• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

13 May, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန် ပေကျင်းမြို့သို့ရောက်ရှိ


Image may contain: 8 people, people standing and suit
Image may contain: 5 people, people standing and suit
 ပေကျင်း မေ ၁၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့၌ မေ ၁၄ ရက်နှင့် ၁၅ ရက်တွင် ကျင်းပမည့် Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁နာရီတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ကူမင်းမြို့သို့ရောက်ရှိရာ ယူနန် ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး H.E. Mr. Chen Shun၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်နှင့် တာဝန်ရှိသူများက ကူမင်းလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် အထူး လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာပြီး ဒေသစံတော်ချိန် ညနေ ၅နာရီခွဲတွင် ပေကျင်းမြို့ သို့ရောက်ရှိရာ ဘေကျင်းမြူနီစပယ်အစိုးရ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရန့် ဒုတိယဥက္ကဋ္ဌ Mr. Wang Yongqing၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးသစ်လင်းအုန်း၊ သံရုံး၊ စစ်သံရုံး မိသားစုများနှင့် တာဝန်ရှိသူများက ပေကျင်း အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ် ဆက်ကြသည်။ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ် များဖြင့် ခေတ္တတည်းခိုမည့် ကျောက်ယုထိုင်နိုင်ငံတော်ဧည့်ဂေဟာသို့ ရောက်ရှိပြီး ညအိပ် ရပ်နားကြသည်။
ညီလာခံဖွင်ပွဲအခမ်းအနားကို မေ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် တက်ရောက် အဖွင့်မိန့်ခွန်းပြောကြားမည်ဖြစ် ကြောင်း၊ ထို့နောက် အဆင့်မြင့် အစည်းအဝေးပွဲများကို ကျင်းပရန်ရှိကြောင်း၊ မေ ၁၅ ရက်တွင် နိုင်ငံတကာခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲကို တနေကုန်ကျင်းပ မည်ဖြစ်ပြီး သမ္မတ မစ္စတာ ရှီကျင့်ဖျင်က သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါ ထိပ်သီးအစည်းအဝေးပွဲသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres၊ ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim အပါအ၀င် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။
အဆင့်မြင့် စုံညီအစည်းအဝေးပွဲတစ်ရပ်နှင့်အတူ သီးခြားစင်ပြိုင် ဆွေးနွေးပွဲ ၆ ခုကို ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲများတွင် ကဏ္ဍပေါင်း ၈ ခုကို ဦးစားပေးမည်ဖြစ်ကြောင်း သိရပြီး အခြေခံယန္တရား အဆောက်အဦး၊ စက်မှုလုပ်ငန်းရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး၊ကုန်သွယ် ရေးပူးပေါင်းဆောင်ရွက်မှု၊ စွမ်းအင်နှင့် သံယဇာတကဏ္ဍ၊ ငွေကြေးဆိုင်ရာပူးပေါင်း ဆောင် ရွက်မှု၊ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် ဖလှယ်သည့် အစီအစဉ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပင်လယ်ရေကြောင်းသွားလာမှုတွင် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ပါ ၀င်ကြောင်း သိရသည်။
တရုတ်အစိုးရသည် OBOR ပိုးလမ်းခါးပတ်စီမံကိန်းအတွက် ထောက်ခံမှုကို တိုးချဲ့ သည့်အနေဖြင့် နိုင်ငံပေါင်း ၅၆ နိုင်ငံနှင့် သဘောတူစာချုပ်များချုပ်ဆိုခဲ့ကြောင်း၊ ထို့ပြင် OBOR စီမံကိန်းကို အကောင်အထည်ဖေါ်ရန် ပိုးလမ်းမရံပုံငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ မတည်ရင်းနှီးခဲ့ကြောင်း၊ One Belt and One Road ညီလာခံဖွင့်ပွဲ အခမ်းအနား သို့ ရုရှားသမ္မတ Vladimir Putin၊ အီတလီဝန်ကြီးချုပ် Paolo Gentiloni၊ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) အကြီးအကဲ Christine Lagarde တို့လည်း တက်ရောက်ကြ မည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများမှ ခေါင်းဆောင်များလည်း OBOR ညီလာခံသို့ တက်ရောက်ကြ မည်ဖြစ်ကြောင်း၊ ဥရောပနှင့် အရှေ့ဥရောပနိုင်ငံများဖြစ်သည့် ဂရိ၊ ဘယ်လာရုစ် အပြင် ပါကစ္စတန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ တောင်ကိုရီးယား၊ အီသီယိုးပီးယားစသည့် နိုင်ငံများလည်း ညီလာခံသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
Share:

ယူကေမှာကျောင်းတက်ဖို့ ပယ်ခံရတဲ့မိန်းကလေးဟာ အိုင်းစတိုင်း ထက် အိုင်ကျုမြင့်နေကြောင်း သိရ

၁၁နှစ် Mia Golosino ဟာ လွန်ခဲ့တဲ့၁ဝနှစ်က မိဘတွေနဲ့အတူ ယူကေကိုပြောင်းလာခဲ့တာဖြစ်ပါတယ်။အခု မိဘတွေလည်းအသက်ကြီးလာပြီဆိုတော့ သူမအနာဂတ်အတွက် စိတ်ချရမယ့် နာမည်ကြီးကျောင်း တစ်ခုမှာ အပ်ချင်ကြတယ်။ပထမဆုံးရွေးချယ်ခဲ့တဲ့ Aylesbury အထက်တန်းကျောင်းကို သူမမိဘတွေလျှောက်လွှာ တင်ခဲ့တယ်။ကံမကောင်းချင်တော့ သူမငြင်းခံရပါတယ်။
Mia မိဘတွေလည်း သူမကိုအခြားကျောင်းတွေကလက်ခံအောင် အိုင်ကျုစစ်ကြည့်လိုက်တယ်။ သူတို့သမီးရဲ့အိုင်ကျုဟာ ကမ္ဘာပေါ်မှာအမြင့်ဆုံးနဲ့အကြီးဆုံးလို့ သိလိုက်ရတယ်။Mero UK သတင်းအရ သတ်မှတ်ထားတဲ့အမြင့်ဆုံးအိုင်ကျုဟာ ၁၄၀ဖြစ်ပြီး သူမရဲ့ရမှတ်က ၁၆၂ဖြစ်နေပါတယ်။ သိပံ္ပပညာရှင် အိုင်းစတိုင်းနဲ့ စတက်ဖင် ဟောကင်းတို့ရဲ့ အိုင်ကျုအမှတ်က ၁၆၀ဖြစ်ပါတယ်။
သူမအိုင်ကျုအမှတ်ကိုသိလိုက်ရတော့ ကိုယ့်မျက်လုံးတောင်ကိုယ်မယုံနိုင်ဘူးလို့Mia အဖေကဆိုပါတယ်။ နောက်တော့ Buckingham က မတူညီတဲ့သဒ္ဒါကျောင်းတစ်ခုဖြစ်တဲ့ the Royal Latin School မှ ကမ်းလှမ်းချက်ကို သူမရရှိခဲ့ပါတယ်။ ထိုကျောင်းဟာ သူမနဲ့ အသင့်တော်ဆုံးဖြစ်မယ်လို့ထင်ပါတယ်။
Mia မိဘက သူတို့သမီးလေးအကြောင်းကို အများသိအောင် လူမှုကွန်ရက်ပေါ်တင်ခဲ့ပါတယ် ။ကျောင်းတစ်ခုကနေ ပယ်ခံရတာ ကမ္ဘာပျက်သွားတာမဟုတ်သေးပါဘူး။အခြားကျောင်းကောင်းတွေလည်း အများကြီးရှိပါသေးတယ်…ကိုယ်နဲ့သင့်တော်မယ့်ကျောင်း တစ်ခုကိုရှာတွေ့မှာပါလို့ ပြောထားပါတယ်။
အိုင်ကျုဖြေဖို့အတွက် သူမတစ်ပတ်လောက်အချိန်ယူပြင်ဆင်ခဲ့ရပြီး Mensa app ကို နေ့တိုင်း သူမဆော့တာ၁၅မိနစ်သာကြာပါတယ်။
Share:

ဘာကြောင့် တပ်က အာဏာ မသိမ်းနိုင်တာလဲ

မြန်မာနိုင်ငံတွင် အကွက်ချကြံစည် သီအိုရီများ (conspiracy theory) ခေတ်စားတတ်သည်။ အများစုမှာ စိတ်ကူးယဉ် ပုံပြင်များ ဖြစ်ကြသည်ကို တွေ့ခဲ့ပြီး ဖြစ်သော်လည်း အခုတကြိမ်တွင် နောက်တခု ပေါ်ထွက်လျှက်ရှိသည်။ သက်ရောက်မှု အလားအလာများအရ ဆင်ချင်သုံးသပ်ရန် ထိုက်တန် ပါသည်။ မြန်မာနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် မြန်မာ့တပ်မတော်၏ ခေါင်းဆောင်များက ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရကို ဖြုတ်ချ၍ စစ်အစိုးရသစ်တခု ဖွဲ့စည်းမည်ဟု အဆိုပါ သီအိုရီက ဆိုသည်။

၂၀၁၆ ခုနှစ် မတ်လတွင် NLD ပါတီ အာဏာရရှိခဲ့၍ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့ ခေါင်းဆောင် ဖြစ်လာပြီး တနှစ်ပြည့်သည့် အချိန်တွင် ထိုသီအိုရီက မီဒီယာ သတင်းများကြောင့် ပြန်လည် ပေါ်ပေါက်လာရသည်။ သမိုင်းဝင် အဖြစ်အပျက် ၂ ခုလုံးက စိတ်မသက်သာစရာ သုံးသပ်မှုများ ပေါ်ထွက်စေခဲ့ပြီး ခြွင်းချက်မရှိ အားလုံးနီးပါးက NLD အစိုးရ၏ ပထမဆုံး နှစ်ကို စိတ်ပျက်ကြောင်း ဖော်ပြခဲ့ကြသည်။ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်လည်း ပြင်းထန်စွာ ဝေဖန်ခံခဲ့ရသည်။ အထူးသဖြင့် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အများစု နေထိုင်ကြသည့် နိုင်ငံမဲ့ “ရိုဟင်ဂျာ” မွတ်ဆလင်များအတွက် ဝင်ရောက်ဆောင်ရွက်ပေးရန် ဒေါ်အောင်ဆန်း စုကြည်က ညင်းဆန်ခဲ့ခြင်းအပေါ် စိတ်ပျက်နေကြသည့် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများ၏ ဝေဖန်မှု ဖြစ်သည်။

ထိုကဲ့သို့သော သုံးသပ်ချက်များ ထွက်ပေါ်လာပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများနှင့် သူ၏ အစိုးရဘက်မှ ရှေ့နေလိုက်သူများက သူတို့၏ ခုခံကာကွယ်မှုကို အလျှင်အမြန် ပြောင်းလဲခဲ့ကြပြီး အစိုးရသစ်တခုကို အကဲဖြတ်ရန် စောလွန်းသေးကြောင်း ပြောဆိုခဲ့ကြသည်။ ပြီးခဲ့သည့်နှစ်က NLD အမွေဆက်ခံခဲ့ရသော ရှုပ်ထွေးသည့် ပြဿနာများကို သူတို့က ထောက်ပြခဲ့သည်။ ကိစ္စအချို့မှာ ကိုလိုနီခေတ် အထိပင် ပြန်ရောက်သွားသည်။ အချို့က ဝေဖန်မှုများကို ဒေါ်အောင်ဆန်းစုကြည်ထံမှ နေ၍ တပ်မတော်ဆီသို့ လမ်းကြောင်းလွဲသွားအောင် ကြိုးစားခဲ့ကြသည်။ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့် ပြဿနာများ၏ အရင်းအမြစ် အကြောင်းတခု ဖြစ်သည်ဟု သူတို့ မြင်သောကြောင့် ဖြစ်သည်။

အချို့ကမူ ထိုထက်ပို၍ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို တမင်သက်သက် နည်းလမ်းအမျိုးမျိုးဖြင့် နှောက်ယှက်နေသည်ဟု ဆိုကြသည်။ စစ်ဗိုလ်ချုပ်ကြီးများ၏ အစီအစဉ် ဖြစ်သည်ဟု အမြဲတမ်း ပြောခဲ့ကြသည်။ ထိုကဲ့သို့ သုံးသပ်သူများ၏ အမြင်အရကြည့်မည်ဆိုလျှင် NLD အာဏာရသည့် အချိန်မှစ၍ အရပ်သား အစိုးရ အောင်အောင်မြင်မြင် တည်ထောင်ရမည့် အခွင့်အရေးကို ငြင်းပယ်ရန် နှင့် မြန်မာပြည်သူများကိုလည်း သူတို့လိုချင်သည့် အပြောင်းအလဲကို ခွန်အားရှိသည့် စစ်အစိုးရတခုကသာ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း သွေးဆောင်ရန် တပ်မတော်က လူကြမ်းနေရာမှ ကခဲ့ သည်ဟူ၍ ဖြစ်ပေလိမ့်မည်။

အသွင်ကူးပြောင်းရေးက ပိုမို၍ ဒီမိုကရေစီဆန်သည့် စနစ်တခု ဖြစ်လာသော်လည်း တပ်မတော်က မြန်မာနိုင်ငံတွင် အာ ဏာ အပြည့်ဝဆုံး နိုင်ငံရေး အင်အားတခုအဖြစ် ဆက်လက်တည်ရှိနေသည်မှာ မှန်ကန်ပါသည်။ လွှတ်တော်များတွင် ကိုယ်စားလှယ်နေရာ ၄ ပုံ ၁ ပုံကို ခန့်ထားခွင့် ရှိသည်။ အရေးပါသည့် ဝန်ကြီးဌာန ၃ ခုကို တိုက်ရိုက်ထိန်းချုပ်ထားပြီး အာဏာပြင်းသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိုလည်း သွယ်ဝိုက်၍ ထိန်းချုပ်ထားသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဗျူရိုကရေစီတွင်လည်း တာဝန်ထမ်းဆောင်ဆဲ စစ်ဘက်အရာရှိများနှင့် စစ်ဘက်အရာရှိဟောင်းများက လွှမ်းမိုးထားဆဲ ဖြစ်သည်။

အကယ်၍ NLD အစိုးရကို အားနည်းစေရန် သို့မဟုတ်ဖြုတ်ချရန် ဗိုလ်ချုပ်ကြီးများတွင် ရေရှည်အစီအစဉ်တခု ရှိမည်ဆို လျှင် သူတို့တွင် နည်းလမ်းများ ရှိပါသည်။ သို့သော်လည်း ကျနော်တို့ သေချာစွာ ပြောနိုင်သည့် တခုတည်းသော အစီအစဉ် မှာ NLD အာဏာရရန် အထောက်အကူပေးခဲ့သည့် အစီအစဉ် ဖြစ်ပါသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်တခုကျော်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုများသည် ယခင်စစ် အစိုးရဟောင်းက ဖော်ဆောင်ခဲ့သည့် ပုံစံအတိုင်း ဖြစ်ခဲ့သည်ကို သံသယရှိစရာ မလိုပါ။ ၂၀၀၃ ခုနှစ်တွင် ထိုစဉ်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့်က အဆင့် ၇ ဆင့်ပါဝင်သည့် အစီအစဉ်တခုကို ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းကို စစ်အစိုးရက စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး လမ်းပြမြေပုံအဖြစ် သတ်မှတ်ခဲ့သည့်အတိုင်း ဖြစ်ခဲ့သည် မဟုတ်လော။

အားလုံး အစီအစဉ်တကျ

ပထမဆုံး အဆင့်မှာ အခြေခံဥပဒေသစ် တခုရေးဆွဲရန် ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၆ ခုနှစ်မှ စ၍ ရပ်ဆိုင်း ထားခဲ့သည့် အမျိုးသား ညီလာခံကို ပြန်လည်ကျင်းပရန် ဖြစ်သည်။ ဒုတိယနှင့် တတိယ အဆင့်မှာ ပိုမို၍ ဒီမိုကရေစီ ကျ သော စနစ်တခုကို စတင် အကောင်အထည်ဖော်ရန် နှင့် အခြေခံဥပဒေသစ်တခု ရေးဆွဲရန် ဖြစ်သည်။ စတုတ္ထနှင့် ပဉ္စမ အဆင့်မှာ အခြေခံ ဥပဒေကို အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန် နှင့် အစီအစဉ်တွင် ဖော်ပြသည့် အတိုင်း ရွေးကောက်ပွဲကျင်းပ၍ ဥပဒေပြု ကိုယ်စားလှယ်များ ရွေးချယ်ရန် ဖြစ်သည်။ ဆဌမ အဆင့်မှာ လွှတ်တော် အသစ်တခု ခေါ်ယူရန် ဖြစ်သည်။

နောက်ဆုံး အဆင့်မှာ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတခု တည်ဆောက်ခြင်း အဖြစ် ဖော်ပြခဲ့သည်။

အဆိုပါ လုပ်ငန်းစဉ်၏ သဘောသဘာဝ၊ နောက်ဆုံးရလဒ်တို့ နှင့် ပတ်သက်သော မေးခွန်းများကို ဘေးဖယ်ထားမည် ဆို လျှင် စစ်အစိုးရက ဆောင်ရွက်ရန် ၎င်းတို့ ကတိပြုထားသည့် အတိုင်း အစီအစဉ်တကျ ဆောင်ရွက်သွားသည်ဟု ဆိုနိုင်ပါ သည်။ လမ်းပြမြေပုံ အတိုင်း အနီးစပ်ဆုံး ဆောင်ရွက်ခဲ့သည်။ အမျိုးသား ညီလာခံက ရေးဆွဲခဲ့သည့် အခြေခံ ဥပဒေ မူ ကြမ်းကို ဂရုတစိုက် စီမံထားသည့် ဆန္ဒခံယူပွဲမှ တဆင့် ၂၀၀၈ ခုနှစ်တွင် အခြေခံ ဥပဒေ သစ်တခု အဖြစ် အတည်ပြုနိုင် ခဲ့သည်။ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး နောက်နှစ်တွင် လွှတ်တော်ကိုယ်စားလှယ်သစ်များ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။ မကြာမီမှာပင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

ထို့ပြင် ၂၀၁၂ ခုနှစ်က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ကိုယ်စားလှယ် လောင်းများက လစ်လပ်သော ကိုယ်စားလှယ် ၄၅ နေရာတွင် ၄၃ နေရာ အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲမှာ အဘက်ဘက်က ကြည့်လျှင် အတော်လေးပင် လွတ်လပ်၍ တရားမျှတမှု ရှိခဲ့သည်။ NLD ပါတီက ကိုယ်စားလှယ်နေရာ ၈၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်း စုကြည် သမ္မတ တာဝန် ထမ်းဆောင်နိုင်ခြင်း မရှိခဲ့သော်လည်း သူ့ကို သမ္မတ အထက်မှ နေရာတခုပေးနိုင်မည့် ဟာကွက်တခုကို ရှာဖွေနိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းက မှတ်သားလောက်စရာ အသွင်ပြောင်းလဲလာခြင်းမှာ တပ်မတော်၏ ထိပ်တန်း အရာရှိများက ထိုသို့ လုပ်ဆောင်ရန် ခွင့် ပြုခဲ့ခြင်းကြောင့် ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး၏ မည်သည့်အဆင့်တွင်မဆို ရပ်တန့်အောင် သို့မဟုတ် ကြိုးကိုင်ချယ်လှယ်ခြင်းကို ဗိုလ်ချုပ်ကြီးများက (လုပ်လိုပါက) လုပ်နိုင်ခဲ့ပါသည်။ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးက အလွန် ကြောင်းကျိုး ဆီလျှော်သည်ဟု သူတို့ မျှော်လင့်ချင်မှ မျှော်လင့်ခဲ့ပါလိမ့်မည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူး ဖန်တီးခြင်းကတော့ သူတို့ကို အံ့အားသင့်စေခဲ့သည်။ သို့သော်လည်း ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်က NLD ကို အာဏာရရှိအောင် ဦးဆောင်၍ တိုင်းပြည်၏ ခေါင်းဆောင် ဖြစ်လာမည်ကို သူတို့ ကြို တင် မျှော်လင့်ပြီး ဖြစ်ပါမည်။

ထိုကိစ္စနှင့် ပတ်သက်၍ NLD အာဏာရသည်ကို တပ်မတော်က မြင်ချင်ခဲ့သည်၊ သို့မှသာလျှင် NLD ကျရှုံးသည်ကို သူတို့ မြင်နိုင်ပြီး အရပ်သားများ၏ မြန်မာနိုင်ငံကို အုပ်ချုပ်နိုင်စွမ်းမရှိမှုနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေး နှင့် နိုင်ငံရေး အားနည်းချက်များကို ဖော်ပြရန် ဖြစ်သည် ဆိုသည့် အကြောင်းပြချက်ကတော့ လက်မခံနိုင်စရာ ဖြစ်သည်။

သို့သော် အောက်ပါအချက်အလက်များကမူ လက်ခံနိုင်စရာ ဖြစ်သည်။

အာဏာ ရရှိသည့် အချိန်ကစ၍ ဒေါ်အောင်ဆန်းစုကြည်သည် သြဇာ ဆက်လက် လွှမ်းမိုးထားဆဲ ဖြစ်သော တပ်မတော်၏ ကဖျက်ယဖျက် လုပ်မှုများ နှင့် ရင်ဆိုင်ခဲ့ကြသည်။ လွှတ်တော် အတွင်းမှ စစ်ဘက်ကိုယ်စားလှယ်များ အစုအဖွဲ့ အခြေခံဥ ပဒေ ပြင်ဆင်ရန် သူ၏ အားထုတ်မှုများကို ပိတ်ပင်ခဲ့သည်။ နိုင်ငံတော် လုံခြုံရေး နှင့် ပတ်သက်သော အရေးကိစ္စတိုင်း တွင် တပ်မတော်က လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိနေသည့် တပ်မတော်က မြန်မာနိုင်ငံ မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်သည့် စစ်ဆင်ရေးများကို လွတ်လပ်စွာ ဆောင်ရွက်ခဲ့သည်။ စစ်ဘက်နှင့် ရဲတပ်ဖွဲ့ တို့က ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်ဆလင် အသိုင်းအဝိုင်း အပေါ်ကြမ်းတမ်းသော စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်။

တပ်မတော်၏ ဝင်ရောက်စွက်ဖက်မှု

သဘောထားတင်းမာမှုကို သဘောကျသည့် စစ်ဗိုလ်ချုပ်ကြီးများ၏ လက်ထဲတွင် တပ်မတော်၏ အခွင့် အာဏာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၀ ခန့်နှင့် ကျယ်ပြန့်သော သဘောတူညီမှု တခု ရရှိရေးကို ဦးတည်သည့် ဒေါ်အောင်ဆန်းကြည်၏ ၂၁ရာစု ပင်လုံညီလာခံ အပေါ်တွင်လည်း သက်ရောက်မှု ရှိခဲ့သည်။ ရခိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သော ကြမ်းတမ်းသည့် နည်းဗျူဟာများက မြန်မာနိုင်ငံကို နိုင်ငံတကာမှ ပြင်းပြင်ထန်ထန် ဝေဖန်မှုများ ဖြစ်ပေါ် လာစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အစိုးရမှာ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် အမှန်တကယ်ပါ ဝင်ခဲ့ခြင်းမရှိဟု ဆိုလျှင်ပင် အားနည်းမှုများနှင့် ထိရောက်မှုမရှိသည့် အသွင် ဖြစ်စေခဲ့သည်။

အရပ်သား အစိုးရ၏ အရည်အချင်း မပြည့်ဝမှုနှင့် စာနာမှု ကင်းမဲ့မှုများ ပိုမိုပေါ်ထွက်လာသည်နှင့်အမျှ အများစုက ဆုံးဖြတ်ချက်ပြတ်သား၍ ထိရောက်စွာ ဆောင်ရွက်နိုင်သော စစ်အစိုးရတခုကို တောင်းဆိုလာလိမ့်မည်ဟု အကွက်ချကြံစည် သီအိုရီများက ဆိုသည်။

သို့သော်လည်း အဆိုပါ အယူအဆက NLD သည် ၎င်း၏ ကိုယ်ပိုင် ပြဿနာ အများအပြားအတွက် တာဝန်ရှိကြောင်း ဖော် ပြရန် ပျက်ကွက်ခဲ့သည်။ NLD က အသေးစိတ်ကျသော မူဝါဒ အနည်းငယ် သို့မဟုတ် အပြောင်းအလဲအတွက် နည်းဗျူ ဟာ အနည်းငယ်မျှ နှင့် အာဏာ ရယူခဲ့ခြင်း ဖြစ်သည်။ လုပ်ဆောင်ချက် အသစ်များက စည်းစနစ်ကျနမှု နည်းပါးပြီး ပြည့်သူ့ဆက်ဆံရေးကိုလည်း ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်၏ သီးခြားနေတတ်မှု၊ သြဇာ လွှမ်းမိုးလိုသော စတိုင်နှင့် အရာရာတိုင်းကို ထိန်းချုပ်ရန် စိတ်အားထက်သန်ခြင်းတို့က မကျေနပ်မှုများ နှင့် အလုပ် မတွင် ကျယ်ခြင်းများ ဖြစ်စေခဲ့သည်။ ရိုဟင်ဂျာ မွတ်ဆလင်များ နှင့် ပတ်သက်၍ လူသိရှင်ကြား ပြောဆိုရန် ငြင်းဆန်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အစိုးရ၏ နိုင်ငံတကာ ပုံရိပ်ကို ထိခိုက်ကျဆင်းစေခဲ့သည်။

အကွက်ချကြံစည် သီအိုရီသမားများက စစ်ဗိုလ်ချုပ်များသည် ၂၀၁၁ ခုနှစ်တွင် အာဏာစွန့်လွှတ်ရန် မဖြစ်မနေလိုအပ် ခြင်း မရှိခဲ့သည့် အချက်ကိုလည်း မျက်စိမှောက်ခဲ့ကြသည်။ ထို့သို့ ပြုလုပ်ရန် သူတို့ စစ်ပွဲတွင် ရှုံးနိမ့်ခြင်း သို့မဟုတ် ပြင်ပဖိအားပေးမှုများ သူတို့ အပေါ်တွင် ရှိမနေခဲ့ပါ။ အမှန်စင်စစ်အားဖြင့် စစ်အစိုးရသည် ၁၉၆၂ ခုနှစ် အာဏာသိမ်းသည့် အချိန်နောက်ပိုင်း မည်သည့် အချိန်ထက်မဆို အာဏာ ပို၍ပြည့်ဝနေပြီ ဖြစ်သည်။ သူတို့က တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်သွားနိုင်စွမ်း ရှိပါသည်။ သို့သော်လည်း သူတို့က တိုင်းပြည်၏ အကျိုးစီးပွားနှင့် သူတို့၏ အကျိုးစီးပွားကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတကာ အကူအညီများကို ဆွဲဆောင်နိုင်ပြီး ပိုမို လူကြိုက်များမည့် အရပ်သားတပိုင်း အစိုးရက အကောင်းဆုံး အထောက်အပံ့ ပေးနိုင်သည့်အတွက် အာဏာကို အဆုံးသတ်ခဲ့ကြသည့် အသွင်ရှိပါသည်။

စစ်ဗိုလ်ချုပ်များက မြန်မာနိုင်ငံကို အနည်းဆုံး တိုက်ရိုက် မအုပ်ချုပ်ချင်တော့ပါ။ တပ်မတော်က အမျိုးသားနိုင်ငံရေးတွင် ၎င်း၏ အဓိက နေရာကို ကာကွယ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ယခင် စစ်အစိုးရ၏ တို့တာဝန် အရေး ၃ ပါးဖြစ်သော ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး နှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို စိန်ခေါ်လာမှု မှန်သမျှအား သူတို့ တုန့်ပြန်သွားမည် ဖြစ်သည်။

သို့သော်လည်း အဆိုပါ သတ်မှတ်ချက်များအတွင်း သူတို့၏ ရည်ရွယ်ချက်အများအပြားကို ဝေမျှခွဲပေးထားသဖြင့် NLD အစိုးရကို သူတို့က အောင်မြင်စေချင်သည်။ သူတို့ကလည်း မြန်မာနိုင်ငံကို အင်အားကောင်းသော၊ ခေတ်မီသော၊ အောင်မြင်သော၊ တည်ငြိမ်သော၊ စည်းလုံးသော၊ လွတ်လပ်သော အများလေးစားမှုကို ခံရသော နိုင်ငံတခု ဖြစ်စေလို ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပြီး ဖြစ်သည်။

တပ်မတော်ထဲမှ အဖွဲ့ဝင် အချို့က သူတို့ အာဏာလက်လွှတ်ခဲ့ရခြင်းကို နောင်တရပြီး NLD အစိုးရ၏ လက်ရှိ ဒုက္ခများကို ကျေနပ် နှစ်သိမ့်နေကြမည်မှာ သံသယရှိစရာ မလိုပါ။ အရေးပေါ် အခြေအနေတခုတွင် တပ်မတော်က တိုင်းပြည်ထိန်းချုပ် မှုကို ပြန်လည်ရယူရန် အရေးပေါ် အစီအစဉ်များလည်း ရှိကောင်းရှိနိုင်ပါသည်။ သို့သော်လည်း ထိပ်တန်းအရာရှိကြီးများ ကမူ အခက်အခဲများနှင့် အရှုပ်အထွေးများ စီမံခန့်ခွဲရခြင်းကို NLD လက်သို့ ပေးအပ်ပြီး ကျေနပ်ရောင့်ရဲနေကြသည့် အသွင် ရှိပါသည်။ တဘက်တွင်လည်း အကျိုးကျေးဇူးရှိမည့် အဓိကကျသော နေရာများ နှင့် စီပွားရေး အခွင့်အလမ်းများ၊ စစ်ရေးဆိုင်ရာ နိုင်ငံခြား အဆက်အသွယ်များ ကဲ့သို့သော ပြန်လည်ရရှိနိုင်မည်များကို သိမ်းပိုက်ရန် သေသေချာချာ စောင့်ကြည့်နေကြမည် ဖြစ်သည်။

ထို့ကြောင့် အကွက်ချကြံစည်မှု သီအိုရီသမားများကို အဖြေပေးရမည်ဆိုလျှင် … ဟုတ်ပါသည်။ စစ်ဗိုလ်ချုပ်ကြီးများတွင် အစီအစဉ်တခု ရှိပါသည်။ ထို အစီအစဉ်မှာ အစိုးရ၏ နေစဉ်တာဝန် ဝတ္တရားများမှ နောက်ဆုတ်ရန် နှင့် ပိုမို၍ ဒီမိုကရေစီ ဆန်သော အသွင်ကူးပြောင်းရေးကို ခွင့်ပြုရန်ဖြစ်သည်။ တပ်မတော်က ကြီးမားသော သြဇာလွှမ်းမိုးမှုကို ဆက်လက်ကျင့် သုံးနေဆဲ ဖြစ်သော်လည်း စစ်ဗိုလ်ချုပ်ကြီးများထံတွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရ ကျရှုံးစေမည့် ဒုတိယ လျှို့ဝှက် အကြံအစည်တခု ရှိနေသည် ဆိုခြင်းက ယုံကြည်လက်ခံနိုင်လောက်စရာ မရှိပါ။ ရှိခဲ့လျှင် ထိုအကြံအစည်က ပထမပိုင်း ရည်ရွယ်ချက်များကို ပျက်ပြားသွားစေလိမ့်မည် ဖြစ်သည်။

တပ်မတော်က လက်ရှိ အစိုးရ၏ ပထမသက်တမ်းပြီးဆုံးသည်အထိ တာဝန်ယူခွင့်ပြုသွားမည် ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပြီး ဖြစ်သည်။ ထိုနောက်ပိုင်းတွင်တော့ ဘာတွေဖြစ်လာမည်ကို မှန်းဆရန် ခက်ခဲပါသည်။ မြန်မာနိုင်ငံရေးရာ စောင့်ကြည့်လေ့လာသူ အချို့ သဘောကျသော ဖြစ်နိုင်ချေ ဇာတ်လမ်းတခု မှာ နောက်လာမည့် အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် စစ်တပ်ကို ထောက်ခံသည့် ပါတီတခု အင်အားကောင်း လာပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်ပင် ပါတီကို ဦးဆောင်လာနိုင်သည် ဟူ၍ ဖြစ်သည်။ ထိုသို့ ဖြစ်လာခဲ့ လျှင် အဆိုပါ ပါတီ၏ ကိုယ်စားလှယ်လောင်းများက NLD ၏ အားနည်းချက်များကို ထောက်ပြ၍ သူတို့၏ ခေါင်းဆောင် များက အများစု၏ မျှော်လင့်ချက်များ နှင့် ကိုက်ညီကြောင်း ပြောဆိုလာသည်ကို ကြားရလျှင် မည်သူမျှ အံ့သြမနေသင့်ပါ။

(Andrew Selth သည် Griffith Asia Institute မှ တွဲဖက်ပါမောက္ခ တဦး ဖြစ်ပြီး သူနောက်ဆုံးရေးသား ခဲ့သည့် စာအုပ်မှာ နယူးယောက်မြို့ရှိ Routledge စာအုပ်တိုက်မှ ၂၀၁၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော “Burma, Kipling and Western Music: The Riff from Mandalay” အမည်ရှိ စာအုပ်ဖြစ်သည်။ ၎င်း၏ Nikkei Asian Review ပါ Why Myanmar’s military is not planning a coup ကို ဘာသာပြန်ဆိုသည်)
Did you find apk for android? You can find new Free Android Games and apps.

Topics: တပ်မတော်, ဒေါ်အောင်ဆန်းစုကြည်
Share:

12 May, 2017

Diplomat: Anti-Muslim Violence in Myanmar is ‘Rule of Law’ Problem

Calling Myanmar “a new democracy,” the U.S. ambassador to Myanmar told VOA the latest manifestation of increasing anti-Muslim sentiment in the Southeast Asian nation is a problem rooted in “the rule of law.”
The early morning confrontation Wednesday began late Tuesday night when a group of nationalists complained to police that several Rohingya were illegally hiding in a house in a Yangon neighborhood, according to local press accounts.
Police who investigated refused to arrest the men, saying they were local, non-Rohingya Muslims allowed to be there.
Hard-line Buddhists ride on motorbikes during a protest march, led by Rakhine State's dominant Arakan National Party, against the government's plan to give citizenship to some members of the persecuted Rohingya Muslim minority community in Sittwe, Rakhine State.
Hard-line Buddhists ride on motorbikes during a protest march, led by Rakhine State's dominant Arakan National Party, against the government's plan to give citizenship to some members of the persecuted Rohingya Muslim minority community in Sittwe, Rakhine State.
Authorities in Myanmar, a Buddhist majority country, consider most Rohingya to be “resident foreigners,” not citizens, according to Human Rights Watch. The majority of them live in western Myanmar’s Rakhine State and cannot travel without special permission.
An Associated Press reporter saw approximately 30 Buddhists, including monks, in the neighborhood. Some were armed with stones, as were many of the area’s Muslim residents. Police fired two warning shots to disperse the crowds, and at least one Muslim man was hospitalized with injuries.
Rule of law
“To me, this is really a matter of the rule of law,” the U.S. Ambassador to Myanmar, Scot Marciel, told VOA’s Burmese Service.
Emphasizing that the only information he had about the incident came from press accounts, Marciel said, “What’s important in this case, or any other case like this, is that the law be applied fairly.” He added that it is “problematic to have citizens accompanying law enforcement to look into a possible crime. … It raises a lot of concerns, a lot of problems.”
Calling Myanmar “a new democracy,” Marciel said that the hope would be that “as Myanmar builds the rule of law,” citizens would raise any concerns they have about illegal activities with law enforcement, and that law enforcement “would take over from there so you avoid situations of crowds getting involved to enforce what they see as the law.”
But, he added “it takes time for societies to learn how they want their democracy to operate and what rule of law means.”
The Wednesday night incident was the second one in less than a month in Yangon, Myanmar’s largest city. On April 28, ultranationalist monks and their supporters forced two Muslim schools to close. Police stood by as the protesters chained the doors of the schools, according to Human Rights Watch. As of May 8, the schools remained closed.
FILE - Wirathu, a high-profile leader of the Myanmar Buddhist organization known as Ma Ba Tha, is interviewed at his monastery in Mandalay, Myanmar, Nov. 12, 2016.
FILE - Wirathu, a high-profile leader of the Myanmar Buddhist organization known as Ma Ba Tha, is interviewed at his monastery in Mandalay, Myanmar, Nov. 12, 2016.
Militant monks
A militant organization of Buddhist monks known as Ma Ba Tha has spearheaded protests against Muslims. Its leaders have been accused of stirring up mob violence leading to the deaths of Muslims and destruction of their property around the country. Most of the anti-Muslim violence in Myanmar since 2012 has occurred in Rakhine State, where the Rohingya are accused of entering the country illegally from Bangladesh.
“It’s a tremendous concern that this is happening in Yangon,” Derek Mitchell, the former U.S. ambassador to Myanmar told VOA’s Burmese Service.
Although Myanmar prohibits religious discrimination “it’s very sensitive when you’re dealing with monks in this very highly Buddhist country, a very proudly Buddhist country,” Mitchell said.
Mitchell, who served in Myanmar from July 2012, and departed March 2016, said that it is difficult to say why the tension is erupting in Yangon.
Broader problem
Mitchell said that while the situation in Rakhine State has attracted the most attention, the incidents in Yangon reflect “a broader issue of anti-Muslim sentiment” in Myanmar, something that cannot be blamed on State Councilor Aung San Suu Kyi, the Nobel Peace Prize winner who is the de facto government leader.
“I think she and the NLD government are sincere and are doing everything they possibly can to try to root it out and prevent it,” Mitchell said. “But it’s very difficult to block out and change minds and mindsets.”

This report originated in the VOA Burmese Service.
Share:

11 May, 2017

မင်္ဂလာတောင်ညွန့်တွင် ပဋိပက္ခဖြစ်ပွားအောင် လုပ်ဆောင်သူများကို ဥပဒေနှင့်အညီအရေးယူပေးရန် အစိုးရထံ ဒေါ်ဖြူဖြူသင်းတောင်းဆို

မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်းတွင် လူစုလူဝေးဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က အခြေအနေတည်ငြိမ်ရန် လုံခြုံရေးယူနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)
 
မင်္ဂလာတောင်ညွန့် မြို့နယ် မြယာကုန်းလမ်းတွင် ပဋိ ပက္ခဖြစ်ပွားစေရန် လုပ်ဆောင် ခဲ့သူများကို တရားဥပဒေနှင့်အညီ အရေးယူပေးရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံ စာတင်၍ တောင်း ဆိုထားကြောင်း မင်္ဂလာတောင် ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။
‘‘ရန်ကုန်တိုင်း အစိုးရအဖွဲ့ ကို ဒီနေ့ပဲ စာတင်ပါတယ်။ စာ တင်ပြီးတော့ မြို့နယ်အုပ်ချုပ်ရေး မှူးအဖွဲ့ကိုလည်း မိတ္တူပို့ပါမယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ပေးဖို့။ ကျွန်မတို့ ဥပဒေတွေရှိပါတယ်။ ၅၀၅ (ဂ) ဆူပူလှုံ့ဆော်မှုတွေ၊ ဘာသာရေး အရ၊ လူမျိုးရေးအရ လုပ်နေတဲ့ ကိစ္စရပ်တွေကို တရားဥပဒေအရ ဥပဒေနဲ့အညီ အရေးယူပေးဖို့ ရန် ကုန်တိုင်းအစိုးရနဲ့ မြို့နယ်အုပ် ချုပ်ရေးအဖွဲ့ကို စာတင်မယ်။ အဲ ဒီလိုပဲ သာသနာရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကိုလည်း စာတင် ဖို့ ပြင်နေပါတယ်’’ဟု ဒေါ်ဖြူဖြူ သင်းက ယမန်နေ့က ပြောသည်။
ဒေါ်ဖြူဖြူသင်းသည် မေလ ၁၀ ရက်က မင်္ဂလာတောင်ညွန့် မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးနှင့် တွေ့ဆုံရာတွင်လည်း မြို့နယ်၏ လုံခြုံရေးနှင့်ပတ်သက်၍ တာဝန် ယူဆောင်ရွက်ပေးရန် ပြောကြား ခဲ့သည်။
ယခုဖြစ်စဉ်တွင် မြယာကုန်း လမ်းရှိ နေအိမ်တစ်အိမ်၌ ဘင်္ဂါ လီအချို့ ရောက်နေသည်ဟုဆို ကာ ဝင်ရောက်စစ်ဆေးရာတွင် အာဏာပိုင်အဖွဲ့အစည်းများက သံဃာတော်အချို့နှင့် အမျိုးသား ရေးလှုပ်ရှားသူဟုဆိုသူများကို ခေါ်ဆောင်သွား၍ ပြဿနာများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ၏ လုံခြုံရေးအတွက် အစိုးရအဖွဲ့ အနေဖြင့်အလားတူကိစ္စရပ်များ ထပ်မံမပေါ်ပေါက်အောင် အမြန်ဆုံး ဖြေရှင်းဆောင်ရွက် သင့်ကြောင်း ရန်ကုန်တိုင်း လွှတ် တော် ကိုယ်စားလှယ် အချို့က တိုက်တွန်းသည်။

ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

အာဏာပိုင် အဖွဲ့အစည်းများမှအပ အခြားသူ၏နေအိမ်ကို ၀င်ရောက်စစ်ဆေးခွင့်မရှိ
 
ပြည်သူတစ်ဦးအနေဖြင့် မိမိ ရရှိထားသော သတင်းကို နယ် မြေခံရဲစခန်း၊ အုပ်ချုပ်ရေးမှူးရုံး များသို့ သွားရောက်သတင်းပေးပို့ နိုင်သော်လည်း သတင်းပေးပြီး နောက် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် လိုက်ပါခြင်းသည် ဥပဒေ နှင့်မညီညွတ်ဘဲ ဝတ္တရားနှောင့် ယှက်မှုသာဖြစ်ကြောင်း သင်္ဃန်း ကျွန်းမြို့နယ် ရန်ကုန်တိုင်းလွှတ် တော်ကိုယ်စားလှယ် ဦးနေဘုန်း လတ်က သုံးသပ်ပြောကြားသည်။ ထိုသို့ လိုက်ပါခွင့်ပြုသော အာ ဏာပိုင်အဖွဲ့အစည်းများကို ၎င်း က မေးခွန်းထုတ်သည်။
‘‘အဲဒါတွေကို အစကတည်း က ခွင့်မပြုရဘူး။ ရဲစခန်းကိုလာ၊ ပြောချင်တာပြော၊ တိုင်ချင်တာ တိုင်လို့ရတယ်။ ဒါကို လက်ခံလိုက်။ နားထောင်လိုက်။ ပြီး တော့ ပြန်လွှတ်လိုက်။ ဘာမှ အဲဒီအိမ်ကို အဲဒီလူတွေကို ခေါ်သွား စရာအကြောင်းမရှိဘူး။ ဘုန်းကြီး မကလို့ ဘယ်သူဖြစ်ဖြစ် ခေါ်သွား စရာအကြောင်းမရှိဘူး။ ဘာလို့ အဲဒီကိစ္စတွေ ခွင့်ပြုနေလဲ’’ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယင်းပြဿနာ များနှင့်ပတ်သက်၍ အမြန်ဆုံးဖြေ ရှင်းဆောင်ရွက်သင့်ကြောင်းနှင့် အရေးယူဆောင်ရွက်ခြင်းမရှိပါ က အလားတူ ပြဿနာများ ထပ် မံပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်က မှတ်ချက်ပြု သည်။
‘‘ဒီကိစ္စကို အစိုးရက ထိထိ ရောက်ရောက်နဲ့ ကိုင်တွယ်ပြီး တော့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ နဲ့ အမြန်ဆုံးဆောင်ရွက်သင့်တယ် လို့ ယုံကြည်တယ်။ ပွင့်ပွင့်လင်း လင်းပြောရရင် သိပ်အားမရဘူး’’ ဟု မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးရန်အောင်က ပြော ကြားသည်။

လုံခြုံရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

‘‘အခုဖြစ်နေတဲ့ ကိစ္စတွေမှာ အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက် စွက်ဖက်တာ တွေ့ရတယ်။ တည် တည်ငြိမ်ငြိမ်ဖြစ်နေတဲ့ဟာကို ပျက်ပြားအောင်လုပ်တဲ့ပုံစံတွေ့ ရတယ်။ အိမ်တစ်အိမ်ကို ဝင်စစ် မယ်ဆိုရင် သာမန်လူတွေ၊ ဘာ  သာရေးနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ် တွေ လုံးဝဝင်စစ်ခွင့်မရှိပါဘူး။ အဲဒီလိုပဲ ရဲစခန်းကနေ ရဲတပ်ဖွဲ့ ဝင်တွေက စစ်ဆေးမယ်ဆိုရင် သူ့ ရဲ့ရဲလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပဲ လုပ်ခွင့်ရှိပါတယ်။ အာဏာပိုင် တွေတောင် အဲဒီလို လုပ်ထုံးလုပ် နည်းတွေရှိပါတယ်။ လမ်းဘေး မှာ သွားလာတဲ့သူတွေကို ဆဲဆို တာတွေ၊ ကြိမ်းမောင်းတာတွေ၊ ရိုက်နှက်တာတွေပါလာတာက တော်တော်လေးကို အခြေအနေ ဆိုးရွားနေတယ်လို့ ပြောလို့ရ တယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ် ကိုင်ဆောင်ရွက်နေတာလို့ ကျွန်မ အနေနဲ့ မြင်တယ်။ ဆူပူအောင် လှုံ့ဆော်တာ၊ ပြဿနာဖြစ်အောင်ဖန်တီးတာတွေ လက်ခံလို့မရပါ ဘူး’’ဟု ဒေါ်ဖြူဖြူသင်းက ပြော ကြားသည်။
ပြည်သူများ ဧည့်စာရင်းတိုင် ကြားရန်မလိုသည့် ရပ်ကွက် (သို့ မဟုတ်) ကျေးရွာအုပ်ချုပ်ရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်က ၂၀၁၆ နိုဝင်ဘာ ၂၁ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ သည်။ ယင်းဥပဒေအရ ပြည် သူများ ဧည့်စာရင်းတိုင်ကြားစရာ မလိုတော့ဘဲ နေရပ်တစ်ခုမှ အ ခြားနေရပ်တစ်ခုသို့ ပြောင်းရွှေ့ နေထိုင်ရာတွင် တစ်လထက် ပိုမို နေထိုင်မည်ဆိုမှသာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးများထံ အသိပေးရန် လိုအပ်ခြင်းဖြစ်သည်။ ရဟန်းသံဃာများ နှင့် လူပုဂ္ဂိုလ်များက မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်းရှိ အမှတ် (၁၀၅-၁၀၇)နေအိမ်သို့ ဝင်ရောက်ခဲ့မှုသည် အိမ်ကျော်နင်းမှုမြောက်ပြီး ရာဇသတ် ကြီးပုဒ်မ ၄၄၈ ဖြင့် ငြိစွန်းကြောင်း တရား လွှတ်တော်ရှေ့နေ ဦးခင် ဇော် (မရမ်းကုန်း)က ပြောသည်။
ရာဇသတ်ကြီးပုဒ်မ ၄၄၈ ဖြင့် ပြစ်မှုမြောက်ကြောင်း ထင် ရှားပါက ငွေဒဏ်ကျပ်တစ်သိန်း အထိဖြစ်စေ၊ ထောင်ဒဏ်တစ်နှစ် အထိဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
Share:

မင်္ဂလာတောင်ညွန့် အငြင်းပွားမှုကို စုံစမ်းစစ်ဆေးမယ်


 10 မေ 2017

မတ်လ ၉ရက်နေ့ ည ၁၀နာရီလောက်က မင်္ဂလာတောင်ညွန့်မြို့နယ်က တိုက်ခန်းတခန်းမှာ အထောက်အထားမဲ့ ဘင်္ဂါလီတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မျိုးချစ် အင်အားစုဆိုတဲ့ လူတွေက ရဲတွေနဲ့ အတူ အဲဒီ တိုက်ခန်းထဲ ဝင်ရောက် ရှာဖွေခဲ့အပြီး ရပ်ကွက်သားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ရာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကြားဝင် ထိန်းသိမ်းခဲ့ရပါတယ်။

အခုအခါ အခြေအနေတွေ ပုံမှန် ဖြစ်နေပြီ ဖြစ်ကြောင်းနဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ မင်္ဂလာတောင်ညွန့် မြို့နယ် ရဲစခန်းက အမှု ပြန်လည် တည်ဆောက်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ စီစဉ်နေကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဋ္ဌေးက ဘီဘီစီကို ပြောပါတယ်။

ဒီဖြစ်ရပ်မှာ ကိုယ်တိုင် လိုက်ပါသွားခဲ့တဲ့ ရန်ကုန် မျိုးချစ် မြန်မာ ရဟန်းတော်များ သမဂ္ဂ အတွင်းရေးမှူး ဦးသုစိတ္တက အဲဒီတိုက်ခန်းမှာ အထောက်အထားမဲ့ ဘင်္ဂါလီ နှစ်ဦးကို တွေ့ရှိခဲ့ပေမယ့် သက်ဆိုင်ရာက အရေးယူ ဖမ်းဆီး ထိန်းသိမ်းတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တရားဥပဒေ မစိုးမိုးလို့ အထောက်အထားမဲ့ ဘင်္ဂါလီတွေ ဝင်ရောက်လာနေတာ ဖြစ်ပြီး သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးမယူတဲ့အတွက် မျိုးချစ် အင်အားစုတွေက ကြားဝင်ခဲ့ရတာလို့ မိန့်ပါတယ်။

ဒါပေမယ့်လည်း မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဋ္ဌေးကတော့ အထောက်အထားမဲ့ ဘင်္ဂါလီတွေ ရှိနေတယ် ဆိုတဲ့ တိုက်ခန်းမှာ တွေ့ရှိခဲ့သူတွေဟာ မှတ်ပုံတင်တွေ၊ သန်းခေါင်စာရင်းတွေနဲ့ တရားဝင် နေထိုင်နေသူတွေ ဖြစ်ကြောင်း စစ်ဆေး တွေ့ခဲ့တဲ့အတွက် အရေးမယူခဲ့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ကလည်း အမျိုးသားရေး လှုပ်ရှားသူ လူအင်အား တရာလောက်ရဲ့ ဖိအားပေးမှုကြောင့် ယာယီ ချိတ်ပိတ်ခံခဲ့ရတဲ့ သာကေတမြို့နယ် မှာ ရှိတဲ့ အစ္စလာမ်ဘာသာ စာသင်ကျောင်း ၂ ကျောင်းနားမှာ လုံခြုံရေးတွေ ချထားခဲ့ရပြီး အခု မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့် အများပြည်သူအကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။
Share:

10 May, 2017

မင်္ဂလာတောင်ညွှန့်မှာ လူမျိုးရေးပဋိပက္ခများ ကြီးထွားမှု မဖြစ်စေဖို့ အဖွဲ့အစည်းတစ်ခုဖွဲ့စည်းမယ်


မေ ၁၀။ရန်ကုန်။ မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း လူမျိုးရေး ပဋိပက္ခများ ကြီးထွားမှု တွေ မဖြစ်စေဖို့  ဖြေရှင်းပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခု မြို့နယ် အတွင်း ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကပြောပါတယ်။
မင်္ဂလာတောင်ညွှန်မြို့နယ် အတွင်းမနေ့ ညက  ဖြစ်ပွားခဲ့ တဲ့ ရုန်းရင်းဆန်ခတ်မှုတွေကြောင့် မြို့နယ်အတွင်း  နေထိုင်တဲ့ ပြည်သူတွေ ထိတ်လန်မှုတွေ ဖြစ်ခဲ့တယ်။ နောက်ထပ်မဖြစ်စေဖို့ မြို့နယ် NLD အဖွဲ့တွေ၊ရပ်ကွက်ထဲမှာရှိနေတဲ့ ရပ်မိရပ်ဖတွေ၊ ရဟန်းသံဃာတွေ၊ဗလီဆရာတွေကော အားလုံးစုပေါင်းပြီး မင်္ဂလာတောင်ညွှန်မြို့နယ် လုံခြုံရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
“အဖွဲ့ ဖွဲ့ ပြီးရင်မြို့နယ်မှာ ရှိတဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ ချိတ်ဆက်မယ်။ပြီးရင် လိုအပ်ရင်လိုအပ်သလို ကိုယ်ရဲ့မြို့နယ်ကို လုံခြုံရေးစောင့်ရှောက်ဖို့ စီစဉ်နေပါတယ်။”လို့ဒေါ်ဖြူဖြူသင်းကပြောပါတယ်။
အဲ့သည့် အဖွဲ့အစည်းကနေ ရဟန်းသံဃာတော်တွေနဲ့ သက်ဆိုင်ရင် မြို့နယ် သံဃနာယကတွေ တခြားဘာသာဝင်တွေနဲ့ပတ်သတ်ရင် ဗလီ ဆရာတွေ နဲ့ အချင်းချင်းညှိနှိုင်းပြီး လက်တုံ့ပြန်တဲ့ ပုံစံမျိုးမဟုတ်ဘဲ ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဒေါ်ဖြူဖြူသင်းကပြောပါတယ်။
ဒါ့အပြင်  မင်္ဂလာတောင်ညွှန့်မြို့နယ် အတွင်းမှ အထွေထွေ အုပ်ချုပ်ရေးမှူးတွေနဲ့ လည်း တွေ့မှာဖြစ်ပြီး တိုင်တန်းခံ ရတဲ့ အိမ်ရှင်ဒေါ်ဝင်းနဲ့လည်း တွေ့ဆုံသွားမယ်လို့သိရပါတယ်။ မနေ့ညကဖြစ်ပွားခဲ့တဲ့ အခြေခံ အကြောင်း တရားတွေကို ရှာဖွေမှာဖြစ်ပြီး ဘယ်လို ရှေ့ဆက်သွားမလဲ ဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ် (၂)
လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောပါတယ်။ “ကျွန်တော်တို့ အများကြီး တည်ဆောက် ထားရတာ ဒီအခြေအနေက နည်းနည်းပျက်သလို ဖြစ်သွားတယ် အဲ့ဒါကြောင့် ပြဿနာကို ထပ်မံ မကြီးပွားအောင် ဘယ်လို ထိန်းချုပ်မလဲ ဆိုတာ ဆွေးနွေးတာဖြစ်တယ်။”လို့ ဦးရန်အောင်ကပြော ပါတယ်။ မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းက ရပ်ကွက် ၂၀ က ရပ်ကွက်နေပြည်သူတွေနဲ့ညှိနိုင်းပြီး မြို့နယ်လုံခြုံရေးကိုဆောင်ရွက်သွား မယ်လို့သိရပါ တယ်။
Share:

တပ်မတော် ထိပ်ပိုင်းရာထူးများ အပြောင်းအလဲပြုလုပ်


By ဧရာဝတီ 10 May 2017 

တပ်မတော် ထိပ်ပိုင်းရာထူးများ အပါအဝင် အခြားသော ရာထူးနေရာများ အပြောင်းအလဲများ ရှိခဲ့ကြောင်း တပ်မတော် အသိုင်းအဝိုင်းမှ သိရပါတယ်။
ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်းမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်ခံရပြီး ကစထ ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်လာခဲ့ပါတယ်။
၎င်း၏ နေရာကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံက လွှဲပြောင်း တာဝန်ယူမယ်လို့လည်း သိရပါတယ်။
အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖုန်းမြတ်က အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ပြောင်းရွေ့တာဝန်ယူမယ်လို့သိရ ပြီး၊ တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် ခင်လှိုင်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တိုးမြှင့်ခံရပါတယ်။
တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင်ကလည်း ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ကို ရာထူးမြှင့်ခံရတယ်လို့ သိရပါတယ်။
ယခင် စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထ ၅)နဲ့ စစ်ဦးစီး အရာရှိချုပ် (ကြည်း)ကို တာဝန်ယူနေတဲ့ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကတော့ စစ်ဦးစီး အရာရှိချုပ် ရာထူးတခု သာ ကိုင်တွယ်တော့မယ်လို့  တပ်မတော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းများ ထံမှ သိရပါတယ်။

Share:

မြန်မာစစ်တပ်၏ အမူအကျင့်များ ပြောင်းလဲလာဟု ဒေါ်အောင်ဆန်းစုကြည်ပြော

18341934_690061484527483_27141876336006174_n

တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး  မြန်မာစစ်တပ်ရဲ့ အမူအကျင့်တွေဟာ အတိုင်းအတာတခုအထိ ပြောင်းလဲလာပြီဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။
ဗြိတိန်နိုင်ငံမှာ တရားဝင်ခရီးရောက်ရှိနေတဲ့  ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့  လန်ဒန်မြို့မှာ ရာနဲ့ချီတဲ့ ယူကေရောက် မြန်မာအသိုင်းအ၀န်းနဲ့ တွေ့ဆုံ ပြောကြားသွားတာပါ။
တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အခုလက်ရှိအချိန်မှာ  မြန်မာစစ်တပ်ရဲ့အမူအကျင့်က  ပြောင်းလဲသွားပြီလား လို့ သိချင်တဲ့အကြောင်း လန်ဒန်ရောက် ကရင်တိုင်းရင်းသားတဦးက မေးခွန်းထုတ်ခဲ့ပါတယ်။  
ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့အနေနဲ့ ပြောင်းလဲဖို့လည်း အများကြီး လုပ်နေပါတယ်။ အတိုင်းအတာတခုအထိလည်း ပြောင်းလဲပြီလို့ ကျမတို့ ယူဆပါတယ်။ သို့သော်ငြားလည်း အပြည့်အ၀ပြောင်းလဲတယ်၊ မပြောင်းလဲဘူးဆိုတာ နောက်ဆုံးကျတော့ ပြည်သူလူထုက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အစိုးရဆိုတာ ကိုယ်လုပ်နေတဲ့စီမံကိန်းတွေ ကိုယ်ဦးတည်နေတဲ့ကိစ္စတွေ အောင်မြင်ပြီလို့ ပြောပိုင်ခွင့်ဟာ ၁၀၀ ရာခိုင်နှုန်းမရှိပါဘူး။ ကျမတို့အနေနဲ့ ဘာတွေဘာတွေလုပ်နေတယ်။ ဘယ်လောက်ထိရောက်နေလဲဆိုတာပဲ ပြောခွင့်ရှိပါတယ်။ တကယ်အောင်မြင်တယ်မအောင်မြင်ဘူးဆိုတာ ပြည်သူလူထုက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ”လို့ပြောသွားပါတယ်။
ဒါ့အပြင် ကရင်တိုင်းရင်းသားတွေအနေနဲ့ ငြိမ်းချမ်းရေးမှာ အများကြီးပါဝင် ကူညီတဲ့အတွက် အများကြီးကျေးဇူး တင်တယ်၊  ငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာမှာ သဘောထားကြီးဖို့ နှစ်ဖက်စလုံး လိုအပ်တယ်လို့လည်းပြောသွားပါတယ်။
“ကျမဒီအချိန်မှာ ကြုံတုန်းပြောရမယ်ဆိုရင် ကရင်တိုင်းရင်းသားများဟာ ကျမတို့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ အများကြီး ပံ့ပို့ကူညီပါတယ်။ ထောက်ပံ့ပါတယ်။ ဒါအတွက်လည်း တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျမအမြဲပဲပြောတယ်။ သဘောထားကြီးဖို့ ဆိုတာ နှစ်ဖက်စလုံးမှာတာဝန်ရှိတယ်။ လူများစုကလည်း သဘောထားကြီးရမယ်။ လူနည်းစု ကလည်း သဘောထားကြီးရမယ်။ ကိုယ်မကျေနပ်တဲ့ဟာကိုပဲ ဦးတည်ပြီးတော့ စဉ်းစားနေမယ် ဆိုလို့ရှိရင် ကျမတို့ဟာ အဖြေရှာလို့ရမှာမဟုတ်ပါဘူး။ ”
မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးကိစ္စက ငြိမ်းချမ်းရေးကိစ္စပဲဖြစ်တယ် နိုင်ငံတနိုင်ငံမှာ ငြိမ်းချမ်းမှုမရှိရင် တည်ငြိမ်မှုမရှိတဲ့အကြောင်းနဲ့ ငြိမ်းချမ်းရေးမှာ ၀ိုင်းဝန်းပါဝင် ကူညီလုပ်ဆောင် ပေးဖို့လည်း တိုက်တွန်းပြောသွားပါတယ်။
“ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့အတွက် ကိုယ့်မှာလုပ်နိုင်တာဘာရှိလဲ။ တကယ်လုပ်ပေး ချင်တယ်ဆိုရင်လုပ်ပေးဖို့ရပါတယ်။ သေးသေးလည်းရတယ်။ ကြီးကြီးလည်း ရတယ်။ ကိုယ်သာ ဆန္ဒရှိရင် လုပ်ပေးနိုင်တာအများကြီးရှိတယ်။ ကိုယ်သာ တကယ်ဆန္ဒရှိရင် မလုပ်နိုင်တာ ဘာမှမရှိဘူး။ ကိုယ့်ကိုယ်ကိုလည်း အထင်မသေးနဲ့။”
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စ၊ ကျန်းမာရေးနဲ့ ပညာရေးကိစ္စတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသွားပါတယ်။  
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကတော့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး၊  နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ရေးရာ ဒုဝန်ကြီး၊  အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုဝန်ကြီးတွေနဲ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။
ဒါ့အြ့ပင် လန်ဒန်မြို့တော်ဝန်က ပေးအပ်တဲ့   Freedom of The City ဂုဏ်ပြုဆုကိုလည်း လက်ခံရယူခဲ့ပါတယ်။
Share:

ကြောက်လန့်ဖွယ် မင်္ဂလာတောင်ညွန့် ၀င်စီး ရိုက်နှက်တဲ့ ဖြစ်ရပ်

ယခု ညဘက် (၁၀ နာရီခွဲ) ၀န်းကျင်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြယာကုန်းလမ်း ၁၂၂ နှင့် ၁၂၃ လမ်းကြား အိမ်အမှတ် (၁၀၅) ( ၁၀၇) အထပ် (၈) လွာထပ်သို့ စခန်းမှ ရဲတပ်ဖွဲ့ဝင် စခန်းမှူးနှင့် မဘသ အဖွဲ့ဝင်များအပါဝင် လူဝင်မှု ကြီးကြပ်ရေးပါ လိုက်ပါလျက် လူဦးရေ အယောက် ၂၀ ခန့်နှင့် ရဲကား (၆) စီး ခန့် ရောက်ရှိခဲ့သည်။
အဆိုပါ တိုက်ခန်းအား အားလုံး လေးဘက်လေးတန် ၀ိုင်းလား၍ အဆိုပါတိုက်ခန်းတွင်း အိပ်ခန်းတွင်းမှ ဒေါ်ဝင်း ၏သမီးအား မခင်မာဝင်း ( အသက် ၃၁) နှစ်အား ကိုယ်ထိလက်ရောက်ဆွဲထုတ်ခဲ့ပြီး အခန်း၏ ဧည့်ခန်းတွင် လူစုမတ်တပ်ရပ်ခိုင်းပြီး လူတစ်ဦးချင်း၏ သန်းကာင်စာရင်း နှင့် မှတ်ပုံတင်အား အသီးသီး ထုတ်ပြ ခိုင်း၍ စစ်ဆေးလေသည်။
ထိုသို့ စစ်ဆေးစဉ်တွင် မဘသ အဖွဲ့ဝင်မှ ၄င်းတို့နှင့် အတူပါလာသော ရဲအရာရှိများကို သက်ဆိုင်ရာ မိသားစုအား သက်ဆိုင်ရာစခန်းသို့ ခေါ်သွားရန်တိုက်တွန်းလေသည်။
ရဲအရာရှိမြို့နယ်မှူးမှ ကျနော်တို့ ခေါ်သွားစရာမလိုဘူး လိုအပ်လျင် ဒီလူတွေကို လာခေါ်လို့ရပါတယ် လို့ ဆိုသည်။
ဘေးပတ်ဝန်းကျင်လူများ ၀ိုင်းဝန်းလာချိန်တွင် အဆိုပါ ရဲများနှင့် လ၀က မဘသ များ အဆိုပါ ရှစ်လွှာထပ်မှ ဆင်းသွားခဲ့ကြပြီး တိုက်ခန်း အဆောက်ဦး၏ အောက်တွင် ဒေသတွင်း ရပ်ကွက်နေ ရပ်မိရပ်ဖများ စုရုံးရောက်ရှိလာကြပြီး အဆိုပါ လူအုပ်ထဲမှ လူငယ်ယောက်ကျား (ကိုဇာနည်မောင်) အား မိုက်ကြည့် ကြည့်တာလား မင်းစောက်လုပ် ဘာရှိလဲဟု မဘသ အဖွဲ့ဝင်များမှ မေးမြန်းပြီး ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီသို့ အတွင်းလူနာအဖြစ် လွန်ခဲ့သော (၁) နာရီကျော်ဝန်းကျင် အရေပေါ်ဌာနသို့ ရောက်ရှိကြောင်း ဆက်သွယ်မေးမြန်းမှုအား အမည်မဖေါ်လိုသော သူနာပြုတစ်ဦးမှ ပြောပြသည်။
ရိုက်နက်မှုကြောင့် အဆိုပါ လူငယ်မှာ သွေးသန်ရဲနေပြီး သေချာသော ဒဏ်ရာများ ထိခိုက်မှုများကို သက်ဆိုင်ရာ ဆရာဝန်မှ ပြုစုကုသပေးလျက်ရှိကြောင်း သိရသည်။
သက်ဆိုင်ရာ ရပ်ကွက်အတွင်းဝန်းကျင်မှာတော့ လူစုရုံးမှု ဖြစ်ခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်ကားများ ထပ်မံရောက်ရှိနေပြီး အခြေနေကို စောင့်ကြည့်နေကြသည်။
မင်္ဂလာတောင်ညွန့်ရဲစခန်းသို့ မည်သို့ ဖြစ်၍ သွားရောက်စစ်ဆေးမှုများ ယခုလို ရိုက်နှက်မှု ဖြစ်ကြသည်ကို မေးမြန်းရာ တာဝန်ခံ လူကြီး မရှိ၍ ဖြေကြားခွင့် မရှိကြောင်း အကြောင်းပြန်ပါသည်။
ဂိုလ်ရှယ်လေး မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
Share:

09 May, 2017

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့ကို အရေးယူရန် ၁၃ ပါတီတောင်းဆို

DASSK
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကာလက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်တို့ရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေဖောက်ဖျက် ကျူးလွန်ရာရောက်တဲ့အတွက် အရေးယူပေးဖို့ နိုင်ငံရေးပါတီ ၁၃ ပါတီက တောင်းဆိုလိုက်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအ၀င် နိုင်ငံရေးပါတီ ၁၃ ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌထံ မေလ ၈ ရက်စွဲနဲ့ တင်ပြလိုက်တာဖြစ်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရသက်တမ်း တနှစ်ပြည့်အဖြစ် မြန်မာ့ရုပ်မြင်သံကြားနဲ့ ရေဒီယို အစီအစဉ်တွေကနေ  မတ်လ ၃၀ရက်က မိန့်ခွန်းပြောကြားခဲ့ရမှာ  ကြားဖြတ်ရွေးကောက်ပွဲနဲ့ အချိန်ကိုက်ပြီး အန်အယ်လ်ဒီရဲ့ နိုင်ငံရေးရည်မှန်းချက်တွေပါဝင်တဲ့ စည်းရုံးဟောပြောတဲ့ မိန့်ခွန်းဖြစ်ကြောင်း အထင်အရှားတွေ့ရတယ်လို့ ဆိုပါတယ်။
ဒ့ါအပြင် ဒီမိန့်ခွန်းအပြည့်အစုံကို  ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်တာတွေ မပြုလုပ်ရလို့ တားမြစ်ထားတဲ့နေ့မှာ နိုင်ငံပိုင်သတင်းစာတွေကနေ ဖော်ပြခဲ့တာဟာ ရွေးကောက်ပွဲ ကော်မရှင် က တရားဝင်ထုတ်ပြန်ထားတဲ့ အမိန့်ကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်တယ်လို့လည်း ဆိုပါတယ်။
အလားတူ အန်အယ်လ်ဒီ နာယက ဦးတင်ဦးနဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်တို့ဟာ မတ်လ ၃၀ ရက်ညက မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလံ၊ ရင်ထိုးတံဆိပ်တွေ တပ်ဆင်ကာ မူဝါဒအခက်အခဲတွေကို ချပြပြီး ပါတီအတွက် စည်းရုံးလှုံ့ဆော်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းထိန်တို့ရဲ့ ဆောင်ရွက်ချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အမိန့်ပြဋ္ဌာန်းချက်တွေကို ကျူးလွန်ချိုးဖောက်တဲ့အတွက် ဥပဒေနဲ့အညီ အရေးယူပေးဖို့ ၁၃ ပါတီက ခေါင်းဆောင်တွေ လက်မှတ်ရေးထိုး တောင်းဆိုထားပါတယ်။
ကန့်ကွက်လွှာတင်သွင်းရာမှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့်ကတော့ မနေ့က ပါတီတွေတွေ့ဆုံဆွေးနွေးအပြီးလက်မှတ်ထိုး ကန့်ကွက်ခဲ့တာဖြစ်ပြီး ဥပဒေအအထက် မည်သူမှ မရှိစေဖို့ အခုလို ကန့်ကွက်တာလို့ ပြောပါတယ်။
“ကျနော်တို့ ရွေးကောက်ပွဲကော်မရှင်ကို ပို့လိုက်ပြီလေ။ ကျနော်တို့ဘက်ကတော့ ဒီဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိရဘူးဆိုတဲ့မူနဲ့ ဒါကတော့ အခြေခံဥပဒေအရ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူတဲ့လူတွေဟာ ပါတီနိုင်ငံရေးလုပ်ငန်းကိုမလုပ်ရဘူး။ အဲဒီလိုပဲ မဲမဆွယ်ရဘူးဆိုတဲ့နေ့မှာ မဲဆွယ်နိုင်ဖို့ မြန်မာ့အလင်းတို့ ကြေးမုံတို့ MRTV တို့မှာ အသံလွင့်တာတွေ၊ သတင်းစာတွေထဲမှာ ရေးသားတာတွေဟာ ဒါ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်တယ်။ ရွေးကောက်ပွဲကျင့်ဝတ်မှာလည်း အစိုးရပိုင်ပစ္စည်းကို မသုံးရဘူး။ အဲဒီအချက်တွေကိုလည်း ကော်မရှင်ကိုတင်ပြတာပဲ။  ကော်မရှင်က ဘာလုပ်မယ်ဆိုတာ ကော်မရှင်အပိုင်းလေ။ ကျနော်တို့ကတော့ ဥပဒေလမ်းကြောင်းအရ ကော်မရှင်ကိုတင်ပြဖို့ တာဝန်ရှိတဲ့အတွက် ကော်မရှင်က ဒီပေါ်ဘာလုပ်မလဲ  ကော်မရှင်မှာတ၀န်ယူတဲ့ လူတွေရဲ့ အပိုင်းပဲပေါ့။”
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ လက်ရှိ အသက်ဝင်နေတဲ့ ဥပဒေဖြစ်တဲ့အတွက် လိုက်နာဖို့ လိုတယ်လို့လည်း ဦးသိန်းညွန့်ကပြောပါတယ်။
“ကျနော်တို့ကတော့ တချက်ပဲ၊ ဒီ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်။ ယနေ့အသက်ဝင်နေတဲ့ ဥပဒေဖြစ်တယ်။ ဒီဥပဒေနဲ့ပတ်သက်ရင် မပြင်နိုင်သေးခင်မှာ ဒီအခြေခံဥပဒေအရ ကတိသစ္စာပြုပြီးတော့ လွှတ်တော်ထဲ ရောက်လာတဲ့လူတွေ အစိုးရအဖွဲ့မှာ တာဝန်ယူတဲ့လူတွေဟာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ  လောလောဆယ်ကတော့ ဒီအခြေခံဥပဒေရဲ့ ထိန်းကျောင်းမှုကို ခံယူရမှာပဲ။ သမ္မတအထက်မှာ တက်နေတာကတော့ မိမိရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ။ အခြေခံဥပဒေကို လိုက်နာထိန်းသိမ်းကာကွယ်ပါမယ်လို့ ပြောပြီးတော့  အခြေခံဥပဒေပါပြဌာန်းချက်ဖြစ်တဲ့  ၀န်ကြီးတာဝန်ယူတဲ့အချိန်မှာ ပါတီစည်းရုံးရေးလုပ်ငန်းတွေ မဆောင်ရွက်ရဘူးဆိုတဲ့ကိစ္စကို ချိုးဖောက်တယ်ဆိုရင်တော့ ချိုးဖောက်ကြောင်း ထောက်ပြရမှာက နိုင်ငံရေးပါတီတွေရဲ့ တာဝန်ပဲလေ။”
ခုလို အရေးယူဖို့ ပူးပေါင်းကန့်ကွက်တဲ့ နိုင်ငံရေးပါတီ ၁၃ ပါတီထဲမှာ ကြံ့ခိုင်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ စတဲ့ပါတီတွေ ပါဝင်ပါတယ်။
Share:

မြောက်ကိုရီးယားအရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း မြန်မာဆောင်ရွက်မည်

မြောက်ကိုရီးယားက မြန်မာနိုင်ငံမှာ သံရုံးဖွင့်ထားပေမယ့် မြန်မာနိုင်ငံက မြောက်ကိုရီးယားမှာ သံရုံးဖွင့်မထားတာဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်းက ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားရဲ့ စစ်ရေး ခြိမ်းခြောက်မှုကို ဒေသတွင်းသာမက တကမ္ဘာလုံးက စိုးရိမ်မကင်း ဖြစ်နေတဲ့အပေါ်မှာ မြောက်ကိုရီးယား အနေနဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။ မြောက်ကိုရီးယားအပေါ် သံတမန်ရေးနည်းလမ်းအပြင် ကုန်သွယ်ရေးအရပါ ဖိအားပေး လုပ်ဆောင်ကြဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကို အမေရိကန်အစိုးရက တိုက်တွန်း ပြောဆိုလိုက်ပြီး ရက်ပိုင်းအကြာမှာပဲ သံအမတ်ကြီး ဦးအောင်လင်းက အခုလို ပြောကြားလိုက်တာပါ။ မြောက်ကိုရီးယားနဲ့ မြန်မာဆက်ဆံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သံအမတ်ကြီး ဦးအောင်လင်းကို မအင်ကြင်းနိုင်က စတင် မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။
မြောက်ကိုရီးယားနဲ့ မြန်မာဆက်ဆံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သံအမတ်ကြီး ဦးအောင်လင်းကို မအင်ကြင်းနိုင်က စတင် မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။ 

သံအမတ်ကြီး။ ။ ကျနော်တို့ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားလို့ခေါ်တဲ့ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတ နိုင်ငံဟာ သံတမန် အဆက်အသွယ်ရှိပါတယ်။ သို့ရာတွင် မြောက်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ပြုံယမ်းမှာတော့ မြန်မာသံရုံး ဖွင့်လှစ်ထားခြင်းမရှိပါဘူး။ မြောက်ကိုရီးယားဆိုင်ရာ မြန်မာသံအမတ်ကြီးကိုတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး ကနေ တွဲပြီးတော့ တာဝန်ထမ်းဆောင်ပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားနိုင်ငံမှာ ကျနော်တို့ မြန်မာသံရုံးမရှိပါဘူး ခင်ဗျ။
အင်ကြင်းနိုင်။  ။ မြောက်ကိုရီးယားနဲ့ မြန်မာ သံတမန်ရေး ဆက်ဆံရေးကရော အခု ဘယ်လိုရှိပါသလဲရှင့်။

သံအမတ်ကြီး။ ။ နိုင်ငံတကာ ဆက်ဆံရေးမှာ မြန်မာနိုင်ငံက နိုင်ငံခြားရေးဝါဒကို အကောင်အထည်ဖေါ်တဲ့နေရာမှာ နိုင်ငံအားလုံးနဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ထောင်မယ်ဆိုတဲ့ နိုင်ငံခြားရေးဝါဒကို အကောင်အထည်ဖေါ်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ မြောက်ကိုရီးယားနိုင်ငံကနေပြီးတော့ မြန်မာနိုင်ငံနဲ့ သူတို့ သံတမန်ဆက်သွယ်ရေး ပြုလုပ်ချင်ပါတယ်ဆိုပြီးတော့ သူတို့ ကမ်းလှမ်းတဲ့ဟာကို ကျနော်တို့ တုန့်ပြန်တဲ့ အနေနဲ့ သံတမန်အဆက်အသွယ်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီလို ပြန်ပြီးတည်ထောင်တဲ့နေရာမှာ ပြောရမယ်ဆိုရင် ၁၉၈၃ခုနှစ်မှာ ကျနော်တို့ ဖြစ်ရပ် တခု ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ကျနော်တို့ဟာ မြောက်ကိုရီးယားနဲ့ သံတမန်အဆက်အသွယ် ဖြတ်ခဲ့ပါတယ်။ သို့ရာတွင် ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ သူတို့ဘက်ကနေပြီးတော့ သံတမန်အဆက်အသွယ်ပြန်လည် စတင်ဖို့ ကမ်းလှမ်းခဲ့တာကို ကျနော်တို့ တုန့်ပြန်တဲ့အနေနဲ့ သံတမန်အဆက်အသွယ် ကျနော်တို့ ပြန်လည် စတင်ခြင်းဖြစ်ပါတယ်။
အင်ကြင်းနိုင်။။အခုမြောက်ကိုရီးယားသံအမတ်အဆင့်ကတော့ မြန်မာနိုင်ငံမှာရှိနေတာပေါ့နော်။
သံအမတ်ကြီး။။ဟုတ်ပါတယ်။
အင်ကြင်းနိုင်။ ။အဓိက မြန်မာဘက်က mission က မြောက်ကိုရီးယားမှာ သွားပြီးမထားတဲ့အကြောင်းအရင်းကရော ဘာကြောင့်ပါလဲရှင့်။

သံအမတ်ကြီး။။ မထားတဲ့အကြောင်းအရင်းကတော့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးမှာဆိုရင် သံတမန်နဲ့ဆက်သွယ်ရေးမှာ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အခုဆက်ဆံရေးမှာ မရှိသလောက်ပါပဲ။ မရှိဘူးဆိုတာကလည်း အားလုံးသိကြတဲ့အတိုင်း ကုလသမဂ္ဂ လုံခြံရေးကောင်စီကနေပြီးတော့ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့ စီးပွားရေးပိတ်ဆို့မှုတွေရှိပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေမှာ နိုင်ငံအားလုံးကနေလိုက်နာဖို့ဆိုပြီးတော့ကုလသမဂ္ဂ လုံခြံရေးကောင်စီကဆုံးဖြတ်ချက်တွေနဲ့ ချမှတ်ထားတဲ့အတွက် ကျနော်တို့အနေနဲ့ကလည်း ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့ ပြုလုပ်ထားတဲ့စီးပွားရေးအဆက်အသွယ်တွေကို ကုလသမဂ္ဂ လုံခြံရေးကောင်စီက ဆုံးဖြတ်ချက်တွေနဲ့အညီ ကျနော်တို့ ဆောင်ရွက်ခြင်းမရှိပါဘူး။ အဲဒါကြောင့်မို့လို့ မြောက်ကိုရီးယားနိုင်ငံမှာ သံရုံးဖွင့်ထားခြင်းမရှိတာဖြစ်ပါတယ်။ ၂ နိုင်ငံက ပြည်သူတွေကလည်း ၂ နိုင်ငံအကြားမှာ သွားလာတာကလည်း ဒီလောက်မရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
အင်ကြင်းနိုင်။ ။ပြီးခဲ့တဲ့အပတ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Tillerson နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး တွေ့တယ်။ နောက်မြန်မာဘက်ကလည်း အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းလည်း တတ်ရောက်တဲ့အခါကျတော့ အဲဒီမှာ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ဘက်က ဘယ်အချက်တွေကို အာဆီယံဘက်က လုပ်ပေးနိုင်မလဲဆိုတဲ့ အပိုင်းဆွေးနွေးတဲ့ အခါမှာ မြောက်ကိုရီးယားနဲ့ သံတမန်ရေးလျှော့ချဖို့ ကိစ္စတို့ နောက်ပြီးတော့ မြောက်ကိုရီးယားနဲ့ စီးပွားရေးဆက်ဆံရေး၊ ကုန်သွယ်မှုတွေကို ပိတ်ဆို့ဖို့ သူတို့တိုက်တွန်းတာမျိုးလည်းရှိခဲ့တော့ ဒီအပေါ်မှာရော သံအမတ်ကြီးတို့ သဘောထားတွေရော ဘယ်လိုရှိပါသလဲရှင့်။

သံအမတ်ကြီး။ ။ကောင်းပါပြီ ဒီအစည်းအဝေးဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်တို့တွေ့ဆုံတဲ့ အစည်းအဝေးပါ။ အမေရိကန်အစိုးရ အသစ်တက်ရောက်ပြီးတဲ့နောက်ပိုင်း ပထမဆုံးတွေ့တဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ ဒေသဆိုင်ရာ ကိစ္စတွေကိုဆွေးနွေးတဲ့အခါမှာ မြောက်ကိုရီးယားနိုင်ငံကိစ္စတွေလည်း ပါပါတယ်။ မြောက်ကိုရီးယားနိုင်ငံကိစ္စပါတဲ့နေရာမှာ အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး သူတို့ရင်ဆိုင်ရတဲ့ ကိစ္စတွေ ပြောတယ်။ ပြောတဲ့နေရာမှာ သူကနေပြီးတော့ဆက်လက်ပြီးဆောင်ရွက်သွားမယ့် ကိစ္စတွေကို အာဆီယံနိုင်ငံတွေကို မိတ်ဆွေနိုင်ငံအနေနဲ့ သတ်မှတ်ပြီးတော့ သူတို့ဘက်ကနေပြီးတော့ ထောက်ခံပေးပါဆိုပြီးပြောတာ ရှိပါတယ်။မြောက်ကိုရီးယားနိုင်ငံအပေါ်ကို ကုလသမဂ္ဂ လုံခြံရေးကောင်စီမှာ လည်း သူတို့ဆုံးဖြတ်ချက်မူကြမ်းအသစ်ကိုလည်း တင်ဖို့ရှိပါတယ်။ တင်ပြီးတော့ သူတို့ဆုံးဖြတ်ချက်မူကြမ်းတွေကို အတည်ပြုပြီးတဲ့အခါကျရင် ဖြစ်ပေါ်လာမယ့်ဟာတွေကိုလည်း အာဆီယံနိုင်ငံ တွေကနေပြီးတော့ ထောက်ခံပေးပါလို့ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ အရင်ကဆုံးဖြတ်ထားတဲ့ ကုလသမဂ္ဂ လုံခြံရေးကောင်စီ ဆုံးဖြတ်ချက်တွေကိုလည်း လိုက်နာပါမယ်ဆိုပြီးတော့ ကတိက၀တ်ပေးပြီး သားဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ဆုံးဖြတ်ချက်အသစ်တွေကို ချမှတ်ပြီးတဲ့အခါဆိုရင်လည်း ဆုံးဖြတ်ချက် အသစ်တွေကိုမူတည်ပြီးတော့ ကုလသမဂ္ဂ လုံခြံရေးကောင်စီ ဆုံးဖြတ်ချက်တွေဖြစ်မယ်ဆိုရင်တော့ အဖွဲ့ဝင်တွေက လိုက်နာဖို့တာဝန်ရှိတာနဲ့အညီ ကျနော်တို့လည်း လိုက်နာဖို့ရှိပါတယ်။
အင်ကြင်းနိုင်။ ။နောက်ဆုံးအချက်ကတော့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မူကိစ္စကို မြန်မာနိုင်ငံ ဘက်ကရော ဘယ်လိုသဘောထားရှိပါသလဲရှင့်။

သံအမတ်ကြီး။ ။မြန်မာနိုင်ငံရပ်တည်ချက်ကတော့ ရှင်းလင်းပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်တဲ့အညီ ကုလသမဂ္ဂ လုံခြံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ် ဆိုတာကို ယခင်ကလည်းပြောပါတယ်။ ယခုလည်းပြောပါတယ်၊ နောင်လည်းပြောဖို့ ရှိပါတယ်။မြန်မာနိုင်ငံက ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်တဲ့အတွက်ကြောင့် လုံခြံရေးကောင်စီ ဆုံးဖြတ်ချက်တွေ ချမှတ်ထားတာကို လိုက်နာပါတယ်ဆိုတာကိုလည်း ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။ ကျန်တဲ့နိုင်ငံတွေ ကိုလည်း လိုက်နာဖို့မျှော်လင့်ပါတယ်ဆိုတာလည်း ပြောခဲ့ပါတယ်ခင်ဗျ။
အင်ကြင်းနိုင်။ ။ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်။အခုလိုဖြေပေးတာ။

သံအမတ်ကြီး။ ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်။
Share:

အမှိုက်ပုံးထဲကရွှေ(သို့)ကျန်းမာရေးအတွက်နတ်ဆေးတစ်ခွက်


စာဖတ်သူတော်တော်များများက ကျွန်တော့်လိုဘဲ ကြက်သွန်နီမလှီးခင်မှာ အခွံတွေကို ခွာပစ် တက်ကြမှာပါ။ပြီးတော့ အဲ့ဒီအခွံတွေကို အမှိုက်ပုံးတွေ၊အမှိုက်အိတ်တွေထဲ လွှင့်ပစ်တက်ကြမှာပါ ။ဖြစ်နိုင်ပါတယ်။ဘာလို့ဆိုတော့ စစ်တမ်းတွေအရ ဥရောပနိုင်ငံတွေမှာဆိုရင် ကြက်သွန်နီအခွံပေါင်း တန် ၅သိန်းကိုနှစ်စဉ်နှစ်တိုင်းလွှင့်ပစ်နေကြပါတယ်။ဒါပေမယ့် ကြက်သွန်နီအခွံတွေရဲ့တန်ဖိုးကို သိလိုက်ရတဲ့ အခါမှာတော့စာရေးသူကိုယ်တိုင်ကိုက နောက်တခါကြက်သွန်နီလှီးတိုင်း အခွံတွေကိုခွာပြီးတော့ မလွှင့်ပစ်တော့ဖို့ ကို စဉ်းစားနေပါပြီ။သင်သိပါသလား?ကြက်သွန်နီအခွံတွေမှာပါတဲ့ ဓာတ်တွေက သင့်ရဲ့ ခန္ဓာကိုယ်အတွက်ကောင်းကျိုးဖြစ်စေတယ်ဆိုတာကိုပေါ့။သုတေသနပညာရှင်တွေကတော့ အဲ့ဒီကြက်သွန်နီအခွံတွေမှာ ပါတဲ့ antioxidant တွေဟာဆိုရင် သွေးလည်ပတ်အားကောင်းစေပြီးတော့ နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျော့နည်းစေတယ်ဆိုတာကိုသက်သေပြခဲ့ကြပါတယ်။ကြက်သွန်နီအခွံရဲ့ တန်ဖိုးရှိတဲ့အချက်တွေကို ပြောပြပါ့မယ်။


(၁) ကိုလက်စတောကိုထိန်းညှိပေးပါတယ်။
Dr.Victor Gurewich ရဲ့ပြောကြားချက်အရ ကြက်သွန်နီ(သို့) ကြက်သွန်နီအခွံကိုစားသုံးတဲ့ ကိုလက်စတောကျနေတဲ့လူနာတွေကို ကောင်းမွန်တဲ့ ကိုလက်စတောရောက်အောင်ကူညီပေးနိုင်ပါတယ်။တိုင်းတာသူတွေကတော့ ကြက်သွန်နီ(သို့)ကြက်သွန်နီအခွံတွေကို ၂လကနေ ၃အထိစားသုံးတဲ့သူတွေဟာ သူတို့ရဲ့ HDL လယ်ဗယ်ကို ပျမ်းမျှအားဖြင့် ၃၀ ရာခိုင်နှုန်းထိရောက်အောင် ထိန်းညှိပေးနိုင်တယ်ဆိုပြီး သက်သေပြနိုင်ခဲ့ပါတယ်။
(၂) သွေးပေါင်ချိန်ကိုကာကွယ်ပေးတယ်။
နောက်ထပ်သက်သေပြချက်ကတော့ ကြက်သွန်နီအခွံတွေမှာပါတဲ့ အရာဝတ္ထုတွေဟာဆိုရင် သွေးအားလျော့နည်းတဲ့သူတွေကို များလာစေနိုင်ပြီးတော့ သွေးတိုးနေတဲ့သူတွေကိုကျတော့ သွေးကျစေနိုင်ပါတယ်တဲ့။
(၃) ရောဂါဖြစ်ပွားမှု့တွေကနေလျော့ကျပေးစေနိုင်တယ်။
သုတေသနပညာရှင် Vanesa Benitez ဆိုသူကတော့ ကြက်သွန်နီအခွံကိုစားသုံးတဲ့သူတွေဟာ အူမကြီးကင်ဆာလိုမျိုး၊ဆီးချိုရောဂါလိုမျိုးတွေနဲ့ နှလုံးရောဂါတွေကိုကာကွယ်နိုင်တယ်လို့ပြောပါတယ်။ကြက်သွန်နီအခွံမှာပါတဲ့ phenolic ဓာတ်ပေါင်းဟာ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကိုကာကွယ်ပေးထားနိုင်တာပါ။

(၄) Antioxidants ပြည့်ဝစွာပါဝင်တယ်။
ကြက်သွန်နီအခွံတွေမှာ antioxidants ပြည့်ဝစွာပါဝင်တာကြောင့်မို့လို့ သင့်ရဲ့ခန္ဓာကိုယ်ကို အလွန်ကောင်းမွန်စေပြီးတော့ ရောဂါဘယတွေကနေလည်းကင်းဝေးစေနိုင်ပါတယ်။
(၅) အ၀လွန်တာကိုလည်း ကာကွယ်ပေးတယ်။
ဆရာဝန်ကြီး Vanesa ရဲ့ပြောပြချက်အရ ကြက်သွန်နီအခွံဟာ အ၀လွန်ရောဂါခံစားနေရတဲ့သူတွေနဲ့ နှလုံးရောဂါခံစားနေရတဲ့သူတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်တယ်လို့ပြောပါတယ်။
(၆) ဆံပင်ကိုလည်း သန်စေတယ်။
ကြက်သွန်နီအခွံမှာ ဆာလဖာလည်းပြည့်ဝစွာပါဝင်တာကြောင့် ဆံပင်ကိုကောင်းမွန်စေပြီး ကြီးထွားသန်မာစေနိုင်ပါတယ်။ပြီးတော့ ကြက်သွန်နီအခွံတွေကိုဆံပင်ဆိုးဆေးတွေအစာလည်းအသုံးပြုနိုင်ပါသေးတယ်။


ကြက်သွန်နီကိုစားခိုင်းနေတာကြောင့် စစပြီးစားမယ့်သူတွေကအခက်အခဲတွေ့နိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ အဆင်ပြေအောင်စားသုံးလို့ရမယ်နည်းလမ်းလေးတွေကိုပါတပါတည်းပြောပြလိုက်လို့ရပါတယ်။အကောင်းဆုံးနှင့်အရသာအရှိဆုံးနည်းလမ်းကတော့ ကြက်သွန်နီအခွံတွေကိုဒီအတိုင်းမစားနိုင်ရင် အချဉ်ရည်နှင့်ဘဲဖြစ်ဖြစ်တူတူတွဲဖက်စားသုံးပေးပါ။နောက်တစ်နည်းကတော့ ကြက်သွန်နီအခွံတွေကို ရေနဲ့ ၁၀မိနစ်ကနေ ၁၅မိနစ်ကြားလောက်ပြုတ်ထားပေးပြီးတော့ ရလာတဲ့ အရည်တွေကို အားစိုက်သောက်ပေးပါ။ တခုသတိထားရမှာက ကြက်သွန်နီတွေကို စိုက်ခင်း(သို့)ဈေးကွက်တွေထဲမှာ အော်ဂဲနစ်ဓာတ်ပေါင်းတွေ ဖြန်းထားနိုင်တာကြောင့်သေချာဆေးကြောပြီးမှ ပြုတ်သောက်တာကောင်းပါ တယ်။ ကဲ၊ဒီလိုဆိုရင်တော့ ကြက်သွန်နီအခွံက အမှိုက်ဖြစ်ရတာထက်စာရင်တော့ အများကြီးပိုပြီး အသုံးဝင်တာသိသွားလောက်ပါပြီ။ဒါ့ကြောင့် ဒီလောက်ကောင်းတဲ့နည်းလမ်းတွေကို ကိုယ့်ရဲ့ချစ်သူ ခင်သူတွေလည်းသိရအောင် share ပေးကြရင်းနှင့် ပိုမိုကျန်းမာတဲ့ လောကကြီးကို အတူတူတည်ဆောက်ကြပါစို့။
Share:

ပြင်သစ်သမိုင်းမှာ အသက်အငယ်ဆုံး သမ္မတဖြစ်လာတဲ့ Emmanuel Macron

မနေ့က ကျင်းပခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာတော့ အသက် ၃၉ နှစ်သာ ရှိသေးတဲ့ Emmanuel Macron ဟာ သူ့ပြိုင်ဘက်ဖြစ်တဲ့ လက်ယာပါတီဖြစ်တဲ့ (National Front ) က Marine Le Pen  ကို မဲအပြတ်အသတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အတိအကျပြောရရင်တော့ Macron က မဲပေးတဲ့ အရေအတွက်ရဲ့ ၆၆ ရာခိုင်နှုန်း၊ Le Pen က ၃၄ ရာခိုင်နှုန်း မဲရရှိပြီး အနိုင်ရရှိသွားခဲ့တာပါ။
Emmanuel Macron

ဒီလို မဲရလဒ်ထွက်ပေါ်လာပြီး ၁၅ မိနစ်အကြာမှာပဲ Le Pen က Macron ဆီ အနိုင်ရရှိမှုအတွက် ဂုဏ်ပြုစကားကို ချက်ချင်းဖုန်းဆက်ပြီး ပြောကြားခဲ့ပါတယ်။ Macron ကိုယ်တိုင်လည်း ဒီအောင်ပွဲအတွက် သူ့ကို ထောက်ခံအားပေးတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေနဲ့ ပြင်သစ်မှာ ရှိတဲ့ Louvre Museum အပြင်ဘက်မှာ တနင်္ဂနွေနေ့ညက အောင်ပွဲခံခဲ့ပါတယ်။
Macron, 39, raised his hands as thousands of his supporters waved French flags and listened to him say that he will 'defend the spirit of the enlightenment everywhere'
တကယ်တော့ Macron ဟာ  ဒီဇင်ဘာလ ၂၁ ရက် ၁၉၇၇ ခုနှစ်မွေးတာ ဖြစ်တဲ့ အတွက် အသက် ၃၉နှစ်သာ ရှိသေးပြီး ပြင်သစ်သမိုင်းတလျှောက် အသက်အငယ်ဆုံးသမ္မတဖြစ်လာခဲ့ပါတယ်။ အရင်က ဘဏ်လုပ်ငန်းရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်ခဲ့တဲ့ Macron ဟာ Paris Nanterre University မှာ အတွေးအခေါ်ပညာ (Philosophy)  ကို လေ့လာသင်ကြားခဲ့ပြီး Paris Institute of Political Studies တက္ကသိုလ်ကနေ master’s of public affairs ကို သင်ကြားပြီးမြောက်ခဲ့ပါတယ်။
ဘွဲ့ကိုတော့ École nationale d’administration (National School of Administration) ကနေ ၂၀၀၄ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ပြင်သစ်အထွေထွေဘဏ္ဍာရေးဌာန (Inspectorate General of Finances -IGF)  မှာ ဘဏ္ဍာရေးမှူးအနေနဲ့ တာဝန်ယူပြီးတဲ့အချိန်မှာ Rothschild & Cie Banque ဘဏ်မှာ ဘဏ္ဍာရေးရင်းနှီးမြှပ်နှံသူ ဖြစ်လာခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ Socialist Party (PS) မှာ ပါတီဝင်တစ်ယောက်ဖြစ်ခဲ့ပြီးတော့ ၂၀၁၂ ခုနှစ် သမ္မတ  François Hollande လက်အောက်မှာတော့ လက်ထောက်အထွေထွေအတွင်းရေးမှုးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ဝန်ကြီးချုပ် Manuel Valls လက်ထက် ၂၀၁၄ ခုနှစ်မှာတော့ စီးပွားရေး၊စက်မှုနဲ့ ဒစ်ဂျစ်တယ်ရေးရာဝန်ကြီး အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် သြဂုတ်လ ၂၀၁၆ ခုနှစ်မှာပဲ သမ္မတရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် အဲဒီရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။
Emmanuel Macron's family life

Macron ရဲ့ မိသားစုဘဝကတော့ သူ့ထက် အသက် ၂၄ နှစ်ကြီးတဲ့ Brigitte Trogneux နဲ့ လက်ထပ်ထားပြီး Brigitte ဟာ လက်ရှိ Lycée Saint-Louis-de-Gonzague ကျောင်းမှာ စာသင်ကြားနေသူဖြစ်ပါတယ်။ Macron နဲ့ Brigitte တွေ့ဆုံပုံကတော့ာ အာမြန် (Amiens) မြို့မှာ ရှိတဲ့ La Providence အထက်တန်းကျောင်းမှာ Brigitte က ဆရာမ ၊ Macron ကတော့ ကျောင်းသားလေးအဖြစ်နဲ့ တွေ့ရှိခဲ့ကြတာပါ။ အဲဒီတုန်းကတော့ Macron က အသက် ၁၅ နှစ် ၊ Brigitte ကတော့ အသက် ၃၉နှစ်အရွယ်ပေါ့။  သူတို့ဟာ ၂၀၀၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ခုထက်ထိ ရွှေလက်တွဲမြဲနေဆဲပါပဲ။

ဗြိတိန်ရဲ့ EU ကနေ ခွဲထုတ်ခဲ့မှု၊ US မှာ Donald Trump ရဲ့ မထင်မှတ်ထားတဲ့ သမိုင်းဝင်အောင်ပွဲတွေကြောင့် ပြင်သစ်ရွေးကောက်ပွဲဟာ ကမ္ဘာတစ်ဝှမ်းလုံး စောင့်ကြည့်မှုကို ခံခဲ့ရပြီး လက်ယာယိမ်းအမျိုးသားရေးဝါဒီတွေရဲ့ လှိုင်း ဘယ်လောက်တောင် မြင့်တက်လာလဲဆိုတာကို စမ်းသပ်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ လက်ယာပါတီသမ္မတလောင်းကို ဖြုတ်ချခဲ့နိုင်ပြီး Macron သမ္မတအဖြစ်နဲ့ ရွေးချယ်ခံခဲ့ရပါပြီ။ “ဒီငါးနှစ်အတွင်း အစွန်းရောက်တွေကို မဲပေးစရာအကြောင်းပြချက်တစ်ခုမှ မရှိရလေအောင် ကျွန်တော်လုပ်နိုင်သမျှ အရာရာအားလုံးကို လုပ်ဆောင်မှာ ဖြစ်တယ်” လို့ သူကတိပေးခဲ့တဲ့အတိုင်း ဖြစ်လာမှာလား။ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ပြင်သစ်ရဲ့ နိုင်ငံရေးလမ်းကြောင်းမှာ ဒီအသက်အငယ်ဆုံး သမ္မတအသစ်က ဘာတွေ ဘယ်လို  လုပ်ဆောင်နိုင်မလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ကြရမှာပေါ့ ခင်ဗျာ။
Share:

လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတစ်ဦး နောက်ယောင်ခံလိုက် နှောက်ယှက်ခံရ

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပန်းတောင်းမြို့နယ်မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတစ်ဦး နောက်ယောင်ခံလိုက် နှောက်ယှက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ နှောက်ယှက်ခံရသူ ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပပဟန်က ပြောပါတယ်။
အဆိုပါပန်းတောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟာ မေလ(၇)ရက်က ပြည်မြို့မှာပြုလုပ်တဲ့ (၂၁)ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ထောက်ခံပွဲကိုတက်ရောက်ဖို့ ပန်းတောင်းမြို့ကနေ ပြည်မြို့ကို ဆိုင်ကယ်နဲ့ တစ်ဦးတည်းထွက်လာရာမှာ ပြည်မြို့ န၀ဒေးတံတားနဲ့ ဆင်တဲကျေးရွာအကြား တောင်ပတ်လမ်းနေရာအရောက်မှာ နှောက်ယှက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။
ခထ္ထိယကျေးရွာနဲ့ အဆိုပါတောင်ပတ်လမ်းမှာ ၂ မိုင်ခန့်ကွာဝေးပြီး နောက်ယောင်လိုက်ပြီး နှောက်ယှက်ခဲ့သူကို ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့က န၀ဒေးတံတား CCTV မှတ်တမ်းတွေမှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့လို့ နှောက်ယှက်သူဟာ ပန်းတောင်းမြို့နယ်၊ ကျေးရွာတစ်ရွာက အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်ဆိုတာ သိရှိခဲ့ရပါတယ်။
အဆိုပါလူငယ်ရဲ့ ပန်းတောင်းမြို့မ ရဲစခန်းမှာ ထွက်ဆိုချက်အရ ရည်ရွယ်ချက်ရှိရှိပြုလုပ်တာ မဟုတ်ဘဲ  လမ်းမလွတ်လို့ တွန်းထိုးလိုက်တာလို့ပြောဆိုထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုရာမှာတော့  လမ်းတစ်လမ်းလုံးမှာ သူတို့ဆိုင်ကယ်နှစ်စီးသာရှိတယ်လို့ ပြောဆိုပါတယ်။
နှောက်ယှက်ခံရသူ ပန်းတောင်းမြို့နယ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က အဆိုပါကိစ္စကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမယ်လို့ဆိုပါတယ်။
Share:

ရခိုင်ကော်မရှင်နှင့် ဘာသာရေးခေါင်းဆောင်များ တံခါးပိတ်တွေ့ဆုံ

  • 18301239_1383211678408015_8859904303550298924_n
  • 18341811_1383211648408018_3225753869077368944_n
  • 18342743_1383211618408021_5233082430734424159_n
  • 18342800_1383211675074682_1895422458978494865_n

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဟာ ဒေါက်တာအရှင်ဆေကိန္ဒ အပါအ၀င် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေကို  ဒီကနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်မှာ သီးခြားစီ တွေ့ဆုံနေပါတယ်။
အခုလိုတွေ့ဆုံရာမှာ ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ အတူတကွဘယ်လို ဆက်လက်နေထိုင်သင့်သလဲ ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးကြမှာဖြစ်သလို နှစ်ဖက်ဘာသာရေးခေါင်းဆောင်တွေရဲ့ အကြံပြုချက်တွေကို ရယူ သွားမယ်လို့ သိရပါတယ်။
ဒါပေမယ့် သတင်းမီဒီယာတွေကို သတင်းရယူခွင့်မပြုဘဲ တံခါးပိတ်တွေ့ဆုံနေကြတာ ဖြစ်လို့ တွေ့ဆုံဆွေးနွေးတဲ့အကြောင်းအရာ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် သြဂုတ်လက စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုနှစ်မတ်လမှာ ကြားဖြတ်အစီရင်ခံစာ တစောင်မြန်မာအစိုးရကို တင်သွင်းခဲ့ပါတယ်။
Share:

08 May, 2017

လန်ဒန်မြို့တော်ဝန်ဆုပေးပွဲနှင့် ဆန္ဒပြကန့်ကွက်မှု


လန်ဒန်မြို့မှာရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို Freedom of the City ဂုဏ်ထူးဆောင်ဆု ချီးမြှင့်တဲ့ ဒီကနေ့မှာပဲ ဒေါ်စုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြသလို၊ ထောက်ခံတဲ့ Online လှုပ်ရှားမှုတွေလည်း လုပ်ခဲ့ကြပြီး လန်ဒန်ရောက် မြန်မာနိုင်ငံသားတွေကြားမှာ အကွဲကွဲအပြားပြားဖြစ်နေခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လန်ဒန်မြို့တော်ဝန်နဲ့ မြို့တော်ကောင်စီက Freedom of the City ဂုဏ်ထူးဆောင်ဆုကို ဒီကနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ ချီးမြှင့်ခဲ့တာပါ။ ၁၃ ရာစုနှစ် ကတည်းက အစဉ်အဆက် ချီးမြှင့်လာခဲ့တဲ့ အဲဒီဆုကို လန်ဒန် Guildhall ခမ်းမမှာ ချီးမြှင့်တာ ဖြစ်ပါတယ်။ အဲဒီဆုပေးပွဲ အခမ်းအနားနဲ့ မလှမ်းမကမ်းမှာပဲ ဗြိတိန်ရောက် ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေနဲ့ ကချင်လူမှုအဖွဲ့အစည်းတွေက သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။
လန်ဒန် ဆန္ဒပြကန့်ကွက်မှု
လန်ဒန် ဆန္ဒပြကန့်ကွက်မှု
“ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်လွတ်မြောက်ဖို့ ကျနော်တို့ အမျိုးမျိုးကြိုးစားခဲ့တယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာတဲ့အချိန်မှာ တိုင်းရင်းသား လူနည်းစုတွေကို သစ္စာဖောက်တယ်။ စစ်တပ်နဲ့ ရင်ကြားစေ့ရေးဆိုတဲ့ မအောင်မြင်တဲ့ လုပ်ရပ်ကို အကြောင်းပြုပြီး တိုင်းရင်းသားတွေကို လစ်လျူရှု့ခဲ့တယ်။ ဘာသာခြားတွေကို လစ်လျူရှု ခဲ့တယ်။ မနေ့တနေ့ကပဲ သာကေတမှာ ဗလီ ၂ ခု ပိတ်ခံရတယ်။ မြန်မာနိုင်ငံ အနှံ့မှာရှိတဲ့ မွတ်စလင်တွေ ၀တ်ပြုဖို့ ဗလီတွေ အပိတ်ခံရတယ်။ ဒေါ်အောင်ဆန်းစုကြည် လူလိမ် ဖြစ်တယ်။ Suu Kyi is Liar … “
ဆန္ဒပြသူတွေဟာ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ဖိနှိပ် ချုပ်ခြယ် ခံနေရတဲ့ ကိစ္စကို ဝေဖန်ထောက်ပြ ခဲ့ကြသလို၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေတဲ့ ကိစ္စ နိုင်ငံတကာ စုံစမ်းရေးအဖွဲ့တွေ ဝင်ရောက် စစ်ဆေးခွင့်ပေးဖို့ ကိုလည်း တောင်းဆို ခဲ့တာပါ။
လန်ဒန်အခြေစိုက် ကချင်လူမှုအဖွဲ့အစည်း KCUK ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်တွေကို ကိုယ်စားမပြုကြောင်းနဲ့ ကချင်လူထု အကျိုးစီးပွားကို ဆန့်ကျင်မယ့် ဗြိတိန်ရဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ၊ မြန်မာစစ်တပ်ကို ထောက်ခံမှုပေးမယ့် ဗြိတိန်ဘုရင့် တပ်မတော်ရဲ့ ဘယ်လို အထောက်အပံ့မျိုးကိုမှ လက်မခံ ကန့်ကွက်ကြောင်း KCUK ရဲ့ကြေညာချက်မှာ ဖေါ်ပြ ထားပါတယ်။ KCUK အဖွဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ လခွန်လဖိုင် ဇော်လီက သူတို့ဆန္ဒပြရတဲ့ အကြောင်းကို ပြောပါတယ်။
“နံပတ် ၁ အချက်အနေနဲ့ကတော့ UK မှာရှိတဲ့ ကချင်လူထုကို ကိုယ်စား မပြုဘူးဆိုတဲ့ အကြောင်းကို ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့ သူက Award တခုကို လက်ခံ မှာပေါ့နော်၊ နောက် ဘုရင်မနဲ့လည်း တွေ့တယ်ဆိုတော့ ဒီသူတို့ စီးပွားရေးတွေ ဘာတွေ လုပ်လာနိုင်တယ် ကချင်ပြည်နယ်မှာပေါ့နော်။ ဆိုတော့ ဒီစီးပွားရေးကို ကချင်ပြည်နယ် မငြိမ်းချမ်းသေး ခင်မှာပေါ့နော် မလုပ်ကြဖို့ ဒါတွေ အဓိကအကြောင်း အနေနဲ့ ပါဝင်တယ်လို့ ပြောချင်တယ်။ အားမလို အားမရဖြစ်တယ် ဆိုတာကတော့ ဥပမာ ဒီ NCA ကိုလက်မှတ်ထိုးဖို့ တဖက်သတ်ပြောတယ်လို့ ကျနော်တို့မြင်တယ်။ တကယ်တမ်း ဆိုရင်တော့ တိုက်ပွဲဖြစ်နေတဲ့ ၂ဖက်ပေါ့နော် ၊ အစိုးရ စစ်တပ်ကိုရော၊ လက်နက်ကိုင် စစ်တပ်ကိုရော ၂ဖက်စလုံးကို မျှမျှတတ အတိုင်ပင်ခံ ပုဂ္ဂိုလ်တဦးအနေနဲ့ ပြောရင်တော့ ပိုပြီးမှ စွက်ဖက်လို့ရတဲ့ အတိုင်းအတာ တခုအနေနဲ့ အထိတော့ စွက်ဖက်စေချင်ပါတယ်။”
တဖက်က ဆန္ဒပြ ကန့်ကွက်မှုတွေ ရှိနေချိန်မှာပဲ ဗြိတိန်မှာရှိတဲ့ မြန်မာလူမှုအသင်း ကလည်း အဲဒီလို ဆန္ဒပြတာတွေကို ကန့်ကွက်လိုက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည် လုပ်ဆောင်မှုတွေကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ We Stand with you ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ တန်ပြန် လှုပ်ရှားမှုတခုအတွက် Online ကနေ လက်မှတ်ကောက်ခံ ခဲ့ရာမှာ စုစုပေါင်း ၄-ထောင်ကျော် ရရှိခဲ့ပြီး လန်ဒန်မြို့တော်ဝန်ဆီ ဒီလက်မှတ်တွေ ပေးပို့သွားမယ်လို့ မြန်မာလူမှုအသင်း တာဝန်ခံတဦးဖြစ်တဲ့ ကိုမင်းဟိန်းက ပြောပါတယ်။
“အမေစုကို ဆန့်ကျင်ဆန္ဒပြတဲ့ ဒီရိုဟင်ဂျာအဖွဲ့နဲ့ ကချင်အဖွဲ့က မဟုတ်တာတွေ စွပ်စွဲ ပြီးတော့ လုပ်တော့ ကျနော်တို့အဲဒါကို မကျေနပ်လို့ ဒါကို ရှုံ့ချတဲ့ အနေနဲ့ Online ကနေ လက်မှတ် ကောက်ခံ ခဲ့တယ်။ အဲဒါအခု ၄ ထောင်ကျော် ရနေပြီပေါ့နော်။ သူတို့ အဓိကပြောတာကတော့ ဒီရခိုင်ပြည်နယ်မှာရှိတဲ့ လူတွေရဲ့အခက်အခဲတွေ ရှိတယ်။ အဲဒီအခက်အခဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်က သေချာ အသံမထွက်ခဲ့ဘူး၊ မကိုင်တွယ် ခဲ့ဘူးလို့ပြောလို့ တကယ်တော့ အမေစုက ဒေါက်တာကိုဖီအာနန် နဲ့ ကော်မရှင် အဖွဲ့ကို အကူအညီတောင်းပြီးတော့ စုံစမ်းစစ်ဆေးထားပါတယ်။ ပြီးသွားတော့ နောက်ပိုင်း NLD အစိုးရအနေနဲ့ ဒီအချက်အလက်တွေကို အကောင်အထည်ဖော်ဖို့လည်း လုပ်နေပါတယ်။ ဒီလုပ်နေတဲ့ အချိန်မှာ တဖက်သက် စွပ်စွဲပြီးပြောလို့ Online Campaign ကိုလုပ်ခဲ့တာပါ။”
ဒီ တန်ပြန်လှုပ်ရှားမှုကို လန်ဒန်မြို့တော်ဝန် Sadiq Khan ကလည်း ထောက်ခံပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်က ရပ်တည်ကြောင်း ပြောထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ရောက် မြန်မာနိုင်ငံသား ၃၀၀ လောက်နဲ့ လန်ဒန်မြို့ Marylebone ဟိုတယ်မှာ မေလ ၉ရက် မနက်ဖြန် မနက်ပိုင်းမှာ တွေ့ဆုံဖို့ ရှိပါတယ်။
Share:

ကျန်းမာရေးနဲ့ ညီညွှတ်စွာ အမြန် ၀ိတ်ကျစေဖို့

Diet Plan တွေကို မစားနိုင်တဲ့ လူတွေ အတွက် ကိုယ်အလေးချိန် လျှော့ချပေးမယ့် လျို့ဝှက်ချက် တစ်ခုကို မျှဝေချင်ပါတယ်။ ဒါကတော့ လွယ်ကူပြီး အိမ်မှာတင် ပြုလုပ်လို့ ရတဲ့ ဖျော်ရည်လေး တစ်ခွက်ပါ။ တစ်လ အတွင်းမှာ ၁၀ပေါင်ကနေ ပေါင် ၂၀ အထိ ကျစေနိုင်မယ့် ဖျော်ရည်လေးဆိုလည်း မမှားပါဘူး။ ဒီဖျော်ရည်လေးကတော့ ပျားရည်၊ သံပုရာသီး၊ ဂျင်းနဲ့ရှားစောင်းလက်ပတ် တို့ကို ပေါင်းစပ်ပြီး သောက်ရပါမယ်။
honey
ပျားရည်ဟာ  ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ပေးစွမ်းနိုင်ပြီး အဆီတွေကို တိုက်ဖျက်ပေးဖို့အတွက် ကောင်းမွန်တဲ့ အရာပါ။
ginger
ဂျင်းကတော့ အဆီတွေ လောင်ကျွမ်းဖို့ ကူညီပေးပြီး အစာအိမ်ကို ကျန်းမာစေပါတယ်။ အစာချေဖျက်မှု စနစ်ကို အားပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
lemon
သံပုရာသီး/သံပုယိုသီး ဟာ အင်တီအောက်ဆီးဒင့် ကြွယ်ဝစေတဲ့ အသီးဖြစ်ပြီး ဗီတာမင်စီ ပါဝင်မှု များပြားတဲ့ အသီးပါ။ အဆီကို လောင်ကျွမ်းဖို့ အတွက် အထိရောက်ဆုံး ကူညီပေးတဲ့ အသီးလည်း
ဖြစ်ပါတယ်။
aloe-vera
ရှားစောင်းလက်ပတ်ကတော့ ဆေးဖက်ဝင် အစွမ်းတွေ ရှိပြီး အသားအရေအတွက် ကောင်းမွန်စေတဲ့ အရာပါ။ သူဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ ထိရောက်စွာ ကူညီပေးနိုင်ပါတယ်။ အစာကြေစေပြီး ကိုယ်တွင်းက အဆိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ၇၅မျိုးအထက် ပါဝင်ပါတယ်။
ပါဝင်ပစ္စည်းများ
  • ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ဂျင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း (သို့) ဂျင်းတက် လက်တစ်ဆစ်စာ ထောင်းပြီး အရည်ညှစ်ပါ။
  • သံပုယိုသီး (သံပုရာသီးလည်း ရပါတယ်။ သံပုယိုသီးဆိုရင်တော့ ပိုကောင်းပါတယ်)အရည်ညှစ်ပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ရှားစောင်းလက်ပတ်ရည် ၂-၃ လက်ဖက်ရည်ဇွန်း (ရှားစောင်းလက်ပတ်ကို ခြစ်ပြီး ထည့်မယ် ဆိုရင် လည်း လက်ဖက်ရည်ဇွန်း ၃ဇွန်းထည့်ပါ)
  • ရေ ဖန်ခွက် တစ်ခွက်
ပြုလုပ်ပုံ
ပထမဦးစွာ ရှားစောင်းလက်ပတ်တွေကို ရေထဲထည့်ပြီး ကြေအောင် မွှေပေးပါ။ ဂျင်းနဲ့ သံပုရာရည်ထည့်ပါ။ နောက်ဆုံးမှ ပျားရည်ကို ထည့်ပြီး အားလုံးကို ရောသွားအောင် များများ မွှေပေးပါ။ သောက်ရမယ့် အချိန်ကတော့ မနက် အိမ်ယာထ ဘာအစာမှ မစားသေးခင် သောက်ရပါမယ်။ တစ်လလောက် နေ့တိုင်း သောက်ပေးပါ။ အနည်းဆုံး ၁၀ပေါင် ကျစေပါတယ်။
အစာအိမ် ဝေဒနာ ရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်သင့်ပါတယ်။ ဒီဖျော်ရည်ကို သောက်နေစဉ်မှာ အဆီ၊ အစိမ့် စားတာ၊ fast food စားတာတွေကို ရှောင်ပေးမယ်ဆိုရင်တော့ ၁၅ပေါင်ကနေ ပေါင် ၂၀ ထိ ကျနိုင်ပါတယ်။ အားလုံးပဲ ကျန်းပြီး လှပကြပါစေ။
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.