• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

29 April, 2017

Rohingya crisis could affect ASEAN stability: Jokowi


Manila | Sat, April 29, 2017 | 04:30 pm
President Joko “Jokowi” Widodo has reminded State Counsellor Daw Aung San Suu Kyi that leaving Myanmar’s Rohingya crisis unsolved would affect peace and stability both in her country and in the ASEAN region.
Jokowi conveyed his concerns during his meeting with Suu Kyi on the sidelines the 30th ASEAN Summit in Manila, the Philippines, on Saturday. In the meeting, they discussed conflicts that had affected the Rohingya Muslims in Rakhine, a state in Myanmar.
Foreign Minister Retno LP Marsudi said President Jokowi told Suu Kyi that stability in Myanmar was important not only for the country but also the region.
“The President expressed his view that peace and stability in Myanmar must be maintained,” Retno told journalists in Manila.
Jokowi used the ASEAN Summit to directly express Indonesia’s support for solutions to the Rohingya crisis as the two leaders had never met before.
A report released by the London-based Burma Human Rights Network (BHRN) states that at least 30,000 people in Rakhine have been internally displaced, while ongoing violence has led to shortages of food and aid for more than 70,000 people in the area.
To help solve the crisis, Retno said Indonesia had proposed mid- and long-term cooperation agreements with the Myanmar government in the fields of health and education, among others.
“The point is Indonesia wants to see Rakhine transform itself to become an inclusive region free from discrimination,” Retno said.
Indonesia would soon build a mosque for Rohingya people in Rakhine as Myanmar authorities had allowed the construction of houses of worship, she added. (ebf)
Share:

တက္ကစီ တစ်သောင်းဖိုး အလကားစီးဖို့ Uber

Akhayar - uber promotion in myanmar

တက္ကစီ တစ်သောင်းဖိုး အလကားစီးဖို့

မြန်မာနိုင်ငံကို အမေရိကန်အခြေစိုက် အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ “Uber” ရောက်ရှိလို့လာပါပြီ။ “ရောက်ရောက်ခြင်း စောက်နဲ့ထွင်း” ဆိုသလို Uber က သူရဲ့ အယ်ပလီကေးရှင်းကို အသုံးပြုပြီး တက္ကစီငှားစီးတဲ့သူတိုင်းကို အခမဲ့ တစ်သောင်းဖိုး ပေးစီးပါတယ်။ လူတော်တော်များများက အယ်ပလီကေးရှင်းကနေ တက္ကစီငှားစီးရမယ်ဆိုရင်တော့ နည်းနည်းတွန့်သွားတတ်ပေမယ့် Uber ကိုအသုံးပြုရတာ အရမ်းကြီး မခက်ခဲပါဘူး။
အခုလိုတက္ကစီငှားစီးတဲ့ အယ်ပလီကေးရှင်းတွေ ရန်ကုန်မှာရှိနေတာ သုံးလေးခုလောက်ရှိပါပြီ။ နိုင်ငံတွင်းက ကုမ္ပဏီတွေဖြစ်တဲ့ Hello Cab, Oway Ride, Go Taxi တို့ရှိသလို စင်ကာပူက နာမည်ကြီး Grab လည်း ရှိနေပါတယ်။

Uber ကိုအခမဲ့တစ်သောင်းဖိုးဘယ်လိုစီးမလဲ

ပထမဆုံး Play Store ကနေ Uber App ကို ဒေါင်းလုတ်ဆွဲပါမယ်။ iOS သမားတွေကတော့ Uber ဆိုပြီးပဲရိုက်ရှာလိုက်ပါ။ အဖြူအောက်ခံမှာ အမည်းလေးထောင့်ပုံလေးနဲ့ သိသာထင်ရှားပါတယ်။ ဒေါင်းလုတ်ဆွဲပြီး Install လုပ်ရတာလည်း လွယ်ပါတယ်။ အင်တာနက်ဖွင့်ထားပြီး ကိုယ့်ရဲ့ဖုန်းနံပါတ်ကို Uber အယ်ပလီကေးရှင်းမှာ ရိုက်ထည့်လိုက်။ ခဏနေရင် Code လေးလုံးဖုန်းကိုပြန်ပို့ပေးတယ်။ အဲ့ဒါလေး ရိုက်ထည့်လိုက်တာနဲ့သုံးလို့ရပါပြီ။
Free စီးဖို့အတွက် ပရိုမိုးရှင်း Code လိုပါတယ်။ အောက်ကပုံလေးတွေ အတိုင်းလုပ်ကြည့်ပါ။ ဘယ်ဘက်ထောင့်အပေါ်ဆုံးမှာ Menu ရှိပါတယ်။ နှိပ်လိုက်ပါ။ အောက်ကလို ကျလာပါမယ်။
ပြီးရင် Payment ထဲက Promotion ကိုနှိပ်ပါ။
—->>>>> Code တောင်းရင် “yangonmaytest” ဆိုတာကို အကုန်အသေး (ဒါမှမဟုတ်) အကြီး ရိုက်ပါ။ <<<<<——
အိုကေ Uber ကိုတစ်သောင်းဖိုး Free စီးလို့ရပါပြီ။

ငှားစီးနည်း

ငှားစီးရတာလည်း လွယ်ပါတယ်။ Uber ကိုဖွင့်လိုက်တာနဲ့ ကိုယ်ရောက်နေတဲ့နေရာကိုပြပြီးသား။ သွားချင်တဲ့နေရာကို Set Location on Map  နဲ့ မြေပုံပေါ်မှာထောက်လိုက်။ ပြီးရင် Done ကိုနှိပ်။ ကိုယ့်ဆီကားရိုက်မယ့်ခန့်မှန်းအချိန်ရယ်၊ လက်ရှိကားရှိနေရမယ့်နေရာရယ်ကို မြေပုံပေါ်မှာတွေ့နေရမယ်။ ပြီးမှ Request Uber ကိုနှိပ်လိုက် တက္ကစီကားမောင်းတဲ့သူက ကိုယ့်ကိုဖုန်းဆက်လာလိမ့်မယ်။ ကိုယ်ရောက်နေတဲ့နေရာကို နည်းနည်းအတည်ပြုပေးလိုက်။ ပြီးရင်တော့ အေးစိမ့်နေတဲ့ အဲယားကွန်းနဲ့ Free စီးပေတော့။
ခရီးစဉ်အစ၊အဆုံး အင်တာနက်ဖွင့်ထားဖို့တော့ လိုပါတယ်။ ကိုယ့်ရဲ့ခရီးစဉ်ပြီးဆုံးသွားရင် အယ်ပလီကေးရှင်း ကနေ ပြီးဆုံးသွားကြောင်း နှိပ်လိုက်ပါ။ ကျသင့်ငွေထွက်လာပါမယ်။ ကိုယ်တွေက ပရိုမိုးရှင်းနဲ့ဆိုတော့ 0 ကျပ်ပေါ့။ သိထားရမှာ တစ်ခုတော့ ရှိပါတယ်။ တစ်ချို့ Uber ကားသမားတွေက ပုံမှန်စီးတာပဲထင်ပြီး ပိုက်ဆံတောင်း တတ်ကြတယ်။ အဲ့ဒီအချိန်ကျရင် ဖုန်းကနေ ပရိုမိုးရှင်းနဲ့စီးတာလေးကိုပြလိုက်။ “အိုကေ အိုကေ” နဲ့ဖြစ်သွားရော။ အားနာစရာမလိုဘူးနော်။ ကုမ္ပဏီဆီက သူတို့ပိုက်ဆံရပြီးသား။
ပြသာနာက Uber ကားအစီးရေနည်းနေသေးတယ်။ နောက်ပြီး ဒီရက်ပိုင်းက Free ကြိတ်လို့ရတယ်ဆိုတော့အခရာအဖွဲ့သားတွေတောင် အလုအယောက်ငှားနေရပါတယ်။ Uber ရဲ့ တက္ကစီစတုဒီသာက မေလ ၅ ရက်နေ့အထိပဲဆိုတော့ မြန်မြန်သာငှားစီးကြပေတော့။
Share:

အောင်ဝင်းခိုင် ဖမ်းမိရေး နေပြည်တော်တခွင် ဖမ်းဝရမ်း ထုတ်ဖို့ တရားလိုရှေ့နေကြိုးပမ်း

အင်တာပိုလ်က ထုတ်ပြန်ထားတဲ့ အောင်ဝင်းခိုင်မှတ်တမ်း။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိထားသူတဦးဖြစ်တဲ့ လွတ်မြောက်နေဆဲ ဦးအောင်ဝင်းခိုင်ကို သူ့ကို နောက်ဆုံးတွေ့ခဲ့ရတဲ့ နေပြည်တော်ပရဆေးဥယျာဉ်ပတ်ဝန်းကျင်မှာ ရှာဖွေဖမ်းဆီးနိုင်ရေး ၀ရမ်းတစောင်ထုတ်ပေးဖို့ အကျိုးဆောင်ရှေ့နေကြီး ဦးနေလ က တိုင်းဒေသကြီး တရားလွှတ်တော်မှာ လျှောက်ထားလိုက်ပါပြီ။ အမှုမှန်ပေါ်ပေါက်ရေးနဲ့ ပြည့်ပြည့်စုံစုံဖြစ်ဖို့ကိုလည်း တင်ပြခဲ့တယ်လို့ ရှေ့နေကြီး ဦးနေလကပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက သတင်းပေးပို့ထားပါတယ်။
ဦးအောင်ဝင်းခိုင်ကို ရှာဖွေဖမ်းဆီးနိုင်ရေး ၀ရမ်းထုတ်ပေးဖို့ ခရိုင်တရားရုံးမှာ လျှောက်ထား တာကို ပယ်ချခံခဲ့ရတာကြောင့် အခုလို တိုင်းဒေသကြီးတရားလွှတ်တော်မှာ ထပ်ပြီးတင်သွင်းတာပါ။ ဦးအောင်ဝင်းခိုင်ဟာ ရန်ကုန်လေဆိပ်မှာ ဦးကိုနီကို လုပ်ကြံ သတ် ဖြတ်ခံရပြီးတဲ့နောက်ပိုင်း ရန်ကုန်ကနေထွက်သွားပြီး နေပြည်တော် ပရဆေးဥယျာဉ် အနီးတ၀ိုက်မှာ ပျောက်သွားခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲအတွင်း ပြောထားတာပါ။ ဒါကြောင့်လဲ အဲဒီပတ်ဝန်းကျင်မှာ သူ့ကိုရှာဖွေဖမ်းဆီးနိုင်ရေးအတွက် ဖမ်းဝရမ်းထုတ်ပေးဖို့ကို အမှုပြင်ဆင်ချက်တရပ်နဲ့အတူ ဒီကနေ့လျှောက်ထားခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေကြီး ဦးနေလက ဗွီအိုအေကိုပြောပါတယ်။
"သူဟာ နေပြည်တော် ပရဆေးဥယျာဉ်မှာ လွတ်မြောက်သွားတယ်ဆိုတာ သိရတယ်။ သိရတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က နေပြည်တော် ပရဆေးဥယျာဉ်ပတ်ဝန်းကျင်ကို ဖမ်းဝရမ်း ထုတ်ပေးပါလို့ ကျနော်တို့လျှောက်တယ်။ အဲ့လိုလျှောက်တဲ့အခါကျတော့ သက်ဆိုင်ရာ အမှုလိုက်ပါဆောင်ရွက်တဲ့ ရှေ့နေချုပ်ရုံးက ဥပဒေအရာရှိကလည်းပဲ ကျနော်တို့ရဲ့ လျှောက်ထားချက်ကို လက်ခံတယ်။ သူက ထောက်ခံချက်ပေးတယ်။ သူကိုယ်တိုင်လည်း လျှောက်ထားစေချင်တဲ့ သဘောထားမျိုး ရှိတယ်။ အဲတ့ာ တရားရုံးကို လျှောက်လွှာတင်တဲ့အခါကျတော့ တရားရုံးက ပယ်လိုက်တယ်။ အဲ့တော့ ပယ်တဲ့ကိစ္စ မတိုင်ခင် ကျနော်တို့ပြောချင်တာက ဘာလဲဆိုတော့ အမှုစစ်အရာရှိတွေ နောက်တခါ ရဲတွေကို စစ်ဆေးချက်တွေအရ သူတို့ကနေပြီးတော့မှ ရဲတွေက အမှုကို မတင်ခင်မှာ ရှာဖွေဖမ်းဆီးဖို့အတွက်ကို ရဲပုံစံ ၆၂ နဲ့ ပို့တယ်ပေါ့ဗျာ။ ဖမ်းဆီးဖို့ဆိုပြီး စာတွေပို့တယ်။ ပို့တဲ့အခါကျတော့ မြို့နယ်ရဲတပ်ဖွဲ့ မြို့မရဲစခန်း နဲ့ လေဆိပ်အပါအဝင် ခြောက်နေရာကို ပို့တယ်။ ပို့တဲ့ ခြောက်နေရာစလုံးမှာ အမှန်တကယ် ထွက်ပြေး လွတ်မြောက်သွားတဲ့ နေပြည်တော် ပရဆေးဥယျာဉ်မပါဘူး။ အဲ့တာကြောင့် ကျနော်တို့က ဖမ်းဝရမ်း အသစ်တစောင်ထုတ်ပေးဖို့ဆိုပြီး လျှောက်တယ်။"
ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရာမှုမှာ တရားမျှတမှူရရှိရေးအတွက် လိုအပ်လာမယ်ဆိုရင် နေပြည်တော် ပြည်ထာင်စုတရားလွှတ်တော်အထိ ရာဇ၀တ်မှူဆိုင်ရာ အမှူပြင်ဆင်ချက်ကို ထပ်မံတင်သွင်းသွားမှာဖြစ်တယ်လို့ ရှေ့နေဦးနေလကဘဲ ဆက်ပြောပါတယ်။
" လုပ်ကြံခံရတဲ့ ဦးကိုနီ အတွက် တရားမျှတမှု ရရှိရေးပဲ အဲ့ဒီ့တော့ အခုလို တရားခံမစုံပဲ အမှုစစ်ဆေးတာထက်စာလို့ရှိရင် တရားခံပြည့်ပြည့်စုံစုံ ဖမ်းဆီးပြီး အမှုစစ်ဆေးတာ ပိုပြီးတော့ တရားမျှတမှု ရမယ်လို့ထင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က လိုအပ်ခဲ့လို့ရှိရင် လိုအပ်ခဲ့လို့ရှိရင် အထက်က နေပြည်တော် တရားလွှတ်တော်ချုပ် Supreme Court လို့ခေါ်တာပေါ့ဗျာ။ ပြင်ဆင်မှု ထပ်မံတင်သွင်းကောင်း တင်သွင်းမယ်ပေါ့။ တင်သွင်းဖို့တော့ ရည်ရွယ်ချက်ရှိပါတယ်။"
အခု လျှောက်ထားချက်နဲ့ ပက်သက်ပီး တရားရုံးက အမိန့်ချမယ့်ရက်ကို အတိအကျ မသိရပေမဲ့ မကြန့်ကြာလောက်ဖူးလို့ ရှေ့နေဦးနေလက သုံးသပ်ပါတယ်။
" အမိန့်ကတော့ ကျနော်တို့က ကြိုမသိရဘူးဗျ။ အမိန့်ချတဲ့ဟာက ကြိုမသိရဘူး ဒါပေမဲ့ သိပ်မကြန့်ကြာလောက်ဘူးလို့တော့ ထင်ရတယ်။ ကျနော်တို့ အမှုကိုလည်း မြန်မြန်ထက်ထက် ခေါ်ပေးတာကို တွေ့ရတယ်။ ပထမဆုံး ဒီအမှုကို တင်သွင်းတဲ့အခါမှာ ဥပဒေအရ ချက်ခြင်းပဲ လက်ခံလိုက်တယ်။ လက်ခံတယ်ဆိုတဲ့အဆင့်တခုကို ကျနော်တို့က ကျော်လွှားသွားတယ်။ ပြီးတဲ့အခါကျတော့ ကြားနာတဲ့ကိစ္စကလည်း သင်္ကြန်ပြီးပြီးချင်း ကြားနာတယ်ဆိုတဲ့အခါကျတော့ ဒီအမှုကို သူတို့က မြန်ဆန်အောင် ဆောင်ရွက်ပေးနေတဲ့သဘောထားမျိုး ရှိပါတယ်။ အမိန့်ကလည်း မကြန့်ကြာဘူးလို့ ကျနော်တို့ ယူဆပါတယ်။"
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူအဖြစ် စွပ်စွဲပြီး ဖမ်းဆီးထားတဲ့ ဦးကြည်လင်းအပါအ၀င် အမှုမှာ ပူးပေါင်းကြံစည်သူတွေအဖြစ် အာဏာပိုင်တွေက သံသယရှိထားတဲ့ ဦးအောင်ဝင်းဇော်၊ ဦးအောင်ဇော်ထွန်းနဲ့  ဦးဇေယျာဖြိုးတို့ကို ဒီကနေ့မနက်ပိုင်းမှာပဲ ရန်ကုန်မြို့၊ မြောက်ပိုင်းခရိုင်တရားရုံးမှာ ထပ်ပြီးရုံးထုတ်ပေမယ့် တစ်စုံတစ်ရာ စစ်ဆေးမှုမလုပ်ခဲ့ပါဘူး။ ဒီအမှုကို သီတင်းပတ်စဉ် သောကြာနေ့တိုင်း ရန်ကုန်မြောက်ပိုင်းခရိုင် အထူးတရားရုံးမှာ ရုံးထုတ် စစ်ဆေးနေတာဖြစ်ပါတယ်။
Share:

နောက်ဆုံးထုတ် တိုယိုတာ မော်ဒယ်သစ်နှစ်မျိုး ဧပြီ ၂၉ ရက်တွင် စတင်ရောင်းချမည်

Toyota Camry 2017 မော်ဒယ်အမျိုးအစားသစ်ကားကို တွေ့ရစဉ်
တိုယိုတာက ၎င်း၏ နောက်ဆုံးထုတ် မော်ဒယ်သစ်နှစ် မျိုးကို ရန်ကုန်တွင် ဧပြီနောက် ဆုံးပတ်၌ စတင်ပြသရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Toyota Corolla 2017 နှင့် Toyota Camry 2017 မော်ဒယ် သစ်နှစ်မျိုးကို Toyota Myanmar က ဧပြီ ၂၉ နှင့် ၃၀ ရက်တွင် မြန်မာပလာဇာ၌ စတင်မိတ်ဆက်ပြသ ရောင်းချမည် ဖြစ်သည်။
အဆိုပါ ကားများကို ပထမ အရစ်အနေဖြင့် ၂၅ ရာခိုင်နှုန်း ပေးသွင်းပြီး အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း တိုယိုတာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
Toyota Corolla 2016 နှင့် Toyota Camry 2016 ကို၂၀၁၆ အောက်တိုဘာက မိတ်ဆက်ခဲ့ဖူးပြီး ယခုမော်ဒယ်သစ် နှစ်မျိုးကို တိုယိုတာကပုံမှန်အချိန် ထက်စော၍ မိတ်ဆက်ရန် ထုတ်ပြန်ခဲ့သည်။
Toyota Corolla 2017  ကို အမေရိကန် ဒေါ်လာ ၂၉,၄၀၀ ဖြင့် စတင်ရောင်းချမည်ဖြစ်ပြီး  Toyota Camry 2017 အမေရိကန် ဒေါ်လာ ၅၂,၅၀၀ ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရ သည်။
Corolla 2017 သည် ၁ ဒသမ၆ အင်ဂျင်ပါဝါတွင် (16 Valve, DOHC with VVTI) အင်ဂျင်တပ် ဆင်ထားပြီး ဂီယာစနစ်အတွက် အော်တိုနှင့် မန်နျူရယ်နှစ်မျိုးစလုံး ရွေးချယ် မောင်းနှင်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
၁၉၆၆ ကစတင်ထုတ်လုပ်ခဲ့ သည့် Corolla  မျိုးဆက်မှာ ၂၀၁၆မော်ဒယ်နှင့်မတူဘဲ ဒီဇိုင်းမှာအ ပြောင်းအလဲရှိကြောင်း သိရသည်။
Toyota Camry 2017 မော် ဒယ်မှာ ၂ ဒသမ ၅ အင်ဂျင်ပါဝါ ဖြစ်ပြီး ဓာတ်ဆီအင်ဂျင်ဖြစ်ကာ အော်တိုဂီယာစနစ်ဖြစ်၍ ၁၉၈၂ က စတင်ထုတ်လုပ်ခဲ့သော Camry နှင့် ပုံစံကွဲထွက်ကာ Sport Type  ပုံစံထုတ်လုပ်ထားသည်။
လက်ရှိတွင် Brand New ကားအရောင်း ပြခန်းများ၌ အ ရေအတွက်အားဖြင့် အများဆုံး ရောင်းရသည့် စာရင်းဝင်သည့် တိုယိုတာ အမျိုးအစားများသည် ရန်ကုန်တွင် Minglar Toyota နှင့် Aye and Son အရောင်းပြခန်းနှစ်ခုတွင် စတင်ရောင်းချမည်ဖြစ်သည်။
Share:

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု ဆက်လုပ်


ဂျပန်ပင်လယ်ပြင်ထဲ စနေနေ့ အစောပိုင်းကျရောက်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ နောက်ဆုံး ဒုံးကျည်စမ်းသပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ Donald Trump ကို တင်ပြခဲ့တယ်လို့ သမ္မတ အိမ်ဖြူကပြောပါတယ်။ သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ဒီကိစ္စကို သမ္မတ Trump အစိုးရအဖွဲ့က သိထားပြီးဖြစ်တယ် လို့ပဲ ဖေါ်ပြထားပါတယ်။
မြောက်ကိုရီးယားက မြို့တော် Pyongyang မြောက်ဖက်ကနေ ပဲ့ထိမ်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတခု လုပ်ခဲ့တယ်လို့ တောင်ကိုရီးယား Yonhap သတင်းမှာ ဖေါ်ပြထားပါတယ်။
အမေရိကန် ပစိဖိတ်ဒေသ တပ်မဟာက တပ်မှုး David Benham ကတော့ပဲ့ထိမ်းတပ် ဒုံးကျည်ကို Pukchang လေတပ်စခန်းနားကနေ ပစ်လွှတ်ခဲ့တာ ဖြစ်ပြီး မြောက်ကိုရီးယား ပိုင်နက် ဒေသတွင်းမှာပဲ ကျရောက်ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။
ဒီဒုံးကျည်ဟာ မြောက်အမေရိက တိုက်အတွက် အန္တရာယ် မရှိနိုင်ဘူးလို့ NORAD မြောက်အမေရိက လေကြောင်း ကာကွယ်ရေးဌာနချုပ်က စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း Benham ကပြောပါတယ်။
ဒေသစံတော်ချိန် စနေမနက်မှာ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။အခုပစ်လွှတ်တဲ့ ဒုံးကျည်ဟာ KN-17 အမျိုးအစား တာလတ်ပစ် ပဲ့ထိမ်းတပ် ဒုံးကျည် ဖြစ်နိုင်တယ်လို့ အမေရိကန် အရာရှိတဦးက CNN ကို ပြောပါတယ်။ ဒီဒုံးကျည်ဟာ ကိုရီးယား ကျွန်းဆွယ်ရေပြင်ထဲ မကျခင် ကီလိုမီတာ ၃၀ ကနေ ၄၀ လောက် ပြေးခဲ့တယ်လို့လည်း ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson မြောက်ကိုရီးယား အရေး ကုလသမဂ္ဂအထူးအစည်းဝေးမှာ မိန့်ခွန်းပြောပြီး နာရီပိုင်းအတွင်းမှာပဲ အခုလို ဒုံးကျည်နဲ့ ပစ်ခတ်မှု ဖြစ်ပွါးခဲ့တာပါ။ ဝန်ကြီး Tillerson က မြောက်ကိုရီးယားကို သူ့ရဲ့ နျူကလီယား အစီစဉ်တွေ စွန့်လွှတ်လာတဲ့ အထိ ဖိအားတိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။
Share:

North Korea crisis: North test-fires ballistic missile


North Korea has test-fired a ballistic missile, South Korean and US military officials say.
It apparently exploded seconds after lift-off, the South Korean military was quoted as saying by Yonhap news agency. The US military said the missile did not leave North Korean territory.
It was fired from a site in South Pyeongan province north of Pyongyang in the early hours of Saturday local time, South Korea said.
The type of missile is not yet known.
US President Donald Trump tweeted: "North Korea disrespected the wishes of China & its highly respected President when it launched, though unsuccessfully, a missile today. Bad!"
So far there has been no word from North Korea.
Tensions in the region have increased lately, with both North and South Korea conducting military exercises.
North Korea has made repeated attempts to miniaturise nuclear warheads and fit them on long-range missiles capable of reaching the US.

"North Korea fired an unidentified missile from a site in the vicinity of Bukchang in Pyeongannam-do (South Pyeongan Province) early this morning," the South Korean Joint Chiefs of Staff (JSC) said in a statement, Yonhap reports.
It added that the missile apparently exploded, just seconds after the launch.
Meanwhile, Commander Dave Benham, a spokesman for US Pacific Command, said the "launch occurred near the Pukchang airfield (north of Pyongyang)".
He added that the missile did not leave North Korean territory and did not pose a threat to North America.
The launch occurred a matter of hours after the US Secretary of State Rex Tillerson called on the rest of the world to help force North Korea to give up its nuclear ambitions.
Speaking at the UN Security Council, Mr Tillerson warned of "catastrophic consequences" if the Council did not act, saying it was "likely only a matter of time before North Korea develops the capability to strike the US mainland".
The US would use military force if necessary, he said.
Mr Tillerson accused Council members of not fully enforcing existing sanctions against the North, and called on China in particular to leverage its trade links as influence.
But the Chinese Foreign Minister, Wang Yi, said the key to solving the problem did not lie with his country.

What are the sanctions on North Korea?

UN sanctions include a ban on selling arms and fuel to North Korea, as well as a host of items that could be used for weapons-making.
But a recent UN study found that fragments from a North Korean missile test included electronics that had been obtained either from or via Chinese enterprises.
The US has separate, stricter sanctions including a blanket ban on trade and a blacklist of anyone dealing with North Korea.

Share:

ရခိုင်အရေး တရုတ်ပါဝင်မှု လက်မခံဟု သမ္မတရုံးပြော


သော်ဟိန်းထက် / ဧရာဝတီ

ရခိုင်ပြည်နယ် မြောက်ပိုင်းအရေး ကိစ္စများကို ကူညီဖြေရှင်းရန် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဌာန အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) က တောင်းဆိုထားသော်လည်း လက်ခံမည် မဟုတ်ဘဲ အဓိကသက်ဆိုင်သည့် ဘင်္ဂလားဒေရှ် နိုင်ငံနှင့်သာ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး က ပြောသည်။

ရခိုင်ပြည်နယ်တွင် ရှိနေသည့် ကျောက်ဖြူစီမံကိန်းကြောင့် စိတ်ပူနေသည့် တရုတ်နိုင်ငံကို နားလည်သော်လည်း ရခိုင်အရေးကို နိုင်ငံတကာ စံနှုန်းများ အတိုင်းသာ ကူညီပေးရန် မြန်မာ အစိုးရက လိုလားကြောင်း ဧပြီ ၂၈ ရက် နေ့က ပြုလုပ်သော အစိုးရ ပထမ တနှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေး က ပြောဆိုသွားခြင်း ဖြစ်သည်။

ရိုဟင်ဂျာ ဟုခေါ်ဆိုနေကြသော ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်စလင်များနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ အကြား သံတမန်ရေး ပြဿနာ ကူညီဖြေရှင်းပေးရန် တရုတ်နိုင်ငံက ကမ်းလှမ်းလာကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိနှစ်ဦးကို ကိုးကား၍ ရိုက်တာသတင်းတပုဒ်တွင် ဖော်ပြထားသည်။

ထို့အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လေးရက်ကြာခရီးစဉ် စတင်နေသော တရုတ်အထူးသံတမန် ဆွန်ကော့ရှန်က မြန်မာနိုင်ငံနှင့် ပြဿနာကို နှစ်ဦးနှစ်ဖက်ဖြေရှင်းရန် ဒါကာကို တိုက်တွန်းသော်လည်း ထိုကိစ္စတွင် တရုတ်နိုင်ငံဘက်က ကူညီရန် အသင့်ရှိ ကြောင်းလည်း ဆိုထားသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေး ဌာန အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) သည် မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဆွေးနွေးနေကြသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ ကိုယ်စား ကြားဝင် ဆောင်ရွက်နေသူတဦးလည်းဖြစ်သည်။

သို့သော်လည်း တရုတ်အစိုးရ အနေဖြင့် ၎င်းတို့ အကြိုးစီးပွားအတွက် မြန်မာပြည်တွင်း ဖြစ်ပေါ်နေသော ပြဿနာများကို ဆက်နွယ်၍ ဝင်ရောက် စွက်ဖက်မှုများ ပြုလုပ်လာမည်ကိုလည်း မြန်မာဘက်တွင် စိုးရိမ်မှုများရှိနေကြသည်။
Share:

ဘာသာတစ်ခုနှင့်တစ်ခု၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား ပဋိပက္ခဖြစ်အောင် လုပ်ခြင်း သည် အခြေခံဥပဒေနှင့် ဆန့်ကျင်ကြောင်း မန္တလေး ၀န်ကြီးချုပ်ပြော


ဘာသာတစ်ခုနှင့်တစ်ခု၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား အမုန်းပွားပြီး ပဋိပက္ခများဖြစ်စေ ရန် ပြုမူပြောဆို လုပ်ဆောင်ခြင်း များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဆန့်ကျင်ခြင်းဖြစ်ပြီး ဒီမိုကရေ စီအပြောင်းအလဲတွင် ဆန့်ကျင် ဘက်လှိုင်းများ ရိုက်ခတ်မှုကို သတိပြုရန်လိုအပ်ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
‘‘၃၆၄ (ဖွဲ့စည်းပုံအခြေခံ ဥပ ဒေပုဒ်မ ၃၆၄)မှာ ဘာသာရေးကို နိုင်ငံရေးအရ အသုံးမပြုရဘူးလို့ ပြောပါတယ်။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာတစ်မျိုးနဲ့တစ်မျိုး ပဋိ ပက္ခဖြစ်မယ်၊ မုန်းတီးစိတ်ဖြစ်မယ် ဆိုတဲ့ အပြုအမူတွေလုပ်ခဲ့ရင်၊ ပြောခဲ့ရင်၊ ဆိုခဲ့ရင် အခြေခံဥပဒေ နဲ့ ဆန့်ကျင်တယ်’’ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
ဧပြီ ၂၈ ရက်က မန္တလေးမြို့ ခံ ဘာသာပေါင်းစုံအဖွဲ့အစည်း များ၊ မြို့မိမြို့ဖများ စုပေါင်းကာ ကျင်းပပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ သစ်အား ဂုဏ်ပြုကြိုဆိုပွဲ အခမ်း အနားတွင် ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘ဒီမိုကရေစီကို သွားတဲ့အချိန်မှာ ဒီမိုကရက်တစ်လှိုင်းကြီးရင် ကြီးသလို ဒီမိုကရက်တစ်နဲ့ ဆန့် ကျင်တဲ့ လှိုင်းကြီးတွေလည်း အကြီးကြီးဖြစ်တတ်ပါတယ်။ ဒါတွေကို သတိမူမိဖို့ လိုပါတယ်’’ဟု ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
ပြီးခဲ့သည့် အစိုးရလက်ထက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေး၊ မိတ္ထီလာ စသည့်မြို့ကြီးများ၌ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ လတ်တလောတွင်လည်း မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့၌ ကောလာဟလများ ပျံ့နှံ့နေ၍ ဒေသခံအချို့ စိုးရိမ်ထိတ်လန့် လျက်ရှိသည်။
လူတိုင်းသည် ငြိမ်းချမ်းရေးကို လိုချင်မက်မောပြီး အစိုးရသစ်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက် လာသူများ အနေဖြင့် အမုန်းစကားများ ဖြန့်ဝေခြင်းမပြုလုပ်ဘဲ ငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ပါဝင်ကြရန် ဒေါက်တာ ဇော်မြင့်မောင်က တိုက်တွန်းပြောကြားသည်။
Share:

သာကေတ အာရဗီကျောင်း တရားရုံးအမိန့်မပါပဲ ချိပ်ပိတ်




အမျိုးသားရေးဝါဒီ သံဃာတော် တချို့ အပါအ၀င် လူပုဂ္ဂိုလ် ၁၀၀ လောက်ဟာ မနေ့ သောကြာနေ့က ရန်ကုန် သာကေတမှာရှိတဲ့ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း နှစ်ကျောင်းမှာ ဗလီဝတ်ပြုမှုတွေ လုပ်နေတယ်လို့ စွပ်စွဲပြီး ပိတ်ပေးဖို့ အာဏာပိုင်တွေကို ဖိအားပေး လှုပ်ရှားခဲ့ကြပါတယ်။ ဒါအပြင် အဲဒီမှာ သွားရောက်သတင်းယူခဲ့ကြတဲ့ သတင်းထောက်တချို့ကိုလည်း အမျိုးသားရေးဝါဒီဆိုသူတွေ က အကြမ်းဖက် တုန့်ပြန်ခဲ့ကြပါတယ်။ လက်ရှိအခြေအနေမှာတော့ သာကေတက အစ္စလာမ်ကျောင်း နှစ်ကျောင်းလုံးကို အကြောင်းပြချက်မရှိပဲ အခြေအနေတွေကို ယာယီထိမ်းသိမ်းတဲ့အနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ယာယီချိတ်ပိတ်ခဲ့ပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံ ကိုပြောပြမှာပါ။
ဧပြီလ (၂၈) ရက်နေ့ ညနေပိုင်းက သာကေတမြို့နယ် အနော်မာ ၁ ရပ်ကွက်မှာရှိတဲ့ အစ္စလာမ်ဘာသာရေး ကျောင်း ၂ ကျောင်းကို ပိတ်ပေးဖို့ သံဃာတော်တွေပါဝင်တဲ့ အမျိုးသားရေးဝါဒီတွေ သွားရောက်ပြီး အာဏာပိုင်တွေကို ဖိအားပေးတောင်းဆိုနေတဲ့ မှတ်တမ်းတင် ဗွီဒီယိုဖိုင် တွေဟာ အင်တာနက် လူမှုကွန်ယက်စာမျက်နှာတွေ ပေါ်မှာ အချိန်ပိုင်းအတွင်း ပြန့်နှံခဲ့ပါတယ်။
ဒါအပြင် အဲဒီမှာ သတင်းယူနေကြတဲ့ သတင်းထောက်တွေကို အမျိုးသားရေး အင်အားစုဆိုသူတွေက အကြမ်းဖက်တုန့်ပြန်ရာမှာ အေပီသတင်းဌာနက ရုပ်သံသတင်းထောက် ကိုမင်းကြည်သိန်းကို အဲဒီလူအုပ်ကနေ အကြမ်းဖက် ရိုက်နှက်ခဲ့ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းတာဝန်ရှိသူကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်ပါတယ်။
မအင်ကြင်း။ ။ ချိပ်ပိတ်တဲ့ကိစ္စမှာ တရားရုံးရဲ့ခွင့်ပြုချက်ပေါ့နော်။ တရားရုံးရဲ့အမိန့်များ ပါပါသလားလို့ နောက်ပြီးတော့ ဘာကြောင့် အဲ့ဒီ့လို ချိပ်ပိတ်ခံရတာလဲရှင့်။
" အဲ့တာက ကျနော်တို့ဆီကို စာတွေ ဘာတွေ ဘာမှ ပေးမထားသေးဘူးခင်ဗျ။ အမတို့သိချင်တယ်ဆိုရင် တိုင်းကို မေးကြည့်မှ ရမယ်ဗျ။"
မအင်ကြင်း။ ။ လောလောဆယ် ကျောင်းတွေက ဘယ်နှစ်ကျောင်း ချိပ်ပိတ်ခံထားရပါလဲရှင့်။ အစ္စလာမ်ကျောင်းလေ။
" အဲ့တာတော့ ဘယ်နှစ်ကျောင်းဆိုတာ ကျနော်တို့မသိဘူးခင်ဗျ။ လောလောဆယ်သိတာတော့ တစ်ကျောင်းတော့သိတယ်။"
မအင်ကြင်း။ ။ အခုလောလောဆယ် လုံခြုံရေးအခြေအနေကရော ဘယ်လိုပါလဲ။
" အေးဆေးပဲ အမ ဘာမှ မဖြစ်ပါဘူး။ အေးဆေးပါပဲ ကျနော်တို့ဆီက တပ်ဖွဲ့ဝင်တွေလည်း ရှိပါတယ်။"
အဲဒီဗွီဒီယိုတွေထဲမှာ အမျိုးသားရေးဝါဒီဆိုသူတွေက သူတို့ အစ္စလာမ် ဘာသာရေးကျောင်းတွေကို ပိတ်ခိုင်းရသလဲဆိုတဲ့ အကြောင်းပြချက်နဲ့ ပတ်သက်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာနေထိုင်တဲ့ ကိုလတ်က အခုလို ပြောသွားပါတယ်။
" ကျနော်တို့ အမျိုးသားအင်အားစုတွေ အနော်မာ ၁ရပ်ကွက်ကို ရောက်ရှိရတဲ့ အကြောင်းရင်း ကတော့ အာရဗီစာသင်ကျောင်းတွေကို အသုံးပြုပြီးတော့ ဗလီ ဝတ်ပြုကျောင်းတွေ လုပ်နေတဲ့အတွက်ကြောင့်မို့လို့ ကျနော်က ဒီနေရာကို လာရောက်လေ့လာကြည့်ရှုရခြင်းဖြစ်တယ်။ ပြောရင်တော့ စာသင်ကျောင်း ပြီးရင်တော့ ဗလီတက်တယ်။ ဒါမျိုးတွေကို ကျနော်တို့က ဆက်လက်မလုပ်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေ တားမြစ်ပေးဖို့ အုပ်ချုပ်ရေးပိုင်း စည်ပင်ပိုင်းတွေကနေ ဒီဟာတွေကို တားမြစ်ပေးဖို့ မျိုးနွယ်စုတခုနဲ့တခု ပဋိပက္ခရေရှည်မဖြစ်စေဖို့အတွက်ကို ကျနော်တို့ အမျိုးသားရေးတွေက ရောက်လာရတာဖြစ်ပါတယ်။"
သာကေတမှာရှိတဲ့ အစ္စလာမ်ဘာသာကျောင်းတွေဟာ ဥပဒေနဲ့အညီ တရားဝင်ဖွင့်ထားတာ ဖြစ်တဲ့အပြင် ကျောင်းသား ၃၀၀ကျော် တက်ရောက်သင်ကြားနေတာဖြစ်တယ်လို့ အစ္စလာမ် ဘာသာရေး ကျောင်းရဲ့ ဥက္ကဋ္ဌ ဦးတင်ရွှေက သတင်းထောက်တွေ ကိုပြောပါတယ်။ ဥပဒေအရ ကျူးလွန်ဖောက်ပြန်ခြင်းမရှိပေမဲ့ ပြသာနာ ပိုပြီး မကြီးထွားစေဖို့ဆိုပြီး သက်ဆိုင်ရာအာဏာပိုင်တွေက စာရွက်စာတမ်းမပါပဲ ပါးစပ်နဲ့ပြောပြီး ချိတ်ပိတ်ခဲ့တာဖြစ်ကြောင်း ဦးတင်ရွှေက အခုလို ဆက်ပြောပါတယ်။
"မယကဦးစီးရယ်၊ သာသနာရေးဦးစီးရယ် ၂ ယောက်က လာပါတယ်၊ ရဲမှူးတွေပါပါတယ်၊ ခင်ဗျားတို့ ဘာကြောင့်ပိတ်တာလဲ၊ ကျနော်တို့မှာ တရားဝင် စာရွက်စာတမ်းရှိတယ်၊ ကျနော်တို့မှာ အပြစ်ရှိလို့လား ဒါ ခင်ဗျားတို့ ချိတ်ပိတ်တယ်ဆိုတာ အပြစ်ရှိလို့ အရေးယူတာပါပြောတော့ မဟုတ်ဘူးဆိုပြီးတော့ ဦးစီးကရော သာသနာရေးဦးစီး ပါးစပ်ကရော မယကဦးစီးကရော ဒီကိစ္စ ပြဿနာကြီးထွားသွားမှာစိုးလို့ ယာယီ ထိန်းသိမ်းထားပါတယ်ဆိုပြီး ကျနော်တို့ကို ပြောပါတယ်။"
စာသင်ကျောင်းတွေ ချိတ်ပေးခံရတဲ့ကိစ္စမှာ တရားဥပဒေအရ အကာအကွယ်မပေးနိုင်တာ ၀မ်းနည်းမိတယ် လို့ ဦးတင်ရွှေကပြောပါတယ်။
အစ္စလာမ်ဘာသာကျောင်းတွေမှာ ဘုရားဝတ်ပြုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ လူငယ် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ ကိုရှိုင်းက အခုလိုပြောပါတယ်။
" စာသင်ကျောင်းမှာ ဝတ်မပြုရဘူးဆိုတဲ့ဟာကိုပြောတဲ့အခါမှာ ကျနော်က ဘာနဲ့သွားပြီး နှိုင်းယှဉ်ပြလို့ရတုန်းဆိုတော့ ဗုဒ္ဓဘာသာကျောင်းတွေမှာ ယဉ်ကျေးလိမ္မာတို့ ဘာတို့ သင်တဲ့အခါကျရင် ဘုရားဘယ်လိုရှိခိုးရတယ်ဆိုတာကအစ အဲ့မှာ သင်ပေးတယ်။ အဲ့တော့ ကျနော်တို့ အစ္စလာမ်စာသင်ကျောင်းတွေမှာလည်း ကျနော်တို့ ဘယ်လိုဘုရားရှိခိုးရလဲ ဘယ်လို ဘုရားဝတ်ပြုရလဲ ဆိုတာကို သင်ပေးတယ်။ ဆိုတော့ ဒါကို ကြည့်ပြီးတော့မှ ဝတ်ပြုကျောင်းဆိုပြီး ဗလီကို စွပ်စွဲတယ်ဆိုတော့ လုံးဝ အခြေအမြစ်မရှိတဲ့ကိစ္စတခုပဲနော်။"
ဒါအပြင် မြန်မာနိုင်ငံမှာ ဘာသာရေးအရဖိနှိပ်မှုတွေ ရှိနေတယ်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက စွပ်စွဲဝေဖန်နေချိန်မှာ အခုလို ဘာသာရေးအဓိကရုဏ်းတွေဖြစ်အောင် ဖန်တီးတာဟာ ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့ NLD အစိုးရကို ပိုကြီးအကြပ်အတည်းဖြစ်စေတယ်လို့ မြင်ကြောင်း ကိုရှိုင်းက ပြောပါတယ်။
သာကေတမှာရှိတဲ့ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း လေးကျောင်းလုံးကို ပိတ်ဖို့ သံဃာတော်တွေ ပါဝင်တဲ့ အမျိုးသားရေးအင်အားစုဆိုတဲ့ အဖွဲ့က အရင်ကတည်းက ဖိအားပေးနေခဲ့တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံကို တက်ရောက်နေတဲ့အချိန်မှာ အခုလို အခြေအနေတွေ ပိုပြီး ဆိုးလာတာဖြစ်ပါတယ်။
Share:

28 April, 2017

ပညာရေးစနစ် “အလျင်စလို” ပြောင်းလဲမှု ဒုဝန်ကြီး တောင်းပန်

အခြေခံ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် အချိန်တိုအတွင်း အလျင်စလို ပြောင်းလဲခဲ့ရခြင်း အပေါ် ပြည်သူ များကို တောင်းပန်ကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက နေပြည်တော်တွင် ဧပြီ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် အစိုးရ ၁ နှစ်ပြည့် ဆောင်ရွက်ချက်များ ရှင်းလင်းပွဲတွင် ပြောသည်။

စာမေးပွဲ တခုတည်းဖြင့် အတန်းတင်သည့်စနစ်မှ တနှစ်လုံး အကဲဖြတ်၍ အတန်းတင်သည့် စနစ်သို့ ပြောင်းလဲခြင်း၊ တော်၊ သင့်၊ ညံ့ အပေါ် မူတည်၍ အခန်းခွဲသည့် စနစ် ပြောင်းလဲခြင်းနှင့် အောင်စာရင်းတွင် အဆင့်မသတ်မှတ်ဘဲ A၊ B၊ C အဆင့်ဖြင့် အတန်းတင် ပေးခြင်း အပါအဝင် ပြုပြင်ပြောင်းလဲမှု တချို့ကို ယခုနှစ်အတွင်း အလျင်စလို ဆောင်ရွက်ခဲ့သည့်အပေါ် ပြည်သူလူထုက ဝေဖန်မှုများ ရှိခဲ့သည်။

ပညာရေး ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက “ပညာရေး ပြောင်းလဲမှုက ရုတ်ချည်း ဖြစ်လာတဲ့အတွက် တောင်းပန်ပါတယ်။ ရုတ်ချည်း ဖြစ်ရတဲ့ အကြောင်းရင်းတွေကလည်း ရှိပါတယ်။ ကျနော်တို့ သတ်မှတ်မှုက အရင်တုန်းက အရေးမကြီးပေမယ့် အခု အရေးကြီးတဲ့အခါမှာ ကျနော် ဒီလောက်ပြောရင် မီဒီယာများ သဘောပေါက်ပါတယ်” ဟု ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပညာရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် ညွှန်ကြားခဲ့သဖြင့် ရုတ်ချည်း ဆောင်ရွက်လိုက်ရသည့် သဘော ဖြစ်သွားကြောင်း အခြေခံပညာ ဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက အထက်ပါ ရှင်းလင်းပွဲတွင် ပြောသည်။

“စဉ်ဆက်မပြတ် နှစ်စ၊ နှစ်ဆုံး အကဲဖြတ်စနစ်ကို ပြောင်းလိုက်တယ်။ ဒါကို ရုတ်ချည်း ပြောင်းတယ်ဆိုတဲ့ သဘောတော့ ဖြစ်သွားတယ်။ တကယ်တော့ ဒီဇင်ဘာလလောက်ကျမှ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ကြားတဲ့အတွက် ၄ ယောက် အစုအဖွဲ့ တခုဆီနဲ့ ပရော ဂျက်လေးတွေ ကျောင်းတိုင်းမှာ လုပ်ပါတယ်” ဟု ဒေါက်တာ ခိုင်မြဲက ပြောသည်။

ယင်းကျောင်းသား ၄ ယောက် အဖွဲ့ထဲတွင် တော်သည့် ကျောင်းသား၊ ညံ့သည့် ကျောင်းသား၊ ယောကျာ်းလေး၊ မိန်းကလေးတွဲ၍ ပူးပေါင်း ဆောင်ရွက်သည့် သဘောဖြင့် တော်သူက ညံ့သူကိုပါ ဆွဲခေါ်သည့် စနစ်မျိုးကို စတင်နေခြင်း ဖြစ်ကြောင်း အခြေခံ ပညာ ဦးစီးဌာနမှ သိရသည်။

“ဒီအနေအထားတွေကို ဖော်ဆောင်ချင်တဲ့အတွက် ပရောဂျက်ကို ဆောင်ရွက်ချင်း ဖြစ်ပါတယ်။ အတန်းခွဲတဲ့အခါမှာလည်း တော်တဲ့သူ ညံ့တဲ့သူတွေကို သီးသန့် မလုပ်ဘဲနဲ့ အားလုံး ပါဝင်တဲ့စနစ်နဲ့ အကောင်အထည် ဖော်တယ် ဆိုတာကို ရှင်းပြလိုပါတယ် ”ဟု ညွှန်ချုပ် ဒေါက်တာ ခိုင်မြဲက ပြောသည်။

ယခု ပညာရေးစနစ်အရ စာမေးပွဲ အောင်ခြင်းနှင့် စာတတ်ခြင်းကို ကွဲပြားရန် လိုကြောင်း၊ ပထမတန်းတွင် ယင်းအတန်းနှင့် လျော်ညီ သည့် စာရေးတတ်၊ ဖတ်တတ်၊ တွက်ချက်တတ်ခြင်း ရှိ၊ မရှိ ဆိုသည့် အချက်ကို သေချာလေ့လာလျက် ရှိကြောင်း၊ အအောင်၊ အရှုံးကို တပွဲတိုး ၂ နာရီ ဖြေခိုင်းပြီး အတန်းတင်ပေးတော့မည် မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

“အခန်းဆုံး၊ လဆုံး၊ နှစ်ဝက် စာမေးပွဲ၊ နှစ်ဆုံး စာမေးပွဲ ဒါတွေ ရှိပါမယ်။ ၂ နာရီနဲ့ စောင့်မကြည့်တော့ဘဲ တနှစ်လုံး စောင့်ကြည့်ပြီး တ ကယ် ရေးတတ် ဖတ်တတ်လားဆိုတာ ကြည့်ပြီး ဆုံးဖြတ်တော့မှာပါ” ဟု ပညာရေး ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။

၎င်းကဆက်၍ “ကျနော်တို့ အထင်အမြင် လွဲခံရ၊ အပုတ်ချခံနေရပါတယ်။ ရှိသမျှ ဖြေသမျှလူတွေ အကုန်အအောင်ပေးတယ်ဆိုတာ မဟုတ်ပါဘူး။ မအောင်ရင် အောင်အောင် သင်ဖို့မှာ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ သင်ရမှာက အတန်းကူးပြောင်းဖို့ ဖြစ်ပါတယ်။ အောင်ခြင်း၊ မအောင်ခြင်းကိုလည်း အကြိမ်ပေါင်းများစွာ ဆန်းစစ်လို့ ရပါတယ်”ဟုလည်း ပြောသည်။

အောင်စာရင်းဆိုသည်ထက် သင်ယူမှု ရလဒ်ကို ရယူပြီး အတန်းကူးပြောင်းရန် ဆောင်ရွက်ရကြောင်း၊ အခြေခံ အဆင့်၊ အလယ်တန်း အဆင့် ပညာရေး ပြီးမြောက်ရန်မှာ သင်ယူမှု ရလဒ်များ အပေါ်မှာ အခြေခံကြောင်း၊ နောက်ဆုံး စာမေးပွဲတခုတည်း မဟုတ်ဘဲ အခန်း ဆုံး စာမေးပွဲ၊ နှစ်ဝက် စာမေးပွဲ၊ နှစ်ဆုံး စာမေးပွဲ၊ တဦးစီ၏ ဘက်စုံ ဖွံ့ဖြိုးမှု မှတ်တမ်း (CPR) အပေါ်တွင် အားလုံး ခြုံငုံ၍ ဆောင်ရွက် ရကြောင်း ဒေါက်တာ ခိုင်မြဲက ပြောသည်။

နောက်ပိုင်းတွင် ပညာရေး ပြောင်းလဲမှုကို စနစ်တကျ ဖြစ်စေရန် School Calendar များကို ရေးဆွဲနေပြီး ယခုဆောင်ရွက်နေသည့် ကျောင်းသား၊ မိဘ၊ ဆရာ ပညာရေး ပူးပေါင်းဆောင်ရွက်မှု ပုံစံမှ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပြည်သူများပါ ပူးပေါင်းပါဝင်သည့် ပုံစံသို့ ပြောင်းလဲသွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။

“နောက်ကို ရုတ်ချည်း မဖြစ်အောင် ကျနော်တို့ School Calendar တွေ ဆွဲနေပါပြီ။ မူလတန်းအဆင့်ကနေစပြီး တက္ကသိုလ်အဆင့်အထိ အဆုံး ဘယ်နေ့မှာ ဘောလုံးကန်မယ်၊ ဘယ်နေ့မှာ ကြက်တောင်ရိုက်မယ်ဆိုတာ အကုန်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကျနော်တို့ အပြည့်ဆွဲမယ်”ဟု ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။

ပညာရေး ပြုပြင်ပြောင်းလဲမှုများအတွက် အမျိုးသား ပညာရေး ဥပဒေကို ပြဋ္ဌာန်းထားပြီး အဆင့်မြင့် ပညာရေး ဥပဒေ၊ အခြေခံ ပညာရေး ဥပဒေ၊ ပုဂ္ဂလိက ပညာရေး ဥပဒေ၊ နည်းပညာနှင့် အသက်မွေးပညာ ဥပဒေတို့ကိုလည်း ရေးဆွဲပြဌာန်းရန် လုပ်ငန်းစဉ်များ အဆင့်ဆင့် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
Share:

ဦးရွှေမန်း တရုတ်မှာ ဘာဆွေးနွေးနိုင်သလဲ

VOA Burmese News
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်ခရီးမစခင်မှာပဲ သူရဦးရွှေမန်း တရုတ်နိုင်ငံကိုရောက်နေတာဟာ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ အဖြစ် မြန်မာ-တရုတ် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ စီမံကိန်းတွေကို ဥပဒေနဲ့အညီ လေ့လာဆန်းစစ်ဖို့ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဦးရွှေမန်းဟာ သူ့တရုတ်ခရီးစဉ်အတွင်း "ခေတ်သစ်ပိုးလမ်းမကြီးနဲ့ ခါးပတ်လမ်းစီမံကိန်း"နဲ့ပတ်သက်ပြီး တရုတ်မြန်မာ ပူးပေါင်းဆောင်ရွက်ဖို့အရေးလည်း တရုတ်အမျိုးသားပြည်သူ့ လွှတ်တော်အမြဲတမ်းကော်မတီဥက္ကဋ္ဌနဲ့လည်း ဘေကျင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။ဒီသီတင်းပတ်အတွင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်မယ့် One Belt and One Road Forum နိုင်ငံတကာညီလာခံ တက်ရောက်မယ့် တရုတ်ပြည်ခရီးမစခင်မှာပဲ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်နိုင်ငံကို ရောက်ရှိနေပါတယ်။အခုလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်ကိုမသွားခင်မှာ လွှတ်တော်က ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း သွားရောက်တာဟာ မြန်မာ-တရုတ် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ စီမံကိန်းတွေကို ဥပဒေနဲ့အညီ လေ့လာဆန်းစစ်ဖို့ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ အမေရိကန်အခြေစိုက် တရုတ်-မြန်မာအရေးလေ့လာနေသူ ဒေါက်တာတင့်ဆွေကတော့- အခုလိုရှု့မြင်ပါတယ်။“ဦးရွှေမန်းကတော့ လက်ရှိတာဝန်အရကတော့ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေလိုအပ်တာတွေပြင်ဆင်ရေးကိစ္စမှာ မြန်မာနိုင်ငံနဲ့ တရုတ်ပြည်ထောင်စု သမ္မတနိုင်ငံတော် အနေနဲ့ စာရွက်စာတန်းတွေအများကြီး ဆောင်ရွက်ထားတော့ ဒါတွေကို ပြင်စရာပြုစရာ ဆန်းစစ်စရာ တနည်းအားဖြင့် အမှန်အတိုင်းအရှိအတိုင်း လုပ်ဖို့သွား တာလည်းဖြစ်နိုင်တယ်။ နောက်ဒူတိယတချက် ကျနော်မြင်တာကတော့ ဦးရွှေမန်းကို အရင်စစ်အစိုးရလက်ထက်တုန်းကတော့ ဒုတိယ၊ တတိယ ခေါင်းဆောင်အနေနဲ့ တရုတ်ပြည်နဲ့ မြောက်ကိုရီးယားကို သွားလည်တဲ့ခေါင်းဆောင် တဦးဖြစ်တယ်။ ဆိုတော့ သူ့အခန်းကဏ္ဍကလည်း အဲဒီတုန်းက အရေးပါခဲ့တယ်။ ဆိုတော့တရုတ်နိုင်ငံကလည်း ဦးရွှေမန်းကို လာစေချင်မယ်လို့ ယူဆတယ် ဒါကြောင့် ဦးရွှေမန်းရဲ့ခရီးစဉ်ကတော့ ကျနော့်မှန်းဆချက်ကတော့ အရင်တုန်းက ဆက်ဆံရေးအရာတွေရော၊ အခုဒီအစိုးရလက်ထက်မှာ ဒီလွှတ်တော်လက်ထက်မှာ ပြုပြင်စရာတွေအတွက်ပါ ဒီ ၂ ချက်ကြောင့်သွားသလားလို့ ကျနော်မှန်းဆပါတယ်။”တရုတ်-မြန်မာနှစ်နိုင်ငံကြား ဒေသခံပြည်သူတွေနဲ့ပြည်သူတွေ ဆန့်ကျင်ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းကြေးနီစီမံကိန်း၊ အခုဆက်လုပ်ဖို့စီစဉ်နေတဲ့ ကျောက်ဖြူရေနက်ကွင်းစီမံကိန်းတွေနဲ့ပတ်သက်လို့ဆွေးနွေးမှုတွေ ရှိခဲ့နိုင်တယ်လို့ဆိုပေမဲ့ အများပြည်သူ သိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ချပြတာမျိုးတော့မရှိခဲ့ပါဘူး။ဒီအပေါ်မှာ ဒေါက်တာတင့်ဆွေရဲ့အမြင်ကတော့“အစိုးရအပြောင်းအလဲမှာ အရင်စစ်အစိုးရလက်ထက်နဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ဖြစ်ထားတဲ့ တနည်းအားဖြင့်ဆက်ထားတဲ့အရာတွေမှာ ပြည်သူလူထုက သဘောမကျတဲ့အရာတွေကို NLD အစိုးရက ပြုပြင်ဖို့ ကြိုးစားနေတယ်။ ကြိုးစားတဲ့အခါမှာ ၂ နိုင်ငံ သဘောတူချက်တွေနဲ့ လုပ်ထားတာကို ပြန်ပြင်ရတာက တော်တော်ကို ခဲယဉ်းပါတော့ ၂ နိုင်ငံ ခေါင်းဆောင်တွေ ၊ တာဝန်ရှိသူတွေက အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ကြတဲ့သဘောနဲ့ အခုလို ၂ နိုင်ငံ ခေါင်းဆောင်တွေ မကြာမကြာတွေ့တဲ့သဘောလို့ ကျနော်မြင်ပါတယ်။ ဒါကြောင့်အရေးပါတယ်။ တနည်းအားဖြင့် ၂ နိုင်ငံ ဆက်ဆံရေးအတွက် ဒီထက်ပိုကောင်းအောင် တနည်းအားဖြင့်အဆင်ချောအောင် ကြိုးစားမှုလို့ပဲ ကျနော်မြင်ပါတယ်။”မြန်မာအစိုးရသစ်လက်ထက် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အရှိန်မြင့်လာသလို တရုတ်သမ္မတ၊ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ ကြား နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ ပိုပြီးခိုင်မာအောင်ဆောင်ရွက် လာနိုင်ခြေတွေနဲ့ပတ်သက်လို့လည်း- ဒေါက်တာတင့်ဆွေက အခုလိုမြင်ပါတယ်။ “ဒီလက်ရှိတရုတ်ခေါင်းဆောင်နဲ့ လက်ရှိသမ္မတရယ် ဒေသတွင်း မဟာဗျူဟာကျတဲ့ စီမံချက်ကြီးကတော့ ပိုးလမ်းမကြီးဖြစ်တယ် သူက တော်တော်လည်းကြီးကျယ်တယ်။ အဲဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီအစိုးရ တက်လာတဲ့အခါမှာ ဒါကို သူက ထောက်ခံထားတယ်။ ဒီထောက်ခံရုံနဲ့ မပြီးသေးပဲနဲ့ လက်တွေ့လုပ်တဲ့အခါမှာ ပိုးလမ်းမကြီး နဲ့ခါးပတ်လမ်းအတွက် မြန်မာနိုင်ငံက တော်တော်လေး အရေးပါတဲ့နေရာကိုရောက်နေတယ်။ လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှ အခုလို ၂ နိုင်ငံ တာဝန်အရှိဆုံးခေါင်းဆောင်တွေက ဆွေးနွေးကြရလိမ့်မယ်။ ဆွေးနွေးတဲ့အခါမှာ ဒေါ်အောင်ဆန်း စုကြည် က မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားဘက် ကနေကြည့်ပြီးဆွေးနွေးမယ်။ တရုတ်ဘက်ကလည်း သူလိုချင်တာတွေဆွေးနွေးမှာဖြစ်တဲ့အတွက် ဒီအကြောင်းအရာလည်း အတော်ကိုအရေးပါတယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။”
One Belt, One Road လို့ ခေါ်တဲ့ "ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း" တိုးတက်အောင်မြင်ရေးမှာ တရုတ်မြန်မာ ပူးပေါင်းဆောင်ရွက်ဖို့ အရှိန်မြင့်လုပ်ဆောင်နိုင်ဖို့အတွက်နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ မကြာခင်ကျင်းပမယ့် One Belt One Road ထိပ်သီးညီလာခံ တက်ရောက်ဖို့အတွက် တရုတ်နိုင်ငံကို လာရောက်ဖို့ရှိနေပြီး၊ ဒီခရီးစဉ်မတိုင်ခင် သူရဦးရွှေမန်း တရုတ်နိုင်ငံကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ သူရဦးရွှေမန်းနဲ့ တရုတ်အမျိုးသား ပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျန်ဒေးကျင်းနဲ့ ပြီးခဲ့တဲ့ဧပြီလ (၂၆) ရက်နေ့ ဘေကျင်းမြို့မှာ တွေ့ဆုံခဲ့တယ်လို့ တရုတ်သတင်းတွေမှာ ဖော်ပြပါတယ်။
Share:

ကုလအချက်အလက်ရှာဖွေရေး အဖွဲ့ ဝင်ခွင့် တောင်းဆို


ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် အစိုးရ စစ်တပ်က လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ် ခဲ့သလား ဆိုတာ စုံစမ်းမယ့် အချက်အလက် ရှာဖွေရေး အဖွဲ့ကို မြန်မာ အစိုးရက လက်ခံ ဝင်ခွင့် ပြုလာအောင် နိုင်ငံတကာ အနေနဲ့ ဝိုင်းပြီး ဖိအား ပေးကြပါ ဆိုပြီး လူ့ အခွင့်အရေး အဖွဲ့ ပေါင်း ၂ဝ ကျော် လက်မှတ်ထိုးလို့ တောင်းဆို လိုက်ပါတယ်။

ရခိုင်ပြည်နယ် ကချင်ပြည်နယ် ရှမ်းပြည်နယ်တို့ရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းလေ့လာမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက် စုံစမ်းရေး မစ်ရှင်ကို မြန်မာအစိုးရက လက်ခံပူးပေါင်းဆောင်ရွက်လာအောင် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ အာဆီယံ၊ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီတို့က တိုက်တွန်းနှိုးဆော်ပေးကြဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ ၂၂ ဖွဲ့ကတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာက ဝိုင်းပြီး ဖိအား ပေးလာဖို့၊ မြန်မာ အစိုးရ ဘက်ကလည်း လက်ခံ လာဖို့ ဆိုတာတွေ လက်တွေ့မှာ တကယ် ဖြစ်နိုင်မယ့် အလားအလာ ရှိပါသလား။

တောင်းဆိုထားတဲ့ တဖွဲ့ ဖြစ်တဲ့ ဗြိတိန် အခြေစိုက် ဘားမား ကမ်ပိန်း ယူကေ အဖွဲ့က ဦးဆောင် လှုပ်ရှားသူ မာ့ခ် ဖာမနာကို ဘီဘီစီက ဆက်သွယ် မေးကြည့် ထားပါတယ်။

မာ့ခ် ဖာမနာ - ဥရောပ သမဂ္ဂ၊ ယူကေနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာ အစိုးရ အပေါ်မှာ လုံလောက်တဲ့ ဖိအားမျိုး ပေးနိုင်ပြီး ဆိုရင် တနည်း မဟုတ် တနည်းနဲ့ ရခိုင် အရေး အပေါ် အချက်အလက် ရှာဖွေရေး အဖွဲ့ စေလွှတ်ဖို့ ဖြစ်လာနိုင်တယ်လို့ ကျနော်တို့ ယုံကြည် ထားပါတယ်။ လူ့ အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် ချပြီးပြီပဲ ဆိုပြီး မျှော်လင့် နေရုံ သက်သက် နဲ့ကတော့ မလုံလောက် ပါဘူး။ တကယ် ဖြစ်လာဖို့ဆို နောက်ဆက်တွဲ ဖိအား မျိုး လိုအပ် နေပါတယ်။

ဘီဘီစီ- ဒါပေမယ့် လူ့ အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ သက်ဆိုင်ရာ အစိုးရ အနေနဲ့ မဖြစ်မနေ လိုက်နာ ဆောင်ရွက် ရမယ် ဆိုတဲ့ ဥပဒေကြောင်းအရ တုပ်နှောင်ထားမှု မရှိ ဘူး မဟုတ်လား။ မြန်မာ အစိုးရက အချက်အလက် ရှာဖွေရေး အဖွဲ့ လက်မခံဘူးလို့ ပြောထားပြီးတဲ့နောက်မှာ နိုင်ငံတကာ အနေနဲ့ ဒီ ဆုံးဖြတ်ချက် တကယ်တမ်း အကောင်အထည် ပေါ်လာဖို့ ဘယ်လို နည်းတွေ သုံးပြီး လုပ်ဆောင် နိုင်မယ်လို့ မြင်ထားပါလဲ။

မာ့ခ် ဖာမနာ -ဟုတ်ပါတယ်။ အစိုးရတွေ မဖြစ်မနေ လိုက်နာရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်တဲ့ အခွင့်အာဏာ လူ့ အခွင့်အရေး ကောင်စီမှာ မရှိပါဘူး။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ရှိပါတယ်။ ဒီတော့ လူ့ အခွင့်အရေး ကောင်စီ အနေနဲ့ လုံခြုံရေး ကောင်စီထံ အလားတူ ဆုံးဖြတ်ချက်မျိုး ချပေးဖို့ တောင်းဆို နိုင်ပါတယ်။ ဒါမှမဟုတ် လူ့ အခွင့်အရေး ကောင်စီက သူတို့ ဖွဲ့မယ်လို့ ပြောတဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ကို တကယ် ဖွဲ့၊ မြန်မာ အစိုးရက လက်မခံလို့ မြန်မာ နိုင်ငံထဲ ဝင်လို့ မရရင် အနီးစပ်ဆုံး အိမ်နီးချင်း နိုင်ငံ ထဲ ဝင်ပြီး အဲဒီမှာ ရှိနေတဲ့ ဒုက္ခသည်တွေနဲ့ တွေ့တာမျိုး၊ ဒေသခံ လူ့ အခွင့်အရေး အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုး ပြုလုပ်နိုင်ပါတယ်။ တကယ်တော့ ရိုဟင်ဂျာ တွေ အရေးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး လာကြတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ မေးမြန်းပြီး ထုတ်ပြန် ခဲ့တဲ့ လူ့ အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ရုံးရဲ့ အစီအရင်ခံစာ ရှိ ထားနှင့်ပြီး သားပါ။

ဘီဘီစီ- မြန်မာ နိုင်ငံထဲထိ ဝင်ရောက် ခွင့် ရှိဖို့ မြန်မာ အစိုးရ အပေါ် ဖိအားပေးမယ်ဆိုရင် အသွင် ကူးပြောင်းရေး အပေါ် ထိခိုက် လာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုမျိုး အနောက်အုပ်စု နိုင်ငံတွေမှာ ရှိမနေ နိုင်ဘူး လား။

မာ့ခ် ဖာမနာ - ဖိအားပေးလို့ အသွင် ကူးပြောင်းရေးကို ထိခိုက်မှာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေ အတွင်း ရိုဟင်ဂျာ အရပ်သားတွေ ထိခိုက် ခဲ့ရတယ် ဆိုတဲ့ အချက် အပေါ် NLD ဦးဆောင်တဲ့ အစိုးရကပါ လျစ်လျူရှု မယ် ဆိုရင်သာ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အစိုးရတွေအနေနဲ့လည်း မြန်မာ့ အရေးကို ချဉ်းကပ်တဲ့ အခါ မြန်မာပြည်ထဲမှာ စီးပွားရေးလုပ်ဖို့၊ ရင်းနှီးမြှုပ်နှံဖို့ ဆိုတာတွေ အပေါ်မှာပဲ အာရုံစိုက်နေမှာကို ကျနော်တို့ စိုးရိမ်ပါတယ်။

ဘီဘီစီ - ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင် ရှိနေတာ ကရော ရခိုင် အရေး ပြေလည် သွားဖို့ မလုံလောက်ဘူး ဆိုပြီး ယူဆ ထားလား ။ သူဟာ ကုလ သမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း၊ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် စတဲ့ ဂုဏ်ပုဒ်တွေနဲ့ လူအများ ယုံကြည် ကိုးစား နိုင်တဲ့ သူမျိုး မဟုတ်ဘူးလား။

မာ့ခ် ဖာမနာ - သူဦးဆောင်တဲ့ ကော်မရှင်ဟာ အချက်အလက် စုံစမ်းတဲ့၊ ရှာဖွေ ဖော်ထုတ်တဲ့ တာဝန်မျိုး မရှိဘူးလို့ ကိုဖီအာနန် ကိုယ်တိုင် ပြောထား ပြီးသားပါ။ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်သူတွေက ကျူးလွန်တာလဲ ဆိုတာကို စုံစမ်းပိုင်ခွင့် သူ့မှာ မရှိပါဘူး။ သူတို့ဟာ အဓိက အားဖြင့် ရခိုင်မှာ ရှိတဲ့ လူ့ အဖွဲ့အစည်း နှစ်ခုကြား သဟဇာတ နေသွားနိုင်ဖို့ ဘယ်လို လုပ်မလဲ၊ ဒေသ ဖွံ့ဖြိုးရေး ဘယ်လို ဖော်ဆောင် နိုင်လဲ စတဲ့ ရေရှည် ကိစ္စရပ်တွေ အပေါ် သုံးသပ်ဖို့ပဲ ဖြစ်ပါတယ်။

ဘီဘီစီ - တကယ်လို့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး အဖွဲ့ ဝင်လာပြီ ဆိုရင် မြန်မာ နိုင်ငံ အတွက် ဘယ်လို အကျိုးကျေးဇူးမျိုး ရနိုင်ပါလဲ ။

မာ့ခ် ဖာမနာ - ကုလသမဂ္ဂ ကနေ စေလွှတ်မယ့် အဖွဲ့ဆိုတာ အင်မတန် ရှုပ်ထွေးတဲ့ နိုင်ငံတကာ အကျပ်အတည်း အခက်အခဲတွေကို ဖြတ်သန်း ခဲ့ကြဖူးတဲ့ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းတာပါ။ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က အသုံးချ နိုင်ပါတယ်။ အချက်အလက် အစစ်အမှန် ဆိုတာကို ဖော်ထုတ် နိုင်မှလဲ ပြဿနာကို ဖြေရှင်း နိုင်မှာ ဖြစ်လို့ မြန်မာ အစိုးရော ပြည်သူတွေပါ အားလုံး အကျိုးရှိမှာ ဖြစ်ပါတယ်။
Share:

27 April, 2017

U.N. criticizes Myanmar plan to resettle Rohingya in 'camp-like' villages

By Simon Lewis and Wa Lone | YANGON
The United Nations' refugee agency has criticized a Myanmar government plan to resettle Rohingya Muslims displaced by recent violence in "camp-like" villages, saying it risks stoking tensions, according to a document seen by Reuters.The plan - confirmed by a senior state-level official - has sparked fear among residents that they would end up penned into de facto refugee camps, the document produced by the UN High Commissioner for Refugees (UNHCR) in Myanmar said.
Attacks on border guard posts in northwestern Myanmar in October last year by a Rohingya insurgent group ignited the biggest crisis of national leader Aung San Suu Kyi's year in power. Security forces stand accused of mass killings and gang rapes during the counterinsurgency operation that followed.
About 75,000 Rohingya fled across the border to Bangladesh to escape the violence, during which at least 1,500 houses across several villages were burned, while thousands more hid in forests and fields.
Some of those who fled have now returned and built temporary shelters, but the authorities have barred them from rebuilding their homes permanently citing "security restrictions", according to residents who spoke to Reuters and the UN document.
Instead, authorities have devised a plan to relocate some 1,152 households from 13 scattered hamlets into larger, more manageable "model villages".
In a three-page "advocacy note" dated April 25 and circulated among humanitarian agencies on Wednesday, the UNHCR warned the plan could "create further tensions" in villages recently scarred by the violence.
"Based on the information available on the model villages and concerns brought to our attention by affected villagers, UNHCR stressed the importance to allow displaced communities to return to their place of origin and have access to their previous source of livelihoods," UNHCR Myanmar spokesman Andrew Dusek said by email when reached for comment on the document.
More than 1 million Rohingya live in apartheid-like conditions in Myanmar's Rakhine State, where many in the Buddhist majority consider them interlopers from Bangladesh.
While Dusek said the UNHCR understood the plan was still at draft stage and may not have been finalised, Rakhine State government secretary Tin Maung Swe said the local administration had already started implementing it.
Tin Maung Swe said relocation was in the residents' interests as the "model villages" would be closer to government services. Rohingya villages in rural northern Rakhine were arranged "randomly" at present, he said.
"If these villages are not systematic, they will not develop and it will be hard to build hospitals, schools and police stations," said Tin Maung Swe. "Also we will have difficulties to take care of security in the region."

According to the UNHCR document and residents, the government has begun clearing land for the "model villages", in which households would each get a 220-square-metre (2,400 sq ft) plot and about $150 to build a home.
Residents told UN staff they feared losing access to their farmland and fishing grounds, and becoming stuck in what would become "like IDP camps", the UNHCR document said.
"A forced relocation to the 'model villages' would not progress stabilization in these areas," the UNHCR document said.
About 120,000 Rohingya have lived in "internally displaced persons" camps in Rakhine, dependent of international aid, since communal violence in 2012. Suu Kyi has pledged to begin closing the camps, following recommendations from a commission led by former UN chief Kofi Annan.
Five people whose homes were destroyed in November told Reuters by telephone about the living conditions since the violence subsided, expressing their worries about the government's plans.

"The village here has completely changed because all of the houses were burned down," said a 32-year-old in Yae Khat Chaung Gwa Son village, who spoke on condition of anonymity.
Reuters has previously interviewed dozens of refugees, residents and Myanmar security officials about the military operation in Rakhine. Witnesses said troops raped Rohingya women, killed civilians, and burned homes in a sweep through several villages in November.
Satellite imagery analyzed by New York-based Human Rights Watch showed massive fires that destroyed hundreds of homes.
Officials have denied most of the allegations and blamed insurgents and villagers themselves for the fires.
Myanmar has blocked independent media and observers from the area.
Residents said that, while the area is now relatively peaceful, checkpoints and a 9 p.m.-5 a.m. curfew remain in place and soldiers regularly patrol near villages, making it hard for them to reach their fields and shrimp farms or the area's basic health clinics.
Villagers also told Reuters they feared the plots in the new settlements would be too small for many households, which often comprise extended family groups of 30 people or more.
"The government told us their plan is for all of the villagers to huddle in one place, in one village near the main road," said a school teacher in Dar Gyi Zar village, who also spoke anonymously. "We want to live in our original place as before."
Share:

မြန်မာကို အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံအဖြစ် USCIRF ထပ်မံသတ်မှတ်

မြန်မာနိုင်ငံမှာ အစိုးရအပြောင်းအလဲကို အခက်အခဲမရှိစွာ ဆောင်ရွက်နိုင်ခဲ့ပေမယ့် ရိုဟင်ဂျာ မွတ်ဆလင်တွေ အပါအ၀င် ဘာသာရေး လူနည်းစုတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် ဘာသာရေးအရ ဖိနှိပ်ချုပ်ခြယ်မှုတွေ ရှိနေဆဲဖြစ်တဲ့အတွက် မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်အတွက် အထူး စိုးရိမ်ဖွယ်ရာနိုင်ငံ အဖြစ် သတ်မှတ်ကြောင်း အမေရိကန် ပြည်ထောင်စု ဘာသာရေး လွတ်လပ်မှုကော်မရှင် - USCIRF က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွင်း သမိုင်းဝင် အစိုးရအပြောင်းအလဲကို အခက်အခဲမရှိစွာ လုပ်ဆောင်နိုင်ခဲ့ပေမယ့် ဘာသာရေးဆိုင်ရာ ဖိနှိပ်မှုတွေကတော့ ရှိနေဆဲဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ဘာသာရေး လွတ်လပ်မှုကော်မရှင် - USCIRF က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
လက်ရှိအစိုးရသစ်လက်ထက်မှာလည်း ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ ဘာသာရေး လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေ ဆက်လက် ဖြစ်ပေါ်နေသေးတဲ့အတွက် မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့်အရ အထူး စိုးရိမ်ဖွယ်ရာနိုင်ငံ - CPC Country of Particular Concern အဖြစ် ဆက်လက် သတ်မှတ်ထားကြောင်း ၂၀၁၆ ခုနှစ်အတွက် USCIRF က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီလို သတ်မှတ်ရတာဟာ မြန်မာနိုင်ငံအတွင်းက ဘာသာရေး လွတ်လပ်ခွင့် အခြေအနေတွေ တိုးတက်လာခြင်း မရှိတဲ့အတွက် ဖြစ်ကြောင်း USCIRF ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အကြီးတန်း မူဝါဒရေးရာ သုတေသီ Tina Mufford က ပြောပါတယ်။
“အစိုးရသစ် ပြောင်းသွားခဲ့သည့်တိုင် မြန်မာနိုင်ငံအတွင်းက ဘာသာရေး လွတ်လပ်ခွင့်အခြေအနေတွေဟာ အခုအစီရင်ခံစာ ထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အကြား တိုးတက် ပြောင်းလဲခြင်း မရှိခဲ့ပါဘူး။ တိုင်းရင်းသားတွေနဲ့ ဘာသာရေး လူနည်းစုတွေအပေါ် အရင်အစိုးရ လက်ထက်တုန်းကရော၊ အခုအစိုးရ လက်ထက်မှာပါ အကာကွယ်ပေးတာမျိုး မရှိခဲ့သလို နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး စံချိန် စံညွန်းတွေကိုလည်း လိုက်နာတာ မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း နိုင်ငံရေးနဲ့ အစိုးရပိုင်းမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့်ပိုင်းမှာ တိုးတက် ပြောင်းလဲမှု မရှိတာကို တွေ့နေရတာ ဖြစ်ပါတယ်။ အနာဂတ်အတွက် မျှော်လင့်ချက်ကောင်းတွေ ရှိပေမယ့် လက်ရှိ ရေတိုကာလမှာတော့ တိုးတက် ပြောင်းလဲမှုတွေ မတွေ့ရသေးပါဘူး။”
ဒါ့အပြင် ခရစ်ယာန်ဘာသာဝင်တွေဟာလည်း လူသိရှင်ကြား ၀တ်ပြုမှု တားမြစ်ခံရပြီး ဗုဒ္ဓဘာသာအတွင်း အဓမ္မ ကူးပြောင်း စေခိုင်းခံနေရကြောင်း၊ NLD အစိုးရအနေနဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်အပေါ် ချိုးဖောက်နေမှုတွေကို အခုချိန်ထိ ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်း မရှိတဲ့အတွက် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဥပဒေ IRFA အရ အမေရိကန် ပြည်ထောင်စု ဘာသာရေး လွတ်လပ်မှုကော်မရှင်က အခုလို အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံအဖြစ် သတ်မှတ်ရခြင်း ဖြစ်ကြောင်း USCIRF အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
USCIRF ရဲ့ အခန်းကဏ္ဍဟာ အမေရိကန် အစိုးရကို အကြံပေးရတဲ့အဖွဲ့သာဖြစ်တာကြောင့် ပေါ်လစီ ချမှတ်ရေးကိစ္စကိုတော့ အစိုးရပဲ လုပ်ဆောင်တယ်လို့လည်း Tina Mufford က ပြောပါတယ်။
USCIRF အနေနဲ့ကတော့ မြန်မာနိုင်ငံအတွင်းက ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာကို နှစ်စဉ် အမေရိကန်နိုင်ငံခြားရေးဌာနကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ ဘာသာရေး လွတ်လပ်မှုဆိုင်ရာ အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံအဖြစ် နိုင်ငံခြားရေးဌာနက နားလည် သဘောပေါက်ထားကြောင်းလည်း Tina Mufford က ပြောပါတယ်။ USCIRF က အခုနှစ်မှာ အမေရိကန်အစိုးရထံ အကြံပြုထားတဲ့ အချက်တွေကိုလည်း Tina Mufford က အခုလို ဆက်ပြောပြပါတယ်။
“မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ဘာသာရေး လွတ်လပ်ခွင့် ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးကြဖို့အတွက် အမေရိကန်အစိုးရထံ ကျမတို့ အကြံပြုထားပါတယ်။ အနာဂတ် မြန်မာနိုင်ငံအတွက် လက်ရှိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ ဘယ်လောက် အရေးပါတယ်ဆိုတာကို ကျမတို့ နားလည်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ အာမခံထားတဲ့အတိုင်း ဘာသာရေး လွတ်လပ်ခွင့်ဟာလည်း အခြေခံအကျဆုံး လူ့အခွင့်အရေး ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ပါဝင်လာအောင် ကျမတို့က ပြောနေတာပါ။ ဒါ့အပြင် တခြား အကြံပြုထားတဲ့ အချက်တွေကတော့ ပဋိပက္ခတွေ ဖြစ်နေတဲ့ ဒေသတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ပေးနိုင်ရေးနဲ့ ပြည်တွင်း၊ ပြည်ပက သတင်းမီဒီယာတွေ သွားခွင့်ပြုရေးအတွက် ထည့်သွင်း တောင်းဆိုထားသလို ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွက် သီးခြား လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ စေလွတ်မယ့် ကိစ္စကိုလည်း ကျမတို့ ထောက်ခံပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ဘာသာရေး လွတ်လပ်ခွင့်အပါအ၀င် ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။”
မဘသနဲ့ တခြား အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်တဲ့ အုပ်စုတွေ ရှိနေတာကြောင့် Frank Wold International Religious Freedom Act - နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု အက်ဥပဒေအရ အစိုးရကို ဘာသာရေး လွတ်လပ်ခွင့်အရ အထူးစိုးရိမ်ဖွယ်ရာနိုင်ငံအဖြစ် သတ်မှတ်လို့ မရပေမယ့်လည်း လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်နဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတွေအပေါ် ချိုးဖောက်မှုတွေ ရှိနေတဲ့အတွက် အဲဒီ အဖွဲ့အစည်းတွေကိုလည်း အနီးကပ် စောင့်ကြည့်ဖို့ လိုအပ်ကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။
မနှစ် ၂၀၁၆ ခုနှစ်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာလည်း မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်အရ အထူး စိုးရိမ်ဖွယ်ရာနိုင်ငံအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေအားလုံး မိမိယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိတာကို မြင်တွေ့လိုကြောင်း Indiana ပြည်နယ်၊ Indianapolis မြို့က အမေရိကန်ပြည်ထောင်စု တောင်ပိုင်း နှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာ ဒေါက်တာ Hre Mang က ပြောပါတယ်။
“ကျနော်တို့ တိုင်းပြည် ပြည်သူပြည်သားတွေအားလုံး ဘာသာရေးကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့် ရှိရမယ်။ မဖြစ်နိုင်သေးတာက အစိုးရက ဥပဒေတွေပြင်ဆင်ပေးဖို့ အများကြီးလိုအပ်နေသေးတယ်။ ပြည်သူလူထုကိုလည်း ပညာပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ မွတ်စလင်ပဲဖြစ်ဖြစ်၊ ဟိန္ဒူပဲဖြစ်ဖြစ်၊ ခရစ်ယာန်ပဲဖြစ်ဖြစ် အနှိမ်ခံရတာ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်မရှိတာက အတော်ဝမ်းနည်းစရာကောင်းပါတယ်။”
မြန်မာနိုင်ငံမှာ ထိပ်ပိုင်းက အစိုးရ ပေါ်လစီတွေ ပြုပြင် ပြောင်းလဲယုံနဲ့တင် မလုံလောက်ပဲ အောက်ခြေမှာပါ တရားဥပဒေ စိုးမိုးမှုရှိလာမှ ဘာသာတရား တခုနဲ့ တခုအပေါ် ဖိနှိပ် ချုပ်ခြယ်တာတွေ၊ လူများစုက အားနည်းတဲ့ သူတွေအပေါ် နှိမ်ချ ဆက်ဆံတာတွေ ကင်းဝေးနိုင်မယ်လို့လည်း ဒေါက်တာ Hre Mang က ပြောပါတယ်။
USCIRF အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုကော်မရှင်က နှစ်စဉ် ထုတ်ပြန်တဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံအဖြစ် ၁၉၉၉ ခုနှစ်ကစလို့ နှစ်စဉ် သတ်မှတ် ဖော်ပြလာခဲ့တာ ဖြစ်ပါတယ် ခင်ဗျား။
Share:

26 April, 2017

စောင့်ကြည့်ခံနေရသော လူ့အဖွဲ့အစည်း



၂၀၁၀ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေး တရားဝင် အဆုံးသတ်သွားသည့် အချိန်မှစ၍ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံကို ပိုမိုလေ့လာ စောင့်ကြည့်လာခဲ့ကြသည်။ ၁၉၆၂ ခုနှစ်မှစတင်ကာ စစ်အုပ်ချုပ်ရေးအောက်နေခဲ့ရသော မြန်မာနိုင်ငံသားတို့အား ကမ္ဘာက အကြီးအကျယ် ကရုဏာ သက်ခဲ့ကြသည်။ အဖိနှိပ်ခံများ၊ ဒီမိုကရေစီ ငတ်မွတ်နေသူများအဖြစ် ရှုမြင်ခဲ့ကြသည်။ စစ်အုပ်ချုပ်ရေးကာလ မြန်မာနိုင်ငံအတွင်းမှ နိုင်ငံတကာသို့ တစ်နည်းအတွင်းမှ အပြင်သို့ ရောက်ရှိပျံ့နှံ့ခဲ့သော သတင်းများမှာ အဆိုးများချည်းသာ ဖြစ်နေတတ်သည်။ စစ်အစိုးရမှ ဦးသိန်းစိန် အစိုးရသို့ မပြောင်းလဲမီ ထိုစဉ်ကာလ စစ်အစိုးရမှ တည်ဆောက်ပြုပြင် မြန်ပြည်တစ်ခွင် အစီအစဉ်များဖြင့် ၎င်းတို့ မည်မျှ တိုင်းပြည်အတွက် လုပ်ဆောင်ခဲ့ပါကြောင်း တံတားကြီးများ၊ တက္ကသိုလ်ကြီးများ နေရာအနှံ့ တခမ်းတနား ဆောက်လုပ်လျက် နိုင်ငံတကာတွင် မျက်နှာပန်းလှရန်၊ ပြည်တွင်းတွင် ထောက်ခံစာနာမှု ရရှိရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
အာဏာရှင် အစိုးရဆိုပါက မည်မျှပင် ကောင်းမွန်အောင် ကြိုးစားပါစေ၊ လက်ခံအသိအမှတ်ပြုလေ့မရှိသော နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် စိတ်ထဲတွင် အမှတ်အသား ဖြစ်သွားပါက အခဲမကျေ မကျေမနပ် စွဲမြဲထားတတ်သော မြန်မာ့လူ့အဖွဲ့အစည်းတို့၏ စာနာကရုဏာသက်မှုကို မရရှိဘဲ စစ်အစိုးရသည် တပ်ခေါက် နောက်ဆုတ်ခဲ့ရသည်။ ၂၀ဝ၆ တွင် အစိုးရအဖွဲ့အား နေပြည်တော်သို့ ရွှေ့ပြောင်း၊၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲ၊ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲဖြင့် သွေးထွက်သံယိုမှု မရှိ အရပ်သားအစိုးရသို့ အာဏာ လွှဲပြောင်းပေးခဲ့သော စစ်အစိုးရကို နိုင်ငံတကာ လေ့လာသူအချို့က လှပသော အောင်မြင်စွာ ဆုတ်ခွာခြင်းဟု သုံးသပ်ဖော်ပြခဲ့ကြသည်။ မည်သို့ဆိုစေ နိုင်ငံတကာမှ မြန်မာနိုင်ငံအား အနုတ်သဘော လေ့လာစောင့်ကြည့်မှုမှာ ၂၀၁၁ တွင် အစိုးရ အပြောင်းအလဲနှင့်အတူ အပြုသဘော လေ့လာစောင့်ကြည့်မှုသို့ ပြောင်းလဲသွားခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရ အာဏာ ရလာခဲ့သည်။ နိုင်ငံတကာနှင့် ပြန်လည် သင့်မြတ်စေရန် လုပ်ဆောင်မှုမှာ ဦးသိန်းစိန်အစိုးရ၏ အဓိက ဦးစားပေး လုပ်ငန်းစဉ်များထဲမှ တစ်ခုဖြစ်ခဲ့သည်။ မြစ်ဆုံစီမံကိန်းကို ရပ်တန့်လိုက်ခြင်းအားဖြင့် အစဉ်အလာ မဟာမိတ် တရုတ်နိုင်ငံ လွှမ်းမိုးမှုမှ ကျောခိုင်းထွက်ခွာရန် ခိုင်မာသော အချက်ပြမှုတစ်ခုကိုလည်း ပြုခဲ့သည်။ နိုင်ငံအတွင်းတွင် ထိုစဉ်ကာလ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပြီး အပြင်တွင်လည်း နိုင်ငံတကာ အထူးသဖြင့် အမေရိကန်၊ ဥရောပ သမဂ္ဂတို့ဖြင့် ဆက်ဆံရေး ပြန်လည် နွေးထွေးလာခဲ့သည်။ နိုင်ငံတကာ မီဒီယာများတွင် မြန်မာတို့ ခေတ်လော၊ အာရှ၏ ကျားလောစသဖြင့် သာသာထိုးထိုး အပြုသဘော အမြင်များ စတင်တွေ့ရှိလာရသည်။ သို့သော် အဆိုပါ အကောင်းမြင် မှန်းဆချက်တို့မှာ ကြာကြာမခံပါချေ။
မြန်မာတို့ ကံမကောင်းလှပါ။ ၂၀၁၂ တွင် ရခိုင်ပြည်နယ်အတွင်း လူ့အဖွဲ့အစည်းနှစ်ခု၏ ပဋိပက္ခမှသည် မြန်မာနိုင်ငံသည် နိုင်ငံတကာ အမြင်တွင် အောက်သို့ တစ်ဖန် စိုက်ဆင်းခဲ့ရပြန်လေသည်။ နိုင်ငံတကာ အမြင်ဆိုသည်နှင့် ပတ်သက်၍ လင်းရပေမည်။ နိုင်ငံတကာဆိုသည်မှာ အနောက်နိုင်ငံများမှ မီဒီယာများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကမ္ဘာ့ ကုလသမဂ္ဂတို့ကို ဆိုလိုပေသည်။ အဆိုပါ ကွန်ရက်သုံးခုမှာ ချိတ်ဆက်နေပြီး သက်ဆိုင်ရာ နိုင်ငံတကာ အစိုးရများထံသို့လည်း လွှမ်းမိုးမှု ရှိသည်ဖြစ်ရာ ရခိုင်ကိစ္စနှင့် ပတ်သက်လျှင် နိုင်ငံတကာနှင့် ရင်ဆိုင်ရာတွင် မြန်မာတို့ လှုပ်လေ၊ မြုပ်လေသာ ရှိပေတော့သည်။ နိုင်ငံတကာသည် မြန်မာနိုင်ငံအား စစ်အစိုးရလက်ထက်တွင် စစ်အစိုးရ၏ အတိုက်အခံ လှုပ်ရှားမှုအပေါ် အာရုံစိုက် လေ့လာစောင့်ကြည့်ခဲ့ကြရာမှ ဦးသိန်းစိန် အစိုးရလက်ထက်တွင်မူ နိုင်ငံတကာ၏ အာရုံစိုက်မှုမှာ ရခိုင်ပြည်နယ်သို့ ကူးပြောင်းသွားခဲ့သည်။ ဒီ့နောက် ဦးဝီရသူ ပေါ်ပေါက်လာသည်။ ၉၆၉ ဖြစ်တည်လာသည်။ မဘသအဖွဲ့ကြီး ဖြစ်ထွန်းလာသည်။ အမုန်းစကား မှတ်ချက်များဆိုသည်မှာ ဆိုရှယ်မီဒီယာများတွင် မမြင်တွေ့ချင်မှအဆုံး ဖြစ်လာရသည်။
အဆိုပါဖြစ်ထွန်းမှု အားလုံးသည် ရခိုင်ပြည်နယ်အတွင်းမှ ပဋိပက္ခများနှင့် တစ်နည်းတစ်ဖုံ ပတ်သက်ယှက်နွယ်နေလေရာ နိုင်ငံတကာ၏ မြန်မာ့ပြုပြင်ပြောင်းလဲရေးအပေါ် အပြုသဘောအမြင်မှာ ရုတ်ခြည်း ပြောင်းလဲသွားလေသည်။ ဆိုးသည်မှာ ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ နိုင်ငံတကာ၏အမြင်တွင် မြန်မာ့လူ့အဖွဲ့အစည်းသည် အဖိနှိပ်ခံ အခြေအနေမှ ဖိနှိပ်သူ အခြေအနေသို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။ စစ်အစိုးရလက်ထက်တွင် မြန်မာတို့သည် စစ်အစိုးရ၏ အဖိနှိပ်ခံအခြေအနေမှ အပြောင်းအလဲ ကာလတွင် မြန်မာတို့သည် ရခိုင်ပြည်နယ်ရှိ နိုင်ငံသား အထောက်အထားမဲ့နေသူ မွတ်ဆလင်များအား ဖိနှိပ်သူများအဖြစ် ပုံအဖော်ခံရတော့သည်။ မြန်မာနိုင်ငံသားများသည် အဖိနှိပ်ခံဘဝဖြင့် ကာလကြာရှည် နေထိုင်ခဲ့ရသဖြင့် ဒီမိုကရေစီ အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်ရှိ အဖိနှိပ်ခံ နိုင်ငံသား အထောက်အထားမဲ့နေသူများအပေါ် ကိုယ်ချင်းစာနာမှုဖြင့် ပြဿနာများအား ယခင်ကထက် လျင်မြန် ထိရောက်စွာ ဖြေရှင်းဆောင်ရွက်နိုင်မည်ဟု နိုင်ငံတကာမှ တွက်ဆခဲ့ကြသော်လည်း ထင်သလောက် မလွယ်ကူခဲ့ပေ။
မလွယ်ကူရုံသာမက ရခိုင်အရေးသည် တစ်နေ့ခြားသာ၍ပင် ရှုပ်ထွေး နက်ရှိုင်းလာနေပေသေးတော့သည်။ ထို့ပြင် မြန်မာနိုင်ငံ မြောက်ပိုင်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခသတင်းများ မကြာမကြာ ကြားသိလာနေရသဖြင့် နိုင်ငံတကာ အမြင်တွင် အစဉ်အဆက် မြန်မာ့ပြဿနာကြီး နှစ်ရပ်အဖြစ် ရှုမြင်ထားသော ရခိုင်အရေးကိစ္စနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာမှာ လိုက်လေဝေးလေ၊ ရှင်းလေ ရှုပ်လေ ဖြစ်ဘိသကဲ့သို့ ဖြစ်နေလေတော့သည်။ ၂၀၁၆ တွင် အာဏာရ လာခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင်ပင် အဆိုပါ ကိစ္စကြီးနှစ်ရပ် အထူးသဖြင့် ရခိုင်ပြည်နယ် ကိစ္စမှာ အရိပ်မည်း ကြီးစွာထိုးလျက် ရှိနေပေသေးသည်။
နိုင်ငံတကာသည် စစ်အစိုးရကာလက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို စောင့်ကြည့်ခဲ့ကြသည်။ ၂၀၁၀ နောက်ပိုင်း စစ်အစိုးရအလွန်ကာလ၌ သမ္မတဟောင်း ဦးသိန်းစိန်ကို လေ့လာ စောင့်ကြည့်ခဲ့ကြပြီး ယခုအစိုးရအသစ် လက်ထက်တွင်မူ လေ့လာစောင့်ကြည့်ခြင်း ခံရသူမှာ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်တော့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ စစ်အစိုးရ ခေါင်းဆောင်ဖြစ်သဖြင့် နိုင်ငံတကာ၏ ထိုးနှက်ချက်ကို အကြီးအကျယ် ခံရသည်။ သူဘာလုပ်လုပ် အကောင်း မမြင်ပေ။ ဗိုလ်ချုပ်မှူးကြီးသည် ထိုစဉ်က အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် အလျဉ်းသင့်သလို တွေ့ဆုံကာ မြန်မာ့နိုင်ငံရေးကို ကုစားရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ကောင်းအောင် လုပ်လေ အဆိုးသတင်းထွက်လေ ဖြစ်တော့သည်။ နောက်ဆုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတကာစနစ်၏ အထာနှင့် သဘောသဘာဝကို နားလည်သွားဟန်တူသည်။ စိတ်ပိုင်းဖြတ်ပြီးနောက် ၂၀ဝ၇ သံဃာအရေးအခင်းကို ခပ်ကြမ်းကြမ်း ကိုင်တွယ်ကာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်းလျက် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကို ပြုလုပ်ကာ ကန့်လန့်ကာ နောက်ကွယ်သို့ ဝင်ရောက်သွားတော့သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေအလွန် အာဏာရလာသော ဦးသိန်းစိန်သည် စစ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ဖြစ်သော်လည်း သဘောထား ပျော့ပျောင်းသူ၊ သဘောထား အလယ်အလတ်ရှိသူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည့်အလျောက် နိုင်ငံတကာအမြင်တွင် ဦးသိန်းစိန်သည် လက်တွဲ လုပ်ကိုင်နိုင်သူတစ်ဦးဖြစ်သည်။ တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်သည့် မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်သည် ဦးသိန်းစိန်အပေါ် ပြည်တွင်း၊ ပြည်ပ ထောက်ခံချက်များ တစ်ဟုန်ထိုး တိုးပွားသွားစေခဲ့သည်။ ဦးသိန်းစိန် အစိုးရအပေါ် ပြည်သူ့ဗဟိုပြု အစိုးရအဖြစ် ရှုမြင်ခဲ့ကြသည်။ ၂၀၁၂ ရခိုင်တွင် ပဋိပက္ခ အကြီးအကျယ် ဖြစ်ပွားခဲ့ရာ နိုင်ငံတကာမှ ဦးသိန်းစိန်အစိုးရ သဘောထားကို မှန်းဆစောကြောခဲ့ကြသည်။ လူ့အခွင့်အရေး ဗဟိုပြုမည်လော၊ အမျိုးသားရေး၊ လုံခြုံရေး ဗဟိုပြုမည်လော ဝေခွဲမရ ဖြစ်ခဲ့ကြသည်။ ရခိုင်အရေးကိစ္စဖြစ်ပြီးနောက် လာရောက် လည်ပတ်သော ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲအား ရခိုင်ပြည်နယ်မှ နိုင်ငံသား အထောက်အထားမဲ့သူများအား တတိယနိုင်ငံများသို့ ပို့ဆောင်ရန်နှင့် အထောက်အထားမဲ့သူများအား ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းထားရန် သမ္မတ ဦးသိန်းစိန်က ဆွေးနွေးသောအခါ ၎င်းအပေါ် တရုတ်အား အာခံခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ အမှတ်ပေးထားသော နိုင်ငံတကာ အသိုင်းအဝန်းမှာ ပက်လက်လန်လေတော့သည်။
နိုင်ငံတကာနှင့် ပြည်သူအများစု ကြည်ညိုလေးစားခြင်း ခံရသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည်ပင်လျှင် နိုင်ငံတကာ၏ လေ့လာ စောင့်ကြည့်မှုများမှ မလွတ်ကင်းနိုင်ပေ။ လတ်တလော ပြုလုပ်သွားခဲ့သော ဘီဘီစီနှင့် အင်တာဗျူးတွင်ပင် ဒေါ်အောင်ဆန်းစုကြည်မှာ ရခိုင်အရေးနှင့်ပတ်သက်လျှင် ခံစစ်သဘော ရောက်ရှိသွားခဲ့သည်။ ရခိုင်အရေးနှင့်ပတ်သက်လျှင် အများကြည်ညိုလေးစားရသော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပုဂ္ဂိုလ်မျိုးသည်ပင်လျှင် နိုင်ငံတကာ၏ ကြီးစွာသော အထင်အမြင် လွဲမှားမှုကို ခံစားရပါသည်ဆိုလျှင် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများမှာမူကား ဆိုဖွယ်မရှိတော့ပေ။
ခေတ်ကာလ၏ အခြေအနေနှင့် နိုင်ငံတကာ ဆက်ဆံရေးသဘော သဘာဝတို့အရ မည်သူမဆို၊ မည်သည့်နိုင်ငံမဆို ပြစ်တင်ဝေဖန်ခံရမှု၊ စောင့်ကြည့်လေ့လာခံရမှုတို့မှ မလွတ်ကင်းနိုင်ပေ။ လူ့သဘော သဘာဝအရ အကောင်းထက် အဆိုးကို အာရုံစူးစိုက်တတ်ကြသည်။ အချို့ကိစ္စများသည် ရှင်းလေ၊ ရှုပ်လေဖြစ်တတ်သည်။ ပြောလေ မောလေ ဖြစ်တတ်သည်။ လိုက်လေ ဝေးလေ ဖြစ်တတ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံငယ်တစ်နိုင်ငံသာ ဖြစ်သည်။ စီးပွားရေး၊ ဖွံ့ဖြိုးရေး ရှုထောင့်မှ သုံးသပ်ခြင်း ဖြစ်သည်။ ပြောင်းလဲလိုက်သော နိုင်ငံရေးစနစ်အရ အမှောင်မှ အလင်းသို့၊ အပိတ်မှ အဖွင့်သို့၊ အာဏာရှင်မှ ဒီမိုကရေစီသို့ ကူးပြောင်းနေသည်ဖြစ်ရာ ဝေဖန်မှု၊ စောင့်ကြည့်မှု၊ ချီးမွမ်းကဲ့ရဲ့ ဝေဖန်ပြစ်တင်မှုများကို မလွဲမသွေ ကြုံတွေ့ရမည် ဖြစ်သည်။
ဝေဖန်ပြစ်တင် စောင့်ကြည့်မှုများကို တုန်လှုပ်ရန် မလိုသလို လုံးလုံး ဥပေက္ခာ ပြုရန်တော့ မဟုတ်ပေ။ မြန်မာနိုင်ငံကို အရှေ့ အလယ်ပိုင်းကဲ့သို့ ပြည်ပ စွက်ဖက်မှုများဆီ တွန်းပို့လိုသော အစုအဖွဲ့များလည်း ရှိလေသည်။ ပြဿနာ ရှိနေသည်ကို လက်ခံရင်း အကောင်းဆုံး ဖြေရှင်းနည်းကို မြန်မာတို့ကိုယ်တိုင် ရှာဖွေ ကြံဆကြရန် ဖြစ်သည်။ ပြဿနာ ဖြေရှင်းနည်းသည်အတွင်းမှ လာရမည်သာ ဖြစ်သည်။ အလုပ်လုပ်ရင်း ပြဿနာများကို ဖြေလျှော့သွားကြရန် ဖြစ်သည်။ ငြင်းခုံဆွေးနွေးရင်း အချင်းချင်း နားလည်မှု တည်ဆောက်ကြရန် ဖြစ်သည်။ ရင်ဆိုင်ရန်ဖြစ်ရင်း ငြိမ်းချမ်းရေး တည်ဆောက်သွားကြရန် ဖြစ်သည်။ ပြဿနာ ရှိနေသည်ကို လက်ခံရင်း လာမည့်ဘေး ပြေးတွေ့ကြရန် ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများ၊ အခြားအာရှနိုင်ငံများနှင့် နှိုင်းစာလျှင် မြန်မာ့လူ့အဖွဲ့အစည်းတွင် နိုင်ငံရေး ပြဿနာများ ပိုမိုကြီးမား နက်ရှိုင်း သည် ကို မည်သူမျှ မငြင်းဆိုနိုင်ပေ။ တစ်နည်း မြန်မာ့ လူ့အဖွဲ့အစည်းသည် နိုင်ငံတကာ၏ စောင့်ကြည့်ခြင်းကို ပိုမိုခံရလျက် ရှိသည်။ ယနေ့ခေတ် မြန်မာတို့အနေနှင့် အနာဂတ် မြန်မာမျိုးဆက်များအား ပြဿနာ နည်းပါးသော လူ့အဖွဲ့အစည်း၊ နိုင်ငံတကာ၏ အနုတ်သဘော စောင့်ကြည့်ခြင်းမှ ကင်းလွတ်သော လူ့အဖွဲ့အစည်းအဖြစ် လွှဲပြောင်း ပေးအပ်နိုင်ရန်အလို့ငှာ ဝိုင်းဝန်းကြံဆ ဆောင်ရွက်ကြရန် နိုင်ငံတော်နှင့် နိုင်ငံသား အားလုံးတွင် တာဝန်ရှိပါသည်။
အောင်အောင် (IR)
http://thevoicemyanmar.com/opinion/7983-wat
Share:

ရိုဟင်ဂျာကိစ္စ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို ကူညီရန် တရုတ်ကမ်းလှမ်း

ဧပြီ ၂၆၊ ၂၀၁၇
M-Media
– မြန်မာနိုင်ငံရှိ ရိုဟင်ဂျာလူနည်းစုများ၏ ဒုက္ခသုက္ခများအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သံတမန်ရေးဆိုင်ရာ အခန်းကဏ္ဍနှင့်ပတ်သက်၍ ပါဝင်ကူညီပေးရန် တရုတ်နိုင်ငံက ယမန်နေ့တွင် ကမ်းလှမ်းခဲ့သည်ဟု သိရသည်။
အကြမ်းဖက်မှုမှ လွတ်မြောက်ရန်အတွက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာ ၆၉၀၀၀ ၀န်းကျင်ခန့် ထွက်ပြေးခဲ့ရပြီးနောက် ထိုလူ့အဖွဲ့အစည်းအား မိမိတို့၏ နိုင်ငံသားမဟုတ်ဟု မှတ်ယူထားသည့် မြန်မာနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးမှာ အဖုအထစ်များ ရှိခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၄ ရက်ကြာ အလယ်အပတ်သွားရောက်သည့် တရုတ်အထူးသံတမန် ဆန်ဂူရှင်းက ထိုပြဿနာနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် နှစ်ဦးနှစ်ဖက်ဖြေရှင်းရန် တိုက်တွန်းခဲ့ပြီး တရုတ်နိုင်ငံက ကူညီရန် အဆင်သင့်ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ရှာဟီဒူလ် ဟက်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ဒါကာရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးနှင့် ခိုင်မာသည့် ဆက်ဆံရေးရှိနေပြီး အခြေခံအဆောက်အဦးများ ဆောက်လုပ်ရေးတွင် ထို နှစ်နိုင်ငံစလုံး၌ ကူညီမှုများ ပြလုပ်နေသည်။
ဟက်က ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်လာမှုကြောင့် မြန်မာနိုင်ငံနှင့် ဖြစ်နေသည့် မကျေလည်မှုအတွက် ကူညီမည်ဟု တရုတ်နိုင်ငံ၏ ကမ်းလှမ်းမှုကို ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး မြန်မာနယ်စပ်အနီး ကော့ဘဇားဒေသတွင် နေထိုင်နေသည့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများ၏ ဒုက္ခသုက္ခများကို လာရောက်ကြည့်ရှုရန်လည်း ကမ်းလှမ်းခဲ့သည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မာမင်းကျင်းမှာ မတ်လအတွင်းက ရိုဟင်ဂျာ စခန်းတစ်ခုကို လာရောက် ကြည့်ရှုခဲ့သည်။
Share:

ပျောက်နေတဲ့ ရန်ပုံငွေကျပ်သန်း ၇၀၀၀ အနက် သန်း ၁၇၀၀ ကျော် ပြန်ပေးမည်ဟု မကွေးတိုင်း ဝန်ကြီးချူပ်ဟောင်းဆို

ပြီးခဲ့တဲ့ အစိုးရလက်ထက် မကွေးတိုင်း ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ လက်ထက် မှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ အတွက် ပေးလှူခဲ့ တယ်လို့ ပြောဆိုနေကြတဲ့ ငွေသန်းပေါင်း ၁၇၀၀ ကျော်ကို မကြာမှီရက်ပိုင်း အတွင်း လက်ရှိ အစိုးရထံ ပြန်လည်ပေးအပ် သွားမယ် လို့ ပြောဆိုထားတဲ့ အကြောင်း လက်ရှိမကွေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဗွီအိုအေ ကို ပြောပါတယ်။
ရေနံလက်ယက်တွင်းတွေကနေရတဲ့ ဒေသဖွံဖြိုးရေး ရန်ပုံငွေ ကျပ် သန်းပေါင်း ၇၀၀၀ ကျော် ပျောက်ဆုံးနေတာကို စစစ က စစ်ဆေးနေတဲ့ အချိန်မှာပဲ အဲဒီ့ငွေထဲက ကျပ်သန်းပေါင်း ၃၀၀၀ ထောင်ကို လက်ရှိ အစိုးရသစ်ထံ ပြန်လှည်ပေးအပ်ဖို့ သမ္မတရုံးက ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်ကိုထက်အောင်က တင်ပြပေးမှာပါ။
မကွေးတိုင်း ၀န်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ လက်ထက်အတွင်း ရေနံလက်ယက်တွင်း လုပ်ငန်းကနေ ရတဲ့ ဒေသဖွံဖြိုးရေး ရန်ပုံငွေ ကျပ်သန်းပေါင်း ၇၀၀၀ ထောင်ကျော် ပျောက်ဆုံးနေတာကို လက်ရှိ အစိုးရ သစ် လက်ထက် မှာ တွေ့ရှိ ခဲ့တာပါ။ အဲဒီ့ငွေထဲက ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ အတွက် ပေးလှူ ခဲ့တယ်လို့ ပြောဆိုကြတဲ့ ငွေသန်းပေါင်း ၁၇၀၀ ကျော်ကို ဦးဘုန်းမော်ရွေက ဒီရက်ပိုင်း အတွင်းမှာ ပြန်ပေးမယ်လို့ အကြောင်းကြားတဲ့အကြောင်း လက်ရှိ မကွေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဗွီအိုအေကို ပြောပါတယ်။
“မနက်က သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ညနေကျတော့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးပါတီ ကိုပေးလိုက်တဲ့ သန်း ၁၇၀၀ ကို ဒီရက်အတွင်းပြန်ပေး မယ်လို့ ပြောတယ်ခင်ဗျ။ ကျနော်သိတာကတော့ ဦးညီထွန်းဆိုတဲ့ ပုဂ္ဂိုလ်ဆီကနေ သိတာ။ ဦးညီထွန်းတို့ ကျနော်ကတော့ တဆင့် တိုင်းအုပ်ချုပ်ရေးမှူးတို့ ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့အတွင်းရေးမှူး ကနေတဆင့် ကျနော့်ကို ပြောတာ ။ ဦးညီထွန်းနဲ့ ၀န်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက သန်း ၁၇၀၀ ကို ဒီရက်အတွင်းပြန်ပေးမယ်လို့ အဲလိုပြောတာဗျ ကျန်တာတွေက သူတို့ ပေးပါလိမ့်မယ် ဘယ်တော့ပေးမယ်ဆိုတာတော့ မသိဘူးပေါ့နော်။ နောက်တခု ရွှေသုခ ငွေစုငွေးချေးရေးလုပ်ငန်းမှာ ရှိတာတွေကတော့ လုပ်ငန်းရှင်တွေက ချေးထားလားတော့မသိဘူး အဲဒါတွေလည်း ပြန်ပေးပါလိမ့်မယ် ဘယ်တော့ ပေးမလဲတော့မသိဘူးပေါ့နော် ပြန်ပြောရမှာ ကျနော်တို့က မနေ့ကကတည်းက ကျနော်တို့ စာပို့လိုက်ပြီ။”
ဒီကိစ္စနဲ့ ပက်သက်လို့ ဧပြီလ ၂၅ ရက်နေ့ မနက်မှာ မကွေးတိုင်းဒေသကြီး အစိုးရရုံးအတွင်း သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဒီရှင်းလင်းပွဲအတွင်းမှာ
ကွာဟနေတဲ့ ငွေအများအပြားထဲကနေ ကျပ်သန်းပေါင်း ၃၀၀၀ ထောင်ကျော်ကို လက်ရှိအစိုးရထံ ပြန်လည်ပေးအပ်ဖို့ သမ္မတရုံးက ညွှန်ကြားထားတယ်လို့ မကွေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက အခုလို ပြောပါတယ်။
“ရွှေသုခ ငွေစုငွေချေးမှာက သန်း ၁၅၀၀ ကျော် နောက်တခါ ကြံ့ခိုင်ရေး အသင်းကိုပေး တာက သန်း ၁၇၀၀ ကျော် အဲဒါကို ပြန်တောင်းပါတဲ့။ နောက်တခါ ဘက်ဟိုး တစီး ပါတယ်။ နောက်တခါ ပဲ့ထောင် ၁ စီး ၊ နောက် ကား၎ စီးပါတယ် အဲဒါတွေကို ပြန်တောင်း ပါတဲ့ ၊ ပြန်မပေးဘူးဆိုရင်တော့ ဥပဒေကြောင်းအရ အရေးယူပါတဲ့ ပြည်ထောင်စုရုံးက ညွှန်ကြားတာ ။ ဒီမှာက ဥပဒေချုပ်နဲ့တိုင်ပြင်ပြီးတော့ အစိုးရအဖွဲ့နဲ့ ဆောင်ရွက်နေ တာကတော့ ပြည်ထောင်စုအစိုးရက ညွန်ကြားထားတဲ့အတိုင်း ကျပ်သန်းပေါင်း ၃၂၀၀ ရဖို့ကိစ္စပဲ အဲဒါတွေ လောလောဆည်လုံးပါးနေတယ်။ ကျန်တာတွေ ကတော့ နောက် တဆင့်ပြီးတဆင့် ဘယ်လိုတွေလာမယ်ဆိုတာကိုတော့ မသိဘူးပေါ့နော်။ အစိုးရအဖွဲ့ တိုင်ပင်ညှိနှိုင်းလုပ်ရမှာနော်။"
သမ္မတရုံး ညွှန်ကြားချက်အရ ကျပ်သန်းပေါင်း ၃၀၀၀ ထောင်ကျော် ပြန်ပေးဖို့အတွက် မကွေးတိုင်း ၀န်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ၊ မကွေးတိုင်းဒေသကြီး ဖွံဖြိုးရေးဖောင်ဒေးရှင်း ဥက္ကဌနဲ့ ရွှေသုခအသေးစား ငွေရေးကြေးရေးလုပ်ငန်း ဥက္ကဌ ဦးကြည်ထွန်းတို့ဆီကို အသိပေး အကြောင်းကြားစာ ပေးပို့ထား တယ်လို့ ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။
ဒီငွေ အများအပြား ကွာဟနေမှုနဲ့ ပက်သက်လို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုနဲ့ လုံးဝ သက်ဆိုင်မှု မရှိတဲ့အကြောင်း အစောပိုင်းကတည်းက ပါတီပြောခွင့်ရသူက ပြောဆိုထားပါတယ်။ တကယ်လို့ ဒီငွေအများအပြားကို ပါတီဝင်တစ်ဦးဦးက အလွဲသုံးစား လုပ်ခဲ့တယ်ဆိုရင်လည်း ပါတီစည်းမျဉ်းစည်းကမ်းအရ အရေးယူသွားမယ်လို့လည်း ဗွီအိုအေကို ပြောဆိုထားတာပါ။ လက်ရှိအချိန်မှာ ပြည်ခိုင်ဖြိုးပါတီကို ပေးလှူခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လို့ ဒါဟာ မဟုတ်မမှန်တဲ့အကြောင်း ဒီကနေ့မှာ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ ဦးနန္ဒာလှမြင့်က ငြင်းဆိုသလို အစိုးရ တာဝန်ရှိသူတွေအနေနဲ့လည်း ဦးဘုန်းမော်ရွှေကို ခေါ်ယူ စစ်ဆေးလိုက်ရင် ဒီကိစ္စပိုပြီး ရှင်းရှင်းလင်းလင်း သိနိုင်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ဦးဘုန်းမော်ရွှေက အစိုးရအဖွဲ့တာဝန်ယူတဲ့အချိန်မှာ ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေဖြစ်တယ်ပေါ့နော်။ နောက်သူက ၀န်ကြီးချုပ်တယောက်အနေနဲ့လည်း တိုင်းရန်ပုံငွေကို ၀န်ကြီးစီမံခန့်ခွဲခွင့်ရှိတယ်လေ။ သူလုပ်ဆောင် ခဲ့တဲ့ ကိစ္စတွေကပြည်ခိုင်ဖြိုးပါတီကို ပေးခဲ့တယ်ဆိုတာကတော့ အခုအချိန်အထိအရကော စာရင်းအရကော ကျနော်မသိထားပြီး ၊ မရှိဘူး မရှိတဲ့အတွက်လည်း မရှိကြောင်း ကျနော်တို့ ပြောထားပြီးပြီလေ။ ဦးဘုန်းမော်ရွှေက အစိုးရအဖွဲ့ခေါ်ယူရှင်းလင်းလိုက်ရင် ပြီးသွားမှာပါ။ ဥပဒေနဲ့ အညီဖြစ်ဖို့ ကျနော်တို့ပြောနေတာပါ။ လက်ရှိအစိုးရ ဘက်ကဆောင်ရွက်လို့ရမယ့် ကိစ္စဖြစ်နေတာလေ။ ဆိုတော့ လက်ရှိအစိုးရ ကနေပြီးတော့ အရင်အစိုးရ တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ယူမေးမြန်း ပြီးတော့ ဖြေရှင်းလိုက်ရင် ဒီကိစ္စက ပြီးသွားမှာပါ။ ဥပဒေနဲ့အညီပဲ ဆောင်ရွက်သွားကြမှာပေါ့။”
ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်းမှာ ဦးဘုန်းမော်ရွှေဟာ မကွေးတိုင်း ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို မကွေးတိုင်း ဒေသကြီးရဲ့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့တာပါ။ ဒါကြောင့်လည်း ဒီငွေအများအပြားကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွက် အသုံးပြုခဲ့တာလား ဒါမှမဟုတ် မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီ မှာ ပေးလှူခဲ့သလား ဆိုတာကိုတော့ လက်ရှိအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့်လို ကျန်ရှိနေသေးတဲ့ ကွာဟငွေ ငွေသန်းပေါင်း ၄ ထောင်ကျော်နဲ့ ပတ်သက်လို့ ပြည်ထောင်စု အစိုးရနဲ့ တိုင်ပင်ကာ စိစစ်ဆောင်ရွက်သွားမယ်လို့ မကွေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
Share:

တရုတ်နိုင်ငံက ဒုတိယမြောက် လေယာဉ်တင် သင်္ဘော မိတ်ဆက်ပြသ

Image may contain: outdoor
Wednesday, April 26, 2017
တရုတ်နိုင်ငံ အရှေ့ပိုင်း Liaoning ပြည်နယ်ရှိ ဒေလီယံ သင်္ဘောကျင်းတွင် ဒုတိယမြောက် လေယာဉ်တင် သင်္ဘောအား ဧပြီလ ၂၆ ရက် နံနက်ပိုင်း တွင် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ပထမဆုံး တည်ဆောက်သော အဆိုပါ လေယာဉ်တင် သင်္ဘောအား ကုန်းတွင်း သင်္ဘောဆိပ်မှ China Shipbuilding Industry Corp (CSIC) ပိုင် ဒေလီယံ သင်္ဘောကျင်းတွင် ဒေသစံတော်ချိန် နံနက် ၉း၀၀ နာရီက ဖွင့်ပွဲ ပြုလုပ်ခဲ့သည်။
၂၀၁၂ ခုနှစ်တွင် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တွင် ထားရှိသည့် ဆိုဗီယက်ယူနီယံ ထုတ် လေယာဉ်တင်သင်္ဘောကို ပြန်လည် တပ်ဆင်မွမ်းမံထားသည့် Liaoning ပြီးနောက် တရုတ်နိုင်ငံ၏ ဒုတိယမြောက် လေယာဉ်တင် သင်္ဘောဖြစ်သည်။
အဆိုပါ ဒုတိယမြောက် လေယာဉ်တင် သင်္ဘောအား ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ဆောက်ခဲ့သည်။ ၂၀၁၅ ခုနှစ် မတ်လတွင် သဘောင်္ကျင်း တည်ဆောက်မှုအား စတင် လုပ်ဆောင်ခဲ့သည်။
သင်္ဘော၏ အဓိက ကိုယ်ထည်အား အပြည့်အစုံ တပ်ဆင်ပြီး ဖြစ်သလို အဓိက စနစ်များလည်း တပ်ဆင်ပြီး ဖြစ်ကြောင်း သိရသည်။
ယင်း သင်္ဘောကို တရုတ်နိုင်ငံ ပြည်တွင်းထုတ် လေယာဉ်တင် သင်္ဘော တစ်စင်းအဖြစ် ဒီဇိုင်းဆွဲကာ တည်ဆောက်ထားခြင်း ဖြစ်သည်။
သင်္ဘော မိတ်ဆက်ခြင်း အခမ်းအနားသို့ ဗဟို စစ်ကော်မရှင်မှ ဒုတိယ ဥက္ကဋ္ဌ ဖန်ချန်းလုံ၊ PLA ရေတပ်နှင့် CSIC မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
(Xinhua)
Share:

25 April, 2017

China Ready to Step Into Rohingya Debate

April 25, 2017, at 10:21 a.m.
Rohingya refugee children play at Balukhali Makeshift Refugee Camp in Cox's Bazar, Bangladesh April 12, 2017. REUTERS/Mohammad Ponir Hossain
Rohingya refugee children play at Balukhali Makeshift Refugee Camp in Cox's Bazar, Bangladesh earlier this month. (REUTERS/Mohammad Ponir Hossain)
 

DHAKA (Reuters) - China offered on Tuesday to help tackle a diplomatic row between Bangladesh and Myanmar over the flight of minority Rohingyas, two Bangladesh foreign ministry officials said.
Around 69,000 Rohingyas have fled to Bangladesh to escape violence in Buddhist-majority Myanmar since October, straining relations between the two neighbors who each see the stateless Muslim minority as the other nation's problem.

Chinese special envoy Sun Guoxiang, beginning a four-day trip to Bangladesh, urged Dhaka to resolve the row with Myanmar bilaterally, but also said Beijing stood ready to help in the matter, a foreign ministry official in Dhaka told Reuters.
Sun made the proposal during a meeting with Bangladesh Foreign Secretary Shahidul Haque, the official said. He declined to be named, saying he was not authorized to speak to the media.
"The envoy told us at the meeting that they were ready to help if necessary," the official said. Another foreign ministry official confirmed the information but also asked not to be named, citing the sensitivity of the matter.
China has strong ties with both Myanmar and Bangladesh, helping in infrastructure development in both countries. Relations with the former have warmed further since Myanmar President Htin Kyaw struck a deal in China on an oil pipeline between the neighbors after almost a decade of talks.
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.