• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

10 June, 2017

အောင်ဝင်းခိုင်ကို ဖမ်းနိုင်ချေ မရှိသေးလို့ မှုခင်းတပ်ဖွဲ့ပြော


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေးအဖွဲ့ဝင် ဦးကိုနီ အသတ်ခံရမှုမှာ တရားခံပြေး အောင်ဝင်းခိုင်ကို လောလောဆယ် ဖမ်းဆီး ရမိနိုင်မယ့် အခြေအနေ မရှိသေးတဲ့အကြောင်း နေပြည်တော် မှုခင်းရဲတပ်ဖွဲ့က ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးမှာ ဇွန်လ ၉ ရက်နေ့က လာရောက် ထွက်ဆိုခဲ့ပါတယ်။

အခုလို လာရောက် ထွက်ဆိုတဲ့နေရာမှာ အောင်ဝင်းခိုင် ပျောက်ဆုံးသွားတယ်ဆိုတဲ့ နေပြည်တော် ပရဆေးဥယျာဉ်အတွင်း၊ နေပြည်တော် အနီးတဝိုက်နဲ့ နယ်စပ်ဝင်ပေါက် ထွက်ပေါက်တွေမှာလည်း နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ရှာဖွေ စစ်ဆေးမှုတွေ လုပ်ခဲ့တာနဲ့ ပတ်သက်လို့လည်း မှုခင်းရဲတပ်ဖွဲ့က ရဲမှူးအပါအဝင် ရဲအရာရှိ လေးဦးနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၂ ဦးတို့က ရုံးတော်မှာ ထွက်ဆိုခဲ့ကြပါတယ်။

နေပြည်တော်မြို့ ရွှေကြာပင် ရပ်ကွက်က ဇေယျာဖြိုးကုမ္ပဏီကို ရဲတွေက စုံစမ်း မေးမြန်းတဲ့အခါမှာတော့ အောင်ဝင်းခိုင်ဟာ အခုလို ရဲတွေ လာရောက်မစုံစမ်းခင် ၂ ရက်အလို ဖေဖော်ဝါရီလ ၁၀ ရက်လောက်မှာ ကုမ္ပဏီကို လာရောက် ခဲ့ကြောင်း ဝန်ထမ်း ၂ ဦးက စစ်ချက်ထွက်ခဲ့တယ်လို့လည်း မှုခင်းရဲတပ်ဖွဲ့က တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

အောင်ဝင်းခိုင်ကို နောက်ဆုံး ရိုက်ကူးမိခဲ့တယ်ဆိုတဲ့ လုံခြုံရေးကင်မရာဟာလည်း ခြောက်ရက်သာ မှတ်သားထားနိုင်တဲ့အတွက် အဲဒီမှတ်တမ်းမရှိပဲ ဖြစ်နေပြီး ဒီအပိုင်းကို တာဝန်ယူရတဲ့ ရဲအရှိကိုလည်း စစ်ဆေးမှုတွေ လုပ်သင့်တယ်လို့ တရားလို ရှေ့နေ ဦးနေလက ဘီဘီစီကို ပြောပါတယ်။

နေပြည်တော် ပရဆေး ဥယျာဉ် ပတ်ဝန်းကျင်ဟာ လူဦးရေ မထူထပ်တဲ့အတွက် ရှာဖွေရ မခက်ခဲပဲ ဒီနယ်တဝိုက်မှာ မရှိတော့လို့သာ သူ့ကို မဖမ်းမိတာသေးတာလို့လည်း မှုခင်းတပ်ဖွဲ့က တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

အခုလို အောင်ဝင်းခိုင် လွတ်မြောက်နေတဲ့ တရားခံပြေးအမှုနဲ့ ပတ်သက်တဲ့ နောက်ထပ် သက်သေ ငါးယောက်ကို လုံလောက်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီးရင် ဖမ်းမိထားတဲ့ တရားခံတွေကို ဆက်လက် စစ်ဆေးမှာဖြစ်ပြီး တရားခံပြေး မိတဲ့အထိတော့ ရုံးတော်က စောင့်မှာ မဟုတ်ဘူးလို့ တရားခံ ရှေ့နေ ဦးအောင်ခိုင်က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး သတ်ဖြတ်မှု ကျူးလွန်သူ ကြည်လင်းနဲ့ ပူးတွဲ ကြံစည်သူ ဇေယျာဖြိုး အပါအဝင် နောက်ထပ် ပူးတွဲ ကြံစည်သူတွေလည်း ဖြစ်၊ တရားခံပြေး အောင်ဝင်းခိုင်နဲ့ ညီအကိုတော်သူတွေလည်း ဖြစ်တဲ့ အောင်ဝင်းဇော်နဲ့ အောင်ဝင်းဇော်တို့ကို ဖမ်းမိထားတာဖြစ်ပြီး အမှု သက်သေတွေကို စစ်ဆေးပြီးမှ သူတို့ကို စစ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဦးကိုနီ လုပ်ကြံခံရတာ လေးလကျော်ပြီ ဖြစ်ပေမယ့် အမှုရဲ့ အဓိက တရားခံပြေး ဖြစ်တဲ့ အောင်ဝင်းခိုင်နဲ့ ပတ်သက်ပြီး ရဲတွေဘက်က ခိုင်လုံတဲ့ အထောက်အထား မထုတ်ပြန်နိုင်သေးတဲ့အတွက် ဝေဖန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
Share:

09 June, 2017

လူငယ်ခေါင်းဆောင် သေဆုံးမှု ဘင်္ဂလားဒေ့ရှ်တွင် အုပ်စုဖွဲ့ တိုက်ခိုက်မှုများ ဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အာဏာရ ပါတီမှ လူငယ်ခေါင်းဆောင်တဦး သေဆုံးမှုအတွက် ဒေသခံ ဘင်္ဂါလီမွတ်စလင်များ၏ စွပ်စွဲမှု ခံနေရသော နိုင်ငံအရှေ့တောင်ပိုင်းမှ ဒေသခံတိုင်းရင်းသား ထောင်နှင့်ချီ ထွက်ပြေး တိမ်းရှောင်နေကြရသည် ဟု Asia News တွင် ဖော်ပြသည်။

ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ၏ အာဏာရ အဝါမီအဖွဲ့ချုပ်၏ လူငယ်အဖွဲ့အစည်း ဖြစ်သော ဂျူဘို အဖွဲ့ချုပ်၏ ခေါင်းဆောင်တဦး ဖြစ်သူ နာရူး အစ္စလမ် နာရန်း သေဆုံး ပြီးနောက် ဒေါသထွက်နေသော မွတ်စလင်လူအုပ်က ၎င်းတို့၏ နေအိမ်များကို မီးရှို့သောကြောင့် ရမ်ဂမ်မက်တီခရိုင်မှ ဗုဒ္ဓဘာသာ ချက်မာ အသိုင်းအဝန်းမှာ ထွက်ပြေးကြရသည်။

နာရန်း မည်သို့ သေဆုံးသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သူ၏ အလောင်းကို ဇွန်လ ၁ ရက်နေ့က လမ်းတခု အနီးတွင် တွေ့ခဲ့ရခြင်း ဖြစ်သည်။ ဘင်္ဂါလီများက ဒေသခံတိုင်းရင်းသားများ လက်ချက်ဟု စွပ်စွဲ အပြစ်တင်သော်လည်း ဒေသခံများက ထိုစွပ်စွဲချက်ကို ငြင်းဆိုသည်။

နာရန်း၏ ဈာပနအပြီးတွင် ဘင်္ဂါလီများသည် စစ်တကောင်း တောင်တန်းဒေသ ဒေသခံတိုင်းရင်းသားများကို ကိုယ်စားပြုသည့် ညီညွတ်သော ပြည်သူ့ပါတီဌာနချုပ်သို့ ချီတက်သွားကြသောအခါ အခြေအနေကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။ ထိုလူအုပ်သည် ပါတီ ဉက္ကဌ၏ နေအိမ်နှင့် သူ၏ရုံးလည်း ဖြစ်သောနေရာကို မီးရှို့ခဲ့သည်။ တိုက်ခိုက်သူများသည် နေအိမ်များကို မီးမရှို့မီ လုယက် ဖျက်ဆီးခဲ့သည်ဟု တိုက်ခိုက်ခံရသူများက ပြောသည်။

လန်ဂဒူရှိ လူနေအိမ်နှင့် စီးပွားရေး လုပ်ငန်း အဆောက်အအုံ ၈၀ ခန့်ဖျက်ဆီးခံရသည် ဟု ဆိုသော်လည်း ထွက်ပြေးလာသူများကမူ အဆောက်အအုံ အနည်းဆုံး ၃၀၀ ဖျက်ဆီးခံရသည် ဟု ပြောသည်။ အသက် ၇၅ နှစ်အရွယ် ချက်မာ တိုင်းရင်းသား တဦးမှာ မီးရှို့ခံရသော အဆောက်အအုံတခု အတွင်း သေဆုံးခဲ့သည် ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း စစ်တကောင်း တောင်ကြောဒေသ အကြမ်းဖက် တိုက်ခိုက် မီးရှို့မှု အပြီးတွင် ရဲတပ်ဖွဲ့က လူ ၁၀ ဦးကို ဖမ်းဆီးခဲ့သည်။

တိုင်းရင်းသား အသိုင်းအဝန်း၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအရ တိုးတက်သော အဖွဲ့အစည်းများ၊ လူမှုအခြေပြု အဖွဲ့အစည်း များမှ လူရာပေါင်းများစွာတို့က စစ်တကောင်း တောင်ကြောဒေသ ၃ ခု နှင့် ဒက်ကာမြို့တော်တို့တွင် ဇွန်လ ၂ ရက်နေ့မှ ၄ ရက်နေ့ အထိ ကန့်ကွက်ပွဲများ ပြုလုပ်ခဲ့သည်။

သောကြာနေ့က ဖြစ်ပွားခဲ့သော ရမ်ဂမ်မက်တီခရိုင် လန်ဂဒူ အပဇီလာမှ တိုင်းရင်းသားများ၏ အိမ်များကို မီးရှို့သူများအား အရေးယူရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တနင်္လာနေ့တွင် တောင်းဆိုခဲ့သည်။

“လန်ဂဒူ တိုက်ခိုက်မှုနဲ့ ပတ်သက်၍ ဇွန်လ ၅ ရက်နေ့က စတင်ပြီး ဖမ်းထားသူ ၁၂ ယောက်ရှိသည်။ နေအိမ်မီးရှို့ခံရသူများ ကို ဗဟိုအစိုးရက လျှော်ကြေး၊ အကူအညီပေးရန် ကတိပြုထားသည်။ ထိုအချက်များ ကိုကြိုဆိုရမည် ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ဒေသခံတိုင်းရင်းသားများကို တိုက်ခိုက်သော မွတ်စလင် ရွှေ့ပြောင်းနေထိုင်သူများကို အရေးယူရာတွင် ညံ့ဖျင်းသော မှတ်တမ်းရှိသည်” ဟု လန်ဒန်အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့သည် ကာဂရာ့ဟာရီခရိုင် ဒီဂီနာလာတွင် ထိုအကြမ်းဖက်မှုကို ဆန့်ကျင် ကန့်ကွက် သူများအား အာဏာပိုင်များက ဖမ်းဆီးထားသည်ကိုလည်း ထောက်ပြသည်။ “ထိုကန့်ကွက်ဆန္ဒပြပွဲမှာ ငြိမ်းချမ်း သော်လည်း စတင်ပြီး မကြာမီ စစ်တပ်နှင့် ရဲက အကြမ်းဖက်နှိမ်နင်းသည်။ စစ်သားများက ဆန္ဒပြသူများကို တုတ်များဖြင့် ရိုက်နှက်ကြသောကြောင့် အနည်းဆုံး လူ ၇ ဦးအနည်းငယ် ဒဏ်ရာရရှိသွားသည် ဟု ကြေညာချက်တွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်၏ စစ်တကောင်း တောင်တန်းဒေသတွင် တောင်ပေါ်နှင့် သစ်တောခရိုင် ၃ ခုပါဝင်ပြီး ဒေသခံလူမျိုးစု ၂၅ စု နေထိုင်ကြသည်။ အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ပြီး အချို့မှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်သည်။

၁၉၇၀ ခုနှစ် များတွင် အစိုးရက ဒေသခံတိုင်းရင်းသားများ၏ မြေများကို သိမ်းယူပြီး မြေမဲ့ဘင်္ဂါလီ မွတ်စလင် ထောင်ပေါင်းများစွာကို ခွဲဝေပေးသောကြောင့် ဒေသခံများ အကြား တင်းမာမှုများ စတင်လာခဲ့သည်။ ထိုသို့မြေကို သိမ်းယူပြီး ဘင်္ဂလီများကို ခွဲဝေပေးခြင်းမှာ ဒေသလူဦးရေ အချိုးအစားကို ပြောင်းလဲရန် တမင်ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု လေ့လာသူများက ဝေဖန်ကြသည်။

ထိုသို့ ဝင်ရောက်လာခြင်းကို ဒေသခံ တိုင်းရင်းသားများက ခုခံကြပြီး ပြည်သူ့စစ်အုပ်စုများဖွဲ့ကာ ပြန်လည် တိုက်ခိုက်ကြ သည်။ အစိုးရက ထိုနယ်မြေကို စစ်ဇုန်အဖြစ် သတ်မှတ်ပြီး တုံ့ပြန် သဖြင့် ပျောက်ကြားစစ် ဆယ်စုနှစ် ၂ စုကြာ ဖြစ်ပွားကာ ၁၉၉၇ ခုနှစ် ရောက်မှ ငြိမ်းချမ်းရေး စာချုပ်ဖြင့် စစ်ပွဲ အဆုံးသတ် သွားသည်။

ယနေ့တိုင် ထိုဒေသတွင် စစ်လက်နက် ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်ထားသည်။ စစ်တပ်နှင့် မွတ်စလင်များက ဒေသခံများ၏ အခွင့်အရေးများကို မကြာခဏ ချိုးဖောက်သည် ဟု စွပ်စွဲခံရပြီး ခွဲထွက်ရေး အကြမ်းဖက်မှု ပျံ့နှံ့လာသည်။

အပြစ်မဲ့ ဒေသခံ တိုင်းရင်းသားများ အပေါ် ရက်စက်စွာ တိုက်ခိုက်မှုများကို အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီက တနင်္ဂနွေနေ့တွင် ရှုတ်ချလိုက်ပြီး ကျူးလွန်သူများကို ချက်ချင်း အရေးယူပေးရန် တောင်းဆိုသည်။ ဒေသခံ လူငယ်ခေါင်းဆောင်အား သတ်ဖြတ်သူကိုလည်း ဖော်ထုတ်ပြီး တရားစီရင် ရန်လည်း ထိုပါတီက အစိုးရကို တောင်းဆိုထားသည်။

Topics: ဘင်္ဂလားဒေ့ရှ်
Share:

The Day Israel Attacked America

Al Jazeera investigates the shocking truth behind a deadly Israeli attack on a US naval vessel.

In 1967, at the height of the Arab-Israeli Six-Day War, the Israeli Air Force launched an unprovoked attack on the USS Liberty, a US Navy spy ship that was monitoring the conflict from the safety of international waters in the Mediterranean.
Israeli jet fighters hit the vessel with rockets, cannon fire and napalm, before three Israeli torpedo boats moved in to launch a second more devastating attack. Though she did not sink, the Liberty was badly damaged. Thirty-four US servicemen and civilian analysts were killed, another 171 were wounded.
Later Israel apologised for what it claimed to be a tragic case of mistaken identity. It said that it had believed the ship to be hostile Egyptian naval vessel. US President Lyndon Johnson was privately furious but publicly the White House chose not to challenge the word of its closest Middle East ally and accepted that the attack had been a catastrophic accident.
However, as this exclusive Al Jazeera investigation reveals, fresh evidence throws new light on exactly what happened that fateful day - and the remarkable cover up that followed.

FILMMAKER'S VIEW
By Richard Belfield
I was first told about the attack on the USS Liberty in 1980 over dinner with a former analyst from the National Security Agency (NSA) in Washington DC.
Back in 1980, I promised my friend that if I ever got the chance I would make a film about it. Over the years, I pitched the idea to numerous broadcasters and always got the same response: eyes rolled upwards, usually followed by the statement, "Are you completely mad?"
Fast forward to 2009 and I was a guest speaker at the NSA's biennial conference on historical cryptography, talking about an unsolved code on an 18th century monument in an English stately home.
While there, I went to two other sessions - both about attacks on American signal intelligence naval vessels.
The first was the capture of the US spy ship, the Pueblo (boarded by North Korean forces in 1968 - and never returned). The survivors of that incident were treated like heroes and feted on stage.
The next day there was a session about the USS Liberty. James Scott, who has written easily the best book on the Liberty attack, was on stage and limited to his allotted 20 minutes. Ranged against him were three Israeli apologists, all of whom were allowed to overrun their time. Survivors from the Liberty affair were allowed to sit in the audience, but they were denied any say in proceedings.
As an Englishman, I was brought up with a strong sense of fair play and I thought this was a disgrace. It was gruesome to watch. First, the crew had been attacked in broad daylight by a close ally, then they were betrayed by their government and now they were being humiliated by the same agency many had worked for back in 1967.
Earlier this year, I acquired a copy of the audiotape of the attack as it had unfolded, the real time conversations between Isreali Air Force pilots and their controllers back at base. It had never been broadcast before. I went to talk to Al Jazeera and after careful consideration, the network commissioned the film.
On location, it all started with James Scott (who gets a co-producer credit on this project). When writing his book, he had already interviewed the survivors as well as many of the key people in the Washington political and intelligence machine from that time. The introductions he made would prove invaluable as we began filming interviews.
The veterans were extraordinary. One after another, they were generous with their time, uniformly eloquent and passionate and above all, honest in their recollections.
They all felt betrayed by the American government but were keen to exonerate ordinary Jewish people both in Israel and without, for any responsibility for the incident. Their beef was simply with the senior Israeli officers in the control room and their superiors higher up the command chain who had ordered the attack.
After a few days filming, I rang Elaine Morris, my producer back in London. She asked how things were going. All I could say was that the quality of the interviews was the best I had ever experienced in many decades in this business.
In Texas we interviewed Bobby Ray Inman, an intelligence officer with a glittering track record at the CIA, Naval Intelligence and as a former director of the NSA. My contacts in the UK intelligence world had always told me "he is one of the good guys" and I quickly discovered why. He was frank and clear. The top Israeli commanders, he explained, had known exactly what they were doing when they attacked the Liberty and when it came to holding them to account, the US government rolled over for them.
We filmed an annual memorial ceremony in Washington, D.C. It was emotional, visceral and tense, with survivors, family and friends gathered in the morning sun. Listening to a sole bugler playing the US Navy's lament, 'Taps' is a memory that will never fade.
Years earlier, I had visited the US military graves in Arlington Cemetery but now, following the ceremony, I got to go there again with Dave Lucas, one of the survivors of the attack and a truly wonderful man.
We filmed as he walked up the hill carrying a wreath from the ceremony. Alongside him was a crew member, a Portuguese language specialist, who had left the Liberty in Spain just a few days before it sailed off up the Mediterranean to take up position off the Egyptian coast. He had been temporarily replaced for the mission by an Arab linguist. He wept openly for the comrades he had said goodbye to, never to see again. As we filmed the pair laying the flowers, an interview with one of the other survivors, Jim Kavanagh came suddenly to mind. "I went through hell," he had said about his shipmates. "But they left this earth."
Finally, we filmed on a sister ship to the Liberty, now moored in San Francisco. The crew hauled an outsized US flag up a mast for us. The flag - known as the "holiday colours" - was identical to that which was flown from the Liberty on June 8, 1967. It was huge, clearly visible for miles, and I knew immediately that no one could ever have been in any doubt about the nationality of the ship beneath it.
Watching the Stars and Stripes unfurl into the wind, I realised that I had got to keep the promise I first made to my friend in a Washington restaurant 34 years ago.
Share:

ဇာတိမြေမှ တစ်ဖက်လှည့်နှင့် နှင်ထုတ်ခံရပြီး၊ ဘ၀ရှင်သန်ရန် ရုန်းကန်နေရသည့် ကမန်တိုင်းရင်းသားများ

ဇွန် ၈၊ ၂၀၁၇
M-Media
ဧပြီလနှောင်းပိုင်းက တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည့် ကမန်တိုင်းရင်းသားများ၏ သတင်းစာရှင်းလင်းပွဲမှ ပုံရိပ်တစ်ခု
– မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကနေ အစိုးရရဲ့ ထောက်ပံ့ကြေး ၆ သိန်းကျော်ကျော်နဲ့ စီးပွားရေးမြို့တော် ရန်ကုန်ကို ပြောင်းရွှေ့လာတဲ့အချိန်မှာ ဒေါ်နွယ်နွယ်ဦးတစ်ယောက် လူနည်းစုမွတ်စလင်တွေအပေါ် ညှင်းပမ်းနှိ ပ်စက်မှုတွေကနေ လွတ်မြောက်ပြီး ဘ၀သစ်တစ်ခု စတင်ဖို့ မျှော်လင့်ခဲ့တာပါ။
အသက် ၅၀ ပြည့်တော့မယ့် သူမဟာ မုဆိုးမတစ်ယောက်ဖြစ်ပြီး ၂၀၁၂ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားကတည်းက အခြေအနေ ဆိုးဆိုးဝါးဝါး ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ရန်ကုန်ရောက်တဲ့အခါမှာတော့ သူရရှိတဲ့ ထောက်ပံ့ကြေး တစ်ဝက်ကျော်ကျော်ကို အသုံးပြုပြီး ၈၆ စကွဲယားပေ ကျယ်တဲ့ အခန်းတစ်ခန်းကို ငှားရမ်းခဲ့ပါတယ်။ အလုပ်အကိုင်မျှော်လင့်ချက် နည်းပါးမှု၊ နေထိုင်စားရိတ်ကြီးမှုတွေနဲ့အတူ ဇာတိမြေနဲ့ မိုင်ပေါင်း ၃၁၀ လောက်ဝေးတဲ့ မျက်နှာစိမ်းမြို့မှာ သမီးနှစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ သူမဟာ ရုန်းကန်နေရပါတယ်။
“ပိုက်ဆံတွေကုန်သွားရင် ကျွန်မတို့ ဘာနဲ့စားကြမလဲ။ ကျွန်မတို့ အရမ်း စိုးရိမ်သောကဖြစ်နေတယ်။ ဒီမှာ အလုပ်လည်း ရှာမရဘူး” လို့ ဒေါ်နွယ်နွယ်ဦးက ပြောကြားခဲ့ပါတယ်။ သူတို့မိသားစုဟာ သမီးကြီးဖြစ်သူ လက်ဖက်ရည်စက်ရုံမှာ အလုပ်လုပ်တာကနေရတဲ့ တစ်လ၀င်ငွေ ၁ သိန်းကျော်အပေါ်မှာ မှီခိုနေရတာဖြစ်ပါတယ်။
အာဏာပိုင်တွေဟာ ရမ်းဗြဲမြို့က သူမနေထိုင်ရာ ဒုက္ခသည်စခန်းငယ်လေးကို ဧပြီလအတွင်းမှာ စပိတ်ခဲ့ပြီး၊ ဒါဟာ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်က အကြံပြုချက် ထွက်လာပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်အစိုးရက ၅ နှစ်အတွင်း ဒုက္ခသည်စခန်းတွေအားလုံး ပိတ်ပစ်ရေး ကြိုးပမ်းမှုရဲ့ အစလည်းဖြစ်ပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီ ဒုက္ခသည်စခန်းတွေ တစ်ဖြည်းဖြည်းပိတ်ရေးကို ထောက်ခံပေမယ့် အစိုးရက စလုပ်တဲ့ပုံစံကို ဝေဖန်ခဲ့ပြီး ဒီလိုပုံစံမျိုးဆိုရင် လူတွေထောင်သောင်းချီ နေထိုင်ကြတဲ့ ရခိုင်ပြည်နယ်က ပိုကြီးတဲ့ ဒုက္ခသည်စခန်းတွေကို ရှေ့ဆက် ကိုင်တွယ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုကို ဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။
ငြိမ်ချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ပိုမိုအားထုတ်တာမျိုး မရှိဘဲနဲ့ “ဒုက္ခသည်စခန်းတွေကို ပိတ်ပစ်တာဟာ တစ်နေရာက ပြဿနာကို နောက်တစ်နေရာစီ ရွှေ့ပြောင်းလိုက်တာမျိုးသာ ဖြစ်မယ်” လို့ မြန်မာနိုင်ငံက ကုလမဂ္ဂ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုရုံး (OCHA) အကြီးအကဲ မာ့ခ် ကတ်စ်က ပြောကြားခဲ့ပါတယ်။
ဒေါ်နွယ်နွယ်ဦးမှာ ရန်ကုန်ကို ပြောင်းဖို့ကလွဲရင် တခြား ရွေးစရာ သိပ်မရှိပါဘူး။ အာဏာပိုင်တွေက ရမ်းဗြဲ ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ မွတ်စလင် ၁၂၈ ဦးအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှု မခံရခင် သူတို့နေထိုင်ခဲ့တဲ့ ရမ်းဗြဲမြို့က နေရာတွေမှာ ဆက်လက်နေထိုင်ဖို့ မလုံခြုံဘူးလို့ ပြောကြားခဲ့ပါတယ်။
“ပဋိပက္ခထပ်မဖြစ်အောင် တားဆီးဖို့ ရဲအင်အားလုံလုံလောက်လောက် ကျွန်တော်တို့မှာမရှိဘူး။ ဒါ့ကြောင့် သူတို့သွားချင်တဲ့နေရာကို ပြောင်းရွှေ့ဖို့ ကျွန်တော်တို့ ခွင့်ပြုခဲ့တာပါ” လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းအောင်က ပြောကြားခဲ့ပါတယ်။
တရားဝင်အသိအမှတ်ပြု လူမျိုး
ဒေါ်နွယ်နွယ်ဦးတို့ မိသားစုဟာ ကမန်လူမျိုးစုဝင်တွေ ဖြစ်ပါတယ်။ ကမန်လူမျိုးဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာမွတ်စလင်တွေနဲ့ မတူဘဲ မြန်မာနိုင်ငံသားရရှိကာ တိုင်းရင်းသားအုပ်စုတစ်ခုအဖြစ် တရားဝင်အသိအမှတ်ပြု ခံထားရပါတယ်။
ရမ်းဗြဲမှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့ပြီး လူ ၂၀၀ လောက်သေဆုံးကာ၊ ထောင်သောင်းချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ မွတ်စလင်နဲ့ ရခိုင်ဗုဒ္ဓဘာသာတွေအကြား ပဋိပက္ခမှာ ကမန်လူမျိုးတွေရဲ့ အိမ်တွေဟာ မီးရှို့ခံခဲ့ရပါတယ်။
“အစိုးရသစ်က ရန်ကုန်ကိုပြောင်းဖို့ ကူညီပေးတယ်။ ဒါပမယ့် ကျွန်မတို့ ဇာတိကို ပြန်ရဖို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ဘယ်တော့ဖြစ်လာမလဲဆိုတာတော့ ကျွန်မ မသိပါဘူး” လို့ ဒေါ်နွယ်နွယ်ဦးက ပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်အများစုရှိရာ ရမ်းဗြဲမြို့က ထွက်သွားမယ်ဆိုရင် ဘတ်စ်ကားဖယ်ရီ၊ လေယာဉ်လက်မှတ်နဲ့၊ ထောက်ပံ့ကြေးနည်းနည်းပေးမယ်လို့ အစိုးရရဲ့ ကမ်းလှမ်းမှုကို ရယူကာ ဧပြီလကတည်းက ထွက်လာခဲ့တဲ့ ကမန်မွတ်စလင် ၁၀၀ နီးပါးမှာ ဒေါ်နွယ်နွယ်ဦးလည်း ပါဝင်ခဲ့ပါတယ်။
ရမ်းဗြဲက ကမန်တွေကို သူတို့နေထိုင်ရာ နေရာတွေဆီ ပြန်သွားခွင့်မပေးခဲ့ဘဲ၊ ထွက်သွားဖို့ကလွဲလို့ အခြား အလားအလာရှိတဲ့ ရွေးချယ်မှုမျိုး မပေးခဲ့ဘူးလို့ ဒီလူတွေက ကုလ ၀န်ထမ်းတွေကို ပြောကြားခဲ့ကြောင်း OCHA အကြီးအကဲ ကက်စ်က ဖွင့်ဟခဲ့ပါတယ်။
ကမန်မွတ်စလင်တွေနဲ့မတူတာက ပဋိပက္ခအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင် ၃၀၀ နီးပါးကို ကျောက်ဖြူဒေသတစ်ဝိုက်က အိမ်ပေါင်း ၆၅ အိမ်မှာ အစိုးရက ပြန်လည်နေရာချထားပေးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေ၊ ဒေသခံတွေနဲ့ OCHA တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ မိသားစုတစ်စုကို ငွေ ၃ သိန်း ကျော်လောက် ထောက်ပံ့ပေးခဲ့ကာ ရေ၊ မီး၊ အိမ်သာ အပြည့်အစုံရှိပြီး အသစ်ဆောက်လုပ်ထားတဲ့ နေအိမ်မှာ နေရာချထားခဲ့တာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ ကမန်တွေကို သူတို့ရဲ့ နေရာတွေမှာ ပြန်နေခွင့်မပေးဘူးဆိုရင် ရခိုင်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာ ၁ သိန်း ၂ သောင်းအထွက် အလုပ်ဖြစ်မယ့် ဖြေရှင်းမှုကို သိပ်ပြီး မျှော်လင့်လို့ မရနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
“နိုင်ငံသားအဖြစ် တရားဝင်အသိအမှတ်ပြုထားတဲ့ ကမန်တွေကိုတောင် သူတို့ဆန္ဒအတိုင်း လုံလုံခြုံခြုံ နေရပ်ပြန်ခွင့်ကို အစိုးရက မစီစဉ်ပေးနိုင်ဘူးဆိုရင် ရိုဟင်ဂျာတွေအတွက် ဘာများ မျှော်လင့်နိုင်မှာလဲ” လို့ Amnesty International က သုတေသနပညာရှင် လော်ရာ ဟိုက်က ပြောကြားခဲ့ပါတယ်။
ပြန်မသွားရ
ရမ်းဗြဲမှာ ဘတ်စ်ကားသမားအချို့က မွတ်စလင်ဆို တင်ဖို့ငြင်းဆန်တာမျိုးတွေလို ခွဲခြားဆက်ဆံ ၀ိုင်းပယ်တဲ့ အခြေအနေမျိုးတွေကြောင့် ဗုဒ္ဓဘာသာဝင်ကြီးစိုးပြီး လူပေါင်း ၉၇၀၀၀ လောက်ရှိတဲ့ ဒီမြို့မှာ အလုပ်အကိုင် ရှာဖွေဖို့၊ ကလေးတွေအတွက် ကောင်းမွန်တဲ့ပညာရေးရရှိဖို့ အခွင့်အလမ်းက မရှိသလောက်ပဲလို့ ကမန်ဒေသခံတွေက ပြောပါတယ်။
“ကိုယ့်ဇာတိကို ချစ်တာပေါ့ဗျာ။ ဒါပေမယ့် ဒီမှာနေရင် ပြဿနာတွေအများကြီး ကြုံရမှာဗျ” လို့ အသက် ၅၅ နှစ်အရွယ် ဦးတင်လှက ပြောပါတယ်။ ကလေးလေးယောက်ဖခင်ဖြစ်သူ ဦးတင်လှဟာ ရမ်းဗြဲက ဒုက္ခသည်စခန်းမှာ နောက်ဆုံးကျန်နေသူဖြစ်ပြီး ဒီလအတွင်းမှာ ရန်ကုန်ကိုပြောင်းဖို့ စီစဉ်နေပါတယ်။
အချို့ကမန်မွတ်စလင်တွေကတော့ ဒုက္ခသည်စခန်းတွေ ပိတ်လိုက်ခြင်းဟာ သူတို့ရဲ့ နေ့စဉ်ဘ၀တွေ တိုးတက်လာစေမယ်လို့ မျှော်လင့်ချက် ရှိနေဆဲပါ။
ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးကို မကြာသေးခင်ကမှ ရောက်ရှိလာတဲ့ အသက် ၂၈ နှစ်အရွယ် ကိုကျော်စိုးမိုးဟာ ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီက အလုပ်အင်တာဗျူးရလဒ်ကို စိတ်စောစွာနဲ့ စောင့်မျှော်နေပါတယ်။
နိုင်ငံရဲ့အကြီးဆုံးမြို့တော်က ဘ၀ဟာ ခက်ခဲကြမ်းတမ်းနိုင်ပေမယ့် ကိုကျော်စိုးမိုးကတော့ သွားလွာခွင့် ကန့်သတ်ခံထားရပြီး အလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့ ရမ်းဗြဲဒုက္ခသည်စခန်းမှာ နေရတဲ့ နေ့တွေထက်စာရင် ပိုကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။
“အနည်းဆုံးတော့ ဒီမှာ လွတ်လွတ်လပ်လပ် သွားလာလို့ ရတာပေါ့ဗျာ”
Ref: Reuters
(Reuters သတင်းဌာနတွင် ဖော်ပြထားသည့် ‘What Will We Eat?’ – Myanmar Muslims Struggle After Camp Closures ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
Share:

07 June, 2017

လူ့အခွင့်အရေး မဟာမင်းကြီး မြန်မာကိုဝေဖန်





ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးဖို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ကို လက်မခံဘူးလို့ မြန်မာအစိုးရက ပြောဆိုထားတဲ့ ကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad al-Hussein က ၃၅ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံမှာ ဝေဖန် ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ငြင်းပယ်တဲ့ အတွက် အစိုးရတွေက ကျူးလွန်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်း စစ်ဆေးနေတာတွေ ပပျောက်သွားမှာ မဟုတ်ဘူးလို့ တခြားအဖွဲ့ဝင် နိုင်ငံတွေကိုလည်း ရည်ညွှန်းပြီး ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ညီလာခံ အတွင်း လူ့အခွင့်အရေး အကြီးအကဲက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ကောင်စီရဲ့လုပ်ထုံး လုပ်နည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အပြည့်အ၀ တာဝန်ရှိပြီး လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ဖို့နဲ့ ထောက်ခံ အားပေးဖို့ အမြင့်ဆုံး စံနှုန်းတွေကို စောင့်ထိန်းကာ ကောင်စီနဲ့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်ရမယ်လို့ ၂၀၀၆ ခုနှစ် မတ်လမှာ ကောင်စီအသစ် မတည် ခဲ့စဉ်က ဆုံးဖြတ်ချက်မှာ တိုက်တွန်းခဲ့တာ ဖြစ်တယ်လို့ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad al-Hussein ပြောပါတယ်။
ဒါ့ကြောင့် ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိတဲ့ နိုင်ငံတွေကို ထောက်ပြ ဝေဖန်တာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အခုလို ပြောကြားသွားပါတယ်။
“မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးမှူးကို နိုင်ငံအတွင်း လာရောက်ခွင့် ပေးခဲ့ပေမယ့် သူသွားရောက် ချင်တယ်လို့ မေတ္တာရပ်ခံ ခဲ့တဲ့ ဒေသတွေကို သွားရောက်ခွင့် မရခဲ့ပါဘူး ။ ခုလို ကန့်သတ်ရတဲ့ အကြောင်းအရင်း ရှင်းလင်းချက်တွေကလည်း ရှေ့နောက်မညီ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မကြာသေးမီက ဖွဲ့စည်းခဲ့တဲ့ သီးခြားလွတ်လပ်တဲ့ အချက်လက် ရှာဖွေရေး အဖွဲ့နဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ဖို့ မြန်မာအစိုးရကို ကျနော် တိုက်တွန်းပါတယ်။ အထူးသဖြင့် လူ့အခွင့်ရေး ကျူးလွန်ချိုးဖေါက်မှုတွေ ဆိုးရွားလွန်းစွာ ဖြစ်ပွားနေ တယ်လို့ ကျနော်တို့ ယူဆထားတဲ့ ရခိုင်ပြည်နယ်ကို လွတ်လပ်စွာ အပြည့်အဝ သွားရောက်ခွင့် ပြုဖို့ တိုက်တွန်း ပါတယ်။”
ရခိုင်ပြည်နယ် အတွင်း အောက်တိုဘာ ၉ ရက်နေ့ နောက်ပိုင်း ရိုဟင်ဂျာတွေ အပေါ် မြန်မာ လုံခြုံရေးတပ်ဖွဲ့ တွေက လူ့အခွင့်အရေးတွေ ချိုးဖောက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက စုံစမ်း စစ်ဆေးရေးအဖွဲ့ စေလွှတ်ဖို့ အီးယူ - ဥရောပသမဂ္ဂက ကမကထပြု တင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ အဆိုပြုချက်ကို မတ်လ ၂၄ ရက်နေ့က အတည်ပြုရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် အရေးယူပြီး ချိုးဖောက်ခံရသူတွေ အတွက် တရားနည်းလမ်း တကျ ကာကွယ် စောင့်ရှောက်ဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ကျွမ်းကျင်သူ ပုဂ္ဂိုလ် ၃ ယောက် ပါဝင်တဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာအစိုးရ ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ သဘောမတူတဲ့ အတွက် ပူးပေါင်း ဆောင်ရွက်မှာ မဟုတ်တဲ့ အကြောင်းကို အဲဒီ အချိန်ကတည်းက အတိအလင်း ပြောဆိုခဲ့ပြီး ဖြစ်သလို၊ အခုလည်း ဒီအတိုင်းပဲ ဆက်လက် ရပ်တည်မှာ ဖြစ်တယ်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မေလ ၃၀ ရက်နေ့မှာ ပြောပါတယ်။
တချိန်တည်းမှာပဲ၊ မကြာသေးခင်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး စုံစမ်း စစ်ဆေးရေးမှူး Yanghee Lee အပါအ၀င် ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးရေးမှူး (၃) ဦး ခြိမ်းခြောက် ခံနေရတာနဲ့ ပတ်သက်လို့ လုံးဝ လက်မခံနိုင်ကြောင်းနဲ့ အရေးယူနိုင်ရေး နည်းလမ်းရှာဖို့ကိုလည်း လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။
“ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး ၃ ဦးတို့ဟာမကြာသေးမီက စော်ကားထိပါးရာ ရောက်တဲ့ လှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး တချို့ဆို အကြမ်းဖက်မှု လှုံ့ဆော်တာမျိုး ကိုတောင် ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးရယ်၊ ဖိလစ်ပိုင်နဲ့ ပတ်သက်လို့ ဥပဒေမဲ့ ကွက်မျက်မှုများ ဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးရယ်၊ အီရန်ဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး တို့ပဲဖြစ်ကြ ပါတယ်။ ဒီလို လုပ်ရပ်မျိုးကို လုံးဝ လက်မခံနိုင်ပါဘူး ။ ဒီလိုမျိုး လှုပ်ရှားမှုတွေကို ဟန့်တားနိုင်ဖို့ နည်းလမ်းတွေ ချမှတ်ထားတဲ့ အတွက်ကြောင့် လည်းပဲ ကောင်စီအနေနဲ့ ဘယ်လို အရေးယူဆောင်ရွက်မယ် ဆိုတာကို စဉ်းစားဖို့ ကျနော်တိုက်တွန်းလိုပါတယ်။”
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနဲ့ အဖွဲ့ဝင် နိုင်ငံတွေ ပူးပေါင်း ဆောင်ရွက်ရာမှာ အင်ဒိုနီးရှား၊ အီဂျစ်၊ နီပေါ၊ ဗင်နီဇွဲလားနဲ့ ဖိလစ်ပိုင် နိုင်ငံတို့ကလည်း ပူးပေါင်း ဆောင်ရွက်ခြင်း မရှိခဲ့တာကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad al-Hussein ဝေဖန်ခဲ့ပြီး ၊ Uzbekistan ၊ Armenia ၊ အီသီယိုးပီးယား၊ မိုဇမ်းဘစ် စတဲ့နိုင်ငံတွေက ကုလသမဂ္ဂ အမှုထမ်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးတက်လာတဲ့ အခြေအနေတွေအတွက် သူ့အနေနဲ့ အားရမိတဲ့ အကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
Share:

05 June, 2017

ငွေ ၁၂ သိန်းယူခဲ့ကြောင်း စွပ်စွဲချက် အပေါ် ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိကို မေးမြန်းချက်


ဇွန် ၂ ရက်နေ့က မိုက်ကယ်ကျော်မြင့် သတင်းထောက်များကို ရှင်းလင်းပြောကြားစဉ်

  ဇွန် ၂ ရက်နေ့က မိုက်ကယ်ကျော်မြင့် သတင်းထောက်များကို ရှင်းလင်းပြောကြားစဉ်
ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ရေးအရာရှိ ဦတင်ထွန်းက သူတို့မြေပိုင်ရှင်တွေဆီကနေ သိန်း ၅၀ တောင်းခံပြီး ငွေ ကျပ် ၁၂ သိန်းရယူခဲ့ကြောင်း မိုက်ကယ်ကျော်မြင့်ဆိုသူက သတင်းထောက်တွေ ကို မနေ့က ပြောဆိုခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ ဦးတင်ထွန်းကို ဒီဗွီဘီ သတင်းထောက် ပြည့်ဘုန်းအောင်က ဆက်သွယ်မေးမြန်း ထား ပါတယ်။
မေး – မနေ့က မိုက်ကယ်ကျော်မြင့် သတင်းစာ ရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး အန်ကယ်တို့အနေနဲ့ ဘယ်လိုမျိုး ပြန်လည်တုံ့ပြန်သွားမယ် ဆိုတာလေးကို ပြောပြပေးပါဦး ခင်ဗျ။
ဖြေ – အဲဒါကတော့ ဥပဒေဘောင်ထဲကပဲ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို စဉ်းစားနေဆဲပါ။ ဘယ်လိုမျိုး ဆက်လက်ဆောင်ရွက်မယ်ဆိုတာ သိတဲ့တတ်တဲ့ ဆရာတွေနဲ့ တိုင်ပင်ရဦးမှာလေ။ ချက်ချင်း ဖြေကြားပေးဖို့ အဆင်မပြေသေးပါဘူးခင်ဗျ။

မေး – အစိုးရအဖွဲ့နဲ့ ပတ်သက်တာကကော။
ဖြေ – အစိုးရအဖွဲ့နဲ့ ပတ်သက်တာက တာဝန်ရှိတဲ့သူတွေ ဆောင်ရွက်ပါလိမ့်မယ်။ ကျနော်ကတော့ အဲဒါကို မှတ်ချက်ပေးပြီး ပြောလို့မရပါဘူးခင်ဗျ။ ကျနော်က ရိုးရိုးသာမန်ဖြစ်ပြီး အစိုးရအဖွဲ့ အဖွဲ့ဝင် ရာထူးဘာညာ ဘာမှမရှိတော့ ကျနော်က အဲဒါကို မှတ်ချက်ပေးခွင့် မရှိပါဘူးခင်ဗျ။

မေး – ဒါဆိုရင် အန်ကယ်က ၀န်ကြီးချုပ်ရဲ့ ပီအေ မဟုတ်ခဲ့ဘူးပေါ့နော်။

ဖြေ – မဟုတ်ပါဘူးခင်ဗျ။ ကျနော်က ရိုးရိုးပါတီဝင်တယောက်ပါ။ ၀န်ကြီးချုပ် ၂၀၁၂ ကြားဖြတ် ရွေးကောက် ပွဲတုန်းက လိုက်လုပ်ပေးနေတဲ့ သူတယောက်ပါ။ ကိုယ်ရေး အရာရှိလည်း မဟုတ်ပါဘူးခင်ဗျ။

မေး – အန်ကယ့်အနေနဲ့ သူတို့က သက်သေနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်တယ်ဆိုတော့ အဲဒီဟာတွေ ကိုရော ဘယ်လိုပုံစံနဲ့ ပြန်ဖြေရှင်းသွားမလဲဆိုတာကို ပြောပြပေးပါဦး ခင်ဗျ။

ဖြေ – အဲဒါကတော့ အမှန်တရားအတိုင်း သက်ဆိုင်ရာ တရားရုံးတို့ ဘာတို့ရောက်မှပဲ ဖြေရှင်း တာကောင်း ပါတယ်ခင်ဗျ။ ကျနော်ကတော့ ပါးစပ်နဲ့တော့ ဘာမှဖြေရှင်းမှာ မဟုတ်ပါဘူး။

မေး – သူရဲ့ ပြောဆိုလုပ်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့ အန်ကယ်တို့အနေနဲ့ တရားဥပဒေအရ ဆောင်ရွက်မယ်ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ ဆောင်ရွက်မယ်ဆိုတာကိုလည်း ပြောပြပေးပါဦး။

ဖြေ – ခုန ကျနော်ပြောခဲ့သလိုပါပဲ။ ကျနော် တရားဥပဒေကြောင်းအရ ကျနော်က သိပ်နားမလည်ဘူးလေ။ နားမလည်တဲ့အခါကျတော့ နားလည်တဲ့ ဆရာတွေဘာတွေနဲ့ တိုင်ပင်ရမှာပေါ့။ ရှေ့နေတွေဘာတွေနဲ့ တိုင်ပင်ပြီးမှ ဒါက ပြောလို့အဆင်ပြေမှာပါခင်ဗျ။ လောလောဆယ်မှာတော့ ချက်ချင်း တုံ့ပြန်ဖို့ မရှိသေးပါဘူး။  ကျနော့်လို ဘာမှမဟုတ်တဲ့ လူတယောက်က အပြောခံရတာကို ကျနော်က သဲသဲ လှုပ်ဖြစ်နေတယ်ဆိုရင် သိပ်ကြည့်မကောင်းပါဘူး ခင်ဗျ။ ဘာလို့လဲဆိုတော့ တချို့တောင်မှ နိုင်ငံတော် အစိုးရကိုတောင် တရားစွဲမယ်ဆိုတာတောင် လုပ်ကြသေးတာပဲလေ။ ကျနော်လို ကောင်မျိုးက ဒီလောက်အပြောခံရတာ ဘာမှ မထူးဆန်းပါဘူးခင်ဗျ။

မေး – သူက အန်ကယ့်ကို ငွေပေးခဲ့တယ်ဆိုတာကော တကယ်ကော ဟုတ်ရဲ့လားခင်ဗျ။

ဖြေ – ကျနော်လက်ခံရယူထားခြင်း မရှိပါဘူးခင်ဗျ။
မေး – အန်ကယ့်အနေနဲ့ သူ့ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီးတော့ ဘာများ ဖြည့်စွက်ပြီး ပြောချင်သေး လဲခင်ဗျ။

ဖြေ – ဘာမှ မရှိပါဘူးခင်ဗျ။ ဒီလို ဖြစ်မယ်ဆိုတာကို ကျနော်က ကြိုသိထားပါတယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ ကျနော်က ရုံးခန်းမှာ ၀န်ကြီးချုပ် လက်တိုလက်တောင်းခိုင်းဖို့ အမြဲတမ်းရှိပါ တယ်ခင်ဗျ။ ဟိုဟာလေး သွားပေးလိုက်ပါဦး။ ဒီဟာလေး သွားပေးလိုက်ပါဦး။ အရင်တုန်းက ပါတီမှာကတည်းက လက်တို လက်တောင်းခိုင်း တယ်ပေါ့ဗျ။ အဲဒီနေ့ကတက်လာပြီး ၀န်ကြီးချုပ်ရုံးမှာ ထိုင်နေတဲ့ ညွှန်ကြားရေးမှူး၊ ကျနော်နဲ့ ဒေါ်ကျော်ကေခိုင်တို့ ကတောက်ကဆ ဖြစ်ပါတယ်ခင်ဗျ။ ၀န်ကြီးချုပ်ကို မတွေ့ရ မချင်းမပြန်ဘူးဆိုပြီး အဲဒါနဲ့ ကျနော်တို့က အာပီခေါ်ပြီးတော့ ရှင်းလိုက်တာ ရှိပါတယ်ခင်ဗျ။ ၀န်ကြီးချုပ်ရုံးခန်း မှာတော့ ဒီလို ရုတ်ရုတ်လုပ်လို့မရဘူး။ ညနေပိုင်းကျတော့ ကျနော့်ကို ဖုန်းဆက်ပြီး ခြိမ်းခြောက်ပါတယ်။ ခင်ဗျား ပြည်သူကို အာပီနဲ့ ရဲခေါ်ပြီး ထုတ်စရာမလိုဘူးတဲ့။ ကျနော် လည်း သူတို့ကို ပြောပါတယ်။ ၀န်ကြီးချုပ်က ခွင့်မပြုဘဲ ဧည့်ခန်းမှာ ၀င်ထိုင်လို့မရဘူး။ ၀န်ကြီးချုပ် က ခွင့်ပြုတယ်ဆိုမှ ကျနော်တို့က ၀န်ကြီးချုပ်ကိုလည်း အကြောင်းမကြားရသေးဘူး သူတို့က မလာမချင်း ထိုင်နေမယ်ဆိုတဲ့ ပုံစံမျိုးသူတို့က အဲလို လုပ်တာပါခင်ဗျ။ ပြီးခဲ့တဲ့ သုံးလေး ရက်လောက်က ကျနော့်ကို ခြိမ်းခြောက်အပြီး အခုလိုပဲ ဖြစ်တာပါခင်ဗျ။

မေး – ဒါဆိုရင် သတင်းစာရှင်းလင်းပွဲ မလုပ်ခင် အန်ကယ့်ကို ခြိမ်းခြောက်မှု လုပ်သွားခဲ့ သေး တယ်ပေါ့နော်။

ဖြေ – ဟုတ်ပါတယ်ခင်ဗျ ခုန ပြောသလိုပါပဲ၊ ဒါပေမယ့် record  လုပ်ထားတာတွေလည်းမရှိတော့ ကျနော်က အဲဒါကိုလည်း ၀န်ကြီးချုပ်ကို သတင်းပို့ထားတယ်။ ကျနော့်ရုံးက အဖွဲ့တွေလည်း အားလုံးသိပါ တယ်၊ အဲလိုအတင်းဝင်ပြီး ၀န်ကြီးချုပ်နဲ့ တွေ့မယ်ဘာညာဆိုတာ။
မေး – သူက မီဒီယာတွေရှေ့မှာ ပြောသွားတာ သူ့မှာ အထောက်အထား အပြည့်အစုံ ဘာညာ အကုန်လုံး ရှိတယ်ပေါ့နော်။ ပြီးတော့ အတွင်းသတင်းတွေလည်း ဖော်ထုတ်သွားမယ်ဆို ပြီးတော့ ပြောဆိုသွား တာတွေလည်း ရှိတယ်ခင်ဗျ။ အဲဒါတွေနဲ့ ပတ်သက်ပြီး အန်ကယ့်အနေနဲ့ တဆင့်ချင်း ဘယ်လိုလုပ်သွားဖို့ ရှိလဲခင်ဗျ။
ဖြေ – အဲဒါတွေနဲ့ ပတ်သက်ပြီး ရှင်းစရာမရှိပါဘူး။ အဲဒါတွေနဲ့ သက်ဆိုင်တဲ့သူတွေက ရှင်းသွားမှာပါ။ ကျနော်တို့ အစိုးရအဖွဲ့မှာ ကျနော်က ဘာတာဝန်မှ ယူမထားရတော့ ရုံးမှာတော့ အမြဲရှိတယ်ပေါ့နော်။ လက်တိုလက်တောင်း ခိုင်းဖို့အမြဲရှိနေတော့ ပစ္စည်းတွေဘာတွေ လာပေးရင်လည်း လက်ခံလေ့မရှိ ပါဘူး ခင်ဗျ။ လာပေးရင်လည်း ပြန်ပေးလိုက်တာပါပဲ။ စီးပွားရေး သမား တော်တော်များများက အရင်ခေါက် ရိုးကျိုးသမားတွေ တော်တော်များများက ပစ္စည်းပေးတာပဲ၊ စားပွဲပေါ်မှာတင်ထားခဲ့တယ်၊ ပြီးမှ ဖုန်းဆက်တယ်။ ကျနော်တို့ပြန်ပြီး ဖုန်းဆက်တယ်။ ခင်ဗျားတို့ ပစ္စည်းပြန်လာယူမလား ဒါမှမဟုတ် ၀န်ကြီးချုပ်ကို တင်ပြပေးရမလား။ လက်ဆောင်ပေးတယ်ဆိုရင် ခင်ဗျားတို့ လက်ဆောင်ကို ပြန်လာယူပါ။ ခင်ဗျားဆို့ အမှုတွဲကို တင်ထားခဲ့။ ကျနော်တို့ဘက်က လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်ပေးမယ်။ ဘာငွေမှလည်း ပေးစရာမလိုဘူး။ စာလာတင်တဲ့သူတွေ အမှုတွဲ လာတင်တဲ့သူတွေ အကုန်လုံး သိပါတယ် ခင်ဗျ။

မေး – ဟုတ်ကဲ့ ဒါဆိုရင် အန်ကယ့်အနေနဲ့ သူစွပ်စွဲသလို မယူခဲ့ဘူးပေါ့နော်။ အဲဒါလေးကို ပြည့်ပြည့် စုံစုံလေး ပြောပြပေးပါခင်ဗျ။

ဖြေ – ယူမယ့်ယူမှတော့ ကြားခံတော့ ဘယ်ယူမလဲခင်ဗျ၊ ကျနော်ကိုယ်တိုင် ယူမှာပေါ့။ မက်ဆေ့တော့ ဘယ်ပို့မလဲ။ လူချင်းတွေ့ပြီး ယူမှာပေါ့။ နောက်ပြီး သိမ်းထားတယ်ဆိုတဲ့ဟာက ဒါက မြေယာမှုတမူပါ။ သူတို့ဟာ ဒီမြေမှာ ကြားပွဲစားပါ။ ကြားခံလုပ်ပြီး ဒီမြေကို မရရအောင် အတင်းလိုက်လုပ်နေတာပါ။ ဒီပိုက်ဆံကို ကျနော်ယူထားခဲ့မယ်ဆိုရင် သူတို့ကို ၀န်ကြီးချုပ်နဲ့ မဖြစ်ဖြစ်အောင် ကျနော်ပြောပေး ရတော့မှာပေါ့ဗျ။ ကျနော်ယူထားရင် ကျနော်ရဲနဲ့ ခေါ်ထုတ်တာ ဘာညာ ကျနော်ဘယ်ပြောမလဲ။ မဖြစ်ဖြစ်အောင် ကျနော်ဝန်ကြီးချုပ်နဲ့ အတင်းပေးတွေ့ရတော့မှာ ပေါ့။ သူများပိုက်ဆံယူထားရင် ကျနော်ပြဿနာ လာတက်မှာပေါ့။ နောက်ပြီးတော့ ကျနော်တို့ ရုံးမှာ နေတဲ့သူတွေနဲ့ ဖုန်းမကောင်းဘူးဗျ။ ဖုန်းပျက်နေတယ်ဆိုရင် ဘာနှောင်ကြိုးမှမရှိဘဲ ၀င်ပြီးကူညီချင်တဲ့သူတွေ အများကြီးပါဗျ။ ကျနော်တို့ဆီမှာ အဲလို တောင်းတာရမ်းတာ တခုမှမရှိပါဘူး။ ကျနော်က ပိုက်ဆံတောင်းတယ် ပဲထားဦး သိန်း ၃၀ တောင်းတယ်ထား၊ သိန်း ၅၀ တောင်းတယ်ပဲထား၊ တောင်းပြီး ဖုန်းဝယ်တာတို့ ဘာတို့သူ့ကိုပြောရအောင် သူက ကျနော့်ဆရာမှ မဟုတ်တာ။ ကျနော်တောင်းတဲ့ ပိုက်ဆံ ကျနော့်ဘာသာ ဖုန်းပဲဝယ်ဝယ်၊ ဖိနပ်ပဲ ၀ယ်ဝယ်  ဒါကျနော့်ကိစ္စဖြစ်သွားပြီ။ ခုမြေကိစ္စအတွက် တောင်းတယ်လို့သာ သူတို့က ပြောတာ သူတို့အမှုနဲ့ ဘာနဲ့ ပတ်သက်ပြီးတော့ သူကျနော့်ကို ဘာတွေ လာပို့ထားလဲ။ ကျနော်က ဘာတွေ ပြန်ပို့လဲ။ အရှင်းကြီးပါ။ ကျနော်တို့ဘက်က ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကျနော်တို့ ဘက်က အမြန်ဆုံး အဆင်ပြေအောင် လုပ်ပေးတယ်။ အောက်ကနေပြီးတက်လာရင်တော့ တလ ကိုးသီတင်းလောက် ကြာတယ်ပေါ့ဗျာ။ ၀န်ကြီးချုပ်ရုံးကို လာတင်ရင် ကျနော်တို့က ချက်ချင်း အဆင်ပြေအောင် အားလုံးဆောင်ရွက်ပေးပါတယ်။ ရန်ကုန်တိုင်းမှာ မြေယာအမှုက ၆၀၀၊ ၇၀၀ လောက်ရှိတယ်ဗျ၊ ဘယ်သူမှ ဘာပြဿနာမှ မတက်ပါဘူး။ ကူညီပေးပါဆိုရင် စေတနာသန့်သန့်နဲ့  ကူညီပေးခဲ့တာပါ။ ပြီးတော့ ကျနော်တယောက်တည်း လုပ်လို့ရတဲ့ အလုပ်မျိုးလည်း မဟုတ်ဘူး။ ကျနော်က ဘာရာထူး ဘာအာဏာမှ ရှိတာမဟုတ်ပါဘူး။ မြေယာ ကော်မတီထဲမှာလည်း ကျနော်က ပါတာမဟုတ်ပါဘူး။ ကျနော်က ပိုက်ဆံယူပြီး ၀န်ကြီးချုပ်ကို ပြောပေးတယ်ဆိုရင် တမျိုး၊ ကျနော်မှာ လုပ်ပိုင်ခွင့်အာဏာ ရှိတယ်လေ။ ကိုယ်ရေးအရာရှိဖြစ်တဲ့အတွက်။ နောက်တခု ကျနော်က မြေယာကော်မတီမှာမို့လို ကျနော်က ဆုံးဖြတ်ချက်တချို့ ပေးနိုင်တယ်ပေါ့ဗျ။ တချို့ နေရာတွေမှာ ဆုံးဖြတ်ချက် ပေးနိုင်လို့ လာဘ်စားတယ်ဆိုရင် တမျိုးပေါ့။ ကျနော်က ဘာကောင်မှ မှ မဟုတ်တာ သူတို့က ဘာမျှော်မှန်းချက်နဲ့ ပေးတာလဲ။ ကျနော်လည်း သိပ်မပြောချင်ပါဘူးဗျာ။ တရားဥပဒေလမ်းကြောင်းအရပဲ ဆက်သွားမှာပါ။ သက်ဆိုင်ရာ နားလည်တတ်ကျွမ်းတဲ့ ရှေ့နေတွေ ဘာတွေနဲ့ တိုင်ပင်ပြီးတော့မှ ကျနော်ဘာဆက်လုပ်မယ်ဆိုတာကို ကျနော် စဉ်းစားပြီး ဆုံးဖြတ်ပါမယ်ခင်ဗျ။
Share:

မန္တလေးမြို့တွင်း သက်မှတ်မိုင်နှုန်း ၃၀ ထက်ကျော် လွန်မောင်းနှင်သည့် ယာဉ်များကို အရှိန်နှုန်းတိုင်း ကိရိယာဖြင့် ပညာပေး စစ်ဆေး

Image may contain: one or more people, mountain, sky, tree, outdoor and nature

မန္တလေးမြို့တွင်း သက်မှတ်မိုင်နှုန်း ၃၀  ထက်ကျော် လွန်မောင်းနှင်သည့် ယာဉ်များကို အရှိန်နှုန်းတိုင်း ကိရိယာဖြင့် ပညာပေး စစ်ဆေး

မန္တလေးမြို့တွင်း သက်မှတ်မိုင်နှုန်း ၃၀ (သို့မဟုတ်) ကီလိုမီတာ ၄၈ ထက်ကျော် လွန်မောင်းနှင်သည့် မော်တော်ယာဉ်များကို အရှိန်နှုန်းတိုင်းကိရိယာ( speed meter)ဖြင့် ဇွန် ၅ရက် နံနက် ၉နာရီခွဲက စတင်စစ်ဆေးခဲ့သည်။
အရှိန်နှုန်းတိုင်းကိရိယာဖြင့် စစ်ဆေးခြင်းကို ဇွန်၅ရက်မှစတင်ပြီး ပညာပေးကာလအဖြစ် ၁၀ ရက် သတ်မှတ် ပြီးပြုလုပ်သွားမည်ဖြစ်ကာ နောက်ပိုင်းတွင် မော်တော်ယာဉ်ဥပဒေနှင့်အညီ တရားရုံးစွဲ တင်ပြီးဒဏ်တပ် အရေးယူသွားမည်ဖြစ်ကြောင်း ယာဉ်အမှုစစ်ဌာနမှ ဒုရဲအုပ်သုတမောင်ကပြောသည်။
“မန္တလေးမြို့တွင်းမှာတော့ ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာတွေမှာအဓိက ထားပြီးစစ်ဆေးသွားပါမယ်။ ရှောင်တခင်စစ် ဆေးမှုတွေလည်းလုပ်သွားပါမယ်။ ယာဉ်တိုင်း ရဲတပ်ဖွဲ့တွေကိုလည်း စက်ပစ္စည်းနဲ ပတ်သက်ပြီး ကျွမ်းကျင်အောင် သင်ကြားနေပါတယ်။သက်မှတ်မိုင်နှုန်းထက်ကျော်မောင်းမယ်ဆိုရင်တော့ မော်တော်ယာဉ်ဥပဒေနဲ့အညီ ဒဏ်ငွေရိုက်သွားပါမယ် ”ဟု ဒုရဲအုပ် သုတမောင်ကပြောသည်။
သက်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် မော်တော်ယာဉ်များကို စစ်ဆေးရန် မန္တလေးခရိုင် အတွင်းခုနှစ်မြို့နယ်အတွက် အရှိန်နှုန်းတိုင်းကိရိယာ ၁၄လုံးရောက်ရှိနေပြီဖြစ်ကြောင်း၊ သက်မှတ် မိုင်နှုန်းကျော်လွန်မောင်းနှင်သည့် ယာဉ်များက စစ်ဆေးခံရရန် ရပ်တန့်ပေးခြင်းမရှိပါက ယာဉ်နံပတ် မှတ်သား၍ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ အကြောင်းကြားကာ ယာဉ်လိုင်စင်သက်တမ်း တိုးသည့်အခါ ၄င်းအမှုအား ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။
ဓာတ်ပုံ - ဖြိုးဖြိုးဇော်
Share:

ဦးဖြိုးမင်းသိန်း ကိုယ်ရေးအရာရှိကိစ္စ ဥပဒေအတိုင်းပဲလုပ်မယ်- ဦးဝင်းထိန် (ရုပ်သံ)





ဝန်ကြီးချုပ် ဦးဖြိုးမင်းရဲ့ ကိုယ်ရေးအရာရှိက မြေပိုင်ရှင်တွေဆီကနေ ငွေကျပ် ၁၂ သိန်းယူခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုခဲ့မှုနဲ့ပတ်သက်ပြီး ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။
ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ရေးအရာရှိ ဦတင်ထွန်းက သူတို့မြေပိုင်ရှင်တွေဆီကနေ သိန်း ၅၀ တောင်းခံပြီး ငွေ ကျပ် ၁၂ သိန်းရယူခဲ့ကြောင်း မိုက်ကယ်ကျော်မြင့်ဆိုသူက ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဇွန်လ ၄ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အစည်းအဝေးအပြီးမှာ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က မီဒီယာတွေရဲ့ မေးမြန်းချက်ကို အခုလို ပြောကြားလိုက်တာပါ။
“ဥပဒေအတိုင်းပဲ လုပ်မယ်။ ဘာမှ ၀င်စွက်စရာမလိုဘူး။ တိုင်တဲ့သူရှိတော့ တိုင်တဲ့အပေါ်မူတည်ပြီး သက်ဆိုင်ရာပုဂ္ဂိုလ်တွေက လုပ်ကြမှာပေါ့။ စောင့်ကြည့်ရုံပဲ။ ဘာများလာမလဲလို့ စိတ်ဝင်စားလို့” လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ကိုယ်ရေးအရာရှိ ဦးတင်ထွန်းကလည်း တတ်ကျွမ်းနားလည်တဲ့ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ဥပဒေဘောင်ထဲကနေ ဆောင်ရွက်သွားမယ်လို့ ဒီဗွီဘီကို ပြောကြားထားပါတယ်။
Share:

04 June, 2017

UNESCO declares Islam as the most peaceful religion of the world

July 4, 2016
 
Islam means PeacePARIS: In a major development that should silence critics of Islam who have been blaming it for terrorism, UNESCO has declared that Islam is the most peaceful religion of the world.
The United Nations body released a statement earlier today that revealed that UNESCO had partnered with International Peace Foundation six months back to study all religions of the world and find out which was most peaceful amongst all.
“After six months of rigorous study and analysis, we have concluded that Islam is the most peaceful religion,” Robert McGee, head of comparative studies wing of International Peace Foundation declared in a press conference that was attended by UNESCO officials too.
When asked about the terror attacks being carried out in the name of Islam, including the recent ones in Dhaka and Baghdad, the UNESCO official denied that it had anything to do with Islam.
“Terror has no religion,” he said, “Islam means peace.”
To document this official recognition, UNESCO will issue certificates to interested Muslim bodies, which can choose to display them at various places like madarsas, Islamic study centers, mosques, halal stores, slaughterhouses, etc.
Junta Ka Reporter was also given a copy of certificate so that we can display the same to our readers. A copy has also been put in the office of our founder Mr. Mofat Javed.
A copy of the certificate issued by UNESCO.
“Right Wing organizations should stop maligning Islam and Muslims at least after this certificate from UNESCO,” our founder editor Mofat Javed hoped.
The certificate and announcement from UNESCO has been welcomed by world leaders and religious leaders across the world. Dalai Lama is reported to have asked other religions to learn from Islam and try to be as nonviolent and compassionate as the religion of peace.
However, some Muslim scholars have said that the act of UNESCO was not needed as Islam was already the best and final religion, and a certificate to the same amounts to trivializing the issue as it states the obvious.
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.