့အတွက် စိုးရိမ်စရာတွေမှာလည်း တကယ်ရှိတဲ့ စိုးရိမ်စရာဆိုလည်း ကျနော်တို့က ဒါကို ပပျောက်အောင်လုပ်ဖို့ ၊ လူတွေကို စိုးရိမ်စရာကောင်းအောင် မြှောက်ထိုးပင့်ကော်လုပ်နေတာမျိုးဆိုရင်လည်းပဲ အဲဒါလေးကို သေသေချာချာပိုင်းခြားပြီး ခွဲခြားပြီးတော့ ကျနော်တို့နည်းလမ်းတွေ ရှာရမှာ ဖြစ်သလို အပြစ်မဲ့တဲ့ ပြည်သူတွေကိုလည်း အပြည့်အ၀အကာအကွယ် ပေးရမယ်။ လုံခြုံစိတ်ချမှုရှိအောင်လို့ လုပ်ပေးရပါမယ်။ အဲဒီလို ကျနော်တို့ မျှမျှတတဆောင်ရွက်ဖို့ကို လိုအပ်တယ်ဆိုတာလေးတွေကိုတော့ အကြမ်းဖျင်း တင်ပြထားပါတယ်။ ”
မကြာခင်ထုတ်ပြန်မယ့် ကော်မရှင်ရဲ့ အကြံပြုချက်တွေဟာ ရခိုင်ပြည်သူလူထုရဲ့ ပကတိကြုံတွေ့နေရတဲ့ အခက်အခဲပြသနာတွေကို တင်ပြနိုင်တဲ့အစီရင်ခံစာဖြစ်ဖို့ လိုအပ်တယ်လို့ ကိုဖီအာနန်ကော်မရှင်နဲ့ လွှတ်တော်မှာ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးခဲ့သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထုမေကလည်း သုံးသပ်ပါတယ်။
“ကိုဖီအာနန်ကော်မရှင်နဲ့တော့ တစ်ကြိမ်တွေ့ဖူးပါတယ်ရှင်။ အဲဒီ တစ်ကြိမ်တွေ့ဖူးတုန်းကတော့ သူတို့ စုံစမ်းစစ်ဆေးရေးတွေ သူတို့ဘောင်ထဲက လုပ်ရတယ်ပေါ့နော်။ အဲဒီလို ပြောတဲ့အခါကျတော့ ကိုဖီအာနန်ကော်မရှင်ရဲ့ ဒီအစီအရင်ခံစာက သမ္မတကို တင်ပြမယ်၊ အဲဒီ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြမယ်ပေါ့နော်။ ဒါနဲ့ မလုံလောက်နိုင်ပါဘူးရှင်။ ဘာလို့လည်းဆိုတော့ ဒါက ပြည်သူတွေဆီက ရတဲ့ facts တွေကို သူတို့တွေက တင်ပြမှာ ချပြရမှာ ဖြစ်တဲ့အတွက်ကြောင့် ဒါ ရခိုင်ပြည်သူလူထုကိုလည်း သူတို့ တပြိုင်နက်တည်းမှာ တင်ပြသင့်ပါတယ်။ ရခိုင်ပြည်သူလူထုအတွက် တကယ့်မြေပြင်မှာ ဖြစ်နေတာနဲ့ ကွဲလွဲလို့ ရှိရင်တော့ ရခိုင်ပြည်သူလူထုက ကျမတို့ လက်ခံမှာတော့ မဟုတ်ဘူးပေါ့နော်။ ဒါကြောင့်မို့လို့ အမှန်တွေ ဖြစ်ဖို့ လိုတယ်။ ဒီအချက်အလက်ကို တင်ပြဖို့ လုပ်တဲ့အခါမှာ ခိုင်မာဖို့ လိုပါတယ်။ နောက်တစ်ခုက သူတို့ တွေ့ရှိချက်သည် ဘက်လိုက်မှု ကင်းရမယ်။ နောက်တစ်ခုက တကယ့်ရခိုင်ပြည်သူလူထု တကယ့်မြေပြင်မှာ တကယ် အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ဟာတွေ ပါရမယ်ပေါ့နော်။ ရခိုင်ပြည်သူလူထုရဲ့ တကယ့် on ground မှာ ဖြစ်နေတဲ့ အရာတွေကို ပါဝင်ဖို့လိုပါတယ်ရှင့်။ ကျမတို့ကတော့လေ ဒါကို အလေးအနက်တော့ ပြောချင်ပါတယ်။ ”
အကြံပေးကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်မှာပဋိပက္ခကြိုတင်ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပံ့ပိုးရေး၊ ပြန်လည်ရင်ကြားစေ့ရေး၊ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးရေး၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရေးစတဲ့ ကဏ္ဍတွေအတွက် ပကတိအခြေအနေတွေ ကိုလေ့လာသုံးသပ်သွားပြီး အကြံပြုတင်ပြသွားမှာဖြစ်တယ်လို့ ကော်မရှင်ကပြောပါတယ်။
မြန်မာနိုင်ငံသား ၆ ဦးနဲ့ နိုင်ငံခြားသား ၃ ဦး ပါဝင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ထဲမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး အဖွဲ့ဝင်တွေအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်ဟောင်း Ghassan Salamé ၊ ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီးဟောင်း Laetitia van den Assum၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ ဦးခင်မောင်လေး၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နာယက ဒေါက်တာသာလှရွှေ၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာမြသီတာ၊ ရခိုင်စာပေနဲ့ ယဉ်ကျေးမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဒေါ်စောခင်တင့်၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ (မြန်မာနိုင်ငံ) ဦးဆောင်သူဦးအေးလွင် ပါဝင်ကြပါတယ်။ ဒီကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်တွင်း အခြေအနေအရပ်ရပ်ကို ကွင်းဆင်းလေ့လာပြီးနောက် - တနှစ်အကြာမှာ မြန်မာအစိုးရကို အကြံပြုအစီရင်ခံစာ တင်သွင်းသွားမှာလည်း ဖြစ်ပါတယ်။
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.