08 April, 2017

ဖုန်းဖြင့် မီး အဖွင့်အပိတ်ပြုလုပ်နိုင်သည့် ဆော့ဖ်ဝဲကို ဗြိတိန်မွတ်စလင် လူငယ်တစ်ဦး တီထွင်

ဧပြီ ၈၊ ၂၀၁၇
ရင်းနှီးမြှုပ်နှံသူများနှင့် စကားပြောဆိုနေသည့် ယာစီရ်

– နေအိမ်မီးတွေကို မိုဘိုင်းဖုန်းကနေ ဖွင့်နိုင်ပိတ်နိုင်တဲ့ အက်ပလီကေးရှင်း တစ်ခုကို တီထွင်ခဲ့တဲ့ ဗြိတိန်-ပါကစ္စတန် မွတ်စလင် လူငယ်လေး တစ်ဦးဟာ ကန်ဒေါ်လာ ၁.၂ သန်းတန် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း တစ်ခုကို ရရှိခဲ့ပါတယ်။
အသက် ၂၁ ရက်အရွယ် ယာစီရ် ခက်တက်ဆိုသူဖြစ်ပြီး သူဟာ Den လို့ခေါ်တဲ့ နည်းပညာကုမ္ပဏီရဲ့ စီအီးအိုလည်းဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်ရဲ့ ညတစ်ညမှာ GCSEs စာမေးပွဲအတွက် စာကျက်နေရင်း မိုဘိုင်းဖုန်းအသုံးပြုကာ ဖွင့်နိုင်ပိတ်နိုင်မယ့် မီးခလုပ်နဲ့ အထိုင်ခွက်တစ်ခုကို တီထွင်ဖန်တီးဖို့ စိတ်ကူးရလာတာဖြစ်တယ်လို့ သူ့ရဲ့ ကုမ္ပဏီဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဆန်းသစ်ပြီး ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားထားတဲ့ ပစ္စည်းတွေကို ဖန်တီးထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ စွမ်းအင် ပိုပြီးချွေတာနိုင်တဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့ ဖန်တီးချင်တယ်။ Den က ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုကနေတစ်ဆင့် ဒီရည်ရွယ်ချက်ကို အမှန်တကယ်ဖြစ်လာအောင် ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ Den ၏ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ယာစီရ်တီထွင်တဲ့ ဒီ အက်ပလီကေးရှင်းဟာ စွမ်းအင်သုံးစွဲမှု ပမာဏကို တွက်ချက်နိုင်ပြီး၊ အသုံးပြုသူကို ဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင် သတိပေးမှုတွေလည်း ပြုလုပ်နိုင်ပါတယ်။ ပြီးတော့ စွမ်းအင်ကို ချွေတာနိုင်မှာဖြစ်သလို၊ အက်ပလီကေးရှင်းကနေတစ်ဆင့် ဘေးအန္တရာယ်ကင်းရှင်းရေး သတိပေးချက်တွေ ကို ပေးပို့မှာ ဖြစ်ပါတယ်။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.