-
North Korea launches missile despite US tensions
Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.
-
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
-
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
-
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
-
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
08 April, 2017
လိုအပ်ပါက နယ်စပ်ကိုပိတ်ပစ်ရန် မြန်မာနှင့် ဘင်္ဂလားဒေရှ့် သဘောတူ
ပြည်ပအခြေစိုက် ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားသူများကို မြန်မာအစိုးရနှင့် ပူးပေါင်း ရန် ဖိတ်ခေါ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြား
ရန်ကုန် ။ ။ ပြည်ပအခြေစိုက် ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားသူများကို မြန်မာအစိုးရနှင့်ပူးပေါင်းရန် ဖိတ်ခေါ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက 7 Day News သတင်းဌာသို့ ပြောကြားခဲ့သည်။
အကျပ်ကိုင်သည့် နည်းလမ်းဖြင့် အကြမ်းဖက် အဖွဲ့က အခွင့်အရေးတောင်းဆိုခြင်းကို အစိုးရက လက်ခံမည် မဟုတ်ကြောင်း ရိုဟင်ဂျာ အမည်ဖြင့် ပြည်ပတွင် လုပ်ဆောင်နေသော အဖွဲ့အစည်းများကို အစိုးရနှင့်ပူးပေါင်း ရန် ဖိတ်ခေါ်ကြောင်း သမ္မတရုံး ပြောရးဆိုခွင့်ရှိသူက ပြောသည်ဟု 7 Day News သတင်းတွင် ရေးသားထားပါသည်။
‘‘ကျွန်တော်တို့အစိုးရအနေနဲ့ သူတို့ရဲ့ အခွင့်အရေးကို ကျွန်တော်တို့က ပိတ်ပင်နေတာ၊ ငြင်းဆန်နေတာ၊ ပယ်ချနေတာ မဟုတ်ဘူး။ သူတို့အခွင့်အရေးကို ကျွန်တော်တို့က ပေးချင်လွန်းလို့ လုပ်နေတာ’’ ဟု နိုင်ငံတော်အ တိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီအတွင်းရေးမှူး ဦးဇော်ဌေးက ပြောသည်ဆို၍ 7 Day News တွင် ရေးသားထားသည်။
‘‘အကုန်လုံး ကျွန်တော်တို့က ဖိတ်ခေါ်တယ်။ ပူးပေါင်းဆောင်ရွက်ပါ။ အစိုးရနဲ့ ဥပဒေကြောင်းနဲ့ အညီလုပ်ပါ။ လုပ်ရင် ကျွန်တော် တို့ကလည်း အပြည့်အ၀ ပူးပေါင်းမယ်။ သူတို့ကလည်း အပြည့်အ၀ ပူးပေါင်းပေး’’ ဟု ၎င်း ကဆိုသည်ဟူ၍လည်း အဆိုပါ သတင်းတွင် ရေးသားထားပါသည်။
Arakan Rohingya Salvation Army အဖွဲ့ခေါင်းဆောင် ဦးအာတာအူလ္လာနှင့် ရိုက်တာ သတင်းဌာန၏ လွန်ခဲ့သောအပတ်က သီးသန့် မေးမြန်းခဲ့သည့် အင်တာဗျူးတွင် ဦးအာတာအူလ္လာက ၎င်းတို့အဖွဲ့အနေဖြင့် မည်သည့် ပြည်ပစစ်သွေးကြွအကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွယ်မှု မရှိကြောင်း၊ ရိုဟင်ဂျာများကို မြန်မာအစိုးရက လူမျိုးတုံးအောင် စီမံကိန်းဖြင့် ညှဉ်းပန်းနှိပ်စက်နေသည်ကို နိုင်ငံတကာမှ အကာအကွယ်ပေးရန် ပျက်ကွက်နေသောကြောင့် ၎င်းတို့အနေဖြင့် ရိုဟင်ဂျာများကို အကာအကွယ်ပေးနိုင်ရန် မလွှဲမရှောင်သာ လက်နက်ကိုင်ရခြင်းဖြစ်ကြောင်း၊ ကျွဲ နွားများရောင်းချပြီး ရပ်တည်နေကြောင်း၊ မည်သည့် အရပ်သားပြည်သူများ၊ မည်သည့် ဘာသာရေးအဆောက်အဦ တို့ကိုမှ ပစ်မှတ်ထား၍ တိုက်ခိုက်မည်မဟုတ်ကြောင်း ရိုက်တာသို့ ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာအစိုးရက ရိုဟင်ဂျာလူထုအပေါ် ဆင်နွှဲနေသည့် လူမျိုးတုံးသတ်ဖြတ်မှုကို နိုင်ငံတကာမှ ဖြစ်နိုင်သမျှ မြန်မြန် အကာအကွယ်ပေးရန်လည်း ဦးအာတာအူလ္လာက တိုက်တွန်းထားပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်များ ရခိုင်ပြည်နယ်သို့ စေလွှတ်ပြီး ရိုဟင်ဂျာများကို အကာအကွယ်ပေးလျှင် ၎င်းတို့အနေဖြင့် လက်နက်ကိုင်၍ တိုက်ပွဲဝင်နေသည့် လမ်းစဉ်ကို စွန့်လွှတ်လိုက်မည်ဟူ၍လည်း ဦးအာတာအူလ္လာက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
ရခိုင်ပြည်နယ်၌နေထိုင်နေ ကြသော သန်းနှင့်ချီသည့် ရိုဟင်ဂျာများသည် ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့်ကို ဆုံးရှုံးနေရပြီး လွတ်လပ်စွာ သွားလာခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်များကိုလည်း မရရှိသည့်အပြင် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး သင်ကြားခွင့်၊ အလုပ်အကိုင် အခွင့်အလမ်းများမရှိခြင်း စသော အခြေခံအခွင့်အရေး မှန်သမျှတို့ကို အစိုးရက ပိတ်ပင်ထားနေသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များက ထောက်ပြလျက်ရှိသည်။ အစိုးရက ရိုဟင်ဂျာများကို ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် အကျပ်တိုက်တွန်းနေပြီး ရိုဟင်ဂျာများ အနေဖြင့် ၎င်းတို့သည် ရခိုင်ပြည်နယ်၏ မူလဘူတ မျိုးနွယ်စုဖြစ်၍ နိုင်ငံသားပြုခွင့်ရရန်အတွက် လျှောက်ထားစီစစ်ခံစရာ မလိုအပ်ကြောင်း ခံယူထားပါသည်။ ထို့အပြင် အစိုးရ၏ လူမျိုးနာမည် တလွဲသုံးစွဲနေသည်ကိုလည်း ရိုဟင်ဂျာ တစ်ရပ်လုံးက အပြင်းအထန် ဆန့်ကျင်နေပြီး ရိုဟင်ဂျာအမည်နာမ အပေါ်သာ ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိသည်။
ရန်ကုန်အခြေစိုက် ရိုဟင်ဂျာ အခွင့်အရေးလှုပ်ရှားနေသူတစ်ဦးက "ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာ နိုင်ငံတကာ ဥပဒေအရ ပြောပြနိုင်ခွင့်ရှိပါတယ်။ မင်းဒီလူမျိုး မဟုတ်ဘူး၊ ဒီလူမျိုးကွာ ဆိုပြီး ဘယ်သူကမှ အတင်း နာမည်ပေးလို့မရဘူး" ဟု ပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့ အစီရင်ခံစာအရ အောက်တိုဘာ ၉ ရက်၌ ဖြစ်ပေါ်ခဲ့သည့် နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရမှုနှင့် နောက်ဆက်တွဲ လုံခြုံရေး ဆောင်ရွက်မှုများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ခန့်မှန်းလူဦးရေ ၄၀၀၀၀ ခန့် မှာ ဆက်လက်၍ နေရပ်စွန့်ခွာတိမ်း ရှောင်လျက်ရှိသည်။ အောက်တို ဘာ ၉ ရက်က စတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် လူဦးရေ ၇၄,၀၀၀ အနက် လူဦးရေ မည်မျှ ရခိုင်ပြည်နယ်မြောက် ပိုင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည်နှင့် စပ်လျဉ်းသည့်အချက်အလက်များ မရရှိဟု ဆိုသည်။ လူဦးရေ ၁၆,၀၀၀ ခန့်မှာ ၎င်းတို့ မူလနေ ထိုင်ရာရွာများသို့ ပြန်သွားနိုင်ခဲ့သည်ဟု ခန့်မှန်းပြီး အိမ်အမြောက်အမြား မီးရှို့ခံရခြင်း၊ ဖျက်ဆီးခံရခြင်း၊ ဖြိုဖျက်ခံရခြင်း တို့ကြောင့် ထိုနေရပ်ပြန်သွားသူများ အနေဖြင့် နေထိုင်နိုင်ရန် လိုအပ်ချက်များစွာ ရှိနေသည်ဟု ဆိုသည်။ နိုင်ငံတကာ ၀န်ထမ်းများအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးနိုင် ရေးသွားလာခွင့်ကို ဆက်လက် တင်းကျပ်စွာ ကန့်သတ်ထားဆဲ ဖြစ်ပြီး၊ ပြီးပြည့်စုံမှုရှိသော လိုအပ်ချက် လေ့လာဆန်းစစ်မှုများကို ပြည့်ပြည့်စုံစုံ ဆောင်ရွက်နိုင်ရန် ခွင့်ပြုချက်ရရှိရေးမှာလည်း အရေးကြီးသည့် ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း ထောက်ပြထားသည်။
အစိုးရအနေဖြင့် ပြည်ပအခြေစိုက် ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားနေသူများကို အစိုးရနှင့် ပူးပေါင်းရန် ဖိတ်ကြားထားသကဲ့သို့ ပြည်တွင်း အခြေစိုက် ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားသူများကိုလည်း တရားဝင် ဖိတ်ကြားသင့်ကြောင်း မောင်တော ဒေသခံ ရိုဟင်ဂျာ တစ်ဦးဖြစ်သည့် ကိုမိုးဝေက ၎င်း၏ အမြင်ကို ပြောပါသည်။
"နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ အဲ့လိုပြောလိုက်တယ်ပေါ့နော်။ ဒါပေမယ့် သူ့ ပြောကြားချက်အတိုင်း အစိုးရက ရိုဟင်ဂျာ အဖွဲ့အစည်းတွေကို အမှန်တကယ် ဖိတ်ခေါ် မလား၊ ဒါမှမဟုတ် လူကြားကောင်းအောင်ပဲ ပြောကြားခဲ့တာလား၊ ဒါကိုတော့ ကျနော်တို့ စောင့်ကြည့်ရမယ်" ဟု ကိုမိုးဝေက ဖြည့်စွက်ပြောပါသည်။
ရိုဟင်ဂျာများသည် ၎င်းတို့ ဆုံးရှုံးခံနေရသော အခွင့်အရေးများကို တရားဥပဒေဘောင်အတွင်းကသာ တောင်းဆိုနေခြင်း ဖြစ်ပြီး၊ အစိုးရက အချိန်ဆွဲကာ အခြေအနေ အရပ်ရပ်ကို နဂိုမူလထက် ဆိုးရွားလာအောင် လုပ်ဆောင်နေခြင်းကြောင့် လက်နက်ကိုင် တော်လှန်သည့် အဖွဲ့ ပေါ်ပေါက် လာခြင်း ဖြစ်သည်ဟု စစ်တွေမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်က သုံးသပ်သည်ဟု ဆိုသည်။
ပြည်ပအခြေစိုက် ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားသူများကို မြန်မာအစိုးရနှင့်ပူးပေါင်းရန် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြား
![]() |
(ဓါတ်ပုံ - RFA) |
MYARF
RB News
8.4.2017
ရန်ကုန် ။ ။ ပြည်ပအခြေစိုက် ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားသူများကို မြန်မာအစိုးရနှင့်ပူးပေါင်းရန် ဖိတ်ခေါ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက 7 Day News သတင်းဌာသို့ ပြောကြားခဲ့သည်။
Arakan Rohingya Salvation Army အဖွဲ့ခေါင်းဆောင် ဦးအာတာအူလ္လာနှင့် ရိုက်တာ သတင်းဌာန၏ လွန်ခဲ့သောအပတ်က သီးသန့် မေးမြန်းခဲ့သည့် သတင်းဆောင်းပါး အပေါ် အခြေခံ၍ ရေးသားခဲ့သော 7 Day News ၏ သတင်းတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြည်ပအခြေစိုက် ရိုဟင်ဂျာအခွင့်အရေး လှုပ်ရှားသူများကို မြန်မာအစိုးရနှင့် ပူးပေါင်းရန် ဖိတ်ခေါ်ကြောင်း ပြောကြားသည်ကို ရေးသားထားသည်။

ရိုဟင်ဂျာများသည် ၎င်းတို့ ဆုံးရှုံးခံနေရသော အခွင့်အရေးများကို တရားဥပဒေဘောင်အတွင်းကသာ တောင်းဆိုနေခြင်း ဖြစ်ပြီး၊ အစိုးရက အချိန်ဆွဲကာ အခြေအနေ အရပ်ရပ်ကို နဂိုမူလထက် ဆိုးရွားလာအောင် လုပ်ဆောင်နေခြင်းကြောင့် လက်နက်ကိုင် တော်လှန်သည့်အဖွဲ့ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု စစ်တွေမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်က သုံးသပ်သည်ဟု ဆိုသည်။

ရာသီဥတုပူလွန်းပါက နှာခေါင်းသွေးလျှံခြင်းများဖြစ်ပေါ်တတ်၍ ဂရုစိုက်သင့်ဟုဆို
ယင်းအပြင် ပူပြင်းခြောက်သွေ့ သောလေများတိုက်ခြင်းကြောင့် နှာခေါင်းအတွင်းသို့ ယင်းလေများ ဝင်ရောက်ကာ နှာခေါင်းအတွင်း ခြောက်သွေ့ခြင်းများဖြစ်တတ်ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်လာသောကြောင့် ပွတ်မိကြရာ မှလည်း နှာခေါင်းသွေး လျှံခြင်းဖြစ်နိုင်ကြောင်း သိရသည်။
နှာခေါင်းသွေးလျှံပါက
ပူပြင်းခြောက်သွေ့သော နေ ရာများသို့အချိန်ကြာသွားရခြင်း၊ နှာ ခေါင်းအတွင်း စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းတို့ ဖြစ်ပါက ရေငွေ့များရှူပေးခြင်းဖြင့် သက်သာစေနိုင်ကာ နှာခေါင်းသွေးလျှံ မှုမဖြစ်ပွားနိုင်ကြောင်းသိရသည်။
နှာခေါင်းသွေးလျှံပါက ကြောက် နေရန်မလိုအပ်ဘဲ လူကို သက်သောင့် သက်သာဖြစ်စေရန် ထိုင်စေပြီး ခေါင်းအနည်းငယ်ငုံ့ထားကာ နှာသီး ဝကိုလက်ဖြင့် ငါးမိနစ်ခန့်ပိတ်ထား ပြီး ရေခဲဖြင့်နှာရိုးပေါ်သို့တင် ပေးထားသင့်ကြောင်း၊ ငါးမိနစ်ခန့် အကြာပြန်ဖွင့်ကြည့်ပြီး သွေးများ ထပ်မံထွက်နေပါက ငါးမိနစ်ခန့် ထပ်မံပိတ်ထားရမည်ဖြစ်ကြောင်း သိရသည်။
”နှာခေါင်းသွေးလျှံရင် မ ကြောက်ပါနဲ့။ အရင်ဆုံးလူကထိုင် မယ်၊ ထိုင်ပြီးရင် ခေါင်းကိုရှေ့လေး နည်းနည်းငုံ့ ထားမယ်။ ပြီးရင် နှာသီး ဝကိုလက်နဲ့ ငါးမိနစ်လောက်ညှစ် ထားမယ်။ ရေခဲရနိုင်မယ်ဆိုရင် ရေခဲ ကိုနှာရိုးပေါ်တင်ပေးမယ်။ ငါးမိနစ် နေလို့လွှတ်လို့ သွေးကမတိတ်ဘဲနဲ့ သွေးပြန်ထွက်လာတယ်ဆိုရင် နောက် ငါးမိနစ်လောက်ထပ်ညှစ်ထားရ မယ်”ဟု ပြောသည်။
နှာခေါင်းသွေးအာခေါင်ထဲကျလျှင် မျိုမချသင့်
နှာခေါင်းသွေးအာခေါင်ထဲသို့ ကျပါကမျိုမချသင့်ကြောင်း၊ မျိုချမိ ပါက အစာအိမ်ထဲတွင်သွေးများ ပြည့်ကာ သွေးများပြန်အန်ထွက် လာတတ်ကြောင်း၊ သွေးပြန်လည် တိတ်သွားပါက နားနားနေနေသက် သောင့်သက်သာနေသင့်ကြောင်း သိရသည်။
နှာခေါင်းသွေးလျှံပါက အေး သောနေရာတွင်ထိုင်၍ ရေခဲတင်ခြင်း ကိုပြုလုပ်ပေးသင့်ပြီး မသက်သာပါ က ဆေးရုံသို့ချက်ချင်းသွားရောက် ကုသသင့်ပြီး နှာခေါင်းသွေးလျှံခြင်း များသွားပါက သွေးပေါင်များကျပြီး အသက်အန္တရာယ်ရှိနိုင်ကြောင်း သိ ရသည်။
သွေးတိုးရှိသူများ သတိထားသင့်
”သွေးတိုးရှိတဲ့သူတွေဆိုရင် အခု လိုရာသီဥတုပူတဲ့အချိန်မှာ သွေးပေါင် တွေတက်လာတဲ့အခါမှာ သွေးကြော တွေကနဂိုက သွေးပြည့်နေတဲ့အချိန် မခံနိုင်ဘဲ ပေါက်ထွက်တတ်တယ်။ ပုံမှန်အခြေအနေမှာ ဆိုရင် သွေးက ချက်ချင်းကျသွားနိုင်ပေမယ့် ဒီလိုအ ချိန်မျိုးတွေမှာဆို သွေးကချက်ချင်း မတိတ်ဘဲနဲ့ အများ ကြီးကိုထွက်လာ တတ်တယ်”ဟု ဒေါက်တာဝင်းထိုက် ကြည်က ဆိုသည်။
ဖုန်းဖြင့် မီး အဖွင့်အပိတ်ပြုလုပ်နိုင်သည့် ဆော့ဖ်ဝဲကို ဗြိတိန်မွတ်စလင် လူငယ်တစ်ဦး တီထွင်
ဆီးရီးယားကို တိုက်ခိုက်မှု ကန် ရုရှား ဆက်ဆံရေး ပျက်စီးနိုင်
ISIS using weapons made in Israel
Russia sends warship to Mediterranean after US Navy destroyers launch Syria attack
07 April, 2017
"လူမျိုးတုံးသတ်ဖြတ်မှု"အသုံးအနှုံး သေချာစုံစမ်းစစ်ဆေးသင့်ဟု လူ့အခွင့်အရေး အကဲခတ်ဆို
ဆွီဒင်မြို့တော်မှာ ကားနဲ့ ဝင်တိုက်မှု ဖြစ်
စတော့ဟုမ်း မြို့တော်ရဲ့ ဒရော့နင်း ဂေါတန် ဘုရင်မလမ်းမှာ ကားတစီးနဲ့ လူတွေကို ဝင်တိုက်တဲ့ အတွက် သေကြေ ဒဏ်ရာရရှိမှုတွေ ရှိခဲ့ပါတယ်။
အနည်းဆုံး လူ ၃ ဦး သေဆုံးတယ်လို့ ဆွီဒင်ရဲက ပြောပါတယ်။ ဒေသစံတော်ချိန် နေ့လည် ၃ နာရီလောက် မှာ ဖြစ်ပွားခဲ့တာ ပါ။ လော်ရီ ကားဟာ စတိုးဆိုင်တစ်ခုကို ဝင်တိုက်တာ ဖြစ်ပါတယ်။ အခုလို ပစ်ခတ်မှုကြောင့် လူ ရှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဖြစ်ခဲ့တဲ့ အခြေအနေတွေအရ ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုနိုင်ကြောင်း ဆွီဒင်ဝန်ကြီးချုပ် စတီဖန် လော့ဖ်ဗန်က ပြောပါတယ်။ စတော့ဟုမ်းမြို့ရဲ့ တခြားနေရာမှာလည်း သေနတ်သံတွေ ကြားခဲ့ ရတယ် လို့ သိရပါတယ်။ လောလောဆယ်မှာ မြေအောက်ရထားခရီးစဉ်တွေကို ပိတ်ထားခဲ့ပြီး အဓိက ဘူတာက လူတွေကိုလည်း ကယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ လူတွေကိုလည်း မြို့လယ်ခေါင် နေရာကို မလာကြဖို့ ရဲတွေကတိုက်တွန်းထားတယ်လို့ သိရပါတယ်။ အခုလို တိုက်ခိုက်မှု ပြုလုပ်တဲ့ ကားဟာ ဘီယာချက် စက်ရုံတရုံနားမှာ လုယူခံခဲ့ရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အငြင်းပွားဖွယ်ရာပုဒ်မ ၆၆(ဃ)နဲ့ လူ၂ဦးထောင်ဒဏ်ကျခံရ
Image caption အဲဒီအထဲက တယောက် ဖြစ်တဲ့ NLDပါတီ ဗဟို သုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိန်းဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖေ့စ်ဘွတ်မှာ ဝေဖန် အပုပ်ချ ရေးသားခဲ့တယ်ဆိုပြီး ကမာရွတ် တရားရုံးက အမိန့်ချမှတ်
လူမှုကွန်ယက် မီဒီယာ တခုဖြစ်တဲ့ ဖေ့စ်ဘွတ်မှာ အငြင်းပွားဖွယ်ရာ ရေးသားမှုနဲ့ ဖြန့်ဝေမှုတွေ လုပ်ခဲ့တဲ့ လူ၂ ဦးဟာ ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)နဲ့ ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်တွေ ချမှတ်ခံလိုက်ရပါတယ်။
အဲဒီအထဲက တယောက် ဖြစ်တဲ့ NLDပါတီ ဗဟို သုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိန်းဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖေ့စ်ဘွတ်မှာ ဝေဖန် အပုပ်ချ ရေးသားခဲ့တယ်ဆိုပြီး ကမာရွတ် တရားရုံးက အမိန့်ချမှတ် လိုက်တာ ဖြစ်ပါတယ်။
သူ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ဆယ်သွယ်ရေးပုဒ်မ ၆၆ ဃ နဲ့ ဖမ်းဆီးစစ်ဆေးနေခဲ့ပြီး ဧပြီလ ၇ ရက်နေ့ကျမှ ထောက်ဒဏ် (၆) လ အမိန့်ချလိုက်တာပါ။
အခုလို ပြစ်ဒဏ်ချခံရပေမယ့် နိုင်ငံသားတိုင်းမှာ လွတ်လပ်စွာ ဝေဖန်ခွင့်ရှိပြီး အသရေ ဖျက်မှုမြောက်တယ် လို့ ဆုံးဖြတ်လိုက်ပေမယ့် ဒီလို ရည်ရွယ်ရင်း မရှိပါဘူးလို့ ကိုမျိုးရန်နောင်သိန်းရဲ့ ဇနီးဖြစ်သူ မချိုက ဘီဘီစီကို ပြောပါတယ်။
နောက်ထပ် ပြစ်ဒဏ်ချခံရသူ တဦးကတော့ NLDပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ကျန်းမာရေးအခြေအနေကြောင့် ပါတီကနေ နှုတ်ထွက်ခွင့်ပြုဖို့ တောင်းဆိုတဲ့ စာအတုကို ဦးဝင်းထိန်ရဲ့ လက်မှတ်အတု အပါအဝင် ပါတီတံဆိပ်တုံး အတုတွေနဲ့ ဖေ့စ်ဘွတ်ပေါ်တင်ခဲ့တဲ့ NLDပါတီဝင် ကိုဖိုးထောင် ဖြစ်ပါတယ်။
ကိုဖိုးထောင်ကို အာဏာပိုင်တွေက (၅) လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခဲ့ပြီး ဧပြီလ ၇ ရက်နေ့မှာပဲ ဇဗ္ဗူသီရိမြို့နယ် တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
အွန်လိုင်းပေါ်မှာ ဝေဖန် ရေးသားမှုတွေကြောင့် NLDပါတီဝင်တွေ ကိုယ်တိုင် ဒီပုဒ်မနဲ့ တရားစွဲဆိုတာတွေ ရှိသလို ဒီပုဒ်မနဲ့ပဲ NLDပါတီဝင်တွေကို တိုင်ကြားလို့ ပြစ်ဒဏ်ကျခံရတာတွေရှိနေပါတယ်။
ဒီပုဒ်မကို ဖျက်သိမ်းပေးဖို့ ဒါမှမဟုတ် ပုဒ်မ ပြင်ဆင်ပေးဖို့ ဆန္ဒပြမှုတွေနဲ့ လွှတ်တော်ကို တင်ပြတောင်းဆိုတာတွေလည်း ရှိခဲ့ပေမယ့် NLD အစိုးရကိုယ်တိုင် ပုဒ်မ ၆၆ ဃ ကို ဖျက်သိမ်းဖို့ စဉ်းစားထားပုံ မရသေးပါဘူး။
NLDပါတီဝင် လွှတ်တော် အမတ်တဦး ကိုယ်တိုင် ဒီပုဒ်မကို ပယ်ဖျက်ပေးဖို့ အစီအစဉ် ရှိ မရှိ လွှတ်တော်တင်ပြီး မေးခွန်းမေးဖို့ ကြိုးစားခဲ့ပေမယ့် ပါတီထုံးစံအရ လွှတ်တော်မတင်ခင် စီစစ်တဲ့အဖွဲ့ ဒီလို မေးမြန်းဖို့ ကိစ္စ တင်ပြစဉ်မှာ ပယ်ချခံခဲ့ပါတယ်။
လောလောဆယ်မှာ ပုဒ်မ (၆၆)ဃ နဲ့ တရားရင်ဆိုင်နေရတဲ့ အမှုပေါင်း (၅၀) ကျော် ရှိပြီး အခုအစိုးရသစ်လက်ထက်မှာ ပြစ်ဒဏ် ချမှတ်ပြီးတဲ့ အမှု(၈)မှု၊ အာမခံ မရရှိဘဲ အချုပ်ကျနေသောအမှု(၄)မှု ရှိနေတယ်လို့ သိရပါတယ်။