• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

04 August, 2017

အာနန္ဒာဘုရားဝင်းအတွင်း ဖိနပ်စီး ဝင်ရောက်ခဲ့သော ရုရှားနိုင်ငံသူ ဒဏ်ငွေ မဆောင်ဘဲ ထောင် တစ်လကျခံ

By
ဒဏ်ကြေးမဆောင်ဘဲ ထောင်ဒဏ်ရွေးချယ်ခဲ့သော ရုရှားနိုင်ငံသူကို တွေ့ရစဉ် (ဓာတ်ပုံ − မျိုးဆက်စံ FB)


ပုဂံရှေးဟောင်းနယ်မြေရှိ အာနန္ဒာဘုရားဝင်းအတွင်း ဖိနပ် စီးဝင်ရောက်ခဲ့သည့် ရုရှားနိုင်ငံသူ ကို ညောင်ဦးမြို့ နယ် တရားရုံးက သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ဖြင့် ချက်ချင်းတရားစွဲဆိုပြီး ထောင်ဒဏ် တစ်လ အမိန့်ချခဲ့ ကြောင်း သတင်းရရှိသည်။

 ညောင်ဦးမြို့နယ်တရားသူ ကြီးက ဒဏ်ငွေကျပ်ငါးသိန်းမပေး ဆောင်ပါက ထောင်ဒဏ်တစ်လ ကျခံရ မည်ဟု အမိန့်ချမှတ်ရာ ရုရှားနိုင်ငံသူက ထောင်ဒဏ်တစ် လကို ရွေးချယ်ခဲ့ကြောင်း ညောင် ဦး မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဇူလိုင် ၃၀ ရက်က ပုဂံမြို့သို့ လာရောက်လည်ပတ်သည့် ရုရှား နိုင်ငံသူတစ်ဦးသည် အာနန္ဒာဘု ရားဝင်း အတွင်း ဖိနပ်စီးကာ ဝင် ရောက်ခဲ့သဖြင့် ဂေါပကအဖွဲ့တာ ဝန်ရှိသူများနှင့် မြို့အာဏာပိုင် များက ဖိနပ်မစီး ရန်ပြောဆိုသော် လည်း တားဆီး၍ မရသောကြောင့် တရားစွဲဆိုခြင်းဖြစ်ပြီး သြဂုတ် ၁ရက်တွင် ယခုကဲ့သို့ အမိန့်ချလိုက်ကြောင်း အာနန္ဒာဘုရားဂေါပက အဖွဲ့ဥက္ကဋ္ဌဦးအေးကပြောသည်။
‘‘တော်တော်လေး ရုတ်ရုတ် သဲသဲဖြစ်တယ်။ တခြားဧည့်သည် တွေရော၊ ဧည့်လမ်းညွှန်တွေက ရော၊ ကျွန်တော်တို့ ကရော တောင်းပန်ပြီးပြောတာ ဘယ်လို မှ လက်မခံဘူး။ အဲဒါကြောင့် မရ တော့ဘူး ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၂၉၅ နဲ့တရားစွဲဆိုလိုက်တာ။ နိုင်ငံခြားသူဆိုတော့ ချက်ချင်းပဲ အမိန့်ချပေးတာပေါ့’’ဟု ဦးအေး ကပြောသည်။
မြန်မာနိုင်ငံအတွင်းသို့ ပြည် ဝင်ခွင့် ဗီဇာလျှောက်ထားစဉ်က လိုက်နာရမည့် စည်းကမ်းချက် များကို ဖောက်ဖျက် ကျူးလွန်ခဲ့ သဖြင့် အဆိုပါရုရှားနိုင်ငံသူကို ညောင်ဦးမြို့နယ် လဝကဦးစီးမှူး က တရားလိုပြု၍ လဝက အက် ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် ထပ်မံ အမှုဖွင့်ထားကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါရုရှားနိုင်ငံသူကို အ ကျဉ်းထောင်သို့ ပို့ဆောင်ထားပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ဆက်သွယ် လာခြင်း မရှိကြောင်း ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘အရင်က ဒီလိုဧည့်သည် တွေ ထောင်ချဖူးတာ မကြားမိဘူး။ဒါက ပထမဆုံးအကြိမ်ဖြစ်မယ်။ တော်တော်လေးပြောမရလို့ တ ရားစွဲလိုက်တာလို့ သိရတယ်။ ငါး သိန်းနဲ့ တစ်လကို တစ်လရွေးသွား တာ။ ဒါပေမဲ့ ဘာသာရေးကို တမင် စော်ကားတဲ့ပုံစံဖြစ်နေတာ’’ဟု ပုဂံမြို့ဧည့်လမ်းညွှန် ကိုနိုင်ထွန်း က ၎င်း၏ အမြင် ကိုပြောသည်။
ပုဂံရှေးဟောင်းနယ်မြေရှိ ဘုရားများတွင် ပြည်တွင်း၊ ပြည်ပ မှ လာရောက်သူများကို ယဉ်ကျေးမှုနှင့် မလျော် ညီသည့် ဓာတ်ပုံများ ရိုက်ကူးခြင်း၊ ဖိနပ်မစီးရခြင်း စ သည့် အချက်အလက်များ ပါဝင် သည့် ကြော်ငြာ ဆိုင်းဘုတ် များကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားစိုက်ထူထားသည်။
Share:

"သပိတ်မှောက်ပွဲများအတွက် သာသနာရေးဝန်ကြီးဌာန သတင်းထုတ်ပြန် "

Image may contain: outdoorImage may contain: 1 person, sitting, eating, child and table

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အစိုးရနှုတ်ထွက်ပေးရန်အတွက် ရဟန်းအချို့အပါအဝင် စုစုပေါင်း အင်အား ၁၀၀ ခန့်က ဆန္ဒထုတ်ဖော်ခဲ့မှုအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပြန်လည်ရှင်းလင်းချက်ကို ယနေ့ (သြဂုတ်လ ၃ ရက်)နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်အပြည့်အစုံမှာ ......
၂-၈-၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်အနီး မဟာဇေယျ အတုလမာရဇိန် ကြေးသွန်းဘုရားတွင် သံဃာ ၁၀ ပါးနှင့် လူပုဂ္ဂိုလ် ၃၅ ဦးတို့ကလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး အနောက်ဘက် ၂၅၀၀ ခန်းမရှေ့တွင် သံဃာ ၁၅ ပါးခန့်နှင့် လူပုဂ္ဂိုလ် ၅၀ ဦးခန့် တို့ ကလည်းကောင်း အစိုးရအား ဆန့်ကျင်သပိတ်မှောက်ပွဲ ပြုလုပ်ခဲ့ကြောင်း လူမှုကွန်ရက်အင်တာနက် စာမျက်နှာများ တွင် တွေ့ရှိရပါသည်။
ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း(သို့မဟုတ်) သပိတ်မှောက်ခြင်းဆိုသည်မှာ ရဟန်းကောင်း၊ ရဟန်းမြတ် များအပေါ် အပြစ် လုပ်သူ ဒါယကာ၊ ဒါယိကာမများအား သပိတ်မှောက်သူများက သံဃာနှင့်ပတ်သက်ခွင့် ရှိသူ မဟုတ်တော့ကြောင်း၊ ၎င်းတို့လှူဒါန်းသည့် ဆွမ်း၊ ကွမ်းစသော အလှူဒါနတို့ကို ခံယူမှုမပြုတော့ကြောင်း သိစေအပ်ခြင်းကို ပတ္တနိက္ကုဇ္ဇနကံ ဆောင် သည် (သို့မဟုတ်) သပိတ်မှောက်သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
လူဖြစ်စေ ရဟန်းဖြစ်စေ တစ်စုံတစ်ယောက်သောသူသည် အောက်ဖော်ပြပါအချက်များနှင့် ညီညွတ်မှသာ ပတ္တနိက္ကုဇ္ဇနကံ(သပိတ်မှောက်ခြင်း) ပြုလုပ်သင့်ကြောင်း အင်္ဂုတ္တရပါဠိတော်တွင် ဖော်ပြထားပါသည်-
၁။ ရဟန်းတို့အား လာဘ်မရအောင် ပြုလုပ်ခြင်း၊
၂။ ရဟန်းတို့အား အကျိုးမဲ့အောင် ပြုလုပ်ခြင်း၊
(အပြစ်မရှိဘဲ အပြစ်ရှိသည်ဟု စွပ်စွဲခြင်း၊ သီလမပျက်စီးဘဲ သီလပျက်စီးသည်ဟု စွပ်စွဲခြင်း)
၃။ ရဟန်းတို့အား နေရာမရအောင် ပြုလုပ်ခြင်း၊
၎။ ရဟန်းတို့အား ဆဲရေးခြင်း၊ ကြိမ်းမောင်းခြင်း၊
၅။ ရဟန်းသံဃာအချင်းချင်း ကွဲပြားအောင် ကုန်းတိုက်ခြင်း၊
၆။ ဘုရားရှင်၏ ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊
၇။ တရားတော်၏ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊
၈။ သံဃာတော်တို့၏ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊

ဤ ၈ မျိုးသော အကြောင်းတရားတို့တွင် တစ်ခုခုဖြင့် ငြိစွန်းလျှင် ထိုသို့ပြုလုပ်သောပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့အား သံဃာတော် များသည် “ပတ္တနိက္ကုဇ္ဇနကမ္မဝါစာ”ကို ရွတ်ဖတ်၍ ကျောင်းအတွင်း၌သာ သပိတ်မှောက်ထိုက်၊ ဆန္ဒပြ ထိုက်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းသည်သာ သာသနာတော်ကို ကာကွယ်ခြင်း၊ တည်တံ့ပြန့်ပွားအောင် ပြုလုပ်ခြင်းဖြစ် ပါသည်။ အထက်ဖော်ပြပါအကြောင်းတရား ၈ ပါးအနက် တစ်ပါးပါးဖြင့် ငြိစွန်းခြင်းမရှိပါက ဆန္ဒပြခြင်း၊ သပိတ် မှောက်ခြင်း မပြုလုပ်သင့်ပါ။
ယခု သပိတ်မှောက်ကံ ပြုလုပ်ခံနေရသော အစိုးရသည်လည်း ဘာသာသာသနာကို ထောက်ပံ့ လှူဒါန်းစောင့်ရှောက် နေသောကြောင့် ဘုရားရှင်ဟောကြားထားသော “ပတ္တနိက္ကုဇ္ဇနကံ” ပြုရမည့် အကြောင်းတရား ၈ ချက်အနက် တစ်ပါးပါး ကို မျှ ပြုမူဆောင်ရွက်ခြင်းမရှိကြောင်း၊ ရန်ကုန်၊ မန္တလေးမြို့ တို့တွင် ပြုလုပ်နေသော သပိတ်မှောက်ပွဲ၌ ပါဝင်သည့် သံဃာများ သည် သံဃာအများစု၏ဆန္ဒကို ကိုယ်စားမပြုကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို မလိုလားသူများက ရဟန်း များနှင့် လူပုဂ္ဂိုလ်အချို့ကို အသုံးချခြင်းဖြစ်နိုင်ကြောင်းနှင့် ယခုကဲ့သို့ သပိတ်မှောက်ခြင်းသည် ပြည်သူလူထု၏ဆန္ဒ မဟုတ် ပါကြောင်း အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
Share:

ဆူဖီဝါဒ၏ လူသားအပေါ်သွန်သင်မှု

Image may contain: 1 person, text



မွတ်စလင်တစ်ဦးက တစ်ကိုယ်ကောင်းဆန်သည့် စိတ်ထားကို မည်သို့ကျော်လွှားနိုင်မည်၊ အတိုက်အခံ များနှင့် မလိုမပြည့်မှုအတွက် မည်သို့တုံ့ပြန်မည်၊ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာများနှင့် စိတ်ပျက် အားငယ်နေမှု များအား ဇွဲလုံ့လဝီရိယအပြင် သည်းခံကြံ့ခိုင်မှုဖြင့်ပါ မည်သို့ပြုမူရမည် စသည်တို့ကို ဆူဖီဝါဒက သွန်သင်သည်။ ဆူဖီဝါဒက မွတ်စလင်တစ်ဦးအား အရှင်သိစိတ်မပြတ်ထား၍ ဘဝတည်ဆောက်ရန်အတွက် လိုအပ်သည့် ပုဂ္ဂလ စည်းမျဉ်းများနှင့် ကောင်းမြတ်သည့် အရည်အသွေးများရှိလာအောင် လုပ်ပေးနိုင်စွမ်းရှိသည်။ ဆူဖီဝါဒသည် ဉာဏ်အလင်းရရှိစေသည့် လမ်းစဉ်ဘက်ဦးတည်စေသောကြောင့် တချို့က အားစိုက်ရန်မလိုသော စိတ်မချမ်း မြေ့ဖွယ်ရာနှင့် ဝန်ထုပ်ဝန်ပိုးဖြစ် သော ဘာသာရေးဆိုင်ရာဝတ္တရားများကို အတင်းအကြပ် လုပ်စေသည်ဟုမခံ စားဘဲ ဘဝ၌ကြုံသမျှကို မေတ္တာအဖြစ် လက်ခံလျက် ပျော်ရွှင်သည့်ဘဝဖြစ်လာရန် ပြုမူနိုင်စွမ်းရှိသည်။
ဆူဖီဝါဒ၌ ဂူလန်အတွက် စိတ်ဝင်စားစရာအကောင်းဆုံးမှာ လူသားအကျိုးပြုဘဝမျိုးဖြစ်လာရန် စေ့ ဆော်ပြီး အစ္စလာမ်သစ္စာတရားများ စိတ်နှလုံးထဲတွင် အခိုင်အမာအမြစ်တွယ်စေသည့် လက်တွေ့ကျသော နည်း လမ်း အစီအစဉ် တစ်ခု ထောက်ပံ့နိုင်စွမ်းရှိသည့် အချက်ပင်ဖြစ်သည်။ဂူလန်သည် ဆူဖီသူတော်စင် များ၌ တစ်ခါတစ်ရံတွေ့ရသောထူခြားဆန်းကျယ်သော အတွေ့အကြုံများ၊ကြောင်းကျိုး ဆက်စပ်မှုဖြင့်မဖော်ပြနိုင်သော အရာ၊ သိပ္ပံနည်းဖြင့်အဖြေမဖော် ထုတ်နိုင်သောအရာများကို အနည်း ငယ်မျှသာစိတ်ဝင်စားသည်။
ဆူဖီသူတော်စင်ကြီးများ၏ သွန်သင်မှုနှင့်ပတ်သက်၍ ဂူလန်၏ချီးကျူးပြောဆိုမှုများက သူ့အား ဆူဖီဘဝ မျိုး လက်တွေ့ အကောင်အထည်ဖော်နေသည်ဟု မကြာခဏ စွပ်စွဲဝေဖန်ခံရခြင်းမှ မကာကွယ်ခဲ့ပေ။ (ဆူဖီသူ တော် စင်ကြီးများ၏သွန်သင်မှုကို ထောက်ခံပြောဆိုသည့်အတွက် ဆူဖီဝါဒီဟု အစဉ်စွပ်စွဲခံရသည်။) အစောပိုင်း ကာလရှိ ဆူဖီတို့၏ တက်ကြွလုပ်ဆောင်သည့်စွမ်းအား အုပ်စုအဖွဲ့အစည်းပုံစံဖြင့်သာရှိပြီး နောက်ပိုင်းတွင်မူ ဆူဖီလမ်းစဉ်များ အဖြစ် ပုံဖော်လာခဲ့သည်။ အထူးသဖြင့် မကြာသေးမီကာလများ၌ ဆူဖီများစွာတို့က လက်တွေ့ ဘဝကို စွန့်လွှတ်၍သုံးမရသော စိတ်ကူးယဉ်ထင်မြင်ချက်၊ ယူဆချက်တို့၌ နစ်မြုပ်နေခဲ့သည်။သူတို့သည် ဂူလန်အမြင်အရ တူရကီသမ္မတနိုင်ငံအပါအဝင် မွတ်စလင်ကမ္ဘာ၌ ကြုံတွေ့နေရသော ပညာရေးအကြပ် အတည်း ကို ဖြစ်စေသည့် အကြောင်းရင်းများအနက် တစ်ခုဖြစ်သည်။ သူတို့၌ တာဝန်ရှိသည်။ ထိုအကြပ်အတည်းမှာ သိပ္ပံအသိပညာနှင့် နာမ်ရေးရာတန်ဖိုးများကြား စုစည်းမှုပြိုကွဲခြင်းဖြစ်ပြီး ၎င်းကို ဂူလန်က သူ့စေ့ဆော်မှုကြောင့် သန္ဓေတည်ခဲ့သည့် ပညာရေးစနစ်သစ်ဖြင့် ပေါင်းစည်းပေးနိုင်ရန် လမ်းညွှန်သည်။
ဂူလန်နှင့် သူ၏လုပ်ဖော်ကိုင်ဖက်များက ပညာရေးစီမံကိန်းများကို စတင်ထူထောင်၍ အသက်ဝင်စေ သည့် အချိန်အထိ တူရကီနိုင်ငံရှိကျောင်းသားများကို အစဉ်အလာအရကျန်ခဲ့သော မဒ်ရဆာကျောင်းများ၊ ဆူဖီ ထိုင်ဝိုင်းများ သို့မဟုတ် စစ်ကျောင်းများနှင့် သမ္မတနိုင်ငံ၏ လောကီခေတ်ပညာသင်ကျောင်းများ၌ သင်ယူရန် တွန်းအား ပေးခဲ့သည်။ ထိုကျောင်းပုံစံများအနက် မည်သည့်ကျောင်းပုံစံမျိုးကမျှ ရုပ်နာမ်ရေးရာတန်ဖိုးများနှင့် သိပ္ပံပညာ ဗဟုသုတတို့ကို အောင်မြင်စွာမပေါင်းစပ်ပေးနိုင်ပေ။ ထိုစဉ်ခေတ်သစ်ကျောင်းများ၌ အတွေးအခေါ် ဆိုင်ရာ တရားသေလက်ခံရသည့် အယူဝါဒများသာ သင်ကြားပေးခြင်း၊ မဒ်ရဆာကျောင်းများက လက်တွေ့ဘဝ နှင့်ဝေးကွာ သွားခြင်း၊ နာမ်ရေးရာထိုင်ဝိုင်းများက ရုပ်လွန်သက်သက်၌သာ နစ်မြုပ်နေခြင်း၊ စစ်ကျောင်းများက အင်အားသုံးရန် သက်သက်ကိုသာ ကန့်သတ်သင်ကြားပေးခြင်း စသည်တို့ကြောင့် ၎င်းတို့အားလုံး ပညာရေး အရ ပူးပေါင်း ဆောင်ရွက်ရန် လုံးဝမဖြစ်နိုင်ပေ။
ဆူဖီထိုင်ဝိုင်းများက သူတို့ကိုသူတို့ နာမ်ရေးရာစံနှုန်းတန်ဖိုးများတိုးတက်အောင် မိမိတို့၏သွန်သင်မှုဖြင့် ဂရုတစိုက် လုပ်ကြသော်လည်း ခေတ်ပေါ်လူ့အဖွဲ့အစည်း၏ စိန်ခေါ်မှုများအတွက် လိုအပ်ချက်များကို မဖြည့် ဆည်းနိုင်ခဲ့ပေ။ ဂူလန်အသုံးအနှုန်းအရ သူတို့သည် ရှေးရာစုနှစ်ပေါင်းများစွာ၌ရှိခဲ့သော သူတော်စင်များ၏ အံ့ ဖွယ် လုပ်ရပ်များနှင့်ကောင်းမှုသီလများအကြောင်း တဖွဖွပြောဆိုလျက် ဖြေသိမ့်နေကြသည်။ လွန်ခဲ့သောဆယ်စု နှစ်များ၌ ဆူဖီဝါဒက ခေတ်သစ်မွတ်စလင်များအတွက် လိုအပ်သောလမ်းညွှန်မှုများ မပေးစွမ်းနိုင်သောကြောင့် ဆူဖီ လမ်းစဉ်မှ နိမ့်ဆင်းသွားသော်လည်း အနာဂတ်အတွက် နာမ်ရေးရာကျင့်စဉ်နှင့် လမ်းညွှန်မှုသစ်ဖြင့် အား သစ်လောင်း စေနိုင်သည့် ဆူဖီအစဉ်အလာတစ်ခုဖြင့် ချဉ်းကပ်၍ ပြန်လည်အသက်သွင်းနိုင်သည်။
အကြောင်းမှာ ယဉ်ကျေးမှုတိုးတက်ရန် အဓိကကြိုတင်မြင်ဆင်ရမည့်အချက်မှာ ခေတ်နောက်ပြန်ဆုတ် ပြီး အကျိုးမပေးသော စိတ်သဘောထားများအား ပြောင်းစေခြင်းဖြစ်လျှင် ထိုသို့ပြောင်းလဲပေးနိုင်သည့် တစ်ခု တည်းသော နည်းလမ်းသည် ကိုယ်ပိုင်ကန့်သတ်ချက်များကိုလက်ခံ၍ မိမိ၏လှုံ့ဆော်မှု (စိတ်လိုက်မာန်ပါလုပ် ခြင်း)ကို ထိန်းချုပ်ပြီး ကောင်းမှုသီလနှင့် ဉာဏ်ပညာအတွက် ရုန်းကန်စေမည့် အရင်းခံအကြောင်းအား ရှာတွေ့ ခြင်းဖြစ်သည်။
ဤသည်ပင် ဆရာကြီးဂူလန်ပြောခဲ့သည့် ဆူဖီဝါဒအကြောင်းစုံဖြစ်သည်။ အစ္စလာမ့်နာမ်ရေးရာဘဝ သည် ခြိုးခြံခြင်း၊ ပုံမှန်ဝတ်ပြုခြင်း၊ မကောင်းမှုအကြီးအသေးဟူသမျှကို ရှောင်ကြဉ်ခြင်း၊ စိတ်စေတနာဖြူစင်ခြင်း၊ ဖြူစင်သော ရည်စူးချက်ထားခြင်း၊ မေတ္တာထားခြင်း၊ စာနာစိတ်ရှိခြင်း၊ မိမိ၏အားနည်းမှုနှင့် အထီးကျန်မှုဝန်ခံခြင်း စသည်တို့ အပေါ်အခြေခံ၍ ၎င်းတို့သည်ဆူဖီဝါဒ၏အဓိကအကြောင်းအရာ ဖြစ်လာသည်။
ဆူဖီလေ့ကျင့်မှုကို မွတ်စလင်အတွက် အစ္စလာမ့်အတွင်းဒိုင်မင်းရှင်းအား ဉာဏ်အလင်းဆောင်သည့် စည်းမျဉ်း တစ်ခုပမာ စေ့စေ့စပ်စပ် ရင်ဆိုင်နိုင်စွမ်းရှိအောင် စီစဉ်ရမည်။ သို့သော် ခေတ်ပေါ်စိန်ခေါ်မှုများကို အကျိုး မပေးသော အတွေးအခေါ်မဲ့အရာများအား လက်ခံခြင်း သို့မဟုတ် ဒေသတကြီးငြင်းပယ်ခြင်းစသော ထောင်ချောက် ထဲ့သို့ မကျရောက်စေဘဲ သင့်တင့်မျှတအောင် ရင်ဆိုင်ဖြေရှင်းနိုင်ရမည်။ ခေတ်သစ်လူသားအား လုံး ရင်ဆိုင်နေရသော မေးခွန်းမှာ လူ့အရည်အသွေး၊ ကောင်းမြတ်သောအပြုအမူ၊ သူတစ်ပါးအပေါ်မေတ္တာ ထားခြင်း၊ မိမိဘဝတိုးတက် စေမည့် စိတ်အားထက်သန်မှု၊ အများအကျိုးဆောင်ရွက်စေမည့် တက်ကြွသောဆန္ဒ၊ ကမ္ဘာကြီး၌ အပြောင်းအလဲဖြစ် စေလိုသည့်စိတ်ထား၊ အဆိုပါဆန္ဒနှင့်အညီလုပ်ခြင်းဖြင့် ကြုံတွေ့လာသော တန်ပြန် အကျိုးသက် ရောက်မှုနှင့် ဆုံးရှုံးမှုတို့ကို ရင်ဆိုင်ဖြေရှင်းရာတွင် လိုအပ်သော ဇွဲလုံ့လဝီရိယစသည်တို့ တိုးတက်အောင် မည်သို့လုပ်ဆောင် ရမည်နည်းဟူသော အချက်ဖြစ်သည်။
မွတ်စလင်အဖို့ ဂူလန်အမြင်အရ ဆူဖီအတွေးအခေါ်ရှင်ဟူသည် ရာစုနှစ်ပေါင်းများစွာ နိမ့်ဆင်းလာခဲ့ သော အခြေအနေများကို မေးခွန်းများဖြင့် ဆက်စပ်တွေးခေါ်၍ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် လက်တွေ့ ကျသော နည်းစနစ်များကို ချမှတ်လိုက်နာသူများသာ ဖြစ်သည်။
အကယ်၍ ခေတ်သစ်မွတ်စလင်များက ခေတ်ဆန်မှု၌ စေ့စေ့စပ်စပ် ပါဝင်ဆောင်ရွက်လိုပြီး လိုအပ်သော အပြောင်းအလဲများပြုလုပ်လိုပါက လူတိုင်းအမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မိမိကိုယ်တိုင် စတင်လုပ်ရမည်။ ဆူဖီဝါဒက ရာစုနှစ်ပေါင်းများစွာကတည်းက လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့သော ဉာဏ်အမြော်အမြင်များကို တစ်ဦးစီ၏ စိတ်ဓါတ်ရေးရာ၊ နက်ရှိုင်းသည့်မေတ္တာ၊ အတုယူဖွယ်ရာ ကိုယ်ကျင့်တရားကောင်းများနှင့် လူ့ဘောင် အဖွဲ့အစည်းတိုးတက်ရန် လုပ်ဆောင်စဉ် လိုအပ်သော ရဲစွမ်းသတ္တိစသည်တို့ကို ရှေ့သို့တက်လှမ်းနိုင်သည့် အပြောင်း အလဲတစ်ခုအဖြစ် ကမ်းလှမ်းသည်။
ဆူဖီဝါဒက ပေးကမ်းသည့်နာမ်ရေးရာကျင့်ကြံမှုအစီအစဉ်အား ခေတ်သစ်သိပ္ပံပညာမှသည် ၎င်း၏ကျင့် ဝတ်ဆိုင်ရာ အားနည်းချက်နှင့် လက်တွေ့သမားများ၏ စည်းမျဉ်းဘောင်အကန့်အသတ်အထိ အားလုံးကို ဆန်း စစ်ဖြူစင်သည့် ခိုင်မာသောအခြေခံတစ်ခုဖြင့် ကမ်းလှမ်းပံ့ပိုးထားသည်။ ဤနည်းအားဖြင့် သိပ္ပံနှင့် လူသားဆန်မှု ကို လည်းကောင်း၊ သိပ္ပံဆိုင်ရာတန်ဖိုးများနှင့် လူ့စံနှုန်းတန်ဖိုးများ၊ ဘဝကိုသိပ္ပံနှင့် ဘာသာရေးနှစ်မျိုးစလုံးဖြင့် ချဉ်းကပ်ခြင်းစသည့် သီးခြားစီဖြစ်နေသော ကွဲလွဲချက်များကို သင့်မြတ်အောင် ပေါင်းစပ်ပေးနိုင်သည်။ ဤသည် ပင် ပညာမျှဝေ သင်ကြားပေးသူများ၊ ပညာရှင်များနှင့် ယနေ့ခေတ်စေ့စပ်ဖြန်ဖြေသူများ ကြုံတွေ့နေသော စိန်ခေါ် မှုများဖြစ်သည်။

Thomas Micheal
Peace and Dialogue In A Plural Society
http://www.alinn-u-yin.com/archives/1349
Share:

01 August, 2017

ခရီးသည်တင်လေယာဉ်ကြီး မိုးသီးများ ထိမှန် ပျက်စီး၊ လေယာဉ် အရေးပေါ် ဆင်းသက်


ခရီးသည်တင်လေယာဉ်ကြီး မိုးသီးများ ထိမှန် ပျက်စီး၊ လေယာဉ် အရေးပေါ် ဆင်းသက်

ဓာတ်ပုံ - social media/east2west news

  ဓာတ်ပုံ - social media/east2west news

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ဇူလိုင် ၂၈ ရက်နေ့က ရာသီဥတု ဆိုးရွားပြီး မိုးသီးတွေ ကြွေကျခဲ့လို့ ခရီးသည် ၁၂၇ ဦး သယ်ဆောင်လာတဲ့ လေယာဉ်ကြီးကို မိုးသီးအကြီးကြီး ထိမှန်ကာ လေကာမှန်ကွဲသွားပြီး လေယာဉ်ခေါင်းပိုင်းနဲ့ လေယာဉ်မှူးအခန်း အကြီးအကျယ် ပျက်စီးသွားလို့ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။
လေယာဉ်မှူးက အစ္စတန်ဘူလ်မြို့ အတာတက်လေဆိပ်မှာ လေယာဉ်ကို လုံခြုံစိတ်ချစွာ ဆင်းသက်ပြီး လေယာဉ်ပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ ခရီးသည်တွေရဲ့အသက်ကို ကယ်တင်လိုက်နိုင်တာပါ။
လေယာဉ်ကြီးက ဆိုက်ပရက်စ်မြောက်ပိုင်းကို ပျံသန်းဖို့ ထွက်ခွာပြီး ၁၀ မိနစ်အကြာ လေထဲ ၁၃၀၀ မီတာအမြင့်မှာ ပျံသန်းနေစဉ်အတွင်း လျှပ်စီးလက် မိုးခြိမ်းလာပြီး မိုးသီးအကြီးကြီးက လေယာဉ်ကို ထိမှန် ခဲ့တာပါ။
ဒီ့နောက် လေယာဉ်ကြီးရဲ့အပြင်ပိုင်း အများကြီးပျက်စီးခဲ့တယ်၊ လေယာဉ်မှူးအခန်း ပြတင်းပေါက် အပျက် အစီး ကလည်း လေယာဉ်မှူး မြေပြင်ကို ဆင်းသက်နိုင်အောင် ကောင်းကောင်းမမြင်ရလို့ အတားအဆီး လို ဖြစ်နေတယ်လို့ ဆိုပါတယ်။
ရာသီဥတုဆိုးရွားလို့ ပိတ်ထားတဲ့ အတာတက်လေဆိပ်က လေယာဉ်ဆင်းသက်ဖို့ ခွင့်ပြုခဲ့ပါတယ်။
မြေပြင်ပေါ် လေယာဉ်ဆင်းသက်စဉ် ခရီးသည်တချို့ရဲ့ အော်ဟစ် ဆုတောင်းသံတွေကိုလည်း ကြားနေရ ပါတယ်။
လေယာဉ်မှူးက “မိုးသီးကြီးက ကြက်ဥထက်ကြီးမယ်၊ အဲ့ဒါထိပြီး လေယာဉ်မှာ ကွဲကြောင်းအကြီးကြီး ဖြစ်သွားတယ်၊ လေယာဉ်ရဲ့ အော်တိုပိုင်းလော့လို့ခေါ်တဲ့ အလိုအလျောက်ထိန်း ကိရိယာလည်း အလုပ်မလုပ်တော့ဘူး” လို့ ပြောပါတယ်။
“ကျနော် လေယာဉ်မောင်းတာ နှစ် ၃၀ ရှိပြီ၊ လေယာဉ် ဘယ်လိုဆင်းလာတယ်ဆိုတာ ခင်ဗျားတို့မြင် တယ်နော်၊ ဒါက ကျနော်တို့ရဲ့အလုပ်မှာ ဘယ်လောက် ယုံကြည်အားထားရတယ် ဆိုတာကို ပြတာပဲ၊ ကျနော်တို့ရဲ့ ရေဒါက ဒီဆိုးဝါးတဲ့ ရာသီဥတုကို မပြသခဲ့ဘူး၊ ဒါကြောင့် ဒီလိုဖြစ်တာ၊ ခက်ခဲပေမယ့် ခရီးသည်တွေအားလုံး အသက်ရှင်တယ်” လို့ လေယာဉ်မှူးက ဆက်ပြောပါတယ်။
ယူကရိန်းသမ္မတက လေယာဉ်မှူးကို ဂုဏ်ပြုဖို့နဲ့ Ukraine Order of Courage ဆုပေးဖို့ ဖုန်းခေါ်ဆိုခဲ့တယ်၊ တခြားလေယာဉ်က လေယာဉ်မှူးတွေကလည်း ဂုဏ်ပြုခဲ့ကြတယ်လို့ မေရာသတင်းမှာ ဇူလိုင် ၃၁ ရက်နေ့က ဖော်ပြထားပါတယ်။
Share:

ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ လက်ခံသင့်သလား

ကိုဉာဏ်ဝင်းအောင်VOA

ရခိုင်အရေးနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (fact-finding mission)ကို မြန်မာနိုင်ငံလာရောက်ခွင့် ပေးခြင်းအားဖြင့် ကုလသမဂ္ဂရဲ့ထောက်ခံမှု ပိုရအောင် မြန်မာအစိုးရက ကြိုးစားသင့်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က တိုက်တွန်းလိုက် ပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ပြီးခဲ့ရက်ပိုင်းအတွင်း ခေါင်းဆောင် အပြောင်း အလဲ လုပ်လိုက်ပြီး နောက်ပိုင်း အခုလို ပြောဆိုလိုက်တာပါ။ ကိုဉာဏ်ဝင်းအောင်က ဆက်ပြီး တင်ပြပါမယ်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖေါက်မှု အထူးသဖြင့် ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်တဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြီးခဲ့တဲ့ မေလကုန်မှာ ဖွဲ့စည်းခဲ့တာပါ။ အဖွဲ့ဝင်(၃)ဦးပါတဲ့ ဒီအချက်အလက် ရှာဖွေရေးအဖွဲ့မှာ ကနဦးက ဥက္ကဌအဖြစ် အိန္ဒိယ တရားရုံးချုပ်ရှေ့နေ Ms. Indira Jaising ကိုခန့်ထားခဲ့ရာက၊ သူ့နေရာမှာ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း Marzuki Darusman ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အစားထိုး ခန့်အပ်လိုက်ပါတယ်။ ကုလသမဂ္ဂဘက် ကတော့ ဘာကြောင့်အစားထိုး ခန့်အပ်တယ်ဆိုတဲ့ အကြောင်းပြချက် မပေးခဲ့ပါဘူး။
ရခိုင်အရေးနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံလာခွင့် ပေးခြင်း အားဖြင့်   ကုလသမဂ္ဂရဲ့ထောက်ခံမှု ပိုရအောင် မြန်မာအစိုးရက ကြိုးစားသင့်တယ်လို့ HRW က တိုက်တွန်းကြောင်း HRW အဖွဲ့ အာရှရေးရာတာဝန်ခံ Mr. Brad Adams က ပြောပါတယ်။
“ ဒီအချက်အလက်ရှာဖွေရေးအဖွဲ့ကို Marzuki က ကောင်းစွာ ဦးဆောင်နိုင်မှာပါ။ အကယ်၍ မြန်မာအစိုးရက ဒီအဖွဲ့ကို လက်မခံပဲ ဆက်ငြင်း နေမယ်ဆိုရင် အဲဒီအဖွဲ့က ရှာဖွေတင်ပြမယ့် အချက် အလက်တွေ၊ မှတ်ချက်ပေး ရေးသားချက်တွေထဲမှာ မြန်မာအစိုးရရဲ့ သဘောထားတွေကို ထင်ဟပ်ပြီး ထည့်သွင်းဖေါ်ပြခွင့်တွေ လက်လွတ် ဆုံးရှုံးသွားပါလိမ့်မယ်။ အချက်အလက် ရှာဖွေရေးအဖွဲ့က တင်သွင်းမယ့် အစီရင်ခံစာဟာ သိပ်ကို အရေးကြီးပြီး၊ ထိရောက်မှု ရှိလိမ့်မယ်ဆိုတာ မြန်မာအစိုးရအနေနဲ့ သိနိုင်မှာပါ”
ကုလသမဂ္ဂဘက်ကသာ တစုံတရာ အလျှော့အတင်း လုပ်လာခဲ့ရင် ဒီ အချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာပြည်တွင်း စုံစမ်းခွင့်ပေးဖို့ စဉ်းစား သင့်တယ်လို့ အမေရိကန်နိုင်ငံမှာနေတဲ့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေက မြင်ပါတယ်။
“ကုလသမဂ္ဂကနေပြီးတော့ ဘယ်ပုဂ္ဂိုလ် ခေါင်းဆောင်ပြီးလာလာ ဘာကြောင့်မြန်မာနိုင်ငံ အစိုးရကတော့ လက်မခံသလဲဆိုတဲ့ အကြောင်းကတော့ အစိုးရဘက်မှာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိနေလို့ ယူဆရပါတယ်။ ဒီအရေးကိစ္စက သာမန်လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတူတဲ့ အခြေအနေတရပ်ကို လေ့လာစုံစမ်းမယ့်အဖွဲ့ဖြစ်တော့ လူ့အခွင့်အရေးထောင့်တခုတည်းနဲ့တော့ ကျနော်တို့ လက်ရှိအစိုးရက ဆုံးဖြတ်ချင်မှ ဆုံးဖြတ်မယ်။ ကျနော်မြင်တာကတော့ ကုလသမဂ္ဂဘက်က တကယ်လည်း တစုံတရာတခု အလျှော့အတင်းလုပ်တယ်ဆိုရင် အစိုးရဘက်ကလည်း လုပ်ကောင်းလုပ်လာနိုင်တယ်။ လုပ်လည်းလုပ်သင့် တယ်လို့ ကျနော်ကတော့ မြင်ပါတယ်ခင်ဗျ။”
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဌသစ် ဖြစ်လာတဲ့ Marzuki Darusman ဟာ အာရှနိုင်ငံသားတဦး ဖြစ်တာက တကြောင်း၊ သမာသမတ်ကျပြီး သူ့အလုပ်ကို ကျွမ်းကျင်စွာ လုပ်သူဖြစ်တာကြောင့် မြန်မာအစိုးရနဲ့ အဆင်ပြေအောင် လက်တွဲလုပ်နိုင်သူ ဖြစ်လိမ့်မယ်လို့ HRW အဖွဲ့ Mr. Brad Adams ကသုံးသပ်ပါတယ်။
“ Marzuki Darusman ဟာ အာဆီယံနိုင်ငံသား တဦးဖြစ်တာကြောင့် မြန်မာအစိုးရနဲ့လည်း ဆက်ဆံရေး အဆင်ပြေမှာပါ။ သူ့ရဲ့ အလုပ်ရာဇဝင်ကို ပြန်ကြည့်ရင် သူဟာ မြောက်ကိုရီးယား အရေးမှာရော သီရိလင်္ကာ လူ့အခွင့်အရေးကိစမှာပါ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ကျန်တဲ့ အဖွဲ့ဝင် ၂ဦးရဲ့ ရာဇဝင် ကိုကြည့်ရင်လဲ သူတို့အားလုံးဟာ ရိုးသားပြီး သမာသမတ်ကျစွာနဲ့ အခြားနိုင်ငံတွေရဲ့ လူ့အခွင့်အရေး ကိစ္စတွေမှာ လုပ်ဆောင်ခဲ့တာကြောင့် မြန်မာအစိုးရက ဒီအဖွဲ့ကို လက်တွဲလုပ်ကြည့်ဖို့ လိုပါတယ်။”
ရခိုင်ပြည်နယ်မှာ စစ်တပ်အပါဝင် လုံခြုံရေးတပ်ဖွဲ့တွေရဲ့လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုစုံစမ်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အချက်အလက် ရှာဖွေရေးအဖွဲ့ကို စေလွှတ်မယ်လို့ ပြောချိန်ကစပြီး၊ ဒီအဖွဲ့ကို အဝင်မခံနိုင်ဘူးလို့ မြန်မာအစိုးရက တောက်လျှောက် ငြင်းဆိုလာခဲ့တာပါ။ ဒီလို ဆက်ပြီးပိတ်ဆို့ ငြင်းဆန်နေရင် ကုလသမဂ္ဂရဲ့ ပြစ်တင်ဝေဖန်မှုတွေ ပိုပြီးခံလာရဖွယ်ရှိပေမယ့် ဒါကို မြန်အစိုးရက ကိုယ်တွယ်နိုင်လိမ့်မယ်လို့ မြင်ကြောင်း ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။
“လက်မခံလိုက်လို့ လက်တလော အနုတ်သဘောဆောင်တဲ့ တုံ့ပြန်မှုကတော့ သိပ်ကြီးကျယ်မယ်လို့တော့ ကျနော်မထင်ဘူး။ သို့သော်ရေရှည်မှာ ဝေဖန်ပြစ်တင်မှုတွေခံရမယ်။ သို့သော်လည်း အချိန်တွေ အဆင့်တွေအများကြီးကျော်ဖြတ်ပြီးမှ တစုံတရာဖြစ်လာမယ် လို့ မှန်းကြည့်ရပါတယ်ခင်ဗျာ။”
အသစ်ဖွဲ့ လိုက်တဲ့ မြန်မာပြည်ဆိုင်ရာ ကုလ အချက်အလက်ရှာဖွေရေး အဖွဲ့ကို အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း Marzuki Darusman က ဦးဆောင်မှာ ဖြစ်ပြီး၊ သီရိလင်္ကာနိုင်ငံက လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဟောင်း Radhika Coomaraswamy၊ သြစတြေးလျနိုင်ငံက နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် Christopher Dominic Sidoti တို့က အဖွဲ့ဝင်တွေအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။
Share:

31 July, 2017

ရုရှားပေါ် အမေရိကန် အပြင်းအထန် ဒဏ်ခတ်


ပြီးခဲ့တဲ့ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲကို ရုရှားက အင်တာနက်ကနေ ထိုးဖောက် တိုက်ခိုက်ပြီး အနှောက်အယှက် ပေးခဲ့တာ နဲ့ မော်စကိုမြို့မှာရှိနေတဲ့ အမေရိကန်သံတမန်တွေကို အနှောက်အယှက်ပြုတာ အပါအ၀င် ရုရှားရဲ့လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေကို သမ္မတ ဘရာ့ခ် အိုဘားမားက ချမှတ်လိုက်ပါတယ်။
နိုင်ငံတကာမှာ အခိုင်အမာ လက်ခံထားတဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို ချိုးဖောက်ပြီး အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်ခဲ့တဲ့အတွက် ရုရှားအပေါ် အခုလို အရေးယူတာဟာ သင့်တော်တဲ့တုံ့ပြန်မှုဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
ကြာသပတေးနေ့က သမ္မတအမိန့်နဲ့ ချမှတ်လိုက်တဲ့ ဒဏ်ခတ်မှုတွေထဲမှာတော့ GRU နဲ့ FSB ရုရှား ထောက်လှမ်းရေးအဖွဲ့ နှစ်ခုနဲ့ GRU ထောက်လှမ်းရေးအဖွဲ့က တာဝန်ရှိသူလေးဦး၊ GRU ကို ငွေကြေး ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီ သုံးခု စုစုပေါင်း လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ကိုးခု ပါဝင်ပါတယ်။
ဒါ့အပြင် အမေရိကန်ဘဏ်တွေ၊ ကုမ္ပဏီတွေနဲ တခြား အမေရိကန်လုပ်ငန်းတွေ ကနေ ဒေါ်လာ သန်း ၁၀၀ ကျော်ကို ဆိုင်ဘာ အင်တာနက်ကနေ ခိုးယူခဲ့တဲ့ ရာဇ၀တ်သားနှစ်ဦးအဖြစ် အမေရိကန်ဘဏ္ဍာရေးဌာနက ပြောထားတဲ့ Evgeniy Bogachev နဲ့ Aleksey Belan တို့နှစ်ဦးကိုလည်း အခုဒဏ်ခတ်ပိတ်ဆို့သူတွေထဲမှာ ထည့်သွင်းထားပါတယ်။
ဝါရှင်တန်မြို့တော်နဲ့ ဆန်ဖရန်ဆစ္စကိုမြို့က ကောင်စစ်ဝန်ရုံးတွေမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ရုရှားအစိုးရ အရာရှိ ၃၅ ယောက်ကိုလည်း သံတမန် ကျင့်ဝတ်တွေနဲ့မကိုက်ညီစွာ ပြုမူ ဆောင်ရွက်ခဲ့ကြတဲ့အတွက် အမေရိကန်ပြည်ထောင်စုကနေ ၇၂ နာရီအတွင်း ထွက်ခွာဖို့ အမိန့်ထုတ်ထား ပါတယ်။
Share:

အမေရိကန်သံဝန်ထမ်း ၇၅၅ ဦးကို ရုရှားနှင်ထုတ်


ရုရှားရှိ အမေရိကန်သံရုံး
အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ လူပေါင်း ၁ ထောင်ကျော် အလုပ်လုပ်နေကြပြီး အဲဒီထဲက ၇၅၅ ယောက်အနေနဲ့ ရုရှား မှာ သူတို့လုပ်နေတာကို ရပ်ပစ်ရမယ်လို့ သမ္မတပူတင်က ရုရှား ရုပ်သံသတင်း ဌာနတခု ကို ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုကို လက်တုန့်ပြန်တဲ့ နောက်ထပ်လုပ်ဆောင်မှုတွေကို ရုရှားအနေနဲ့ လုပ်နိုင်ခြေ ရှိပေမဲ့ အခုချိန်ထိတော့ ဒါကို သူ မလုပ်သေးဘူးလို့ ရုရှားသမ္မတကပြောပါတယ်။ အမေရိကန် သံဝန်ထမ်း ၇၅၀ ကျော် စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ရုရှားကနေ ထွက်သွားရမယ်လို့ နှင်ထုတ် လိုက်တာကြောင့် သူတို့နှစ်နိုင်ငံရဲ့ တနိုင်ငံချင်းစီမှာရှိနေတဲ့ သံဝန်ထမ်းအရေအတွက်ဟာ ၄၅၅ ယောက်စီ နဲ့ အတူတူဖြစ်သွား လိမ့်မယ်လို့ ရုရှားအစိုးရကပြောပါတယ်။
ဒီလက်တုန့်ပြန် လုပ်ဆောင်ချက်ဟာ သိပ်ကိုနောက်ကျနေပါပြီလို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က အမေရိကန် ABC ရုပ်သံသတင်းဌာနကို အစောပိုင်းမှာ ပြောခဲ့ပါသေးတယ်။ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားတို့အပေါ် ဒဏ်ခတ် အရေးယူမှုအသစ်တွေချမှတ်မယ့် ဥပဒေမူကြမ်းကို ကွန်ဂရက် လွှတ်တော်က တညီတညွတ်ထဲ အတည်ပြုထားတာဖြစ်ပြီး သမ္မတ ထရမ့်ပ်က လက်မှတ်ထိုးမယ်လို့ သမ္မတအိမ်ဖြူတော်ကပြောထားပါတယ်။

https://burmese.voanews.com/a/russia-react-on-us-sanction-/3965682.html


Share:

မြန်မာနဲ့ ကုလသမဂ္ဂ ဆက်ဆံရေး

31 ဇူလိုင်၊ 2017

ဒေါက်တာဒေါ်ရင်ရင်နွယ် (UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့  တရုတ်နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်)
ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ ဒီမိုကရေစီအသွင်ပြောင်းဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံ အတွင်း ကုလသမဂ္ဂ နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့  အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့  တရုတ်နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တာဝန်အပါအဝင်၊ ကုလသမဂ္ဂမှာ နှစ်ပေါင်း နှစ်ဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဒေါ်ရင်ရင်နွယ် ကို VOA က ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ဆရာမဒေါ်ရင်နွယ် အခု ကျမတို့ VOA ကို လာရောက်ပြီးတော့ ဆွေးနွေးပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဆိုတော့ ပထမဦးဆုံး ဆရာမဒေါ်ရင်နွယ်က တရုတ်နိုင်ငံမှာ UNICEF ရဲ့  ဌာနေကိုယ်စားလှယ်အဖြစ်နဲ့ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တယ်။ နောက် ကုလသမဂ္ဂမှာလည်း နှစ်အကြာဆုံး (၂၁) နှစ်ကျော်ကျော် တာဝန်ထမ်းဆောင်ခဲ့တာပါ။ တရုတ်နိုင်ငံမှာ တာဝန်ထမ်းဆောင် နေတဲ့ အချိန်မှာ ကုလသမဂ္ဂရဲ့  လုပ်ပိုင်ခွင့်တွေ၊ ကုလသမဂ္ဂနဲ့ တရုတ်အစိုးရ ဆက်ဆံတာတွေ၊ ဒီကြားထဲမှာ အခြေအနေတွေ ကျမတို့ နည်းနည်းသိပါရစေ။
ဒေါက်တာဒေါ်ရင်ရင်နွယ် ။ ။ ကုလသမဂ္ဂက တရုတ်နိုင်ငံကို UNOHCHR လို့ခေါ်တဲ့ လူ့အခွင့်အရေး ကုလသမဂ္ဂအဖွဲ့ကို တရုတ်ပြည်မှာ ရုံးထောင်ခွင့်တောင်းတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အစိုးရက မပေးဘူး။ အဲဒါတချက်။ လုံးဝမပေးဘူး။ လာလို့တော့ရတယ်။ ဒါပေမဲ့ မပေးဘူး။ နောင်တခုက ချင်းဟိုင်၊ စက်ချွမ်တို့မှာ ငလျင်ဖြစ်တော့ ကျမ ရှေ့ ဆုံးက။ အဲဒီမှာ ဘာတွေ့ရလဲဆိုတော့ သဘာဝဘေးအန္တရာယ် ကိုင်တွယ်ခဲ့တာ၊ ရှင်ကျန်လူမျိုးတွေနဲ့ တရုတ်လူမျိုးတွေနဲ့ ပဋိပက္ခ ဖြစ်တာတွေကော ကျမတို့သွားတယ်။ သွားချင်တိုင်းသွားလို့ မရဘူး။ အစိုးရ ခွင့်ပြုချက်မပါဘဲ သွားလို့မရဘူး။ လုံးဝလေယာဉ်ပျံပေါ်တောင် တက်ခွင့်မရှိဘူး။ အစိုးရ ခွင့်ပြုချက်မပါဘဲ။ တရုတ်အစိုးရကလည်း ရှင်းလင်းပြတ်သားပါတယ်။ သူ လုံးဝပေးမသွားတဲ့နေရာတွေကို သွားလို့မရဘူး။ လုံခြုံရေးအရဖြစ်ဖြစ်၊ နိုင်ငံရဲ့  ဂုဏ်သိက္ခာကျမှာ စိုးလို့ပဲဖြစ်ဖြစ်၊ ဥပမာ ပြိုသွားတဲ့ ကျောင်းတွေဘာတွေကို နောက်ပိုင်း နိုင်ငံခြားသားတွေကို ဓါတ်ပုံကို ပေးမရိုက်တော့ဘူး။
ဒေါ်ခင်မျိုးသက် ။ ။ ဆရာမက အင်ဒိုနီးရှားမှာလည်း ဆူနာမီငလျင် မလှုပ်ခင်ကတည်းက အဲဒီမှာ (၅) နှစ်ကျော်ကျော်လောုက် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဆိုတော့ အင်ဒိုနီးရှားအစိုးရနဲ့ ကုလသမဂ္ဂနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်တဲ့ အခြေအနေလေးတွေ နည်းနည်းတော့ ရှင်းပြပေးပါ။

ဒေါက်တာဒေါ်ရင်ရင်နွယ် ။ ။ အဲဒီအချိန်တုန်းက ဒီဇင်ဘာ (၂၆) ရက်၊ ၂၀၀၄ မှာ ဆူနာမိ ဖြစ်တုန်းက ကျမ အင်ဒိုနီးရှားမှာ UNICEF ဝန်ထမ်း နံပတ် (၂) နေရာမှာ ရှိပါတယ်။ အဲဒီအချိန်တုန်းက ဒေါ်ခင်မျိုးသက်လည်း ကြားဖူးပါလိမ့်မယ်။ အားလုံးပဲ ပျက်ဆီးသွားတယ်။ ရုံးတွေ၊ လူတွေက သိန်းနဲ့ချီ သေတယ်။ အဲဒီတော့ အဲဒီအချိန်တုံးက အင်ဒိုနီးရှားအစိုးရ က ရှင်းရှင်းပြောရင် တရုတ်လောက်တောင် မချမ်းသာပါဘူး။ မချမ်းသာတော့ ရေဘေးဒုက္ခသည်တွေ နေဖို့အတွက် ဒုက္ခသည်စခန်းတွေ ဆောက်ပေးတယ်။ ဆောက်ပေးတော့လည်း သူ့အနေနဲ့ ကောင်းကောင်းမွန်မွန် ဆောက်ပေးတယ်။ တတ်နိုင်သလောက်ပေါ့။ သစ်သားနဲ့ သွပ်မိုးတွေပါနဲ့။ အခိုင်အမာတော့ မဟုတ်ဘူး။ ယာယီဒုက္ခသည်စခန်းဆိုပြီ။ အဲဒီမှာ ဗမာပြည်မှာ နာမည်ကြီးနေတဲ့ UNHCR ဒုက္ခသည်များဆိုင်ရာအဖွဲ့က ပြောတယ် - ဒီဟာတွေဟာ အင်ဒိုနီးရှား ဆောက်တာက မကောင်းဘူး။ ဒါ သူတို့ နိုင်ငံတကာစံနှုန်းနဲ့ မမှီဘူးတဲ့။ ဒုက္ခသည်တွေ ဒီမှာနေဖို့ မသင့်တော်ဘူး။ ဘာညာဆိုပြီး ကန့်ကွက်တယ်။ အပြစ်ရှာတယ်။ အဲဒီတော့ အင်ဒိုနီးရှားအစိုးရက ဘာလုပ်လဲဆိုတော့ သူကပြောတယ် ဒါ ငါတို့တတ်နိုင်သလောက် ဆောက်တာ။ နောက်ပြီး UNHCR ဆိုတာလည်း ဒုက္ခသည်တွေနဲ့ပဲ ဆိုင်တဲ့အတွက် တကယ်တော့ အင်္ဂလိပ်လို တိတိကျကျပြောမယ်ဆိုရင် Refugee နဲ့ ဆိုင်တဲ့အတွက် - Refugee ဆိုတာ ဒီပြင်နိုင်ငံကလာတဲ့ ဒုက္ခသည်ကို ပြောတာ။ အဲဒီတော့ ကိုယ့်နိုင်ငံအတွင်းမှာ ရေဘေးဒုက္ခသည်ကို Refugee လို့ အင်္ဂလိပ်လို မခေါ်ဘူး။ အဲဒီတော့ ခင်များတို့နဲ့ မဆိုင်ဘူး။ ခင်များတို့ထွက်ဆိုပြီး တနှစ်လောက် ထုတ်ပစ်လိုက်တယ်။ နောက်တချက်က အာချဲလ်ပြည် နယ်မှာ ဆူနာမီ မဖြစ်ခင်လေးမှာ နှစ်ရှည်လများ အနှစ် (၃၀) လောက် စစ်ဖြစ်တယ်။ စစ်ဖြစ်တော့ စစ်ဖြစ်တဲ့ နေရာတွေကို သွားချင်တိုင်း သွားလို့မရဘူး။ ကျမတို့အနေနဲ့ ကလေး သူငယ်တွေ အတွက် ဆေးတွေပို့တာ၊ ဆေးတွေသိုလှောင်ထားဖို့ ရေခဲသေတ္တာပို့တာတို့ ဒါတွေ အတွက်တော့ သူတို့ ခွင့်ပြုတယ်။ သတင်းထောက်တို့ဘာတွေ ခွင့်မပြုဘူး။ UN ကိုလည်း ခွင့်မပြုဘူး။ အဖွဲ့တိုင်းကိုလည်း ခွင့်မပြုဘူး။
ဒေါ်ခင်မျိုးသက် ။ ။ အဲဒီအချိန်က အစိုးရ။ အစိုးရရဲ့  အကြံပေးအနေနဲ့ လုပ်ခဲ့ဖူးပါတယ်ဆိုတော့ အဲဒီက မြန်မာနိုင်ငံနဲ့ လုပ်ရတဲ့ အတွေ့အကြုံလေး နည်းနည်းပြောပြပေးပါ။ ဒီဟာလုပ်ရကိုင်ရတဲ့အနေ။ ကုလသမဂ္ဂ တခြားနိုင်ငံတွေမှာ လုပ်ရတာနဲ့ မြန်မာနိုင်ငံမှာ လုပ်ရတာ ဘာကွာလဲ။ သိချင်လို့ပါ။
ဒေါက်တာဒေါ်ရင်ရင်နွယ် ။ ။ ကျမအနေနဲ့ မြန်မာပညာရှင်အနေနဲ့ အစိုးရကို အကြံပေးတဲ့အဖွဲ့မှာ ဥက္ကဋ္ဌလုပ်တာ။ ရေကြီးရေလျှံ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်အတွေ့အကြုံ၊ ဆူနာမီ ရှစ်နိုင်ငံ အတွေ့အကြုံ။ နောက် အင်ဒိုနီးရှားအတွေ့အကြုံ ဒါတွေပါရှိတော့ အဲဒီတုန်းက ကျမကို ဥက္ကဋ္ဌအနေနဲ့ ခန့်လိုက်တာ။ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ရေကြီးရေလျှံ။ အဲဒီမှာ ကုလသမဂ္ဂအဖွဲ့တွေနဲ့ ကမ္ဘာ့ဘဏ်အဖွဲ့တွေနဲ့ လုပ်တယ်။ သူတို့က လုပ်တာတော့ စေတနာကောင်းပါတယ်။ တော်တော်များများ။ အထူးသဖြင့် UNDP က တော်တော်လေး စေတနာ ကောင်းတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံအကြောင်း မသိတာတွေ အများကြီးဆိုတော့ အမှားတွေ ရေးတာတွေပါတယ်။ ကျမတို့သာ မရှိဘူးဆိုရင် တော်တော်မှားယွင်းမယ်။ ဥပမာတချက် ပြောမယ်ဆိုရင် သူတို့ကပြောတယ် တုတ်ရှည်ရှည်နဲ့ရမ်းပြီး မြန်မာအမျိုးသမီးတွေက ရေတို့မြေတို့ ပိုင်ဆိုင်ခွင့် မရှိဘူးတဲ့။ အဲဒီတော့ ကျမပြောတယ် -- ဒါ ဘယ်ကလာလဲ။ “ဟုတ်ဘူးတဲ့ .. ဒီဥပဒေကို စာတမ်းတခုကတဲ့။” စာတမ်းကို ကျမ သွားကြည့်တော့ ဒါက အင်္ဂလိပ်မတယောက် ရေးထားတာ။ Oxfarm က အင်္ဂလိပ်မတယောက် ရေးထားတာ။ သူက မင်းဘူးဘက်ကိုသွားပြီး လူတွေ့ အင်တာဗျူးတွေလုပ်ပြီး အဲဒီလိုရေးတယ်။ ခက်တာက သူ အင်တာဗျူးလုပ်တဲ့လူတွောအားလုံးက ဆင်းရဲတဲ့ မိန်းမ၊ ယောက်ျား တယောက်မှ မြေမပိုင်ဘူး။ အဲဒါကြောင့် အဲဒီလိုဟာမျိုး။
ဒေါ်ခင်မျိုးသက် ။ ။ မကြာသေးခင်ကပဲ မြန်မာနိုင်ငံရဲ့  လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီလီ လာတယ်။ လာပြီးတော့ တတိယအကြိမ်မြောက် - ဒီအစိုးရ လက်ထက်မှာ လာပြီးတော့ ပြန်သွားတဲ့အခါမှာ အစီရင်ခံစာရေးတယ်။ ရေးတာကို လွှတ်တော်မှာ ပြင်းပြင်း ထန်ထန် ကန့်ကွက်ကြပါတယ်။ တချို့ ကဆိုရင် ရခိုင်ဘက်ကဆိုရင် ဘူးသီးတောင်ဘက်က ကိုယ်စားလှယ် တယောက်ကဆိုရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ မြန်မာနိုင်ငံထဲမှာ လုပ်ပုံကိုင်ပုံက ဒေသတွင်းမှာ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်စေတယ်။ ဒါကြောင့်မို့ နောက်ဆိုမလာဖို့တော့ တောင်းဆိုတဲ့အထိ ဖြစ်လာပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ မြန်မာနိုင်ငံထဲ လုပ်ပုံကိုင်ပုံနဲ့ ပတ်သက်ပြီး ဆရာမကိုယ်တိုင် အတွေ့အကြုံ အဲဒါလေးတွေကို နည်းနည်းပြောပြပေးပါ။ ဆရာမအနေနဲ့ ဘယ်လိုမြင်လဲ ကုလသမဂ္ဂရဲ့  အခန်းကဏ္ဍ။
ဒေါက်တာဒေါ်ရင်ရင်နွယ် ။ ။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေရဲ့  အခန်းကဏ္ဍကို ပြောချင်ပါတယ်။ ဆိုတော့ ဒီကမ္ဘာမှာ UN မှာ (၁၉၂) နိုင်ငံ ရှိပါတယ်။ (၁၉၂) နိုင်ငံထဲက ဒီအထူး လူ့အခွင့်အရေး ကိုယ်စားလှယ်တွေ ခန့်ထားတဲ့ သူတို့ကိုခန့်တဲ့အဖွဲ့ Human Rights Council - လူ့အခွင့်အရေးကောင်စီလို့ ခေါ်တယ်။ ဒီလူ့အခွင့်အရေးကောင်စီရဲ့  တင်ပြချက်တွေက (၂၅) ချက် ရှိတယ်။ အဲဒီ (၂၅) ချက်မှာ (၂၀) က ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့ စာတမ်းတွေ။ အချက် (၂၀) က အစ္စရေးကိုပဲ ကန့်ကွက်တယ်။ အစ္စရေးဆိုတာ အရှေ့ အလယ်ပိုင်းမှာ တခုတည်းသော ဒီမိုကရေစီ။ အစ္စရေးကို ကန့်ကွက်တယ်။ လေးခုက မြန်မာနိုင်ငံကို ကန့်ကွက်တယ်။ တခုက မြောက်ကိုရီးယားကို ကန့်ကွက်တယ် ဆိုတော့ ကျန်တဲ့ (၁၈၉) မှာလည်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေက အများကြီးရှိတယ်။ အဲဒါ တခုမှ မပြောဘူး။ အဲဒီတော့ မစ္စယန်ဟီလီ ကို ပညာရှင်အနေနဲ့ လေးစားပါတယ်။ သို့သော်လဲပဲ သူကိုခန့်တဲ့ အဖွဲ့ကိုက သမာသမတ်လည်း မရှိဘူး။ နောက်ပြီး နိုင်ငံတိုင်းမှာလည်း သူတို့က မခန့်ရဲဘူး။ ဘာဖြစ်လို့မခန့်လဲ။ တရုတ်ပြည်တို့၊ ဗိယက်နမ်တို့ ဘာတို့က လက်မခံဘူး။ သူတို့ အထူးကိုယ်စားလှယ်တွေ ခန့်ထားတာ ရှစ်ယောက်လောက်ပဲ ရှိတယ်။ နောက်ပြီး ရှိသေးတယ် ပညာရှင်ဆိုပြီး ခန့်ထားတာ အားလုံးပေါင်းမှ (၁၂) ယောက်။ ဘယ်လိုပဲဖြစ်ဖြစ် လက်တစုပ်စာပဲရှိတယ်။ အဲဒီတော့ ကျမတို့နိုင်ငံအနေနဲ့ ငြင်းရင်ရတယ်။ လားအိုတုန်းက ငြင်းတယ်။ မလာနဲ့ဆိုပြီး ပေးမလာဘူး။ သီရိလင်္ကာလည်း ငြင်းမယ်ထင်တယ်။ လားအိုက ငြင်းတယ်။ ဖိလစ်ပိုင်က (၂၃) ခါ တောင်းဆိုခြင်း ခံရတယ်။ လာပါရစေ ဆိုပြီး၊ အင်ဒိုနီးရှားဆို (၂၁) ခါ တောင်းဆိုတယ်။ နှစ်ခါပဲ သူတို့ကို ပေးဝင်တယ်။ အဲဒီတော့ နောက်ဆုံးတော့ မေးစရာရှိတာက ပေးမဝင်တဲ့ အထူးကိုယ်စားလှယ်တွေကို ဘယ်လိုလုပ်လဲဆိုတော့ မြောက်ကိုရီးယားအတွက် ခန့်ထားတဲ့ ကိုယ်စားလှယ်က မြန်မာနိုင်ငံက ပရိသတ်တွေ သိပါတယ်။ မစ္စတာကန်တားနားပါ။ သူက မြောက်ကိုရီးယာအတွက်။ မြောက်ကိုရီးယားက လက်မခံတဲ့အတွက်ကြောင့် တောင်ကိုရီးယား၊ ဂျပန် နဲ့ တခြားနေရာကနေ သူ အစီရင်ခံစာတွေ တင်ရပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ကမ္ဘာက သတ်မှတ်ထားတာ။ အဲဒီအထဲမှာ မြန်မာနိုင်ငံက ပါနေတယ်။ မြန်မာနိုင်ငံကလည်း တနိုင်ငံအနေနဲ့ ပါနေတယ်။ ပါတယ်ဆိုတော့ ဒီလိုနိုင်ငံမျိုးကို ဒီလိုမျိုး အထူးကိုယ်စားလှယ်တွေ ခန့်ပြီးတော့လာဖို့ မသင့်ဘူးလား။
ဒေါက်တာဒေါ်ရင်ရင်နွယ် ။ ။ အဲဒါဆိုလို့ရှိရင် လူ့အခွင့်အရေး ချိုးဖောက်မှု ရှိတာတော့မှန်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံတခုတည်းလားလို့ မေးစရာ ဖြစ်လာတယ်။ ဘာဖြစ်လို့ မြန်မာနိုင်ငံထက် အခြေအနေ အများကြီး ဆိုးတဲ့ နိုင်ငံတွေကို သမာသမတ် မဆက်ဆံတာလဲ။ သူတို့ဆီကိုလည်း အားလုံးလွှတ်လေ။ နောက်တခု ကလဲ ဒီအထူးကိုယ်စားလှယ်တွေက ဘယ်လို အစီရင်ခံစာတွေ ထွက်လဲဆိုတာ ရှိတယ်။ သူတို့ အစီရင်ခံစာတွေက နိုင်ငံတခုရဲ့  အချုပ်အခြာ အာဏာကို လာထိရင်တော့ ဘယ်နိုင်ငံမှ သည်းညီးခံနိုင်မှာ မဟုတ်ဘူး။ Australia လို နိုင်ငံမျိုးလည်း လူ့အခွင့်အရေးကောင်စီနဲ့ ပြဿနာတတ်တယ်။ သူတို့ ခိုင်းထား တာတွေ Australia က မလုပ်လို့တဲ့။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံသားအဖြစ် ကျွန်းပေါ်မှာ တင်ထားတဲ့ ဒုက္ခသည်တွေကို Australia က လက်မခံလို့ဆိုပြီ။ မြန်မာနိုင်ငံလိုပဲ။ ဒါပေမဲ့ Australia ကိုကြတော့ မဆူမဆဲရဲဘူးလေ။ နိုင်ငံကြီးဆိုတော့။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီအရေး ဒီလိုမျိုး လျှောက်လှမ်းတဲ့အချိန်မှာ ကုလသမဂ္ဂ ကနေ ကုလသမဂ္ဂရဲ့  အခန်းကဏ္ဍ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ အဲဒါလေး အကျဉ်းရုံးပြောပြပေးပါ။

ဒေါက်တာဒေါ်ရင်ရင်နွယ် ။ ။ ကုလသမဂ္ဂက ကောင်းတာတွေ အများကြီးရှိပါတယ်။ ကောင်းတာ မကောင်းတာ ကိုယ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့အလျောက် အဲဒီ တိုင်းပြည်မှာရှိတဲ့ ဌာနေ ကိုယ်စားလှယ်တွေပေါ် မူတည်ပါတယ်။ လူပေါ် အများကြီးမူတည်တယ်။ နောက် ပိုက်ဆံ ဘယ်လောက်ရှိလဲ ဆိုတာလည်း မူတည်တယ်။ သူ့ရဲ့  ရုံးအဖွဲ့အစည်းမှာ ပိုက်ဆံ မရှိရင်၊ ပိုက်ဆံပေးတဲ့ နိုင်ငံတွေအကြိုက် လုပ်လိုက်တဲ့ ကုလသမဂ္ဂအဖွဲ့တွေလည်း ရှိပါတယ်။ တော်တော်များများက အဲဒီလိုပါပဲ။ ဒါပေမဲ့ မကောင်းဘူးလို့ မဆိုလိုဘူး။ ကျန်းမာရေး၊ ပညာရေးတို့ လူမှုရေးတို့ ဒါတွေ အများကြီး လုပ်စရာတွေ ရှိပါတယ်။ နိုင်ငံရေးကို ဝင်မစွက်ဘဲနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အခု ပြောတာတွေ တချို့  နိုင်ငံရေးကို ထိတယ်။ နောက်တခုက အချုပ်အခြာအာဏာကို လာထိတယ်။


ဒေါ်ခင်မျိုးသက် ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို VOA ကို လာပြီးတော့ ဆွေးနွေးပေးတဲ့အတွက်။

https://burmese.voanews.com/a/burma-democracy-affairs-un-role-in-country/3965684.html

Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.