• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

30 December, 2017

ရိုဟင်ဂျာ အရေးကို မဖြေရှင်းနိုင်ရင် အကြမ်းဖက် ၀ါဒမြင့်တက် လာနိုင်တဲ့ အန္တရာယ်တွေ ရှိနေတယ်လို့ UNHCR သတိပေး

ဒီဇင်ဘာ ၂၉၊ ၂၀၁၇                                                                                           
Myanmar Muslim Media
ရိုဟင်ဂျာအရေးကိုမဖြေရှင်းနိုင်ဘူးဆိုရင် မြန်မာနိုင်ငံနှင့် ဒေသတွင်းမှာ အကြမ်းဖက်ဝါဒမြင့်မားလာနိုင်တဲ့ အန္တရာယ် တွေရှိနိုင်တယ်လို့ ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပိုဂရန်ဒီက ဗုဒ္ဓဟူးနေ့ကသတိပေး ပြောကြားခဲ့ပါတယ်။
ဂရန်ဒီဟာ မကြာသေးမီက ရိုဟင်ဂျာဒုက္ခသည်၈သိန်း ကျော်ရှိတဲ့ဘင်္ဂလားဒေ့ရှ်က Cox’s Bazar ဆီမကြာသေးမီကသွားရောက်ခဲ့ပါတယ်။ အဲဒီထဲမှာ ဒုက္ခသည်၎သိန်း၅သောင်းကျော်ဟာ မြန်မာနိုင်ငံကဖိနှိပ် အကြမ်းဖက်မှုတွေကြောင့်မကြာသေးမီကမှထွက်ပြေးလာခဲ့ကြတာဖြစ်ပြီး ဒီဒုက္ခသည်အရေးမတိုင်ခင်က ရိုဟင်ဂျာ၃သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်ကိုရောက် ရှိပြီးဖြစ်ပါတယ်။ ဒုက္ခသည်အများစုဟာ အမျိုးသမီး တွေနဲ့ကလေးငယ်တွေဖြစ်ကြပါတယ်။ အများအပြားဟာစိတ်ဒဏ်ရာတွေနက်နက်ရှိုင်းရှိုင်းရရှိခဲ့ပါတယ်။ ဂရန်ဒီဟာ အဓ္ဓမပြုကျင့်ခံခဲ့ရတဲ့အမျိုးသမီးတွေနဲ့ မိသားစုဝင်တွေ သူငယ်ချင်းတွေအသတ်ခံခဲ့ရတာကို မြင်တွေ့ခဲ့တဲ့ ကလေးငယ်တွေနဲ့စကားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
“လူများတဲ့အရပ်မှာအကန့်အသတ်ကျန်းမာရေးစောင့်ရှောက်မှုတွေ သန့်ရှင်းမှုမရှိမှုတွေနဲ့ ၀မ်းရောဂါအခြေအနေ တွေ ပေါင်းစပ်လိုက်တော့ ကောင်းကောင်းခန့်မှန်း နိုင်ပါတယ်။ ဘေးကပ်တွေပဲဖြစ်ပေါ်လာနိုင်ပါတယ်” လို့ဂရန်ဒီကဆိုပါတယ်။ သြဂုတ်လတုန်းက မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေကို ရိုဟင်ဂျာသောင်းကျန်းသူ တွေသတ်ဖြတ် မှုကို သူကရှုတ်ချလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆင်းရဲမွဲတေမှု နဲ့ ဖိနှိပ်မှုတွေကနေ အကြမ်းဖက်ဝါဒပေါက်ဖွားလာဖို့ အချိန်အတိုင်းအတာတစ်ခုပဲရှိတော့တယ်လို့ သူကထပ်ဖြည့် ပြောကြားထားပါတယ်။
“အနေအထားဟာ အကြမ်းဖက်ဝါဒပေါက်ဖွားလာဖို့ များနေပါတယ်။ ဒါကြောင့်ဒီအရေးကိုထုတ်ဖော်မေးခွန်း ထုတ်ရမှာပဲဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအတွက်တင်မကပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွက်တင်သာမကပဲ ဒေသတွင်း တစ်ခုလုံးအတွက်ဖြစ်ပါတယ်။ အကြောင်းကဒီအခြေအနေကိုမဖြေရှင်းနိုင်ခဲ့ရင် ဒေသတွင်း တစ်ခုလုံးအကြမ်းဖက်မှုနဲ့ အကြမ်းဖက် ၀ါဒ ပျံ့နှံ့လာနိုင်တဲ့အန္တရာယ်တွေရှိနေပါတယ်။ ဒါဟာအထူးသဖြင့် ဒီဒေသတွင်းမှာအရမ်းကို မြင့်မားနေပါတယ်။” လို့ဂရန်ဒီကဆိုပါတယ်။
ဂရန်ဒီဟာ ရိုဟင်ဂျာတွေရဲ့နိုင်ငံမဲ့အနေအထား ကိုမြန်မာ အာဏာပိုင်တွေနဲ့ ဖော်ပြသွားနိုင်ဖို့မျှော်လင့်နေပြီး နောက်တစ်ပတ်ဂျနီဗာညီလာခံကိုတက်ရောက်ဖို့စီစဉ်ထားရှိပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံရဲ့ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားအဖြစ်ငြင်းဆန်ထားခံရပြီး။ သူတို့ရဲ့စာပေသင်ကြားခွင့် အလုပ်လုပ်ခွင့် ခရီးသွား လာခွင့် အိမ်ထောင်ပြုခွင့် သူတို့ရဲ့ဘာသာရေး ၀တ်ပြုမှုတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ တင်းကျပ်ခံထားရတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာ ရေးအဖွဲ့ကဖော်ပြထားပါတယ်။ အများအပြားဟာ စုစည်းထားတဲ့ဒုက္ခသည်စခန်းတွေမှာနေထိုင်နေရပါတယ်။
အခြေအနေဟာ လူမျိုးတုံးသုတ်သင်မှုစံပြဥပမာလို့ ကုလလူ့အခွင့်အရေးအကြီးအကဲ ဇီယက်ရာဒ်အဲလ်ဟူစိန် က မကြာသေးမီက ပြောကြားခဲ့ပါတယ်။
VOA သတင်းဌာနပါ Lisa Schlein ရေးသားသည့် “UNHCR :Risk of Terrorism Very Very High if Rphingya Crisis Persists” အမည်ဖြင့် ဖော်ပြထားသည့် သတင်းကိုညောင်နီရွက် (Myanmar Muslim Media) က မြန်မာ ဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။
Share:

28 December, 2017

ရခိုင်မြောက်ပိုင်းကျေးရွာ မွတ်စလင်မိသားစု စာရင်းကောက်

28 ဒီဇင်ဘာ၊ 2017
ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင် အများစုနေတဲ့ နေရာတွေမှာ သုံးမျိုးစာရင်းစစ်ဆေးတဲ့ အိမ်ထောင်စု စာရင်းကောက်ခံမှုတွေကို သက်ဆိုင်ရာက လုပ်ဆောင်နေပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကနေ တရားမဝင် ဝင်ရောက်လာနိုင်သူတွေကို စိစစ်နိုင်အောင် ရည်ရွယ်လုပ်ဆောင်နေတာဖြစ်ပြီး ၁၉၉၃ ခုနှစ် နောက်ပိုင်းထဲက ပုံမှန်လုပ်နေတာဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အကြီးအကဲ က ဗီအိုအေ ကို ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းကပြောပြပေးမှာပါ။
ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင် မောင်းတော ရသေ့တောင်နယ်မြေအတွင်းက ရွာတွေမှာနေထိုင်ကြတဲ့ မွတ်ဆလင်မိသားစုဝင်တွေကို သုံးမျိုးစာရင်းစစ်ဆေးခြင်းလို့ခေါ်တဲ့ အိမ်ထောင်စုစာရင်းကောက်ခံခြင်းကို အခုလဒီဇင်ဘာ ၁၆ ရက်နေ့ကစတင်ပီး စစ်တမ်းကောက်ခံနေတာဖြစ်ပါတယ်။ သုံးမျိုးစာရင်းစစ်ဆေးခြင်း လုပ်ငန်းဆိုတာကတော့ ကျေးရွာမြေပုံရေးဆွဲပီး နေအိမ်ရယ်၊လူပုဂ္ဂိုလ်ရယ်ဓာတ်ပုံရယူထားပီး အိမ်ထောင် စုစစ်ဆေး တာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထွဋ် က ပြောပါတယ်။
“ အိမ်ထောင်စု လူဦးရေစာရင်း စစ်ဆေးတာပါ။”
လက်ရှိမှာတော့ အိမ်ထောင်စု ၃၈၃ စုကို စစ်ဆေးပြီးသွားပြီလို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ သြဂုတ်လကုန်ပိုင်းက မောင်တောခရိုင်ထဲက လုံခြုံရေးကင်းစခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း နယ်မြေ ရှင်းလင်းရေးတွေလုပ်ဆောင်ရာကစလို့ ရခိုင်ပြည် နယ်မြောက်ပိုင်းက အစ္စလာမ်ဘာသာဝင်အမြောက်အများ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကို ထွက်သွားကြပါတယ်။ အခုအစိုးရက ဆောင်ရွက်နေတဲ့ သုံးမျိုးစာရင်း ကောက်ခံခြင်း လုပ်ငန်းဟာ လာမယ့် ၂၀၁၈ မတ်လမှ ပီးမှာဖြစ်တဲ့အတွက် လက်ရှိမြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ အရေအတွက် ကိုတော့ အဲဒီအခါကျမှဘဲစာရင်းအတိအကျ သိရမှာဖြစ်တယ်လို့ ဦးကျော်ထွဋ်က ပြောပါတယ်။
အခုလို ၃ မျိုး စာရင်းကောက်ခံမှုကို ဘင်္ဂလားဒေရှ့် မြန်မာနယ်စပ်ဒေသမှာသာ ကောက်ခံတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်က တရားမဝင် လာသူတွေ ၀င်လာခဲ့ရင် ရှာလို့ မလွယ်တဲ့အတွက် အခုလို စာရင်းကောက်ခံ မှတ်သားထားတာဖြစ်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန က အမြဲတန်းအတွင်းဝန် ဦးမြင့်ကြိုင်က ဗွီအိုအေကို ပြောပါတယ်။
“ခိုးဝင်နိုင်တဲ့သူ နောက်ထပ် ဘင်္ဂလားဒေ့ရှ်ကလူတွေလာရောရင် သူတို့က အသားအရောင်လည်းတူတယ်၊ စကားပြောတာလည်းတူတယ်၊ ယဉ်ကျေးမှုကလည်းတူတယ်။ လာရောရင် ကျနော်တို့က ရှာဖွေတွေ့ဖို့ မလွယ်ဘူး။ အဲဒါကြောင့် ဓါတ်ပုံနဲ့ မှတ်တမ်းတင်ထားတာဗျ။”
အခုနှစ် သြဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်သွားကြတဲ့ အစ္စလာမ် ဘာသာဝင်တွေ ကို နှစ်နိုင်ငံ သဘောတူညီချက်အရ လာမယ့်ဇန်န၀ါရီလ ၂၃ရက်နေ့မှာ စတင်လက်ခံ သွားနိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။ ဒုက္ခသည်တွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ပြောပေမဲ့ မြန်မာအစိုးရ ကတော့ ရခိုင်ပြည်နယ်က မွတ်စလင်တွေအဖြစ် သတ်မှတ်ခေါ်ဆိုပါတယ်။
Share:

ကုလဆုံးဖြတ်ချက်အပေါ် အီရန်နဲ့ တရုတ် သဘောထား ကွဲပြား

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မဲခွဲစဉ်မှာ ကြားနေ ခဲ့တဲ့ အီရန်နိုင်ငံက သူတို့ရပ်တည်ချက်ကို ပြောင်းလဲပြီး ထောက်ခံမဲပေးကြောင်း အင်္ဂါနေ့ မနေ့က ကြေညာ လိုက်ပါတယ်။ 
အထွေထွေညီလာခံမှာ လူမှုရေး၊ လူသားချင်းစာနာမှု နဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပြဌာန်းလေ့ရှိတဲ့ တတိယကော်မတီက မြန်မာအာဏာပိုင်တွေကို ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးတွေရပ်ဆိုင်းပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေကို လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ သွားရောက်ပေးအပ်ခွင့်ပေးဖို့ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အီရန်နိုင်ငံက တခြားနိုင်ငံ ၃၆ နိုင်ငံနဲ့အတူ ကြားနေခဲ့ပါတယ်။
အဲဒီလိုကြားနေခဲ့တာဟာ တတိယကော်မတီက နှစ်ပေါင်း များစွာကျင့်သုံးခဲ့တဲ့ ခွဲခြားဆက်ဆံမှုတွေ နိုင်ငံရေးပါတဲ့ ပြုမူချက်တွေကို ဆန့်ကျင်တဲ့အတွက်ဖြစ်တယ်လို့ အီရန် ကိုယ်စားလှယ်က စောစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံအပေါ် ပြစ်တင်ရှုတ်ချလေ့ရှိတဲ့ တတိယ ကော်မတီရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို မိမိတို့ ဆန့်ကျင်ခဲ့တာ အနှစ် ၃ဝ ရှိပြီဖြစ်ပါတယ်၊ ဒါပေမဲ့ ကမ္ဘာတဝှမ်းက မွတ်စလင်အားလုံးရဲ့ အခွင့်အရေး တွေအတွက် ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ကုလသမဂ္ဂကို အင်္ဂါနေ့မှာ တရားဝင်အကြောင်းကြားစာ ပို့လိုက်ပါတယ်လို့ အီရန်နိုင်ငံခြားရေးဌာနက ကြေညာ ခဲ့ပါတယ်။
တယ်ရန်း (Tehran ) မြို့က ရရှိတဲ့ တခြားသတင်း တပုဒ် မှာတော့ တနင်္ဂနွေနေ့က အခုလိုကြားနေမဲ ပေးခဲ့တာဟာ အီရန်နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂ ဆိုင်ရာ အီရန်ကိုယ်စားလှယ်အဖွဲ့အကြား ညှိနိုင်း ဆောင်ရွက်မှု အားနည်းတဲ့အတွက် ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ကန့်ကွက်အရေးယူဖို့ အီရန်အစိုးရက ရှေးဦးကတည်းက မူဝါဒ ချမှတ်ထား ပြီးဖြစ်ပေမယ့် တတိယကော်မတီ ဆုံးဖြတ်ချက်တွေကို အစဉ်အလာ အတိုင်း ကန့်ကွက်လေ့ရှိတဲ့ နယူးယောက် မြို့ရှိ အီရန်ကိုယ်စားလှယ်အဖွဲ့က အဲဒီ မူဝါဒနဲ့ထပ်တူ လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်းမှာပဲ တရုတ်အစိုးရအာဘော်ဖြစ်တဲ့ Global Times ဂလိုဘယ်တိုင်းမ်စ် သတင်းစာက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်အပေါ် အခုလိုဆုံးဖြတ်ချက်ချခဲ့တဲ့အတွက် ရိုဟင်ဂျာအရေးကို ကူညီဖြေရှင်းရာမကျပဲ ပိုမိုဆိုးဝါးစေလိမ့်မယ်လို့ မနေ့ကဝေဖန်လိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ကို တရုတ်နဲ့ ရုရှားနိုင်ငံ တွေက တနင်္ဂနွေနေ့မှာ ကန့်ကွက်မဲပေးခဲ့ပြီးနောက် မြန်မာပြည်တွင်းရေးကို ပြည်ပက အလွန်အကျွံ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ ပိတ်ဆို့မှုတွေဟာ ရခိုင်ပြည်နယ်က ပဋိပက္ခ ချုပ်ငြိမ်းရေးကြိုးစားမှုတွေကို ထိခိုက်စေမှာဖြစ်ကြောင်း အခုလိုရေးသားခဲ့တာပါ။
အမှန်ပကတိက မြန်မာပြည်တည်ငြိမ်မှုရှိရေးနဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့အသိုင်းအဝန်းတွေကို နိုင်ငံရေး အရအဖြေရှာဖို့ ဆွဲခေါ်နိုင်ရေးအတွက်  လက်တွေ့ကျကျ ဆောင်ရွက်ရမှာဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။
ပြည်ပအင်အားစုတွေ အထူးသဖြင့် ကုလသမဂ္ဂလို အဖွဲ့အစည်းတွေအနေနဲ့ မျှမျှတတ မချင့်ချိန်ပဲ တဖက်သတ် ပြုမူမယ်ဆိုရင် ပိုမိုရှုပ်ထွေးစေမှာဖြစ်တယ်၊ လူမျိုးတုံးရှင်းလင်းမှုတွေ လုပ်ဆောင်နေတယ်ဆိုပြီး ပြင်းပြင်းထန်ထန် ပြောဆိုရေးသား အရေးယူတာမျိုးဟာ အနောက်နိုင်ငံတွေအတွက် ဂုဏ်သိက္ခာပိုင်းအရ မှန်ကန်သယောင် ရှိပေမယ့် ရိုဟင်ဂျာပြသနာကိုတော့ ပြေလည်သွားစေမှာ မဟုတ်ပါဘူး၊ လက်ရှိအခြေအနေမှာ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် ပြစ်တင်ရှုတ် ချမနေဘဲ ပြသနာအဖြေရှာရေးအတွက် မြန်မာအစိုးရကို ကူညီပံ့ပိုးသင့်ပါတယ်လို့ တရုတ်အစိုးရအာဘော် Global Times ဂလိုဘယ်တိုင်းမ်စ် သတင်းစာက ရေးသားလိုက်ပါတယ်။
Photo: UNWebTV
Share:

ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဇန်န၀ါရီလ အတွင်း မြန်မာနိုင်ငံသို့ သွားမည်

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ဟာ ဇန်န၀ါရီလ အတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေပြီး ခရီးစဉ် အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နဲ့ တွေ့ဆုံတာအပြင် ရိုဟင်ဂျာအရေး ဂျပန်အစိုးရ ရဲ့ စိုးရိမ်မှုတွေကိုလည်း တင်ပြ ဆွေးနွေးသွားမယ့် အကြောင်း ဂျပန်အစိုးရ တာဝန်ရှိသူတွေရဲ့ ပြောကြားချက် ကို ကိုးကားပြီး ကျိုဒိုသတင်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် သွားရောက်မယ့် ဒီခရီးစဉ်အတွင်း ၀န်ကြီး Kono ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် တည်ဆောက်နေတဲ့ ဒုက္ခသည် တွေ စခန်းတွေကိုလည်း သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။
မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေး ခိုလှုံသွားကြရတယ်ဆိုပြီး ကုလ သမဂ္ဂ နဲ့ နိုင်ငံတကာ အသိုင်းဝိုင်းက မြန်မာနိုင်ငံ အပေါ် စွပ်စွဲ ပြောဆိုနေတာပါ။
ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေး အလားအလာတွေ ကြောင့် ဂျပန်အစိုးရအနေနဲ့ မြန်မာနဲ့ ဆက်ဆံရေး မပြေမလည်ဖြစ်မှာကိုတော့ မလိုလားဘူးလို့ ဆိုပါတယ်။ မြန်မာနဲ့ နိုင်ငံတကာအသိုင်းဝိုင်းကြား ဂျပန်အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးတဲ့ အခန်းက ပါဝင်နိုင်မလား ဆိုတာကို ၀န်ကြီး Kono က ခရီးစဉ်အတွင်း ကြိုးပမ်း သွားမှာ ဖြစ်ပါတယ်။
ဇန်န၀ါရီလလယ်လောက်မှာ သွားရောက်မယ့် ခရီးစဉ် အတွင်း နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ရခိုင်ပဋိပက္ခကို ပြေလည်အောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း တိုက်တွန်း ပြောဆိုတာအပြင်၊ အကူအညီ အထောက်အပံ့တွေ လိုအပ်နေတဲ့ ရခိုင်ပြည်နယ်က ဘေးဒုက္ခရောက်နေသူတွေအတွက် ဂျပန်အစိုးရက အကူအညီပေးဖို့ အဆင်သင့်ရှိကြောင်း ပြောကြားသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စက်တင်ဘာလအတွင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်လိုက်တဲ့ မြောက်ကိုရီးယား ဆိုင်ရာ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအနေနဲ့ မပျက်မကွက် လိုက်နာ ဆောင်ရွက်ဖို့လည်း ၀န်ကြီး Kono က ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားက ၆ ကြိမ်မြောက် နျူကလီးယား စမ်းသပ် ဖောက်ခွဲခဲ့တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယား အလုပ်သမားတွေကို လက်မခံရေး လည်း ပါဝင်ပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ သံတမန် ဆက်ဆံရေးရှိနေသလို စီးပွားရေးအရလည်း အပြန်အလှန် ဆက်ဆံမှု ရှိနေတာ ဖြစ်ပါတယ်။
Share:

ကုလသမဂ္ဂ အတွက် သုံးစွဲငွေ ကန်ဒေါ်လာ ၂၈၅ သန်း ကန်အစိုးရ လျှော့ချတော့မည်

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၅
အမေရိကန်အစိုးရက ကုလသမဂ္ဂအတွက် သုံးစွဲငွေ ကန်ဒေါ်လာ ၂၈၅ သန်းလျှော့ချတော့မည်ဖြစ်သည်။
ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကုလသမဂ္ဂ အတွက် သုံးစွဲမည့် ငွေစာရင်းမှ ကန်ဒေါ်လာ ၂၈၅ သန်းကို ဖြတ်တောက်ကာ လျှော့ချလိုက်ခြင်းဖြစ်သည်။
“ယခုြ ၂၁ ရက်နေ့က ပြုလုပ်သော ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပယ်ချခဲ့ပြီးနောက် ကုလသမဂ္ဂနှင့်တကွ ယင်းဆုံးဖြတ်ချက်ကို ထောက်ခံသည့် နိုင်ငံများအား ငွေကြေးကူညီမှုများ လျှော့ချဖြတ်တောက်သွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ကပြောခဲ့သည်။
ဂျေရုဆလင်မြို့အား အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အသိအမှတ်မပြုကြောင်း အဆိုကို ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၂၈ မဲ၊ ကြားနေမဲ ၃၅ မဲ၊ ကန့်ကွက်မဲ ၉ မဲဖြင့် အနိုင်ရသွား ခဲ့ခြင်းဖြစ်သည်။
PN002
ref: US secures $285M cut in UN budget
Share:

23 December, 2017

Pressed by lawmakers, US mulls more sanctions on Myanmar

The State Department said Friday the U.S. is considering further actions against those responsible for "ethnic cleansing" of Rohingya Muslims, after a Myanmar general was blacklisted and Democratic lawmakers called for more military officers to face sanctions.
Rep. Eliot Engel, the top-ranking Democrat on the House Foreign Affairs Committee, contended that Myanmar authorities were committing genocide in Rakhine State. He said it was "stunning" that the Trump administration has only designated one person from Myanmar over the bloody crackdown that caused a refugee exodus to Bangladesh.
The United States imposed sanctions on Maung Maung Soe, who until last month was chief of the Myanmar army's Western command responsible for security operations in Rakhine. He was among 13 people worldwide punished Thursday under human rights legislation.
Katina Adams, a State Department spokeswoman for East Asia, said Friday the U.S. is continuing to consider options under U.S. and international law "to help ensure that those responsible for ethnic cleansing and other atrocities face appropriate consequences."
The crackdown has forced 650,000 of the minority Muslims to flee the majority-Buddhist nation, casting a shadow over its transition to democracy after decades of direct military rule. That has soured relations with Washington, which in the past five years had been rolling back economic sanctions to support Myanmar's political change.
"With 6,000 dead and thousands more raped, beaten and displaced, it is clear Maung Maung Soe has not acted alone," said Rep. Joe Crowley of New York. "The other military officials involved in the ethnic cleansing against the Rohingya must be sanctioned for their roles in this genocide. The United States has a moral obligation to act."
Engel has put forward legislation to impose targeted sanctions and visa restrictions on those responsible for the crackdown. He called Friday for sanctions against the Bureau of Special Operations in the capital, Naypyidaw, including the military commander in chief, Min Aung Hlaing; the field commanders of three divisions under Maung Maung Soe's command in Rakhine State; and military commanders in northern Kachin and Shan states accused of "flagrant abuses of civilians."
Sen. Jeff Merkley of Oregon also supports more sanctions. He said by barring a U.N. human rights investigator from the country, the government was trying "to cover up and make invisible a campaign of mass atrocities."
Myanmar denies allegations of human rights violations, saying its security forces have not targeted civilians and were responding to attacks by Rohingya militants in August.
The aid group Doctors Without Borders estimates at least 6,700 Rohingya civilians were killed in the first month of the crackdown.
Share:

မြောက်ကိုရီးယား အပေါ် ဒဏမခတ်​မှုအသစ်​ ကုလလုံခြုံရေး ကောင်စီ ချမှတ်

image
နျူကလီးယားနဲ့ ပဲထိန်းတပ်ဒုံးကျည်စမ်းသပ်မှုတွေကြောင့် မြောက်ကိုရီးယားအစိုးရအပေါ် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ပိတ်ဆို့ဒဏ်ခတ်မှုသစ် တညီတညွတ်တည်း ထပ်မံချမှတ်လိုက်ပါတယ်။
အရင်တုန်းကလိုပဲ မြောက်ကိုရီးယားအစိုးရရဲ့ ရန်လိုတဲ့ ဆောင်ရွက်မှုတွေနဲ့ ကိုက်ညီတဲ့ နိုင်ငံတကာပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆက် ချမှတ်မှာဖြစ်တယ်လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
ဒီနှစ်အတွင်း ချမှတ်ခဲ့တဲ့ ပိတ်ဆို့ဒဏ်ခတ်မှု ၃ ခုအပေါ် အခြေခံပြီး အခု အဆိုပြုချက်သစ်ကို ထပ်မံချမှတ်တာပါ။ ဒီ ပိတ်ဆို့ဒဏ်ခတ်မှုသစ် စတင် အသက်ဝင်ပြီဆိုရင်တော့ မြောက်ကိုရီးယားအနေနဲ့ ဓါတ်ဆီနဲ့ ဒီဇယ်လို လောင်စာ ဆီပေပါ ၅ သိန်း သာ တင်သွင်းသွားနိုင်မှာဖြစ်ပြီး ဒါဟာ ၂၀၁၆ ခုနှစ်ကတင်သွင်းနေတဲ့ လောင်စာဆီ ပေပါ ပမာဏ ၄.၅ သန်းထက် အများကြီး လျော့နည်းသွား တာပါ။
ဒါပေမယ့်လည်း လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်နဲ့ တချို့ကိစ္စတွေအတွက် ထပ်မံတင်သွင်းခွင့် ရရှိနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ မြောက် ကိုရီးယား နိုင်ငံသားတွေစီက ပြန်ပို့နေတဲ့ ငွေပမာဏကို လည်း ကန့်သတ်နိုင်မှာဖြစ်ပြီး သူတို့အနေနဲ့ ၂ နှစ်အတွင်း မြောက်ကိုရီးယားကို ပြန်ရမှာပါ။
ဒီလိုပြန်ပို့တဲ့ ငွေတွေကို တစိတ်တပိုင်း ဒါမှမဟုတ် အားလုံးကို မြောက်ကိုရီးယားအစိုးရက သိမ်းဆည်းပြီး နျူးကလီးယားလက်နက် စမ်းသပ်မှုလို တရားမ၀င် အစီအစဉ်တွေအတွက် အသုံးပြုနေတာပါ။ တရုတ်နိုင်ငံမှာ မြောက်ကိုရီးယား နိုင်ငံသား ၅ သောင်းက နေ ၈ သောင်းအထိ အလုပ်လုပ်နေပြီး ရုရှားမှာ ၃ သောင်းလောက် ရှိနေကြောင်း အမေရိကန်က ခန့်မှန်းထားပါတယ်။ ကုလလုံခြုံရေးကောင်စီမှာ ၁၅ မဲနဲ့ ကန့်ကွက်သူမရှိဘဲ ဒဏ်ခတ်မှုသစ် ချမှတ်နိုင်တာဟာ ကမ္ဘာကြီးအနေနဲ့ လူသားတွေ သေဆုံးမှုထက် ငြိမ်းချမ်းရေး ကိုသာ လိုချင်လို့ ဖြစ်တယ်ဆိုပြီး အမေရိကန်သမ္မတ Donald Trump ကလည်း တွီတာမှာ သောကြာနေ့က ရေးသားခဲ့ပါတယ်။

Share:

ဂျေရုစလင်ကို အစ္စရေးနိုင်ငံရဲ့မြို့တော်အဖြစ် အသိမှတ် ပြုရေးမဲခွဲဆုံးဖြတ်

image
ဂျေရုစလင်ကို အစ္စရေးနိုင်ငံရဲ့မြို့တော်အဖြစ် အသိမှတ် ပြုရေးမဲခွဲဆုံးဖြတ်ပီးသွားပါပီတစ်နိုင်ငံ မှ ကို မထောက်ခံ လက်မခံပါဘူး အမေရိကန် တစ်နိုင်ငံကလွဲပီးပေါ့ထရမ့် ကြီး $ရှက်ဗြန်ဗြန် ကွဲသွားပါပီ။
(၁၄ နိုင်ငံ နဲ့ ၁ နိုင်ငံ)

မဲခွဲဆုံးဖြတ်ဖို့ရှိနေတဲ့အချိန်မတိုင်မှီကထရမ့်က ကမ္ဘာ့ နိုင်ငံ တွေကို လှည့်ပါတ်ခြိမ်းခြောက်လိုက် ပါသေးတယ်။
*BBC သတင်းမှာ အခု လို… … …*
ကမ္ဘာ့နိုင်ငံတွေကို ထရမ့် ခြိမ်းခြောက်
ဂျေရူဆလင်မ်နဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက် အပေါ် မ ထောက်ခံမယ့် နိုင်ငံတိုင်းကို အမေရိကန်က ငွေကြေး ကူညီနေတာတွေ ဖြတ်တောက် ပစ်မယ် ဆိုပြီး အမေရိကန် သမ္မတ ထရမ့်က ခြိမ်းခြောက် ပြောဆို လိုက်ပါတယ်။
အစ္စရေး နိုင်ငံရဲ့ မြို့တော် အဖြစ် ဂျေရူဆလင်မ်ကို အသိအမှတ် မပြုနိုင်ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီကနေ့ (ဒီဇင်ဘာလ ၂၁ ရက်၊ ကြာသပတေးနေ့မှာ) မဲခွဲ အတည်ပြုကြ ဖို့ ရှိနေပါတယ်။
ထရမ့်ကနေ ဂျေရူဆလင်မ်ကို အစ္စရေး မြို့တော်အဖြစ် အသိအမှတ်ပြုတယ် ဆိုပြီး အခုလ အစောပိုင်းကပဲ ကြေညာ ခဲ့တဲ့နောက် နိုင်ငံတကာမှာ လှုပ်ရှားသွားပြီး၊ အကြီးအကျယ် ကန့်ကွက် ဝေဖန်သံတွေ ဆူညံလာ စေခဲ့ပါတယ်။
Share:

ဂျေရုဆလင်မြို့ ​တော်​ အဖြစ် ​သတ်​မှတ်​မှု ကုလ ပယ်​ချ

ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိမှတ်ပြုပြီး အမေရိကန် သံရုံးကို ဂျေရုဆလင်ရွှေ့ပြောင်းဖို့ အမေရိကန် ပြည်ထောင်စုရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချတဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ကြာသပတေးနေ့က တခဲနက် မဲခွဲ ဆုံးဖြတ် အတည်ပြု လိုက်ပါတယ်။
ထောက်ခံမဲပေးကြတဲ့ နိုင်ငံပေါင်း ၁၂၈ နိုင်ငံရှိပြီး ပယ်ချတဲ့ အဆိုပြုချက်ကို လက်မခံတဲ့ နိုင်ငံတွေက အမေရိကန်နဲ့ အစ္စရေး အပါအဝင် ၉ နိုင်ငံရှိပြီး မဲမပေးပဲ ကြားနေခဲ့ တဲ့နိုင်ငံက ကနေဒါ အပါအဝင် ၃၅ နိုင်ငံ ရှိပါတယ်။
အမေရိကန်က အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံ အနေနဲ့ လုပ်ပိုင်ခွင့်ရှိတာကို ကျင့်သုံးမှု အတွက် ဒ်ီတနိုင်ငံထဲ ကိုပဲ ရွေးပြီး အထွေထွေ ညီလာခံကြီးမှာ အတိုက်ခိုက် ခံရတာမို့ ဒီနေ့ကို အမေရိကန် ပြည်ထောင်စုက ဘယ်တော့မှ မေ့မှာ မဟုတ်ကြောင်း မဲမပေးခင် မှာပဲ လူအပြည့်ရှိနေတဲ့ ခန်းမကြီးမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂကို ကမ္ဘာမှာ ရန်ပုံငွေ အများဆုံး ထည့်ဝင်တဲ့ အမေရိကန် နိုင်ငံအနေနဲ့ နောက်တခါ ရန်ပုံငွေတောင်း ခံတဲ့ အခါနဲ့ နိုင်ငံတွေ အနေနဲ့ အမေရိကန်ကို လာရောက် အကူအညီ တောင်းခံလာရင်လည်း ဒီနေ့ ဖြစ်ရပ်ကို အမှတ်ရ နေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ကြီး Danny Danon ကလည်း ဒီကနေ့ အဆိုပြုချက်ကို ထောက်ခံ ကြသူတွေဟာ ပါလက်စတိုင်းတွေရဲ့ ကြိုးဆွဲရာကတဲ့ ရုပ်သေးတွေဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အီဂျစ်က ကမကထ ပြု တင်သွင်းခဲ့တဲ့ မူကြမ်းကို ဆွေးနွေးရေးအတွက် ကြာသပတေးနေ့ အထွေထွေ ညီလာခံ အရေးပေါ် ညီလာခံ ခေါ်ယူဖို့ ပါလက်စတိုင်းက တောင်းဆိုခဲ့တာပါ။ တနင်္လာနေ့ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ အဖွဲ့ဝင် ၁၄ နိုင်ငံက ထောက်ခံခဲ့တဲ့ အခုဆုံးဖြတ်ချက်နဲ့ ထပ်တူ နီးပါး တူညီတဲ့ အဆိုပြုချက် တရပ်ကို အမေရိကန်က ဗီတို အာဏာသုံး ပယ်ချခဲ့ အပြီးမှာ အခုလို အရေးပေါ် ညီလာခံ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
Share:

ဗိုလ်​ချုပ်​ ​မောင်​​မောင်​စိုးအ​ပေါ် ကန်​ဒဏ်​ခတ်​မှု ဟစ်​တပ်​ကို ပစ်​မှတ်​ထား

ကိုဇော်ဝင်းလှိုင်
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ် မောင်မောင်စိုးကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူစာရင်းထဲ ထည့်သွင်းပြီး ဒဏ်ခတ် အရေးယူမှု အသစ် ချမှတ်လိုက်တာဟာ ရခိုင်ပြည်အရေးနဲ့ပတ်သက် လို့ မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်ချက် အပေါ် စိတ်ပျက် ကြောင်း အမေရိကန်အစိုးရက ပြသလိုက်တာ ဖြစ်တယ် လို့ မြန်မာ့အရေး သုံးသပ်သူတွေက ပြောပါတယ်။ ဒါဟာ မြန်မာ စစ်တပ်ကိုသာ ပြစ်မှတ်ထား ချမှတ်တဲ့ ဒဏ်ခတ်မှု ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဗိုလ်ချုပ်မောင်မောင်စိုးအပေါ် အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့လိုက်တဲ့အပေါ် နိုင်ငံတကာရဲ့ တုန့်ပြန်မှုတွေကို တော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။
အမေရိကန် လွှတ်တော်က မနှစ်က အတည်ပြု ပြန်ဌာန်း လိုက်တဲ့ Global Magnitsky Human Rights Accountability Act လို့ခေါ်တဲ့ – ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုမှာ တာဝန်ရှိသူတွေအပေါ် အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်တဲ့ ဥပဒေအရ လူပုဂ္ဂိုလ် (၁၃) ယောက်အပေါ် ဒဏ်ခတ် အရေးယူမှု အသစ်တွေ ချမှတ်လိုက်တဲ့အထဲ မြန်မာစစ်အရာရှိ တဦးဖြစ်သူ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး ပါဝင်ကြောင်း အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက ကြာသတေးနေ့ မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။
အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ လူ့အခွင့်အရေး ထောက်ခံပြီး ကာကွယ်စောင့်ရှောက်ဖို့ အပြင် အကတိ လိုက်စားမှု တိုက်ဖျက်ရေးအတွက် အသုံးချနိုင်တဲ့ နည်းလမ်း အားလုံးတို့ကို အသုံးပြုသွားမှာဖြစ်ပြီး ကြာသပတေးနေ့က ချမှတ်လိုက်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေဟာ အမေရိကန်ပြည်ထောင်စုအပြင် မဟာမိတ်တွေနဲ့ မိတ်ဘက်နိုင်ငံတွေရဲ့ လုံခြုံမှုကို ထောက်ခံဖို့အပြင် စံထားချက်တွေကိုလည်း လေးစား လိုက်နာရာ ရောက်တယ်လို့ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေအပေါ် ဥပဒေမဲ့ သတ်ဖြတ် မှု လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု ဖမ်းဆီးမှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ မှာ တာဝန်ရှိကြောင်း ခိုင်လုံတဲ့အထောက်အထားတွေ တွေ့ရှိခဲ့တာကြောင့်ဆိုပြီး မနေ့က အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မောင်မောင်စိုးဟာ ရခိုင်ပြည်နယ်အတွင်းက စစ်ဆင်ရေးတွေမှာ ကြီးကြပ် တာဝန်ယူခဲ့တဲ့ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်းဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသက လုံခြုံရေးကင်းစခန်းတွေကို ARSA ရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့က ၀င်ရောက်ခိုက်မှုကို လက်တုန့်ပြန်တဲ့ အနေနဲ့ အရပ်သား ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့မှုမှာ တာဝန်ရှိသူအဖြစ် ထည့်သွင်းလိုက် တာပါ။
ဗိုလ်ချုပ်မောင်မောင်စိုးကို အခုလို ဒဏ်ခတ် အရေးယူ လိုက်တာဟာ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်အပေါ် အမေရိကန် အစိုးရဘက်က စိတ်ပျက်ကြောင်း ပြသလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးဟောင်း Priscilla Clapp က ပြောပါတယ်။
“ဒီဆုံးဖြတ်ချက်ဟာ ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် အမေရိကန်က စိတ်ပျက်ကြောင်း ပြသလိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ မြန်မာအစိုးရကို ဆန့်ကျင်တဲ့ လုပ်ရပ်လို့ ကျမ မမြင်ပါဘူး။ ဒီ ဒဏ်ခတ် အရေးယူမှုဟာ ထိပ်တန်း စစ်တပ်ခေါင်းဆောင်အပေါ် ချမှတ်တာမဟုတ်ဘဲ အနောက်ပိုင်းတိုင်းဒေသ အကြီးအကဲ တဦးအပေါ် ချမှတ်တာကြောင့် ဒါဟာ ပစ်မှတ်ထား ချမှတ်တဲ့ ဒဏ်ခတ် အရေးယူမှု ဖြစ်ပါတယ်။”
ဗိုလ်ချုပ်မောင်မောင်စိုးအပေါ် အခုလို အရေးလိုက်တဲ့ အတွက် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်မှာမဟုတ် ဘူးလို့လည်း Priscilla Clapp က ပြောပါတယ်။
“အခုလို ပိတ်ဆို့အရေးယူလိုက်တဲ့အတွက် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်မယ်လို့ ကျမ မထင်ပါဘူး။ ဒါပေမယ့် စစ်တပ်နဲ့ ဆက်ဆံရေးတော့ ထိခိုက်နိုင် ပါတယ်။ စစ်တပ်နဲ့ ဆက်ဆံရေးကလည်း အခုချိန်မှာ ထိခိုက်ပြီးသား ဖြစ်နေပါပြီ။”
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာဟာ မြန်မာစစ်တပ်ဖြစ်ပြီး အဲဒီလို အခွင့်အရေး ချိုးဖောက်မှုတွေ ကြီးမားစွာ ဖြစ်ပေါ်နေ တဲ့ကိစ္စကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူးလို့လည်း Priscilla Clapp က ပြောပါတယ်။
ဗိုလ်ချုပ်မောင်မောင်စိုးကို အမေရိကန်ပြည်ထောင်စုက အခုလို ဒဏ်ခတ် အရေးယူ လိုက်တာဟာ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က အာရှရေးရာ ညွန်ကြားရေးမှူး John Sifton က ပြောပါတယ်။
“ဗိုလ်ချုပ်မောင်မောင်စိုးအပေါ် ဒဏ်ခတ် အရေးယူ လိုက်တာဟာ ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ချိုးဖောက်မှုတွေအတွက် အပြစ်ပေး အရေးယူခံရနိုင်တယ်ဆိုတာ မြန်မာအစိုးရကို အသိ အပေး အကြောင်းကြားလိုက်တဲ့ အရေးပါတဲ့ ခြေလှမ်း တရပ်ဖြစ်ပါတယ်။ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ စာရင်းထဲမှာ ထည့်သွင်းခံထား ရတဲ့ တခြား မြန်မာစစ်ခေါင်းဆောင်တွေ အများအပြား ရှိနေပါသေးတယ်။ အဲဒီလူတွေဟာလည်း အနာဂတ်မှာ အပြစ်ပေးခံရကောင်း ခံရနိုင်ပါတယ်။ ဒါပေမယ့် ဒါကတော့ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန် ခဲ့တယ်ဆိုတာကို အသိအမှတ်ပြုပြီး ဘယ်နှစ်ဦး သေဆုံးခဲ့တယ်၊ ဘယ်လို ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ တယ်၊ ဘယ်သူတွေက ကျူးလွန်ခဲ့တယ်ဆိုတာကို အတိအကျ သိနိုင်အောင် နိုင်ငံတကာ လေ့လာသူတွေ ၀င်ရောက်ခွင့်ပြုသင့်ပါတယ်။”
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့က တကျော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ နောက်ဆက်တွဲ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံအများအပြားက အမျက်ဒေါသ ထွက်နေကြတယ် လို့လည်း John Sifton က ပြောပါတယ်။
“မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို အသိအမှတ်ပြု ပြောဆိုခြင်း မရှိတဲ့အပေး အမေရိကန်ပြည်ထောင်စု၊ အီးယူ၊ ဂျပန်၊ ကနေဒါ၊ သြစတေးလျ စတဲ့ နိုင်ငံအများအပြားက မြန်မာနိုင်ငံအပေါ် ဒေါသထွက်နေကြပြီး အဲဒီနိုင်ငံတွေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင် ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ဒေါသထွက်နေတာပါဘဲ။ အီးယူ ဘက်ကလည်း မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အလားတူ ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်လာနိုင် ပါတယ်။ ဒီနေရာမှာ သတိထားသင့်တဲ့ အရေးကြီးတဲ့ အချက်တခုက အမေရိကန်အစိုးရနဲ့ အီးယူ စတဲ့ နိုင်ငံတကာ အသိုင်းဝိုင်းက ဒဏ်ခတ် ပိတ်ဆို့တာ၊ ဝေဖန် ပြောဆိုတာတွေဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ အပေါ် လုပ်ဆောင်ခြင်းမဟုတ်ဘူး၊ ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ မြန်မာစစ်အရာရှိတွေ အပေါ် ချမှတ်ခြင်းဖြစ်တယ်ဆိုတဲ့ အချက်ပါဘဲ။”
သြဂုတ်လအတွင်း ARSA အစွန်းရောက်အဖွဲ့တွေကို လိုက်လံရှင်းလင်းတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စစ်သားတွေဟာ ရိုဟင်ဂျာကျေးရွာတွေကို ဝင်ရောက်ပြီး ပစ်ခတ် သတ်ဖြတ်တာ အဓမ္မပြုကျင့်တာတွေ ရှိခဲ့ကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသူတွေက ပြောဆိုခဲ့ ကြောင်းလည်း အမေရိကန် အစိုးရရဲ့ ကြေညာချက်မှာ ကိုးကားဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မောင်မောင်စိုးကိုတော့ အနောက်ပိုင်းတိုင်းမှူး ရာထူးက ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာပဲ ရုတ်တရက် ဖယ်ရှားပြီး သူ့နေရာမှာ ဗိုလ်မှူးချုပ်စိုးတင့်နိုင်ကို အစားထိုး ခန့်အပ်ထားတာ ဖြစ်ပါတယ်။
သမ္မတ Donald Trump ကြာသပတေးနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ အမိန့်အရ ဒဏ်ခတ်မှု ချမှတ်ခံလိုက်ရသူတွေအနေနဲ့ အမေရိကန်မှာ ပိုင်ဆိုင်မှုတွေရှိရင် ချိတ်ပိတ်ခံရမှာ ဖြစ်တဲ့အပြင် အမေရိကန်နဲ့ နိုင်ငံတကာ ငွေကြေးစံနစ် အသုံးပြုမှု မှာလည်း ကန့်သတ်ခံရမှာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်၊ ဇူလိုင် လဆန်းပိုင်းကတုန်းကလည်း – မြောက် ကိုရီးယား နိုင်ငံကနေ စစ်သုံးပစ္စည်းတွေ မ၀ယ်ယူဖို့ ကန့်သတ်ထားတဲ့ ကုလသမဂ္ဂရဲ့ တားဖြစ်ချက် ကို ချိုးဖောက်တဲ့အတွက် ကာကွယ်ရေး ပစ္စည်းထုတ်လုပ် ရေးရုံးရဲ့ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ခဲ့ပါတယ်။
Share:

19 December, 2017

တပ်မတော်က ရိုဟင်ဂျာရွာ ၄၀ ထပ်ပြီးမီးရှို့တယ်လို့ HRW စွပ်စွဲ

image

မောင်တောမြို့နယ် တောင်ပိုင်းက ဂေါ်ဒူသာရ ကျေးရွာ စက်တင်ဘာလ ၇ ရက်နေ့က မီးလောင်နေပုံကို တွေ့ရစဉ်
photo: Thiha Tun/ RFA
ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ခေါ်ရေးကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆွေးနွေးနေ တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလထဲမှာပဲ နောက်ထပ် ရိုဟင်ဂျာကျေးရွာပေါင်း ၄၀ ကျော် မီးရှို့ဖျက်ဆီးတာခံလိုက်ရတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဒီနေ့ စွပ်စွဲပြောလိုက် ပါတယ်။
ဂြိုဟ်တုဓါတ်ပုံတွေအရ ဒီဖြစ်ရပ်တွေသိရတာလို့ ဆိုပါတယ်။ ဒါကြောင့် သြဂုတ်လကနေစလို့ မီးရှို့ဖျက်ဆီး ခံလိုက်ရတဲ့ ရွာပေါင်း ၃၅၄ ရွာဖြစ်သွား တယ်လို့ ပြောပါတယ်။
ဒုက္ခသည်တွေပြန်ခေါ်ဖို့ နှစ်နိုင်ငံလက်မှတ်ထိုးကြတဲ့ ရက်ပိုင်းမှာပဲ ရိုဟင်ဂျာ ရွာတွေကို မြန်မာ့တပ်မတော်က အဲဒီလိုဖျက်ဆီးတဲ့အတွက်၊ ရွာသားတွေပြန် လာပြီး လုံလုံခြုံခြုံနေနိုင်ဖို့ဆိုတာ လူမြင်ကောင်းအောင် လုပ်ပြ တဲ့ပြယုဂ် သက်သက် ဖြစ်နေတယ်လို့ HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Brad Adams က ပြောပါတယ်။
ရိုဟင်ဂျာတွေရဲ့ရွာတွေကို စစ်တပ်ကဆက်ပြီး မီးရှို့နေတဲ့ကာလမှာပဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့အင်အားစုက၊ ရွာသားတွေကို အကာအကွယ်ပေးမယ်ဆိုတဲ့ အချက်မပါတဲ့ ဒုက္ခသည်ပြန်ခေါ်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ လက်မှတ်ထိုး တာဟာ သံသယဖြစ်စရာ အကောင်းဆုံး ကစားပွဲနွှဲနေသလို ဖြစ်နေတယ်လို့ HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့မှာဖြစ်ခဲ့တဲ့ ရိုဟင်ဂျာအကြမ်းဖက်သမားတွေရဲ့ ရဲစခန်းတွေကို စီးနင်းတိုက်ခိုက်မှုက ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်တွေကို တပ်မတော်က ချေမှုန်းဖို့ဖြစ်လာခဲ့တယ်လို့ APF သတင်းမှာ ရေးသားထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒုက္ခသည်စခန်းသစ်တွေ ဆောက်လာမယ်ဆိုရင် သပိတ်မှောက်မယ်လို့ ကူညီရေးအဖွဲ့တွေကလည်း ပြောဆိုထားပါတယ်။
Share:

လူမျိုးတုံး သတ်ဖြတ်မှု အတွက် အံ့သြမှာ မဟုတ်ကြောင်း ကုလထိပ်တန်း အရာရှိ ပြောကြား

   


2017-12-18
image
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားက ဒုက္ခသည် စခန်းက ရိုဟင်ဂျာ ခေါ် မွတ်စလင် တွေကို တွေ့ရစဉ်
Photo: UNHCR
အကယ်၍ မြန်မာခေါင်းဆောင်တွေရဲ့ ရိုဟင်ဂျာတွေ အပေါ် ပြုမူမှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက် တယ်လို့ တရားရုံးတစ်ခုခုက ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ့အနေနဲ့အံသြမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂ လူ့အခွင့် အရေးအရာရှိ ဇိရက်ဟူစိန်က BBC ရုပ်မြင်သံကြား မေးမြန်းခန်းတစ်ခုမှာ ပြောကြားလိုက်ပါတယ်။
အသေအချာ သင်ကြားစီစဉ်ထားတဲ့ပုံစံနဲ့ ရိုဟင်ဂျာတွေ ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီစစ်ဆင်ရေးတွေ ရပ်တန့် အောင် ပိုပြီးအားစိုက်တားမြစ်ဖို့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူတိုက်တွန်းခဲ့ တယ်လို့ လည်း ဇိရက်ဟူစိန်က ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ နှိမ်နင်းမှုတွေကို လူမျိုးစုရှင်းလင်းရေး ပြဌာန်းချက်ရဲ့နမူနာအဖြစ် ဟူစိန်က ပြောခဲ့ဖူးပြီး လူမျိုးတုံး သတ်ဖြတ်မှုလို့ သတ်မှတ်နိုင်ဖို့ လိုအပ်ချက် တွေဟာဘာလဲလို့လည်း မေးခွန်းထုတ်ခဲ့ဖူးပါတယ်။
ဂျီဟတ်ဘာသာရေးစစ်ပွဲ ဆင်နွှဲလိုသူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ဒုက္ခသည်စခန်းအကြီးကြီးတွေ တည်ဆောက်ပြီး မြန်မာနိုင်ငံကို တိုက်ခိုက်နိုင်ပြီး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေကို ဦးတည်တိုက်ခိုက်နိုင်တယ်လို့လည်း ဇိရက်ဟူစိန်က ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။
Share:

မြန်မာနိုင်ငံသားတွေလုံခြုံဘေးကင်းစွာနဲ့ပြန်နိုင်ဖို့ နိုင်ငံစုံသံတမန်များတောင်းဆိုထား

     


image
ဒီဇင်ဘာ ၁၈၊ ၂၀၁၇                                                                                                      Myanmar Muslim media
သံအမတ်တွေ မဟာမင်းကြီးတွေနဲ့ နယူးဒေလီမြို့မှာ နေထိုင်တဲ့ သံတမန်တွေနဲ့အတူဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခြေစိုက်တဲ့သံတမန်တွေအားလုံးက ရခိုင်ပြည်နယ် ကနေ ထွက်ပြေးလာခဲ့ကြတဲ့မြန်မာနိုင်ငံသားတွေ ပြန်လာနိုင်ဖို့ ဂုဏ်သိက္ခာနဲ့လုံခြုံရေးရရှိစေဖို့သေချာစေဖို့ တနင်္ဂနွေနေ့ကတိုက်တွန်းပြောကြားခဲ့ပါတယ်။
သူတို့တွေဟာတနင်္ဂနွေနေ့ညနေက ၀န်ကြီးချုပ် ရှိတ် ဟာစီနာ နဲ့တွေ့ဆုံခဲ့ချိန်မှာတောင်းဆိုမှုကို ပြုလုပ်ခဲ့တာ ဖြစ် ပါတယ်။ သံတမန်တွေထဲမှာ ဘော့စ်နီးယားနဲ့ ဟာဇီဂိုဗီနာ၊ဘူလ်ဂေးရီးယား၊ အီသီယိုးပီးယား၊ ဂျော်ဂျီယာ၊ ဂရိ၊ ပေါ်တူဂီ၊ ဆလိုဗန်နီးယား၊ ယူကရိန်းတို့ ကသံတမန်တွေနဲ့ ဆိုက်ပရက်စ်၊ မော်ရီတီယက်စ်၊ ကင်ညာတို့က မဟာမင်းကြီးများ သြစတြေးလျ၊ ချက်ရီပတ်ပလစ်၊ ဂါနာတို့ကတာဝန်ရှိသူများနဲ့ နယူးဇီလန်ကနယူးဒေလီအခြေစိုက်မဟာမင်းကြီးကော်မရှင်ဆိုင်ရာဒုတိယအတွင်းရေးမှူးတို့ပါဝင်ပါတယ်။
အိန္ဒိယအခြေစိုက်ဘင်္ဂလားဒေ့ရှ်မဟာမင်းကြီး ဆာယိဒ်မိုဇမ်အလီကလည်း သံတမန်တွေနဲ့ အတူပါဝင်ပါတယ်။ နယူးဒေလီအခြေစိုက်မစ်ရှင်နဲ့ သံတမန်အကြီးအကဲတွေက ရိုဟင်ဂျာတွေရဲ့ အခြေအနေကိုကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်လို့ဆိုလိုက်ပြီး သူတို့ရဲ့ခံစားရမှုတွေဟာ အများကြီးနာကျင့် စရာကောင်းတယ်လို့ ထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ အရေးအခင်းဖြေရှင်းဖို့ အကြံပေးချက်တွေပေါ်မှာ လအလေးထားရင်း မြန်မာအာဏာပိုင်တွေအနေနဲ့ အရေးယူဆောင်ရွက်မှုတွေဆောင်ရွက်ရမှာဖြစ်ပါတယ်ဒါမှသာ ရိုဟင်ဂျာတွေဟာသူတို့မူလနေထိုင်တဲ့နေရာတွေကိုပြန်လည်အခြေချနေထိုင်နိုင်မှာပဲဖြစ်တယ်လို့  သူတို့က ပြောကြားခဲ့ ပါတယ်။
သံတမန်တွေဟာ ၀န်ကြီးချုပ်ရှိတ်ဟာစီနာကို သူမရဲ့လူသားဆန်မှုတွေနဲ့ မြန်မာနိုင်ငံသားအရေ အတွက်ဒီလောက်များများကို ခိုလှုံရာစီစဉ်ပေးတာ တွေဟာ အံ့သြစရာကောင်းတယ်လို့ ချီးကျူးဂုဏ်ပြုခဲ့ ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ကိုဝင်ရောက်လာတဲ့လူပေါင်း၁သန်းကျော်ကို စီစဉ်ပေးနိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။ စီစဉ်ဖို့တွေဟာ အရမ်းကိုနခက်ခဲတယ်လို့ သူတို့ကဆက်လက်ပြော ကြားခဲ့ပါတယ်။
ရိုဟင်ဂျာအရေးဟာ ဘင်္ဂလားဒေ့ရှ်အတွက်ပြသနာ တင်မကပဲ ကမ္ဘာလုံးဆိုင်ရာပြသနာဖြစ်လာခဲ့ပြီလို့ သံတမန်တွေကပြောဆိုကြပါတယ်။ သူတို့တွေဟာ အခြေအနေတစ်ခုလုံးကို သူတို့ရဲ့သက်ဆိုင်တဲ့အစိုးရ တွေဆီ သတင်းပေးပို့သွားမှာဖြစ်တယ်လို့ ၀န်ကြီးချုပ်ကိုသူတို့ကအသိပေးပြောကြားခဲ့ပါတယ်။ အစည်းအဝေးအတွင်း ရှိတ်ဟာစီနာက မြန်မာနိုင်ငံသားတွေကိုသူတို့ရဲ့လုံခြုံရေးနဲ့ဂုဏ်သိက္ခာရရှိပြီးပြန်ခေါ်ဖို့ နိုင်ငံတကာကမြန်မာအစိုးရကိုဖိအားပိုမို ပေးသွားဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။ ဒါးကနဲ့နေပြည်တော်ကြား နှစ်ဦးနှစ်ဖက်ပါဝင်တဲ့ဆွေးနွေးမှုတွေိုသူမကထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မြန်မာဟာသူ့နိုင်ငံသားတွေ ကိုဘင်္ဂလားဒေ့ရှ်ကနေပြန်ခေါ်ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ရိုဟင်ဂျာတွေကို စာရင်းပေးသွင်းမှုတွေဆောင်ရွက်နေပြီး သူတို့ရဲ့မှတ်ပုံတင်တိကျသေချာစေဖို့ အိုင်ဒီကတ်တွေကိုပေးအပ်ထားတယ်လို့ ၀န်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် ယာယီခိုလှုံရာတွေတည်ဆောက်ပေးဖို့ခြေလှမ်းတွေပါဆောင်ရွက်ထားပါတယ်။ ဒါမှသာသူတို့တွေပိုပြီးသက်တောင့်သက်သာဖြစ်စေမှာလို့ သူမကဆိုထားပါတယ်။ ရိုဟင်ဂျာအရေးပေါ်မှာ ဘင်္ဂလားဒေ့ရှ်ကိုထောက်ခံမှုအတွက် နိုင်ငံတကာအဖွဲ့အစည်းကိုကျေးဇူးတင်ကြောင်း ဟာစီနာကဖော်ပြပြောဆိုခဲ့ပါတယ်။ အစည်းအဝေးမှာ ၁၉၇၅ခုနှစ်အဖေလုပ်ကြံခံရပြီးနောက် သူမနဲ့သူမညီမလေးတို့ရဲ့ဒုက္ခသည်ဘ၀နဲ့ စစ်တကောင်းတောင်ကုန်းဒေသက လူတွေရဲ့ဒုက္ခသည်ဘ၀တွေအကြောင်းကို သူမကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
၁၉၉၆ခုနှစ်မှာအာဏာရလာပြီးနောက် သောင်းကျန်းသူတွေဟာစစ်တကောင်းတောင်ကုန်းဒေသမှာ အချိန်ကြာကြာလွှမ်းမိုးမှုရှိခဲ့ပြီး သူမရဲ့အစိုးရဟာ ဒုက္ခသည်တွေသူတို့ရဲ့အိမ်တွေဆီပြန်နိုင်ဖို့နဲ့ ရှည်ကြာနေတဲ့ပြသနာကိုဖြေရှင်းတဲ့အနေနဲ့ CHT ငြိမ်းချမ်းရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့တယ်လို့ ၀န်ကြီးချုပ်ကပြောဆိုခဲ့ပါတယ်။
Daily Sun သတင်းဌာနပါ “Envoys call for rightful return of Myanmar nationals” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကို ညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
Share:

Burma: 40 Rohingya Villages Burned Since October

      

An updated map of destruction of Rohingya villages in northern Rakhine State during October and November 2017.© 2017 Human Rights Watch
By Human Rights Watch
December 18, 2017
New York – Analysis of satellite imageryreveals new destruction of Rohingya villages during October and November 2017 in northern Rakhine State in Burma, Human Rights Watch said today.
Human Rights Watch identified 40 villages with building destruction occurring in October and November, increasing the total to 354 villages that have been partially or completely destroyed since August 25, 2017. During this period, thousands more Rohingya refugees fled Burma and arrived in Bangladesh.
Satellite imagery confirms that dozens of buildings were burned the same week Burma and Bangladesh signed a Memorandum of Understanding on November 23 to begin returning refugees in Bangladesh within two months. On November 25, satellite data detected an active fire and building destruction in Myo Mi Chang village in Rakhine State’s Maungdaw Township. Four villages suffered building destruction between November 25 and December 2.
“The Burmese army’s destruction of Rohingya villages within days of signing a refugee repatriation agreement with Bangladesh shows that commitments to safe returns were just a public relations stunt,” said Brad Adams, Asia director at Human Rights Watch. “The satellite imagery shows what the Burmese army denies: that Rohingya villages continue to be destroyed. Burmese government pledges to ensure the safety of returning Rohingya cannot be taken seriously.”
Human Rights Watch has used satellite imagery to assess and monitor over 1,000 villages and towns in the townships of Maungdaw, Buthidaung, and Rathiduang, where the Burmese military and vigilantes have engaged in attacks on Rohingya. Human Rights Watch found that the damage patterns in the 354 affected villages are consistent with burning occurring in the weeks after the military operations began in late August.
Of the 354 affected villages, at least 118 were either partially or completely destroyed after September 5 — the date the Burmese State Counsellor’s office announced as the end of clearance operations. Of the 40 new villages with building destruction identified by Human Rights Watch, 24 were destroyed in October, 11 in November, and 5 over both months.
The latest documented arson attacks occurred between November 25 and December 2 in four villages. Satellite data from environmental sensors detected an active fire at 12:30 p.m. in the Rohingya village of Myo Mi Chang in Maungdaw Township on November 25. Building destruction was concentrated in the center of the village, which was undamaged until this attack. Other villages subjected to arson attacks during this period include Nga/Myin Baw, Goke Pi, and an unknown village in the village tract of Zee Pin Chaung.
On November 23, Bangladesh and Burma signed an Arrangement on Return of Displaced Persons from Rakhine State on behalf of “residents of Rakhine State” who crossed from Burma into Bangladesh after October 9, 2016 and August 25, 2017. In letters to both governments, Human Rights Watch said the agreement should be shelved, noting the lack of involvement by the United Nations and the unrealistic timetable for safe and voluntary returns starting in January 2018.
Since late August, the Burmese military has committed widespread killings, rapes, arbitrary arrests, and mass arson in hundreds of predominantly Rohingya villages in northern Rakhine State, forcing more than 655,000 Rohingya to flee to neighboring Bangladesh. Human Rights Watch has found that this campaign of ethnic cleansing amounts tocrimes against humanity. Attacks by the Arakan Rohingya Salvation Army (ARSA) armed group on 30 security force outposts and an army base that killed 11 Burmese security personnel set off the Burmese military “clearance operations” against the Rohingya.
In November, a Burmese army “investigation team” report concluded that there were “no deaths of innocent people” during the military operation in Rakhine State, and that at least 376 “terrorists” were killed during fighting, contrary to information reported by the UN, media outlets, and human rights groups, including Human Rights Watch. The humanitarian group Medecins Sans Frontieres (MSF) on December 14 concluded that at least 6,700 Rohingya were killed in the violence, over 700 of whom were children, based on survey data of refugees in Bangladesh.
“The UN Security Council and concerned governments shouldn’t continue to stand by as evidence of continuing attacks on the Rohingya community comes to light,” Adams said. “Targeted sanctions need to be imposed now against those responsible for ordering and carrying out crimes against humanity.”
Share:

17 December, 2017

ဒေါ်လာ ၁ ဘီလီယံထိ အကုန်အကျခံ တည်ဆောက် ထားတဲ့ အမေရိကန်သံရုံး မကြာမီ ဖွင့်လှစ်တော့မည်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ လုပ်ဆောင်နေလျက်ရှိတဲ့ အမေရိကန် သံရုံးသစ် တည်ဆောက်ရေးလုပ်ငန်းတွေ ကတော့ ယခုဆိုရင် အပြီးသတ်လုနီးပါး အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
သိမ်းမြစ် တောင်ဘက်မှာ တည်ရှိတဲ့ ယင်း ဗြိတိန်နိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးသစ်ကို ဖွင့်လှစ်နိုင်ဖို့ နောက်ထပ် တစ်လလောက်သာ လိုတော့တာဖြစ်ပါတယ်။ ယင်းသံရုံးကို လာမယ့် ဇန်န၀ါရီ ၁၆ ရက်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။
ယင်း အမေရိကန် သံရုံးသစ် ဖွင့်ပွဲအခမ်းအနားကိုတော့ သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ် ပေးနိုင်တယ်လို့ မီဒီယာတစ်ချို့မှာ ရေးသားဖော်ပြ နေကြပါတယ်။
အထပ်ပေါင်း ၁၂ ထပ်ရှိ သံရုံး အဆောက်အအုံကြီးဟာ ဆိုရင် တည်ဆောက်ရေး ကုန်ကျစရိတ် ဒေါ်လာ ၁ ဘီလီယံ ထိ ရှိတယ်လို့လည်း သိရပါတယ်။ ဒီဇိုင်းပညာရှင်တစ်ဦးဖြစ်တဲ့  Kieran Timberlake က ဒီဇိုင်းရေးဆွဲပေးခဲ့တာ ဖြစ်ပါတယ်။
ယင်းအတွက် ကမ္ဘာတစ်ဝှမ်း တည်ဆောက်ထားပြီးသမျှ အမေရိကန် သံရုံးတွေထဲမှာ တည်ဆောက်စရိတ်စက အများဆုံး သံရုံးလည်း ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
===========
Mizzima – News in Burmese
http://mizzimaburmese.com/article/35375
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.