19 December, 2017

မြန်မာနိုင်ငံသားတွေလုံခြုံဘေးကင်းစွာနဲ့ပြန်နိုင်ဖို့ နိုင်ငံစုံသံတမန်များတောင်းဆိုထား

     


image
ဒီဇင်ဘာ ၁၈၊ ၂၀၁၇                                                                                                      Myanmar Muslim media
သံအမတ်တွေ မဟာမင်းကြီးတွေနဲ့ နယူးဒေလီမြို့မှာ နေထိုင်တဲ့ သံတမန်တွေနဲ့အတူဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခြေစိုက်တဲ့သံတမန်တွေအားလုံးက ရခိုင်ပြည်နယ် ကနေ ထွက်ပြေးလာခဲ့ကြတဲ့မြန်မာနိုင်ငံသားတွေ ပြန်လာနိုင်ဖို့ ဂုဏ်သိက္ခာနဲ့လုံခြုံရေးရရှိစေဖို့သေချာစေဖို့ တနင်္ဂနွေနေ့ကတိုက်တွန်းပြောကြားခဲ့ပါတယ်။
သူတို့တွေဟာတနင်္ဂနွေနေ့ညနေက ၀န်ကြီးချုပ် ရှိတ် ဟာစီနာ နဲ့တွေ့ဆုံခဲ့ချိန်မှာတောင်းဆိုမှုကို ပြုလုပ်ခဲ့တာ ဖြစ် ပါတယ်။ သံတမန်တွေထဲမှာ ဘော့စ်နီးယားနဲ့ ဟာဇီဂိုဗီနာ၊ဘူလ်ဂေးရီးယား၊ အီသီယိုးပီးယား၊ ဂျော်ဂျီယာ၊ ဂရိ၊ ပေါ်တူဂီ၊ ဆလိုဗန်နီးယား၊ ယူကရိန်းတို့ ကသံတမန်တွေနဲ့ ဆိုက်ပရက်စ်၊ မော်ရီတီယက်စ်၊ ကင်ညာတို့က မဟာမင်းကြီးများ သြစတြေးလျ၊ ချက်ရီပတ်ပလစ်၊ ဂါနာတို့ကတာဝန်ရှိသူများနဲ့ နယူးဇီလန်ကနယူးဒေလီအခြေစိုက်မဟာမင်းကြီးကော်မရှင်ဆိုင်ရာဒုတိယအတွင်းရေးမှူးတို့ပါဝင်ပါတယ်။
အိန္ဒိယအခြေစိုက်ဘင်္ဂလားဒေ့ရှ်မဟာမင်းကြီး ဆာယိဒ်မိုဇမ်အလီကလည်း သံတမန်တွေနဲ့ အတူပါဝင်ပါတယ်။ နယူးဒေလီအခြေစိုက်မစ်ရှင်နဲ့ သံတမန်အကြီးအကဲတွေက ရိုဟင်ဂျာတွေရဲ့ အခြေအနေကိုကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်လို့ဆိုလိုက်ပြီး သူတို့ရဲ့ခံစားရမှုတွေဟာ အများကြီးနာကျင့် စရာကောင်းတယ်လို့ ထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ အရေးအခင်းဖြေရှင်းဖို့ အကြံပေးချက်တွေပေါ်မှာ လအလေးထားရင်း မြန်မာအာဏာပိုင်တွေအနေနဲ့ အရေးယူဆောင်ရွက်မှုတွေဆောင်ရွက်ရမှာဖြစ်ပါတယ်ဒါမှသာ ရိုဟင်ဂျာတွေဟာသူတို့မူလနေထိုင်တဲ့နေရာတွေကိုပြန်လည်အခြေချနေထိုင်နိုင်မှာပဲဖြစ်တယ်လို့  သူတို့က ပြောကြားခဲ့ ပါတယ်။
သံတမန်တွေဟာ ၀န်ကြီးချုပ်ရှိတ်ဟာစီနာကို သူမရဲ့လူသားဆန်မှုတွေနဲ့ မြန်မာနိုင်ငံသားအရေ အတွက်ဒီလောက်များများကို ခိုလှုံရာစီစဉ်ပေးတာ တွေဟာ အံ့သြစရာကောင်းတယ်လို့ ချီးကျူးဂုဏ်ပြုခဲ့ ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ကိုဝင်ရောက်လာတဲ့လူပေါင်း၁သန်းကျော်ကို စီစဉ်ပေးနိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။ စီစဉ်ဖို့တွေဟာ အရမ်းကိုနခက်ခဲတယ်လို့ သူတို့ကဆက်လက်ပြော ကြားခဲ့ပါတယ်။
ရိုဟင်ဂျာအရေးဟာ ဘင်္ဂလားဒေ့ရှ်အတွက်ပြသနာ တင်မကပဲ ကမ္ဘာလုံးဆိုင်ရာပြသနာဖြစ်လာခဲ့ပြီလို့ သံတမန်တွေကပြောဆိုကြပါတယ်။ သူတို့တွေဟာ အခြေအနေတစ်ခုလုံးကို သူတို့ရဲ့သက်ဆိုင်တဲ့အစိုးရ တွေဆီ သတင်းပေးပို့သွားမှာဖြစ်တယ်လို့ ၀န်ကြီးချုပ်ကိုသူတို့ကအသိပေးပြောကြားခဲ့ပါတယ်။ အစည်းအဝေးအတွင်း ရှိတ်ဟာစီနာက မြန်မာနိုင်ငံသားတွေကိုသူတို့ရဲ့လုံခြုံရေးနဲ့ဂုဏ်သိက္ခာရရှိပြီးပြန်ခေါ်ဖို့ နိုင်ငံတကာကမြန်မာအစိုးရကိုဖိအားပိုမို ပေးသွားဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။ ဒါးကနဲ့နေပြည်တော်ကြား နှစ်ဦးနှစ်ဖက်ပါဝင်တဲ့ဆွေးနွေးမှုတွေိုသူမကထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မြန်မာဟာသူ့နိုင်ငံသားတွေ ကိုဘင်္ဂလားဒေ့ရှ်ကနေပြန်ခေါ်ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ရိုဟင်ဂျာတွေကို စာရင်းပေးသွင်းမှုတွေဆောင်ရွက်နေပြီး သူတို့ရဲ့မှတ်ပုံတင်တိကျသေချာစေဖို့ အိုင်ဒီကတ်တွေကိုပေးအပ်ထားတယ်လို့ ၀န်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် ယာယီခိုလှုံရာတွေတည်ဆောက်ပေးဖို့ခြေလှမ်းတွေပါဆောင်ရွက်ထားပါတယ်။ ဒါမှသာသူတို့တွေပိုပြီးသက်တောင့်သက်သာဖြစ်စေမှာလို့ သူမကဆိုထားပါတယ်။ ရိုဟင်ဂျာအရေးပေါ်မှာ ဘင်္ဂလားဒေ့ရှ်ကိုထောက်ခံမှုအတွက် နိုင်ငံတကာအဖွဲ့အစည်းကိုကျေးဇူးတင်ကြောင်း ဟာစီနာကဖော်ပြပြောဆိုခဲ့ပါတယ်။ အစည်းအဝေးမှာ ၁၉၇၅ခုနှစ်အဖေလုပ်ကြံခံရပြီးနောက် သူမနဲ့သူမညီမလေးတို့ရဲ့ဒုက္ခသည်ဘ၀နဲ့ စစ်တကောင်းတောင်ကုန်းဒေသက လူတွေရဲ့ဒုက္ခသည်ဘ၀တွေအကြောင်းကို သူမကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
၁၉၉၆ခုနှစ်မှာအာဏာရလာပြီးနောက် သောင်းကျန်းသူတွေဟာစစ်တကောင်းတောင်ကုန်းဒေသမှာ အချိန်ကြာကြာလွှမ်းမိုးမှုရှိခဲ့ပြီး သူမရဲ့အစိုးရဟာ ဒုက္ခသည်တွေသူတို့ရဲ့အိမ်တွေဆီပြန်နိုင်ဖို့နဲ့ ရှည်ကြာနေတဲ့ပြသနာကိုဖြေရှင်းတဲ့အနေနဲ့ CHT ငြိမ်းချမ်းရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့တယ်လို့ ၀န်ကြီးချုပ်ကပြောဆိုခဲ့ပါတယ်။
Daily Sun သတင်းဌာနပါ “Envoys call for rightful return of Myanmar nationals” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကို ညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.