• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

17 August, 2017

Water Taxi ပြေးဆွဲရန် ပြည်ပမှ ဝယ်ယူထားသော သင်္ဘောအချို့ ရန်ကုန်ရောက်ရှိ

  Image may contain: ocean, outdoor and waterImage may contain: sky, ocean, outdoor, water and nature

ရန်ကုန်မြစ်တွင်း မကြာခင်ပြေးဆွဲမည့် ရေကြောင်းတက္ကစီ (Water Taxi) အတွက် ပြည်ပနိုင်ငံမှ ဝယ်ယူ ထားသည့် နှစ်စင်းသည် Yangon Water Bus နန်းသီတာဂိတ်သို့ရောက်ရှိနေပြီဖြစ်ကြောင်း သတင်း ရသည်။
အဆိုပါသင်္ဘောများသည် သြစတြေးလျနိုင်ငံမှ ဝယ်ယူထားခြင်းဖြစ်ပြီး သြဂုတ် ၁၅ ရက်တွင် အလုံမြို့ နယ်အမှတ် (၁)အလုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (Ahlone lnternational Port Terminal -1) သို့ HEIVTIA နိုင်ငံကူးသဘောင်္ကြီးဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။
အလုံဆိပ်ကမ်းမှတဆင့် နန်းသီတာဆိပ်ကမ်းသို့ ယင်းနေ့မှာပင်သယ်ဆောင်ခဲ့သည်။
Water taxi ဖွင့်ပွဲအခမ်းအနားကို မကြာမီပြုလုပ်ရန် စီစဉ်ထားသော်လည်း ရက်အတိအကျ မသတ်မှတ် ရသေးကြောင်း Tint Tint Myanmar မှ သိရသည်။
Yangon Water Bus ကို ပထမအဆင့်အနေဖြင့် လှိုင်သာယာ-အင်းစိန်-ဗိုလ်တထောင်ခရီးစဉ်ကို စတင်ပြေးဆွဲ ရန်လျာထားပြီး ခရီးစဉ်လမ်းကြောင်းတလျှောက် မှတ်တိုင်များအဖြစ် အင်းစိန်ကြိုးတံတားအနီး၊ ဘုရင့်နောင် တံတား၊ FMI အိမ်ရာ၊ လှိုင်ဘူတာရုံလမ်း၊ ကြည့်မြင်တိုင်(ဈေးကြီးတံတား)၊ လသာ (လမ်း သစ်တံတား)၊ ပန်းဆိုးတန်း (နန်းသီတာ)၊ ဗိုလ်တထောင်(တံတားအမှတ် ၄ ) နေရာများကို သတ်မှတ် ထားကြောင်း သိရသည်။
အဆိုပါ ဆိပ်ကမ်း ၈ ခုအနက် ၆ ခု ပြီးစီးနေပြီး ဖြစ်သော်လည်း ဆိပ်ကမ်းအချို့မှာ တည်ဆောက်ရန် အခက်အခဲ အချို့ရှိနေသေးကြောင်း၊ ယာဉ်စီးခအနေဖြင့် ခရီးသည်တဦးလျှင် ခရီးစဉ်အစအဆုံး ၅၀၀ ကျပ်၊ ခရီးတိုအတွက် ၃၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
လင်းလင်းအောင်
News watch
Share:

14 August, 2017

မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီ ၏ ဟောပြောပွဲ တွင် လူတစ်ချို့က ဆူပူနှောက်ယှက်

M-Media

– ၀န်ကြီးချုပ် နာဂျစ်ရာဇတ်အစိုးရကို ဖြုတ်ချရန် အစီအစဉ်ရှိနေသည့် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဦးဆောင်သော ယမန်နေ့ ဆွေးနွေးပွဲတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွာားခဲ့သည်ဟု သိရသည်။
ကွာလာလမ်ပူမြို့ဆင်ခြေဖုံး ရှားအလမ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲမှာ နာဂျစ်အစိုးရ ရင်ဆိုင်နေ ရသော ဘဏ္ဍာရေးပြဿနာများကို မီးမောင်းထိုးပြရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲစတင်ပြီး မိနစ် ၉၀ အကြာ တွင် လူတစ်ချို့မှာ ဖိနပ်များ၊ ပုလင်းများ၊ ထိုင်ခုံများဖြင့် မဟာသီယာအား ပစ်ပေါက်ခဲ့သည်ဟု ပွဲစီစဉ်သူ ဆယဒ် ဆာဒစ် ဆယဒ် အဘ်ဒူလ်ရဟ်မန်က ပြောကြားခဲ့သည်။
ထို့ပြင် ထိုသူများမှာ မီးကျည်များလည်း ပစ်လွှတ်ခဲ့ပြီး တက်ရောက်လာသည့် ပရိတ်သတ်များအကြား ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။ အသက် ၉၂ နှစ်အရွယ်ရှိ မဟာသီယာ မိုဟာမက်မှာ မည်သည့် ထိခိုက်ဒဏ်ရာရမှုမှ မရှိခဲ့ပေ။
“ဒါဟာ မဟာသီယာနဲ့ အတိုက်အခံတွရဲ့အသံကို တိတ်သွားအောင် လုပ်တယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ဒီသရဲဘောကြောင်သူတွေကို ကျွန်တော်တို့ ဘယ်တော့မှ ကြောက်ရွံ့နေမှာမဟုတ်ပါဘူး” ဟု မဟာသီယာ ဦးဆောင်ကာ မကြာသေးမီက တည်ထောင်ခဲ့သော Bersatu ပါတီမှ လူငယ်ဆိုင်ရာ အကြီးအကဲ ဆယဒ် ဆာဒစ် က ပြောကြားခဲ့သည်။
အတိုက်အခံခေါင်းဆောင် အဇ်မင်ကလည်း နာဂျစ်မှာ မဟာသီယာ၏အသံ တိတ်သွားစေရန်အတွက် ဂိုဏ်းစတား လုပ်ရပ်ကို အသုံးပြုခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ထိုလုပ်ရပ်မှာ သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ် သည်ဟုလည်း ဆိုသည်။
ထိုရုန်းရင်းဆန်ခတ်ဖြစ်မှု၏ နောက်ကွယ်တွင် မည်သူရှိနေသည်ဆိုကို ရှင်းရှင်းလင်းလင်း မသိရသေးသော် လည်း မလေးရှားတွင် နိုင်ငံရေးအရ တင်းမာမှုများ မြင့်တက်လာမှုကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။
၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မဟာသီမှာ နာဂျစ်၏ ငွေကြေးအရှုပ်အရှင်းပြဿနာအတွက် ပြင်းပြင်းထန်ထန်ဝေဖန်ထားပြီး ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြုလုပ် ရန်ရှိနေသည့် အထွေထွေရွေးကောက်ပွဲတွင် မဟာသီမှာ နာဂျစ်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ် လာနိုင်သည်။
Ref: CNA
Share:

နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များကို နှင်ထုတ်ရန် ရခိုင်တွင် ဆန္ဒပြ

သြဂုတ် ၁၄၊ ၂၀၁၇
M-Media


– ရိုဟင်ဂျာစစ်သွေးကြွတွေကို ထောက်ပံ့ကူညီပေးနေတယ်လို့ စွပ်စွဲကာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကို ဆန့်ကျင်တဲ့ ရခိုင်ပြည်နယ်က မနေ့ကဆန္ဒပြမှုမှာ ဗုဒ္ဓဘာသာဝင် ရာနဲ့ချီ ပါဝင်ခဲ့ပါတယ်။
ပြည်နယ်မြို့တော် စစ်တွေအပါအ၀င် ရခိုင်ပြည်နယ်တစ်ဝှမ်းက မြို့ပေါင်း ၁၅ မြို့လောက်မှာ ဘုန်းကြီးတွေ နဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ဆန္ဒပြခဲ့ကြပြီး လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေ ချက်ခြင်း ထွက် သွားဖို့ တောင်းဆိုခဲ့တယ်လို့ ဆန္ဒပြသူတွေကို ဦးဆောင်သူလို့ သူ့ကိုယ်သူဆိုတဲ့ ဦးဌေးအောင်က ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေ ရတဲ့အထိ ဆန္ဒပြပွဲတွေ ထပ်ပြီး ပြုလုပ်သွားမှာပါ။ အစိုးရက မလုပ်ပေး ရင်တော့ ဒါဟာ သူတို့တာဝန်ပါပဲ”
ဇူလိုင်လအတွင်း ပြည်နယ်မြောက်ပိုင်းမှာ ဗုဒ္ဓဘာသာဝင် ၇ ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံ ရပြီးနောက်ပိုင်း မှာ ပြည်နယ်အတွင်း တင်းမာမှုတွေ မြင့်တက်လာပါတယ်။
မြန်မာအစိုးရကတော့ ဒီသတ်ဖြတ်မှုကို မွတ်စလင်အစွန်းရောက်တွေက လုပ်တယ်ဆိုတာကို သက်သေပြနေတဲ့ တောတွင်းစခန်းတွေ တွေ့ရှိခဲ့တယ်လို့ ပြောကြားခဲ့ပြီး၊ စစ်တပ်တွေကိုလည်း အဲဒီဒေသမှာ အခုရက်ပိုင်းအတွင်း တိုးမြှင့်ချထားခဲ့ပါတယ်။
ပြီးခဲ့တဲ့လမှာ တွေ့ရှိခဲ့တဲ့ တောတွင်းစခန်းတစ်ခုမှာ ကုလရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဝေငှတဲ့ ဘီစကစ်တွေကို တွေ့ခဲ့ရပါတယ်။ ရခိုင်တိုင်းရင်းသားတွေကတော့ ကုလနဲ့ အခြား အကူအညီပေးရေးအဖွဲ့တွေဟာ ရိုဟင်ဂျာတွေကိုသာ အကူအညီပေးနေတယ်လို့ အရင်ကတည်းက စွပ်စွဲထားတာပါ။
မနေ့က ဆန္ဒပြသူတွေ ကိုင်ဆောင်ထားတဲ့ ဆိုင်းဘုတ်တွေထဲမှာ “အကြမ်းဖက်တွေ ကိုထောက်ပံ့နေတဲ့ အဖွဲကို အလိုမရှိ” ဆိုတာလည်း ပါဝင်ခဲ့ပြီး ကုလနဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေ ထွက်သွားဖို့ တောင်းဆိုခဲ့ပါတယ်။
ဦးဌေးအောင်ကတော့ ဆန္ဒပြသူတွေဟာ မွတ်စလင်စစ်သွေးကြွတွေကို အစိုးရက နှိမ်နင်းဖို့၊ နိုင်ငံသား စီစစ်ရေး အလျင်အမြန်ဆောင်ရွက်ဖို့၊ ရခိုင်ဗုဒ္ဓဘာသာဝင်တွေကို ပြည်သူ့စစ်ဖွဲ့ပေးဖို့ တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့တာဝန်ရှိသူ ဦးချိုလွင်က စစ်တွေ ဆန္ဒပြမှုမှာ လူပေါင်း ၆၀၀ လောက် ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ဒီနေ့ ဆန္ဒပြမှုဟာ ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့ပါတယ်” လို့ သူကဆိုပြီး ရဲတပ်ဖွဲ့ဟာ လုံခြုံရေးကို တိုးမြှင့်ချ ထားကာ အကူအညီပေးရေးရုံးခန်းတွေကို ဦးတည်တဲ့ လမ်းတွေကိုလည်း ပိတ်ထားခဲ့ကြောင်း ပြောကြားခဲ့ ပါတယ်။
အကူအညီပေးရေးအဖွဲ့တွေဟာ ရိုဟင်ဂျာတွေကိုသာ တစ်ဖတ်သက်ကူညီပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တွေမြို့က ကုလရုံးခန်းတွေ၊ ဂိုထောင်တွေဟာ ၂၀၁၄ ခုနှစ်မှာ ရခိုင်လူမျိုးတွေရဲ့ တိုက်ခိုက် လုယက်ခြင်း ကို ခံခဲ့ရပါတယ်။
ကုလကတော့ ရခိုင်ပြည်နယ်အတွင်းက သူတို့ရဲ့ ၀န်ထမ်း ၃၀၀ လောက်ကို ဗုဒ္ဓဟူးနေ့က သတိပေးစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ပြည်နယ်အတွင်း ရန်လိုမှု မြင့်တက်လာတဲ့အတွက် သတိဝိရိယ ရှိကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Ref: Reuters
Share:

ВREАKING: АUЅTRАLIА ТАKЕЅ HUGЕ ЅTАND FОR АMERICА… PUTЅ NОRTH КОREА ОN NОTICЕ




While the world watches and waits to see the next moves made by Washington and North Korea, other world leaders are setting the table for what could end up a conflict, or worse, a full-on war. Our dear friends down under just stunned the world with one epic statement about defending the United States and how they feel about North Korea.
Breitbart reports: CANBERRA, Australia — Prime Minister Malcolm Turnbull says if North Korea directy launches an attack on the United States mainland or any of its overseas territories including Guam, Australia will immediately join the conflict.
“America stands by its allies, including Australia of course, and we stand by the United States,” Mr Turnbull told local radio station 3AW on Friday morning. “So be very, very clear on that. If there’s an attack on the US, the ANZUS Treaty would be invoked and Australia would come to the aid of the United States, as America would come to our aid if we were attacked.”
The ANZUS Treaty binds the U.S., Australia and New Zealand together in a defense pact covering military matters in the Pacific Ocean region. It provides that an armed attack on any of the three parties would be dangerous to the others, and that each should act to meet the common threat.
Mr Turnbull also revealed he had discussed North Korea’s behaviour with U.S. Vice-President Mike Pence overnight, calling it “the most dangerous flashpoint in the world today, ” adding the terms of the Australia-U.S. alliance were clear.
“But be under no misapprehension, in terms of defence, we are joined at the hip,” he said. “The American alliance is the absolute bedrock of our national security. If there is an attack on the U.S. … we would come to their aid. “Now, how that manifests itself obviously will depend on the circumstances and the consultations with our allies.”
Source: ariseresist
http://www.usarmy4life.com/%D0%B2re%D0%B0king-%D0%B0u%D1%95tr%D0%B0li%D0%B0-%D1%82%D0%B0k%D0%B5%D1%95-hug%D0%B5-%D1%95t%D0%B0nd-f%D0%BEr-%D0%B0meric%D0%B0-put%D1%95-n%D0%BErth-%D0%BA%D0%BEre%D0%B0-%D0%BEn-n%D0%BEtic/
Share:

မြန်မာနိုင်ငံက ဘာမြူဒါ (သို့) မြန်မာ့ပြန်လမ်းမဲ့ရေကန်

မြန်မာနိုင်ငံက ဘာမြူဒါ (သို့) မြန်မာ့ပြန်လမ်းမဲ့ရေကန်

ဘာမြူဒါ ဆိုရင် အဖြေရှာဖို့ခက်ခဲတဲ့ ထူးဆန်းမှုတွေပြည့်နှက်နေတဲ့ နေရာလို့ အားလုံးသိပြီးဖြစ်မှာပါ။ အဓိကကတော့ အဲဒီနေရာကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေလေယာဉ်တွေ အစအနမကျန်ပဲ ပျောက်ပျောက်သွားတတ်လို့ပါပဲ။ ဘာမြူဒါတြိဂံလိုပဲ နေရာတစ်ခုမြန်မာနိုင်ငံမှာ ရှိတယ်လို့ ဆိုရင် မသိသေးသူများ အံသြသွားနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဘာမြူဒါနဲ့ခပ်ဆင်ဆင်တူတဲ့ ပြန်လမ်းမဲ့ရေကန်လို့ အမည်ပေးထားတဲ့ ရေကန်တစ်ခုဟာ အိန္ဒိယမြန်မာနယ်စပ် နာဂဒေသ မြန်မာ့မြေပေါ်မှာ တည်ရှိနေပါတယ်။ ဒေသခံတွေကတော့ ဒီကန်ကို သူတို့ဘာသာစကားနဲ့ နောင်ယန်းအင်း လို့ ခေါ်ပြီး အများဆုံးသိကြတဲ့နာမည်ကတော့ The Lake Of No Return (ပြန်လမ်းမဲ့ရေကန်) ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက လက်နက်ခဲယမ်း နဲ့ အသုံးအဆောင်ပစ္စည်းတွေသယ်ဆောင်ဖို့ ဖောက်လုပ်ထားတဲ့ လီဒိုလမ်းမကြီး (သို့) အိန္ဒိယ-တရုတ်-မြန်မာ လမ်း ရဲ့ဘေး ပန်ဆောင်ကျေးရွာ အနီးမှာ တည်ရှိနေတဲ့ကန်ဖြစ်ပါတယ်။ မှတ်တမ်းများအရ ဒီကန်ကို ဖြတ်သန်းသွားခဲ့တဲ့ မဟာမိတ် အမေရိကန် လေယာဉ်ပေါင်းများစွာ ဟာ ပျောက်ဆုံးခဲ့ဖူးပါတယ်။ တကယ်တော့ လေယာဉ်တွေဟာ ရေကန်ထဲကို ပျက်ကျခဲ့တာဖြစ်ပါတယ်။။ နောက်တစ်ခါကတော့ ဒါဇင်ပေါင်းများစွာပါတဲ့ ဂျပန်စစ်တပ်တစ်တပ်ဖြစ်ပါတယ်။ စစ်ရှုံးနိမ့်ပြီးထွက်ပြေးလာတဲ့ ဂျပန်စစ်တပ်ဟာ မျက်စိလည်ပြီး ဒီနေရာကိုရောက်တဲ့အခါ စခန်းချခဲ့ပါတယ်။ အဲဒီစခန်းချစဉ်ရက်ပိုင်းအတွင်းမှာပဲ ငှက်ဖျားရောဂါအပြင်းအထန်ကူးစက်ခံရပြီး အားလုံးသေဆုံးကုန်ကြ ပါတယ်။
ဒီကန်ရဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေကြောင့် မဟာမိတ်အမေရိကန်စစ်ခေါင်းဆောင်တွေဟာ ဒီကန်ကို စစ်ဆေးဖို့ စစ်သားတချို့ကိုစေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီစစ်သားတွေအားလုံးလည်း ထူးဆန်းစွာသေဆုံးကုန် ကြပြန် ပါတယ်။ ၁၉၄၂တုန်းကလည်း ဗြိတိန်စစ်သားတွေဟာ ထွက်ပြေးရင်း ဒီကန်နေရာမှာ နုံးတွေကျွံပြီး ပျောက်ဆုံးကုန်ကြပြန်ပါတယ်။ စာရေးသူတစ်ယောက်ကလည်း ဒီနေရာမှာ ပျောက်ဆုံးသွားတဲ့ အစ္စရေး လူမျိုး တစ်မျိုးစု တစ်စု ပုန်းအောင်းနေတယ်လို့ ဆိုပါတယ်။ ရှေးဒေသခံတွေအနေနဲ့တော့ ဒီကန်ဟာ နတ်ဘီလူးတွေရှိနေတဲ့ကန်လို့ ယုံကြည်နေကြပြီး ဒီကန်ထဲကငါးတွေကိုဘေးမဲ့ပေးထားကြပါတယ်။ ဒီကန်ဟာ နဂါးတွေနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ ပုံပြင် ဒဏ္ဍာရီတွေလည်း ရှိပါတယ်။ သုတေသန ပညာရှင်တွေကတော့ လေယာဉ်တွေပျက်ကျခဲ့တဲ့အကြောင်းဟာ လေယာဉ်မှူးတွေဟာ ဒီနေရာက နုန်းမြေပေါ်ကို အရေးပေါ် ဆင်းသက်ခဲ့တာကြောင့် အန္တရယ်ထဲကျရောက်ပြီး ပျက်ကြခဲ့ခြင်းဖြစ်တယ် လို့ ဆိုပါတယ်။
ဒီလိုထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတာကြောင့် ဒီကန်ကို ပြန်လမ်းမဲ့ရေကန် ( The Lake Of No Return) လို့ အမည်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီကန်ရဲ့အကျယ်ကတော့ အလျှား ၁.၄ကီလိုမီတာ အနံ ၀.၈ကီလိုမီတာဖြစ်ပါတယ်။ လီဒိုလမ်းမကြီးနဲ့ ၂.၅ကီလိုမီတာ အကွာမှာ တည်ရှိတာပဲဖြစ်ပါတယ်။ ဒီနေရာ ကို မြန်မာနိုင်ငံဘက်ကနေ သွားလာရအနည်းငယ်ခက်ပြီး အိန္ဒိယဘက်ကတော့ လွယ်ကူပြီး ကမ္ဘာလှည့် ခရီးသွားတွေမကြာခဏလာလေ့ရှိကာ အိန္ဒိယရဲ့ ဘာမြူဒါလို့ နာမည်ကြီးပါတယ်။




Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.