15 April, 2017

၂၄ နာရီအတွင်း အားကောင်းသည့်မုန်တိုင်း မြန်မာကို ဦးတည်နေဟု မိုးဇလ သတင်းထုတ်ပြန်

17951607_794758177345929_2382430731352943076_n
ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ ၂၄ နာရီအတွင်း အားကောင်းတဲ့ မုန်တိုင်း ဖြစ်လာတော့မယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။
မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ မွန်းလွဲ ၁ နာရီအချိန်ထုတ်ပြန်ချက်မှာ အားအောင်းတဲ့ မုန်တိုင်းဖြစ်လာပြီး မြန်မာပြည်ဘက်ကို ဦးတည်နေလို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားတယ်လို့ ဖော်ပြပါတယ်။
မုန်တိုင်းဟာ လတ်တလော မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် မိုင် ၂၄၀ ခန့်၊ ပုသိမ်မြို့ရဲ့ အနောက်တောင် ဘက် မိုင် ၃၈၀ ခန့်၊ သံတွဲမြို့ရဲ့ အနောက်တောင်ဘက် ၄၃၅ မိုင်ခန့်နှင့် ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၄၅၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကတော့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ ၂၄ နာရီအတွင်း အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ဖို့ အလားအလာ အလွန်မြင့်မားနေတယ် လို့ သူ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.