30 September, 2017

ဘေးကင်းဇုန်တွေနဲ့ ဆီးရီးယားက လက်နက်ကိုင် ပဋိပက္ခတွေအတွက် အမေးအဖြေကဏ္ဍ


စက်တင်ဘာ ၃၀၊ ၂၀၁၇ Myanmar Muslim Media
Image may contain: one or more people, outdoor and nature
အမေရိကန်၊ တူရကီ၊ လက်ဘနွန်၊ ဆော်ဒီ၊ကာတာ နဲ့ ဂျော်ဒန်တို့က ဆီးရီးယားမှာ ဘေးကင်းဇုန်တွေ ဖန်တီးသွားဖို့ စိတ်ဝင်စားနေကြတာကိုမကြာခင်မီသေးမီထုတ်ပြန်ချက်တွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုဇုန်တွေ ကိုရှေ့ဆက်စီစဉ်ဆောင်ရွက်ဖန်တီးဖို့အတွက် အသေးစိတ်အစီအစဉ်တွေမရှိပေမယ့် တူရကီနယ်စပ် တစ်လျှောက်နဲ့ လက်ဘနွန်၊ ဂျော်ဒန်တို့နဲ့ထိစပ်မှုရှိနေတဲ့နေရာရှိ ဆီးရီးယားကနေရာတွေမှာ တည်ထောင် သွားဖို့တာဝန်ရှိသူတွေကအကြံပြုထားပါတယ်။
ဒါဟာအရေးအခင်းတွေ ကနေထွက်ပြေးလာတဲ့ အရပ်သားတွေအတွက် ဘေးကင်းတဲ့နေရာဖြစ်စေဖို့နဲ့ လူသားချင်း စာနာထောက်ပံ့မှုတွေပြုလုပ်ပေးသွားနိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့်ဘေးကင်းဇုန်တွေတည်ထောင်ဖို့တောင်းဆိုချက်တွေဟာ ဆီးရီးယားကရွှေ့ပြောင်းလာသူတွေကို လုံခြုံမှုမရှိတဲ့အခြေအနေတွေမှာနေရာချထားဖို့နဲ့ တစ်ခြားနိုင်ငံတွေကို ထွက်ပြေးဖို့ ကန့်သတ်ချက်တွေကြောင့် စိုးရိမ်မှုတွေတိုးလာပါတယ်။ အစိုးရတွေအနေနဲ့ဘေးကင်းဇုန်တွေ မတည်ထောင်ခင်မှာ စဉ်းစားရမဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။
၁။ ဘေးကင်းဇုန်တွေဆိုတာဘာတွေလဲ ဘေးကင်းဇုန်တွေဆိုတာ နှစ်ဖက်လက်နက်ကိုင် အဖွဲ့တွေက တိုက်ခိုက်မှုတွေမပြုလုပ်ဟု သဘောတူညီချက်ထားတဲ့နေရာတွေဖြစ်ပါတယ်။ ဒီလိုနေရာတွေကို ကုလလုံခြုံရေးကောင်စီကဖန်တီးထားခဲ့ပါတယ်။ အဲဒီထဲမှာ လေယာဉ်မပျံသန်းရဇုန်ပါရှိပါတယ်။ လေကြောင်းစစ်ဆင်ရေးတွေကိုလည်း ပိတ်ပင်ထားတာဖြစ်ပါတယ်။ ဒီလိုနေရာတွေက အရေးအခင်းဖြစ်ပွားတဲ့နေရာတွေကနေထွက်ပြေးလာတဲ့အရပ်သားတွေကိုကာကွယ်ပေးဖိုပနဲ့ လူသားချင်းစာနာထောက်ပံ့မှုတွေအလွယ်တကူရရှိစေဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ သူတို့ကို ကုလငြိမ်ချမ်းရေး တပ်ဖွဲ့တွေနဲ့ တစ်ခြားတပ်ဖွဲ့တွေကကာကွယ်ပေးထားတာဖြစ်ပါတယ်။
၁၉၄၉ဂျနီဗာညီလာခံနဲ့သူတို့ရဲ့ထပ်တိုးစည်းမျဉ်းတွေကဘေးကင်းဇုန်တွေကိုအတိအကျဖော်ပြထားခြင်းမရှိ ပါဘူး။ ဒီလိုတူညီတဲ့သဘောတူချက်တွေနဲ့အသိအမှတ်ပြတာဖြစ်ပါတယ်။ အထူးသဖြင့်ကာကွယ်ရေး ဇုန်တွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ကင်းစင်ဖို့ဖြစ်ပါတယ်။ နောက်ပိုင်းအဲဒီနေရာအဆောက်အဦးတွေမှာ အရပ်သားတွေအကာအကွယ်ရဖိုပနဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေအောက်မှာ ထောက်ပံ့မှုတွေရရှိဖို့ နှစ်ဖက်လက်နက်ကိုင် အဖွဲ့တွေကသဘောတူညီ ထားတာဖြစ်ပါတယ်။ ဂျနီဗာညီလာခံတွေ မှာ အရပ်သားတွေ အကာအကွယ်ရရှိစေဖို့အတူးသဘောတူညီချက်တွေပါဝင်ပါတယ်။
လုံခြုံရေးဇုန်တွေဖန်တီးမှုဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေအောက်မှာ အရပ်သားတွေ ကို ပစ်မှတ်ထားတိုက်ခိုက်မှုကိုတားမြစ်သွားဖို့ဖြစ်ပါတယ်။

၂။ ဘေးကင်းဇုန်တွေလုံခြုံမှုကောရှိရဲ့လား

ဘေးကင်းဇုန်တွေက ဘေးကင်းလုံခြုံမှုရှိမှုရှားပါးတာကို နိုင်ငံတကာဖြစ်ရပ်တွေမှာပြသခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုနေရာတွေဟာ အရပ်သားတွေအပေါ်သိသာတဲ့အန္တရာယ်တွေမကြာခဏဆိုသလို ဖြစ်စေပါတယ်။ ပြည့်မီတဲ့လုံခြုံရေး မရှိဘူးဆိုရင် လုံခြုံဘေးကင်းမှုအာမခံချက်ဟာပုံရိပ်ယောင်သာသာပဲဖြစ်ပါတယ်။ ဘေးကင်းဇုန်တွေဟာလည်း ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုအောက်ကိုရောက်သွားမှာဖြစ်ပါတယ်။ လုံခြုံဘေးကင်းဇုန်တွေကိုနည်းအမျိုးမျိုးနဲ့ထိန်းချုပ်နိုင်ဖို့ လူသားချင်းစာနာထောက်ထားမှုအေဂျင်စီတွေက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဖိအားဖြစ်စေနိုင်ပါတယ်။ ဒါဟာသမာသမတ်ကျစွာ ဘက်မလိုက်ပဲ လွတ်လပ်တဲ့လူသားချင်းစာနာထောက်ထားမှုစည်းမျဉ်းတွေကိုချိုးဖောက်သလိုဖြစ်စေပါတယ်။
ဘေးကင်းဇုန်တွေတည်ထောင်ထားတဲ့အဖွဲ့တွေက အရပ်သားတွေကိုကာကွယ်ရေးထောက်ပံ့ပေးမှုထက် နယ်စပ်ဖြတ်ကျော်ထွက်ပြေးမှုကိုတားဆီးဖို့ရည်ရွယ်တာဖြစ်ပါတယ်။ ဒီလိုဇုန်တွေက အိမ်နီးချင်းနိုင်ငံတွေ ကိုထွက်ပြေးကြတာကနေနိုင်ငံခိုလှုံခွင့်တောင်းခံသူတွေကိုတားဆီးဖို့အတွက် မူမမှန်တဲ့အကြောင်းပြချက် တစ်ခုလိုအသုံးပြုခဲ့တာဖြစ်ပါတယ်။ ပြီးတော့ သူတို့ထွက်ပြေးခဲ့တဲ့နိုင်ငံတွေဆီ ဒုက္ခသည်တွေပြန်လာဖို့ အတွက် အကြောင်းပြချက်တစ်ခုလည်းဖြစ်ပါတယ်။
စစ်တပ်ရှိနေမှုဟာ တစ်ခါတလေ အရပ်သားလူထုနဲ့ရောနှောမှုတွေဖြစ်စေပြီး တစ်ခါတလေဘေးကင်းဇုန်ကို အသုံးပြုပြီး တိုက်ခိုက်မှုတွေဖြစ်ပေါ်စေတာကြောင့် စစ်တပ်ရဲ့ပစ်မှတ်နေရာပြုလုပ်နိုင်ပါတယ်။ တပ်ဖွဲ့တွေက ဘေးကင်းဇုန်တွေကိုအသုံးချပြီး ကလေးသူငယ်များအပါအ၀င် လူသူစုဆောင်းမှုတွေပြု လုပ်နိုင်ပါတယ်။
ဘေးကင်းဇုန်တွေဟာ ရွှေ့ပြောင်းခံရတဲ့ သူတွေအတွက် ဒုက္ခသည်စခန်းဖြစ်တာကြောင့် တူညီတဲ့ပြသနာတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒေသခံတွေဟာ သူတို့ရဲ့လယ်ယာမြေတွေမှာအလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ အစားအစာ၊ ရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပါအ၀င် တစ်ခြားဝန်ဆောင်မှုတွေပေါ်မှာအထောက်အပံ့ကိုမှီခိုနေရပါတယ်။ လူဦးရေထူထပ်မှုနဲ့ လူမှုရေးတင်းမာမှုတွေကြောင့် အလုပ်လုပ်ဖို့ ရေခပ်ဖို့ ထင်းရှာဖို့ နဲ့တစ်ခြားအကြောင်းပြချက်တွေနဲ့ စွန့်စားထွက်ရတဲ့အခါ အမျိုးသမီးတွေဟာလိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုကိုကြီးကြီးမားမား ရင်ဆိုင်ရနိုင်ပါတယ်။ ကုလငြိမ်းချမ်းရေးတပ်တွေ ဒါမှမဟုတ် ထိန်းချုပ်ထားတဲ့တစ်ခြားတပ်ဖွဲ့တွေက ဥပဒေစိုးမိုးရေးနဲ့အမိန့်အာဏာသက်ရောက်မှုကိုလုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ သမိုင်းမှတ်တမ်းတွေကိုကြည့်ရရင် ဘေးကင်းဇုန်တွေမှာအရပ်သားတွေကိုကာကွယ်ပေးမှုဟာ နည်းပါးပါတယ်။ ဘော့စ်နီးယားဟာဇီဂိုဗီးနာက ဆရီဘရန်နီကာကနေ ရ၀မ်ဒါက ကီဘီဟိုနဲ့ သီရိလင်္ကာက မူလိုင်းတီဗူထိ ဖြစ်ပါတယ်။
ဘော့စ်နီးယားဟာဇီဂိုဗီနာ
ကုလငြိမ်းချမ်းရေးတပ်တွေက ဘော့စ်နီးယားမှာ၁၉၉၂-၁၉၉၅ခုနှစ်ထိစစ်ပွဲရဲ့ အကြီးမားဆုံးရက်စက်မှုတွေ အပေါ်မှာ ဆရီဘရန်နီကာမြို့ကိုကာကွယ်ဖို့ပျက်ကွက်ခဲ့ပါတယ်။ ဆရီဘရန်နီကာနဲ့ ဒေသ၀န်းကျင်ကို ၁၉၉၅ ဇူလိုင်အစောပိုင်းမှာဘော့စ်နီးယားဆာ့တပ်ဖွဲ့တွေကိုကျရှုံးစေမှုဟာ ကုလကာကွယ်မှုအောက်မှာ ၁၉၉၃ခုနှစ်ကဘေးကင်းဇုန်တွေအဖြစ်ကြေငြာခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းရဲ့လုံခြုံရေးပေးထားမှုအားနည်းမှုကိုပြသခဲ့တာပဲဖြစ်ပါတယ်။
ကုလငြိမ်းချမ်းရေးတာဝန်ရှိသူတွေက ဘော့စ်နီးယားအရှေ့ပိုင်းနယ်မြေအတွင်းက သူတို့တပ်ဖွဲ့တွေရဲ့ဌာနကနေ ထောက်ပံ့ရေးတောင်းဆိုချက်တွေကိုလည်း အလေးထားဂရုစိုက်ခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့်ပဲ ဘော့စ်နီးယားဆာ့တပ်ဖွဲ့တွေက လွယ်လွယ်ကူကူပဲ ကုလစစ်သားတွေရဲ့ဝင်ရောက်စွက်ဖက်မှုမပါပဲ သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာပဲအမျိုးသားနဲ့ လူငယ်ကောင်လေး၇ထောင်ကျော်အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဘေးကင်းဇုန်ကို သိမ်းပိုက်မှုအတွင်း ဘော့စ်နီးယားဆာ့တပ်ဖွဲ့တွေက အမျိုးသမီးတွေ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို အဓ္ဓမပြုကျင့်မှုတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ တစ်ခြားစော်ကားမှုတွေပြုလုပ်ခဲ့ပါတယ်။ စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကိုလုံလောက်တဲ့ဟန့်တားမှုမရှိမှုနဲ့ရွှေ့ပြောင်းလာသူတွေအတွက်လုံလောက်တဲ့လုံခြုံရေးထောက်ပံ့မှုမရှိပဲ ဘေးကင်းဇုန်တွေဖန်တီးမှုရဲ့ အန္တရာယ်ကို ဆရီဘရန်နီကာကမီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။
သီရီလင်္ကာ ၂၀၀၉ခုနှစ်အစောပိုင်းသီရိလင်္ကာရဲ့ ၂၆နှစ်တာပြည်တွင်းစစ်ရဲ့နောက်ဆုံးလတွေအတွင်း အစိုးရတပ်ဖွဲ့တွေက လူထူထပ်တဲ့နေရာတွေကို အမြောက်ကျည်တွေနဲ့အရမ်းကာရော ထပ်ခါထပ်ခါ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနေရာဟာ တမီလ်ကျားလွတ်မြောက်ရေးတပ်ဖွဲ့ (LTTE) ထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။ နေရာသုံးနေရာကိုအစိုးရကအပစ်အခတ်ရပ်စဲတဲ့နေရာ ဘေးကင်းဇုန် အဖြစ်ကြေငြာခဲ့ပြီး အရပ်သားတွေအဲဒီမှာ အကာအကွယ်ယူဖို့တိုက်တွန်းထားပါတယ်။ အရပ်သားတွေအနေနဲ့အဲဒီနေရာကိုဖြစ်နိုင်သမျှမြန်မြန်သွားဖို့ မှာ သီရိလင်္ကာလေတပ်ကလက်ကမ်းစာစောင်တွေလေယာဉ်နဲ့ကျဲချခဲ့ပါတယ်။ ဒါပေမယ့်အစိုးရတပ်တွေက ဒီနေရာတွေကိုဆက်လက်တိုက်နေခဲ့ပါတယ်။ အရပ်သားတွေအစိုးရထိန်းချုပ်ထားတဲ့နေရာတွေဆီ ထွက်ပြေးမှုကို LTTE ကတားဆီးခဲ့ပြီး သူတို့ကိုလူသားဒိုင်းတွေအဖြစ်အသုံးပြုခဲ့ပါတယ်။
ရက်သတ္တပတ်ပေါင်းများစွာကြာပြီးနောက် သောင်းနဲ့ချီတဲ့သီရိလင်္ကာအရပ်သားတွေဟာ LTTE နယ်မြေတွေမှာသေဆုံးခဲ့ပါတယ်။ အများအပြားဟာဘေးကင်းဇုန်ထဲမှာဖြစ်ပါတယ်။ အဓိကအားဖြင့် သီရိလင်္ကာစစ်တပ်ရဲ့ပစ်ခတ်မှုတွေကြောင့်ဖြစ်ပါတယ်။ အရပ်သားတွေထိခိုက်သေဆုံးမှုကိုစစ်တပ်ကထပ်ခါထပ်ခါငြင်းဆန်ထားပြီး အရပ်သားသေဆုံးမှု မှန်သမျှဟာ LTTE တပ်ဖွဲ့တွေဘေးကင်းဇုန်ထဲမှာတပ်ဖြန့်ထားမှုတွေရဲ့ရလဒ်လို့သာအခိုင်အမာဆိုပါတယ်။
ဘေးကင်းဇုန်ထဲကအရပ်သားတွေဟာ အစားအစာ၊ ရေ၊ နေရာထိုင်ခင်းနဲ့ဆေးဝါးချို့တဲ့မှုတွေ ခံစားခဲ့ရပါတယ်။ ၂၀၀၈ စက်တင်ဘာမှာအစိုးရက လူသားချင်းစာနာထောက်ထားမှုအေဂျင်စီတွေကို LTTE ထိန်းချုပ်ထားတဲ့နေရာတွေကနေ ထွက်ခွာဖို့အမိန့်ပေးဆုံးဖြတ်ခဲ့ပါတယ်။ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ သတိပြုမှုနည်းပါးတာတွေ နဲ့ ထောက်ပံ့ရေးပေးပို့မှုတွေကို အစိုးရကခြယ်လှယ်မှုတွေနဲ့ LTTE တပ်ဖွဲ့တွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေများပြားလာခဲ့ရတာဖြစ်ပါတယ်။

၃။ ဘေးကင်းဇုန်တွေကဘာကြောင့် လုံခြုံမှုမရှိတာလဲ

ဒီဇုန်တွေကိုဖန်တီးခြင်းနောက်ကွယ်က ရည်ရွယ်ချက် ဘာပဲဖြစ်ဖြစ် လုံခြုံရေးဇုန်တွေဟာ လုံခြုံရေးပြသနာတွေကိုဖန်တီးနေသလိုဖြစ်နိုင်ပါတယ်။ ဒီပြသနာတွေကိုကျော်လွှားနိုင်ဖို့ မဖြစ်နိုင်သလိုခက်ခဲမှုလည်းရှိပါတယ်။ ဘေးကင်းဇုန်တွေကြောင့် အရပ်သားအမြောက်အများ အထူးသဖြင့် လူမျိုးစုံ ဘာသာစုံတစ်နေရာတည်းမှာရှိနေတာကြောင့် သူတို့ကိုတိုက်ခိုက်ချင်တဲ့အဖွဲ့တွေအတွက် ရှင်းလင်းတဲ့ ပစ်မှတ်လိုဖြစ်နေပါတယ်။ ဒီနေရာဟာ တိုက်ခိုက်မှုကန့်သတ်ထားတာကြောင့် တိုက်ခိုက်ရေးသမားတွေကိုစွဲဆောင်နေသလိုဖြစ်စေပါတယ်။ အထူးသဖြင့် နိုင်ငံမဲ့လက်နက်ကိုင် အဖွဲ့တွေကြောင့် သူတို့တွေကိုလုံခြုံမှုလျော့နည်းစေပါတယ်။ လုံခြုံရေးဇုန်တွေဟာ လက်နက်ကိုင် တပ်ဖွဲ့တွေလူသူစုဆောင်းဖို့ကြွယ်ဝတဲ့အရင်းအမြစ်ဖြစ်ပါတယ်။ အရပ်သားတွေနဲ့ ကလေးငယ်တွေအတွက် အန္တရာယ်မြင့်မားပါတယ်။
ဘေးကင်းဇုန်တွေဖန်တီးမှုဟာ အရပ်သားတွေဘေးကင်းဇုန်ထဲမှာမနေဖို့အကြံပြုထားသလိုဖြစ်ပါတယ်။ တစ်နည်းအားဖြင့်အထဲကလူတွေထက်ကာကွယ်မှုနည်းပါးတာပဲဖြစ်ပါတယ်။ ဒါဟာတိုက်ခိုက်မှုအန္တရာယ်မြင့်မားစေသလို ဒါမှမဟုတ် ဇုန်အပြင်ဘက်ကသူတွေကိုထောက်ပံ့မှု မရရှိတာပဲဖြစ်ပါတယ်။

၎။ ဘေးကင်းဇုန်တွေသက်ရောက်မှုရှိလား။

ဘယ်လုံခြုံရေးဇုန်မှအောင်မြင်မှုမရှိပါဘူး။ ဒါပေမယ့် အီရတ်မြောက်ပိုင်းကရွှေ့ပြောင်းလာတဲ့ ကာ့ဒ်တွေအတွက် ဘေးကင်းဇုန်ဟာ နှစ်ပေါင်းများစွာရောနှောတဲ့အမြင်တွေရှိခဲ့ပါတယ်။
အီရတ်မြောက်ပိုင်း၁၉၉၁ပင်လယ်ကွေ့စစ်ပွဲမှာ အီရတ်ရှုံးနိမ့်ခဲ့ပြီးနောက် အီရတ်မြောက်ပိုင်းက ကာ့ဒ်တွေဟာ ပုန်ကန်ထကြွမှုရှိခဲ့ပြီး ဗဟိုအစိုးရကရက်ရက်စက်စက်နှိမ်နင်းခဲ့ပါတယ်။ ကာ့ဒ်၎သိန်း၅သောင်းနီးပါးတူရကီကိုထွက်ပြေးဖို့ရည်ရွယ်ခဲ့ပါတယ်။ တူရကီကိုရောက်ရှိသွားတဲ့သူတွေကို တောင်ပေါ်နယ်စပ်ဒေသတွေမှာဖမ်းဆီးခဲ့ပြီး တူရကီစစ်သားတွေကအီရတ်ကိုပြန်ပို့ခဲ့ကြပါတယ်။
၁၉၉၁ခုနှစ် ဧပြီမှာ ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်၆၈၈အောက်မှာ လုပ်ပိုင်ခွင့်ကိုတိုးချဲ့ခဲ့ပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းတွေကို လိုအပ်နေတဲ့အီရတ်နိုင်ငံအစိတ်အပိုင်းအားလုံးမှာ ထောက်ပံ့ပေးမှုတွေပြုလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ အမေရိကန်၊ ဗြိတိန် ပြင်သစ် နဲ့တစ်ခြားမဟာမိတ်တွေဟာ ထောက်ပံ့ရေးအော်ပရေးရှင်းကို အီရတ်မြောက်ပိုင်းကာ့ဒ်နေရာတွေမှာတည်ထောင်ခဲ့ပြီး အစားအစာ နေရာထိုင်ခင်း အ၀တ်အစားတွေကို ကာ့ဒ်တွေထံထောက်ပံ့ကူညီပေးခဲ့ပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့က လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ခဲ့ပါတယ်။ အခြေအနေတိုးတက်လာတဲ့အခါ အီရတ်အစိုးရက ဘေးကင်းဇုန်တည်ထောင်ထားမှုဟာ အီရတ်ရဲ့အချုပ်အခြာပေါ်မှာ ထိပါးတယ်ဆိုပြီး ၁၉၉၁ ဧပြီမှာဘေးကင်းဇုန်ထဲ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်၂၀၀ဖြန့်ကျက်ခဲ့ပါတယ်။ ဇူလိုင်မှာ ကုလလေ့လာရေးပညာရှင် ၅၀၀ရောက်ရှိလာပြီး အီရတ်တပ်ဖွဲ့တွေကို အမှတ်၆၈၈ဆုံးဖြတ်ချက်နဲ့စစ်ဆေးခဲ့ပါတယ်။ အောက်တိုဘာမှာ အီရတ်တပ်ဖွဲ့တွေက မြောက်ပိုင်းပြည်နယ်တွေကနေဆုတ်ခွာသွားခဲ့ပါတယ်။
၁၉၉၂ခုနှစ်မှာ ကာ့ဒ်အလုပ်သမားပါတီ(PKK)ပုန်ကန်သူတွေက အီရတ်မြောက်ပိုင်းမှာပုန်းနေတယ်လို့ တူရကီအစိုးရကယူဆပြီး သူတို့ကိုတိုက်ခိုက်ဖို့စစ်တပ်စေလွှတ်ခဲ့ပါတယ်။ ၁၉၉၅ခုနှစ်မှာ ထပ်တိုးတပ်ဖွဲ့ဝင်၃သောင်း၅ထောင်ကို ဘေးကင်းဇုန်ထဲစေလွှတ်ခဲ့ပြီး တူရကီလေတပ်က ဒေသထဲက PKK ပစ်မှတ်တွေကိုဗုံးကျဲနိုင်ခဲ့ပါတယ်။ တူရကီရဲ့ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပြည်တွင်းတိုက်ပွဲတွေက ဒေသတွင်းလုံခြုံရေးကိုခြိမ်းခြောက်ခဲ့ပြီး အလုပ်လုပ်ကိုင်ဖို့နဲ့ ကျေးရွာပြန်လည်တည်ဆောက်ရေးအခြေအနေတွေ လျော့နည်းစေခဲ့ပါတယ်။
၁၉၉၆ခုနှစ်မှာ မြောက်ပိုင်းဒေသတွေမှာဘယ်နိုင်ငံတကာစစ်တပ်မှကျန်ရှိခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့်မပျံသန်းရဇုန်ကတော့ဒီအတိုင်းကျန်ရှိနေခဲ့ပါတယ်။ အီရတ်အစိုးရတပ်ဖွဲ့ဝင်တွေက အာဘီလ်မြို့ကို ၁၉၉၆ခုနှစ် သြဂုတ်၃၁ရက်နေ့မှာဝင်ရောက်လာခဲ့ပြီး လူပေါင်းရာနဲ့ချီပြီးဖမ်းဆီးခဲ့သလို တစ်ခြားသူတွေကိုသုတ်သင်ခဲ့ပါတယ်။ အီရတ်အေးဂျင့်တွေက လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းတွေရဲ့ရုံးတွေမှာ ကိုယ်ရေးကိုယ်တာဖိုင်တွေကိုရှာဖွေခဲ့သလို ကွန်ပြူတာတွေကိုလည်းသိမ်းယူခဲ့ပြီး ၀န်ထမ်းတွေကိုလည်းခြိမ်းခြောက်ပြီးစစ်ဆေးမေးမြန်းခဲ့ပါတယ်။ အခြေအနေဟာ ကာ့ဒ်အများအပြားနဲ့ အမေရိကန်ထောက်ပံ့ရေးအေဂျင်စီတွေနဲ့သူတို့မိသားစုတွေ အတွက်အန္တရာယ်ရှိတဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်အမေရိကန်အစိုးရက လူပေါင်း၆၅၀၀ကိုရွှေ့ပြောင်းကယ်ဆယ်ခဲ့ပါတယ်။
နိုင်ငံခိုလှုံခွင့်တောင်းခံမှုအခွင့်အရေးအပေါ်မှာတူရကီရဲ့ချိုးဖောက်မှုအပါအ၀င် ဒီလိုမအောင်မြင်မှုတွေရှိပေမယ့်လည်း ထောက်ပံ့ရေးအော်ပရေးရှင်းကို သက်ရောက်မှုအရှိဆုံး ဒါမှမဟုတ် အနည်းငယ်ဆိုးရွားမှုတွေအဖြစ် လေ့လာသူတွေကအမျိုးမျိုးဝေဖန်ခဲ့ကြပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ တူရကီဝင်ရောက်မှုကနေ ရွှေ့ပြောင်းလာတဲ့အီရတ်တွေကိုကာကွယ်ဖို့ လုပ်ဆောင်ခဲ့ရမှာလို့ဝေဖန်ခဲ့ကြပါတယ်။

၅။ လူတွေကိုဘေးကင်းဇုန်ဆီပို့ဆောင်ရင်း နိုင်ငံတွေက ဒုက္ခသည်ကာကွယ်ရေးကိုငြင်းဆန်နိုင်သလား။

လက်နက်ကိုင်တိုက်ပွဲတွေ ဖိနှိပ်မှုတွေကနေထွက်ပြေးလာကြတဲ့လူတွေကို နိုင်ငံတကာဒုက္ခသည် ကာကွယ်ရေးအတွက်မျှော်လင့်ရင်းကနေ ဘယ်တော့မှတားဆီးမထားသင့်ပါဘူး။ အစိုးရများက အပြန်အလှန်အနေနဲ့ နယ်စပ်တစ်လျှောက်ဖန်တီးထားတဲ့ပြည်တွင်းဘေးကင်းဇုန်တွေမှာ ဒုက္ခသည်တွေ အတွက် သူတို့နယ်စပ်တွေကိုပိတ်ဆို့ထားခြင်းမလုပ်သင့်ပါဘူး။ နိုင်ငံတွေဟာ နိုင်ငံတကာဒုက္ခသည် ဥပဒေအောက်မှာ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့လူတွေထွက်ပြေးလာမှုအတွက် သူတို့နယ်စပ်တွေ ကိုဖွင့်ထားဖို့ တာဝန်ရှိပါတယ်။ အနည်းဆုံးသူတို့အတွက် ဖိနှိပ်မှုမပါပဲယာယီ အခြေခံထောက်ပံ့မှုတွေနဲ့ ကာကွယ်ပေးမှုတွေထောက်ပံ့ထားရမှာဖြစ်ပါတယ်။ တစ်ခြားအစိုးရတွေ အနေနဲ့လည်း လိုအပ်လာရင် အိမ်ရှင်အဖြစ်လက်ခံပြီးစောင့်ရှောက်မှုပေးဖို့တာဝန်ရှိပါတယ်။ နိုင်ငံထဲဝင်ရောက်လာတဲ့ဒုက္ခသည်တွေကိုအတင်းပြန်မောင်းထုတ်တဲ့ဘယ်အစိုးရမဆို နိုင်ငံတကာဒုက္ခသည်ဥပဒေအောက်ကတာဝန်ကိုချိုးဖောက်တာပဲဖြစ်ပါတယ်။
ဒုက္ခသည်တွေအတွက်သူတို့နယ်စပ်ကိုဖွင့်ထားဖို့က အိမ်နီးချင်းနိုင်ငံတွေအတွက်အကျပ်အတည်းဖြစ်စေပါတယ်။ တစ်ခြားအစိုးရတွေက အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခသည်တွေစုပြုံကျမှုကိုကိုင်တွယ်ဖို့နဲ့ ဘေးကင်းလုံခြုံစေဖို့ ဒုက္ခသည်တွေပြန်လည် အခြေချဖို့တရားဝင်လမ်းကြောင်းတွေရရှိသေချာစေဖို့ နိုင်ငံတကာအေဂျင်စီတွေရဲ့ ရန်ပုံငွေတောင်းခံမှုတွေနဲ့ ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းက တိုက်ရိုက်ဒါမှမဟုတ်သွယ်ဝိုက်ပြီး နယ်စပ်တွေပိတ်ဖို့ထောက်ပံ့မှုတွေ ဘေးကင်းဇုန်တွေတည်ထောင်မှုတွေ ဒါမှမဟုတ် တစ်ခြားအနေနဲ့နိုင်ငံတွင်းကဒုက္ခသည်စခန်းတွေက နယ်စပ်တွေဖွင့်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ သဘောမျိုးဆိုရင် ကမ္ဘာပေါ်ကတစ်ခြားနိုင်ငံတွေအတွက် ဒုက္ခသည်အမြောက်အများဝင်ရောက် လာနိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်ရပြီး အန္တရာယ်ရှိတဲ့မက်ဆေ့တစ်ခုဖြစ်သွားစေမှာပါ။

၆။ နှစ်ဖက်အဖွဲ့က ဘေးကင်းဇုန်တွေအတွက်သဘောတူညီချက်ရရင် ဘေးကင်းအောင်ဘယ်လိုဖန်တီးမလဲ

ဘေးကင်းဇုန်သမိုင်းမှတ်တမ်းတွေအရ ဒီဇုန်တွေဟာဘယ်တော့မှလုံခြုံမှုမရှိတာကိုပြသနေပါတယ်။ အရပ်သားတွေကို ကြီးမားတဲ့ဘေးကင်းလုံခြုံရေးပေးထားတယ်ဆိုရင်တောင် ကုန်ကျမှုတွေရှိလာမှာပါ။ ဒါဟာထောက်ပံ့ရေးပေးပို့မှုတွေကိုပိတ်ဆို့ဖို့ ပိုမိုလွယ်ကူလာနိုင်ပါတယ်။ နိုင်ငံခိုလှုံခွင့်တောင်းခံဖို့တွေဟာလူတွေအတွက်လွှမ်းမိုးမှုခံစားရလာစေပြီး နိုင်ငံတကာနယ်စပ် တစ်ခု ကိုဖြတ်ကျော်ဖို့အခွင့်အရေးနည်းပါးစေပြီး အရပ်သားတွေဟာ ဘေးကင်းဇုန်ထဲမှာလုံခြုံမှုမရှိပဲ အန္တရာယ်များနိုင်ပါတယ်။ ဒါပေမယ့်လည်း ဘေးကင်းဇုန်တွေဟာ အောက်မှာဖော်ပြမဲ့ အချက်အလက်တွေပေါ်မှာ သဘောတူညီချက်ရရှိတယ်ဆိုရင် ဒီအန္တရာယ်တွေကိုလျော့နည်း သွားစေမှာဖြစ်ပါတယ်။
A ဘေးကင်းဇုန်တွေဟာလုံလောက်တဲ့ကာကွယ်မှုရှိရမှာဖြစ်ပါတယ်။ လက်နက်ကိုင်မရှိတဲ့ဇုန် ဖန်တီးမှုနဲ့တင်မလုံလောက်ပါဘူး။ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်တွေကိုပိတ်ပင်မှုဟာ စိတ်မချရပဲ အမုန်းတရားကိုဖွင့်ထားတဲ့အခြေအနေတွေမှာ အန္တရာယ်ရှိနေပါတယ်။ ကိုယ့်ဘာသာကိုယ်မပျံသန်းရဇုန်သတ်မှတ်ထားမှု မြေပြင်တပ်ဖွဲ့တွေမ၀င်ရောက်ဖို့ ဒါတွေဟာ ဘေးကင်းဇုန်ကိုကာကွယ်ဖို့အားနည်းချက်ဖြစ်စေပါတယ်။ ဘေးကင်းဇုန်တည်ထောင်ဖို့ဘယ်သဘောတူညီချက်မဆိုဘေးကင်းဇုန်ထဲမှာအရပ်သားတွေကိုကြမ်းကြမ်း တမ်းတမ်းကာကွယ်ဖို့အတွက် စီစဉ်ထားရှိတဲ့ခိုင်မာတဲ့စည်းမျဉ်းတွေနဲ့အတူ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေ ထိရောက်တဲ့လုံလောက်တဲ့အရေအတွက်ရှိစေဖို့ သေချာဆောင်ရွက်ဖို့လိုအပ်မှာဖြစ်ပါတယ်။ အရပ်သားတွေဘေးကင်းဇုန်ကိုရောက်ရှိဝင်ရောက်ဖို့ ထွက်ခွာဖို့ကြိုးစားတဲ့နေရာမှာ ကူညီပေးနိုင်ဖို့တွေ လိုအပ်မှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေ အနေနဲ့လက်နက်ကိုင်ဆောင်ထားရမှာဖြစ်ပြီး ဖြစ်လာနိုင်တဲ့ တိုက်ခိုက်မှုတွေ ကို တန်ပြန်နိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ တပ်ဖွဲ့တွေထောက်ပံ့ထားတဲ့နိုင်ငံတွေအနေနဲ့ ကာလတစ်ခု ထိဆောင်ရွက်ရမှာဖြစ်သလိုဖြစ်လာနိုင်တဲ့ထိခိုက်ဆုံးရှုံးမှုတွေအပေါ်မှာလက်ခံနိုင်ရမှာဖြစ်ပါ တယ်။ ဒီတပ်ဖွဲ့တွေက နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနဲ့ လူ့အခွင့်အရေးဥပဒေတွေကိုလေးစားလိုက်နာ ရမှာဖြစ်ပါတယ်။
B စစ်ပွဲမှာပါဝင်တဲ့တပ်ဖွဲ့တွေက ဘေးကင်းဇုန်တွေဖန်တီးထားမှုကိုသတိထားရမှာဖြစ်ပြီး ဇုန်ထဲကနေအပြင်ကိုအရပ်သားတွေမထွက်ခွာရအောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဘေးကင်းဇုန်ထဲမှာကျန်ရှိနေတာက အရပ်သားတွေဖြစ်ပြီးသူတို့ကိုပစ်မှတ်ထားတိုက်ခိုက်မှုကို တားမြစ်ထားပါတယ်။
C ဘေးကင်းဇုန်တွေရဲ့ပေါင်းစပ်ဖွဲ့စည်းမှုနဲ့ အရွယ်အစားကိုသင့်တင့်အောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပဋိပက္ခထဲကဆန့်ကျင်ဘက်တွေအပါအ၀င် မတူကွဲပြားတဲ့လူမျိုး ဘာသာအဖွဲ့အစည်းတွေရောနှောနေမှုက ဇုန်ကိုတိုက်ခိုက်ခံရမှုလျော့နည်းစေမှာလား ဒါမှမဟုတ် အတွင်းပိုင်းလုံခြုံရေး အန္တရာယ်ပြသနာတွေ ဖန်တီးစေမှာလား။ သေးငယ်တဲ့ဇုန်တွေက ကြီးမားတဲ့ဇုန်တစ်ခုထက် ပိုပြီးတော့ကာကွယ်ဖို့ လွယ်ကူစေမှာလား။ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေကို ဗဟိုအ၀န်း အပြင်ဘက် ဒါမှမဟုတ် ဇုန်ထဲမှာ ဖြန့်ကျက်ချထားစေမှာလား။
D ဘေးကင်းဇုန်တွေက လွတ်လပ်စွာသွားလာခွင့်ကိုထိခိုက်မှုမရှိစေရပါဘူး။ ဘေးကင်းဇုန်တစ်ခုက အရေးအခင်းဇုန်တွေကနေထွက်ပြေးလာတဲ့လူတွေရဲ့အခွင့်အရေးကိုချိုးဖောက်မှုမရှိစေရပါဘူး။ဇုန်ထဲကနေ ၀င်ရောက်တာ ထွက်ခွာတာကိုဘယ်လိုစည်းမျဉ်းထားလဲ။ လွတ်လပ်စွာသွားလာခွင့်ရှိတယ်ဆိုရင် လူပေါင်းရာချီဝင်တာထွက်တာမျိုးအတွက် ဖြစ်လာနိုင်တဲ့အရေးပေါ်အစီအစဉ်တွေကဘာတွေလဲ။ ဒါမှမဟုတ် ဘေးကင်းဇုန်ထဲကနေထိုင်သူတွေက နေရာရွှေ့ပြောင်းဖို့ဖိအားပေးခံရရင်ကော။
E ဘေးကင်းဇုန်ထဲမှာ ဥပဒေစိုးမိုးရေးနဲ့သက်ရောက်မှုရှိဖို့သေချာဆောင်ရွက်ရမှာဖြစ်ပါတယ်။ အမျိုးမျိုးသောအစိတ်အပိုင်းတွေကို အစိုးရအေဂျင်စီအချင်းချင်းနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့အတူအနီးကပ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အမျိုးသမီးများအပါအ၀င် သက်ရောက်မှုရှိတဲ့လူထုရဲ့ကိုယ်စားလှယ်တွေလည်းပါဝင်ရမှာဖြစ်ပါတယ်။ သဘောတူလက်ခံထားတဲ့တည်ထောင်မှုတွေက ပြည်တွင်းလုံခြုံရေးနဲ့ လူထုရဲ့လုံခြုံရေးအတွက် ထောက်ပံ့မှုပေးဖို့ ရွှေ့ပြောင်းသူတွေအတွက်ဘယ်နေရာမှာမဆို အသုံးပြုရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကနေ ကာကွယ်ဖို့အဖွဲ့အစည်းကွန်ရက်ကို ဖန်တီးရမှာဖြစ်ပါတယ်။
F ဘေးကင်းဇုန်ထဲကလူတွေကိုထောက်ပံ့ကူညီဖို့အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်တဲ့အေဂျင်စီတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအတွက် အပြည့်အ၀အဟန့်အတားမဲ့တဲ့လူသားချင်းစာနာထောက်ပံ့ရေးတွေကို အဖွဲ့အစည်းတွေကရှင်းရှင်းလင်းလင်းစီစဉ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဒီအချက်အတွက် သဘောတူခွင့်ပြုချက်ပြင်ဆင်ထားသင့်ပါတယ်။ ထောက်ပံ့ရေးပေးပို့မှုတွေအနေနဲ့ မလိုလား အပ်တဲ့နောက်ကျမှုတွေမဖြစ်စေဖို့ တားမြစ်ချက်တွေကိုစစ်ဆေးရမှာဖြစ်သလို အလျင် အမြန်ဖြေရှင်းဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။ ကုလလုံခြုံရေးကောင်စီဖန်တီးထားတဲ့ ဘေးကင်းဇုန်နေရာတွေမှာ အစိုးရသဘောတူညီချက်မပါရှိပေမယ့်လည်း ကုလစာတမ်းရဲ့ အခန်း၇အောက်မှာ မပိတ်ပင်ထားတဲ့လူသားချင်းစာနာထောက်ပံ့ရေးတွေကိုပေးအပ်ထားရမှာဖြစ်ပါတယ်။
HRW သတင်းဌာနပါ “Q & A Safe Zones and the Armed Conflict in Syria” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media)ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.