• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

12 August, 2017

ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ကို ကာတာ နိုင်ငံ က ဗီဇာ ကင်းလွတ် ခွင့်ပေး

M-Media


– ပင်လယ်ကွေ့တွင် သံတမန်အကျပ်အတည်း ကြုံတွေ့နေသည့် ကာတာနိုင်ငံက နိုင်ငံပေါင်း ၈၀ ကို ဗီဇာကင်းလွတ်ခွင့်ပေးသွားမည်ဟု ဗုဒ္ဓဟူးနေ့တွင် ကြေငြာလိုက်ပြီး လေကြောင်း ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းကို အားကောင်းစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
ယခုအစီအစဉ်သစ်ကြောင့် အဆိုပါ နိုင်ငံ ၈၀ မှ နိုင်ငံသားများမှာ ကာတာသို့ ၀င်ရောက်ရန်အတွက် နိုင်ငံကူးလက်မှတ်သာ ပြသရန်လိုအပ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူ မိုဟာမက် ရာရှက်ဒ် အလ်-မာဇူရီက ပြောကြားခဲ့သည်။
ဗီဇာကင်းလွတ်ခွင့်ပေးသည့် နိုင်ငံများတွင် ဥရောပနိုင်ငံများအားလုံး၊ တောင်အမေရိကနိုင်ငံ အများအပြား၊ ရုရှား၊ ဂျပန်၊ အိန္ဒိယ၊ တရုတ်၊ ကနေဒါနှင့် အမေရိကန်အပါအ၀င် အာရှနှင့် မြောက်အမေရိကနိုင်ငံများ ပါဝင်သည်။
အာရပ်နိုင်ငံများ၌ လက်ဘနွန်သာ အဆိုပါစာရင်းတွင် ပါလာခဲ့သည်။ သို့သော် ကာတာက အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် ပင်လယ်ကွေ့နိုင်ငံများအဖွဲ့ GCC မှ နိုင်ငံသားများမှာ အဖွဲ့ဝင်နိုင်ငံများအတွင်း လွတ်လပ်စွာ သွားလာနိုင်မည်ဖြစ်သည်။
အဆိုပါ ဗီဇာကင်းလွတ်ခွင့်မှာ ချက်ခြင်းသက်ရောက်မည်ဖြစ်ပြီး ၃၃ နိုင်ငံမှ နိုင်ငံသားများကိုမူ ကာတာတွင် ရက်ပေါင်း ၉၀၊ အခြား ၄၇ နိုင်ငံမှ နိုင်ငံသားများကို ဗီဇာမလိုဘဲ ရက်ပေါင်း ၃၀ နေထိုင်ခွင့်ပြုမည် ဖြစ်သည်။
မာဇူရီက နိုင်ငံများ၏ လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ အကြောင်းအရင်းများ၊ နိုင်ငံသားများ၏ ငွေကြေး သုံးစွဲနိုင်မှု တို့ကို ထည့်သွင်းစဉ်းစား၍ ဗီဇာကင်းလွတ်ခွင့်ပေးရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ကာတာမှာ အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့ပေးနေသည်ဟုဆိုကာ ဆော်ဒီ၊ အီဂျစ်၊ ဘာရိန်းနှင့် ယူအေအီးနိုင်ငံများမှာ ဇွန်လဆန်းမှစ၍ သံတမန်အပါအ၀င် ကာတာနှင့် အဆက်သွယ်အားလုံး ဖြတ်တောက် ခဲ့သည်။ ကာတာကမူ ထိုစွပ်စွဲမှုများကို ငြင်းဆိုထားသည်။
Ref: middleeasteye
http://www.m-mediagroup.com/news/70353
Share:

ရခိုင်မြောက်ပိုင်း စစ်တပ် အင်အား ဖြည့်ဆည်းမှု အပေါ် ရခိုင်အမျိုးသားပါတီ ရာနှုံးပြည့် ကျေနပ်


ရခိုင်အမျိုးသားပါတီ (ANP) ခေါင်းဆောင်တွေ နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး။
ရခိုင်အမျိုးသားပါတီ (ANP) ခေါင်းဆောင်တွေ နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က လုံခြုံရေးတွေ တိုးမြှင့်ချထားလိုက်တဲ့အပေါ် အပြည့် အ၀ကျေနပ် မှု ရှိပြီး ကြိုဆိုတယ်လို့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌက ပြောကြား လိုက်ပါတယ်။ အခုလို တပ်တွေထပ် တိုးပြိးချ ထားလိုက်တာဟာ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးစိုးရိမ်ကြောင့်ကြ မှုကြောင့်ဖြစ် တယ်လို့ ပြည်နယ်အစိုးရ တာဝန် ရှိ သူတဦး ကလည်း ပြောပါတယ်။ ဒါ့အပြင် ရသေ့တောင်မြို့နယ်အတွင်း တချို့နေရာတွေမှာ ည မထွက်ရ အမိန့်ထုတ်ပြန်သွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဆက်သွယ်စုံစမ်း ထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီ (ANP) ခေါင်းဆောင်တွေ နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးအင်အားတွေ ထပ်မံတိုးမြှင့်ချထားခဲ့ တာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို မေးမြန်းကြည့် တဲ့အခါ သူက အခုလို ပြောပါတယ်။
" ကျနော်တို့တင်ပြတဲ့အခါမှာ ချက်ခြင်းအရေးယူဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဘက်က သိပါတယ် ကြိုတင်စီစဉ် ထားတာလည်းဖြစ်ကောင်းဖြစ်မယ်။ ကျနော် တို့နဲ့တွေ့ဆုံဆွေးနွေး တဲ့အခါမှာ ကျနော်တို့နဲ့ထပ်တူ ပြဖို့အတွက်လည်း ရခိုင်လူထု ကိုပြဖို့အတွက်လည်းပဲ ရခိုင်တွေရဲ့ နယ်စပ်မှာ ရှေ့တန်းမှာ အသက်စွန့်ပြီးတော့မှ ကာကွယ်နေကြတာကို ထပ်ပြီးတော့ ကာကွယ်နိုင်အောင် အင်အားတရပ်နဲ့ ကူညီပံ့ပိုးရမယ့်တာဝန်သည် တပ်မတော်မှာ ပြဖို့ အနေနဲ့လည်းပဲ အခုလိုတပ်တွေကို ရွှေ့ပြောင်းတာလည်း ဖြစ်နိုင်ပါတယ်။ နဂိုကတည်းက စီစဉ်ထားတာလည်းပဲ ဖြစ်နိုင်ပါတယ်။
ရန်နိုင်။ ။ ဆရာတို့ ဒီဆွေးနွေးပွဲမှာ တင်ပြခဲ့တဲ့ဥစ္စာက တပ်မတော်ရဲ့တုန့်ပြန်မှုကိုရော ဆရာတို့ဘက်က ဘယ်လောက် အထိ ကျေနပ်အားရမှုရှိလဲ။
ဒေါက်တာအေးမောင်။ ။ ၁၀၀% ကျေနပ်တယ်ခင်ဗျ။
ရန်နိုင်။ ။ တွေ့ဆုံတဲ့အချိန်မှာ လုံခြုံရေးကို တိုးမြှင့်ချထားဖို့ဆိုတဲ့ ကိစ္စကိုလည်း တောင်းဆိုခဲ့မှာပေါ့။
ဒေါက်တာအေးမောင်။ ။ မှန်တယ်ခင်ဗျ။ သူတို့ကဏ္ဍလေးငါးခု ဒီလေးငါးခုနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ အမြင် ကိုလည်း တင်ပြပါတယ်။ အဲ့တော့ ကျနော်တို့က အဓိကက ဘာကို စိုးရိမ်သလဲဆိုရင် ကျနော်တို့ ဌာနေတိုင်းရင်းသားတွေ နယ်စပ်မှာ ၂%လောက်ပဲ ရှိတော့တယ်ခင်ဗျ နဂိုကတော့ အများကြီးပေါ့ဗျာ။ အဲ့သလို စွန့်ခွာ သွားကြတယ်ဆိုရင် ကျနော်တို့ မခုခံ မကာကွယ်လိုက်ရပဲနဲ့ ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာ ကျနော် တို့နိုင်ငံရဲ့ နယ်မြေတစိတ်တပိုင်းကို ပေးလိုက်ရတော့မယ် အဲ့ဒီ့သဘော ထပ်တူကျပါတယ် အဲ့တာကြောင့် နေရပ်ကို မစွန့်ခွာရအောင် လုံခြုံမှုအစီအမံ ပေးဖို့လိုတယ်။ စိတ်ပိုင်းရုပ်ပိုင်း လုပ်ငန်းခွင် အဲ့တာတွေကို ကျနော်တို့ အပြန်အလှန်ဆွေးနွေးကြပါတယ်။
ရန်နိုင်။ ။ ဟိုတနေ့က ပြောတဲ့အထဲမှာ ပြည်သူ့စစ်ဖွဲ့ဖို့ဆိုတဲ့ကိစ္စ ပါပါတယ်။ အဲ့ဒီ့ကိစ္စကိုရော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့တွေ့တဲ့အချိန်မှာ တင်ပြခဲ့ပါသလား။
ဒေါက်တာအေးမောင်။ ။ တင်ပြပါတယ်ခင်ဗျ။
ရန်နိုင်။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က တုန့်ပြန်မှု သူ့သဘောထား ဘယ်လိုရှိပါသလဲ။
ဒေါက်တာအေးမောင်။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က သဘောထားပြန်ပြောဖို့တော့ ခက်ပါ တယ် သို့သော်လည်းပဲ လုံခြုံမှုရှိအောင် သင့်တော်သလို စီမံရမယ့်တာဝန်ကတော့ တပ်မတော် အကြီးအကဲ အားလုံးမှာ ရှိပါတယ်။ သို့သော် လူထုယုံကြည်မှုရလောက်တဲ့ လုံခြုံမှု စည်းတခုရအောင်တော့ သူတို့ဆောင် ရွက်ပေးမယ် လို့တော့ ကျနော်တို့ ယုံကြည်ပါတယ်။
ရန်နိုင်။ ။ နောက်တခုက စစ်တပ်ဘက်က တပ်ဖွဲ့ဝင်တွေ ချထားလိုက်တဲ့အတွက် နိုင်ငံတကာဘက်က စိုးရိမ်မှုတွေရှိလာနေပါတယ် အဲ့ဒီ့အပေါ်မှာရော ဆရာအနေနဲ့ ဘာများပြောလိုပါသလဲ။
ဒေါက်တာအေးမောင်။ ။ ဒါ ကိုယ့်ပြည်တွင်းရေးပဲလေ ကိုယ့်မြေရဲ့ အချုပ်အခြာ အာဏာမှာ ကိုယ့် တိုင်းရင်းသားတွေ ကို လည်ပင်းဖြတ်တယ် အကြမ်းဖက်တယ်ဗျာ ခုနကလို တာလီဘန်ပုံစံ ISRS လိုပုံစံ မေယုရိုးမ မှာ ခြေကုပ်ယူပြီးကာမှ ရွာတွေမှာ ပျောက်ကြားပုံစံမျိုးနဲ့ ကိုယ့်တိုင်းရင်းသားတွေ ဌာနတိုင်း ရင်းသားတွေ ကို ရာပေါင်းများစွာအထိ အသတ်မခံရအောင်ဖြင့် အစိုးရနဲ့ လုံခြုံရေးအဖွဲ့အစည်းများ အားလုံးမှာ တာဝန်ရှိတယ်။ အဲ့တော့ အစိုးရရဲ့ လုပ်ငန်းတာဝန်တွေ လုပ်ငန်းဆောင်ရွက်ချက်တွေကို အားမရတဲ့အခါမှာ လုံခြုံမှုအဖွဲ့အစည်း အကြီးအကဲဖြစ်တဲ့ အဖွဲ့အစည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း သီးသန့်တာဝန်ရှိတဲ့ ပုဂ္ဂိုလ် ကိုချဉ်းကပ်ရတာပေါ့ဗျာ နိုင်ငံတကာရဲ့ Concern ကို သဘောပေါက်တယ် သို့သော် ကျနော်တို့ လက်မခံ ဘူး။ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လုပ်ပိုင်ခွင့်ရှိတယ်။ ဌာန တိုင်းရင်းသား များရဲ့ လုံခြုံမှု အတွက် ကာကွယ်ပိုင်ခွင့် ကျနော်တို့ အစိုးရမှာ ရှိတယ် တပ်မတော်မှာရှိတယ်။ တိုင်းရင်းသားတွေဖြစ်တဲ့ အဲ့ဒီ့မှာရှိတဲ့ ရခိုင်တမျိုးသားလုံးမှာ ရှိတယ်။ မည်သည့်နိုင်ငံတကာစွက်ဖက်မှုကိုမှ ကျနော်တို့က သဘောပေါက် တယ် သို့သော် ကျနော်တို့ လက်မခံဘူး။
ရန်နိုင်။ ။ တပ်တွေချထားတဲ့ကိစ္စက အစိုးရက ဆုံးဖြတ်တာမဟုတ်ပဲ တပ်က တိုက်ရိုက်ဆုံးဖြတ်တာလို့ ပြောလို့ရမလား။
ဒေါက်တာအေးမောင်။ ။ အဲ့တာတော့ ကျနော်တို့မပြောတတ်ဘူး ပွင့်ပွင့်လင်းလင်းပြောတာ။ အစိုးရကို အားမရ ဘူး ပြည်နယ်ကအားမရဘူး ပြည်ထောင်စုကို အားမရဘူး။ လွှတ်တော်ကို အားမခရဘူး ကျနော်တို့ တင်တာ အားလုံးကို ပိတ်ပင်နေတယ်။ အဲ့တော့ ကျနော်တို့ အစိုးရကို ရွှေနားတော်ပေါက်အောင် လွှတ်တော် က တင်လို့မရတဲ့အခါမှာ ကျနော်တို့က ကိုယ့်လူထုအတွက် အတတ်နိုင် ဆုံးကြိုးစားပေး ရတာပေါ့ဗျာ ဒါကို သဘောပေါက်စေချင်တယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းကို မြန်မာ့တပ်မတော်က တပ်ဖွဲ့တွေ စေလွှတ်ချထားတဲ့ ပတ်သက်ပြီး ရခိုင်ပြည် နယ် အစိုးရအတွင်းရေးမှူး ဦးတင်မောင်ဆွေက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။
"စစ်ဆင်ရေးရယ်မဟုတ်ဘူး ကျနော်တို့တိုင်းပြည်မှာ လိုအပ်ချက်အရ ကျနော်တို့ တိုင်းသူပြည်သားတွေဟာ လုံခြုံရေးစိုးရိမ်ကြောင့်ကြနေတာဖြစ်တဲ့အတွက် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုတွေလည်း မဖြစ်အောင် နယ်မြေလုံခြုံရေးလည်း ဆောင်ရွက်လို့ရအောင်ပေါ့လေ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လိုအပ် တာတွေ ကို စီမံဆောင်ရွက်တာပါ။"
မြန်မာတပ်မတော်က မနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ တပ်ဖွဲ့တွေ နောက်ထပ်လွှတ်ပြီး၊ မောင်တောမြို့ နယ်တွင်း မှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို နောက်ထပ် ၂ လ ထပ်တိုးလိုက်တဲ့ တချိန်တည်းမှာပဲ၊ ရသေ့တောင်မြို့ နယ်တွင်း က တချို့နေရာတွေမှာလည်း ညမထွက်ရ အမိန့်ထုတ်ပြန်သွားမှာဖြစ်တယ်လို့ ဦးတင်မောင်ဆွေ က ပြော ပါတယ်။
"ရသေ့တောင်မြို့နယ်က နယ်မြေတချို့ပေါ့။ ညမထွက်ရအမိန့် ညကိုးနာရီကနေ မနက်ငါးနာရီအထိ ထုတ်ပြန် မှာဖြစ်ပါတယ်။ ရသေ့တောင်ထဲက တချို့ပေါ့ မေယုတောင်ခြေတဝိုက်ပေါ့။ "
လုံခြုံရေးအခြေအနေ အရ တပ်ဖွဲ့ဝင်အင်အားဘယ်လောက်ဆိုတာကိုတော့ မပြောနိုင်ပေမယ့်၊ အခုနောက် ဆုံး သိရသလောက်တော့ အဲဒီတပ်တွေဟာ အခုအခါမှာ စစ်တွေကနေထွက်ပြီး ဘူးသီးတောင်၊ မောင်တော နဲ့ မယုတောင်တန်းဒေသဘက်ကို သွားနေပြီဖြစ်တယ်လို့ ပြောပါတယ်။
Share:

မောင်တောမြို့နယ်မှ ရခိုင်လူမျိုး တစ်ဦးကို သေနတ်၊ ကျည်ဆံ အမြောက်အများနှင့် အတူ ဖမ်းဆီးရမိ


RB News
12.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မြဝင်း ဦးစီးသော ရဲတပ်ဖွဲ့ဝင် များသည် သြဂုတ်လ (၁၀) ရက်နေ့၊ နံနက်(၁၀) နာရီခန့်အချိန်တွင် မောင်တောမြို့နယ်၊ မြို့မ အရှေ့ရပ်ကွက်၊ သစ်သီး ဝလံရောင်းသည့် ဆိုင်တန်းအနီးနေ ရခိုင် လူမျိုး ဦးထွန်းထွန်းဝင်း (ဘ) ဦးမောင်ရွှေဖြူ အသက်(၄၀) နှစ်ကို ပစ္စတိုသေနတ် တစ်လက်၊ ကျည်တောင့် ၂၃ တောင့် တို့နှင့် အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိပါသည်။
ဖမ်းဆီးရမိသော ဦးထွန်းထွန်းဝင်းသည် မောင်တောမြို့နယ် ANP ပါတီ၏ မြို့နယ်ပါတီဝင်တစ်ဦး ဖြစ်သလို WY ဟုခေါ်သည့် စိတ်ကြွ စေသည့် မူးယစ်ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် သဖွယ် အကြီးအကျယ် တင်ပို့ရောင်းချနေသူလည်း ဖြစ်ပါသည်။ ၎င်းသည် မောင်တောမြို့ပေါ်နေ ရခိုင်လူမျိုးများအနက် အင်အား အကြီးဆုံး လူတစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လ၌ ဖြစ်ပွားခဲ့သော ပဋိပက္ခကာလတွင် ရိုဟင်ဂျာများ၏ ဆိုင်ခန်းအများအပြားကို နေ့ခင်းအချိန်၌ လူအများရှေ့မှောက်တွင် ဖျက်ဆီး၍ ပစ္စည်းများ လုယက်ခဲ့သူများထဲတွင် အဓိက ဦးဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။
သေနတ်နှင့် ကျည်ဆံအများအပြားနှင့် တကွ ဖမ်းဆီးရမိသူ ဦးထွန်းထွန်းဝင်း သတင်းကို နေပြည်တော် ရဲဌာနက "လောင်းကစား ဒိုင်အား ဖမ်းဆီးစဉ် လုပ်သေနတ်နှင့် ကျည်ဆံများပါ သိမ်းဆည်း ရမိသူ ကို မောင်တောမြို့မ ရဲစခန်းမှ(ပ)၁၇၅/၂၀၁၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) နှင့် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ) အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်'' ဟူ၍သာ ရေးသား ဖော်ပြထားသော်လည်း အမှန်တကယ်မှာမှု ထွန်းထွန်းဝင်းသည် မည်သည့်လောင်းကစားဒိုင်ကိုမျှ လုပ်နေသူ မဟုတ်ပါ။ ၎င်းသည် WY ဟုခေါ်သော စိတ်ကြွစေသည့် မူးယစ် ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင်သဖွယ် အကြီး အကျယ် တင်ပို့ရောင်းချပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လက်နက်များ တင်သွင်းနေသူသာ ဖြစ်ပါသည်။
ထွန်းထွန်းဝင်းနှင့် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တဲခ်နာဖ်မြို့မှ လွှတ်တော်အမတ် Bodi တို့အဖွဲ့ထံ မူးယစ်ဆေးဝါး ပို့ပြီး Bodi တို့အဖွဲ့ထံမှ လက်နက်များ မောင်တောမြို့နယ်သို့ တင်သွင်း နေသူဖြစ် ပါသည်။ မောင်တောမြို့နယ်တွင် ရခိုင်လူမျိုးများက အမှန်တကယ်မရှိသည့် RSO ဝင်နေသည်ဟု ကောလဟလ သတင်းများ အကြိမ်ကြိမ်လွင့်ကာ ၎င်းတို့သာ လက်နက်များ နေ့စဉ် နှင့်အမျှ တင်သွင်းနေခြင်း ဖြစ်သည်။ မောင်တောခရိုင်၌ ရှိသည့် ရခိုင်လူမျိုးများ၏ အိမ်တိုင်းနီးပါးတွင် တရားမဝင် လက်နက် များ ရှိနေနိုင်သည်မှာ ယုံမှားဘွယ်မရှိပေ။
လွန်ခဲ့သော အပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တဲခ်နာဖ်မြို့၏ လွှတ် တော် အမတ် Bodi တို့အဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့ က မူးယစ်ဆေးဝါးရောင်းဝယ်နေမှု၊ မှောင်ခိုလက်နက်များ ရောင်းဝယ် နေမှုဖြင့် ဖမ်းဆီးခဲ့သော်လည်း အကြမ်းဖက်မှု ခေါင်းစဉ်ဖြင့် ဖမ်းဆီး နိုင်ရန် မရှိသည့် RSO နာမည်ကို ထည့်သွင်း အသုံးပြု ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တဲခ်နာဖ်မြို့မှ လွှတ်တော်အမတ် Bodi ၏ ဖခင် အေဇာရ်မျှသည် မောင်တောမြို့နယ်၊ အမှတ်(၁) ရပ်ကွက်နေ ရခိုင်လူမျိုး ဦးဝေသာမောင်၏ ညီမ အရင်းဖြစ်သူကို လက်ထပ် ထိမ်းမြားခဲ့သူ ဖြစ်သောကြောင့် လွှတ်တော်အမတ် Bodi သည် လည်း ရခိုင်လူမျိုးများနှင့်သာ အရောတဝင် ရှိနေ သူဖြစ်ပါသည်။ မောင်တောမြို့နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ (၇) ရက် နယ်စပ် နိုင်ငံကူး လက်မှတ်ဖြင့် ခရီးသွားသူများထဲတွင် ရခိုင်လူမျိုးဖြစ်လျှင် မည့်သည့်စစ်ဆေးမှုများ မလုပ်ရန် Bodi က ၎င်း၏ လက်အောက်ခံ လဝက၊ ရဲ စသည့် အာဏာပိုင်များကို ညွှန်ကြားထားကြောင်းလည်း စုံစမ်းသိရှိရပါသည်။ ဘင်္ဂလားဒေ့ရှ် ဖက်မှ လဝက၊ ရဲ စသည့် အာဏာ ပိုင်များက ရိုဟင်ဂျာများကိုမှု အမျိုးမျိုးစစ်ဆေး၍ အကြောင်း အမျိုးမျိုးပြကာ ငွေညှစ်မှုများ ရှိနေသည်ဟူ၍လည်း စုံစမ်းသိရှိရပါသည်။
ရခိုင်လူမျိုးများကို ဤကဲ့သို့ လက်နက်၊ ကျည်ဆံအမြောက်အများ များနှင့်အတူ ဖမ်းဆီးရသည့် အဖြစ်အပျက်များ အကြိမ်ကြိမ် ရှိနေ သည်ကြားက မည်သည့်အခါမှ ဖမ်းဆီးရခြင်းမရှိဖူးသော RSO အဖွဲ့ ဝင်လာနေသည်၊ ဘင်္ဂလီများ ဗုံးဖောက်ခွဲမည် စသည့် မဟုတ်မမှန် သတင်းများကို ရေးသားနေတတ်သည့် မြန်မာ့ မီဒီယာ တစ်ချို့နှင့် ရခိုင်အမျိုးသားရေး ဝါဒီများကို အစိုးရတာဝန်ရှိသူများက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်နိုင်ခြင်း အလို့ငှါ ထိထိ ရောက်ရောက် အရေးယူသင့်ကြောင်း မောင်တောဒေသခံ ရိုဟင်ဂျာ များက RB News သို့ ပြောကြားပါသည်။

http://burmese.rohingyablogger.com/2016/08/blog-post_95.html

Share:

ရခိုင်မှာ စစ်တပ်တိုးချမှု ယန်ဟီးလီ စိုးရိမ်

12 သြဂုတ်၊ 2017
  • ဗွီအိုအေ (မြန်မာဌာန)

ရခိုင်ပြည်နယ်တွင်း လုံခြုံရေးယူထားတဲ့ မြန်မာစစ်တပ်။
ရခိုင်ပြည်နယ်တွင်း လုံခြုံရေးယူထားတဲ့ မြန်မာစစ်တပ်။
 
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်အင်အား တိုးမြှင့် ချထားလိုက်တယ်ဆိုတဲ့ သတင်းအပေါ် စိုးရိမ်တဲ့ အကြောင်း မြန်မာနိုင်ငံ လူ့ အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေးရေးမှူး ယန် ဟီးလီ က သြဂုတ်လ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် တခုမှာပြောထားပါတယ်။
ဒီအခြေအနေဟာ အဓိကစိုးရိမ်ဖွယ်ရာ အကြောင်းတခုဖြစ်တဲ့အကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အခြေ အနေ အားလုံးမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ပြီး ရခိုင်ပြည်လုံခြုံရေးအခြေအနေကို ကိုင် တွယ်ဖြေ ရှင်း တာနဲ့အမျှ လူ့အခွင့်အရေးကို လေးစား လိုက်နာမှုရှိစေရေး အစိုးရအနေနဲ့ အာမခံ ချက်ပေး ရမှာဖြစ်ကြောင်း မစ္စယန်ဟီးလရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက မောင်တောနဲ့ ဘူးသီးတောင်မှာ နယ်ခြားစောင့် ရဲစခန်းသုံးခုကို တိုက်ခိုက် ခံရပြီးချိန်၊ နိုဝင်ဘာလ မှာ နောက်ထပ် တိုက်ခိုက်မှုတွေဖြစ်ပြီးချိန် လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေ ရှင်း လင်းရေးတွေ လုပ်တာမှာ ဆိုးရွားတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် သူ့အနေနဲ့ အထူးသဖြင့် စိုးရိမ်တဲ့အကြောင်း မစ္စယန်ဟီးလက ပြော ထားပါတယ်။
အခုလို စစ်တပ်အင်အား တိုးမြှင့်ချထားတဲ့အပေါ် ရခိုင်အမျိုးသားပါတီ ANP ကတော့ ကြိုဆိုပါတယ်။ ANP ခေါင်းဆောင်တွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သြဂုတ်လ ၉ ရက်နေ့ က တွေ့ဆုံပြီး ရခိုင်ပြည်အရေး ဆွေးနွေးခဲ့ကြပြီး နောက်တနေ့မှာပဲ တပ်အင်အား တိုးမြှင့်ချထား တာပါ။ တပ် အင်အား တိုးမြှင့်ချထားလိုက်ပြီးတဲ့နောက် မောင်တောမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို နောက်ထပ် ၂ လ သက်တမ်းတိုးလိုက်သလို ရသေ့တောင်မြို့ နယ်တွင်းက နေရာ တချို့မှာလဲ ညမထွက်ရအမိန့် ထုတ်ပြန်သွားဖို့ရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေ က ဗွီအိုအေ ကိုပြော ပါတယ်။
https://burmese.voanews.com/a/un-rights-expert-urges-restraint-in-security-in-rakhine/3982441.html
Share:

UN rights expert urges restraint in security operation in Myanmar's Rakhine state

Special Rapporteur on the human rights situation in Myanmar Yanghee Lee. UN Photo/Jean-Marc Ferré
 
 
11 August 2017 – A United Nations human rights expert has expressed alarm over reports that an army battalion has flown into Rakhine state in western Myanmar to help local authorities boost security in the region.
“This development, which reportedly took place yesterday, is a cause for major concern,” said the UN Special Rapporteur on the human rights situation in Myanmar, Yanghee Lee, in a press release from the Office of the UN High Commissioner for Human Rights (OHCHR).
“The Government must ensure that security forces exercise restraint in all circumstances and respect human rights in addressing the security situation in Rakhine state,” she added.
In Kachin and Rakhine states, some 100,000 and 120,000 people, respectively, have remained displaced for more than five years following the eruption of inter-communal conflict between Buddhists and minority Muslim Rohingya.
The Special Rapporteur acknowledged the State's responsibility to provide security and protect people from attacks by extremists, but said this responsibility had to cover all residents, and the authorities could not afford more security to some than others.
Ms. Lee recalled the allegations of serious human rights violations which followed security force operations in the aftermath of attacks against three border guard police facilities in Maungdaw and Rathedaung in October and further clashes in November.
“There have been increasing reports of incidents affecting the local population, including the killings of six Mro villagers on 3 August,” she said. “I share the concern of the Myanmar Government and its people regarding the safety and security of those living in Rakhine state in the light of these incidents.”
The expert stressed that the use of force must always be in line with the principles of necessity and proportionality to ensure full respect for human lives.
The expert's call has been endorsed by the UN the Special Rapporteur on extrajudicial, summary or arbitrary executions, Agnes Callamard.
Special Rapporteurs and independent experts are appointed by the Geneva-based UN Human Rights Council to examine and report back on a specific human rights theme or a country situation. The positions are honorary and the experts are not UN staff, nor are they paid for their work.
http://www.un.org/apps/news/story.asp?NewsID=57345#.WY58RbYVTce
Share:

သင်မထင်ထားတဲ့ ခန္ဓာကိုယ်ရှိ အညစ်ပတ်ဆုံး အစိတ်အပိုင်း ၉ခု

 
Knowledges
သင့်ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အစိတ်အပိုင်းတွေထဲမှာ ဘယ်အစိတ်အပိုင်းက အညစ်ပတ်ဆုံးလို့ ထင်ပါသလဲ ။ အများစုကတော့ စအိုလို့ ထင်ကြေးပေးကြပါတယ် ။ဒီလို အဖြေဟာ မှားတယ်ဆိုတာကို လ့လာမှုတစ်ခုက ပာလိုက်ပါတယ် ။ ဟားဗတ်တက္ကသိုလ် ၊  သွားဘက်ဆိုင်ရာ ဆးသုတသနအဖွဲ့ရဲ့ လ့လာချက်အရ အမျိုးအစားပေါင်း ၆၁၅ကျော်တဲ့ အလွန်သေးငယ်သော ဘတ်တီးရီးယားပိုးတွေဟာ ပါးစပ်၊ လျှာ နဲ့ တခြားအစိတ်အပိုင်းတွေမှာ တွ့ရှိရပါတယ်တဲ့ ။
ကဲ..ကျွန်ုပ်တို့ ကိုယ်ခန္ဓာပေါ်မှာရှိတဲ့ အညစ်ပတ်ဆုံး အစိတ်အပိုင်းတွေကို ဖ်ာပြပေးလိုက်ပါမယ် ။

(၁)ပါးစပ်
ပါးစပ်ဟာ ကိုယ်ခန္ဓာမှာရှိတဲ့ အစိတ်အပိုင်းတွေထဲ အညစ်ပါတ်ဆုံလို့ ပညာရှင်တွေက ပာပါတယ် ။ ပါးစပ်အတွင်းမှာ မိုက်ခရိုစကုပ်နဲ့ကြည့်မှ မင်နိုင်တဲ့ အမျိုးပေါင်း ၆၀၀ကျော်တဲ့ ဘတ်တီးရီးယား ပိုးမွှားတွေ အများကြီး ရှိနေပါတယ် ။ဒါ့ကြောင့် သင့်ပါးစပ်တွင်းကို သန့်ရှင်းရေးလုပ်ဖို့ အမှန်တကယ် လိုအပ်ပါတယ်။

(၂)ချိုင်း
ချိုင်းဟာ ချွးထွက်တာကြောင့် အနံ့အသက်ဆိုးစေကာ ထိုချွေးကြောင့်ပဲ ဘတ်တီးရီးယား ၈၀၀၀ကျော် တည်ရှိနေနိုင်ပါတယ် ။ ဒ့ါကြောင့် ကိုယ်လက်သန့်စင် ဆးကြောတဲ့အခါ ချိုင်းကိုလည်း antibacterial ဆပ်ပြာနှင့် ဆးကြေားပေးဖို့ မမေ့ပါနှင့်။

(၃)နား
သင့်ရဲ့ နားအတွင်းမှာရှိတဲ့ နဖားချေးတွေမှာ  မခန့်မှန်းနိုင်တဲ့ ဘတ်တီးရီးယားတွေ အများကြီးပါပဲ ။
၎)လျှာ
ပါးစပ်အတွင်းမှာ ရှိတဲ့ လျှာဟာလည်း ဘက်တီးရီးယားတွေ အများကြီးရှိနေတဲ့ အစိတ်အပိုင်းပါပဲ ။ ဒါ့ကြောင့် သွားတိုက်တဲ့အခါ ဖစ်စေ ၊ ပါးစပ်ကိုသန့်ရှင်းတဲ့အခါဖြစ်စေ လျှာကိုလည်း ဆးကြောတိုက်ချွတ်ပေးဖို့ မမေ့လျော့ခဲ့ဖို့ အရေးကြီးပါတယ်။
(၅)လက်သည်း
လက်သည်းဟာလည်း အညစ်ပတ်ဆုံး အစိတ်အပိုင်းပါပဲ ။ အထူးသဖြင့် လက်သည်းအရှည်ထား တဲ့သူတွေဟာ ပုံမှန် ဆးကြောသန့်စင်မှု မရှိဘူးဆိုလျှင် လက်သည်းမှာရှိတဲ့ ပိုးတွေဟာ အသက်သေ ဆုံးသည် အထိကို အန္တရာယ်ရှိပါတယ် ။ ဒီလိုလက်သည်းအရှည်တွေနဲ့ အစားအသောက်စားတဲ့ အခါမှာလည်း အလွန်အန္တရာယ်များပါတယ် ။

(၆)ခေါင်း
သင့်ခေါင်းမှာ ဗာက်ရှိရုံနဲ့တော့ ညစ်ပတ်တယ်လို့ ပာမရပေမယ့် ဒီဗောက်တွေမှတဆင့် ဘက်တီးရီးယားတွေ ပါက်ဖွားလာကာ အညစ်ပါတ်ဆုံး အစိတ်အပိုင်း ဖစ်လာပါတယ်။  ခါင်းကို ပုံမှန် လျှာ်ပြီး သင့်ဦးရေပြားမှာ ကပ်တွယ်နေတဲ့ ဘက်တီးရီးယားတွေကို ရှင်းလင်းပစ်နိုင်ပါတယ်။

(၇)ချက်
ချက်ဟာလည်း ခန္ဓာကိုယ်ရှိ အညစ်ပတ်ဆုံး အစိတ်အပိုင်းမှာ ပါဝင်ပါတယ် ။ ချက်အတွင်းထဲမှာ ဘက်တီးရီးယား ပိုးမွှားများ များစွာရှိနေနိုင်ပြီး လက်ဖြင့် ထိုးဆွခြင်း ၊ နှိုက်ခြင်းတွေကို မပြုလုပ်သင့်ပါဘူး ။ ချက်ကို သန့်ရှင်းမယ် ဆိုရင်တော့ ရချိုးရင်းဖြင့် အဝတ်စိုလေးဖြင့် ဖးညှင်းစွာ ပွတ်တိုက်သန့်ရှင်းတာမျိုး ပုလုပ်သင့်ပါတယ် ။

(၈)တင်ပါး
ဒါကိုတော့ အထူးတလည် ပာစရာလိုမယ် မထင်ပါဘူး ။ တင်ပါးမှာလည်း အမျိုးမသိနိုင်တဲ့ ဘက်တီးရီးယားပေါင်း များစွာ တည်ရှိနေပါတယ် ။

(၉)နှပ်ချေး
နှာခေါင်းတွင်းမှာ ကပ်ငြိတည်ရှိနေတဲ့ နှပ်ချေးဖတ်တွေမှာလည်း ဘတ်တီးရီးယားတွေ တည်ရှိနိုင်ပါတယ် ။နှပ်ချေးတွေဟာ နှာခေါင်းအတွင်းသားတွေမှာ ကပ်နေတတ်ပါတယ် ။ ဒီဘတ်တီးရီးယားတွေက အန္တရာယ် မရှိသောလည်း သချာရှင်းလင်းပေးရင်တော့ ပိုပြီး ကာင်းပါတယ် ။

CHAN (ရွှေအင်းလေး)
Share:

သီပေါမင်း နတ်ရွာစံပြီးနောက် ရန်ကုန်ကိုပြန်လာတဲ့ စုဖုရားလတ် နှင့် အင်တာဗျူး


သီပေါမင်း နတ်ရွာစံတော့ စုဖုရားလတ်ဟာ ရန်ကုန်ကို ပြန်လာခဲ့ပြီး ကိုယ့်မင်းကိုယ်ချင်းလမ်း အမှတ် ၂၄ နေအိမ်မှာ နေထိုင်ခဲ့ပါတယ်။ မိဖုရားကြီးနေထိုင်ရာအိမ်ကို ၁၉၂၄ ခုနှစ်မှာ ဗန္ဓုလသတင်းစာ သတင်းထောက် တစ်ဦးမှ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
သတင်းထောက် – အရှင်မိဖုရားကြီး အသက်ဘယ်လောက်ရှိပါပြီလဲ။
စုဖုရားလတ် – ၆၅နှစ် ရှိပါပြီ ။ မေးချင်တာရှိရင် မေးပါ။
သတင်းထောက် – ရတနာဂီရိမှာ စံနေတော်မူတုန်းက လစာရိက္ခာတော် ဘယ်လောက်ဆက်သပါသလဲ။
စုဖုရားလတ် – ပထမ တစ်သောင်းဆက်တယ် ။ နောက် ခြောက်ထောင်ပဲ ဆက်တော့တယ်။
သတင်းထောက် – ရိက္ခာအပြင် အပိုဆက်တာ ရှိပါသလား။
စုဖုရားလတ် – လစာအပြင် နှစ်စဉ်နှစ်တိုင်း တန်ခူးလမှာ ငါးထောင် ၊ သီတင်းကျွတ်လမှာ တစ်ထောင့်ငါးရာ ၊ မောင်တော်နဲ့ စုဖုရားမွေးနေ့တွေအတွက် သုံးထောင်ဆက်ပါတယ်။
သတင်းထောက် – အခုမြန်မာပြည်ပြန်ရောက်ပြီးတော့ရော ရိက္ခာတော် ဘယ်လောက်ဆက်သလဲ။
စုဖုရားလတ် – နှစ်ထောင့်ငါးရာ ဆက်ပါတယ်။
စုဖုရားလတ် – မြတောင်ဘုန်းကြီးပျံအတွက် ငွေတစ်ထောင်လှူတုန်းက တရုတ်ဇနီးသည် တစ်ယောက်ဆီက ချေးငှားခဲ့ရတယ်။ အခုထိဆပ်လို့ မပြေသေးပါဘူး။
သတင်းထောက်က နေထိုင်ရာ အိမ်နဲ့ ပါတ်သတ်ပြီး ဆက်လက်အင်တာဗျူးပါတယ်။
သတင်းထောက် – ဒီအိမ်ဟာ အစိုးရအိမ်တော်ဖြစ်ပါသလား။
စုဖုရားလတ် – အစိုးရပေးတဲ့အိမ်ပါပဲ ။ ဒါပေမယ့် အိမ်တော်ဝန်းက မြေကွက်လပ်လေးပေါ်မှာ ပန်းဥယျာဉ် လုပ်လို့ အခွန်တောင်းသေးတယ်။ ခုခံပြောလို့ မပေးရတော့တာ။
ထိုစဉ် စကားဝိုင်းသို့ သမီးတော် မဒရပ် စုဖုရား ၀င်ပါလာပါတယ်။ ဒါပေမယ့် သမီးတော်ဟာ မြန်မာစကားကို ပီသအောင်မပြောနိုင်ပါဘူး။ မိဖုရားကြီးကတော့ မြန်မာစကား ၊ ဟင်ဒူစတန်နီ ၊ အင်္ဂလိပ်စကား ၊ မာရ၀ီ နဲ့ ဂိုပါ စကားတွေကို တတ်ကျွမ်းတယ်လို့ သိရပါတယ်။
သတင်းထောက်က သတင်းသမားပီပီ သတင်းကိစ္စ နဲ့ ပတ်သတ်ပြီး ဆက်မေးပါတယ်။
သတင်းထောက် – ရတနာဂီရိမှာ စံတော်မူတုန်းက မြန်မာပြည်က သတင်းစာတွေကို ကြည့်ရှုတော်မူ ပါသလား။
စုဖုရားလတ် – ဟံသာဝတီသတင်းစာနဲ့ မြန်မာ့အလင်းသတင်းစာတွေကို အမြဲဖတ်ရှု့ခဲ့ပါတယ်။
အဲဒီနောက် ရတနာဂီရိက စံအိမ်တော်အကြောင်း ဆက်လက်မေးမြန်းပြီး မိဖုရားကြီး အတွင်းတော်ဝင်သွား တဲ့ အတွက် အင်တာဗျူးအဆုံးသတ်သွားပါတော့တယ်။
ကိုးကား :
သမိုင်းထဲက အင်တာဗျူး အင်တာဗျူးထဲက သမိုင်း – တင်နိုင်တိုး
Share:

အိန္ဒိယရောက် တရားမဝင် ရိုဟင်ဂျာများအရေး သုံးနိုင်ငံ ဆွေးနွေး



အိန္ဒိယနိုင်ငံထဲမှာ တရားမဝင်ရောက်ရှိနေထိုင်နေကြတဲ့ ရိုဟင်ဂျာ လေးသောင်းလောက်ကို ပြန်ပို့ရေးနဲ့ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့နဲ့ ဆွေးနွေးနေတယ်လို့ အိန္ဒိယ အစိုးရ ပြောခွင့်ရှိသူတစ်ဦးက ပြောတယ်လို့ ရိုကတာ သတင်းဌာနက ဒီနေ့ ဖေါ်ပြပါတယ်။
အိန္ဒိယနိုင်ငံ ကုလသမဂ္ဂဒုက္ခသည် မဟာမင်းကြီးရုံးမှာ ရိုဟင်ဂျာ တစ်သောင်း လေးထောင်လောက်ကသာ မှတ်ပုံတင် ထားကြပြီး ကျန်သူတွေဟာ တရားမဝင်လို့ သတ်မှတ်ထားတဲ့အတွက် ပြန်နှင်ထုတ်ရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒီကိစ္စကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့က သံတမန်တွေနဲ့ ဆွေးနွေးနေကြပြီး သင့်တော်တဲ့အချိန်မှာ ပိုပြီး ရှင်းလင်းပြောဆိုနိုင်ပါလိမ့်မယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ပြောခွင့်ရှိသူက ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေကစပြီး ရိုဟင်ဂျာတွေဟာ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံဘက်မှာ စစ်အစိုးရရဲ့ နှိပ်ကွပ်မှုတွေ မခံနိုင်လို့ ထောင်နဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကူးဝင်၊ အဲဒီကတဆင့် တချို့က နယ်စပ်ကို ဖြတ်ကျော်ပြီး ဟိန္ဒူ ဘာသာဝင် အများစုဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ဝင်ရောက်အခြေချ နေထိုင်နေကြတာဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။
# Reuters World News
August 11, 2017 
India in talks with Myanmar, Bangladesh to deport 40,000 Rohingya
by Krishna N. Das

NEW DELHI (Reuters) - India is in talks with Bangladesh and Myanmar about its plan to deport around 40,000 Rohingya Muslims it says are living in the country illegally, a government spokesman said on Friday, with state governments told to form task forces for the purpose.
Tens of thousands of Rohingya have fled persecution in Buddhist-majority Myanmar to neighboring Bangladesh since the early 1990s, with some of them then crossing over a porous border into Hindu-majority India.
New Delhi says only around 14,000 of the Rohingya living in India are registered with the UN refugee agency, making the rest illegal and liable to be sent back. India is not a signatory to UN conventions on refugees and no national law covers it.
"These things are being discussed at diplomatic level with both Bangladesh and Myanmar," Interior Ministry spokesman K.S. Dhatwalia said.
"More clarity will emerge at an appropriate time."
Share:

“မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်”

နိုင်ငံတော်အတိုင်ပင်ခံရုံးထုတ်ပြန်ထုတ်ပြန်ချက်အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
“မောင်တောဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာသတင်းထုတ်ပြန်ချက်”
၁၃၇၉ ခုနှစ် ဝါခေါင်လပြည့်ကျော်   ၄ရက်
(၂၀၁၇ ခုနှစ် သြဂုတ်လ  ၁၁  ရက်)
၁။ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်ဖက်အသိုင်းအဝိုင်းအကြား ရင်ကြားစေ့ရေးတို့အတွက် ရေတိုရေရှည်အစီအမံများဖြင့် ဖြေရှင်းကြိုးပမ်း ဆောင်ရွက် လျက်ရှိပြီး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပြည်တွင်း၊ ပြည်ပအကူအညီများပေး အပ်နေမှု များ အပါအဝင် အခြေခံအဆောက်အဦများ တိုးတက် တည်ဆောက်ရေးကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်း လမ်း၊ တံတားများ တည်ဆောက် ရေး နှင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ရရှိရေးကိုလည်း ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ဆောင်ရွက်လျက် ရှိပါသည်။
၂။ လက်ရှိတွင် ရခိုင်ပြည်နယ်ရှိမြို့နယ်(၂၀) ရှိသည့် အနက် (၁၃)မြို့နယ်နှင့် ဆက်စပ်ကျေးရွာပေါင်း (၁၈၄) ရွာတို့တွင် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနေနိုင်ပြီဖြစ်ကာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ဒီဇယ်ဆီ သုံးဓာတ်အားပေးစက်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိပါသည်။ လျှပ်စစ်ဓာတ်အား မရရှိသေးသည့် မြို့ရွာများသို့ နိုင်ငံတော်လျှပ်စစ်ဓာတ် အားပေးစနစ်မှ ရယူဖြန့်ဖြူးပေးနိုင်ရန်အတွက် သက်ဆိုင် ရာ ပြည်ထောင်စုဝန်ကြီးဌာနက ပြည်နယ် အစိုးရအဖွဲ့နှင့်အတူ ကနဦး စူးစမ်းတိုင်းတာရေး လုပ်ငန်း များ ဆောင်ရွက်မည့် အဖွဲ့တစ်ဖွဲ့အား ယနေ့ ‎၁၁-၈-၂၀၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ စေလွှတ်ပြီးဖြစ်ကာ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက် ရှိပါသည်။
၃။ ထို့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ရေရှည် အစီအမံများ ချမှတ်လုပ်ဆောင်နေသကဲ့သို့ ဒေသတွင်း လက်ရှိအခြေအနေများအရ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်နိုင် ရေးအတွက် စစ်တွေခရိုင်နှင့် မောင်တောခရိုင်အတွင်းရှိ ဆက်စပ်သော လမ်း၊ တံတားများနှင့် မေယုတောင်တန်း အရှေ့ဘက်၊ အနောက်ဘက် ဆက်သွယ်သည့် တောင် ကျော်လမ်းများ၊ လမ်းကွန်ယက်များကိုလည်း ဦးစားပေး လုပ်ဆောင်လျက်ရှိပါသည်။
၎။ ဤသို့ ဆောင်ရွက်လျက်ရှိသော်လည်း ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း အစွန်းရောက်အကြမ်းဖက် များက အကြမ်းဖက်သတ်ဖြတ်မှုများ တိုးမြှင့်ဆောင်ရွက် လာခဲ့ရာ သြဂုတ်လ ၉ ရက်နေ့အထိ သေဆုံးသူ ၅၉ ဦး၊ ပျောက်ဆုံးနေသူ ၃၃ ဦးအထိ ရှိလာခဲ့ပါသည်။ မောင်တောခရိုင်အတွင်း အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး များ၊ ဆယ်အိမ်မှူးများ၊ အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သူများ၊ သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့ သူများ အပါအဝင် အစ္စလာမ်ဘာသာဝင် အများအပြားကို သတ်ဖြတ်ခဲ့ပြီး ယခုနောက်ဆုံး မြိုတိုင်းရင်းသား(၇)ဦးကို သတ်ဖြတ်လာခဲ့ပါသည်။ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်တွင်လည်းကောင်း၊ ဒေသတည် ငြိမ်ရေးအတွက် လည်းကောင်း နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ မပြုနိုင်စေရန် သတ်ဖြတ်ခြိမ်းခြောက်နေခြင်း ဟု ယူဆ ရပါသည်။ ဤရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုကို ပြင်းထန်စွာရှုတ်ချပါသည်။
၅။ နိုင်ငံတော်အစိုးရအနေဖြင့် တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ သတိထား၍ ဆောင်ရွက် နေသည် ကို အခွင့်ကောင်းယူကာ ဤသို့ အကြမ်းဖက် လုပ်ရပ်များ တိုးမြှင့်ဆောင်ရွက်လာခြင်းကို ဥပဒေနှင့် အညီ ထိထိရောက်ရောက် နှိမ်နင်းသွားမည်ဖြစ်ပါသည်။ အပြစ်မဲ့အရပ်သား ပြည်သူများကို အကာအကွယ်ပေး နိုင်ရေး အတွက် လုံခြုံရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်သလို အစွန်းရောက်အကြမ်းဖက်များ၊ အစွန်းရောက် အားပေးကူညီသူများ အားလုံးကိုဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ဒေသတွင်းတိုးမြင့်လာသည့် အကြမ်းဖက်မှုဖြစ်စဉ်များ ရပ်တန့်ချုပ်ငြိမ်းရေးနှင့် လုံခြုံ တည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့်အတူ ပူးပေါင်း၍ နယ်မြေရှင်းလင်း ရေး ဆောင်ရွက် လျက်ရှိပြီး လိုအပ်သည့်ဒေသများတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
၆။ သို့ပါ၍ တိုင်းရင်းသားပြည်သူများ၊ နိုင်ငံရေးပါတီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မိတ်ဆွေ နိုင်ငံများ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့က အစွန်းရောက် အကြမ်းဖက် ဆန့်ကျင်ခြင်းဖြင့် ထောက်ခံမှု ပြသကြပါရန် တိုက်တွန်းအပ်ပါသည်။
image
image
Share:

11 August, 2017

တခုခုလုပ်ရင် ဘယ်သူမှ မမြင်ဘူးတဲ့အဖြစ်မျိုး မြောက်ကိုရီးယားကြုံရမယ် – ဒေါ်နယ်ထရမ့်



ဓာတ်ပုံ - အေအက်ဖ်ပီ


11 Auuest 2017
အမေရိကန်စစ်အခြေစိုက်စခန်းရှိတဲ့ ဂူအမ်ကျွန်းကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ ပြင်နေတဲ့ မြောက်ကိုရီးယားကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြင်းပြင်းထန်ထန် သတိပေး လိုက် ပါတယ်။
“ကျနော်တို့ မြောက်ကိုရီးယားကို အချိန်အများကြီးပေးပြီး ကြည့်နေပါတယ်။ မြောက် ကိုရီးယား နဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်ခြေရှိတဲ့ ပုံစံမျိုးစုံအတွက်လည်း ကျနော်တို့ ပြင်ဆင် ထား ပါတယ်။ သူဟာ ကျနော်တို့နိုင်ငံကို မလေးမစားလုပ်တာ တော်တော်များနေပါပြီ။ ကြောက်စရာကောင်းတဲ့ စကားတွေ ပြောပေါင်းလည်း မနည်းတော့ပါဘူး။ အခု ကျနော်နဲ့ကတော့ သူ ရှောင်ပြေးလို့ရမှာ မဟုတ်ဘူး။ အရင်တုန်းကတော့ သူရော၊ သူ့မိသားစု ဘိုးဘွားတွေရောက အချိန်အကြာကြီး ရှောင်ပြေးနေလို့ ရခဲ့ပါတယ်။ အခုတော့ ပြေးလို့ရမှာ မဟုတ်တော့ပါဘူး။ ဒီပွဲက အရင်နဲ့ လုံးဝမတူတဲ့ ကစားပွဲအသစ်ပါ” လို့ ဒေါ်နယ်ထရမ့်က ပြောကြားသွားတာပါ။
“ကျေနာ် ဖတ်လိုက်ရပါတယ်၊ သြဂုတ်လ ၁၅ ရက် မတိုင်ခင် လုပ်မယ့် ဂူအမ်ကျွန်းကိစ္စကို။ သူ ဂူအမ်ကျွန်းကို ဘာလုပ်မလဲ ကြည့်ကြတာပေါ့။ တခုခုလုပ်ရင်တော့ ဘယ်သူတဦး တယောက်မှ တခါမှ မမြင်ဘူးသေးတဲ့ အဖြစ်မျိုး မြောက်ကိုရီးယားမှာ တွေ့ကြုံရပါလိမ့်မယ်” လို့လည်း ဒေါ်နယ်ထရမ့်က ဆက်ပြောပါတယ်။
ဒါဟာ စိန်ခေါ်တာမဟုတ်ဘဲ အသိပေးကြေညာတာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါ တယ်။
ဂူအမ်ကျွန်းကို ခြိမ်းခြောက်လို့ မရသလို အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား ဘယ်သူ့ကိုမှ ခြိမ်းခြောက်လို့မရဘူးလို့လည်း သူက ပြောပါတယ်။
“ကျနော်က နျူကလီးယားကင်းတဲ့ကမ္ဘာကြီး ဖြစ်စေချင်တယ်။ သမ္မတ အိုဘားမားက ပြောဖူး ပါတယ်၊ ကမ္ဘာကြီးပူနွေးလာမှုက အကြီးဆုံးခြိမ်းခြောက်မှုတဲ့။ ကျနော် သဘောမတူပါ ဘူး။ နျူကလီးယား ကသာ တကမ္ဘာလုံးရဲ့ အကြီးဆုံးခြိမ်းခြောက်မှုပါ။ မေးနေစရာတောင် မလိုပါဘူး။ သူ့လောက်နီးနီး ပြင်းထန်တဲ့ တခြားခြိမ်းခြောက်မှုဆိုတာကို မရှိဘူး။ ဒါကြောင့် ကျနော်က နျူကလီးယားကင်းတဲ့ကမ္ဘာ ဖြစ်စေချင်တာ။ ရုရှား၊ အမေရိကန်၊ တရုတ်၊ ပါကစ္စတန် စတဲ့နိုင်ငံတွေက နျူကလီးယားလက်နက်တွေကို ကျနော် ဖယ်ရှားပစ်ချင်တာ။ ဒါပေမယ့်လို့ အဲဒီလိုအချိန်မျိုး မရောက်ခင်တော့ အမေရိကန်ဟာ ကမ္ဘာကြီးပေါ်မှာ အားအကြီးဆုံး နျူကလီးယားလက်နက်တွေ ပိုင်တဲ့နိုင်ငံ ဖြစ်နေမှာပါ’ လို့ ဒေါ်နယ်ထရမ့်က ပြောကြား သွားပါတယ်။
Share:

ရခိုင်ပြည်လုံခြုံရေး တပ်ချုပ်နဲ့ ANP ပါတီဆွေးနွေး

09 သြဂုတ်၊ 2017

ရခိုင်ပြည်လုံခြုံရေး တပ်ချုပ်နဲ့ ANP ပါတီဆွေးနွေး( ဓါတ်ပုံ-senior general min aung hlaing) 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ ပါတီ ခေါင်းဆောင်တွေကို ဒီကနေ့ နေပြည်တော်မှာ တနာရီကျော်ကြာ တွေ့ဆုံခဲ့ပါတယ်။ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေး တိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက် သွားဖို့ အပြန်အလှန် ဆွေးနွေးခဲ့ကြတဲ့အကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန် ထားပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားပါတယ်။
မခင်ဖြူထွေး။ ။ ဒီကနေ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါက်တာအေးမောင်တို့ ရခိုင်အမျိုးသားပါတီ (ANP) က ခေါင်းဆောင်တွေ တွေ့ဆုံကြတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒီကနေ့ ဘာကြောင့် တွေ့ဆုံဖြစ်သလဲ ဆိုတာ သိပါရစေရှင့်။
ဒေါက်တာအေးမောင်။ ။ “အဓိက ကတော့ဗျာ။ ကျနော်တို့ဘက်က မေတ္တာရပ်ခံတာရှိပါတယ်။ ကျနော်တို့ ရခိုင်မျိုးနွယ်စုဝင် မြို တိုင်းရင်းသားတွေ အကြမ်းဖက် သတ်ဖြတ် ခံရတာရှိတယ်။ ကိုင်းကြီးရွာမှာပေါ့ဗျာ။ မောင်တော မြို့နယ်မှာလေ။ အဲဒီတော့ ကိုယ့်ရွာ ကိုယ့်ဒေသ လုံခြုံမှု မရှိဘူး။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်နိုင်တဲ့ ၀န်းကျင်ပေါ့ဗျာ… ရေလုပ်ငန်းဖြစ်ဖြစ်၊ လယ်ယာပဲလုပ်လုပ် တောင်ယာပဲ လုပ်လုပ်ပေါ့ မရှိတော့ဘူး။ နောက်ခြိမ်းခြောက်မှု အန္တရာယ်တွေ ရှိနေတယ်။ အဲဒီ ကဏ္ဍတွေကြောင့် ကျနော်တို့ တိုင်းရင်းသားတွေ၊ ဌာနေ တိုင်းရင်းသားတွေဟာ မိမိနေရပ်ကို စွန့်ပြီးမှ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိတဲ့နေရာတွေကို ပြေးနေ ခိုလုံနေကြရတယ်။ ဒါတွေနဲ့ပတ်သက်လို့ ကျနော်တို့ အမြင်ချင်း ဖလှယ်ချင်တယ်။ တည်ငြိမ်အေးချမ်းပြီးမှ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို လုပ်မလဲ ဆိုတာလေးကို ဆွေးနွေးချင်တယ် ဆိုတာမျိုးနဲ့ ကျနော်တို့ မေတ္တာရပ်ခံခဲ့တာရှိပါတယ်။ ဒီကနေ့ ကျနော်တို့ တွေ့ခွင့်ရပါတယ်။ မနေ့က မေတ္တာရပ်ခံတာပါ။”
မခင်ဖြူထွေး။ ။ ဆိုတော့ ANP ပါတီက တွေ့ဆုံဖို့ ကမ်းလှမ်းတဲ့အပေါ်မှာ ကာကွယ်ရေးဦးစီးချုပ်က အခုလို တွေ့ဆုံတာပေါ့။
ဒါက်တာအေးမောင်။ ။“မှန်တယ်။”
မခင်ဖြူထွေး။ ။ ဟုတ်ကဲ့။ အဲဒီတော့ ဒီကနေ့ ဆွေးနွေးပွဲက ရခိုင်ပြည်နယ်မှာ ဒေသခံ တိုင်းရင်းသားတွေ အကြမ်းဖက် တိုက်ခိုက်ခံရတာနဲ့ ဆက်စပ်ပြီး ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိစ္စတွေကို အဓိကထား ဆွေးနွေးတဲ့သဘောပေါ့။
ဒေါက်တာအေးမောင်။ ။“နံပါတ်တစ်အချက်က လုံခြုံရေးကဏ္ဍ၊ မလုံခြုံဘူးလို့ ကျနော်တို့ တိုင်းရင်းသားတွေ ခံစားရသလို အဲဒီဟာလေးကို ကျနော်တို့ အမြင်ချင်း ဖလှယ်ပါတယ်။ နောက်တခုက တရားဥပဒေ စိုးမိုးမှုကဏ္ဍ။ ကျနော်တို့မှာ ဥပဒေတွေ အများကြီး ပြဌာန်းထားတာရှိတယ်။ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ဘာကြောင့်အကောင်အထည် မဖော်နိုင်သေးတာလဲ။ ဘယ်ပုဂ္ဂိုလ်တွေက ပိတ်ပင် ထား သလဲ။ ဘယ်အဖွဲ့အစည်းတွေက ပိတ်ပင်ထားသလဲ။ အကြမ်းဖက်ခံနေရပါလျက်နဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ဘာကြောင့် အရေးမယူနိုင်ရတာလဲ။ ဆိုပါတော့ အစိုးရက အသက်သွင်းဖို့လိုအပ်တဲ့ တခြားဥပဒေတွေရှိတယ်။ တလင်တမယား ဥပဒေ။ လူဦးရေ ထိန်းချုပ်ရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဥပဒေ ပြဌာန်းထားပြီးဖြစ်တယ်။ နောက် ၈၂ နိုင်ငံသားဥပဒေ။ ဒါကိုစိစစ်ပြီး ဆောင်ရွက်တဲ့အခါမှာ တဖက်သတ် အကောင်အထည် ဖော်တဲ့ လုပ်ငန်းလေးတွေ ကျနော်တို့ တွေ့ရတယ်။ အဲဒါလေးတွေ တော်တော် များများပါပဲဗျာ။ အဲဒီတော့ ကျနော်တို့ အမြင်ချင်း ဖလှယ်ကြပါတယ်။ နောက် တရားမ၀င် ငွေကြေးထောက်ပံ့မှု လမ်းကြောင်းတွေ ရှိတာပေါ့ဗျာ။ ကျနော်တို့ ခင်ဗျားတို့ ပြောနေကြတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး၊ နိုင်ငံတကာ အဖွဲ့အစည်း ထောက်ပံ့မှု၊ နိုင်ငံတကာအဖွဲ့အစည်းများ လူသားချင်း ကိုယ်ချင်းစာ ဆိုတဲ့ ခေါင်းစဉ်ကို တပ်ပြီးမှ ဒီဒေသမှာ ဘာကြောင့် ပံ့ပိုးပေးနေကြသလဲ။ ကျနော်တို့ အားလုံး ပြန်သုံးသပ်ပြီးမှ ကျနော်တို့ တနာရီခွဲ ကျော်ကျော်လောက် တွေ့ဆုံ ဆွေးနွေး အဖြေရှာကြ ပါတယ်။”
မခင်ဖြူထွေး။ ။ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ နိုင်ငံရေးပါတီတခုနဲ့ အရင်က တွေ့ဆုံတာ မတွေ့ခဲ့ရဖူးပါဘူး။ အခု ANP ပါတီနဲ့ ထူးထူးခြားခြား သီးခြား လက်ခံ တွေ့ဆုံတယ်ဆိုတော့ ဒါ ဘာကြောင့်လို့ ထင်ပါလဲရှင်။
ဒေါက်တာအေးမောင်။ ။“နိုင်ငံရေးပါတီတော့ နိုင်ငံရေးပါတီဗျ။ သို့သော် ကျနော်တို့အားလုံးက လွှတ်တော်အတွင်းမှာ ရောက်နေတဲ့ လွှတ်တော်အမတ်တွေလည်း ဖြစ်တယ်ဆိုတာကို သဘောပေါက်ပေးစေ ချင်တယ်။ လွှတ်တော်အမတ်တွေ ဖြစ်တယ်။ ပြည်သူ့လွှတ်တော်အမတ် ၅ ဦးနဲ့ အမျိုးသားလွှတ်တော် အမတ် ၂ ဦး ပါတယ်။ အဲဒါလည်း ကျနော်တို့က selected ပဲ။ အကုန်လုံး နီးပါးလောက်က CEC ဖြစ်တယ်။ အဲဒါကြောင့် ရခိုင်အမျိုးသားပါတီ ဆိုတဲ့ခေါင်းစဉ် ဖြစ်သွားတာပေါ့။ အဲဒီတော့ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြောပါတယ်.. ပါတီစုံစနစ်ကို သူတို့က အလေးအနက်ထားတယ်။ အဲဒီတော့ ကျနော်တို့ဘက်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက institution ဖြစ်တဲ့ တပ်မတော်နဲ့ ဆွေးနွေးမှဖြစ်တော့မယ်ဆိုတဲ့ အခြေခံအကြောင်းရင်းတွေ ရှိလာတဲ့အခါမှာ ပြန်ပြီးတော့ တည်ငြိမ်အေးချမ်းအောင် ကျနော်တို့ရဲ့ ဌာနေတိုင်းရင်းသားတွေ နေရပ်ကို စွန့်ခွာသွားခဲ့လို့ရှိရင် တို့တာဝန်အရေးသုံးပါးကို ဘယ်လောက်ပဲ ကြွေးကြော်ကြွေးကြော် ကျနော်တို့ရဲ့ အချုပ်အချာအာဏာ ဆုံးရှုံးတော့မယ်။ နယ်မြေ ကျနော်တို့ ပေးလိုက်ရတော့မယ် ဆိုတဲ့သဘောကို ကျနော်တို့ သဘောပေါက်တဲ့အခါမှာ တူတူညီညီ သဘောပေါက်ကြတာမိုလို့ သူ့ဘက်ကလည်း ကျနော်တို့ကို ကြိုဆိုတယ်။ ကျနော်တို့ဘက်ကလည်း ရင်းရင်းနှီးနှီးပဲ တွေ့ဆုံဆွေးနွေး အမြင်ချင်းဖလှယ်နိုင်ခဲ့တယ်ဆိုတဲ့ အနေအထား ဖြစ်ခဲ့တဲ့အခါမှာ ကျနော်တို့ရဲ့ အမျိုးသားလုံခြုံမှုစည်းအတွက် အင်မတန် ကောင်းမွန်တဲ့ အခြေခံကောင်းတွေကို ကျနော်တို့ ရယူနိုင်ခဲ့တယ်လို့ ကျနော်တို့ သုံးသပ်တယ်။”
မခင်ဖြူထွေး။ ။ ဟုတ်ကဲ့။ ဆိုတော့ နိုင်ရေးပါတီတခုနဲ့ တွေ့ဆုံတယ်ဆိုတာထက် ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတာဖြစ်တယ်ဆိုတဲ့ သဘောမျိုး ပြောချင်တာပါလားရှင့်။
ဒေါက်တာအေးမောင်။ ။“မှန်ပါတယ်ဗျ။ ပါတီထက် ကျနော်တို့က ပြည်ထောင်စုလွှတ်တော်ကိုရောက်တဲ့ ရခိုင်အမျိုးသားပါတီရဲ့ ပါတီကိုယ်စားပြု အမတ်တွေ အနေနဲ့ တောင်းဆိုနေတာပါ။”
မခင်ဖြူထွေး။ ။ ဟုတ်ကဲ့ ဒီကနေ့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ အားရကျေနပ်တယ်လို့ ပြောနိုင်ပါလား။
ဒေါက်တာအေးမောင်။ ။“ကျနော်တို့ဘက်က ရှိပါတယ်။ တပ်မတော်ဘက်ကလည်း ရှိတယ်လို့ ပြောပါတယ်။ ကျနော်တို့ သဘောထား တိုက်ဆိုင်မှုတွေ များပါတယ်။ ကျနော်တို့ ရင်းရင်းနှီးနှီးပဲ ညီအစ်ကိုလိုပဲ နွေးနွေးထွေးထွေး ကျနော်တို့ရဲ့ပြည်ထောင်စု တည်တံ့ခိုင်မြဲမှု ရှိဖို့အတွက် တပ်တော်ဘက်မှာရှိတဲ့ သူ့ရဲ့အမြင်သဘောထား၊ ကျနော်တို့ ရခိုင်အမျိုးသားပါတီ ရဲ့ အမြင်သဘောထား တော်တော်လေး ဆွေးနွေးကြပါတယ်။ တဦးချင်း တဦးချင်း ကပေါ့။ ဆိုတော့ အားလုံး အမြင်ချင်းတူကြပါတယ်။”
မခင်ဖြူထွေး။ ။ ဒေါက်တာအေးမောင် ကျေးဇူးတင်ပါတယ်။
ဒီကနေ့ နေပြည်တော်မှာလည်း ရခိုင်ပြည်နယ်တွင်း လုံခြုံရေး အခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပါသေးတယ်။
Share:

မှတ်ပုံတင်အတွက် အထောက်အထား အကြောင်းပြပြီး ပြည်သူတွေ ကြန့်ကြာအောင် ပြုလုပ်မှုအား တိုင်ကြားမှုများရှိပါက ထိထိရောက်ရောက် အရေးယူမည်ဟု ဆို

Image may contain: 1 person

နေပြည်တော်၊ သြဂုတ် - ၁၀- ၂၀၁၇
အထောက်အထားတွေကိုလည်း အကြောင်းပြပြီး ပြည်သူတွေ ကြန့်ကြာ အောင် မဆောင်ရွက်ဖို့ အကြိမ်ကြိမ်အခါခါ ညွန်ကြားပြီး ဖြစ်ပါတယ်။ တိုင်ကြားမှုများရှိလာရင်လည်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် သွားမှာဖြစ်တယ်လို့ ယနေ့ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ ပြည်ထောင်စုဝန်ကြီး ဦးသိမ်းဆွေ က ပြောကြားခဲ့ပါတယ်၊
ယနေ့ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးမှာ မင်းဘူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း က နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ဥပဒေ နှင့်အညီ အဆင်ပြေ ချောမွေ့စွာရရှိနိုင်ရေး ပိုမိုကြပ်မတ်၍ အလေးထား ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ တာ ဖြစ်ပါတယ်။
မင်းဘူးမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဝင်းဝင်း က " ပြည်သူတွေအတွက် လိုအပ်နေတဲ့ နိုင်ငံသားစီစစ်ရေး ကတ်ပြားများနဲ့ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ - ၆၆/၆ များကို သက်ဆိုင်ရာလူဝန်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ဦးစီးဌာနများသို့ သွားရောက် လုပ်ကိုင်တဲ့နေရာမှာ အဆင်မပြေ မှုများ ကြုံတွေ့နေရကြောင်းနဲ့ အချို့ဆိုလျှင် သတ်မှတ်နှုန်းထားများထက် ပိုမို ငွေကြေးတွေ တောင်းခံနေကြောင်း၊ ငွေကြေး မပေးနိုင်ပါက အကြောင်း အမျိုးမျိုးပြပြီး လိုအပ်ချက်တွေ ရှိနေသေးတယ်ဟု ရက်ချိန်းတွေပေးပြီး အချိန်ကို လာဘ်စားနေသေးကြောင်း ပြည်သူတွေ ပြောပြချက်အရ သိရှိရ ပါတယ် " လို့ ပြောကြားခဲ့ပါတယ်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိမ်းဆွေ က " ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ အိမ်ထောင်စုဝင်စာရင်းများကို ဥပဒေ နဲ့အညီ
ပိုမိုပြီးအဆင်ပြေ ချောမွေ့စေရန်အတွက်ကို ဆက်လက်ပြီးတော့ ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါကြောင်း၊ အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာ လိုအပ်တဲ့ အထောက်အထား အချက်အလက်များကိုလည်း အတတ်နိုင်ဆုံး ဖြေလျော့ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။မဖြစ်မနေ ကောက်ခံရမဲ့ အနည်းဆုံး လိုအပ်ချက်များကိုသာ ဆက်လက် ကောက်ခံသွားမှာ ဖြစ်ပါ တယ်။ကျွန်တော်တို့ (၁၀)နှစ်၊ (၁၈)နှစ် ပြည့် မှတ်ပုံတင်များ၊ နှစ်(၃၀) ပြည့် မှတ်ပုံတင်များကို လဲလှယ်ဖို့ ညွန်ကြားထားပါတယ်။လဲလှယ်ရင်လည်း စနစ်တကျ ပြန်လည်ပြီး လဲလှယ်ပေးနေပါတယ်။(၃၀) ပြည့် မှတ်ပုံတင်မှာ လာရောက် လဲလှယ်သူကိုယ်တိုင် လာရောက်လဲလှယ်မယ် မှတ်ပုံတင်မှာ ရှိတဲ့ အထောက်အထားကိုလည်း သေချာ စစ်ဆေးနိုင်မယ်ဆိုရင်၊ မှန်ကန်တယ်လို့ ယူဆနိုင်တယ်ဆိုရင် တစ်ခြား အထောက်အထား မလိုဘဲနဲ့ ဆောင်ရွက်ပေးနိုင်ပါတယ် သို့ရာတွင် မှတ်ပုံတင်ထဲမှာရှိတဲ့ပုံစံနဲ့ အပြင်မှာရှိတဲ့ပုံစံ ပျက်ယွင်းနေမယ် မှတ်ပုံတင်ထဲမှာရှိတဲ့ အထောက် အထားဟာလည်း အစစ်အမှန်ဖြစ်ကြောင်း သံသယရှိမယ်ဆိုရင်တော့ အထောက်အထားများ လိုမှာ ဖြစ်ပါတယ်။အဓိက အားနည်းချက်က ကျွန်တော်တို့ရဲ့ မှတ်ပုံတင်ဟာ စက္ကူကပ်ပြား ဖြစ်တဲ့အတွက် အတု ပြုလုပ်ဖို့ အရမ်းလွယ်ကူပါတယ်။ဒီ အတွက်လည်းဘဲ ကျွန်တော်တို့ EIT ခေါ်တဲ့ နောင်မှာ ဒီဂျစ်တယ်မှတ်ပုံတင် လုပ်ဖို့ အစိုးရအနေနဲ့ ကြိုးစားပြီး ဆောင်ရွက်လျက် ရှိပါတယ်။နိုင်ငံတော်အကြီးအကဲများကလည်း လမ်းညွန်ချက် ပေးထားပါတယ်၊ လတ်တလော အခြေအနေမှာတော့ ၀န်ထမ်းများကို ဥပဒေ စည်းမျဉ်း စည်းကမ်းများနဲ့ ဆောင်ရွက်ဖို့၊ သတ်မှတ်ထားတဲ့ ငွေကြေးထက် ပိုမိုမကောက်ခံဖို့ လိုအပ်တဲ့ အထောက်အထားတွေကိုလည်း အကြောင်းပြပြီး ပြည်သူတွေ
ကြန့်ကြာအောင် မဆောင်ရွက်ဖို့ အကြိမ်အကြိမ်အခါခါ ညွန်ကြားပြီး ဖြစ်ပါတယ်။ တိုင်ကြားမှုများ ရှိလာရင်လည်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် " လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်၊
ယင်း မှတ်ပုံတင်ကိစ္စများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ မှ " ဒီ မှတ်ပုံတင်ကိစ္စဟာ မြို့နယ် အတော်များများမှာ ဒီ ပြဿနာ ရှိပါတယ်။ ဒါကြောင့်မိုလို့ ၀န်ကြီးဌာန အနေနှင့် ဥပဒေ စည်းမျဉ်း စည်းကမ်း ညွန်ကြား ချက်နဲ့ အောက်ခြေမှာ လုပ်ဆောင်ချက်နဲ့ တစ်ထပ်တည်း ဖြစ်အောင် ကြိုးစားပေးစေချင်ပါတယ် " လို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

10-8.2017

Share:

ရခိုင်ပြည်နယ်လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ဆွေးနွေး

Image may contain: 3 people, people sitting and indoor

ရန်ကုန်၊ သြဂုတ် ၁၀ ။                 ။ ရခိုင်ပြည်နယ်လုံခြုံရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး ကာကွယ်ရေး ၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး အပါအ၀င် အစိုးရအဖွဲ့ တာဝန်ရှိသူများ ပါဝင်သည့် ဆွေးနွေးပွဲတစ်ခုကို ယမန်နေ့ နေ့လည်ပိုင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်လုံခြုံရေးအတွက် အဓိကထား ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ထားသည်။
နိုင်ငံတော်သမ္မတ အိမ်တော်၌ ယမန်နေ့  ဇူလိုင်လ ၉ရက်၊ မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်အဖွဲ့များ လှုပ်ရှားများကို ထိန်းချုပ်နိုင်မှုအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ယင်းနောက် လတ်တလော လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ရေရှည် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအစီအမံလျာထားချက်များကို ပြည်ထဲရေး ၊ ကာကွယ်ရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီးတို့က ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း အသေးစိတ်ကိုမူ ဖော်ပြထားခြင်းမရှိပေ။
အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ အစည်းအဝေး အဖွင့်အမှာစကား နှင့် နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး ရှင်းလင်းတင်ပြချက်များအပေါ် သုံးသပ်ကာ အစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသော်လည်း အသေးစိတ်ကို ဖော်ပြမထားပေ။
ရခိုင်ဒေသလုံခြုံရေးကို အလေးထားစီစဉ်ပေးရန် ယမန်နေ့က အမျိုးသားလွှတ်တော်၌ ဆွေးနွေးနေစဉ် ယခု အစည်း အဝေး ကို ကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ယမန်နေ့ မွန်းလွဲပိုင်းကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြပြီး မောင်တောဒေသအတွင်း၌ လုံခြုံရေးကိစ္စများကို တိုးမြှင့်ပေးရန် ကာကွယ်ရေး ဦးစီးချုပ်ထံ တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
လက်ရှိတွင် ရခိုင်ဒေသ၌ တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားနေပြီး ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည်။
Share:

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ANP ပါတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

နပြည်တော် သြဂုတ် - ၉

Image may contain: 6 people, people sitting and indoor

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ANP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် အဖွဲ့ဝင်များအား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပိုမိုပူးပေါင်းလုပ် ဆောင်နိုင်ရေး ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီး များ တက်ရောက်ကြပြီး ဒေါက်တာ အေးမောင်နှင့်အတူ ANP ပါတီဗဟို အလုပ် မှုဆောင်များဖြစ်ကြသည့် ဦးဘရှိန်၊ ဦးဦးလှစော၊ ဦးဖေသန်း၊ ဦးအောင်ကျော်ဇံ၊ ဦးဝေစိန်အောင်နှင့် ဦးခင်မောင်လတ်တို့ တက်ရောက်ကြသည်။
(သတင်းစဉ်)
Share:

09 August, 2017

ဘာသာခြားများ အရေးကိစ္စများတွင် မစွတ်ဖက်ရန် သီတဂူငြိမ်းချမ်းရေး ညီလာခံ ထုတ်ပြန်

Share:

ဒုသမ္မတ ရခိုင်ကော်မရှင် အစီရင်ခံစာ HRW ဝေဖန်

ရခိုင်ပြည်နယ် မြောက်ပိုင်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတဲ့ ကော်မရှင်ရဲ့ နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာဟာ လုံခြုံရေး အဖွဲ့အစည်းတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ပြမထားဘူးလို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch က ဝေဖန်လိုက်ပါတယ်။ ဒီအတွက် ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရက လက်ခံဖို့လည်း တိုက်တွန်းခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ နန်းလောဝ်က တင်ပြပေးမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အပါအ၀င် လူ့အခွင့်အရေး အဖွဲ့တွေ စွပ်စွဲနေသလို ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားထု အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုမျိုး လုပ်ခဲ့တဲ့ အထောက်အထားတွေ မရှိကြောင်း ဖော်ပြခဲ့တဲ့ မောင်တောဒေသ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာဟာ မှန်ကန်မှု မရှိဘူးလို့ Human Rights Watch အဖွဲ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာပါ။ ဒါကြောင့်လည်း နိုင်ငံတကာ အသိုင်းအ၀န်းက လက်ခံနိုင်မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ကို မြန်မာအာဏာပိုင်တွေက အမြန်ဆုံး လက်ခံဖို့ လိုအပ်ကြောင်း HRW ရဲ့ အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှုး Phil Robertson က တိုက်တွန်းလိုက်တာပါ။
“ ကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပယ်ချဖို့ လိုပါတယ်။ ကော်မရှင်ဟာ စတင်ဖွဲ့စည်း လိုက်ကတည်းက ပြသနာတွေ ရှိနေတယ်ဆိုတာ မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်း ပြောဖို့လိုပါတယ်။ ခုဆိုရင်လည်း ယုံကြည်လက်ခံနိုင်စရာ မရှိတဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါပြီ။ ကော်မရှင်က စုံစမ်းတွေ့ရှိချက်တွေကိုလည်း ကျနော်တို့ အသိအမှတ် မပြုပါဘူး။ ရှေ့ဆက် လုပ်သင့်တာကတော့ ကုလမသဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဒီနှစ်အစောပိုင်းမှာ ဦးဆောင် ဖွဲ့စည်းလိုက်တဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရက အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်သင့်တာပါ။ အဲဒီ အဖွဲ့ကိုလည်း သူတို့သွားချင်တဲ့ ဒေသတွေကို သွားခွင့်ပြုဖို့၊ အစိုးရအနေနဲ့လည်း ဖြစ်နိုင်သမျှ ကူညီလုပ်ကိုင်ပေးဖို့၊ ဒါမှသာ လူတွေအနေနဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို သူတို့တွေ့ထားသမျှ ယုံယုံကြည်ကြည်နဲ့ ပြန်ပြီး ပြောပြနိုင်မှာ ဖြစ်ပါတယ်။ ”
မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ စွပ်စွဲနေသလို မုဒိန်းကျင့်ခံရတာ၊ အုပ်စုလိုက် မုဒိန်းကျင့်တာ နှိပ်စက် ညှဉ်းပန်းတာတွေ အပါအ၀င် လုံခြုံရေး အာဏာပိုင်တွေ ကျုးလွန်တယ်လို့ဆိုတဲ့ ကိစ္စရပ်တွေကို အတည်ပြုနိုင်ခြင်း မရှိကြောင်း ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်ကစလို့ လူမှုအသိုင်းအ၀န်းကြား သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာက မြန်မာအစိုးရက ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ စုံစမ်းရေး အဖွဲ့တဖွဲ့ကိုလည်း အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းပေးထားတာပါ။
ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောဒေသ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကတော့ အခုကော်မရှင်ရဲ့ အကြံပြုချက်တွေ၊ မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို စိစစ်ပြီး လက်တွေ့ အကောင်အထည်ဖော်မယ့် အဆင့်မြင့် ကော်မတီတရပ်ကို ပြည်ထောင်စု အစိုးရက ဖွဲ့စည်း တာဝန်ပေးအပ်ဖို့လည်း တိုက်တွန်း ထားပါတယ်။ HRW အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှုး Phil Robertson ကတော့ အစိုးရက ဖွဲ့စည်းတဲ့ ကော်မရှင်တွေရဲ့ သီးခြား လွတ်လပ်မှုအပေါ် မေးခွန်းထုတ်ခဲ့တာပါ။
“ နိုင်ငံတကာရဲ့ ဖိအားတွေ ရလာပြီဆိုရင် မြန်မာအစိုးရနဲ့ တပ်မတော်ဟာ ကော်မရှင်တွေ ဖွဲ့စည်းလေ့ရှိတဲ့ သမိုင်းကြောင်း ရှိပါတယ်။ အဲဒီ ကော်မတီက တကယ်တော့ ဘာမှလုပ်ကြတာ မဟုတ်ပါဘူး။ ၂၀၁၂ ဇွန်လနဲ့ အောက်တိုဘာလ အတွင်း အကြမ်းဖက်မှုတွေ ဖြစ်လာတော့ HRW တိုက်ရိုက်သွားရောက် စုံစမ်းရာမှာ လူသားထုပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ လူမျိုးတုန်း သတ်ဖြတ်မှုမျိုးတွေကို တွေ့ရပါတယ်။ ဒီအခါမှာ အစိုးရက ကော်မရှင်တရပ် ဖွဲ့စည်းပေးလိုက် သလို အဲဒီ ကော်မရှင်ကလည်း အကြံပြုချက် အတော်များများ ထုတ်ပြန်ပါတယ်။ ဒါပေမယ့် ဘာမှ ဖြစ်မလာပါဘူး။ ဒါကြောင့် ပြည်ထောင်စု အစိုးရက ဖန်တီးလိုက်တဲ့ ကော်မရှင်ကလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ကုလသမဂ္ဂရဲ့ အနီးကပ် စောင့်ကြည့်တာမျိုး မရှိဘဲနဲ့ ဘယ်လို အပြောင်းအလဲမှ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ကျနော်တို့ မြင်ပါတယ်။ ”
ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ ဆိုရင်တော့ နိုင်ငံတကာက လက်ခံနိုင်တဲ့ စုံစမ်းစစ်ဆေးမှုမျိုးတွေ ဖြစ်ဖို့ လိုတယ်လို့လည်း ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာအစိုးရကတော့ စုံစမ်းရေး ကော်မရှင်တွေရဲ့ တာဝန်တွေ မပြီးပြတ်သေးဘဲ ကုလသမဂ္ဂက စုံစမ်းမှုတွေ လုပ်တာမျိုးဟာ လက်တွေ့မကျသလို၊ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ဟာ လက်တွေ့မြေပြင် အခြေအနေတွေကို ထင်ဟပ်မှု မရှိဘူးဆိုပြီး လူ့အခွင့်အရေးကောင်စီက အချက်အလက် ရှာဖွေရေးအဖွဲ့ကို လက်ခံဖို့ ငြင်းဆန်ထားတာ ဖြစ်ပါတယ်။


burmese.voanews.com
Share:

15 Fascinating Photos from Hajj 1889



Ever wondered what Hajj was like more than 125 years ago? These fascinating photos will give you a glimpse of what it was like.
The photos were taken by ʻAbd al-Ghaffār, al-Sayyid, an Indian physician who resided in Makkah and they are some of the oldest known photos of Makkah and its surrounding areas.




The Masjid Al Haram
35470v
35472v
The City of Makkah
35471v
35473v
35474v
Makkan Noblemen
35486v
Mina
35479v
35480v
Plains of Mount Arafah
35485v
35476v
35477v
35482v
35483v
35484v
Muzdalifah
35481v

http://muslim-stories.top/15-fascinating-photos-from-hajj-1889/
Share:

07 August, 2017

အကျဉ်းထောင်တွေထဲက (၁၀)တန်း ထူးချွန်း အောင်မြင်သူတွေကို လွတ်ငြိမ်း ခွင့်ပြု

Image may contain: 5 people, people sitting and indoor

၂၀၁၆၂၀၁၇ပညာသင်​နှစ်​အ​ခြေခံပညာအထက်​တန်းစာ​မေးပွဲမှာ ဂုဏ်​ထူးများနဲ့ထူးချွန်​စွာ​အောင်​မြင်​ခဲ့ကြတဲ့ ​အကျဉ်းသား အကျဉ်းသူ၅ ယောက်ကို နိုင်​ငံ​တော်​သမ္မတကြီးရဲ့ လွတ်​ငြိမ်းချမ်းသာခွင့်​နဲ့ သြဂုတ်​လ၇ရက်​​နေ့ မနက်​ ၉ နာရီ က မန္တ​လေးအိုးဘိုအကျဉ်း​ထောင်​က​နေ လွှတ်​​ပေးလိုက်​ပါတယ်​။
တ​ချိန်​ထဲမှာပဲ ရန်​ကုန်​အင်းစိန်​အကျဉ်း​ထောင်​က​နေဂုဏ်​ထူးနဲ့​အောင်​မြင်​တဲ့​​ကျောင်းသား၂ ယောက်ကို လည်း လွှတ်​​ပေး ခဲ့ပါတယ်​။ မန္တလေး အိုးဘိုထောင်ကနေ ဖြေဆိုသူ ၁၁ ယောက်မှာ ၇ ယောက် အောင်မြင်ပြီး ထောင်ဒဏ် ၁၀ နှစ် ကျခံနေရတဲ့ ၃ ဘာသာ ဂုဏ်ထူးရှင် အကျဉ်းသူ ၁ယောက်နဲ့ တစ်ဘာသာဂုဏ်ထူးရှင် ၄ ယောက် ရှိပါတယ်။ ဒီအထဲမှာ မန္တလေး အိုးဘို အကျဉ်းထောင်ကနေ (၃)ဘာသာ ဂုဏ်ထူးနဲ့ ထူးချွန်အောင်မြင် ခဲ့သူ မရွှန်းလဲ့ဝေကျော်လည်း ပါဝင်ပါတယ်။
အင်းစိန်ထောင်ကတော့ ၂၈ ယောက် ဖြေတာမှာ တစ်ဘာသာဂုဏ်ထူးရှင် တစ်ယောက်အပါအဝင် ၉ ယောက် အောင်မြင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူပေါင်း ၇၁၆၁၈၈ ယောက်ရှိပြီး ၂၄၂၇၃၆ ယောက် အောင်မြင်ခဲ့ပါတယ်။
သတင်းဓာတ်ပုံ - ငြိမ်းမိုးနောင်
Share:

“ပြည်သူသို့ကျေးဇူးတင်လွှာ”



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
“ပြည်သူသို့ကျေးဇူးတင်လွှာ”
၁၃၇၉ ခုနှစ် ဝါခေါင်လဆန်း ၁၄ ရက် 
(၂၀၁၇ခုနှစ် သြဂုတ်လ ၆ ရက်)

၁။ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် သြဂုတ်လ ၂ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့ အထိ မျိုးချစ်အဖွဲ့အမည်ခံ သံဃာအချို့နှင့် လူပုဂ္ဂိုလ် အချို့တို့က နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် ထိုင်သပိတ်များပြုလုပ်ကာ ဆန္ဒပြမှုများ ဆောင်ရွက်ခဲ့ပါ သည်။
၂။ ပြည်သူလူထုအနေဖြင့် ဤလုပ်ရပ်များကို ထောက်ခံခြင်း၊ ပူးပေါင်း ပါဝင်ခြင်းများ မပြုခဲ့သည့်အပြင်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များကလည်း ဥပဒေနှင့်အညီ တည်ငြိမ်စွာဖြင့် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ခဲ့ကြပါသည်။

၃။ နိုင်ငံ၏ရေရှည်အကျိုးကို မျှော်ကိုးပြီး နိုင်ငံသူနိုင်ငံသားတို့က တာဝန် သိစိတ်ဖြင့် ရပ်တည်ခဲ့ခြင်း အတွက် ကျေးဇူးဥပကာရ အထူးပင် တင်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။
Source, Myanmar State Counsellor Office
Image may contain: text

Share:

မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှုအသစ် လုံခြုံရေးကောင်စီအတည်ပြု

ဗွီအိုအေ (မြန်မာပိုင်း)

Image may contain: one or more people

မြောက်ကိုရီးယားအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်မယ့် ဆုံးဖြတ်ချက် တရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှာ စနေနေ့က တညီတညွတ်ထဲ မဲပေး အတည်ပြု လိုက်ကြပါ တယ်။
အမေရိကန်က ကမကထပြုတင်သွင်းတဲ့ ဒီအရေးယူမှုကြောင့် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားနဲ့ ပဲ့ထိန်း ဒုံးကျည်အစီ အစဉ်တွေအတွက် လိုအပ်တဲ့ဝင်ငွေ တနှစ်ကို ဒေါ်လာ သန်း ၁,၀၀၀ လောက် ထိခိုက်သွားဖို့ရှိပါတယ်။
ဇူလိုင်လ ၃ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေကို မြောက်ကိုရီးယားက စမ်းသပ် ပစ်လွှတ်ခဲ့တာကို တုန့်ပြန်တဲ့အနေနဲ့ အခုလို နောက်ထပ် အရေးယူမှု ချမှတ်တာပါ။ အဲဒီဒုံးကျည် စမ်းသပ်မှုတွေအရ မြောက်ကိုရီးယားရဲ့ ဒုံးကျည် တွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတိုက်ဒေသ အများအပြားထိ ရောက်နိုင်ခြေ အလားအလာ ရှိလာတာကို ပြနေပါတယ်။
အခုဆုံးဖြတ်ချက်ကြောင့် မြောက်ကိုရီးယားရဲ့ ပြည်ပပို့ကုန်ဝင်ငွေ တနှစ် ဒေါ်လာ သန်း ၃,၀၀၀ လောက်ထဲက သုံးပုံတပုံ လျော့သွားမှာပါ။ တင်ပို့ကုန်လေးမျိုးဖြစ်တဲ့ ကျောက်မီးသွေး၊ သံ၊ သံရိုင်း၊ ခဲနဲ့ ခဲရိုင်းသတ္တုတွေနဲ့ ပင်လယ်စာထွက်ကုန်တွေကို ပစ်မှတ်ထား အရေးယူတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လနဲ့ နိုဝင်ဘာလကချမှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှစ်ခုမှာ တော့ ပြည်ပတင်ပို့ တဲ့ ကျောက်မီးသွေးပမာဏကို ကန့်သတ်ခဲ့တာဖြစ်ပြီး အခုတော့ လုံးဝ ပိတ်လိုက်တာပါ။ ကျောက်မီးသွေး ဟာ မြောက်ကိုရီးယားရဲ့ အကြီးမားဆုံး ပြည်ပ တင်ပို့ကုန် ဖြစ်ပါတယ်။ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေအပြင် မြောက်ကိုရီးယား တသီးပုဂ္ဂလ လူပုဂ္ဂိုလ် ကိုးဦးနဲ့ အဖွဲ့အစည်း လေးဖွဲ့တို့ရဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို ထိန်းချုပ်ဖို့နဲ့ ခရီးသွားလာခွင့် ပိတ်ပင်ကန့်သတ်ဖို့ ဒီဆုံးဖြတ် ချက်ထဲမှာ ပါရှိပါတယ်။

Share:

06 August, 2017

ရခိုင်ဒေသ မျိုးဖြုတ် သတ်ဖြတ်မှု စွပ်စွဲချက် ဒုသမ္မတ ငြင်းဆို



ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင်း မူဆလင်တွေ အပေါ် မြန်မာ စစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန် တဲ့ ရာဇ၀တ်မှုတွေ၊ မျိုးဖြုတ်သတ်ဖြတ်မှု စွပ်စွဲချက်တွေကို မြန်မာ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယတိပြတ် ငြင်းဆိုလိုက်ပါတယ်။
“ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးချက်များကိုအခြေခံပြီး သုံးသပ်ပြောကြရမည်ဆိုပါရန် ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံးက သုံးသပ်တဲ့ Crimes against Humanity ဖြစ်နိုင်ခြေလုံးဝ မရှိပါ ကြောင်းနှင့် Ethnic Cleansing ဟုယူဆနိုင်သည့် အနေအထားလည်းလုံးဝမတွေ့ရှိပါကြောင်း ပြောကြား လိုပါတယ်။”
ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တော ဒေသစုံစမ်းရေး ကော်မရှင် အဖွဲ့ရဲ့ အပြီးသတ် အစီရင်ခံစာကို ထုတ်ပြန်တဲ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုသွားတာပါ။ စစ်တပ်ဘက်က အုပ်စုဖွဲ့ အဓမ္မမှုကျူးလွန်တာ မရှိသလို နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်တွေ အတွင်း ရွာတွေကို ရှင်းပြစ်ခဲ့တာမျိုးလည်း မရှိဘူးလို့လည်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောဆိုသွားပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တွေ့ဆုံမေးမြန်း ပြုစုထားတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တခုရဲ့ အစီရင်ခံစာမှာတော့ သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုတွေ၊ စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေး အတွင်း ကျေးရွာတွေကို ဖျက်ဆီးခဲ့တာတွေကို ဖော်ပြထားတာပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein ကလည်း အစိုးရ အနေနဲ့ ဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ချက်ချင်းရပ်ဖို့၊ ဒီချိုးဖောက်မှု အတွက် တာဝန် ရှိသူတွေကို အပြစ်ပေး အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။ မြန်မာ အစိုးရရဲ့ မောင်တော ဒေသစုံစမ်းရေး ကော်မရှင် အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးဇော်မြင့်ဖေကတော့ ကမ္ဘာတလွှား ပြောဆိုချက်တွေနဲ့ မြေပြင် အခြေအနေတွေမှာ ကွဲပြားမှုတွေ ရှိတယ်လို့ ပြောဆိုသွားပါတယ်။
“ဦးရှည်ကျကျေးရွာ ကျနော်ထင်တယ် ဆရာတို့ရောက်မှာမဟုတ်ဘူး ရောက်လည်းမရောက်နိုင်ဘူး ဦးရှည်ကျကျေးရွာကို။ အဲဒီမှာ လူဦးရေ ၆ထောင်လောက်ရှိတယ်၊ အိမ်ခြေ၇၂၀ ခန့်ရှိတယ်။ အဲဒီမှာ သူက OHCHR အစီရင်ခံစာမှာရော အားလုံးက သူတို့ရွာမှာ အစော်ကားမခံရတဲ့အိမ် တအိမ်မှ မရှိဘူးတဲ့။ အစော်ကားခံရတဲ့ အိမ်တွေပဲဆိုပြီးတော့ ဒီဟာက မီဒီယာပေါ်မှာ ကမ္ဘာသိအောင်လုပ်ထားတာ။ သို့သော် ကျနော်တို့ တကယ်သွားတဲ့အခါမှာ ဒီဖြစ်စဉ်တွေမရှိဘူး။”
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အတွင်း မောင်တော ဒေသက မြန်မာ အစိုးရ နယ်ခြားစောင့် စခန်းတွေ အကြမ်းဖက် တိုကခိုက်ခံရပြီးနောက်ပိုင်း မြန်မာ့ တပ်မတော်က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုတွေ နောက်ပိုင်း မြန်မာအစိုးရရဲ့ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ချက်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ စွပ်စွဲချက်တွေကို စုံစမ်းဖို့ ကုလသမဂ္ဂဘက်က မြန်မာဆိုင်ရာ အချက် အလက် ရှာဖွေရေး အဖွဲ့ ဖွဲ့စည်းခဲ့ပေမယ့် မြန်မာဘက်ကတော့ လက်သင့်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
Share:

ပဋိပက္ခဖန်တီးနေသည့် အစွန်းရောက်များကို တတ်နိုင်သည့် နည်းလမ်းဖြင့် ဖယ်ရှားမည်ဟု သူရဦးအောင်ကိုပြော

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို(လယ်) အား ကမ္ဘာ့ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဘာသာပေါင်းစုံညီလာခံတွင် တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)
နိုင်ငံအတွင်း ပဋိပက္ခ များ ဖန်တီးနေသော ဘာသာရေး အစွန်းရောက်အဖွဲ့များကို မိမိ တတ်နိုင်သည့်နည်းဖြင့် ဖယ်ရှား ရှင်းလင်းမည်ဖြစ်ကြောင်း သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ကမ္ဘာ့ငြိမ်း ချမ်းရေး၊ ညီညွတ်ရေးနှင့် လုံခြုံ ရေးဆိုင်ရာ ဘာသာပေါင်းစုံညီ လာခံတွင် ပြောကြားခဲ့သည်။

ဩဂုတ် ၈ ရက်တွင် သီတဂူ ဗုဒ္ဓတက္ကသိုလ်တွင် ပြုလုပ်သော အဆိုပါညီလာခံ၌ သူရဦးအောင် ကိုက သာသနာတိုးတက်ပြန့်ပွား ရေး မိမိတတ်နိုင်သော နည်းလမ်းဖြင့် နိုင်ငံအတွင်းရှိ ဘာသာရေးအစွန်း ရောက်အဖွဲ့များကို ရှင်းလင်းမည်ဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းမှ ညီလာခံတက်ရောက်သော ဘာသာ ရေးခေါင်းဆောင်များရှေ့ တွင် ကတိပြုခဲ့သည်။
ထို့အပြင် ဝန်ကြီးက အစိုးရ နုတ်ထွက်ပေးရန် ရန်ကုန်မြို့နှင့် မန္တလေးတို့တွင် သပိတ်မှောက် ဆန္ဒပြခဲ့သော လူစုများကို အစွန်း ရောက်များဖြစ်ကြောင်း မီဒီယာ များနှင့် တွေ့ဆုံစဉ်တွင် ပြော သည်။
‘‘အားလုံးသိတဲ့အတိုင်းပဲ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ လည်းပဲ ဘာသာရေးကို အခြေခံ တဲ့ လူမျိုးရေး ပဋိပက္ခတွေဖြစ်ပွား အောင် အစွန်းရောက်အဖွဲ့အ စည်းတစ်ခုခုက လုပ်ဆောင်နေ တာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကို လည်း အခုလည်းပေါ့၊ သပိတ် စခန်းတွေဖွင့်ပြီးတော့မှ ဆန္ဒပြနေတာပဲဖြစ်ပါတယ်’’ဟု သူရ ဦးအောင်ကိုက ပြောသည်။
ထို့အပြင် ဝန်ကြီးက အဆိုပါသပိတ်စခန်းများသည် ခိုင်လုံ သည့် အကြောင်းပြချက်မရှိ ကြောင်း ပြောသည်။
‘‘သပိတ်စခန်းဆိုတာ ဒီလို ရဟန်းသံဃာတို့ ဆွမ်းခံတဲ့သပိတ်ကြီးကိုမှောက်ပြီးမှ သင်္ကေတပြရုံ နဲ့ သပိတ်မှောက်တယ်ဆိုတာ ကျွန်တော်တို့ အထမမြောက်ပါ ဘူး။ သပိတ်မှောက်တယ်ဆိုတာ ပါဠိအားဖြင့် ပတ္တနိက္ကုဇ္ဇနကံ ဆောင်တယ်ဆိုတာ သူ့လုပ်ငန်း စဉ်တွေရှိရပါတယ်။ အကြောင်း ပြချက်လည်း ခိုင်လုံရပါတယ်။ နောက်ပြီးတော့ ကံကမ္မဝါလည်း ဆောင်ရပါတယ်။ အဲဒါမှသာ လျှင် ပတ္တနိက္ကုဇ္ဇနကံဆောင်တာ မည်ပါတယ်။ အထမြောက်ပါ တယ်။ အခု ခိုင်လုံတဲ့အကြောင်း ပြချက်လည်း မရှိပါဘူး။ လက်ရှိ ဒီမိုကရေစီအစိုးရနုတ်ထွက်ပေး ရေးဆိုတဲ့ ခေါင်းစဉ်ကြီးဟာ အ စိမ်းသက်သက် ဘလိုင်းအော်နေ ကြတာ ဖြစ်ပါတယ်။ ခိုင်လုံတဲ့အ ကြောင်းပြချက်မရှိပါဘူး’’ဟု ဝန် ကြီးက ဆိုသည်။
ထို့အပြင် အစွန်းရောက်ဘာ သာရေးအဖွဲ့အစည်းများကို ဖယ် ရှားရာတွင် ဓမ္မစက်ဖြင့် ဦးစွာ သတိပေးပြီးမှ အာဏာစက်ဖြင့် အရေးယူမည်ဖြစ်ကြောင်း ပြော ဆိုခဲ့ပြီး လူပုဂ္ဂိုလ်ကို လူပုဂ္ဂိုလ်အ လျောက်၊ ရဟန်းကို ရဟန်းအ လျောက် တည်ဆဲဥပဒေများနှင့် အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း ပြောသည်။
သာသနာရေးဝန်ကြီး သူရ ဦးအောင်ကိုသည် နိုင်ငံအတွင်းရှိ ဘာသာရေးအစွန်းရောက်အဖွဲ့ များကို ထောက်ပံ့ငွေသန်းငါး ထောင်ခန့်ရှိကြောင်း မေလက ပြောဆိုခဲ့ဖူးသည်။ ထို့အပြင် မဘသအဖွဲ့ကို ဖျက်သိမ်းစေရန် လုပ်ဆောင်ခဲ့ပြီး မဘသမဖျက် သိမ်းပါက အာဏာစက်ဖြင့် ဆောင်ရွက်မည်ဟု ဇူလိုင်လက သတိပေးခဲ့သည်။
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.