• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

03 June, 2017

သမ္မတ ဦးထင်ကျော် ကိုယ်ရေးသမိုင်း

Image may contain: one or more people and people sitting

အသက် - ၇၀နှစ်
ပညာအရည်အချင်း -၁၀တန်းစာမေးပွဲ မြန်မာတနိုင်ငံလုံး အဆင့်၃
လူရည်ချွန် ၅ထပ်ကွမ်း
စီးပွားရေးဆိုင်ရာ မဟာဘွဲ့
့(ရန်ကုန်စီးပွားရေး တက္ကသိုလ်)

ကမ္ဘာအကောင်းဆုံး အင်္ဂလန်အောက်စဖို့ဒ်
တက္ကသိုလ်မှ ကွန်ပျူ တာ မဟာဘွဲ့
မြန်မာနိုင်ငံ၏ ပထမဆုံးသော ပညာတော်သင် ကျောင်းသား
ဖခင် -နိုင်ငံလွတ်လပ်ရေးမော်ကွန်းဝင် ခေတ်စမ်းစာပေဖခင်
စာရေးဆရာ မင်းသုဝဏ္ဏ၏သား
မဆလခေတ် နိုင်ငံတော်ဝန်ကြီးချုပ်ဦးလွင်၏ သမက်
ဇနီး -ဒေါ်စုစုလွင်
(ပြည်ထောင်စုလွတ်တော်
နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဌ)
လက်ရှိ-ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဌ
ကမ္ဘာ့ထိပ်တန်း ကွန်ပျူ တာပညာရှင် အစည်းရုံး သဘာပတိ
ကွမ်းခြံကုန်းမြို့သား ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ရွေးကောက်ခံကိုယ်စားလှယ် ဂန္တဝင်စာရေးဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက် သားဖြစ်သည်။
၁၉၄၆ ဇူလိုင် ၂၀ တွင် မွေးဖွားသည်။
၁၉၆၂-၆၃ ရန်ကုန်တက္ကသိုလ်
၁၉၆၆-၆၇ စီးပွားရေးပညာဘွဲ့၊ B.Eco
၁၉၆၈ M.Eco
(part 2- တက်ရောက်စဉ် တက္ကသိုလ်နည်းပြ အဖြစ် တာဝန်ထမ်းဆောင်)
၁၉၇၀ University of Computer Centre သို့ ပြောင်းရွှေ့ပညာသင် (Programmer / Analyst)
၁၉၇၁-၇၂ Institute of Computer Science, University of London
၁၉၇၄ Asia Electronic Union, Tokyo
၁၉၇၄-၇၅ M.Sc., Computer Science (RASU)
၁၉၇၅ ဌာနခွဲမှူး ( အကြီးစားစက်မှုလုပ်ငန်း)
၁၉၈၀-၁၉၉၂ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန (FERD)
၁၉၉၂ ဒုတိယညွှန်ကြားရေးမှူး ရာထူးမှနှုတ်ထွက်
၁၉၈၇ Arthur DeLittle, Management Education Institute, Cambridge, Massachusetts တွင် ပညာသင်ယူခဲ့
ဒေါ်အောင်ဆန်းစုကြည်၏ နောက်ကွယ်တွင် နှစ်ပေါင်းများစွာရှိနေခဲ့သူတစ်ဦး လည်းဖြစ်သည်။ စင်စစ် သူသည် ဒီချုပ်ပါတီထက် ဒေါ်အောင်ဆန်းစုကြည်နှင့်သာ ပိုမိုနီးကပ်သူဖြစ်သည်။
နေအိမ်အကျယ်ချုပ် ကျခံနေစဉ်အတွင်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်ပကမ္ဘာကို ချိတ်ဆက်ပေးခဲ့သောလူ အနည်းစုတွင် ဦးထင်ကျော်လည်းပါဝင်သည်။
သူ့ကို သိုသိပ်လျှို့ဝှက်စွာ နေတတ်သူအဖြစ် ဒီချုပ်ပါတီဝင်များက သိထားကြသည်။
ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်ထက် အသက်တနှစ် တစ်လ တစ်ရက်ငယ်ရွယ်သူ ဖြစ်သော် လည်း မက်ဒရစ်ကျောင်း(ဒဂုံ ၁)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပညာဆည်းပူးခဲ့သူဖြစ်သည်။
၁၉၉၂ ခုနှစ်တွင် အစိုးရဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသို့ ဝင်ရောက်ခဲ့သည်။
သူသည်ဒေါ်အောင်ဆန်းစုကြည်၏ သံတမန်ရေးရာ အရာရှိလည်းဖြစ်သည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်သည်။
ဦးထင်ကျော်သည် ဖခင်ဖြစ်သူ၏ ကလောင်ခွဲဖြစ်သော ဒလဘန်းအမည်ဖြစ် သုတစာပေ နိုင်ငံရေးစာပေ တို့ကိုရေးသားခဲ့သည်။
ဒလဘန်းကလောင်အမည်ဖြင့် သူ၏ဖခင် ဆရာမင်းသုဝဏ်အကြောင်းရေးသည့် ‘‘အဘဘ၀ အဘ အကြောင်း တစေ့တစောင်း’’စာအုပ်မှာ ဦးထင်ကျော်၏ ထင်ရှားသည့် လက်ရာဖြစ်သည်။
လက်ရှိသမ္မတ ဖြစ်နိုင်ချေအရှိဆုံးသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်အချရဆုံးသူအဖြစ် လည်းကောင်း မိသားစုမျိုးရိုး သမိုင်းကြောင့် လည်းကောင်း ရိုးသားဖြောင့်မတ်သော စိတ်ထားရှိ၍ လည်းကောင်း စသည့် အရည်အချင်းများကြောင့် NLD ၏ သမ္မတလောင်းစာရင်းတွင် တင်ပေးခြင်း ခံထား ရသူ တစ်ဦးဖြစ်လာခဲ့သည်။
NLD နာမည်ကြီး ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးလွင်၏သမီး၊ ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စုစုလွင်၏ ခင်ပွန်းလည်း ဖြစ်သည်။
Source - Kay Nyein and other reliable media
Photo credit
Share:

လူ့အခွင့်အရေးကိစ္စ ပူးပေါင်းဆောင်ရွက်ဖို့ ကုလပြောကြား

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက တောင်းဆိုလိုက်ပါတယ်။ ဒါဟာ ကုလသမဂ္ဂ အခြေခံမူအရ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က မနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။
နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူ (၃)ဦးနဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ သဘောမတူကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ မြန်မာအစိုးရက ထပ်မံ ပြောကြားလိုက်တဲ့အပေါ်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ Stéphane Dujarric က မနေ့က သတင်းစာရှင်းလင်းပွဲအတွင်း အခုလိုပြောကြားသွားပါတယ်။
"အခြေခံမူအရ ပြောရမယ်ဆိုရင် ကုလသမဂ္ဂရဲ့ လူအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံအားလုံးကို ကျနော်တို့ တိုက်တွန်းပါတယ်။"
ဒါအပြင် မကြာသေးခင် ရက်ပိုင်းအတွင်း လူမှုကွန်ယက်တွေမှာ ပြန့်နှံခဲ့တဲ့ မြန်မာစစ်တပ်က အရပ်ဝတ် (၄)ဦးကို ရိုက်နှက်နေတဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတချို့က အပြင်းအထန်ဝေဖန်ခဲ့တဲ့အပေါ်မှာ ကုလသမဂ္ဂအနေနဲ့ သတိပြုမိကြောင်းနဲ့ ဒီအဖြစ်အပျက်ကို မြန်မာအစိုးရက စုံစမ်းစစ်ဆေးပြီး အရေးယူသွားမယ်လို့ သူတို့ သိထားကြောင်း Stéphane Dujarric က ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရဘက်က မတ်လ (၂၄)ရက်နေ့က ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာတော့ ရခိုင်ပြည်နယ် အခြေအနေဟာ ထိလွယ်ရှလွယ်ပြီး လွတ်လပ်တဲ့ နိုင်ငံတကာအချက်အလက်ရှာဖွေဖေါ်ထုတ်ရေးအဖွဲ့ ဖွဲ့စည်း စေလွှတ်တာဟာ ပြဿနာဖြေရှင်းဖို့ အထောက်အကူ ပြုမှာ မဟုတ်တဲ့အပြင် ပြဿနာကို ပိုပြီးကြီးထွားစေကြောင်း၊ ဒါကြောင့် နိုင်ငံတကာ အချက်အလက် ရှာဖွေဖေါ်ထုတ်ရေးအဖွဲ့ စေလွှတ်တာကို လက်မခံကြောင်းဖေါ်ပြထားပါတယ်။
ဒါပေမဲ့လည်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မြန်မာအစိုးရအတွက် ပိုပြီး အကျိုးရှိစေတယ်လို့မြင်ကြောင်း နယူးရောက် အခြေစိုက် HRW ခေါ် နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams ကပြောပါတယ်။
"မြန်မာအစိုးရ အခိုင်အမာပြောဆိုနေတာက စွပ်စွဲချက် အတော်များများဟာ မဟုတ်မမှန်တွေ၊ အတုအယောင်တွေသာဖြစ်တယ်ဆိုရင် ဖြစ်ရပ်မှန်တွေသိအောင် သူတို့ကို လိုက်ပြီးပြပါ။ တကယ်လို့ သူတို့ဘက်ကမှန်တယ်ဆိုရင် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ အဲဒီအချက်တွေကို ဖေါ်ပြခံရမှာ ဖြစ်ပါတယ်။"
မြန်မာအစိုးရက ပူးပေါင်းဆောင်ရွက်ဖို့ မရှိပေမယ့်လည်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့အနေနဲ့ အခြားနည်းလမ်းတွေနဲ့ အဖြစ်အပျက်အကြောင်းအရာတွေကို ရရှိနိုင်ကြောင်း Brad Adams က အခုလိုဆက်ပြောပါတယ်။
"ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ လူတွေ ထောင်နဲ့ချီရှိနေပါတယ်။ သူတို့တွေဟာ မျက်မြင်သက်သေတွေဖြစ်သလို၊ ကိုယ်တိုင်လည်း နှိပ်စက်ခံခဲ့ရသူတွေဖြစ်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံ တွင်းမှာ ရှိနေတဲ့ လူတွေကလည်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို တယ်လီဖုန်း၊ အင်တာနက်စကိုက်ပ် စတဲ့ ဆက်သွယ်ရေးနည်းလမ်းတွေနဲ့ ပြောဆိုနိုင်ပါတယ်။"
၂၀၁၆ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်တွေ ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြင်းပြင်းထန်ထန် ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာအချက်အလက်ရှာဖွေ ဖေါ်ထုတ်ရေးအဖွဲ့ စေလွှတ်ဖို့ မတ်လက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွက် ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို အိန္ဒိယနိုင်ငံ တရားရုံးချုပ်ရှေ့နေ Indira Jaising က ဦးဆောင်မှာ ဖြစ်ပြီး သီရိလင်္ကာနိုင်ငံက လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဟောင်း Radhika Coomaraswamy နဲ့ သြစတြေးလျနိုင်ငံက နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် Christopher Dominic Sidoti တို့က အဖွဲ့ဝင်တွေအဖြစ် မေလ (၃၀)ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ဥက္ကဋ္ဌရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Share:

01 June, 2017

သာကေတတွင် အစ္စလာမ့်ဝတ်ပြုဆောင်များပိတ်ပင်ခံထားရသဖြင့် လမ်းပေါ်ထွက်ဝတ်ပြု

 ဟိန်းအောင်
Myanmar Muslim Media
မေ ၃၁၊ ၂၀၁၇
သာကေတမြို့နယ်အတွင်း အစ္စလာမ်ဘာသာရေးဝတ်ပြုရာနေရာများကို ဒေသအာဏာပိုင်များက ပိတ်သိမ်းထားသဖြင့် အစ္စလာမ်ဘာသာဝင်များက လမ်းပေါ်တွင် စုပေါင်းဝတ်ပြုမှုတစ်ရပ်ကို ယနေ့စတင်ပြုလုပ်လိုက်သည်။
“ကျွန်တော့်အသက် ၃၂ ရှိပြီ ကျွန်တော်တို့လူမှန်းသိတတ်စအရွယ်ကတည်းက သာကေတမှာရှိတဲ့ကျောင်း ၈ ကျောင်းလုံးမှာ တရားဝင်ဝတ်ပြုခဲ့ကြတယ်။ဝတ်ပြုဆောင်တွေ စာသင်ကျောင်းတွေကနေ ဘယ်တုန်းကမှ ပြဿနာမဖြစ်ခဲ့ဖူးဘူး။ကျွန်တော်တို့ရဲ့အခွင့်အရေးတွေကိုပိတ်ပင်တဲ့အတွက် ကျွန်တော်တို့ လမ်းပေါ်မှာထွက်ဝတ်ပြုခြင်းဖြစ်တယ်”ဟု ကိုမင်းနောင်က Myanmar Muslim Media သို့ပြောသည်။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ သြဇာခံများက “တရားမ၀င်ဗလီ”(ဘာသာရေးစာသင်ကျောင်းအတွင်း ၀တ်ပြုမှု)ဟုဆိုကာ ကန့်ကွက်မှုကြောင့် သာကေတမြို့နယ်အတွင်း အစ္စလာမ့်ဘာသာရေးဝတ်ပြုဆောင် ၈ ခု တွင် ၀တ်ပြုခွင့်ကို ဒေသအာဏာပိုင်များက ဧပြီလ ၂၈ ရက်နေ့မှစတင်ကာပိတ်ပင်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ မိတ်ဆွေ အသိုင်းအ၀ို်င်းကြားထဲမှာ ဗုဒ္ဓဘာသာအများစုက ကျွန်တော်တို့ ၀တ်ပြုတာကို ကန့်ကွက်ထားတာမရှိဘူး။မရှိတဲ့ကြားထဲက နိုင်ငံတော်အဆင့်လူကြီးမင်းတွေက ဘာ့ကြောင့်ဒီအဖျက်အမှောင့်လုပ်တဲ့ လူတစ်စု ရဲ့ တွန်းအားပေးမှုကြောင့် ကျွန်တော်တို့ဝတ်ပြုတာကို ကန့်သတ်တာလဲ ချုပ်ချယ်တာလဲဆိုတာ နိုင်ငံတော်အဆင့်လူကြီးမင်းတွေ ကျွန်တော်တို့ကို တရားဝင်ဖြေပေးစေချင်ပါတယ်”ဟု ကိုမင်းနောင်ကပင်ဆက်လက်ပြောကြားသည်။
သာကေတမြို့နယ်အတွင်းနှစ်ပေါင်းများစွာ အစဉ်အဆက်ဝတ်ပြုလာခဲ့သည့်
အစ္စလာမ်ဘာသာရေးစာသင်ကျောင်း ၉ ခုရှိပြီး ၂၀၁၂ တွင် မဒရဆာတစ်ခုကို ဘာသာရေးအစွန်းရောက်လူအုပ်စုတစ်စုကအကြမ်းဖက်ဖျက်ဆီးခဲ့ပြီး ယင်းကျောင်းမှာယနေ့ထက်တိုင်ပြန်လည်ဖွင့်လှစ်ခွင့်မရသေးပေ။
ဓာတ်ပုံ၊ အောင်ဟိန်းသစ်(Myanmar Muslim Media)
Share:

31 May, 2017

Biographies of the members of the Fact-finding Mission on Myanmar

Geneva, 30 May 2017 -- The President of the Human Rights Council, Ambassador Joaquín Alexander Maza Martelli (El Salvador), announced today the appointment of Ms. Indira Jaising (India), Ms. Radhika Coomaraswamy (Sri Lanka) and Mr. Christopher Dominic Sidoti (Australia) to serve as the three members of the Fact-finding Mission on Myanmar. Ms. Jaising will serve as Chair of the three-person mission.
On 24 March 2017, at its thirty-fourth session, the Council decided to urgently dispatch an independent international fact-finding mission, to be appointed by the President of the Council, to “establish facts and circumstances of the alleged recent human rights violations by military and security forces, and abuses, in Myanmar, in particular in Rakhine State”.
Through Human Rights Council resolution 34/22, the 47-member body mandated the members of the mission to look into, inter alia, allegations of arbitrary detention, torture and inhuman treatment, rape and other forms of sexual violence, extrajudicial, summary or arbitrary killings, enforced disappearances, forced displacement and unlawful destruction of property. The mission members, who will serve in their personal capacities, are also mandated to carry out their work with a view to ensuring full accountability for the perpetrators of these acts and justice for the victims.
The Council also encouraged the Government of Myanmar to fully cooperate with the fact-finding mission by making available the findings of their domestic investigations and by granting full, unrestricted and unmonitored access to all areas and interlocutors. The Council also stressed the need for the mission to be provided with all necessary resources and expertise necessary to carry out its mandate.
The fact-finding mission is scheduled to present an oral update to the Human Rights Council at its thirty-sixth session in September this year and a full report at its thirty-seventh session in March 2018.
The members of the Mission are expected to meet in Geneva in the coming weeks to plan their agenda and work for the months ahead.
Biographies of the members of the Fact-finding Mission on Myanmar
Ms. Indira Jaising (India) is an advocate of the Supreme Court of India, and former CEDAW member (2009-2012). She co-founded the Lawyers Collective in 1981, an NGO devoted to the defence of human rights and women’s rights. She was India’s first woman to be designated a Senior Advocate by the High Court of Bombay in 1986, and first female Additional Solicitor General of the country from 2009 until 2014. She drafted India’s first domestic violence act, allowing women to bring civil and criminal suits against attackers for the first time. She graduated in law with an LLB degree in 1964. Ms. Jaising holds a post graduate degree in law from University of Bombay and received a fellowship from the Institute of Advanced Legal studies of the University of London in 1970. She has been a Visiting Scholar at Columbia University New York, and Bok Visiting International Professor at University of Pennsylvania (2015).
Ms. Radhika Coomaraswamy (Sri Lanka) is a lawyer by training and a civil society member of the Constitutional Council, formerly the Chairperson of the Sri Lanka Human Rights Commission (2003-2006) and the Director of the International Centre for Ethnic Studies (1984-2006). She has worked as the UN Special Rapporteur on Violence against Women (1994-2003), and as Under-Secretary-General and Special Representative for Children and Armed Conflict (2006-2012). In 2014, Ms. Coomaraswamy was appointed by the Un Secretary-General Ban Ki-Moon as lead author on the Global Study on the implementation of UNSC Resolution 1325, on Women, Peace and Security. As an academic, she is a Global Professor of Law at the New York University School of Law. She received her B.A. from Yale University, her J.D. from Columbia University, an LL.M. from Harvard University and honorary PhDs from Amherst College, the Katholieke Universiteit Leuven, the University of Edinburgh, University of Ulster, the University of Essex and the CUNY School of Law, amongst others.
Mr. Christopher Dominic Sidoti (Australia) is an international human rights consultant, specializing in the international human rights system and in national human rights institutions who, since 2000, has provided consultancy services on human rights law and practices to the Office of the High Commissioner for Human Rights, UNDP, UNICEF, the Asia Pacific Forum of National Human Rights Institutions and several national human rights institutions. He was director of the International Service for Human Rights (ISHR; 2003-2007), served as Australian Human Rights Commissioner (1995-2000), Australian Law Reform Commissioner (1992-1995) and Foundation Director of the Australian Human Rights and Equal Opportunity Commission (1987-1992). From 1999 to 2013 he was principal facilitator and interlocutor in a human rights initiative between the Government of Australia and the Government of Myanmar. He is an Adjunct Professor at the University of Western Sydney, Griffith University (Queensland), University of the Sunshine Coast (Queensland) and the Australian Catholic University. Mr. Sidoti holds a Bachelor of Arts, major in government, and a Bachelor of Laws.
For information about the Fact-finding Mission please visit: http://www.ohchr.org/…/HRBo…/HRC/MyanmarFFM/Pages/Index.aspx For more information about the Human Rights Council please visit: http://www.ohchr.org/hrc
Share:

UN appoints fact-finding mission on Myanmar, despite govt opposition


The UN Human Rights Council has appointed a three-person fact-finding mission to investigate alleged atrocities committed by Myanmar security forces, despite the Myanmar government’s opposition to the move.
The mission includes Indian lawyer Indira Jaising, Sri Lanka’s former human rights chief Radhika Coomaraswamy, and Australian human rights advocate Christopher Dominic Sidoti. Ms. Jaising will serve as chair of the mission.
Welcoming the move, Fortify Rights CEO Matthew Smith said: “The military committed a widespread and systematic attack on Rohingya civilians, and there’s been no accountability. The authorities continue to deny violations took place, and survivors continue to suffer needlessly, so this mission has its work cut out for itself. It’s an impressive team of experts fully up to the task.”
The Human Rights Council decided to dispatch an international fact-finding mission to Myanmar on March 24 to “establish facts and circumstances of the alleged recent human rights violations by military and security forces, and abuses, in Myanmar, in particular in Rakhine State.”
The 47-member body mandated the members of the mission to look into allegations of arbitrary detention, torture, inhuman treatment, rape and other forms of sexual violence, extrajudicial, summary, or arbitrary killings, enforced disappearances, forced displacement, and unlawful destruction of property.
The members of the mission are mandated to ensure full accountability for the perpetrators of these acts and justice for the victims, according to a UN press release.
The Human Rights Council has encouraged the Myanmar government to cooperate with the mission by making the findings of domestic investigations available and by granting full, unrestricted, and unmonitored access to all areas and interlocutors.
However, the government has dissociated itself from the Council’s resolution to establish the mission, and both State Counsellor Aung San Suu Kyi and Senior General Min Aung Hlaing have publicly opposed the mission.
Dozens of civil society organizations have called on the Myanmar government to reverse its position and cooperate.
If the government refuses to cooperate, the mission is expected to conduct its investigation among the tens of thousands of Rohingya refugees in Bangladesh.
As another alternative, Smith from Fortify Rights also called on UN agencies operating inside Myanmar to aid the mission: “We assume the mission will have the full cooperation at least of UN agencies in the country and others operational in Rakhine State. That will be important. But it’s not a given. UN agencies don’t typically share information with each other, let alone an outside body, and that’s a problem the UN leadership needs to fix.”
He added: “It’s important for the mission to look into the situation not only in Rakhine but also in Kachin and Shan states, at least. The recent torture video makes clear how serious the situation is on the ground.”
The members plan to meet in Geneva in the coming weeks to set an agenda. Experts in forensics and gender-based violence are also being assembled to support the mission.
The fact-finding mission is expected to present an oral update to the Human Rights Council in September and a full report in March 2018.
Share:

ရခိုင်အရေး ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့ အိန္ဒိယရှေ့နေဦးဆောင်မည်

ရခိုင်ပြည်နယ်မှ မွတ်ဆလင်များကို လုံခြုံရေးတပ်ဖွဲ့များက ညှင်းပမ်းနှိပ်စက် သတ်ဖြတ် အဓမ္မပြုကျင့် သည်ဆိုသောစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမည့် အချက်အလက်ရှာဖွေရေးအဖွဲ့တွင် အိန္ဒိယနိုင်ငံမှ လူ့အခွင့်အရေးရှေ့နေတဦးနှင့် အခြားကျွမ်းကျင်သူ ၂ ဦးတို့ကို ကုလသမဂ္ဂက ယနေ့ခန့်အပ်လိုက် သည်။

ထိုအဖွဲ့ကို အိန္ဒိယ တရားရုံးချုပ်ရှေ့နေ အင်ဒီရာ ဂျိုင်ဆင်းက ဦးဆောင်မည်ဟု ကုလသမဂ္ဂ၏ ကြေညာချက်တွင်ဖေါ်ပြထားပြီး၊ အခြားအဖွဲ့ဝင်နှစ်ဦးတို့မှာ ဟားဗတ်တက္ကသိုလ်ဆင်း သီရိလင်္ကာ ရှေ့နေ ရာဒီကာ ကုမာရာ ဆွာမိနှင့် သြစတေးလျ အတိုင်ပင်ခံ ခရစ်စတိုဖာ ဒိုမင်းနစ်တို့ဖြစ်သည်။

ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးစေခဲ့သော မွတ်ဆလင်များ၏ တိုက်ခိုက်မှုကို တုံ့ပြန်သော မြန်မာစစ်တပ်၏ စစ်ဆင်ရေးများအပြီးတွင် ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းမှ ရိုဟင်ဂျာ ၇၅၀၀၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလက ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံစာတစောင်တွင် မြန်မာလုံခြုံရေး တပ်ဖွဲ့များက လူသားထုတရပ်လုံးအပေါ်ကျူးလွန်သောရာဇဝတ်မှု နှင့် ဖြစ်နိုင်ခြေရှိသော လူမျိုးတုန်း သတ်ဖြတ်မှု ဆန်ဆန် စစ်ဆင်ရေးတခု အတွင်း မွတ်ဆလင်များကို အစုလိုက် သတ်ဖြတ် မုဒိမ်းကျင့်ခဲ့ သည်ဟုဖော်ပြထားသည်။

ဥရောပသမဂ္ဂကတင်သွင်းပြီး အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက ထောက်ခံသော ယင်း အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဖွဲ့စည်းရန် အဆိုကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မတ်လ တွင် ဆုံးဖြတ်ခဲ့ပြီး ကျူးလွန်သူများအနေဖြင့် အပြည့်အဝတာဝန်ယူရန်နှင့် သတ်ဖြတ်ပြုကျင့်ခံရသူ များအတွက် တရားမျှတမှု ဆောင်ကျဉ်းပေးရန် တောင်းဆိုခဲ့သည်။

တရုတ်နှင့်အိန္ဒိယတို့ကမူ ထိုဆုံးဖြတ်ချက်နှင့်ခပ်ကင်းကင်းနေခဲ့ကြသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် သီးခြား အကြံပေးကော်မရှင်၏ ထောက်ခံ တင်ပြချက်များကိုသာ လက်ခံမည်ဖြစ်ပြီး အခြားမည်သည့် တိုက်တွန်းအကြံပြုချက် မဆိုသည် အသိုင်းအဝန်းများအကြား သွေးကွဲစေလိမ့်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို မြန်မာသံတမန်များကလည်း လက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် လက်တွေ့မြေပြင်အခြေအနေနှင့် နိုင်ငံအခြေအနေတို့နှင့် မကိုက်ညီကြောင်း ပြောဆို ပယ်ချခဲ့ပြီး ပြည်တွင်းစုံစမ်းစစ်ဆေးမှုရလဒ်များကို စောင့်ရန် အချိန်ပိုမိုတောင်းခံခဲ့သည်။

အင်ဒီရာ ဂျိုင်ဆင်းသည် အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော မိသားစုတွင်းအကြမ်းဖက်မှု ဥပဒေကိုရေးဆွဲ ခဲ့ပြီး အမျိုးသမီးများအနေဖြင့် ၎င်းတို့ကို တိုက်ခိုက်သူများအား ပြန်လည်တရားစွဲဆိုခွင့် ပထမဆုံး အကြိမ်ရရှိစေခဲ့သူဖြစ်သည်။

အချက်အလက်ရှာဖွေရေးကော်မရှင်အနေဖြင့် လာမည့်စက်တင်ဘာလတွင် ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီသို့ နှုတ်ဖြင့် အစီရင်ခံမည်ဖြစ်ပြီး အစီရင်ခံစာအပြည့်အစုံကို ၂၀၁၈ ခုနှစ် မတ်လ တွင်တင်သွင်းမည်ဖြစ်သည်။ အဖွဲ့ဝင်များသည် လုပ်ငန်းများကြိုတင်ပြင်ဆင်ရန် လာမည့်အပတ်များ တွင် ဂျနီဗာမြို့၌တွေ့ဆုံကြမည်ဖြစ်သည်။
Share:

28 May, 2017

မဟန၏ ဆုံးဖြတ်ချက်များကို မဘသ ပြင်းပြင်းထန်ထန် တုံ့ပြန်


ရန်ကုန်၊ မေ ၂၇
အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို ဖျက်သိမ်းရမည့် ဆုံးဖြတ်ချက် အပါအဝင် နိုင်ငံတော်သံဃမဟာနာယက (မဟန) ၏ ဆုံးဖြတ်ချက်များကို မဘသအဖွဲ့က ၎င်းတို့၏ လေးနှစ်မြောက်တွေ့ဆုံပွဲတွင် ပြင်းပြင်းထန်ထန် တုံ့ပြန်ရှုံ့ချလိုက်သည်။
ယခုပွဲကို ယခင်က အဖွဲ့ကြီး၏ လေးနှစ်ပြည့်ညီလာခံအဖြစ် ကျင်းပရန် စီစဉ်ခဲ့သော်လည်း မဟနက မဘသကို ဖျက်သိမ်းရန် ဆုံးဖြတ်ပြီးနောက် ညီလာခံမဟုတ်ဘဲ အထူးရှင်းလင်းပွဲဟူ၍ ပြောင်းလဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
စကားပြောစင်တွင် ဦးဆောင်ဟောပြောသည့် ဆရာတော်အများစုသည် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုအပေါ် စောင်းပါးရိပ်ချည် ခနဲ့၊ ပြောဆိုသွားပြီး မဟန အဖွဲ့၏ ရပ်တည်ချက်များအပေါ်လည်း ထေ့လုံး၊ ငေါ့လုံးများဖြင့် လှောင်ပြောင်ခဲ့ကြသည်။
ထို့ပြင် မဟနအနေနှင့် မဘသအဖွဲ့အစည်းကို ဖျက်သိမ်းရန် ဆုံးဖြတ်မှုသည် တရားမျှတမှုမရှိကြောင်းနှင့် လုပ်ပိုင်ခွင့်မရှိကြောင်း တက်ရောက်လာသည့် ဦးဆောင်ဘုန်းတော်ကြီးများက တုံ့ပြန်ဝေဖန်ခဲ့သည်။
မဟန အနေနှင့် မဘသ ဖျက်သိမ်းရန်နှင့် မသဘ နာမည်ကို လူပုဂ္ဂိုလ်ဖြစ်စေ၊ ရဟန်းဖြစ်စေ မသုံးစွဲရန် မေ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ယင်းအမိန့်ကိုဆန့်ကျင်သူများအား ‘အလျင်အမြန်’ အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနကို တွန်းအားပေးထားသည်။
မဘသ ဥပဒေ အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ရှေ့နေ ဒေါ်ခင်ခင်ဌေးက “နာမည်တခုကို မသုံးစွဲရဘူးလို့ ဥပဒေပြဌာန်းထားတာ မရှိသေးဘူး၊ ဒါကြောင့် မဘသ ဆိုတဲ့နာမည်ကို မသုံးစွဲရဘူးလို့ အမိန့်ထုတ်တာဟာ ဥပဒေနဲ့ မလျော်ညီဘူး” ဟု အဆိုပါပွဲတွင် မေးမြန်းသူများကို ပြန်လည်ဖြေကြားခဲ့သည်။
ယခုပွဲကို တက်ရောက်လာသည့် ရဟန်းနှင့်လူပုဂ္ဂိုလ်ဦးရေမှာ ယခင်နှစ်ကထက် နှစ်ဆခန့် များပြားခဲ့သည်။ ဓာတ်ပုံ-တေဇလှိုင်
ယခုပွဲကို တက်ရောက်လာသည့် ရဟန်းနှင့်လူပုဂ္ဂိုလ်ဦးရေမှာ ယခင်နှစ်ကထက် နှစ်ဆခန့် များပြားခဲ့သည်။ ဓာတ်ပုံ-တေဇလှိုင်
မဘသ (ဗဟို)၏ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် အရှင် ပါသောက က “အရင်ကတော့ မဟန ဆရာတော်ကြီးတွေက မိန့်တယ်။ တကယ်လို့ မဘသ သာ မဟနနဲ့ပူးပေါင်းမယ်ဆိုရင် ကြိုဆိုတယ်ပေါ့။ ကောင်းတယ်ပေါ့။ ဒါပေမယ့် ခုတော့ ဘာကြောင့် ပြောင်းလဲသွားလဲဆိုတာ မသိပါဘူး” ဟု မဟန၏ ဆုံးဖြတ်ချက်အပေါ် တုံ့ပြသည်။
အဆိုပါ ရှင်းလင်းပွဲတွင် မဘသ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် ဦးဝီရလည်း တက်ရောက်ခဲ့ပြီး ပွဲပြီးခါနီးတွင်မှ ဟောပြောမှုပြုလုပ်ခဲ့ရာ ပရိတ်သတ်များက တခဲနက်လက်ခုပ်တီး၍ သြဘာပေးခဲ့သည်။
“မဘသ ဆရာတော်တွေ၊ တကယ့်ယုံကြည်ချက်နဲ့ အလုပ်လုပ်နေတာတွေကို စော်ကားမော်ကား ပြုနေတာတွေကို ရပ်တန်းကရပ်လိုက်ပါ” ဟု တရားဟောခွင့် တနှစ်ပိတ်ပင်ခံထားရသည့် ဦးဝီရသူက မာန်ပါပါဖြင့် ဟောပြောခဲ့သည်။
ထို့အပြင် သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို ရည်ညွှန်း၍ “လကောင်ကြီး” ဟု အော်ဟစ်ခေါ်ဝေါ် သုံးစွဲခဲ့ပြီး တက်ရောက်လာသူ လူပုဂ္ဂိုလ်များနှင့် ဘုန်းတော်ကြီးများက လက်ခုပ်တီး၍ အားပေးခဲ့ကြသည်။
မဘသ၏ ယခု လေးနှစ်ပြည့်တွေ့ဆုံပွဲသည် ယခင် ၂၀၁၆ ခုနှစ်က ကျင်းပခဲ့သည့် အောင်ဆန်းတောရကျောင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သော်လည်း တက်ရောက်လာသည့် ရဟန်းနှင့်လူပုဂ္ဂိုလ် ဦးရေမှာ ယခင်နှစ်ကထက် နှစ်ဆခန့် များပြားခဲ့သည်။
သတင်း-မြတ်ကျော်သူ
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.